1 00:00:00,000 --> 00:00:04,000 ဒီလို high-tech နည်းဖြင့် ဟောပြောခွင့် ရတာကို ကျွန်တော် စိတ်လှုပ်ရှားမိတယ်။ 2 00:00:05,187 --> 00:00:08,079 ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ဖူးသမျှ လူသားအားလုံးတို့ဟာ၊ 3 00:00:08,103 --> 00:00:12,712 သူတို့အထဲက အများစုတို့ဟာ ကျုပ်တို့ အခု ဒီမှာ လုပ်ကိုင်နေတာကို 4 00:00:12,736 --> 00:00:15,196 နားလည်နိုင်စွမ်းမရှိ၊ ယုံကြည်နိုင်ကြမှာ မဟုတ်ပါ။ 5 00:00:15,760 --> 00:00:18,753 ဘာလို့လဲဆိုတော့ ရာစုနှစ်ထောင်နဲ့ချီပြီး 6 00:00:18,777 --> 00:00:21,712 သိပ္ပံတော်လှန်ရေးမတိုင်မီ မှောင်မိုက်ကာလအတွင်းမှာ၊ 7 00:00:21,736 --> 00:00:23,544 ဉာဏ်အလင်းပွင့်လာချိန်မှာ၊ 8 00:00:23,568 --> 00:00:26,536 လူတွေရဲ့ မျှော်လင့်ချက်တွေဟာ နိမ့်ကျခဲ့ပါတယ်။ 9 00:00:26,536 --> 00:00:29,156 သူတို့ရဲ့ဘဝ၊ သူတို့ရဲ့ သားစဉ်မြေးဆက်တို့ရဲ့ဘဝအတွက်ကိုပါ။ 10 00:00:29,156 --> 00:00:31,442 ပုံမှန်အားဖြင့် သူတို့ရဲ့ဘဝဟာ သိသာဆန်းသစ်လာမှာကို 11 00:00:31,466 --> 00:00:35,913 ပိုကောင်းလာမှာကို မမျှော်လင့်ခဲ့ကြပါဘူး။ 12 00:00:36,847 --> 00:00:41,831 ဤအဆိုးမြင်မှုကို သမ္မာကျမ်းစာထဲတွင် အထင်အရှား တွေ့နိုင်ကြပါတယ်၊ 13 00:00:41,855 --> 00:00:46,069 အမည်ကိုဖေါ်ပြီး ရေးသားထားတဲ့ သမ္မာကျမ်းစာ ကျမ်းပိုင် အချို့ထဲမှာ ဖတ်ကြရပါတယ်။ 14 00:00:46,093 --> 00:00:49,724 ဟာဗြဲလို Qohelet ဆိုသူ နားလည်ရန် ခက်တဲ့သူရဲ့ ရေးသားချက်ပါ။ 15 00:00:50,173 --> 00:00:54,458 “ ဖြစ်ဘူးသောအရာသည် ဖြစ်လတံ့သောအရာနင့်တူ၏။ 16 00:00:55,133 --> 00:00:58,200 ယခုပြုသောအမှုသည် ပြုလတံ့သောအမှုနှင့်တူ၏။ 17 00:00:58,736 --> 00:01:01,434 နေအောက်မှာ အသစ်သော အမှုအရာမရှိ။" 18 00:01:02,140 --> 00:01:06,355 "ကြည့်စမ်းပါ၊ ဟောဒီမှာအသစ်" လို့ ပြောဆိုစရာ ရှိပါက၊ 19 00:01:06,379 --> 00:01:10,434 မဟုတ်နိုင်ပါ၊ အဲဒီအရာကို ကျုပ်တို့မတိုင်မီ နှစ်များတုန်းက ပြုလုပ်ပြီးခဲ့ပြီးသားပါ။ 20 00:01:11,427 --> 00:01:16,299 Qohelet ဟာ ဆန်းသစ်မှုရယ်လို့ မရှိနိုင်တဲ့ ကမ္ဘာကြီးကို ဖေါ်ပြခဲ့ပါတယ်။ 21 00:01:16,602 --> 00:01:20,530 အသစ်အဆန်းလို့ ဆိုရာတွင် ကျွန်တော်ဟာ Qohelet ရဲ့သဘောအရ အသစ်တစ်ခုကိုဆိုလိုတာပါ၊ 22 00:01:20,554 --> 00:01:23,172 တစ်ခုခု ပြောင်းလဲသွားမျိုး မဟုတ်ဘဲ၊ 23 00:01:23,196 --> 00:01:26,696 သိသာပြီး ရေရှည် အကျိုးသက်ရောက်မယ့် ပြောင်းလဲမှုမျိုးကိုပါ၊ 24 00:01:26,720 --> 00:01:28,895 လူတွေတကယ့်ကိုပဲ 25 00:01:28,919 --> 00:01:30,895 "ကြည့်စမ်းပါ၊ ဟောဒီမှာအသစ်" 26 00:01:30,919 --> 00:01:33,093 ပြီးတော့ "ပိုကောင်းတဲ့" အရာ ဖြစ်ရပါမယ်။ 27 00:01:34,061 --> 00:01:38,918 ဒီတော့ ကျပန်းပြောင်းလဲမှုတွေဟာ ဆန်းသစ်မှု မဖြစ်နိုင်ကြပါ။ 28 00:01:38,942 --> 00:01:43,719 ဒီနေရာမှာ Heraclitus က လူတစ်ယောက်ဟာ မြစ်တစ်စင်း နှစ်ခါဝင်မရနိုင်ဘူး၊ 29 00:01:43,719 --> 00:01:47,307 မြစ်ဟာ ပြောင်းလဲသွားခဲ့ပြီဖြစ်သလို ထိုလူပါ ပြောင်းသွားလို့ပါ ဆိုခဲ့ဘူးပါတယ်။ 30 00:01:47,307 --> 00:01:51,399 ဒါပေမဲ့ မြစ်ဟာ ကျပန်းသဘောမျိုးဖြင့် ပြောင်းလဲနေပါက 31 00:01:51,423 --> 00:01:53,819 