၁၉၈၀ နှစ်လွန်တွေမှာ Kanzi လို့အမည်ရတဲ့
ချင်ပင်ဇီ တစ်ကောင်ဟာ
မကြံစဖူး အဆင့်အတန်းတစ်ခုအထိ လူသားတွေနဲ့
ဆက်သွယ်ဖို့ သင်ယူခဲ့တယ်။
နှုတ်ပြော (သို့) အမူအရာတွေနဲ့ မဟုတ်ဘဲ
ဝတ္ထုတွေ၊လှုပ်ရှားမှုတွေကို ကိုယ်စားပြုတဲ့
ယေဘုယျ သင်္ကေတတွေ ကီးဘုတ်ကို သုံးရင်းပါ။
ဒါတွေ အတော်များများကို အစဉ်လိုက်
ထောက်ပြရင်း တောင်းဆိုချက်တွေ လုပ်ဖို့၊
လူသား သုတေတီတွေဆီက
နှုတ်ပြော မေးခွန်းတွေဖြေဖို့နဲ့
ရုပ်ပိုင်းအရ မရှိတဲ့ အရာဝတ္ထုတွေကို
ရည်ညွှန်းဖို့ အစဉ်တွေကို သူ ဖန်တီးခဲ့တယ်။
Kanzi စွန့်စားမှုတွေက မေးခွန်းတစ်ခုဆိုင်ရာ
လက်ငင်း အငြင်းပွားစရာတစ်ခုကို စပေးခဲ့တယ်။
Kanzi ဟာ ဘာသာစကားကို သင်ယူထားခဲ့လား။
ဘာသာစကားလို့ ကျွန်ုပ်တို့ ခေါ်ကြတဲ့အရာက
ဆက်သွယ်ရေးဆိုတာထက် ပိုထူးခြားပါတယ်။
ဘာသာစကားက ကျွန်ုပ်တို့ စိတ်ထဲမှာ
ရှိတာကို မျှဝေခြင်းပါ။
ဇာတ်လမ်းတွေ၊အမြင်တွေ၊ မေးခွန်းတွေ၊
အတိတ်(သို့) အနာဂတ်၊စိတ်ကူးထားတဲ့
အချိန်တွေနဲ့ နေရာတွေ၊ စိတ်ကူးတွေပါ။
အခြေခံအားဖြင့် ဘယ်လိုမှ ကန့်သတ်ထားခြင်း
မရှိတဲ့ အကြောင်းအရာတွေ
ပါဝင်နိုင်ပြီး ကန့်သတ်မထားတဲ့ အရာများကို
ပြောဆိုဖို့ သုံးနိုင်ပါတယ်။
သုတေသီ များစွာ အခိုင်အမာ ယုံကြည်တာက
လူသားတွေသာ ဘာသာစကားရှိတယ်၊
အခြားမျိုးစိတ်တွေ အသုံးပြုတဲ့ အော်သံတွေနဲ့
အမူအရာတွေဟာ ဘာသာစကား မဟုတ်ဘူးဆိုတာပါ။
ဒီအော်သံတွေနဲ့ အမူအရာတွေ တစ်ခုစီဟာ
သီးခြား သတင်းစကားတစ်ခုနဲ့ ကိုက်ညီပါတယ်။
ပိုရှုပ်ထွေးတဲ့ စိတ်ကူးတွေအဖြစ်
ပေါင်းစပ်မထားတဲ့ အကန့်အသတ်ရှိ
သတင်းစကားအရေအတွက် စုစုပေါင်းတစ်ခုအတွက်ပါ
ဥပမာ မျောက် မျိုးစိတ် တစ်ခုဟာ
မြွေတစ်ကောင်လို သားရဲ တစ်ကောင်ကောင်နဲ့
ကိုက်ညီတဲ့ သီးခြား သတိပေးချက်
အော်သံတစ်ခု ရှိနိုင်လောက်ပေမဲ့
ဘာသာစကားနဲ့ဆို "မြွေ သတိထားပါ"
လို့ ပြောဖို့ အနမတဂ္ဂ နည်းလမ်းတွေရှိတယ်။
