ဒီနေ့ သင်တို့အတွက် ပျော်ရွှင်ဖွယ်
လက်ဆောင်တစ်ခုကို ပေးချင်ပါတယ်။
ဒီကဗျာက ဘယ်နည်းနဲ့ဖြစ်ဖြစ်
နားလည်မရနိုင်တဲ့
အဓိပ္ပာယ်မရှိတဲ့ စကားလုံးတွေနဲ့
ပြည့်နှက်နေတယ် ထင်ရတယ်။
သင် လိုက်ဖတ်နိုင်မလားဆိုတာ
သိဖို့ အသင့်ပြင်ထားပါ။
ပြောနေရင် ကြာဦးမယ်၊ တင်ဆက်လိုက်ပါပြီ။
Lewis Caroll ရဲ့ "jabberwocky" ပါ။
ညနေခင်း သူ ဟာ တောက်ပနေ
ချွဲပျော့ပျော့ ခွေးတူဝက်တူတွေ
မိုးစိုစို တောင်စောင်းထဲ ထွင်းဖောက်နေ
ကြက်တူရွေးတွေ စိုးရိမ်နေပုံရ လိပ်တွေက အော်
သတ္တဝါကြီးကို သတိထား ငါ့သားရေ
ကိုက်တတ်တဲ့ ပါးစပ်၊ ဖမ်းတတ်တဲ့ ခြေသည်း
အန္တရာယ် ငှကိကို သတိထားပါ
စိတ်တိုနေတဲ့ လင်းတကို ရှောင်ပြေးပါ။
လက်ထဲက လက်နေတဲ့ သူ့ဓား
ကြောက်စရာ ရန်သူကိ သူရှာနေတာ ကြာရောပေါ့
သစ်ပင်ကြီးဆီ သူရောက်လာတယ်
စဉ်းစားရင်းနဲ့ အဲဒီမှာ ခဏ ရပ်တယ်
သူ တွေးနေစဉ် ငြီးငွေ့လိူ့ ထရပ်လိုက်တယ်
တောက်လောင်နေတဲ့ မျက်လုံးနဲ့ သတ္တဝါကြီး
တောနက်ထဲကနေ
အူသံပေးကာ လာနေတယ်
တစ် နှစ်၊ တစ် နှစ်၊
နေရာတိုင်း အနှံ့
လက်နေတဲ့ ဓားသွား ထုတ်ချင်းပေါက်
သေအောင် သတ်ထားခဲ့တယ် သူ့ခေါင်းနဲ့အတူ
ယိုင်တိယိုင်တိုင် ပြန်လာတယ်
"သတ္တဝါကြီးကို မင်းသတ်ခဲ့လား
ငါ့နှလုံးသားဆီလာပါ ပြုံးနေတဲ့ ငါ့သား"
အိုး ပျော်ရွှင်ဖွယ်နေ့ ဟေး ဟေး
သူ ပျော်ရွှင်မှုနဲ့ သူ တခစ်ခစ်ရယ်နေတယ်။
ညနေခင်း သူ ဟာ တောက်ပနေ
ချွဲပျော့ပျော့ ခွေးတူဝက်တူတွေ
မိုးစိုစို တောင်စောင်းထဲ ထွင်းဖောက်နေ ကြက်
တူရွေးတွေ စိုးရိမ်နေပုံရ လိပ်တွေက အော်။