ဒီလို high-tech နည်းဖြင့် ဟောပြောခွင့် ရတာကို ကျွန်တော် စိတ်လှုပ်ရှားမိတယ်။ ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ဖူးသမျှ လူသားအားလုံးတို့ဟာ၊ သူတို့အထဲက အများစုတို့ဟာ ကျုပ်တို့ အခု ဒီမှာ လုပ်ကိုင်နေတာကို နားလည်နိုင်စွမ်းမရှိ၊ ယုံကြည်နိုင်ကြမှာ မဟုတ်ပါ။ ဘာလို့လဲဆိုတော့ ရာစုနှစ်ထောင်နဲ့ချီပြီး သိပ္ပံတော်လှန်ရေးမတိုင်မီ မှောင်မိုက်ကာလအတွင်းမှာ၊ ဉာဏ်အလင်းပွင့်လာချိန်မှာ၊ လူတွေရဲ့ မျှော်လင့်ချက်တွေဟာ နိမ့်ကျခဲ့ပါတယ်။ သူတို့ရဲ့ဘဝ၊ သူတို့ရဲ့ သားစဉ်မြေးဆက်တို့ရဲ့ဘဝအတွက်ကိုပါ။ ပုံမှန်အားဖြင့် သူတို့ရဲ့ဘဝဟာ သိသာဆန်းသစ်လာမှာကို ပိုကောင်းလာမှာကို မမျှော်လင့်ခဲ့ကြပါဘူး။ ဤအဆိုးမြင်မှုကို သမ္မာကျမ်းစာထဲတွင် အထင်အရှား တွေ့နိုင်ကြပါတယ်၊ အမည်ကိုဖေါ်ပြီး ရေးသားထားတဲ့ သမ္မာကျမ်းစာ ကျမ်းပိုင် အချို့ထဲမှာ ဖတ်ကြရပါတယ်။ ဟာဗြဲလို Qohelet ဆိုသူ နားလည်ရန် ခက်တဲ့သူရဲ့ ရေးသားချက်ပါ။ “ ဖြစ်ဘူးသောအရာသည် ဖြစ်လတံ့သောအရာနင့်တူ၏။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုနှင့်တူ၏။ နေအောက်မှာ အသစ်သော အမှုအရာမရှိ။" "ကြည့်စမ်းပါ၊ ဟောဒီမှာအသစ်" လို့ ပြောဆိုစရာ ရှိပါက၊ မဟုတ်နိုင်ပါ၊ အဲဒီအရာကို ကျုပ်တို့မတိုင်မီ နှစ်များတုန်းက ပြုလုပ်ပြီးခဲ့ပြီးသားပါ။ Qohelet ဟာ ဆန်းသစ်မှုရယ်လို့ မရှိနိုင်တဲ့ ကမ္ဘာကြီးကို ဖေါ်ပြခဲ့ပါတယ်။ အသစ်အဆန်းလို့ ဆိုရာတွင် ကျွန်တော်ဟာ Qohelet ရဲ့သဘောအရ အသစ်တစ်ခုကိုဆိုလိုတာပါ၊ တစ်ခုခု ပြောင်းလဲသွားမျိုး မဟုတ်ဘဲ၊ သိသာပြီး ရေရှည် အကျိုးသက်ရောက်မယ့် ပြောင်းလဲမှုမျိုးကိုပါ၊ လူတွေတကယ့်ကိုပဲ "ကြည့်စမ်းပါ၊ ဟောဒီမှာအသစ်" ပြီးတော့ "ပိုကောင်းတဲ့" အရာ ဖြစ်ရပါမယ်။ ဒီတော့ ကျပန်းပြောင်းလဲမှုတွေဟာ ဆန်းသစ်မှု မဖြစ်နိုင်ကြပါ။ ဒီနေရာမှာ Heraclitus က လူတစ်ယောက်ဟာ မြစ်တစ်စင်း နှစ်ခါဝင်မရနိုင်ဘူး၊ မြစ်ဟာ ပြောင်းလဲသွားခဲ့ပြီဖြစ်သလို ထိုလူပါ ပြောင်းသွားလို့ပါ ဆိုခဲ့ဘူးပါတယ်။ ဒါပေမဲ့ မြစ်ဟာ ကျပန်းသဘောမျိုးဖြင့် ပြောင်းလဲနေပါက အဲဒါဟာ အရင်မြစ်ကြီးပါပဲ။ အဲဒါနဲ့ ဆန့်ကျင်လျက်၊ လူ့စိတ်ထဲက အတွေးခေါ် တစ်ခုဟာ တခြားလူတွေရဲ့ စိတ်များသို့ ဝင်ရောက်လျက် မျိုးဆက်တွေရဲ့ ဘဝကို ပြောင်းလဲသွားစေမယ် ဆိုရင်၊ အဲဒါဟာ ဆန်းသစ်မှု ဖြစ်ပါတယ်။ ဆန်းသစ်မှုမရှိတဲ့ လူသားရဲ့ ဘဝဟာ ဖန်တီးတီထွင်မှု မရှိတဲ့ တိုးတက်မှု မရှိတဲ့ ဘဝ ဖြစ်ပါလိမ့်မယ်။ အဲဒါဟာ ငြိမ်သက်နေတဲ့ လူ့အဖွဲ့အစည်း၊ ဘာမှမပြောင်းလဲတဲ့ ဂိမ်းနဲ့ တူပါမယ်။ အဲဒါကြောင့် Qohelet နေထိုင်ခဲ့ရတာက ငရဲထဲ နေထိုင်ရမှုမျိုးပါ။ လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်အထိ လူတိုင်းလိုလို အဲဒီလို နေခဲ့ကြရတာပါ။ အဲဒါဟာ ငရဲဘဝပါပဲ။ ဘာလို့လဲဆိုတော့ လူသားတွေအတွက် ငြိမ်သက်မှုဟာ ဆင်းရဲဒုက္ခနဲ့ မလွှဲဆက်စပ်နေလို့ပါ။ ငြိမ်သက်မှု စိတ်ပျက်စရာ ကောင်းရုံတင် မကသေးပါ။ ဆင်းရဲဒုက္ခရဲ့ ရင်းမြစ်အားလုံး - ငတ်ဘေး၊ ရောဂါဘေး၊ ဂြိုဟ်မွှား ဝင်တိုက်မယ့်ဘေး၊ ပြီးတော့ စစ်မက်နဲ့ ကျွန်စနစ်တို့လို အရာတွေဟာ အဲဒါတွေ ဟန့်တားရေး နည်းလမ်းတွေ လူတွေ မဖန် တီးနိုင်ကြတဲ့ အချိန်ထိသာ ဒုက္ခပေးခဲ့ကြတယ်။ Somerset Maugham ရဲ့ "Of Human Bondage" ဝတ္ထုထဲ ဖြစ်ရပ်တစ်ခု ပါပါတယ်။ ရှေးပညာရှိအကြောင်းပါ၊ လူသားတစ်ရပ်လုံးရဲ့ သမိုင်းကို အကျဉ်းချုပ်ပြီး သူ ဖေါ်ပြသွားပုံက၊ "လူသားဟာ မွေးခဲ့တယ်၊ ဒုက္ခတွေခံစားခဲ့ရပြီး သေဆုံးသွားခဲ့တယ်။ ပြီးတော့ ဆက်လက် ဖေါ်ပြထားသေးတာက- "ဘဝဟာ ဘယ်လိုမှ အရေးမပါခဲ့ဘဲ သေရမှုဟာလည်း ဘာမှအကျိုးဆက် မရှိခဲ့ပါ။ တကယ်တမ်းတွင် အသက်ရှင်နေထိုင်ခဲ့ဘူးကြတဲ့ လူအများစုတို့ရဲ့ ဘဝဟာ ဆင်းရဲဒုက္ခတွေနဲ့ စိတ်ညစ်စရာ အလုပ်နဲ့ ပြည့်နေခဲ့ပြီး ငယ်ရွယ်ချိန်မှာ ဝေဒနာများကို ခံစားရင်း သေခဲ့ကြရတာပါ။ ပြီးတော့ လူသားမျိုးဆက် အများစုထဲတွင် သူတို့ရဲ့ မျိုးဆက်များအတွက် ဆန်းသစ်တဲ့ အကျိုးဆက်တွေ မရှိခဲ့ပါ။ သို့ပေမဲ့၊ ရှေးခေတ်လူတွေက သူတို့ရဲ့ အခြေအနေကို၊ သူတို့ဟာ ပုံမှန်အားဖြင့် ကြီးမားတဲ့ ကြီးကျယ်တဲ့ စကားလုံးဖြင့် ရှင်းပြခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ရပ်ဟာ မှန်ခဲ့တယ်လို့ ဆိုရပါမယ်။ သူတို့ရဲ့ လက်တွေ့ရှင်းလင်းချက်တွေ၊ သူတို့ရဲ့ ပုံပြင်တွေဟာ အဓိကအားဖြင့် မဟုတ်မှန်ခဲ့ကြတာတောင် အဲဒီလို ဆိုရပါမယ်။ တချို့တို့က သူတို့လောကကြီးရဲ့ ခက်ထန်မှုနဲ့ တစ်ပုံစံတည်းဖြစ်မှုကို ရှင်းပြကြရာတွင် မကုန်ဆုံးနိုင်တဲ့ ကောင်းမှုနှင့်မကောင်းမှု အကြား စစ်မက်များကို ညွှန်ပြခဲ့ကြလျက် လူသားတွေကျတော့ စစ်မြေပြင် ဖြစ်ခဲ့ကြောင်း ဆိုခဲ့ကြတယ်။ လူတွေရဲ့ ဘဝအတွေ့အကြုံဟာ ဒုက္ခများဖြင့် ပြည့်နေခဲ့ပြီး ဘယ်တော့မှ တိုးတက်မလာခဲ့ခြင်းကို အဲဒီလို ရှင်းပြခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါဟာ မမှန်ကန်ခဲ့ပါဘူး။ အံ့သြဖို့ ကောင်းတာက၊ သူတို့ရဲ့ ပဋိပက္ခတွေနဲ့ ဆင်းရဲဒုက္ခတွေအားလုံးဟာ အတွေးအခေါ်များကို သူတို့ စီမံဆောင်ရွက် ခဲ့မှုတွေရဲ့ ရလဒ်တွေပါ။ တရားသေအယူအဆတွေနဲ့ ပုံမှန် ရှင်းပြချက်တွေကို ကျေနပ်နေခဲ့ကြပြီး လောကကြီးနဲ့ သူတို့ရဲ့ အခြေအနေကို ဝေဖန်သုံးသပ် ဆန်းစစ်လျက် ပိုကောင်းမွန်တဲ့ ရှင်းလင်းချက်ကို ရှာကြံခြင်း မရှိခဲ့ကြပါ။ နှစ်ဆယ်ရာစု ရူပဗေဒ ပညာရှင်များက ပိုကောင်း တဲ့ ရှင်းလင်းချက် ရှာကြံနိုင်ခဲ့ကြပေမဲ့၊ စကြာဝဠာရဲ့ စစ်မက်များနဲ့ ရှင်းပြနေခဲ့ကြပါသေးတယ်။ ဒီတချီတွင် စနစ်ကျမှုနဲ့ ပရမ်းပတာဖြစ်မှု သို့မဟုတ် ဖရိုဖရဲဖြစ်မှုကို ထောက်ပြကြတယ်။ ဒီဖြစ်ရပ်က အနာဂတ်အတွက် မျှော်လင့်ချက် ပေးပါတယ်။ ဒါပေမဲ့ နောက်တစ်ဘက်မှကျတော့၊ အဲဒါဟာ ရှေးဟောင်းဒဏ္ဍာရီများထက် ပိုလို့ကို စိတ်ပျက်စရာကြီးပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကြမ်းတမ်းမှု၊ ဖရိုဖရဲဖြစ်မှု ဆိုတာ နောက်ဆုံး အောင်ပွဲဆီကို ဦးတည်ကြပါတယ်၊ ဒါပေမဲ့ အပူစွမ်းအင် သိပ္ပံပညာရဲ့ မပြောင်းလဲနိုင်တဲ့ နိယာမတွေက စကြာဝဠဟာ အပူဒဏ်ကြောင့် နိဂုံးချုပ်သွားမယ်လို့ ဆိုထားလို့ပါ။ လောလောဆယ်မှာ အဲဒီစစ်ပွဲကြီးထဲမှာ ဒေသန္တရ စစ်မက် ဖြစ်နေပါတယ်၊ ရေရှည်တည်တံ့မှု၊ တနည်း