ဒီအထိတော့ ဘယ်တိရစ္ဆာန် ဆက်သွယ်ရေး
မှာမှ လူသား ဘာသာစကားရဲ့ အကန့်အသတ်မဲ့မှု
ရှိပုံမရဘူး။
တိရစ္ဆာန်တွေ ခေါင်းထဲမှာ
ဖြစ်ပျက်နေတာကို အတိအကျ မသိရဘူး။
ဘာသာစကားရဲ့ ဒီဖွင့်ဆိုချက်
(သို့) ဒါကို
ကျွန်ုပ်တို့ တိုင်းတာပုံတွေက
ဒါတွေနဲ့ မသက်ဆိုင်တာ ဖြစ်နိုင်တယ်။
ဒါပေမဲ့ သိရသလောက်ကတော့
လူသားတွေသာ ဘာသာစကားရှိတာပါ။
လူသားတွေဟာ ကွဲပြားတဲ့ ဘာသားစကား
၇၀၀၀ ခန့်ကို ပြောဆိုကြပေမဲ့
ကလေးတိုင်းဟာ ဘာသာစကားတိုင်းကို
သင်ယူနိုင်ပါတယ်။
ဘာသာစကားကို အခြေခံနေတဲ့ ဇီဝပိုင်း
ယန္တရားဟာ ကျွန်ုပ်တို့ အားလုံးမှာ
တူညီနေတာကို ဖော်ပြနေခြင်းပါ။
ဒီတော့ ဘာသာစကားက လူ့လောကအတွက်
ဘာကို ဆိုလိုတာလဲ။
ဒါက ကျွန်ုပ်တို့ကို ဘာကို လုပ်ခွင့်ပေးပြီး
ဒါကို ဘယ်လို ရလာခဲ့တာလဲ။
အတိအကျ ဘယ်အချိန်က ဒီအစွမ်းကို ဆည်းပူးခဲ့
လဲဆိုတာက အကန့်အသတ်မဲ့မေးခွန်းဖြစ်နေဆဲပါ။
ချင်ပင်ဇီ မျိုးနွယ်တွေဟာ ကျွန်ပ်တို့ရဲ့
အနီးဆုံး နေတဲ့ ဆွေမျိုးဆိုပေမဲ့
ဒီအဆက်အနွယ်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်း
လေးသန်းကျော်က လူသားတွေကို
အခြား မျောက်ဝံတွေကနေ ကွဲပြားစေခဲ့တာပါ။
ဒီနှစ်ခုကြားမှာ အခု အာလုံး မျိုးသုဉ်း
ကုန်တဲ့ မျိုးစိတ်များစွာ ရှိပါတယ်။
ဒါက ၎င်းတို့မှာ ဘာသာစကား(သို့) ဒါမျိုး တစ်
ခုခုရှိလားဆိုတာ သိဖို့အလွန်ခက်ခဲစေတာပါ။
မျောက်ဝံကြီးတွေက ဘာသာစကားရဲ့မူလအစ
အတွက် အလားအာလာရှိတဲ့ သဲလွန်စတစ်ခု ပေးပေမဲ့
ဒါက နှုတ်ပြောစကားထက် ကိုယ်ဟန်
အမူအရာအဖြစ် စတင်ခဲ့လောက်တယ်။
မျောက်ဝံကြီးတွေဟာ အသံထုတ်ပြတာထက်
တောထဲမှာ အချင်းချင်း ပိုလွတ်လပ်စွာ
လက်ဟန်ခြေဟန် လုပ်ပြတယ်။
ဘာသာစကားဟာ ကျွန်တော်တို့ မျိုးစိတ်
Homo sapiens ကိုပေါ်လာစေခဲ့တဲ့
လူမျိုးစု Homo ပေါ်လာမှုနဲ့အတူ
လွန်ခဲ့တဲ့ နှစ်ပေါင်း၂ သန်းကနေ ၃ သန်းကြား
Pleistocene ခေတ်အတွင်းမှာ
စတင် ပုံပေါ်ခဲ့လောက်တယ်။
