WEBVTT 00:00:00.000 --> 00:00:04.000 ဒီလို high-tech နည်းဖြင့် ဟောပြောခွင့် ရတာကို ကျွန်တော် စိတ်လှုပ်ရှားမိတယ်။ 00:00:05.187 --> 00:00:08.079 ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ဖူးသမျှ လူသားအားလုံးတို့ဟာ၊ 00:00:08.103 --> 00:00:12.712 သူတို့အထဲက အများစုတို့ဟာ ကျုပ်တို့ အခု ဒီမှာ လုပ်ကိုင်နေတာကို 00:00:12.736 --> 00:00:15.196 နားလည်နိုင်စွမ်းမရှိ၊ ယုံကြည်နိုင်ကြမှာ မဟုတ်ပါ။ 00:00:15.760 --> 00:00:18.753 ဘာလို့လဲဆိုတော့ ရာစုနှစ်ထောင်နဲ့ချီပြီး 00:00:18.777 --> 00:00:21.712 သိပ္ပံတော်လှန်ရေးမတိုင်မီ မှောင်မိုက်ကာလအတွင်းမှာ၊ 00:00:21.736 --> 00:00:23.544 ဉာဏ်အလင်းပွင့်လာချိန်မှာ၊ 00:00:23.568 --> 00:00:26.536 လူတွေရဲ့ မျှော်လင့်ချက်တွေဟာ နိမ့်ကျခဲ့ပါတယ်။ 00:00:26.536 --> 00:00:29.156 သူတို့ရဲ့ဘဝ၊ သူတို့ရဲ့ သားစဉ်မြေးဆက်တို့ရဲ့ဘဝအတွက်ကိုပါ။ 00:00:29.156 --> 00:00:31.442 ပုံမှန်အားဖြင့် သူတို့ရဲ့ဘဝဟာ သိသာဆန်းသစ်လာမှာကို 00:00:31.466 --> 00:00:35.913 ပိုကောင်းလာမှာကို မမျှော်လင့်ခဲ့ကြပါဘူး။ 00:00:36.847 --> 00:00:41.831 ဤအဆိုးမြင်မှုကို သမ္မာကျမ်းစာထဲတွင် အထင်အရှား တွေ့နိုင်ကြပါတယ်၊ 00:00:41.855 --> 00:00:46.069 အမည်ကိုဖေါ်ပြီး ရေးသားထားတဲ့ သမ္မာကျမ်းစာ ကျမ်းပိုင် အချို့ထဲမှာ ဖတ်ကြရပါတယ်။ 00:00:46.093 --> 00:00:49.724 ဟာဗြဲလို Qohelet ဆိုသူ နားလည်ရန် ခက်တဲ့သူရဲ့ ရေးသားချက်ပါ။ 00:00:50.173 --> 00:00:54.458 “ ဖြစ်ဘူးသောအရာသည် ဖြစ်လတံ့သောအရာနင့်တူ၏။ 00:00:55.133 --> 00:00:58.200 ယခုပြုသောအမှုသည် ပြုလတံ့သောအမှုနှင့်တူ၏။ 00:00:58.736 --> 00:01:01.434 နေအောက်မှာ အသစ်သော အမှုအရာမရှိ။" 00:01:02.140 --> 00:01:06.355 "ကြည့်စမ်းပါ၊ ဟောဒီမှာအသစ်" လို့ ပြောဆိုစရာ ရှိပါက၊ 00:01:06.379 --> 00:01:10.434 မဟုတ်နိုင်ပါ၊ အဲဒီအရာကို ကျုပ်တို့မတိုင်မီ နှစ်များတုန်းက ပြုလုပ်ပြီးခဲ့ပြီးသားပါ။ 00:01:11.427 --> 00:01:16.299 Qohelet ဟာ ဆန်းသစ်မှုရယ်လို့ မရှိနိုင်တဲ့ ကမ္ဘာကြီးကို ဖေါ်ပြခဲ့ပါတယ်။ 00:01:16.602 --> 00:01:20.530 အသစ်အဆန်းလို့ ဆိုရာတွင် ကျွန်တော်ဟာ Qohelet ရဲ့သဘောအရ အသစ်တစ်ခုကိုဆိုလိုတာပါ၊ 00:01:20.554 --> 00:01:23.172 တစ်ခုခု ပြောင်းလဲသွားမျိုး မဟုတ်ဘဲ၊ 00:01:23.196 --> 00:01:26.696 သိသာပြီး ရေရှည် အကျိုးသက်ရောက်မယ့် ပြောင်းလဲမှုမျိုးကိုပါ၊ 00:01:26.720 --> 00:01:28.895 လူတွေတကယ့်ကိုပဲ 00:01:28.919 --> 00:01:30.895 "ကြည့်စမ်းပါ၊ ဟောဒီမှာအသစ်" 00:01:30.919 --> 00:01:33.093 ပြီးတော့ "ပိုကောင်းတဲ့" အရာ ဖြစ်ရပါမယ်။ 00:01:34.061 --> 00:01:38.918 ဒီတော့ ကျပန်းပြောင်းလဲမှုတွေဟာ ဆန်းသစ်မှု မဖြစ်နိုင်ကြပါ။ 00:01:38.942 --> 00:01:43.719 ဒီနေရာမှာ Heraclitus က လူတစ်ယောက်ဟာ မြစ်တစ်စင်း နှစ်ခါဝင်မရနိုင်ဘူး၊ 00:01:43.719 --> 00:01:47.307 မြစ်ဟာ ပြောင်းလဲသွားခဲ့ပြီဖြစ်သလို ထိုလူပါ ပြောင်းသွားလို့ပါ ဆိုခဲ့ဘူးပါတယ်။ 00:01:47.307 --> 00:01:51.399 ဒါပေမဲ့ မြစ်ဟာ ကျပန်းသဘောမျိုးဖြင့် ပြောင်းလဲနေပါက 00:01:51.423 --> 00:01:53.819 အဲဒါဟာ အရင်မြစ်ကြီးပါပဲ။ 00:01:54.311 --> 00:01:55.764 အဲဒါနဲ့ ဆန့်ကျင်လျက်၊ 00:01:55.788 --> 00:02:00.399 လူ့စိတ်ထဲက အတွေးခေါ် တစ်ခုဟာ တခြားလူတွေရဲ့ စိတ်များသို့ ဝင်ရောက်လျက် 00:02:00.423 --> 00:02:03.204 မျိုးဆက်တွေရဲ့ ဘဝကို ပြောင်းလဲသွားစေမယ် ဆိုရင်၊ 00:02:03.228 --> 00:02:04.728 အဲဒါဟာ ဆန်းသစ်မှု ဖြစ်ပါတယ်။ 00:02:05.395 --> 00:02:08.323 ဆန်းသစ်မှုမရှိတဲ့ လူသားရဲ့ ဘဝဟာ 00:02:08.347 --> 00:02:11.974 ဖန်တီးတီထွင်မှု မရှိတဲ့ တိုးတက်မှု မရှိတဲ့ ဘဝ ဖြစ်ပါလိမ့်မယ်။ 00:02:12.498 --> 00:02:15.990 အဲဒါဟာ ငြိမ်သက်နေတဲ့ လူ့အဖွဲ့အစည်း၊ ဘာမှမပြောင်းလဲတဲ့ ဂိမ်းနဲ့ တူပါမယ်။ 00:02:16.712 --> 00:02:20.038 အဲဒါကြောင့် Qohelet နေထိုင်ခဲ့ရတာက ငရဲထဲ နေထိုင်ရမှုမျိုးပါ။ 00:02:20.419 --> 00:02:24.037 လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်အထိ လူတိုင်းလိုလို အဲဒီလို နေခဲ့ကြရတာပါ။ 00:02:24.228 --> 00:02:28.833 အဲဒါဟာ ငရဲဘဝပါပဲ။ ဘာလို့လဲဆိုတော့ လူသားတွေအတွက် 00:02:28.857 --> 00:02:32.958 ငြိမ်သက်မှုဟာ ဆင်းရဲဒုက္ခနဲ့ မလွှဲဆက်စပ်နေလို့ပါ။ 00:02:32.982 --> 00:02:35.831 ငြိမ်သက်မှု စိတ်ပျက်စရာ ကောင်းရုံတင် မကသေးပါ။ 00:02:35.872 --> 00:02:37.853 ဆင်းရဲဒုက္ခရဲ့ ရင်းမြစ်အားလုံး - 00:02:37.853 --> 00:02:41.710 ငတ်ဘေး၊ ရောဂါဘေး၊ ဂြိုဟ်မွှား ဝင်တိုက်မယ့်ဘေး၊ 00:02:41.710 --> 00:02:46.272 ပြီးတော့ စစ်မက်နဲ့ ကျွန်စနစ်တို့လို အရာတွေဟာ 00:02:46.296 --> 00:02:51.797 အဲဒါတွေ ဟန့်တားရေး နည်းလမ်းတွေ လူတွေ မဖန် တီးနိုင်ကြတဲ့ အချိန်ထိသာ ဒုက္ခပေးခဲ့ကြတယ်။ 00:02:52.631 --> 00:02:56.934 Somerset Maugham ရဲ့ "Of Human Bondage" ဝတ္ထုထဲ ဖြစ်ရပ်တစ်ခု ပါပါတယ်။ 00:02:56.958 --> 00:02:58.744 ရှေးပညာရှိအကြောင်းပါ၊ 00:02:58.768 --> 00:03:03.831 လူသားတစ်ရပ်လုံးရဲ့ သမိုင်းကို အကျဉ်းချုပ်ပြီး သူ ဖေါ်ပြသွားပုံက၊ 00:03:04.529 --> 00:03:06.073 "လူသားဟာ မွေးခဲ့တယ်၊ 00:03:06.097 --> 00:03:08.517 ဒုက္ခတွေခံစားခဲ့ရပြီး သေဆုံးသွားခဲ့တယ်။ 00:03:09.296 --> 00:03:11.010 ပြီးတော့ ဆက်လက် ဖေါ်ပြထားသေးတာက- 00:03:11.034 --> 00:03:15.853 "ဘဝဟာ ဘယ်လိုမှ အရေးမပါခဲ့ဘဲ သေရမှုဟာလည်း ဘာမှအကျိုးဆက် မရှိခဲ့ပါ။ 00:03:16.268 --> 00:03:21.173 တကယ်တမ်းတွင် အသက်ရှင်နေထိုင်ခဲ့ဘူးကြတဲ့ လူအများစုတို့ရဲ့ 00:03:21.197 --> 00:03:24.977 ဘဝဟာ ဆင်းရဲဒုက္ခတွေနဲ့ စိတ်ညစ်စရာ အလုပ်နဲ့ ပြည့်နေခဲ့ပြီး 00:03:25.001 --> 00:03:28.315 ငယ်ရွယ်ချိန်မှာ ဝေဒနာများကို ခံစားရင်း သေခဲ့ကြရတာပါ။ 00:03:29.493 --> 00:03:33.704 ပြီးတော့ လူသားမျိုးဆက် အများစုထဲတွင် 00:03:33.728 --> 00:03:37.886 သူတို့ရဲ့ မျိုးဆက်များအတွက် ဆန်းသစ်တဲ့ အကျိုးဆက်တွေ မရှိခဲ့ပါ။ 00:03:38.728 --> 00:03:45.452 သို့ပေမဲ့၊ ရှေးခေတ်လူတွေက သူတို့ရဲ့ အခြေအနေကို၊ 00:03:46.103 --> 00:03:50.412 သူတို့ဟာ ပုံမှန်အားဖြင့် ကြီးမားတဲ့ ကြီးကျယ်တဲ့ စကားလုံးဖြင့် ရှင်းပြခဲ့ကြတယ်။ 00:03:50.794 --> 00:03:53.601 သူတို့ရဲ့ လုပ်ရပ်ဟာ မှန်ခဲ့တယ်လို့ ဆိုရပါမယ်။ 00:03:53.625 --> 00:03:56.940 သူတို့ရဲ့ လက်တွေ့ရှင်းလင်းချက်တွေ၊ သူတို့ရဲ့ ပုံပြင်တွေဟာ 00:03:56.940 --> 00:03:59.744 အဓိကအားဖြင့် မဟုတ်မှန်ခဲ့ကြတာတောင် အဲဒီလို ဆိုရပါမယ်။ 00:03:59.744 --> 00:04:01.807 တချို့တို့က သူတို့လောကကြီးရဲ့ 00:04:01.831 --> 00:04:05.363 ခက်ထန်မှုနဲ့ တစ်ပုံစံတည်းဖြစ်မှုကို ရှင်းပြကြရာတွင် 00:04:05.387 --> 00:04:10.228 မကုန်ဆုံးနိုင်တဲ့ ကောင်းမှုနှင့်မကောင်းမှု အကြား စစ်မက်များကို ညွှန်ပြခဲ့ကြလျက် 00:04:10.252 --> 00:04:13.097 လူသားတွေကျတော့ စစ်မြေပြင် ဖြစ်ခဲ့ကြောင်း ဆိုခဲ့ကြတယ်။ 00:04:13.637 --> 00:04:17.858 လူတွေရဲ့ ဘဝအတွေ့အကြုံဟာ ဒုက္ခများဖြင့် ပြည့်နေခဲ့ပြီး 00:04:17.882 --> 00:04:20.587 ဘယ်တော့မှ တိုးတက်မလာခဲ့ခြင်းကို အဲဒီလို ရှင်းပြခဲ့ကြတယ်။ 00:04:20.728 --> 00:04:23.407 ဒါပေမဲ့ အဲဒါဟာ မမှန်ကန်ခဲ့ပါဘူး။ 00:04:24.212 --> 00:04:26.379 အံ့သြဖို့ ကောင်းတာက၊ 00:04:26.403 --> 00:04:29.125 သူတို့ရဲ့ ပဋိပက္ခတွေနဲ့ ဆင်းရဲဒုက္ခတွေအားလုံးဟာ 00:04:29.149 --> 00:04:34.569 အတွေးအခေါ်များကို သူတို့ စီမံဆောင်ရွက် ခဲ့မှုတွေရဲ့ ရလဒ်တွေပါ။ 00:04:35.125 --> 00:04:38.987 တရားသေအယူအဆတွေနဲ့ ပုံမှန် ရှင်းပြချက်တွေကို ကျေနပ်နေခဲ့ကြပြီး 00:04:38.987 --> 00:04:41.835 လောကကြီးနဲ့ သူတို့ရဲ့ အခြေအနေကို ဝေဖန်သုံးသပ် ဆန်းစစ်လျက် 00:04:41.859 --> 00:04:48.327 ပိုကောင်းမွန်တဲ့ ရှင်းလင်းချက်ကို ရှာကြံခြင်း မရှိခဲ့ကြပါ။ 00:04:48.696 --> 00:04:53.189 နှစ်ဆယ်ရာစု ရူပဗေဒ ပညာရှင်များက ပိုကောင်း တဲ့ ရှင်းလင်းချက် ရှာကြံနိုင်ခဲ့ကြပေမဲ့၊ 00:04:53.203 --> 00:04:55.546 စကြာဝဠာရဲ့ စစ်မက်များနဲ့ ရှင်းပြနေခဲ့ကြပါသေးတယ်။ 00:04:55.570 --> 00:05:00.863 ဒီတချီတွင် စနစ်ကျမှုနဲ့ ပရမ်းပတာဖြစ်မှု သို့မဟုတ် ဖရိုဖရဲဖြစ်မှုကို ထောက်ပြကြတယ်။ 00:05:00.887 --> 00:05:06.144 ဒီဖြစ်ရပ်က အနာဂတ်အတွက် မျှော်လင့်ချက် ပေးပါတယ်။ 00:05:06.144 --> 00:05:08.097 ဒါပေမဲ့ နောက်တစ်ဘက်မှကျတော့၊ 00:05:08.097 --> 00:05:10.993 အဲဒါဟာ ရှေးဟောင်းဒဏ္ဍာရီများထက် ပိုလို့ကို စိတ်ပျက်စရာကြီးပါ၊ 00:05:11.017 --> 00:05:14.791 ဘာဖြစ်လို့လဲဆိုတော့ ကြမ်းတမ်းမှု၊ ဖရိုဖရဲဖြစ်မှု 00:05:14.815 --> 00:05:18.418 ဆိုတာ နောက်ဆုံး အောင်ပွဲဆီကို ဦးတည်ကြပါတယ်၊ 00:05:18.442 --> 00:05:23.323 ဒါပေမဲ့ အပူစွမ်းအင် သိပ္ပံပညာရဲ့ မပြောင်းလဲနိုင်တဲ့ နိယာမတွေက 00:05:23.347 --> 00:05:26.480 စကြာဝဠဟာ အပူဒဏ်ကြောင့် နိဂုံးချုပ်သွားမယ်လို့ ဆိုထားလို့ပါ။ 00:05:26.982 --> 00:05:31.125 လောလောဆယ်မှာ အဲဒီစစ်ပွဲကြီးထဲမှာ ဒေသန္တရ စစ်မက် ဖြစ်နေပါတယ်၊ 00:05:31.149 --> 00:05:35.093 ရေရှည်တည်တံ့မှု၊ တနည်း စနစ်ရှိမှု 00:05:35.117 --> 00:05:38.474 နှင့် ဖြုန်းတီးမှု၊ တနည်း ဖရိုဖရဲဖြစ်မှု အကြား တိုက်ပွဲပါ၊ 00:05:38.498 --> 00:05:41.561 ကောင်းမှုနှင့်မကောင်းမှုရဲ့ ခေတ်သစ် ပုံစံပါ၊ 00:05:41.585 --> 00:05:44.895 