0:00:00.000,0:00:04.000 ဒီလို high-tech နည်းဖြင့် ဟောပြောခွင့်[br]ရတာကို ကျွန်တော် စိတ်လှုပ်ရှားမိတယ်။ 0:00:05.187,0:00:08.079 ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ဖူးသမျှ[br]လူသားအားလုံးတို့ဟာ၊ 0:00:08.103,0:00:12.712 သူတို့အထဲက အများစုတို့ဟာ[br]ကျုပ်တို့ အခု ဒီမှာ လုပ်ကိုင်နေတာကို 0:00:12.736,0:00:15.196 နားလည်နိုင်စွမ်းမရှိ၊ [br]ယုံကြည်နိုင်ကြမှာ မဟုတ်ပါ။ 0:00:15.760,0:00:18.753 ဘာလို့လဲဆိုတော့ ရာစုနှစ်ထောင်နဲ့ချီပြီး 0:00:18.777,0:00:21.712 သိပ္ပံတော်လှန်ရေးမတိုင်မီ[br]မှောင်မိုက်ကာလအတွင်းမှာ၊ 0:00:21.736,0:00:23.544 ဉာဏ်အလင်းပွင့်လာချိန်မှာ၊ 0:00:23.568,0:00:26.536 လူတွေရဲ့ မျှော်လင့်ချက်တွေဟာ[br]နိမ့်ကျခဲ့ပါတယ်။ 0:00:26.536,0:00:29.156 သူတို့ရဲ့ဘဝ၊ သူတို့ရဲ့[br]သားစဉ်မြေးဆက်တို့ရဲ့ဘဝအတွက်ကိုပါ။ 0:00:29.156,0:00:31.442 ပုံမှန်အားဖြင့် သူတို့ရဲ့ဘဝဟာ[br]သိသာဆန်းသစ်လာမှာကို 0:00:31.466,0:00:35.913 ပိုကောင်းလာမှာကို မမျှော်လင့်ခဲ့ကြပါဘူး။ 0:00:36.847,0:00:41.831 ဤအဆိုးမြင်မှုကို သမ္မာကျမ်းစာထဲတွင်[br]အထင်အရှား တွေ့နိုင်ကြပါတယ်၊ 0:00:41.855,0:00:46.069 အမည်ကိုဖေါ်ပြီး ရေးသားထားတဲ့ သမ္မာကျမ်းစာ[br]ကျမ်းပိုင် အချို့ထဲမှာ ဖတ်ကြရပါတယ်။ 0:00:46.093,0:00:49.724 ဟာဗြဲလို Qohelet ဆိုသူ[br]နားလည်ရန် ခက်တဲ့သူရဲ့ ရေးသားချက်ပါ။ 0:00:50.173,0:00:54.458 “ ဖြစ်ဘူးသောအရာသည် ဖြစ်လတံ့သောအရာနင့်တူ၏။ 0:00:55.133,0:00:58.200 ယခုပြုသောအမှုသည် ပြုလတံ့သောအမှုနှင့်တူ၏။ 0:00:58.736,0:01:01.434 နေအောက်မှာ အသစ်သော အမှုအရာမရှိ။" 0:01:02.140,0:01:06.355 "ကြည့်စမ်းပါ၊ ဟောဒီမှာအသစ်" လို့[br]ပြောဆိုစရာ ရှိပါက၊ 0:01:06.379,0:01:10.434 မဟုတ်နိုင်ပါ၊ အဲဒီအရာကို ကျုပ်တို့မတိုင်မီ[br]နှစ်များတုန်းက ပြုလုပ်ပြီးခဲ့ပြီးသားပါ။ 0:01:11.427,0:01:16.299 Qohelet ဟာ ဆန်းသစ်မှုရယ်လို့[br]မရှိနိုင်တဲ့ ကမ္ဘာကြီးကို ဖေါ်ပြခဲ့ပါတယ်။ 0:01:16.602,0:01:20.530 အသစ်အဆန်းလို့ ဆိုရာတွင် ကျွန်တော်ဟာ[br]Qohelet ရဲ့သဘောအရ အသစ်တစ်ခုကိုဆိုလိုတာပါ၊ 0:01:20.554,0:01:23.172 တစ်ခုခု ပြောင်းလဲသွားမျိုး မဟုတ်ဘဲ၊ 0:01:23.196,0:01:26.696 သိသာပြီး ရေရှည် အကျိုးသက်ရောက်မယ့်[br]ပြောင်းလဲမှုမျိုးကိုပါ၊ 0:01:26.720,0:01:28.895 လူတွေတကယ့်ကိုပဲ 0:01:28.919,0:01:30.895 "ကြည့်စမ်းပါ၊ ဟောဒီမှာအသစ်" 0:01:30.919,0:01:33.093 ပြီးတော့ "ပိုကောင်းတဲ့" အရာ ဖြစ်ရပါမယ်။ 0:01:34.061,0:01:38.918 ဒီတော့ ကျပန်းပြောင်းလဲမှုတွေဟာ[br]ဆန်းသစ်မှု မဖြစ်နိုင်ကြပါ။ 0:01:38.942,0:01:43.719 ဒီနေရာမှာ Heraclitus က လူတစ်ယောက်ဟာ[br]မြစ်တစ်စင်း နှစ်ခါဝင်မရနိုင်ဘူး၊ 0:01:43.719,0:01:47.307 မြစ်ဟာ ပြောင်းလဲသွားခဲ့ပြီဖြစ်သလို[br]ထိုလူပါ ပြောင်းသွားလို့ပါ ဆိုခဲ့ဘူးပါတယ်။ 0:01:47.307,0:01:51.399 ဒါပေမဲ့ မြစ်ဟာ ကျပန်းသဘောမျိုးဖြင့်[br]ပြောင်းလဲနေပါက 