ကျွန်မကသမိုင်းပညာရှင်ပါ
သမိုင်းပညာရှင်ဖြစ်ရတာကို ချစ်တဲ့အချက်ကတော့
ရှင်တို့ကိုအမြင်တွေပေးနိုင်လို့ပါ။
ဒီနေ့မှာ ကျွန်မက ရှင်တို့ကို အမေရိကန်
ပြည်ထောင်စုက ပညာရေးပေါ်အမြင်ကိုပြောပါမယ်။
လူတွေ သဘောတူနိုင်တဲ့ တစ်ခုတည်းသောအရာက
ကလေးတစ်ယောက်အတွက်
သင်ယူခြင်းစဖို့ အကောင်းဆုံးအချိန်ဟာ
အစောပိုင်းအချိန်ဖြစ်တယ်ဆိုတာပါ။
ပြီးခဲ့တဲ့ နှစ်၅၀ကျော်တုန်းက
အမေရိကန်မှာ Head Sart လို့
အမည်ရတဲ့ အရေးပါတဲ့ အပြောင်းအလဲ
ကာလတစ်ခု ဖြစ်ခဲ့တယ်။
သမိုင်းပညာရှင်တွေက
ဒီကာလတွေကိုတန်ဖိုးထားတယ်
အကြောင်းက အဲဒီကာလမတိုင်ခင်နဲ့
နောက်ပိုင်းတွေမှာ ဖြစ်ခဲ့တာကို
ပြောဖို့လွယ်အောင် လုပ်ပေးလို့ပါ။
Head Start မတိုင်ခင်တုန်းက
အခြေခံအားဖြင့် ဘာမဟုတ်ခဲ့ဘူး
Head Start ခေတ်ကျတော့
ကလေးတွေကို ကျောင်းထားရတာ အသင့်ဖြစ်စေဖို့
နိုင်ငံရဲ့ အစွန့်စားရဆုံးနဲ့ စခဲ့တယ်။
Head Start စကတည်းက ကျွန်မတို့
ခြေလှမ်းကျဲကျဲနဲ့လှမ်းခဲ့တယ်၊
ဒါပေမဲ့ အမေရိကန်မှာ ကျောင်းစောစော
မထားနိုင်တဲ့ ကလေးတွေ
၂ ဒသမ ၂ သန်းလောက်ရှိနေတုန်းပဲ။
(သို့) လေးနှစ်အရွယ်ကလေးအားလုံးရဲ့
တစ်ဝက်ကျော်လောက်ပေါ့
ဒါက ပြဿနာတစ်ခုပါ။
ဒါပေမဲ့ ပိုကြီးတဲ့ပြသနာက ကလေးတွေ
ဘာဆက်ဖြစ်မယ် ဆိုတာကို ကျွန်မတို့သိနေတာပါ။
အခြေခံအရည်ချင်းမရှိပဲ ကျောင်းရောက်သွားတဲ့
ကလေးတွေရဲ့ဘေးက
၂၅ ရာခိုင်နှုန်းကျော်ဟာ
ကျောင်းထွက်ဖို့ ဖြစ်နိုင်ခြေရှိတာပါ။
၄၀ရာခိုင်နှုန်းဟာ ဆယ်ကျော်သက်
မိဘတွေဖြစ်နိုင်ပြီးတော့
ကောလိပ်ဆက်တက်ဖို့ ၆၀ ရာခိုင်နှုန်းတောင်
ဖြစ်နိုင်ခြေမရှိတာပါ။
ဒီတော့ ကလေးတွေကို စောစော
ကျောင်းထားဖို့ အရေးကြီးပုံကို သိရင်
ဘာလို့ ကလေးအားလုံး ဒီအကျိုးမခံစားရမှာလဲ။
ကျွန်မတို့ တွေ့ရှိထားတဲ့ ဖြေရှင်း
နည်းတွေနဲ့ကို ဖြေရှင်းလို့ကို မရနိုင်တဲ့
အတားအဆီးတွေ ရှိပါတယ်။
မြေပြင်အနေထား၊ ကျေးလက်နဲ့
ဝေးလွန်းတဲ့နေရာတွေကို တွေးကြည့်ပါ
ပို့ဆောင်ရေး၊ မိဘတွေက နေရာတိုင်းမှာ