မကြာခဏဆိုသလို လူသားတွေဟာ မကောင်းမှုပါလို့ ခံယူကြလို့ 00:05:44.919 --> 00:05:47.705 ကျုပ်တို့ဟာ အောင်ဖို့ကို ကြိုးစားတောင် မကြိုးစားသင့်ပါဘူး။ 00:05:47.705 --> 00:05:48.776 ဒါနဲ့ မကြာမီတုန်းက၊ 00:05:48.800 --> 00:05:51.432 အာကာသထဲက နောက်စစ်ပွဲအကြောင်း ပုံပြင်တွေ ပေါ်လာကြပါတယ်၊ 00:05:51.432 --> 00:05:55.053 စကြဝဠာကို ပြိုကွဲစေမယ့် ဆွဲငင်အားနဲ့ စကြာဝဌာကို 00:05:55.077 --> 00:05:58.490 ဖြန့်ကြဲရန် အားထုတ်နေတဲ့ အမှောင်စွမ်းအင် အကြား တိုက်ပွဲပါ။ 00:05:58.514 --> 00:05:59.720 ဒီတော့ ဒီတချီတွင် 00:05:59.744 --> 00:06:03.156 ဘယ်အာကာသ အင်အားတွေပဲ နိုင်နိုင်၊ 00:06:03.180 --> 00:06:04.750 ကျုပ်တို့က ရှုံးကြရမှာပါ။ 00:06:05.157 --> 00:06:10.137 လူသားရဲ့ အခြေအနေဆိုင်ရာ အဲဒီလို အဆိုးမြင်နေကြတဲ့ အကြောင်းတွေထဲမှာ 00:06:10.161 --> 00:06:12.470 အမှန်တရား တချို့ပါပါတယ်၊ 00:06:12.494 --> 00:06:14.422 ဒါပေမဲ့ ဟောကိန်းထုတ်မှုအနေနဲ့ 00:06:14.446 --> 00:06:17.517 ၎င်းတို့အားလုံးဟာ လွဲမှားနေကြပြီး အကြောင်းရင်းက ဆင်တူပါပဲ။ 00:06:17.962 --> 00:06:22.267 ဘယ်တစ်ခုကမှ လူသားတွေကို ပုံဖေါ်ကြပုံဟာ ကျုပ်တို့ လက်တွေ့ဖြစ်တာကို မဖေါ်ပြကြပါ။ 00:06:22.688 --> 00:06:25.100 Jacob Bronowski က ပြောကြားခဲ့သလို 00:06:25.124 --> 00:06:29.045 "လူသားဟာ ရှုခင်းထဲပါဝင်သူ မဟုတ်ဘူး၊ 00:06:29.069 --> 00:06:31.847 သူဟာ ရှုခင်းကို ပုံဖေါ်ပေးနေသူပါ။ " 00:06:31.871 --> 00:06:33.022 တစ်နည်းပြောရရင်၊ 00:06:33.046 --> 00:06:37.498 လူသားတွေဟာ အာကာသစွမ်းအင်တွေရဲ့ ကစားစရာ အရာ မဟုတ်ဘဲ၊ 00:06:37.522 --> 00:06:40.341 ကျုပ်တို့ဟာ အာကာသစွမ်းအင်တွေကို သုံးနေကြတဲ့သူတွေပါ။ 00:06:40.341 --> 00:06:42.863 ကျွန်တော်ဟာ ဒီအကြောင်းကို မကြာခင် ပြောဖို့ရှိပါတယ်၊ 00:06:42.887 --> 00:06:47.434 ဒါပေမဲ့ စစချင်း၊ ဆန်းသစ်မှုကို ဖန်တီးပေးတာ ဘယ်လို အရာတွေများလဲ။ 00:06:48.022 --> 00:06:51.172 ဟုတ်ကဲ့၊ စကြဝဠာရဲ့ အစဟာ အဲဒီလို ဖြစ်ခဲ့တာ သေချာပါတယ်။ 00:06:51.196 --> 00:06:54.268 လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ ဘီလီယံနီးပါး တုန်းက ပေါက်ကွဲမှုကြီးက 00:06:54.292 --> 00:06:57.350 အာကာသ၊ အချိန်နှင့် စွမ်းအင်ကို၊ ပြီးတော့ 00:06:57.350 --> 00:06:59.609 ရုပ်ပိုင်းအရာတွေ အားလုံးကို ဖန်တီးပေးခဲ့တာပါ။ 00:06:59.609 --> 00:07:01.712 အဲဒီနောက် ချက်ချင်းကိုပဲ၊ 00:07:01.736 --> 00:07:05.307 ဆန်းသစ်မှု ပထမဦးဆုံးခေတ် စတင်ခဲ့တယ်၊ 00:07:05.331 --> 00:07:08.135 ပထမဆုံးအက်တမ်၊ ပထမဆုံးကြယ်နှင့် 00:07:08.159 --> 00:07:09.675 ပထမဆုံး တွင်းနက်ကြီး၊ 00:07:09.699 --> 00:07:11.373 ပထမဆုံး နဂါးငွေ့တန်း။ 00:07:11.833 --> 00:07:15.000 ဒါပေမဲ့ တချိန်ချိန်တွင် 00:07:15.024 --> 00:07:18.283 ဆန်းသစ်မှုတွေ စကြဝဠာထဲက ပျောက်ကွယ်သွားတယ်။ 00:07:18.307 --> 00:07:22.442 လွန်ခဲ့တဲ့ ၁၂ ဒါမှမဟုတ် ၁၃ ဘီလီယံနှစ်တွေမှ စတင်ကြည့်ရင် 00:07:22.466 --> 00:07:24.506 ဒီနေ့အထိကိုပဲ 00:07:24.530 --> 