0:01:51.423,0:01:53.819 အဲဒါဟာ အရင်မြစ်ကြီးပါပဲ။ 0:01:54.311,0:01:55.764 အဲဒါနဲ့ ဆန့်ကျင်လျက်၊ 0:01:55.788,0:02:00.399 လူ့စိတ်ထဲက အတွေးခေါ် တစ်ခုဟာ[br]တခြားလူတွေရဲ့ စိတ်များသို့ ဝင်ရောက်လျက် 0:02:00.423,0:02:03.204 မျိုးဆက်တွေရဲ့ ဘဝကို[br]ပြောင်းလဲသွားစေမယ် ဆိုရင်၊ 0:02:03.228,0:02:04.728 အဲဒါဟာ ဆန်းသစ်မှု ဖြစ်ပါတယ်။ 0:02:05.395,0:02:08.323 ဆန်းသစ်မှုမရှိတဲ့ လူသားရဲ့ ဘဝဟာ 0:02:08.347,0:02:11.974 ဖန်တီးတီထွင်မှု မရှိတဲ့[br]တိုးတက်မှု မရှိတဲ့ ဘဝ ဖြစ်ပါလိမ့်မယ်။ 0:02:12.498,0:02:15.990 အဲဒါဟာ ငြိမ်သက်နေတဲ့ လူ့အဖွဲ့အစည်း၊[br]ဘာမှမပြောင်းလဲတဲ့ ဂိမ်းနဲ့ တူပါမယ်။ 0:02:16.712,0:02:20.038 အဲဒါကြောင့် Qohelet နေထိုင်ခဲ့ရတာက[br]ငရဲထဲ နေထိုင်ရမှုမျိုးပါ။ 0:02:20.419,0:02:24.037 လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်အထိ[br]လူတိုင်းလိုလို အဲဒီလို နေခဲ့ကြရတာပါ။ 0:02:24.228,0:02:28.833 အဲဒါဟာ ငရဲဘဝပါပဲ။[br]ဘာလို့လဲဆိုတော့ လူသားတွေအတွက် 0:02:28.857,0:02:32.958 ငြိမ်သက်မှုဟာ [br]ဆင်းရဲဒုက္ခနဲ့ မလွှဲဆက်စပ်နေလို့ပါ။ 0:02:32.982,0:02:35.831 ငြိမ်သက်မှု စိတ်ပျက်စရာ[br]ကောင်းရုံတင် မကသေးပါ။ 0:02:35.872,0:02:37.853 ဆင်းရဲဒုက္ခရဲ့ ရင်းမြစ်အားလုံး - 0:02:37.853,0:02:41.710 ငတ်ဘေး၊ ရောဂါဘေး၊[br]ဂြိုဟ်မွှား ဝင်တိုက်မယ့်ဘေး၊ 0:02:41.710,0:02:46.272 ပြီးတော့ စစ်မက်နဲ့ [br]ကျွန်စနစ်တို့လို အရာတွေဟာ 0:02:46.296,0:02:51.797 အဲဒါတွေ ဟန့်တားရေး နည်းလမ်းတွေ လူတွေ မဖန်[br]တီးနိုင်ကြတဲ့ အချိန်ထိသာ ဒုက္ခပေးခဲ့ကြတယ်။ 0:02:52.631,0:02:56.934 Somerset Maugham ရဲ့ "Of Human Bondage"[br]ဝတ္ထုထဲ ဖြစ်ရပ်တစ်ခု ပါပါတယ်။ 0:02:56.958,0:02:58.744 ရှေးပညာရှိအကြောင်းပါ၊ 0:02:58.768,0:03:03.831 လူသားတစ်ရပ်လုံးရဲ့ သမိုင်းကို[br]အကျဉ်းချုပ်ပြီး သူ ဖေါ်ပြသွားပုံက၊ 0:03:04.529,0:03:06.073 "လူသားဟာ မွေးခဲ့တယ်၊ 0:03:06.097,0:03:08.517 ဒုက္ခတွေခံစားခဲ့ရပြီး သေဆုံးသွားခဲ့တယ်။ 0:03:09.296,0:03:11.010 ပြီးတော့ ဆက်လက် ဖေါ်ပြထားသေးတာက- 0:03:11.034,0:03:15.853 "ဘဝဟာ ဘယ်လိုမှ အရေးမပါခဲ့ဘဲ[br]သေရမှုဟာလည်း ဘာမှအကျိုးဆက် မရှိခဲ့ပါ။ 0:03:16.268,0:03:21.173 တကယ်တမ်းတွင် အသက်ရှင်နေထိုင်ခဲ့ဘူးကြတဲ့[br]လူအများစုတို့ရဲ့ 0:03:21.197,0:03:24.977 ဘဝဟာ ဆင်းရဲဒုက္ခတွေနဲ့ စိတ်ညစ်စရာ[br]အလုပ်နဲ့ ပြည့်နေခဲ့ပြီး 0:03:25.001,0:03:28.315 ငယ်ရွယ်ချိန်မှာ ဝေဒနာများကို[br]ခံစားရင်း သေခဲ့ကြရတာပါ။ 0:03:29.493,0:03:33.704 ပြီးတော့ လူသားမျိုးဆက် အများစုထဲတွင် 0:03:33.728,0:03:37.886 သူတို့ရဲ့ မျိုးဆက်များအတွက် ဆန်းသစ်တဲ့[br]အကျိုးဆက်တွေ မရှိခဲ့ပါ။ 0:03:38.728,0:03:45.452 သို့ပေမဲ့၊ ရှေးခေတ်လူတွေက[br]သူတို့ရဲ့ အခြေအနေကို၊ 0:03:46.103,0:03:50.412 သူတို့ဟာ ပုံမှန်အားဖြင့် ကြီးမားတဲ့[br]ကြီးကျယ်တဲ့ စကားလုံးဖြင့် ရှင်းပြခဲ့ကြတယ်။ 