အလုပ်လုပ်နေကြတာ တွေးကြည့်ပါ။
မိဘတွေ ရွေးချယ်မှု၊ ဘယ်ပြည်နယ်ကမှ
လေးနှစ်ကလေးကို ကျောင်းသွားဖို့ မလိုဘူး။
ကုန်ကျမှုမှာတော့ မူကြိုကလေးတစ်ယောက်အတွက်
ပြည်နယ်တစ်ခုရဲ့ကုန်ကျစရိတ်ဟာ
တစ်နှစ်ကို ဒေါ်လာ ၅၀၀၀ ရှိတယ်
ဒီတော့ကျွန်မပြသနာတွေပဲထိုင်ပြောနေတာလားပေါ့
အဲလိုမဟုတ်ပါဘူး
ဒီနေ့ စရိတ်လည်းသက်သာ၊နည်းပညာအကူညီလည်းရတဲ့
အိမ်တွင်းမူကြိုကလေးအသင့်ဖြစ်နည်း
အကြောင်းပြောပြပါမယ်။
ဒါက UPSTART လို့ခေါ်ပါတယ်၊
အမေရိကန်က မူကြိုကလေးပေါင်း
၆၀၀၀၀ ကျော်ကိုသုံးနေတဲ့အစီစဉ်ပါ၊
အခုရှင်တို့ဘာတွေးနေလဲ ကျွန်မသိပါတယ်၊
အမျိုးသားရေးပြသနာမှာ နည်းပညာတွေ
နဲ့လာရှုပ်တဲ့ နောက်တစ်ယောက်လာပြန်ပြီလို့လေ
နည်းနည်းတော့မှန်ပါတယ်
ကလေးတွေ သူ့တို့ဘာသာသင်ယူနိုင်အောင်
တစ်ဦးချင်း ညွန်ကြားချက်ပေးဖို့
ပုံစံထုတ်ထားတဲ့ရှေးဦးသင်ယူရေး
ဆော့ဖ်ဝဲတစ်ခုကိုတီထွင်ခဲ့ပါတယ်။
အဲလိုလုပ်ဖို့ နယ်ပယ်ပေါင်းစုံက
ကျွမ်းကျင်သူတွေကုိုအမှီပြုခဲ့ရတယ်၊
စာဖတ်ခြင်းကနေ လူမှုရေး ဖွံ့ဖြိုးမှု၊
ဦးနှောက်သိပ္ပံ ဖွံ့ဖြိုးမှုတွေရော အစုံပဲ။
ဆော့ဖ်ဝဲက ဘယ်ပုံစံ၊ဘယ်လိုအလုပ်လုပ်လဲ
ဆိုတာတွေကို ကျွန်မတို့ကိုပြောပြဖို့လေ
ဒီမှာ နမူနာပြထားတယ်
(ဗီဒီယို) Zero ( "Day-O" အလိုက်
သီချင်းဆိုသည်) သုည
သုည
သုညဆိုတာတခြားဂဏန်းတွေနဲ့ မတူပါကွယ်
Seagulls: အဝိုင်းကြီးကြီး"O"အက္ခရာပဲကွယ်
Zero : ၁ နဲ့မတူတာကို မင်းတွေ့ရမှာ သေချာတယ်
Seagulls: အဝိုင်းကြီးကြီး"O"အက္ခရာပဲကွယ်
(ရယ်သံများ)
Claudia: ဒါကတော့ "The Zero Song" ပါ။
(ရယ်သံများ)
ဒီတစ်ခုက Odd Todd နဲ့ Even Steven တို့က
သင့်ကို ဂဏန်းတွေ သင်ပေးတဲ့အရာပါ
ဒါက Word Birds တေွပါ။
စာလုံး အသံတွေကို အတူတူ ရောလိုက်ရင်
ဘာထွက်လာမယ်ဆိုတာပြပေးလိမ့်မယ်၊
စာလုံး ဖွဲ့နိုင်တယ်
ညွှန်ကြားချက်က တိုပြီး ၊အရောင်စုံကာ
မှတ်မိလွယ်တယ် ဆိုတာကိုတွေ့မှာပါ
ကလေးတွေရဲ့အာရုံစိုက်မှုရအောင်
ဒီဇိုင်းဆွဲထားတာပါ။
ဒါပေမဲ့ ဒါကို ခြားနားစေပြီး