00:07:29.585 အသစ်ဆိုလို့ နက္ခတ္တဗေဒ အရာတစ်ခုမှ ပေါ်မလာခဲ့ဘူး ထင်တယ်။ 00:07:29.609 --> 00:07:33.990 ကျွန်တော်ကတော့ အဲဒါတွေအားလုံးကို ထပ်နေတဲ့တေးသံလို ခံစားရတယ်။ 00:07:34.807 --> 00:07:39.545 ဒီတော့ Qohelet ကနေပြီး နေထက် ပိုဝေးတဲ့ စကြဝဠာအကြောင်းပြောခဲ့တာက 00:07:39.569 --> 00:07:42.410 နေ့ လက်အောက်မှာ ရှိနေကြတာတွေ 00:07:42.434 --> 00:07:44.736 အကြောင်းထက် ပိုမှန်နေပါတယ်။ 00:07:45.156 --> 00:07:48.827 ထပ်နေတဲ့မဟာတေးသံ ရှိနေသမျှကာလပတ်လုံး 00:07:48.851 --> 00:07:51.414 တချိန်လုံး ရှိလာခဲ့တာတွေဟာ 00:07:51.438 --> 00:07:53.406 လက်တွေ့ ဖြစ်လာမယ့် အရာတွေပါပဲ။ 00:07:53.430 --> 00:07:54.982 ပြီးတော့ အဲဒါတွေထဲမှာ 00:07:55.006 --> 00:07:59.034 "ဟေဒကြည့်စမ်း၊ ဒါလေးက အသစ်ပဲ"လို့ ပြော နိုင်စရာ ဘာမှ ရှိမှာမဟုတ်ပါဘူး။ 00:07:59.646 --> 00:08:01.637 အဲဒါဘယ်လိုပဲဖြစ်ဖြစ်၊ 00:08:01.661 --> 00:08:05.828 ထပ်ထပ်ဖြစ်နေမှု ကာလထဲက တချိန်ချိန်မှာ၊ 00:08:05.852 --> 00:08:09.537 အဲဒီတုန်းက အရေးမပါခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့ရာ၊ 00:08:09.561 --> 00:08:11.760 ဘီလီယံနှစ်ချီ ကြာသွားတဲ့ နောက်မှာတောင်၊ 00:08:11.784 --> 00:08:15.676 မိမိတို့ နေထိုင်ရာ ဂြိုလ်ထက် ကျော်လွန်တဲ့ နေရာကိုတောင် သက်ရောက်မှု မရှိခဲ့ပေမဲ့၊ 00:08:15.676 --> 00:08:20.951 အဲဒါဟာ တဖြည်းဖြည်းချင်းနဲ့ အာကာသဆိုင်ရာ ဆန်းသစ်မှုကို ဖြစ်ပေါ်လာစေနိုင်ခဲ့ပါတယ်။ 00:08:21.277 --> 00:08:24.586 ဘဝရဲ့ မူလအစကို ဖန်တီးခဲ့တဲ့ ဖြစ်ရပ်ပါ- 00:08:25.102 --> 00:08:28.204 ပထမဦးဆုံးဖြစ်ခဲ့တဲ့ မျိုးရိုးဗီဇ အသိပညာကို ဖန်တီးပေးခဲ့တယ်၊ 00:08:28.228 --> 00:08:31.085 ဇီဝလိုက်လျောညီထွေမှုများအတွက် ကုဒ်ဖော်နည်းပါ၊ 00:08:31.109 --> 00:08:33.109 ဆန်းသစ်မှုရဲ့ ကုဒ်ဖော်နည်းပါ။ 00:08:34.243 --> 00:08:37.697 ကမ္ဘာဂြိုဟ်ပေါ်မှာကျတော့ ၎င်းဟာ မျက်နှာပြင်ကို ပြောင်းပစ်ခဲ့တယ်။ 00:08:37.741 --> 00:08:41.035 ဆဲလ်တစ်ခုတည်းရှိ အကောင်များထဲက DNA တွင်းရှိ မျိုးရိုးဗီဇများက 00:08:41.035 --> 00:08:43.097 အောက်ဆီဂျင်ကို လေထဲမှုတ်ထည့်ပေးခဲ့ကြတယ်၊ 00:08:43.097 --> 00:08:44.709 CO2 ကို ထုတ်ယူခဲ့ကြပြီး 00:08:44.783 --> 00:08:48.299 မြေကြီးထဲကို မြေဖြူနဲ့ သံသတ္တုရိုင်းတွေကို ထည့်သွင်းပေးခဲ့ကြတယ်၊ 00:08:48.323 --> 00:08:54.347 အဲဒီမျိုးရိုးဗီဇတွေကြောင့် မျက်နှာပြင်ပေါ် ကုဗလက်မခန့် ရှိတဲ့ နေရာတွေဟာ 00:08:54.371 --> 00:08:56.299 သက်ရောက်မှုမရှိဘဲ ကျန်ရစ်ခဲ့ကြတယ်။ 00:08:56.942 --> 00:09:01.857 ကမ္ဘာဂြိုဟ်ဟာ အာကာသ စကေးနဲ့ ပြောရရင် ဆန်းသစ်တဲ့ နေရာ ဖြစ်မလာခဲ့တောင်မှ 00:09:01.857 --> 00:09:04.236 နားလည်ရန် ခဲယဉ်းတဲ့ နေရာတစ်ခု ဖြစ်လာတာ အမှန်ပါပဲ။ 00:09:04.236 --> 00:09:07.458 ဥပမာတစ်ခုအနေဖြင့်၊ ကမ္ဘာရဲ့ ပြင်ပတွင် 00:09:07.482 --> 00:09:11.990 မတူကွဲပြားကြတဲ့ ဓာတုပစ္စည်းတွေဆိုလို့ ရာအနည်းငယ်မျှသာ ရှိကြပါတယ်။ 00:09:12.411 --> 00:09:15.866 သက်ရှိဘဝ မရှိတဲ့ နေရာတွေမှာ နောက်ထပ် နည်းနည်းပိုပြီး