0:03:50.794,0:03:53.601 သူတို့ရဲ့ လုပ်ရပ်ဟာ မှန်ခဲ့တယ်လို့[br]ဆိုရပါမယ်။ 0:03:53.625,0:03:56.940 သူတို့ရဲ့ လက်တွေ့ရှင်းလင်းချက်တွေ၊[br]သူတို့ရဲ့ ပုံပြင်တွေဟာ 0:03:56.940,0:03:59.744 အဓိကအားဖြင့်[br]မဟုတ်မှန်ခဲ့ကြတာတောင် အဲဒီလို ဆိုရပါမယ်။ 0:03:59.744,0:04:01.807 တချို့တို့က သူတို့လောကကြီးရဲ့ 0:04:01.831,0:04:05.363 ခက်ထန်မှုနဲ့ တစ်ပုံစံတည်းဖြစ်မှုကို[br]ရှင်းပြကြရာတွင် 0:04:05.387,0:04:10.228 မကုန်ဆုံးနိုင်တဲ့ ကောင်းမှုနှင့်မကောင်းမှု[br]အကြား စစ်မက်များကို ညွှန်ပြခဲ့ကြလျက် 0:04:10.252,0:04:13.097 လူသားတွေကျတော့ စစ်မြေပြင် ဖြစ်ခဲ့ကြောင်း[br]ဆိုခဲ့ကြတယ်။ 0:04:13.637,0:04:17.858 လူတွေရဲ့ ဘဝအတွေ့အကြုံဟာ[br]ဒုက္ခများဖြင့် ပြည့်နေခဲ့ပြီး 0:04:17.882,0:04:20.587 ဘယ်တော့မှ တိုးတက်မလာခဲ့ခြင်းကို[br]အဲဒီလို ရှင်းပြခဲ့ကြတယ်။ 0:04:20.728,0:04:23.407 ဒါပေမဲ့ အဲဒါဟာ မမှန်ကန်ခဲ့ပါဘူး။ 0:04:24.212,0:04:26.379 အံ့သြဖို့ ကောင်းတာက၊ 0:04:26.403,0:04:29.125 သူတို့ရဲ့ ပဋိပက္ခတွေနဲ့[br]ဆင်းရဲဒုက္ခတွေအားလုံးဟာ 0:04:29.149,0:04:34.569 အတွေးအခေါ်များကို သူတို့ စီမံဆောင်ရွက်[br]ခဲ့မှုတွေရဲ့ ရလဒ်တွေပါ။ 0:04:35.125,0:04:38.987 တရားသေအယူအဆတွေနဲ့ ပုံမှန်[br]ရှင်းပြချက်တွေကို ကျေနပ်နေခဲ့ကြပြီး 0:04:38.987,0:04:41.835 လောကကြီးနဲ့ သူတို့ရဲ့ အခြေအနေကို[br]ဝေဖန်သုံးသပ် ဆန်းစစ်လျက် 0:04:41.859,0:04:48.327 ပိုကောင်းမွန်တဲ့ ရှင်းလင်းချက်ကို[br]ရှာကြံခြင်း မရှိခဲ့ကြပါ။ 0:04:48.696,0:04:53.189 နှစ်ဆယ်ရာစု ရူပဗေဒ ပညာရှင်များက ပိုကောင်း[br]တဲ့ ရှင်းလင်းချက် ရှာကြံနိုင်ခဲ့ကြပေမဲ့၊ 0:04:53.203,0:04:55.546 စကြာဝဠာရဲ့ စစ်မက်များနဲ့[br]ရှင်းပြနေခဲ့ကြပါသေးတယ်။ 0:04:55.570,0:05:00.863 ဒီတချီတွင် စနစ်ကျမှုနဲ့ ပရမ်းပတာဖြစ်မှု[br]သို့မဟုတ် ဖရိုဖရဲဖြစ်မှုကို ထောက်ပြကြတယ်။ 0:05:00.887,0:05:06.144 ဒီဖြစ်ရပ်က အနာဂတ်အတွက်[br]မျှော်လင့်ချက် ပေးပါတယ်။ 0:05:06.144,0:05:08.097 ဒါပေမဲ့ နောက်တစ်ဘက်မှကျတော့၊ 0:05:08.097,0:05:10.993 အဲဒါဟာ ရှေးဟောင်းဒဏ္ဍာရီများထက်[br]ပိုလို့ကို စိတ်ပျက်စရာကြီးပါ၊ 0:05:11.017,0:05:14.791 ဘာဖြစ်လို့လဲဆိုတော့ [br]ကြမ်းတမ်းမှု၊ ဖရိုဖရဲဖြစ်မှု 0:05:14.815,0:05:18.418 ဆိုတာ နောက်ဆုံး အောင်ပွဲဆီကို[br]ဦးတည်ကြပါတယ်၊ 0:05:18.442,0:05:23.323 ဒါပေမဲ့ အပူစွမ်းအင် သိပ္ပံပညာရဲ့ [br]မပြောင်းလဲနိုင်တဲ့ နိယာမတွေက 0:05:23.347,0:05:26.480 စကြာဝဠဟာ အပူဒဏ်ကြောင့်[br]နိဂုံးချုပ်သွားမယ်လို့ ဆိုထားလို့ပါ။ 0:05:26.982,0:05:31.125 လောလောဆယ်မှာ အဲဒီစစ်ပွဲကြီးထဲမှာ[br]ဒေသန္တရ စစ်မက် ဖြစ်နေပါတယ်၊ 0:05:31.149,0:05:35.093 ရေရှည်တည်တံ့မှု၊ တနည်း စနစ်ရှိမှု 0:05:35.117,0:05:38.474 နှင့် ဖြုန်းတီးမှု၊ တနည်း ဖရိုဖရဲဖြစ်မှု[br]အကြား တိုက်ပွဲပါ၊ 0:05:38.498,0:05:41.561 ကောင်းမှုနှင့်မကောင်းမှုရဲ့[br]ခေတ်သစ် ပုံစံပါ၊ 