ပိုပြီးတော့ အကျိုးရှိတဲ့ UPSTART ရဲ့
အခြားတစ်ခုရှိသေးတယ်။
UPSTART က ကလေးရဲ့ပညာရေးမှာ
မိဘတွေကို တာဝန်ယူခိုင်းလိုက်တယ်
ယုံကြည်မိတာက မှန်ကန်တဲ့ ထောက်ပံ့မှုနဲ့ဆို
မိဘတွေအကုန်လုံး ကလေးတွေအတွက်
ကျောင်းထားဖို့အဆင်သင့်ဖြစ်နိုင်တာကိုပါ။
ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ပြထားပါတယ်
ပြည်နယ်တစ်ခုက သူငယ်တန်း ကလေးတွေ
အတွက် ပြင်ဆင်ထားပုံပါ
ပြည်နယ်တိုင်းလိုလိုမှာ တစ်ကျောင်းရှိတယ်။
မိဘတွေရှိတဲ့ နေရာတိုင်းကို
ကျွန်မတို့သွားတယ်။
အဖွဲ့လိုက်လေ့ကျင့်ရေးတွေမှာ
အဖြေရှာဖို့လုပ်တယ်
ဒီဆော့ဖ်ဝဲဟာ စာဖတ်နှုန်း၊သချင်္ာနဲ့
သိပ္ပံ အကုန်စစ်ပေးလို့ရတယ်ဆိုတာပြောပြတယ်
ဒါပေမဲ့ ကိုယ်နဲ့လုပ်ရမယ့် ကျွမ်းကျင်မှုတွေ
ကျတော့ ကိုယ်တိုင်တာဝန်ယူကြရမယ်
ပြီးရင် အတူစုပြီး လူမှုရေး၊
စိတ်ခံစားမှုသင်ကြားရေးကို ဆက်လုပ်မယ်
အခု ဒါက အလုပ်ဖြစ်နေတာသိတာက
ဒီပရိုဂရမ်အတွက် ၉၀ ရာခိုင်နှုန်း
လောက်ပြီးစီးနေတာကြောင့်ပါ။
မနှစ်က အကောင်အထည်ပေါ်ခဲ့တာက UPSTART ကနေ
ကလေးပေါင်း ၁၃၅၀၀ ဒီပလိုမာရတာပါ။
အံ့သြဖို့ကောင်းတဲ့ရလဒ်ပါပဲ
ကျွန်မတို့အစီစဉ်မှာပါတဲ့ ကလေးတွေဟာ
အစီအစဉ်မှာ မပါတဲ့ သာမန်ကလေးတွေထက်
၂ဆ ၃ဆ လောက်ကို ပိုပြီး
သင်ယူနိုင်တယ်ဆိုတာကို ပြသတဲ့
ပြင်ပ အကဲဖြတ်ချက်တစ်ခုရှိတယ်။
ထိံရောက်မှုရဲ့ ခိုင်မာတဲ့ အထောက်အထားကို
ပြတဲ့ ကျပန်း ထိန်းချုပ် စစ်ဆေးမှုတစ်ခုနဲ့
ကလေးတွေဟာ နောက်ဆုံး တတိယ၊ စတုတ္ထအဆင့်
ရတာကို ပြသတဲ့ ဒေါင်လိုက်
လေ့လာမှုတစ်ခုတောင်ရှိပါတယ်။
အဲဒီအချိန်က ကလေးတွေ
ရရှိဖူးတဲ့ အမြင့်ဆုံး အဆင့်တွေပါ။
အဲဒါတွေက ပညာရပ်ဆိုင်ရာ ရလဒ်တွေပါ။
ဒါပေမဲ့ တခြားလေ့လာထားချက်တွေအရ
ကျွန်မတို့ကလေးတွေရဲ့စိတ်စွမ်းရည် ရရှိမှုဟာ
အများပိုင်ကျောင်၊ ပုဂ္ဂလိကကျောင်းတွေက
ကလေးတွေနဲ့ အတူတူပဲဆိုတာ ပြသထားတယ်။
UPSTART မှာ ပါဝင်ကြတဲ့ ကလေးပေါင်း
၆ သောင်းထဲက အများစုဟာ
Utah ပြည်နယ်ကပါ
ဒါပေမဲ့ ရလဒ်တွေကို Mississippi က