ဦးနှောက် သုံးဆကြီးလာကာ ခြေနှစ်ချောင်းဖြင့်
သွားလာမှုက လက်တွေနဲ့ ဆက်သွယ်လာစေတယ်။
အမူအရာ ဆက်သွယ်ရေးကနေ
အမူအရာ ဘာသာစကားအထိ၊
အရာဝတ္ထုတွေကို ညွှန်ပြတာ၊
အပြုအမူတွေကို သရုပ်ဖော်တာကနေ
ပိုထိရောက်တဲ့ ယေဘုယျအမူအရာပြတာ အထိ
အကူးအပြောင်းတစ်ခု ရှိခဲ့လောက်တယ်၊
အမူအရာ ဆက်သွယ်ရေးရဲ့ စိတ်ကူးစိတ်သန်းက
အမြင်ပိုင်း လိုအပ်ချက်ကို ဖယ်ရှားခဲ့မယ်။
နှုတ်ပြော ဘာသာစကားဆီ အကူးအပြောင်း
တစ်ခုအတွက် အခြေအနေကို ဖန်တီးပေးခြင်းပါ။
ဒါပေမဲ့ ဒီအကူးအပြောင်းက နောက်ပိုင်းမှ
ဖြစ်လာနိင်ခဲ့မှာပါ။
ပီသစွာ ရွတ်ဆိုတဲ့ အပြောဟာ ပုံစံတစ်ခုခုရဲ့
အသံပိုင်း လမ်းကြောင်းတစ်ခုအပေါ် မူတည်တယ်။
ကျွန်ုပ်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဖြစ်တဲ့
Neanderthals နဲ Denisovans တို့တောင်
အသင့်ဆုံး အသံပိုင်း
လမ်းကြောင်းတွေ မရှိခဲ့ပေမဲ့
အသံပိုင်းစွမ်းရည်တချို့
ရှိဖို့ ဖြစ်နိုင်ပြီး
ဘာသာစကားတောင် ဖြစ်နိုင်ပါတယ်။
လူသားတွေမှာပဲ အသင့်ဆုံး
အသံ လမ်းကြောင်းရှိတာပါ။
အပြော စကားလုံးတွေက ကိရိယာသုံးတာ၊ပို့တာလို
လုပ်ဆောင်မှုတွေအတွက် လက်တွေကို အားစေတယ်။
ဒါကြောင့် ကျွန်ုပ်တို့
မျိုးစိတ်ရဲ့ ကြီးစိုးမှု
ဖြစ်စေခဲ့တာက ဘာသာစကား ကိုယ်၌ မဟုတ်ဘဲ
နှုတ်ပြော ပေါ်ထွန်းမှု ဖြစ်ခဲ့လောက်တယ်။
ဘာသာစကားဟာ ရှုပ်ထွေးတဲ့အတွေး၊ အသိလှုပ်ရှား
လုပ်ဆောင်မှုတွေနဲ့ ရင်းနှီးစွာ ဆက်နွယ်တယ်။
ဒါက ဇီဝဗေဒဆိုင်ရာ မူလအစတွေကို
ရှင်းဖို့ ခက်ခဲတာပါ။
အကြီးမားဆုံး ပဟေဠိတချို့ ကျန်နေဆဲပါ။
ဘာသာစကားက ဘယ်အတိုင်းအတာအထိ လူ့လောကကို
အစွမ်းတစ်ခုအဖြစ် ပုံသွင်းပေးခဲ့လဲ။
ဘယ်အတိုင်းအတာအထိ လူ့လောကက
ဘာသာစကားကို ပုံသွင်းပေးခဲ့လဲ။
ကျွန်ပ်တို့ မှန်းကြည့်နိုင်တဲ့ စိတ်မှန်း
ဖြစ်နိုင်ခြေတွေရဲ့ ဧရာမ ကိန်းဂဏန်း (သို့)
ဒါတွေကို မျှဝေနိုင်စွမ်း
ဘာက အရင် ဖြစ်ခဲ့တာလဲ။