0:05:41.585,0:05:44.895 မကြာခဏဆိုသလို လူသားတွေဟာ[br]မကောင်းမှုပါလို့ ခံယူကြလို့ 0:05:44.919,0:05:47.705 ကျုပ်တို့ဟာ အောင်ဖို့ကို ကြိုးစားတောင်[br]မကြိုးစားသင့်ပါဘူး။ 0:05:47.705,0:05:48.776 ဒါနဲ့ မကြာမီတုန်းက၊ 0:05:48.800,0:05:51.432 အာကာသထဲက နောက်စစ်ပွဲအကြောင်း[br]ပုံပြင်တွေ ပေါ်လာကြပါတယ်၊ 0:05:51.432,0:05:55.053 စကြဝဠာကို ပြိုကွဲစေမယ့်[br]ဆွဲငင်အားနဲ့ စကြာဝဌာကို 0:05:55.077,0:05:58.490 ဖြန့်ကြဲရန် အားထုတ်နေတဲ့ အမှောင်စွမ်းအင်[br]အကြား တိုက်ပွဲပါ။ 0:05:58.514,0:05:59.720 ဒီတော့ ဒီတချီတွင် 0:05:59.744,0:06:03.156 ဘယ်အာကာသ အင်အားတွေပဲ နိုင်နိုင်၊ 0:06:03.180,0:06:04.750 ကျုပ်တို့က ရှုံးကြရမှာပါ။ 0:06:05.157,0:06:10.137 လူသားရဲ့ အခြေအနေဆိုင်ရာ အဲဒီလို[br]အဆိုးမြင်နေကြတဲ့ အကြောင်းတွေထဲမှာ 0:06:10.161,0:06:12.470 အမှန်တရား တချို့ပါပါတယ်၊ 0:06:12.494,0:06:14.422 ဒါပေမဲ့ ဟောကိန်းထုတ်မှုအနေနဲ့ 0:06:14.446,0:06:17.517 ၎င်းတို့အားလုံးဟာ လွဲမှားနေကြပြီး[br]အကြောင်းရင်းက ဆင်တူပါပဲ။ 0:06:17.962,0:06:22.267 ဘယ်တစ်ခုကမှ လူသားတွေကို ပုံဖေါ်ကြပုံဟာ[br]ကျုပ်တို့ လက်တွေ့ဖြစ်တာကို မဖေါ်ပြကြပါ။ 0:06:22.688,0:06:25.100 Jacob Bronowski က ပြောကြားခဲ့သလို 0:06:25.124,0:06:29.045 "လူသားဟာ ရှုခင်းထဲပါဝင်သူ မဟုတ်ဘူး၊ 0:06:29.069,0:06:31.847 သူဟာ ရှုခင်းကို ပုံဖေါ်ပေးနေသူပါ။ " 0:06:31.871,0:06:33.022 တစ်နည်းပြောရရင်၊ 0:06:33.046,0:06:37.498 လူသားတွေဟာ အာကာသစွမ်းအင်တွေရဲ့[br]ကစားစရာ အရာ မဟုတ်ဘဲ၊ 0:06:37.522,0:06:40.341 ကျုပ်တို့ဟာ အာကာသစွမ်းအင်တွေကို[br]သုံးနေကြတဲ့သူတွေပါ။ 0:06:40.341,0:06:42.863 ကျွန်တော်ဟာ ဒီအကြောင်းကို မကြာခင်[br]ပြောဖို့ရှိပါတယ်၊ 0:06:42.887,0:06:47.434 ဒါပေမဲ့ စစချင်း၊ ဆန်းသစ်မှုကို ဖန်တီးပေးတာ[br]ဘယ်လို အရာတွေများလဲ။ 0:06:48.022,0:06:51.172 ဟုတ်ကဲ့၊ စကြဝဠာရဲ့ အစဟာ[br]အဲဒီလို ဖြစ်ခဲ့တာ သေချာပါတယ်။ 0:06:51.196,0:06:54.268 လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ ဘီလီယံနီးပါး[br]တုန်းက ပေါက်ကွဲမှုကြီးက 0:06:54.292,0:06:57.350 အာကာသ၊ အချိန်နှင့် စွမ်းအင်ကို၊ ပြီးတော့ 0:06:57.350,0:06:59.609 ရုပ်ပိုင်းအရာတွေ အားလုံးကို[br]ဖန်တီးပေးခဲ့တာပါ။ 0:06:59.609,0:07:01.712 အဲဒီနောက် ချက်ချင်းကိုပဲ၊ 0:07:01.736,0:07:05.307 ဆန်းသစ်မှု ပထမဦးဆုံးခေတ် စတင်ခဲ့တယ်၊ 0:07:05.331,0:07:08.135 ပထမဆုံးအက်တမ်၊ ပထမဆုံးကြယ်နှင့် 0:07:08.159,0:07:09.675 ပထမဆုံး တွင်းနက်ကြီး၊ 0:07:09.699,0:07:11.373 ပထမဆုံး နဂါးငွေ့တန်း။ 0:07:11.833,0:07:15.000 ဒါပေမဲ့ တချိန်ချိန်တွင် 0:07:15.024,0:07:18.283 ဆန်းသစ်မှုတွေ စကြဝဠာထဲက[br]ပျောက်ကွယ်သွားတယ်။ 0:07:18.307,0:07:22.442 လွန်ခဲ့တဲ့ ၁၂ ဒါမှမဟုတ် ၁၃ ဘီလီယံနှစ်တွေမှ[br]စတင်ကြည့်ရင် 0:07:22.466,0:07:24.506 ဒီနေ့အထိကိုပဲ 