စနစ်ရှိမှု နှင့် ဖြုန်းတီးမှု၊ တနည်း ဖရိုဖရဲဖြစ်မှု အကြား တိုက်ပွဲပါ၊ ကောင်းမှုနှင့်မကောင်းမှုရဲ့ ခေတ်သစ် ပုံစံပါ၊ မကြာခဏဆိုသလို လူသားတွေဟာ မကောင်းမှုပါလို့ ခံယူကြလို့ ကျုပ်တို့ဟာ အောင်ဖို့ကို ကြိုးစားတောင် မကြိုးစားသင့်ပါဘူး။ ဒါနဲ့ မကြာမီတုန်းက၊ အာကာသထဲက နောက်စစ်ပွဲအကြောင်း ပုံပြင်တွေ ပေါ်လာကြပါတယ်၊ စကြဝဠာကို ပြိုကွဲစေမယ့် ဆွဲငင်အားနဲ့ စကြာဝဌာကို ဖြန့်ကြဲရန် အားထုတ်နေတဲ့ အမှောင်စွမ်းအင် အကြား တိုက်ပွဲပါ။ ဒီတော့ ဒီတချီတွင် ဘယ်အာကာသ အင်အားတွေပဲ နိုင်နိုင်၊ ကျုပ်တို့က ရှုံးကြရမှာပါ။ လူသားရဲ့ အခြေအနေဆိုင်ရာ အဲဒီလို အဆိုးမြင်နေကြတဲ့ အကြောင်းတွေထဲမှာ အမှန်တရား တချို့ပါပါတယ်၊ ဒါပေမဲ့ ဟောကိန်းထုတ်မှုအနေနဲ့ ၎င်းတို့အားလုံးဟာ လွဲမှားနေကြပြီး အကြောင်းရင်းက ဆင်တူပါပဲ။ ဘယ်တစ်ခုကမှ လူသားတွေကို ပုံဖေါ်ကြပုံဟာ ကျုပ်တို့ လက်တွေ့ဖြစ်တာကို မဖေါ်ပြကြပါ။ Jacob Bronowski က ပြောကြားခဲ့သလို "လူသားဟာ ရှုခင်းထဲပါဝင်သူ မဟုတ်ဘူး၊ သူဟာ ရှုခင်းကို ပုံဖေါ်ပေးနေသူပါ။ " တစ်နည်းပြောရရင်၊ လူသားတွေဟာ အာကာသစွမ်းအင်တွေရဲ့ ကစားစရာ အရာ မဟုတ်ဘဲ၊ ကျုပ်တို့ဟာ အာကာသစွမ်းအင်တွေကို သုံးနေကြတဲ့သူတွေပါ။ ကျွန်တော်ဟာ ဒီအကြောင်းကို မကြာခင် ပြောဖို့ရှိပါတယ်၊ ဒါပေမဲ့ စစချင်း၊ ဆန်းသစ်မှုကို ဖန်တီးပေးတာ ဘယ်လို အရာတွေများလဲ။ ဟုတ်ကဲ့၊ စကြဝဠာရဲ့ အစဟာ အဲဒီလို ဖြစ်ခဲ့တာ သေချာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ ဘီလီယံနီးပါး တုန်းက ပေါက်ကွဲမှုကြီးက အာကာသ၊ အချိန်နှင့် စွမ်းအင်ကို၊ ပြီးတော့ ရုပ်ပိုင်းအရာတွေ အားလုံးကို ဖန်တီးပေးခဲ့တာပါ။ အဲဒီနောက် ချက်ချင်းကိုပဲ၊ ဆန်းသစ်မှု ပထမဦးဆုံးခေတ် စတင်ခဲ့တယ်၊ ပထမဆုံးအက်တမ်၊ ပထမဆုံးကြယ်နှင့် ပထမဆုံး တွင်းနက်ကြီး၊ ပထမဆုံး နဂါးငွေ့တန်း။ ဒါပေမဲ့ တချိန်ချိန်တွင် ဆန်းသစ်မှုတွေ စကြဝဠာထဲက ပျောက်ကွယ်သွားတယ်။ လွန်ခဲ့တဲ့ ၁၂ ဒါမှမဟုတ် ၁၃ ဘီလီယံနှစ်တွေမှ စတင်ကြည့်ရင် ဒီနေ့အထိကိုပဲ အသစ်ဆိုလို့ နက္ခတ္တဗေဒ အရာတစ်ခုမှ ပေါ်မလာခဲ့ဘူး ထင်တယ်။ ကျွန်တော်ကတော့ အဲဒါတွေအားလုံးကို ထပ်နေတဲ့တေးသံလို ခံစားရတယ်။ ဒီတော့ Qohelet ကနေပြီး နေထက် ပိုဝေးတဲ့ စကြဝဠာအကြောင်းပြောခဲ့တာက နေ့ လက်အောက်မှာ ရှိနေကြတာတွေ အကြောင်းထက် ပိုမှန်နေပါတယ်။ ထပ်နေတဲ့မဟာတေးသံ ရှိနေသမျှကာလပတ်လုံး တချိန်လုံး ရှိလာခဲ့တာတွေဟာ လက်တွေ့ ဖြစ်လာမယ့် အရာတွေပါပဲ။ ပြီးတော့ အဲဒါတွေထဲမှာ "ဟေဒကြည့်စမ်း၊ ဒါလေးက အသစ်ပဲ"လို့ ပြော နိုင်စရာ ဘာမှ ရှိမှာမဟုတ်ပါဘူး။ အဲဒါဘယ်လိုပဲဖြစ်ဖြစ်၊ ထပ်ထပ်ဖြစ်နေမှု ကာလထဲက တချိန်ချိန်မှာ၊ အဲဒီတုန်းက အရေးမပါခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့ရာ၊ ဘီလီယံနှစ်ချီ ကြာသွားတဲ့ နောက်မှာတောင်၊ မိမိတို့ နေထိုင်ရာ ဂြိုလ်ထက် ကျော်လွန်တဲ့ နေရာကိုတောင် သက်ရောက်မှု မရှိခဲ့ပေမဲ့၊ အဲဒါဟာ တဖြည်းဖြည်းချင်းနဲ့ အာကာသဆိုင်ရာ ဆန်းသစ်မှုကို ဖြစ်ပေါ်လာစေနိုင်ခဲ့ပါတယ်။ ဘဝရဲ့ မူလအစကို ဖန်တီးခဲ့တဲ့ ဖြစ်ရပ်ပါ- ပထမဦးဆုံးဖြစ်ခဲ့တဲ့ မျိုးရိုးဗီဇ အသိပညာကို ဖန်တီးပေးခဲ့တယ်၊ ဇီဝလိုက်လျောညီထွေမှုများအတွက် ကုဒ်ဖော်နည်းပါ၊ ဆန်းသစ်မှုရဲ့ ကုဒ်ဖော်နည်းပါ။ ကမ္ဘာဂြိုဟ်ပေါ်မှာကျတော့ ၎င်းဟာ မျက်နှာပြင်ကို ပြောင်းပစ်ခဲ့တယ်။ ဆဲလ်တစ်ခုတည်းရှိ အကောင်များထဲက DNA တွင်းရှိ မျိုးရိုးဗီဇများက အောက်ဆီဂျင်ကို လေထဲမှုတ်ထည့်ပေးခဲ့ကြတယ်၊ CO2 ကို ထုတ်ယူခဲ့ကြပြီး မြေကြီးထဲကို မြေဖြူနဲ့ သံသတ္တုရိုင်းတွေကို ထည့်သွင်းပေးခဲ့ကြတယ်၊ အဲဒီမျိုးရိုးဗီဇတွေကြောင့် မျက်နှာပြင်ပေါ် ကုဗလက်မခန့် ရှိတဲ့ နေရာတွေဟာ သက်ရောက်မှုမရှိဘဲ ကျန်ရစ်ခဲ့ကြတယ်။ ကမ္ဘာဂြိုဟ်ဟာ အာကာသ စကေးနဲ့ ပြောရရင် ဆန်းသစ်တဲ့ နေရာ ဖြစ်မလာခဲ့တောင်မှ နားလည်ရန် ခဲယဉ်းတဲ့ နေရာတစ်ခု ဖြစ်လာတာ အမှန်ပါပဲ။ ဥပမာတစ်ခုအနေဖြင့်၊ ကမ္ဘာရဲ့ ပြင်ပတွင် မတူကွဲပြားကြတဲ့ ဓာတုပစ္စည်းတွေဆိုလို့ ရာအနည်းငယ်မျှသာ ရှိကြပါတယ်။ သက်ရှိဘဝ မရှိတဲ့ နေရာတွေမှာ နောက်ထပ် နည်းနည်းပိုပြီး ရှိချင်ရှိမှာပါ။ ဒါပေမဲ့ ကမ္ဘာမြေပေါ်မှာ ကျတော့ ဆင့်ကဲဖြစ်စဉ်က ဘီလီယံချီရှိတဲ့ မျိုးစုံသော ဓာတုပစ္စည်းတွေကို ဖန်တီးပေးခဲ့တယ်။ ပြီးတော့ အဲဒီနောက်မှာ ပထမဦးဆုံး အပင်တွေ၊ အကောင်တွေ၊ အဲဒီနောက်ပိုင်းတွင် ကျုပ်တို့ရဲ့ ဘိုးဘေး ဖြစ်ကြတဲ့ မျိုးစိတ်တွေကို ဖန်တီးပေးခဲ့တယ်လို့ ခန့်မှန်း သိရှိရပါတယ်။ ကျုပ်တို့ သိကြတဲ့ စကြဝဠ တစ်ခုလုံးအတွင်းမှာ ပထမဦးဆုံးအကြိမ်ပါ။ ရှင်းပြတဲ့ အသိပညာက ကျုပ်တို့ မျိုးစိတ်တွေ ညီထွေစွာ ပြောင်းလဲခဲ့ပုံကို ပြသပေးတယ်။ အဲဒါဟာ ဥပမာ DNA ထဲက နားလည်မရတဲ့ အသိပညာနဲ့ မတူ ကွဲပြားပြီး စကြဝဠာလုံးဆိုင်ရာ နိယာမပါ။ ဒီတော့ ဆိုလိုချင်တာက၊ နားလည်လို့ ရနိုင်သမျှကို ရှင်းပြနိုင်တဲ့ အသိပညာမှတစ်ဆင့် နားလည်လို့ ရနိုင်တယ် ဆိုတဲ့အချက်ကိုပါ။ အဲဒါထက်ပိုပြီး၊ ဘယ် ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်ကိုမဆို အဲဒီလို အသိပညာအားဖြင့် ထိန်းချုပ်လို့ ရနိုင်ပါတယ်၊ ရူပဗေဒဆိုင်ရာ နိယာမများကသာ ကန့်သတ်နိုင်စွမ်း ရှိကြပါတယ်။ ဒီလိုနည်းဖြင့် ရှင်းပြရေး အသိပညာကပါ ကမ္ဘာကြီးရဲ့ မြေမျက်နှာပြင်ကို စပြီး အသွင်ပြောင်းမှု စတင်ခဲ့တယ်။ မကြာခင်မှာ ကမ္ဘာကြီးက ဂြိုဟ်မွှားတွေကို ဆွဲဆောင်ရမယ့် အစား ဘေးကို ကန်ထုတ်ပစ်တဲ့ စကြာဝဠထဲက တစ်ခုတည်းသော အရာအဖြစ် ထင်ရှားတဲ့ အရာဖြစ်လာမှာပါ။ Qohelet ဟာ သူ့ခေတ်ကာလတုန်းက တိုးတက်ပြောင်းလဲမှုတွေ နှေးခဲ့လွန်းလို့ သိနားလည်နိုင်စွမ်း မရှိခဲ့ဘဲ လွဲမှားသွားမိခဲ့တာပါ။ လူ့ဘဝထဲက ဆန်းသစ်မှုဟာလည်း ရှားပါးခဲ့ပြီး သိပ်ကို နှေးကွေးခဲ့လို့၊ မျိုးဆက် တစ်ဆက်အတွင်းမှာ မှတ်မိရန် မလွယ်ခဲ့ပါ။ ပြီးတော့ ဇီဝထုထဲမှားလည်း ဆန်းသစ်တဲ့ မျိုးစိတ်တွေ ဆင့်ကဲ ဖြစ်ပွားမှုဟာ ပိုလို့တောင် နှေးခဲ့တယ်။ ဒါပေမဲ့ အဒီအရာနှစ်ရပ်စလုံး ဖြစ်ပျက်လျက် ရှိနေခဲ့ကြပါပြီ။ ဒါနဲ့ စကြဝဠာ တစ်ရပ်လုံးထဲတွင် ပုံစံမပြောင်းထပ်နေမှု လွှမ်းမိုးနေချိန်မှာ ကျုပ်တို့ ကမ္ဘာဂြိုဟ်က ဘာကများ ပြောင်းပစ်ခဲ့တာလဲ။ တကယ်တော့ စကြဝဠာဟာ ခြုံပြောရရင် အတော်ကလေး