အဲဒါဟာ အရင်မြစ်ကြီးပါပဲ။ 32 00:01:54,311 --> 00:01:55,764 အဲဒါနဲ့ ဆန့်ကျင်လျက်၊ 33 00:01:55,788 --> 00:02:00,399 လူ့စိတ်ထဲက အတွေးခေါ် တစ်ခုဟာ တခြားလူတွေရဲ့ စိတ်များသို့ ဝင်ရောက်လျက် 34 00:02:00,423 --> 00:02:03,204 မျိုးဆက်တွေရဲ့ ဘဝကို ပြောင်းလဲသွားစေမယ် ဆိုရင်၊ 35 00:02:03,228 --> 00:02:04,728 အဲဒါဟာ ဆန်းသစ်မှု ဖြစ်ပါတယ်။ 36 00:02:05,395 --> 00:02:08,323 ဆန်းသစ်မှုမရှိတဲ့ လူသားရဲ့ ဘဝဟာ 37 00:02:08,347 --> 00:02:11,974 ဖန်တီးတီထွင်မှု မရှိတဲ့ တိုးတက်မှု မရှိတဲ့ ဘဝ ဖြစ်ပါလိမ့်မယ်။ 38 00:02:12,498 --> 00:02:15,990 အဲဒါဟာ ငြိမ်သက်နေတဲ့ လူ့အဖွဲ့အစည်း၊ ဘာမှမပြောင်းလဲတဲ့ ဂိမ်းနဲ့ တူပါမယ်။ 39 00:02:16,712 --> 00:02:20,038 အဲဒါကြောင့် Qohelet နေထိုင်ခဲ့ရတာက ငရဲထဲ နေထိုင်ရမှုမျိုးပါ။ 40 00:02:20,419 --> 00:02:24,037 လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်အထိ လူတိုင်းလိုလို အဲဒီလို နေခဲ့ကြရတာပါ။ 41 00:02:24,228 --> 00:02:28,833 အဲဒါဟာ ငရဲဘဝပါပဲ။ ဘာလို့လဲဆိုတော့ လူသားတွေအတွက် 42 00:02:28,857 --> 00:02:32,958 ငြိမ်သက်မှုဟာ ဆင်းရဲဒုက္ခနဲ့ မလွှဲဆက်စပ်နေလို့ပါ။ 43 00:02:32,982 --> 00:02:35,831 ငြိမ်သက်မှု စိတ်ပျက်စရာ ကောင်းရုံတင် မကသေးပါ။ 44 00:02:35,872 --> 00:02:37,853 ဆင်းရဲဒုက္ခရဲ့ ရင်းမြစ်အားလုံး - 45 00:02:37,853 --> 00:02:41,710 ငတ်ဘေး၊ ရောဂါဘေး၊ ဂြိုဟ်မွှား ဝင်တိုက်မယ့်ဘေး၊ 46 00:02:41,710 --> 00:02:46,272 ပြီးတော့ စစ်မက်နဲ့ ကျွန်စနစ်တို့လို အရာတွေဟာ 47 00:02:46,296 --> 00:02:51,797 အဲဒါတွေ ဟန့်တားရေး နည်းလမ်းတွေ လူတွေ မဖန် တီးနိုင်ကြတဲ့ အချိန်ထိသာ ဒုက္ခပေးခဲ့ကြတယ်။ 48 00:02:52,631 --> 00:02:56,934 Somerset Maugham ရဲ့ "Of Human Bondage" ဝတ္ထုထဲ ဖြစ်ရပ်တစ်ခု ပါပါတယ်။ 49 00:02:56,958 --> 00:02:58,744 ရှေးပညာရှိအကြောင်းပါ၊ 50 00:02:58,768 --> 00:03:03,831 လူသားတစ်ရပ်လုံးရဲ့ သမိုင်းကို အကျဉ်းချုပ်ပြီး သူ ဖေါ်ပြသွားပုံက၊ 51 00:03:04,529 --> 00:03:06,073 "လူသားဟာ မွေးခဲ့တယ်၊ 52 00:03:06,097 --> 00:03:08,517 ဒုက္ခတွေခံစားခဲ့ရပြီး သေဆုံးသွားခဲ့တယ်။ 53 00:03:09,296 --> 00:03:11,010 ပြီးတော့ ဆက်လက် ဖေါ်ပြထားသေးတာက- 54 00:03:11,034 --> 00:03:15,853 "ဘဝဟာ ဘယ်လိုမှ အရေးမပါခဲ့ဘဲ သေရမှုဟာလည်း ဘာမှအကျိုးဆက် မရှိခဲ့ပါ။ 55 00:03:16,268 --> 00:03:21,173 တကယ်တမ်းတွင် အသက်ရှင်နေထိုင်ခဲ့ဘူးကြတဲ့ လူအများစုတို့ရဲ့ 56 00:03:21,197 --> 00:03:24,977 ဘဝဟာ ဆင်းရဲဒုက္ခတွေနဲ့ စိတ်ညစ်စရာ အလုပ်နဲ့ ပြည့်နေခဲ့ပြီး 57 00:03:25,001 --> 00:03:28,315 ငယ်ရွယ်ချိန်မှာ ဝေဒနာများကို ခံစားရင်း သေခဲ့ကြရတာပါ။ 58 00:03:29,493 --> 00:03:33,704 ပြီးတော့ လူသားမျိုးဆက် အများစုထဲတွင် 59 00:03:33,728 --> 00:03:37,886 သူတို့ရဲ့ မျိုးဆက်များအတွက် ဆန်းသစ်တဲ့ အကျိုးဆက်တွေ မရှိခဲ့ပါ။ 60 00:03:38,728 --> 00:03:45,452 သို့ပေမဲ့၊ ရှေးခေတ်လူတွေက သူတို့ရဲ့ အခြေအနေကို၊ 61 00:03:46,103 --> 00:03:50,412 သူတို့ဟာ ပုံမှန်အားဖြင့် ကြီးမားတဲ့ ကြီးကျယ်တဲ့ စကားလုံးဖြင့် ရှင်းပြခဲ့ကြတယ်။ 62 00:03:50,794 --> 00:03:53,601 သူတို့ရဲ့ လုပ်ရပ်ဟာ မှန်ခဲ့တယ်လို့ ဆိုရပါမယ်။ 63 00:03:53,625 --> 00:03:56,940 သူတို့ရဲ့ လက်တွေ့ရှင်းလင်းချက်တွေ၊ သူတို့ရဲ့ ပုံပြင်တွေဟာ 64 00:03:56,940 --> 00:03:59,744 အဓိကအားဖြင့် မဟုတ်မှန်ခဲ့ကြတာတောင် အဲဒီလို ဆိုရပါမယ်။ 65 00:03:59,744 --> 00:04:01,807 တချို့တို့က သူတို့လောကကြီးရဲ့ 66 00:04:01,831 --> 00:04:05,363 ခက်ထန်မှုနဲ့ တစ်ပုံစံတည်းဖြစ်မှုကို ရှင်းပြကြရာတွင် 67 00:04:05,387 --> 00:04:10,228 မကုန်ဆုံးနိုင်တဲ့ ကောင်းမှုနှင့်မကောင်းမှု အကြား စစ်မက်များကို ညွှန်ပြခဲ့ကြလျက် 68 00:04:10,252 --> 00:04:13,097 လူသားတွေကျတော့ စစ်မြေပြင် ဖြစ်ခဲ့ကြောင်း ဆိုခဲ့ကြတယ်။ 69 00:04:13,637 --> 00:04:17,858 လူတွေရဲ့ ဘဝအတွေ့အကြုံဟာ ဒုက္ခများဖြင့် ပြည့်နေခဲ့ပြီး 70 00:04:17,882 --> 00:04:20,587 ဘယ်တော့မှ တိုးတက်မလာခဲ့ခြင်းကို အဲဒီလို ရှင်းပြခဲ့ကြတယ်။ 71 00:04:20,728 --> 00:04:23,407 ဒါပေမဲ့ အဲဒါဟာ မမှန်ကန်ခဲ့ပါဘူး။ 72 00:04:24,212 --> 00:04:26,379 အံ့သြဖို့ ကောင်းတာက၊ 73 00:04:26,403 --> 00:04:29,125 သူတို့ရဲ့ ပဋိပက္ခတွေနဲ့ ဆင်းရဲဒုက္ခတွေအားလုံးဟာ 74 00:04:29,149 --> 00:04:34,569 အတွေးအခေါ်များကို သူတို့ စီမံဆောင်ရွက် ခဲ့မှုတွေရဲ့ ရလဒ်တွေပါ။ 75 00:04:35,125 --> 00:04:38,987 တရားသေအယူအဆတွေနဲ့ ပုံမှန် ရှင်းပြချက်တွေကို ကျေနပ်နေခဲ့ကြပြီး 76 00:04:38,987 --> 00:04:41,835 လောကကြီးနဲ့ သူတို့ရဲ့ အခြေအနေကို ဝေဖန်သုံးသပ် ဆန်းစစ်လျက် 77 00:04:41,859 --> 00:04:48,327 ပိုကောင်းမွန်တဲ့ ရှင်းလင်းချက်ကို ရှာကြံခြင်း မရှိခဲ့ကြပါ။ 78 00:04:48,696 --> 00:04:53,189 နှစ်ဆယ်ရာစု ရူပဗေဒ ပညာရှင်များက ပိုကောင်း တဲ့ ရှင်းလင်းချက် ရှာကြံနိုင်ခဲ့ကြပေမဲ့၊ 79 00:04:53,203 --> 00:04:55,546 စကြာဝဠာရဲ့ စစ်မက်များနဲ့ ရှင်းပြနေခဲ့ကြပါသေးတယ်။ 80 00:04:55,570 --> 00:05:00,863 ဒီတချီတွင် စနစ်ကျမှုနဲ့ ပရမ်းပတာဖြစ်မှု သို့မဟုတ် ဖရိုဖရဲဖြစ်မှုကို ထောက်ပြကြတယ်။ 81 00:05:00,887 --> 00:05:06,144 ဒီဖြစ်ရပ်က အနာဂတ်အတွက် မျှော်လင့်ချက် ပေးပါတယ်။ 82 00:05:06,144 --> 00:05:08,097 ဒါပေမဲ့ နောက်တစ်ဘက်မှကျတော့၊ 83 00:05:08,097 --> 00:05:10,993 အဲဒါဟာ ရှေးဟောင်းဒဏ္ဍာရီများထက် ပိုလို့ကို စိတ်ပျက်စရာကြီးပါ၊ 84 00:05:11,017 --> 00:05:14,791 ဘာဖြစ်လို့လဲဆိုတော့ ကြမ်းတမ်းမှု၊ ဖရိုဖရဲဖြစ်မှု 85 00:05:14,815 --> 00:05:18,418 ဆိုတာ နောက်ဆုံး အောင်ပွဲဆီကို ဦးတည်ကြပါတယ်၊ 86 00:05:18,442 --> 00:05:23,323 ဒါပေမဲ့ အပူစွမ်းအင် သိပ္ပံပညာရဲ့ မပြောင်းလဲနိုင်တဲ့ နိယာမတွေက 87 00:05:23,347 --> 00:05:26,480 စကြာဝဠဟာ အပူဒဏ်ကြောင့် နိဂုံးချုပ်သွားမယ်လို့ ဆိုထားလို့ပါ။ 88 00:05:26,982 --> 00:05:31,125 လောလောဆယ်မှာ အဲဒီစစ်ပွဲကြီးထဲမှာ ဒေသန္တရ စစ်မက် ဖြစ်နေပါတယ်၊ 89 00:05:31,149 --> 00:05:35,093 ရေရှည်တည်တံ့မှု၊ တနည်း စနစ်ရှိမှု 90 00:05:35,117 --> 00:05:38,474 နှင့် ဖြုန်းတီးမှု၊ တနည်း ဖရိုဖရဲဖြစ်မှု အကြား တိုက်ပွဲပါ၊ 91 00:05:38,498 --> 00:05:41,561 ကောင်းမှုနှင့်မကောင်းမှုရဲ့ ခေတ်သစ် ပုံစံပါ၊ 92 00:05:41,585 --> 00:05:44,895 မကြာခဏဆိုသလို လူသားတွေဟာ မကောင်းမှုပါလို့ ခံယူကြလို့ 93 00:05:44,919 --> 