0:07:24.530,0:07:29.585 အသစ်ဆိုလို့ နက္ခတ္တဗေဒ[br]အရာတစ်ခုမှ ပေါ်မလာခဲ့ဘူး ထင်တယ်။ 0:07:29.609,0:07:33.990 ကျွန်တော်ကတော့ အဲဒါတွေအားလုံးကို[br]ထပ်နေတဲ့တေးသံလို ခံစားရတယ်။ 0:07:34.807,0:07:39.545 ဒီတော့ Qohelet ကနေပြီး နေထက်[br]ပိုဝေးတဲ့ စကြဝဠာအကြောင်းပြောခဲ့တာက 0:07:39.569,0:07:42.410 နေ့ လက်အောက်မှာ ရှိနေကြတာတွေ 0:07:42.434,0:07:44.736 အကြောင်းထက်[br]ပိုမှန်နေပါတယ်။ 0:07:45.156,0:07:48.827 ထပ်နေတဲ့မဟာတေးသံ ရှိနေသမျှကာလပတ်လုံး 0:07:48.851,0:07:51.414 တချိန်လုံး ရှိလာခဲ့တာတွေဟာ 0:07:51.438,0:07:53.406 လက်တွေ့ ဖြစ်လာမယ့် အရာတွေပါပဲ။ 0:07:53.430,0:07:54.982 ပြီးတော့ အဲဒါတွေထဲမှာ 0:07:55.006,0:07:59.034 "ဟေဒကြည့်စမ်း၊ ဒါလေးက အသစ်ပဲ"လို့ ပြော[br]နိုင်စရာ ဘာမှ ရှိမှာမဟုတ်ပါဘူး။ 0:07:59.646,0:08:01.637 အဲဒါဘယ်လိုပဲဖြစ်ဖြစ်၊ 0:08:01.661,0:08:05.828 ထပ်ထပ်ဖြစ်နေမှု ကာလထဲက[br]တချိန်ချိန်မှာ၊ 0:08:05.852,0:08:09.537 အဲဒီတုန်းက အရေးမပါခဲ့တဲ့ [br]ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့ရာ၊ 0:08:09.561,0:08:11.760 ဘီလီယံနှစ်ချီ ကြာသွားတဲ့ နောက်မှာတောင်၊ 0:08:11.784,0:08:15.676 မိမိတို့ နေထိုင်ရာ ဂြိုလ်ထက် ကျော်လွန်တဲ့[br]နေရာကိုတောင် သက်ရောက်မှု မရှိခဲ့ပေမဲ့၊ 0:08:15.676,0:08:20.951 အဲဒါဟာ တဖြည်းဖြည်းချင်းနဲ့ အာကာသဆိုင်ရာ[br]ဆန်းသစ်မှုကို ဖြစ်ပေါ်လာစေနိုင်ခဲ့ပါတယ်။ 0:08:21.277,0:08:24.586 ဘဝရဲ့ မူလအစကို ဖန်တီးခဲ့တဲ့ ဖြစ်ရပ်ပါ- 0:08:25.102,0:08:28.204 ပထမဦးဆုံးဖြစ်ခဲ့တဲ့ မျိုးရိုးဗီဇ အသိပညာကို[br]ဖန်တီးပေးခဲ့တယ်၊ 0:08:28.228,0:08:31.085 ဇီဝလိုက်လျောညီထွေမှုများအတွက်[br]ကုဒ်ဖော်နည်းပါ၊ 0:08:31.109,0:08:33.109 ဆန်းသစ်မှုရဲ့ ကုဒ်ဖော်နည်းပါ။ 0:08:34.243,0:08:37.697 ကမ္ဘာဂြိုဟ်ပေါ်မှာကျတော့[br]၎င်းဟာ မျက်နှာပြင်ကို ပြောင်းပစ်ခဲ့တယ်။ 0:08:37.741,0:08:41.035 ဆဲလ်တစ်ခုတည်းရှိ အကောင်များထဲက[br]DNA တွင်းရှိ မျိုးရိုးဗီဇများက 0:08:41.035,0:08:43.097 အောက်ဆီဂျင်ကို လေထဲမှုတ်ထည့်ပေးခဲ့ကြတယ်၊ 0:08:43.097,0:08:44.709 CO2 ကို ထုတ်ယူခဲ့ကြပြီး 0:08:44.783,0:08:48.299 မြေကြီးထဲကို မြေဖြူနဲ့ သံသတ္တုရိုင်းတွေကို[br]ထည့်သွင်းပေးခဲ့ကြတယ်၊ 0:08:48.323,0:08:54.347 အဲဒီမျိုးရိုးဗီဇတွေကြောင့် မျက်နှာပြင်ပေါ်[br]ကုဗလက်မခန့် ရှိတဲ့ နေရာတွေဟာ 0:08:54.371,0:08:56.299 သက်ရောက်မှုမရှိဘဲ ကျန်ရစ်ခဲ့ကြတယ်။ 0:08:56.942,0:09:01.857 ကမ္ဘာဂြိုဟ်ဟာ အာကာသ စကေးနဲ့ ပြောရရင်[br]ဆန်းသစ်တဲ့ နေရာ ဖြစ်မလာခဲ့တောင်မှ 0:09:01.857,0:09:04.236 နားလည်ရန် ခဲယဉ်းတဲ့ နေရာတစ်ခု[br]ဖြစ်လာတာ အမှန်ပါပဲ။ 0:09:04.236,0:09:07.458 ဥပမာတစ်ခုအနေဖြင့်၊ ကမ္ဘာရဲ့ ပြင်ပတွင် 0:09:07.482,0:09:11.990 မတူကွဲပြားကြတဲ့ ဓာတုပစ္စည်းတွေဆိုလို့[br]ရာအနည်းငယ်မျှသာ ရှိကြပါတယ်။ 0:09:12.411,0:09:15.866 သက်ရှိဘဝ မရှိတဲ့ နေရာတွေမှာ[br]နောက်ထပ် နည်းနည်းပိုပြီး