ရှိချင်ရှိမှာပါ။ 00:09:15.890 --> 00:09:17.739 ဒါပေမဲ့ ကမ္ဘာမြေပေါ်မှာ ကျတော့ 00:09:17.763 --> 00:09:21.474 ဆင့်ကဲဖြစ်စဉ်က ဘီလီယံချီရှိတဲ့ မျိုးစုံသော ဓာတုပစ္စည်းတွေကို ဖန်တီးပေးခဲ့တယ်။ 00:09:21.843 --> 00:09:24.905 ပြီးတော့ အဲဒီနောက်မှာ ပထမဦးဆုံး အပင်တွေ၊ အကောင်တွေ၊ 00:09:24.929 --> 00:09:29.738 အဲဒီနောက်ပိုင်းတွင် ကျုပ်တို့ရဲ့ ဘိုးဘေး ဖြစ်ကြတဲ့ မျိုးစိတ်တွေကို 00:09:29.762 --> 00:09:31.936 ဖန်တီးပေးခဲ့တယ်လို့ ခန့်မှန်း သိရှိရပါတယ်။ 00:09:31.936 --> 00:09:34.944 ကျုပ်တို့ သိကြတဲ့ စကြဝဠ တစ်ခုလုံးအတွင်းမှာ ပထမဦးဆုံးအကြိမ်ပါ။ 00:09:35.413 --> 00:09:40.601 ရှင်းပြတဲ့ အသိပညာက ကျုပ်တို့ မျိုးစိတ်တွေ ညီထွေစွာ ပြောင်းလဲခဲ့ပုံကို ပြသပေးတယ်။ 00:09:41.149 --> 00:09:44.244 အဲဒါဟာ ဥပမာ DNA ထဲက နားလည်မရတဲ့ အသိပညာနဲ့ 00:09:44.268 --> 00:09:46.506 မတူ ကွဲပြားပြီး 00:09:46.530 --> 00:09:48.306 စကြဝဠာလုံးဆိုင်ရာ နိယာမပါ။ 00:09:48.330 --> 00:09:51.864 ဒီတော့ ဆိုလိုချင်တာက၊ နားလည်လို့ ရနိုင်သမျှကို 00:09:51.868 --> 00:09:55.348 ရှင်းပြနိုင်တဲ့ အသိပညာမှတစ်ဆင့် နားလည်လို့ ရနိုင်တယ် ဆိုတဲ့အချက်ကိုပါ။ 00:09:55.348 --> 00:09:58.871 အဲဒါထက်ပိုပြီး၊ ဘယ် ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်ကိုမဆို 00:09:58.895 --> 00:10:01.776 အဲဒီလို အသိပညာအားဖြင့် ထိန်းချုပ်လို့ ရနိုင်ပါတယ်၊ 00:10:01.800 --> 00:10:04.688 ရူပဗေဒဆိုင်ရာ နိယာမများကသာ ကန့်သတ်နိုင်စွမ်း ရှိကြပါတယ်။ 00:10:05.228 --> 00:10:08.999 ဒီလိုနည်းဖြင့် ရှင်းပြရေး အသိပညာကပါ 00:10:09.023 --> 00:10:12.196 ကမ္ဘာကြီးရဲ့ မြေမျက်နှာပြင်ကို စပြီး အသွင်ပြောင်းမှု စတင်ခဲ့တယ်။ 00:10:12.792 --> 00:10:18.117 မကြာခင်မှာ ကမ္ဘာကြီးက ဂြိုဟ်မွှားတွေကို ဆွဲဆောင်ရမယ့် အစား ဘေးကို ကန်ထုတ်ပစ်တဲ့ 00:10:18.141 --> 00:10:23.556 စကြာဝဠထဲက တစ်ခုတည်းသော အရာအဖြစ် ထင်ရှားတဲ့ အရာဖြစ်လာမှာပါ။ 00:10:24.300 --> 00:10:27.713 Qohelet ဟာ သူ့ခေတ်ကာလတုန်းက တိုးတက်ပြောင်းလဲမှုတွေ နှေးခဲ့လွန်းလို့ 00:10:27.737 --> 00:10:31.632 သိနားလည်နိုင်စွမ်း မရှိခဲ့ဘဲ လွဲမှားသွားမိခဲ့တာပါ။ 00:10:32.109 --> 00:10:36.395 လူ့ဘဝထဲက ဆန်းသစ်မှုဟာလည်း ရှားပါးခဲ့ပြီး သိပ်ကို နှေးကွေးခဲ့လို့၊ 00:10:36.419 --> 00:10:39.125 မျိုးဆက် တစ်ဆက်အတွင်းမှာ မှတ်မိရန် မလွယ်ခဲ့ပါ။ 00:10:39.149 --> 00:10:41.093 ပြီးတော့ ဇီဝထုထဲမှားလည်း 00:10:41.117 --> 00:10:44.825 ဆန်းသစ်တဲ့ မျိုးစိတ်တွေ ဆင့်ကဲ ဖြစ်ပွားမှုဟာ ပိုလို့တောင် နှေးခဲ့တယ်။ 00:10:44.950 --> 00:10:47.688 ဒါပေမဲ့ အဒီအရာနှစ်ရပ်စလုံး ဖြစ်ပျက်လျက် ရှိနေခဲ့ကြပါပြီ။ 00:10:48.029 --> 00:10:54.458 ဒါနဲ့ စကြဝဠာ တစ်ရပ်လုံးထဲတွင် ပုံစံမပြောင်းထပ်နေမှု လွှမ်းမိုးနေချိန်မှာ 00:10:54.482 --> 00:10:58.219 ကျုပ်တို့ ကမ္ဘာဂြိုဟ်က ဘာကများ ပြောင်းပစ်ခဲ့တာလဲ။ 00:10:58.902 --> 00:11:03.905 တကယ်တော့ စကြဝဠာဟာ ခြုံပြောရရင် အတော်ကလေး ရိုးရှင်းပါတယ်။ 00:11:04.010 --> 