00:05:47,705 ကျုပ်တို့ဟာ အောင်ဖို့ကို ကြိုးစားတောင် မကြိုးစားသင့်ပါဘူး။ 94 00:05:47,705 --> 00:05:48,776 ဒါနဲ့ မကြာမီတုန်းက၊ 95 00:05:48,800 --> 00:05:51,432 အာကာသထဲက နောက်စစ်ပွဲအကြောင်း ပုံပြင်တွေ ပေါ်လာကြပါတယ်၊ 96 00:05:51,432 --> 00:05:55,053 စကြဝဠာကို ပြိုကွဲစေမယ့် ဆွဲငင်အားနဲ့ စကြာဝဌာကို 97 00:05:55,077 --> 00:05:58,490 ဖြန့်ကြဲရန် အားထုတ်နေတဲ့ အမှောင်စွမ်းအင် အကြား တိုက်ပွဲပါ။ 98 00:05:58,514 --> 00:05:59,720 ဒီတော့ ဒီတချီတွင် 99 00:05:59,744 --> 00:06:03,156 ဘယ်အာကာသ အင်အားတွေပဲ နိုင်နိုင်၊ 100 00:06:03,180 --> 00:06:04,750 ကျုပ်တို့က ရှုံးကြရမှာပါ။ 101 00:06:05,157 --> 00:06:10,137 လူသားရဲ့ အခြေအနေဆိုင်ရာ အဲဒီလို အဆိုးမြင်နေကြတဲ့ အကြောင်းတွေထဲမှာ 102 00:06:10,161 --> 00:06:12,470 အမှန်တရား တချို့ပါပါတယ်၊ 103 00:06:12,494 --> 00:06:14,422 ဒါပေမဲ့ ဟောကိန်းထုတ်မှုအနေနဲ့ 104 00:06:14,446 --> 00:06:17,517 ၎င်းတို့အားလုံးဟာ လွဲမှားနေကြပြီး အကြောင်းရင်းက ဆင်တူပါပဲ။ 105 00:06:17,962 --> 00:06:22,267 ဘယ်တစ်ခုကမှ လူသားတွေကို ပုံဖေါ်ကြပုံဟာ ကျုပ်တို့ လက်တွေ့ဖြစ်တာကို မဖေါ်ပြကြပါ။ 106 00:06:22,688 --> 00:06:25,100 Jacob Bronowski က ပြောကြားခဲ့သလို 107 00:06:25,124 --> 00:06:29,045 "လူသားဟာ ရှုခင်းထဲပါဝင်သူ မဟုတ်ဘူး၊ 108 00:06:29,069 --> 00:06:31,847 သူဟာ ရှုခင်းကို ပုံဖေါ်ပေးနေသူပါ။ " 109 00:06:31,871 --> 00:06:33,022 တစ်နည်းပြောရရင်၊ 110 00:06:33,046 --> 00:06:37,498 လူသားတွေဟာ အာကာသစွမ်းအင်တွေရဲ့ ကစားစရာ အရာ မဟုတ်ဘဲ၊ 111 00:06:37,522 --> 00:06:40,341 ကျုပ်တို့ဟာ အာကာသစွမ်းအင်တွေကို သုံးနေကြတဲ့သူတွေပါ။ 112 00:06:40,341 --> 00:06:42,863 ကျွန်တော်ဟာ ဒီအကြောင်းကို မကြာခင် ပြောဖို့ရှိပါတယ်၊ 113 00:06:42,887 --> 00:06:47,434 ဒါပေမဲ့ စစချင်း၊ ဆန်းသစ်မှုကို ဖန်တီးပေးတာ ဘယ်လို အရာတွေများလဲ။ 114 00:06:48,022 --> 00:06:51,172 ဟုတ်ကဲ့၊ စကြဝဠာရဲ့ အစဟာ အဲဒီလို ဖြစ်ခဲ့တာ သေချာပါတယ်။ 115 00:06:51,196 --> 00:06:54,268 လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ ဘီလီယံနီးပါး တုန်းက ပေါက်ကွဲမှုကြီးက 116 00:06:54,292 --> 00:06:57,350 အာကာသ၊ အချိန်နှင့် စွမ်းအင်ကို၊ ပြီးတော့ 117 00:06:57,350 --> 00:06:59,609 ရုပ်ပိုင်းအရာတွေ အားလုံးကို ဖန်တီးပေးခဲ့တာပါ။ 118 00:06:59,609 --> 00:07:01,712 အဲဒီနောက် ချက်ချင်းကိုပဲ၊ 119 00:07:01,736 --> 00:07:05,307 ဆန်းသစ်မှု ပထမဦးဆုံးခေတ် စတင်ခဲ့တယ်၊ 120 00:07:05,331 --> 00:07:08,135 ပထမဆုံးအက်တမ်၊ ပထမဆုံးကြယ်နှင့် 121 00:07:08,159 --> 00:07:09,675 ပထမဆုံး တွင်းနက်ကြီး၊ 122 00:07:09,699 --> 00:07:11,373 ပထမဆုံး နဂါးငွေ့တန်း။ 123 00:07:11,833 --> 00:07:15,000 ဒါပေမဲ့ တချိန်ချိန်တွင် 124 00:07:15,024 --> 00:07:18,283 ဆန်းသစ်မှုတွေ စကြဝဠာထဲက ပျောက်ကွယ်သွားတယ်။ 125 00:07:18,307 --> 00:07:22,442 လွန်ခဲ့တဲ့ ၁၂ ဒါမှမဟုတ် ၁၃ ဘီလီယံနှစ်တွေမှ စတင်ကြည့်ရင် 126 00:07:22,466 --> 00:07:24,506 ဒီနေ့အထိကိုပဲ 127 00:07:24,530 --> 00:07:29,585 အသစ်ဆိုလို့ နက္ခတ္တဗေဒ အရာတစ်ခုမှ ပေါ်မလာခဲ့ဘူး