ရှိချင်ရှိမှာပါ။ 0:09:15.890,0:09:17.739 ဒါပေမဲ့ ကမ္ဘာမြေပေါ်မှာ ကျတော့ 0:09:17.763,0:09:21.474 ဆင့်ကဲဖြစ်စဉ်က ဘီလီယံချီရှိတဲ့ မျိုးစုံသော[br]ဓာတုပစ္စည်းတွေကို ဖန်တီးပေးခဲ့တယ်။ 0:09:21.843,0:09:24.905 ပြီးတော့ အဲဒီနောက်မှာ[br]ပထမဦးဆုံး အပင်တွေ၊ အကောင်တွေ၊ 0:09:24.929,0:09:29.738 အဲဒီနောက်ပိုင်းတွင် ကျုပ်တို့ရဲ့ ဘိုးဘေး[br]ဖြစ်ကြတဲ့ မျိုးစိတ်တွေကို 0:09:29.762,0:09:31.936 ဖန်တီးပေးခဲ့တယ်လို့ ခန့်မှန်း သိရှိရပါတယ်။ 0:09:31.936,0:09:34.944 ကျုပ်တို့ သိကြတဲ့ စကြဝဠ တစ်ခုလုံးအတွင်းမှာ[br]ပထမဦးဆုံးအကြိမ်ပါ။ 0:09:35.413,0:09:40.601 ရှင်းပြတဲ့ အသိပညာက ကျုပ်တို့ မျိုးစိတ်တွေ[br]ညီထွေစွာ ပြောင်းလဲခဲ့ပုံကို ပြသပေးတယ်။ 0:09:41.149,0:09:44.244 အဲဒါဟာ ဥပမာ DNA ထဲက နားလည်မရတဲ့[br]အသိပညာနဲ့ 0:09:44.268,0:09:46.506 မတူ ကွဲပြားပြီး 0:09:46.530,0:09:48.306 စကြဝဠာလုံးဆိုင်ရာ နိယာမပါ။ 0:09:48.330,0:09:51.864 ဒီတော့ ဆိုလိုချင်တာက၊[br]နားလည်လို့ ရနိုင်သမျှကို 0:09:51.868,0:09:55.348 ရှင်းပြနိုင်တဲ့ အသိပညာမှတစ်ဆင့်[br]နားလည်လို့ ရနိုင်တယ် ဆိုတဲ့အချက်ကိုပါ။ 0:09:55.348,0:09:58.871 အဲဒါထက်ပိုပြီး၊ ဘယ် ရုပ်ပိုင်းဆိုင်ရာ[br]ဖြစ်စဉ်ကိုမဆို 0:09:58.895,0:10:01.776 အဲဒီလို အသိပညာအားဖြင့်[br]ထိန်းချုပ်လို့ ရနိုင်ပါတယ်၊ 0:10:01.800,0:10:04.688 ရူပဗေဒဆိုင်ရာ နိယာမများကသာ[br]ကန့်သတ်နိုင်စွမ်း ရှိကြပါတယ်။ 0:10:05.228,0:10:08.999 ဒီလိုနည်းဖြင့် ရှင်းပြရေး အသိပညာကပါ 0:10:09.023,0:10:12.196 ကမ္ဘာကြီးရဲ့ မြေမျက်နှာပြင်ကို[br]စပြီး အသွင်ပြောင်းမှု စတင်ခဲ့တယ်။ 0:10:12.792,0:10:18.117 မကြာခင်မှာ ကမ္ဘာကြီးက ဂြိုဟ်မွှားတွေကို[br]ဆွဲဆောင်ရမယ့် အစား ဘေးကို ကန်ထုတ်ပစ်တဲ့ 0:10:18.141,0:10:23.556 စကြာဝဠထဲက တစ်ခုတည်းသော အရာအဖြစ်[br]ထင်ရှားတဲ့ အရာဖြစ်လာမှာပါ။ 0:10:24.300,0:10:27.713 Qohelet ဟာ သူ့ခေတ်ကာလတုန်းက[br]တိုးတက်ပြောင်းလဲမှုတွေ နှေးခဲ့လွန်းလို့ 0:10:27.737,0:10:31.632 သိနားလည်နိုင်စွမ်း မရှိခဲ့ဘဲ[br]လွဲမှားသွားမိခဲ့တာပါ။ 0:10:32.109,0:10:36.395 လူ့ဘဝထဲက ဆန်းသစ်မှုဟာလည်း[br]ရှားပါးခဲ့ပြီး သိပ်ကို နှေးကွေးခဲ့လို့၊ 0:10:36.419,0:10:39.125 မျိုးဆက် တစ်ဆက်အတွင်းမှာ[br]မှတ်မိရန် မလွယ်ခဲ့ပါ။ 0:10:39.149,0:10:41.093 ပြီးတော့ ဇီဝထုထဲမှားလည်း 0:10:41.117,0:10:44.825 ဆန်းသစ်တဲ့ မျိုးစိတ်တွေ ဆင့်ကဲ[br]ဖြစ်ပွားမှုဟာ ပိုလို့တောင် နှေးခဲ့တယ်။ 0:10:44.950,0:10:47.688 ဒါပေမဲ့ အဒီအရာနှစ်ရပ်စလုံး[br]ဖြစ်ပျက်လျက် ရှိနေခဲ့ကြပါပြီ။ 0:10:48.029,0:10:54.458 ဒါနဲ့ စကြဝဠာ တစ်ရပ်လုံးထဲတွင် [br]ပုံစံမပြောင်းထပ်နေမှု လွှမ်းမိုးနေချိန်မှာ 0:10:54.482,0:10:58.219 ကျုပ်တို့ ကမ္ဘာဂြိုဟ်က ဘာကများ[br]ပြောင်းပစ်ခဲ့တာလဲ။ 0:10:58.902,0:11:03.905 တကယ်တော့ စကြဝဠာဟာ ခြုံပြောရရင်[br]အတော်ကလေး ရိုးရှင်းပါတယ်။ 