00:11:05.993 ကြယ်တွေဟာ ရိုးရှင်းကြပါတယ်၊ 00:11:06.047 --> 00:11:09.823 ၎င်းတို့ရဲ့ လှုပ်ရှားပုံကို နှစ်ဘီလီယံချီ ကျုပ်တို့ ကြိုတင်ဟောပေးနိုင်တယ်၊ 00:11:09.847 --> 00:11:13.902 ပြီးတော့ ၎င်းတို့ ဖြစ်ပေါ်လာခဲ့ပုံကိုလည်း နောက်ကို ခြေခရာခံ ဖေါ်ပြနိုင်ကြတယ်။ 00:11:14.061 --> 00:11:16.370 ဘာဖြစ်လို့ စကြဝဠာဟာ ဒီလို ရိုးရှင်းနေတာလဲ။ 00:11:16.759 --> 00:11:22.535 အဓိကအားဖြင့်၊ ၎င်းဟာ ကြီးမားလွန်းပြီး ထထည်ကြီးပြီး စွမ်းအင် ကြီးမားလို့ 00:11:22.559 --> 00:11:26.723 ပိုသေးတဲ့ အရာတွေအပေါ် သက်ရောက်မှု ကြီးမားပြီး ပြောင်းပြန်ကျတော့ ဘာမှမရှိပါ။ 00:11:26.877 --> 00:11:29.982 ကျွန်တော်က အဲဒါကို ကြီးစဉ်ငယ်လိုက် အုပ်ချုပ်မှု ခေါ်ပါတယ်။ 00:11:30.006 --> 00:11:33.236 ဥပမာဆိုပါစို့၊ ကြယ်တံခွန် တစ်ခုက နေကို ထိတိုက်ခဲ့ရင်၊ 00:11:33.260 --> 00:11:35.728 နေဟာ အရင်အတိုင်းပဲ ဆက်လည်ပတ်နေမှာပါ။ 00:11:35.752 --> 00:11:38.570 ဒါပေမဲ့ ကြယ်တံခွန်ကျတော့ အငွေ့ပျံပျောက်သွားမှာပါ။ 00:11:38.657 --> 00:11:40.514 အလားတူ အကြောင်းရင်းကြောင့်ပဲ၊ 00:11:40.538 --> 00:11:47.109 ကြီးမားတဲ့ အရာတွေဟာ သူတို့ထဲက သေးငယ်တဲ့ အပိုင်းအစ အသေးလေးတွေရဲ့ 00:11:47.133 --> 00:11:48.910 သက်ရောက်မှုကို သိပ်မခံကြရပါ၊ 00:11:49.609 --> 00:11:52.672 တနည်းအားဖြင့် ၎င်းတို့ရဲ့ အပြုအမူ တစ်ရပ်လုံးဟာ 00:11:52.696 --> 00:11:53.846 ရိုးရှင်းပါတယ်။ 00:11:54.165 --> 00:11:57.561 မပြောင်းလဲကျန်ရစ်ခဲ့ကြတဲ့ အရာတွေဆီမှာ အသစ်ဆိုလို့ 00:11:57.585 --> 00:11:59.323 ဖြစ်ခဲ့တာမို့လို့ 00:11:59.347 --> 00:12:04.652 ခုနက ပြောခဲ့တဲ့ ကြီးစဉ်ငယ်လိုက် စည်းကမ်းချက်နှင့်အညီ 00:12:04.676 --> 00:12:07.947 ကြီးမားတဲ့ အရာတွေဟာ ပုံစံမပြောင်း ထပ်နေမှုကို ဖန်တီးပေးကြတယ်။ 00:12:08.473 --> 00:12:11.910 ဒါပေမဲ့ ကယ်တင်ပေးမယ့် အရာက 00:12:11.934 --> 00:12:15.316 ကြီးစဉ်ငယ်လိုက် စည်းမျဉ်းဟာ သဘာဝရဲ့ နိယာမ မဟုတ်ခြင်းပါပဲ။ 00:12:15.316 --> 00:12:17.841 အဲဒါဟာ ကျုပ်တို့ရဲ့ နေရာမှလွဲပြီး စကြာဝဠာထဲမှာ 00:12:17.845 --> 00:12:20.117 အချိန်ကြာမြင့်စွာ ရှိနေခဲ့လို့ပါ။ 00:12:20.141 --> 00:12:25.093 ကျုပ်တို့ရဲ့ ဇီဝထုထဲတွင် မော်လီကျူးအရွယ် အရာဝတ္ထုတွေ၊ ဗီဇတွေဟာ 00:12:25.117 --> 00:12:28.172 ကြီးမား ကျယ်ပြန့်လှတဲ့ ရင်းမြစ်များကို ထိန်းချုပ်ထားကြတယ်။ 00:12:28.615 --> 00:12:31.511 photosynthesis အတွက် ပေါ်လာတဲ့ ပထမဦးဆုံး ဗီဇများဟာ 00:12:31.535 --> 00:12:34.282 သူတို့ဘာသာသူတို့ ပြန့်ပွားလာခဲ့နိုင်ပြီး 00:12:34.306 --> 00:12:37.821 နောက်မှာ ကမ္ဘာဂြိုဟ်ရဲ့ မျက်နှာပြင်ကို အသွင် ပြောင်းပစ်ခဲ့ကြပြီး 00:12:37.845 --> 00:12:42.303 ကြီးစဉ်ငယ်လိုက် စည်းမျဉ်းကို ချိုးဖောက် လိုက်ကြတယ်၊ သို့မဟုတ် လှန်ပစ်ခဲ့ကြလို့ 00:12:42.327 --> 00:12:46.414 စိတ်ကူး မရနိုင်တဲ့ ၁၀ ဂဏန်းကို ထပ်ကိန်း ၄၀ အထိရှိတဲ့ စွမ်းအားနဲ့ လုပ်ခဲ့ကြတယ်။ 00:12:47.390 --> 00:12:51.672 ရှင်းပြပေးရေး အသိပညာဟာ မိမိစွမ်းပကားအရ များစွာ စွမ်းထက်ပါတယ်၊ 00:12:51.696 --> 00:12:53.331 စကြဝဠာ သဘောကို ဆောင်လို့ပါ၊ 00:12:53.355 --> 00:12:55.712 ပိုလျင်မြန်စွာ ဖန်တီးရနိုင်လို့ပါ။ 00:12:55.712 --> 00:12:58.917 လူ့အသိပညာက ၁၀ ဂဏန်း ထပ်ကိန်း ၄၀ အထိကို တက်လှမ်းနိုင်ပါက 00:12:58.925 --> 00:13:02.515 ၎င်းဟာ နဂါးငွေ့တန်း တစ်ခုလုံးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှာပါ၊ 00:13:02.539 --> 00:13:05.817 အဲဒီထက်ကို ကျော်လွန်ပြီး လှမ်းမျှော်ကြည့်မှာပါ။ 00:13:05.841 --> 00:13:08.268 ဒီတော့ လူသားတွေဟာ 00:13:08.292 --> 00:13:12.958 ပြီးတော့ ရှင်းပြနိုင်စွမ်း ရှိကြတဲ့ သက်ရှိ တစ်နေရာရာမှာ ရှိကြသေးတယ် ဆိုရင်၊ 00:13:12.982 --> 00:13:16.754 စကြဝဠာကို ဆန်းသစ်ပေးကြမယ့် နောက်ဆုံးသူတွေ ဖြစ်ကြမှာပါ။ 00:13:16.754 --> 00:13:21.002 ကျုပ်တို့ကမှ အကြောင်းရင်းရော ရယူရာ နည်းစနစ်တွေပါ ဖြစ်ကြလို့ 00:13:21.026 --> 00:13:27.006 ဆန်းသစ်မှုနှင့် ဖန်တီးမှု၊ အသိပညာ၊ တိုးတက်မှုတို့ဟာ 00:13:27.030 --> 00:13:32.535 ရှေ့မှာ ပန်းတိုင်တွေကို ချမှတ်နိုင်ကြပြီး ကြီးမားတဲ့ ရုပ်ပိုင်း သက်ရောက်မှု ရှိတယ်။ 00:13:33.514 --> 00:13:36.363 လူသားတို့ရဲ့ ရှုထောင့်မှကြည့်ရင်၊ 00:13:36.387 --> 00:13:40.593 ငြိမ်နေကြတဲ့ လူ့အဖွဲ့အစည်းတွေအတွက် အစားထိုးစရာ တစ်ခုတည်းမှာ 00:13:40.617 --> 00:13:45.204 တချိန်လုံး အတွေးအခေါ် အသစ်တွေ၊ 00:13:45.228 --> 00:13:48.309 အပြုအမူတွေ၊ အရာဝတ္ထု အသစ်တွေကို ဖန်တီးမှုပါပဲ။ 00:13:48.428 --> 00:13:50.862 ဒီစက်ရုပ်ဟာ မကြာခင်မှာ ဟောင်းနွမ်းသွားလိမ့်မယ်၊ 00:13:50.886 --> 00:13:54.900 အသိပညာအသစ်တွေ၊ တိုးတက်မှုတွေ ရောက်လာကြမှာမို့လို့ပါ။ 00:13:55.524 --> 00:13:59.410 ဒါပေမဲ့ အာသာသရဲ့ ရှုထောင့်မှ ကြည့်ရင်၊ 00:13:59.434 --> 00:14:04.188 ရှင်းပြနိုင်တဲ့ အသိပညာဟာ ကြီးစဉ်ငယ်လိုက် စည်းမျဉ်းရဲ့ ရှောင်မရတဲ့ နိဂုံးပါ။ 00:14:04.752 --> 00:14:07.486 ၎င်းဟာ ထပ်နေတဲ့မဟာတေးသံကို ဖျက်ဆီးပစ်မယ့်သူပါ။ 00:14:08.379 --> 00:14:13.545 အဲဒါကြောင့် ၎င်းဟာ လာမယ့် အာကာသခေတ်ကို 00:14:13.569 --> 00:14:15.945 ပြီးတော့ Anthropocene ခေတ်ကို ဖန်တီးပေးမယ့်သူပါ။ 00:14:15.966 --> 00:14:19.339 တစ်ယောက်ယောက်က အာကာသစစ် အကြောင်းကို ပြောလာရင်၊ 00:14:19.363 --> 00:14:22.768 စိတ်ပျက်စရာ ပုံပြင်များထဲက စစ်ပွဲတွေကို မဆိုလိုချင်ပါဘူး။ 00:14:22.792 --> 00:14:27.506 တကယ့်စစ်ပွဲက ပုံစံမပြောင်းထပ်နေမှုနှင့် ဆန်းသစ်မှု အကြား၊ 00:14:27.530 --> 00:14:30.962 ငြိမ်သက်မှုနဲ့ တီထွင်ဖန်တီးမှု အကြားက စစ်ပွဲပါ။ 00:14:31.633 --> 00:14:33.664 အဲဒီစစ်ထဲမှာကျတော့၊ 00:14:33.688 --> 00:14:37.516 ကျုပ်တို့ရဲ့ ဘက်ဟာ ရှုံးမယ့်သူ မဖြစ်နိုင်ပါ။ 00:14:37.516 --> 00:14:45.395 ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ သူမတူ ထူးခြားတဲ့ ရှင်းပြရေးအသိပညာကို အသုံးချကြမယ်ဆိုရင်၊ 00:14:45.419 --> 00:14:47.394 ကျုပ်တို့ နိုင်နိုင်ပါတယ်။ 00:14:48.175 --> 00:14:49.325 ကျေးဇူးတင်ပါတယ်။ 00:14:50.095 --> 00:14:56.595 (လက်ခုပ်သံများ)