ထင်တယ်။ 128 00:07:29,609 --> 00:07:33,990 ကျွန်တော်ကတော့ အဲဒါတွေအားလုံးကို ထပ်နေတဲ့တေးသံလို ခံစားရတယ်။ 129 00:07:34,807 --> 00:07:39,545 ဒီတော့ Qohelet ကနေပြီး နေထက် ပိုဝေးတဲ့ စကြဝဠာအကြောင်းပြောခဲ့တာက 130 00:07:39,569 --> 00:07:42,410 နေ့ လက်အောက်မှာ ရှိနေကြတာတွေ 131 00:07:42,434 --> 00:07:44,736 အကြောင်းထက် ပိုမှန်နေပါတယ်။ 132 00:07:45,156 --> 00:07:48,827 ထပ်နေတဲ့မဟာတေးသံ ရှိနေသမျှကာလပတ်လုံး 133 00:07:48,851 --> 00:07:51,414 တချိန်လုံး ရှိလာခဲ့တာတွေဟာ 134 00:07:51,438 --> 00:07:53,406 လက်တွေ့ ဖြစ်လာမယ့် အရာတွေပါပဲ။ 135 00:07:53,430 --> 00:07:54,982 ပြီးတော့ အဲဒါတွေထဲမှာ 136 00:07:55,006 --> 00:07:59,034 "ဟေဒကြည့်စမ်း၊ ဒါလေးက အသစ်ပဲ"လို့ ပြော နိုင်စရာ ဘာမှ ရှိမှာမဟုတ်ပါဘူး။ 137 00:07:59,646 --> 00:08:01,637 အဲဒါဘယ်လိုပဲဖြစ်ဖြစ်၊ 138 00:08:01,661 --> 00:08:05,828 ထပ်ထပ်ဖြစ်နေမှု ကာလထဲက တချိန်ချိန်မှာ၊ 139 00:08:05,852 --> 00:08:09,537 အဲဒီတုန်းက အရေးမပါခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့ရာ၊ 140 00:08:09,561 --> 00:08:11,760 ဘီလီယံနှစ်ချီ ကြာသွားတဲ့ နောက်မှာတောင်၊ 141 00:08:11,784 --> 00:08:15,676 မိမိတို့ နေထိုင်ရာ ဂြိုလ်ထက် ကျော်လွန်တဲ့ နေရာကိုတောင် သက်ရောက်မှု မရှိခဲ့ပေမဲ့၊ 142 00:08:15,676 --> 00:08:20,951 အဲဒါဟာ တဖြည်းဖြည်းချင်းနဲ့ အာကာသဆိုင်ရာ ဆန်းသစ်မှုကို ဖြစ်ပေါ်လာစေနိုင်ခဲ့ပါတယ်။ 143 00:08:21,277 --> 00:08:24,586 ဘဝရဲ့ မူလအစကို ဖန်တီးခဲ့တဲ့ ဖြစ်ရပ်ပါ- 144 00:08:25,102 --> 00:08:28,204 ပထမဦးဆုံးဖြစ်ခဲ့တဲ့ မျိုးရိုးဗီဇ အသိပညာကို ဖန်တီးပေးခဲ့တယ်၊ 145 00:08:28,228 --> 00:08:31,085 ဇီဝလိုက်လျောညီထွေမှုများအတွက် ကုဒ်ဖော်နည်းပါ၊ 146 00:08:31,109 --> 00:08:33,109 ဆန်းသစ်မှုရဲ့ ကုဒ်ဖော်နည်းပါ။ 147 00:08:34,243 --> 00:08:37,697 ကမ္ဘာဂြိုဟ်ပေါ်မှာကျတော့ ၎င်းဟာ မျက်နှာပြင်ကို ပြောင်းပစ်ခဲ့တယ်။ 148 00:08:37,741 --> 00:08:41,035 ဆဲလ်တစ်ခုတည်းရှိ အကောင်များထဲက DNA တွင်းရှိ မျိုးရိုးဗီဇများက 149 00:08:41,035 --> 00:08:43,097 အောက်ဆီဂျင်ကို လေထဲမှုတ်ထည့်ပေးခဲ့ကြတယ်၊ 150 00:08:43,097 --> 00:08:44,709 CO2 ကို ထုတ်ယူခဲ့ကြပြီး 151 00:08:44,783 --> 00:08:48,299 မြေကြီးထဲကို မြေဖြူနဲ့ သံသတ္တုရိုင်းတွေကို ထည့်သွင်းပေးခဲ့ကြတယ်၊ 152 00:08:48,323 --> 00:08:54,347 အဲဒီမျိုးရိုးဗီဇတွေကြောင့် မျက်နှာပြင်ပေါ် ကုဗလက်မခန့် ရှိတဲ့ နေရာတွေဟာ 153 00:08:54,371 --> 00:08:56,299 သက်ရောက်မှုမရှိဘဲ ကျန်ရစ်ခဲ့ကြတယ်။ 154 00:08:56,942 --> 00:09:01,857 ကမ္ဘာဂြိုဟ်ဟာ အာကာသ စကေးနဲ့ ပြောရရင် ဆန်းသစ်တဲ့ နေရာ ဖြစ်မလာခဲ့တောင်မှ 155 00:09:01,857 --> 00:09:04,236 နားလည်ရန် ခဲယဉ်းတဲ့ နေရာတစ်ခု ဖြစ်လာတာ အမှန်ပါပဲ။ 156 00:09:04,236 --> 00:09:07,458 ဥပမာတစ်ခုအနေဖြင့်၊ ကမ္ဘာရဲ့ ပြင်ပတွင် 157 00:09:07,482 --> 00:09:11,990 မတူကွဲပြားကြတဲ့ ဓာတုပစ္စည်းတွေဆိုလို့ ရာအနည်းငယ်မျှသာ ရှိကြပါတယ်။ 158 00:09:12,411 --> 00:09:15,866 သက်ရှိဘဝ မရှိတဲ့ နေရာတွေမှာ နောက်ထပ် နည်းနည်းပိုပြီး ရှိချင်ရှိမှာပါ။ 159 00:09:15,890 --> 00:09:17,739 ဒါပေမဲ့ ကမ္ဘာမြေပေါ်မှာ ကျတော့ 160 00:09:17,763 --> 00:09:21,474 ဆင့်ကဲဖြစ်စဉ်က ဘီလီယံချီရှိတဲ့ မျိုးစုံသော ဓာတုပစ္စည်းတွေကို ဖန်တီးပေးခဲ့တယ်။ 161 00:09:21,843 --> 00:09:24,905 ပြီးတော့ အဲဒီနောက်မှာ ပထမဦးဆုံး အပင်တွေ၊ အကောင်တွေ၊ 162 00:09:24,929 --> 00:09:29,738 အဲဒီနောက်ပိုင်းတွင် ကျုပ်တို့ရဲ့ ဘိုးဘေး ဖြစ်ကြတဲ့ မျိုးစိတ်တွေကို 163 00:09:29,762 --> 00:09:31,936 ဖန်တီးပေးခဲ့တယ်လို့ ခန့်မှန်း သိရှိရပါတယ်။ 164 00:09:31,936 --> 00:09:34,944 ကျုပ်တို့ သိကြတဲ့ စကြဝဠ တစ်ခုလုံးအတွင်းမှာ ပထမဦးဆုံးအကြိမ်ပါ။ 165 00:09:35,413 --> 00:09:40,601 ရှင်းပြတဲ့ အသိပညာက ကျုပ်တို့ မျိုးစိတ်တွေ ညီထွေစွာ ပြောင်းလဲခဲ့ပုံကို ပြသပေးတယ်။ 166 00:09:41,149 --> 00:09:44,244 အဲဒါဟာ ဥပမာ DNA ထဲက နားလည်မရတဲ့ အသိပညာနဲ့ 167 00:09:44,268 --> 00:09:46,506 မတူ ကွဲပြားပြီး 168 00:09:46,530 --> 00:09:48,306 စကြဝဠာလုံးဆိုင်ရာ နိယာမပါ။ 169 00:09:48,330 --> 00:09:51,864 ဒီတော့ ဆိုလိုချင်တာက၊ နားလည်လို့ ရနိုင်သမျှကို 170 00:09:51,868 --> 00:09:55,348 ရှင်းပြနိုင်တဲ့ အသိပညာမှတစ်ဆင့် နားလည်လို့ ရနိုင်တယ် ဆိုတဲ့အချက်ကိုပါ။ 171 00:09:55,348 --> 00:09:58,871 အဲဒါထက်ပိုပြီး၊ ဘယ် ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်ကိုမဆို 172 00:09:58,895 --> 00:10:01,776 အဲဒီလို အသိပညာအားဖြင့် ထိန်းချုပ်လို့ ရနိုင်ပါတယ်၊ 173 00:10:01,800 --> 00:10:04,688 ရူပဗေဒဆိုင်ရာ နိယာမများကသာ ကန့်သတ်နိုင်စွမ်း ရှိကြပါတယ်။ 174 00:10:05,228 --> 00:10:08,999 ဒီလိုနည်းဖြင့် ရှင်းပြရေး အသိပညာကပါ 175 00:10:09,023 --> 00:10:12,196 ကမ္ဘာကြီးရဲ့ မြေမျက်နှာပြင်ကို စပြီး အသွင်ပြောင်းမှု စတင်ခဲ့တယ်။ 176 00:10:12,792 --> 00:10:18,117 မကြာခင်မှာ ကမ္ဘာကြီးက ဂြိုဟ်မွှားတွေကို ဆွဲဆောင်ရမယ့် အစား ဘေးကို ကန်ထုတ်ပစ်တဲ့ 177 00:10:18,141 --> 00:10:23,556 စကြာဝဠထဲက တစ်ခုတည်းသော အရာအဖြစ် ထင်ရှားတဲ့ အရာဖြစ်လာမှာပါ။ 178 00:10:24,300 --> 00:10:27,713 Qohelet ဟာ သူ့ခေတ်ကာလတုန်းက တိုးတက်ပြောင်းလဲမှုတွေ နှေးခဲ့လွန်းလို့ 179 00:10:27,737 --> 00:10:31,632 သိနားလည်နိုင်စွမ်း မရှိခဲ့ဘဲ လွဲမှားသွားမိခဲ့တာပါ။ 180 00:10:32,109 --> 00:10:36,395 လူ့ဘဝထဲက ဆန်းသစ်မှုဟာလည်း ရှားပါးခဲ့ပြီး သိပ်ကို နှေးကွေးခဲ့လို့၊ 181 00:10:36,419 --> 00:10:39,125 မျိုးဆက် တစ်ဆက်အတွင်းမှာ မှတ်မိရန် မလွယ်ခဲ့ပါ။ 182 00:10:39,149 --> 00:10:41,093 ပြီးတော့ ဇီဝထုထဲမှားလည်း 183 00:10:41,117 --> 00:10:44,825 ဆန်းသစ်တဲ့ မျိုးစိတ်တွေ ဆင့်ကဲ ဖြစ်ပွားမှုဟာ ပိုလို့တောင် နှေးခဲ့တယ်။ 184 00:10:44,950 --> 00:10:47,688 ဒါပေမဲ့ အဒီအရာနှစ်ရပ်စလုံး ဖြစ်ပျက်လျက် ရှိနေခဲ့ကြပါပြီ။ 185 00:10:48,029 --> 00:10:54,458 ဒါနဲ့ စကြဝဠာ တစ်ရပ်လုံးထဲတွင် ပုံစံမပြောင်းထပ်နေမှု လွှမ်းမိုးနေချိန်မှာ 186 00:10:54,482 --> 00:10:58,219 ကျုပ်တို့ ကမ္ဘာဂြိုဟ်က ဘာကများ ပြောင်းပစ်ခဲ့တာလဲ။ 187 00:10:58,902 --> 00:11:03,905 တကယ်တော့ စကြဝဠာဟာ ခြုံပြောရရင် အတော်ကလေး ရိုးရှင်းပါတယ်။ 188 00:11:04,010 --> 00:11:05,993 ကြယ်တွေဟာ ရိုးရှင်းကြပါတယ်၊ 