0:11:04.010,0:11:05.993 ကြယ်တွေဟာ ရိုးရှင်းကြပါတယ်၊ 0:11:06.047,0:11:09.823 ၎င်းတို့ရဲ့ လှုပ်ရှားပုံကို နှစ်ဘီလီယံချီ[br]ကျုပ်တို့ ကြိုတင်ဟောပေးနိုင်တယ်၊ 0:11:09.847,0:11:13.902 ပြီးတော့ ၎င်းတို့ ဖြစ်ပေါ်လာခဲ့ပုံကိုလည်း[br]နောက်ကို ခြေခရာခံ ဖေါ်ပြနိုင်ကြတယ်။ 0:11:14.061,0:11:16.370 ဘာဖြစ်လို့ စကြဝဠာဟာ ဒီလို ရိုးရှင်းနေတာလဲ။ 0:11:16.759,0:11:22.535 အဓိကအားဖြင့်၊ ၎င်းဟာ ကြီးမားလွန်းပြီး[br]ထထည်ကြီးပြီး စွမ်းအင် ကြီးမားလို့ 0:11:22.559,0:11:26.723 ပိုသေးတဲ့ အရာတွေအပေါ် သက်ရောက်မှု[br]ကြီးမားပြီး ပြောင်းပြန်ကျတော့ ဘာမှမရှိပါ။ 0:11:26.877,0:11:29.982 ကျွန်တော်က အဲဒါကို ကြီးစဉ်ငယ်လိုက်[br]အုပ်ချုပ်မှု ခေါ်ပါတယ်။ 0:11:30.006,0:11:33.236 ဥပမာဆိုပါစို့၊ ကြယ်တံခွန် တစ်ခုက[br]နေကို ထိတိုက်ခဲ့ရင်၊ 0:11:33.260,0:11:35.728 နေဟာ အရင်အတိုင်းပဲ ဆက်လည်ပတ်နေမှာပါ။ 0:11:35.752,0:11:38.570 ဒါပေမဲ့ ကြယ်တံခွန်ကျတော့ [br]အငွေ့ပျံပျောက်သွားမှာပါ။ 0:11:38.657,0:11:40.514 အလားတူ အကြောင်းရင်းကြောင့်ပဲ၊ 0:11:40.538,0:11:47.109 ကြီးမားတဲ့ အရာတွေဟာ သူတို့ထဲက သေးငယ်တဲ့[br]အပိုင်းအစ အသေးလေးတွေရဲ့ 0:11:47.133,0:11:48.910 သက်ရောက်မှုကို သိပ်မခံကြရပါ၊ 0:11:49.609,0:11:52.672 တနည်းအားဖြင့် ၎င်းတို့ရဲ့ [br]အပြုအမူ တစ်ရပ်လုံးဟာ 0:11:52.696,0:11:53.846 ရိုးရှင်းပါတယ်။ 0:11:54.165,0:11:57.561 မပြောင်းလဲကျန်ရစ်ခဲ့ကြတဲ့ အရာတွေဆီမှာ[br]အသစ်ဆိုလို့ 0:11:57.585,0:11:59.323 ဖြစ်ခဲ့တာမို့လို့ 0:11:59.347,0:12:04.652 ခုနက ပြောခဲ့တဲ့ ကြီးစဉ်ငယ်လိုက်[br]စည်းကမ်းချက်နှင့်အညီ 0:12:04.676,0:12:07.947 ကြီးမားတဲ့ အရာတွေဟာ ပုံစံမပြောင်း[br]ထပ်နေမှုကို ဖန်တီးပေးကြတယ်။ 0:12:08.473,0:12:11.910 ဒါပေမဲ့ ကယ်တင်ပေးမယ့် အရာက 0:12:11.934,0:12:15.316 ကြီးစဉ်ငယ်လိုက် စည်းမျဉ်းဟာ သဘာဝရဲ့[br]နိယာမ မဟုတ်ခြင်းပါပဲ။ 0:12:15.316,0:12:17.841 အဲဒါဟာ ကျုပ်တို့ရဲ့ နေရာမှလွဲပြီး[br]စကြာဝဠာထဲမှာ 0:12:17.845,0:12:20.117 အချိန်ကြာမြင့်စွာ ရှိနေခဲ့လို့ပါ။ 0:12:20.141,0:12:25.093 ကျုပ်တို့ရဲ့ ဇီဝထုထဲတွင် မော်လီကျူးအရွယ်[br]အရာဝတ္ထုတွေ၊ ဗီဇတွေဟာ 0:12:25.117,0:12:28.172 ကြီးမား ကျယ်ပြန့်လှတဲ့ [br]ရင်းမြစ်များကို ထိန်းချုပ်ထားကြတယ်။ 0:12:28.615,0:12:31.511 photosynthesis အတွက် ပေါ်လာတဲ့[br]ပထမဦးဆုံး ဗီဇများဟာ 0:12:31.535,0:12:34.282 သူတို့ဘာသာသူတို့ ပြန့်ပွားလာခဲ့နိုင်ပြီး 0:12:34.306,0:12:37.821 နောက်မှာ ကမ္ဘာဂြိုဟ်ရဲ့ မျက်နှာပြင်ကို[br]အသွင် ပြောင်းပစ်ခဲ့ကြပြီး 0:12:37.845,0:12:42.303 ကြီးစဉ်ငယ်လိုက် စည်းမျဉ်းကို ချိုးဖောက်[br]လိုက်ကြတယ်၊ သို့မဟုတ် လှန်ပစ်ခဲ့ကြလို့ 0:12:42.327,0:12:46.414 စိတ်ကူး မရနိုင်တဲ့ ၁၀ ဂဏန်းကို ထပ်ကိန်း[br]၄၀ အထိရှိတဲ့ စွမ်းအားနဲ့ လုပ်ခဲ့ကြတယ်။ 0:12:47.390,0:12:51.672 ရှင်းပြပေးရေး အသိပညာဟာ[br]မိမိစွမ်းပကားအရ များစွာ စွမ်းထက်ပါတယ်၊ 0:12:51.696,0:12:53.331 စကြဝဠာ သဘောကို ဆောင်လို့ပါ၊ 0:12:53.355,0:12:55.712 ပိုလျင်မြန်စွာ ဖန်တီးရနိုင်လို့ပါ။ 0:12:55.712,0:12:58.917 လူ့အသိပညာက ၁၀ ဂဏန်း ထပ်ကိန်း ၄၀[br]အထိကို တက်လှမ်းနိုင်ပါက 0:12:58.925,0:13:02.515 ၎င်းဟာ နဂါးငွေ့တန်း တစ်ခုလုံးကို[br]ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှာပါ၊ 0:13:02.539,0:13:05.817 အဲဒီထက်ကို ကျော်လွန်ပြီး[br]လှမ်းမျှော်ကြည့်မှာပါ။ 0:13:05.841,0:13:08.268 ဒီတော့ လူသားတွေဟာ 0:13:08.292,0:13:12.958 ပြီးတော့ ရှင်းပြနိုင်စွမ်း ရှိကြတဲ့ သက်ရှိ[br]တစ်နေရာရာမှာ ရှိကြသေးတယ် ဆိုရင်၊ 0:13:12.982,0:13:16.754 စကြဝဠာကို ဆန်းသစ်ပေးကြမယ့်[br]နောက်ဆုံးသူတွေ ဖြစ်ကြမှာပါ။ 0:13:16.754,0:13:21.002 ကျုပ်တို့ကမှ အကြောင်းရင်းရော[br]ရယူရာ နည်းစနစ်တွေပါ ဖြစ်ကြလို့ 0:13:21.026,0:13:27.006 ဆန်းသစ်မှုနှင့် ဖန်တီးမှု၊ [br]အသိပညာ၊ တိုးတက်မှုတို့ဟာ 0:13:27.030,0:13:32.535 ရှေ့မှာ ပန်းတိုင်တွေကို ချမှတ်နိုင်ကြပြီး[br]ကြီးမားတဲ့ ရုပ်ပိုင်း သက်ရောက်မှု ရှိတယ်။ 0:13:33.514,0:13:36.363 လူသားတို့ရဲ့ ရှုထောင့်မှကြည့်ရင်၊ 0:13:36.387,0:13:40.593 ငြိမ်နေကြတဲ့ လူ့အဖွဲ့အစည်းတွေအတွက်[br]အစားထိုးစရာ တစ်ခုတည်းမှာ 0:13:40.617,0:13:45.204 တချိန်လုံး အတွေးအခေါ် အသစ်တွေ၊ 0:13:45.228,0:13:48.309 အပြုအမူတွေ၊ အရာဝတ္ထု[br]အသစ်တွေကို ဖန်တီးမှုပါပဲ။ 0:13:48.428,0:13:50.862 ဒီစက်ရုပ်ဟာ မကြာခင်မှာ[br]ဟောင်းနွမ်းသွားလိမ့်မယ်၊ 0:13:50.886,0:13:54.900 အသိပညာအသစ်တွေ၊ တိုးတက်မှုတွေ[br]ရောက်လာကြမှာမို့လို့ပါ။ 0:13:55.524,0:13:59.410 ဒါပေမဲ့ အာသာသရဲ့ ရှုထောင့်မှ ကြည့်ရင်၊ 0:13:59.434,0:14:04.188 ရှင်းပြနိုင်တဲ့ အသိပညာဟာ ကြီးစဉ်ငယ်လိုက်[br]စည်းမျဉ်းရဲ့ ရှောင်မရတဲ့ နိဂုံးပါ။ 0:14:04.752,0:14:07.486 ၎င်းဟာ ထပ်နေတဲ့မဟာတေးသံကို[br]ဖျက်ဆီးပစ်မယ့်သူပါ။ 0:14:08.379,0:14:13.545 အဲဒါကြောင့် ၎င်းဟာ လာမယ့် အာကာသခေတ်ကို 0:14:13.569,0:14:15.945 ပြီးတော့ Anthropocene ခေတ်ကို[br]ဖန်တီးပေးမယ့်သူပါ။ 0:14:15.966,0:14:19.339 တစ်ယောက်ယောက်က အာကာသစစ်[br]အကြောင်းကို ပြောလာရင်၊ 0:14:19.363,0:14:22.768 စိတ်ပျက်စရာ ပုံပြင်များထဲက စစ်ပွဲတွေကို[br]မဆိုလိုချင်ပါဘူး။ 0:14:22.792,0:14:27.506 တကယ့်စစ်ပွဲက ပုံစံမပြောင်းထပ်နေမှုနှင့်[br]ဆန်းသစ်မှု အကြား၊ 0:14:27.530,0:14:30.962 ငြိမ်သက်မှုနဲ့ တီထွင်ဖန်တီးမှု[br]အကြားက စစ်ပွဲပါ။ 0:14:31.633,0:14:33.664 အဲဒီစစ်ထဲမှာကျတော့၊ 0:14:33.688,0:14:37.516 ကျုပ်တို့ရဲ့ ဘက်ဟာ[br]ရှုံးမယ့်သူ မဖြစ်နိုင်ပါ။ 0:14:37.516,0:14:45.395 ကျုပ်တို့ဟာ ကျုပ်တို့ရဲ့ သူမတူ ထူးခြားတဲ့ [br]ရှင်းပြရေးအသိပညာကို အသုံးချကြမယ်ဆိုရင်၊ 0:14:45.419,0:14:47.394 ကျုပ်တို့ နိုင်နိုင်ပါတယ်။ 0:14:48.175,0:14:49.325 ကျေးဇူးတင်ပါတယ်။ 0:14:50.095,0:14:56.595 (လက်ခုပ်သံများ)