ရိုးရှင်းပါတယ်။ ကြယ်တွေဟာ ရိုးရှင်းကြပါတယ်၊ ၎င်းတို့ရဲ့ လှုပ်ရှားပုံကို နှစ်ဘီလီယံချီ ကျုပ်တို့ ကြိုတင်ဟောပေးနိုင်တယ်၊ ပြီးတော့ ၎င်းတို့ ဖြစ်ပေါ်လာခဲ့ပုံကိုလည်း နောက်ကို ခြေခရာခံ ဖေါ်ပြနိုင်ကြတယ်။ ဘာဖြစ်လို့ စကြဝဠာဟာ ဒီလို ရိုးရှင်းနေတာလဲ။ အဓိကအားဖြင့်၊ ၎င်းဟာ ကြီးမားလွန်းပြီး ထထည်ကြီးပြီး စွမ်းအင် ကြီးမားလို့ ပိုသေးတဲ့ အရာတွေအပေါ် သက်ရောက်မှု ကြီးမားပြီး ပြောင်းပြန်ကျတော့ ဘာမှမရှိပါ။ ကျွန်တော်က အဲဒါကို ကြီးစဉ်ငယ်လိုက် အုပ်ချုပ်မှု ခေါ်ပါတယ်။ ဥပမာဆိုပါစို့၊ ကြယ်တံခွန် တစ်ခုက နေကို ထိတိုက်ခဲ့ရင်၊ နေဟာ အရင်အတိုင်းပဲ ဆက်လည်ပတ်နေမှာပါ။ ဒါပေမဲ့ ကြယ်တံခွန်ကျတော့ အငွေ့ပျံပျောက်သွားမှာပါ။ အလားတူ အကြောင်းရင်းကြောင့်ပဲ၊ ကြီးမားတဲ့ အရာတွေဟာ သူတို့ထဲက သေးငယ်တဲ့ အပိုင်းအစ အသေးလေးတွေရဲ့ သက်ရောက်မှုကို သိပ်မခံကြရပါ၊ တနည်းအားဖြင့် ၎င်းတို့ရဲ့ အပြုအမူ တစ်ရပ်လုံးဟာ ရိုးရှင်းပါတယ်။ မပြောင်းလဲကျန်ရစ်ခဲ့ကြတဲ့ အရာတွေဆီမှာ အသစ်ဆိုလို့ ဖြစ်ခဲ့တာမို့လို့ ခုနက ပြောခဲ့တဲ့ ကြီးစဉ်ငယ်လိုက် စည်းကမ်းချက်နှင့်အညီ ကြီးမားတဲ့ အရာတွေဟာ ပုံစံမပြောင်း ထပ်နေမှုကို ဖန်တီးပေးကြတယ်။ ဒါပေမဲ့ ကယ်တင်ပေးမယ့် အရာက ကြီးစဉ်ငယ်လိုက် စည်းမျဉ်းဟာ သဘာဝရဲ့ နိယာမ မဟုတ်ခြင်းပါပဲ။ အဲဒါဟာ ကျုပ်တို့ရဲ့ နေရာမှလွဲပြီး စကြာဝဠာထဲမှာ အချိန်ကြာမြင့်စွာ ရှိနေခဲ့လို့ပါ။ ကျုပ်တို့ရဲ့ ဇီဝထုထဲတွင် မော်လီကျူးအရွယ် အရာဝတ္ထုတွေ၊ ဗီဇတွေဟာ ကြီးမား ကျယ်ပြန့်လှတဲ့ ရင်းမြစ်များကို ထိန်းချုပ်ထားကြတယ်။ photosynthesis အတွက် ပေါ်လာတဲ့ ပထမဦးဆုံး ဗီဇများဟာ သူတို့ဘာသာသူတို့ ပြန့်ပွားလာခဲ့နိုင်ပြီး နောက်မှာ ကမ္ဘာဂြိုဟ်ရဲ့ မျက်နှာပြင်ကို အသွင် ပြောင်းပစ်ခဲ့ကြပြီး ကြီးစဉ်ငယ်လိုက် စည်းမျဉ်းကို ချိုးဖောက် လိုက်ကြတယ်၊ သို့မဟုတ် လှန်ပစ်ခဲ့ကြလို့ စိတ်ကူး မရနိုင်တဲ့ ၁၀ ဂဏန်းကို ထပ်ကိန်း ၄၀ အထိရှိတဲ့ စွမ်းအားနဲ့ လုပ်ခဲ့ကြတယ်။ ရှင်းပြပေးရေး အသိပညာဟာ မိမိစွမ်းပကားအရ များစွာ စွမ်းထက်ပါတယ်၊ စကြဝဠာ သဘောကို ဆောင်လို့ပါ၊ ပိုလျင်မြန်စွာ ဖန်တီးရနိုင်လို့ပါ။ လူ့အသိပညာက ၁၀ ဂဏန်း ထပ်ကိန်း ၄၀ အထိကို တက်လှမ်းနိုင်ပါက ၎င်းဟာ နဂါးငွေ့တန်း တစ်ခုလုံးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှာပါ၊ အဲဒီထက်ကို ကျော်လွန်ပြီး လှမ်းမျှော်ကြည့်မှာပါ။ ဒီတော့ လူသားတွေဟာ ပြီးတော့ ရှင်းပြနိုင်စွမ်း ရှိကြတဲ့ သက်ရှိ တစ်နေရာရာမှာ ရှိကြသေးတယ် ဆိုရင်၊ စကြဝဠာကို ဆန်းသစ်ပေးကြမယ့် နောက်ဆုံးသူတွေ ဖြစ်ကြမှာပါ။ ကျုပ်တို့ကမှ အကြောင်းရင်းရော ရယူရာ နည်းစနစ်တွေပါ ဖြစ်ကြလို့ ဆန်းသစ်မှုနှင့် ဖန်တီးမှု၊ အသိပညာ၊ တိုးတက်မှုတို့ဟာ ရှေ့မှာ ပန်းတိုင်တွေကို ချမှတ်နိုင်ကြပြီး ကြီးမားတဲ့ ရုပ်ပိုင်း သက်ရောက်မှု ရှိတယ်။ လူသားတို့ရဲ့ ရှုထောင့်မှကြည့်ရင်၊ ငြိမ်နေကြတဲ့ လူ့အဖွဲ့အစည်းတွေအတွက် အစားထိုးစရာ တစ်ခုတည်းမှာ တချိန်လုံး အတွေးအခေါ် အသစ်တွေ၊ အပြုအမူတွေ၊ အရာဝတ္ထု အသစ်တွေကို ဖန်တီးမှုပါပဲ။ ဒီစက်ရုပ်ဟာ မကြာခင်မှာ ဟောင်းနွမ်းသွားလိမ့်မယ်၊ အသိပညာအသစ်တွေ၊ တိုးတက်မှုတွေ ရောက်လာကြမှာမို့လို့ပါ။ ဒါပေမဲ့ အာသာသရဲ့ ရှုထောင့်မှ ကြည့်ရင်၊ ရှင်းပြနိုင်တဲ့ အသိပညာဟာ ကြီးစဉ်ငယ်လိုက် စည်းမျဉ်းရဲ့ ရှောင်မရတဲ့ နိဂုံးပါ။ ၎င်းဟာ ထပ်နေတဲ့မဟာတေးသံကို ဖျက်ဆီးပစ်မယ့်သူပါ။ အဲဒါကြောင့် ၎င်းဟာ လာမယ့် အာကာသခေတ်ကို ပြီးတော့ Anthropocene ခေတ်ကို ဖန်တီးပေးမယ့်သူပါ။ တစ်ယောက်ယောက်က အာကာသစစ် အကြောင်းကို ပြောလာရင်၊ စိတ်ပျက်စရာ ပုံပြင်များထဲက စစ်ပွဲတွေကို မဆိုလိုချင်ပါဘူး။ တကယ့်စစ်ပွဲက ပုံစံမပြောင်းထပ်နေမှုနှင့် ဆန်းသစ်မှု အကြား၊ ငြိမ်သက်မှုနဲ့ တီထွင်ဖန်တီးမှု အကြားက စစ်ပွဲပါ။ အဲဒီစစ်ထဲမှာကျတော့၊ ကျုပ်တို့ရဲ့ ဘက်ဟာ ရှုံးမယ့်သူ မဖြစ်နိုင်ပါ။ ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ သူမတူ ထူးခြားတဲ့ ရှင်းပြရေးအသိပညာကို အသုံးချကြမယ်ဆိုရင်၊ ကျုပ်တို့ နိုင်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)