189 00:11:06,047 --> 00:11:09,823 ၎င်းတို့ရဲ့ လှုပ်ရှားပုံကို နှစ်ဘီလီယံချီ ကျုပ်တို့ ကြိုတင်ဟောပေးနိုင်တယ်၊ 190 00:11:09,847 --> 00:11:13,902 ပြီးတော့ ၎င်းတို့ ဖြစ်ပေါ်လာခဲ့ပုံကိုလည်း နောက်ကို ခြေခရာခံ ဖေါ်ပြနိုင်ကြတယ်။ 191 00:11:14,061 --> 00:11:16,370 ဘာဖြစ်လို့ စကြဝဠာဟာ ဒီလို ရိုးရှင်းနေတာလဲ။ 192 00:11:16,759 --> 00:11:22,535 အဓိကအားဖြင့်၊ ၎င်းဟာ ကြီးမားလွန်းပြီး ထထည်ကြီးပြီး စွမ်းအင် ကြီးမားလို့ 193 00:11:22,559 --> 00:11:26,723 ပိုသေးတဲ့ အရာတွေအပေါ် သက်ရောက်မှု ကြီးမားပြီး ပြောင်းပြန်ကျတော့ ဘာမှမရှိပါ။ 194 00:11:26,877 --> 00:11:29,982 ကျွန်တော်က အဲဒါကို ကြီးစဉ်ငယ်လိုက် အုပ်ချုပ်မှု ခေါ်ပါတယ်။ 195 00:11:30,006 --> 00:11:33,236 ဥပမာဆိုပါစို့၊ ကြယ်တံခွန် တစ်ခုက နေကို ထိတိုက်ခဲ့ရင်၊ 196 00:11:33,260 --> 00:11:35,728 နေဟာ အရင်အတိုင်းပဲ ဆက်လည်ပတ်နေမှာပါ။ 197 00:11:35,752 --> 00:11:38,570 ဒါပေမဲ့ ကြယ်တံခွန်ကျတော့ အငွေ့ပျံပျောက်သွားမှာပါ။ 198 00:11:38,657 --> 00:11:40,514 အလားတူ အကြောင်းရင်းကြောင့်ပဲ၊ 199 00:11:40,538 --> 00:11:47,109 ကြီးမားတဲ့ အရာတွေဟာ သူတို့ထဲက သေးငယ်တဲ့ အပိုင်းအစ အသေးလေးတွေရဲ့ 200 00:11:47,133 --> 00:11:48,910 သက်ရောက်မှုကို သိပ်မခံကြရပါ၊ 201 00:11:49,609 --> 00:11:52,672 တနည်းအားဖြင့် ၎င်းတို့ရဲ့ အပြုအမူ တစ်ရပ်လုံးဟာ 202 00:11:52,696 --> 00:11:53,846 ရိုးရှင်းပါတယ်။ 203 00:11:54,165 --> 00:11:57,561 မပြောင်းလဲကျန်ရစ်ခဲ့ကြတဲ့ အရာတွေဆီမှာ အသစ်ဆိုလို့ 204 00:11:57,585 --> 00:11:59,323 ဖြစ်ခဲ့တာမို့လို့ 205 00:11:59,347 --> 00:12:04,652 ခုနက ပြောခဲ့တဲ့ ကြီးစဉ်ငယ်လိုက် စည်းကမ်းချက်နှင့်အညီ 206 00:12:04,676 --> 00:12:07,947 ကြီးမားတဲ့ အရာတွေဟာ ပုံစံမပြောင်း ထပ်နေမှုကို ဖန်တီးပေးကြတယ်။ 207 00:12:08,473 --> 00:12:11,910 ဒါပေမဲ့ ကယ်တင်ပေးမယ့် အရာက 208 00:12:11,934 --> 00:12:15,316 ကြီးစဉ်ငယ်လိုက် စည်းမျဉ်းဟာ သဘာဝရဲ့ နိယာမ မဟုတ်ခြင်းပါပဲ။ 209 00:12:15,316 --> 00:12:17,841 အဲဒါဟာ ကျုပ်တို့ရဲ့ နေရာမှလွဲပြီး စကြာဝဠာထဲမှာ 210 00:12:17,845 --> 00:12:20,117 အချိန်ကြာမြင့်စွာ ရှိနေခဲ့လို့ပါ။ 211 00:12:20,141 --> 00:12:25,093 ကျုပ်တို့ရဲ့ ဇီဝထုထဲတွင် မော်လီကျူးအရွယ် အရာဝတ္ထုတွေ၊ ဗီဇတွေဟာ 212 00:12:25,117 --> 00:12:28,172 ကြီးမား ကျယ်ပြန့်လှတဲ့ ရင်းမြစ်များကို ထိန်းချုပ်ထားကြတယ်။ 213 00:12:28,615 --> 00:12:31,511 photosynthesis အတွက် ပေါ်လာတဲ့ ပထမဦးဆုံး ဗီဇများဟာ 214 00:12:31,535 --> 00:12:34,282 သူတို့ဘာသာသူတို့ ပြန့်ပွားလာခဲ့နိုင်ပြီး 215 00:12:34,306 --> 00:12:37,821 နောက်မှာ ကမ္ဘာဂြိုဟ်ရဲ့ မျက်နှာပြင်ကို အသွင် ပြောင်းပစ်ခဲ့ကြပြီး 216 00:12:37,845 --> 00:12:42,303 ကြီးစဉ်ငယ်လိုက် စည်းမျဉ်းကို ချိုးဖောက် လိုက်ကြတယ်၊ သို့မဟုတ် လှန်ပစ်ခဲ့ကြလို့ 217 00:12:42,327 --> 00:12:46,414 စိတ်ကူး မရနိုင်တဲ့ ၁၀ ဂဏန်းကို ထပ်ကိန်း ၄၀ အထိရှိတဲ့ စွမ်းအားနဲ့ လုပ်ခဲ့ကြတယ်။ 218 00:12:47,390 --> 00:12:51,672 ရှင်းပြပေးရေး အသိပညာဟာ မိမိစွမ်းပကားအရ များစွာ စွမ်းထက်ပါတယ်၊ 219 00:12:51,696 --> 