အာဖရိကန်အမေရိကန်
ကလေးတွေနဲ့ ပုံတူပွားထားတယ်၊
ဒီပုံက Kingstonနဲ့ သူ့အမေပါ
Arizona မှာနေတဲ့ အင်္ဂလိပ်စာသင်နေသူတွေပေါ့
ဒီပုံက Daisy နဲ့ သူ့မိသားစုပုံပါ၊
Philadelphiaက ဒုက္ခသည်တွေ လေးတွေနဲ့ပါ၊
ကျွန်မအကြိုက်ဆုံး ဘွဲယူတဲ့ ပုံလေးပါ။
အမေရိကန်ရဲ့ ဝေးလံခေါင်ဖျားတဲ့အရပ်တွေက
ဒေသခံအမေရိကန်ကလေးတွေလည်းပါပါတယ်။
ဒါက Cherise ပါ၊ ဒါက သူနေတဲ့
Monument Valley ပါ။
UPSTART ကို မယုံကြည်ကြသူတွေလည်းရှိပါတယ်
တချို့တွေက ကလေးတွေမှာ ပုံတွေကြည့်တဲ့
အချိန် မရှိသင့်ဘူးလို့ ယုံကြည်တယ်။
သူတို့ကို ကျွန်မပြောချင်တာက
UPSTART ကိုအချိန်ပေးရတာဟာ တစ်နေ့ကို
၁၅မိနစ်နဲ့ တစ်ပတ်ကို ၅ ရက်တည်းပါ
အမေရိကန်ကလေးဆေးပညာအကယ်ဒမီက ၄ နှစ်အရွယ်
ကလေးတွေ အတွက်သတ်မှတ်တဲ့ တစ်နေ့ တစ်နာရီ
စံနှုန်းထဲဝင်ပါတယ်
တချို့တွေက နေရာတကျရှိတဲ့ မူကြိုတွေကျောင်း
တွေကသာ အလုပ်ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်၊
ကျွန်မတို့ ပြောတာက နေရာတကျရှိတဲ့
ကျောင်းတွကောင်းပေမဲ့
ကလေးကို အဲဒီကိုမပို့နိုင်ဘူး၊
မိဘတွေက အဲဒီကို မသွားနိုင်ဘူးဆိုရင်
ဒါဟာနည်းပညာက ပို့ဆောင်တဲ့၊ရလဒ်အခြေခံတဲ့
ရွေးချယ်မှု အပြောင်းအလဲဟုတ်ပါ့မလား။
နေရာတကျရှိတဲ့ကျောင်းတွေနဲ့ တွဲလုပ်ရတာကို
သဘောကျပါတယ်
အခု Mississippi က ကလေးပေါင်း ၈၀၀ ခန့်ဟာ
Head Start နေ့ကျောင်းတွေကို သွားတက်နေကြတယ်
ညဆိုရင်တော့မိသားစုနဲ့ UPSTART မှာ
လေ့ကျင့်ကြတယ်။
ကျွန်မတို့ရဲ့ ရဲရင့်တဲ့ မျှော်လင့်ချက်က
UPSTARTကို တစ်နိုင်လုံးသုံးဖို့ပါ
ဘယ်အရာကိုမှအစားထိုးဖို့မဟုတ်ပါဘူး
ဒီလိုမှမဟုတ်ရင် စောစောပညာမသင်နိုင်တဲ့
ကလေးတွေအတွက်ဝန်ဆောင်မှုပေးချင်တာပါ။
မကောင်းမြင်မှုတွေကို ရင်ဆိုင်ဖို့
သတ္တိတွေရှိပါတယ်၊
အလုပ်လုပ်ဖို့ စွမ်းအင်တွေရှိတယ်
အစီစဉ်တစ်ခုလည်းရှိပါတယ်၊
ဒါဟာ သူတို့ကလေးတွေကို ပညာသင်
ပေးဖို့ ပြည်နယ်တွေရဲ့အခန်းကဏ္ဍပါ။
အရင်ဆုံး ကျွန်မတို့ပရဟိတလှူထားတာတွေကို
ထုတ်သုံးမယ်