00:12:53,331 စကြဝဠာ သဘောကို ဆောင်လို့ပါ၊ 220 00:12:53,355 --> 00:12:55,712 ပိုလျင်မြန်စွာ ဖန်တီးရနိုင်လို့ပါ။ 221 00:12:55,712 --> 00:12:58,917 လူ့အသိပညာက ၁၀ ဂဏန်း ထပ်ကိန်း ၄၀ အထိကို တက်လှမ်းနိုင်ပါက 222 00:12:58,925 --> 00:13:02,515 ၎င်းဟာ နဂါးငွေ့တန်း တစ်ခုလုံးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှာပါ၊ 223 00:13:02,539 --> 00:13:05,817 အဲဒီထက်ကို ကျော်လွန်ပြီး လှမ်းမျှော်ကြည့်မှာပါ။ 224 00:13:05,841 --> 00:13:08,268 ဒီတော့ လူသားတွေဟာ 225 00:13:08,292 --> 00:13:12,958 ပြီးတော့ ရှင်းပြနိုင်စွမ်း ရှိကြတဲ့ သက်ရှိ တစ်နေရာရာမှာ ရှိကြသေးတယ် ဆိုရင်၊ 226 00:13:12,982 --> 00:13:16,754 စကြဝဠာကို ဆန်းသစ်ပေးကြမယ့် နောက်ဆုံးသူတွေ ဖြစ်ကြမှာပါ။ 227 00:13:16,754 --> 00:13:21,002 ကျုပ်တို့ကမှ အကြောင်းရင်းရော ရယူရာ နည်းစနစ်တွေပါ ဖြစ်ကြလို့ 228 00:13:21,026 --> 00:13:27,006 ဆန်းသစ်မှုနှင့် ဖန်တီးမှု၊ အသိပညာ၊ တိုးတက်မှုတို့ဟာ 229 00:13:27,030 --> 00:13:32,535 ရှေ့မှာ ပန်းတိုင်တွေကို ချမှတ်နိုင်ကြပြီး ကြီးမားတဲ့ ရုပ်ပိုင်း သက်ရောက်မှု ရှိတယ်။ 230 00:13:33,514 --> 00:13:36,363 လူသားတို့ရဲ့ ရှုထောင့်မှကြည့်ရင်၊ 231 00:13:36,387 --> 00:13:40,593 ငြိမ်နေကြတဲ့ လူ့အဖွဲ့အစည်းတွေအတွက် အစားထိုးစရာ တစ်ခုတည်းမှာ 232 00:13:40,617 --> 00:13:45,204 တချိန်လုံး အတွေးအခေါ် အသစ်တွေ၊ 233 00:13:45,228 --> 00:13:48,309 အပြုအမူတွေ၊ အရာဝတ္ထု အသစ်တွေကို ဖန်တီးမှုပါပဲ။ 234 00:13:48,428 --> 00:13:50,862 ဒီစက်ရုပ်ဟာ မကြာခင်မှာ ဟောင်းနွမ်းသွားလိမ့်မယ်၊ 235 00:13:50,886 --> 00:13:54,900 အသိပညာအသစ်တွေ၊ တိုးတက်မှုတွေ ရောက်လာကြမှာမို့လို့ပါ။ 236 00:13:55,524 --> 00:13:59,410 ဒါပေမဲ့ အာသာသရဲ့ ရှုထောင့်မှ ကြည့်ရင်၊ 237 00:13:59,434 --> 00:14:04,188 ရှင်းပြနိုင်တဲ့ အသိပညာဟာ ကြီးစဉ်ငယ်လိုက် စည်းမျဉ်းရဲ့ ရှောင်မရတဲ့ နိဂုံးပါ။ 238 00:14:04,752 --> 00:14:07,486 ၎င်းဟာ ထပ်နေတဲ့မဟာတေးသံကို ဖျက်ဆီးပစ်မယ့်သူပါ။ 239 00:14:08,379 --> 00:14:13,545 အဲဒါကြောင့် ၎င်းဟာ လာမယ့် အာကာသခေတ်ကို 240 00:14:13,569 --> 00:14:15,945 ပြီးတော့ Anthropocene ခေတ်ကို ဖန်တီးပေးမယ့်သူပါ။ 241 00:14:15,966 --> 00:14:19,339 တစ်ယောက်ယောက်က အာကာသစစ် အကြောင်းကို ပြောလာရင်၊ 242 00:14:19,363 --> 00:14:22,768 စိတ်ပျက်စရာ ပုံပြင်များထဲက စစ်ပွဲတွေကို မဆိုလိုချင်ပါဘူး။ 243 00:14:22,792 --> 00:14:27,506 တကယ့်စစ်ပွဲက ပုံစံမပြောင်းထပ်နေမှုနှင့် ဆန်းသစ်မှု အကြား၊ 244 00:14:27,530 --> 00:14:30,962 ငြိမ်သက်မှုနဲ့ တီထွင်ဖန်တီးမှု အကြားက စစ်ပွဲပါ။ 245 00:14:31,633 --> 00:14:33,664 အဲဒီစစ်ထဲမှာကျတော့၊ 246 00:14:33,688 --> 00:14:37,516 ကျုပ်တို့ရဲ့ ဘက်ဟာ ရှုံးမယ့်သူ မဖြစ်နိုင်ပါ။ 247 00:14:37,516 --> 00:14:45,395 ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ သူမတူ ထူးခြားတဲ့ ရှင်းပြရေးအသိပညာကို အသုံးချကြမယ်ဆိုရင်၊ 248 00:14:45,419 --> 00:14:47,394 ကျုပ်တို့ နိုင်နိုင်ပါတယ်။ 249 00:14:48,175 --> 00:14:49,325 ကျေးဇူးတင်ပါတယ်။ 250 00:14:50,095 --> 00:14:56,595 (လက်ခုပ်သံများ)