ပြည်နယ်တစ်ခုချင်းဆီကိုသွားပြီး
အချက်လက်တွေစုဖို့ပေါ့။
ပြည်နယ်တိုင်းက ဒီထူးခြားမှုကို
ယုံကြည်ကြတယ်။
ရင်းနှီးမြှုပ်နှံမှုမလုပ်ခင်မှာ ဒီအစီအစဉ်က
ကလေးတွေအတွက် အလုပ်ဖြစ်လားကိုလည်း
သိချင်ကြပါတယ်။
ဒီနောက် ရွေးချယ်မှုတစ်ခုဖြစ် လိုနေသေးတဲ့
ကလေးတွေအတွက် UPSTART ကို ရပ်တည်ကာကွယ်ဖို့
ပြည်နယ်ထဲက အဓိက ခေါင်းဆောင်တွေ ရှာခဲ့တယ်။
နောက် အတူစုပြီး ပြည်နယ်
ဥပဒေပြုတွေဆီအတူသွားတယ်။
ပရဟိတကနေ UPSTART ကို ကူးဖို့
အတည်တကျဖြစ်မယ့်
ရန်ပုံငွေအဖြစ်ပြောင်းလဲဖို့ပါ။
အဲဒီအစီစဉ်အလုပ်ဖြစ်ခဲ့ပါတယ်
(လက်ခုပ်သံများ)
ကျေးဇူးပါပဲ
ကျေးဇူးတင်ပါတယ်
ပြည်နယ်၃ခုမှာတော့ အလုပ်ဖြစ်ပါပြီ။
Utah, Indiana နဲ့ South Carolina တို့ပါ
ပြည်နယ်အတော်များများမှာလည်း
ရနိုင်အောင်အစမျိုးခဲ့ပြီး
ချန်ပီယံတွေကို ရှာတွေ့ခဲ့တယ်။
နောက်ထပ် အစီစဉ်ကိုအကောင်ထည်ဖော်ဖို့
ပထဝီအနေထား ကန့်သန့်ချက် အများဆုံးနဲ့
ပြည်နယ်တွေဆီကို သွားနေကြပါပြီ
နောက်ပြီး ပညာတော့စောစောသင်ခွင့်ရပေမဲ့
ပညာရေး ရလဒ်မကောင်းသေးတဲ့
ပြည်နယ်တွေ
ဝယ်ယူ ပါဝင်လိုတဲ့မိဘတွေဆီကိုလည်း
ရောက်ခဲ့တယ်။
ဒီကနေ ဒေတာအများဆုံးလိုအပ်ပြီး
စည်းရုံးဖို့ လုပ်ကြမယ့််
ပြည်နယ်တွေဆီကို သွားပါတယ်။
ကျွန်မတို့ရဲ့အလျဉ်ဟာဒီရေလိုပဲ တက်တက်လာဖို့
မျှော်လင့်ပါတယ်
၅နှစ်အတွင်း ကလေးပေါင်း၁သန်းရဲ့
လေးပုံတစ်ပုံလောက်ထိရည်မှန်းတယ်။
ပြည်နယ်တွေအနေနဲ့UPSTARTကို
ဆက်လုပ်ကြမယ်လို့ ယုံကြည်ပါတယ်
ဒီမှာ ရှင်တို့ဒီလိုကူညီနိုင်ပုံပါ။
ဒေါ်လာ၂၀၀၀နဲ့ဆို
ကလေးတစ်ယောက်အတွက် ကွန်ပျူတာနဲ့
အင်တာနက်ဆင်ပေးနိုင်တယ်
ဒီကလေးဟာ အစပျိုးမှုရဲ့အစိတ်အပိုင်းဖြစ်ပြီး
တခြားကလေးတွေကိုလည်း UPSTARTမှာပါဖို့
ပြုလုပ်နိုင်ပါမယ်
အစိုးရကိုတွန်းအားပေးဖို့ တက်ကြွတဲ့
နိုင်ငံသားတွေကိုလိုအပ်ပါတယ်
ကျွန်မတို့ကလေးတွေ ကျောင်းစတက်ဖို့ အဆင်သင့်
ဖြစ်နေတာဘယ်လောက်လွယ်နေတာတွေ့ရမယ်
တက်ကြွတဲ့နိုင်ငံသားမဟုတ်ရင် ဒီမှာ
ရောက်နေမှာမဟုတ်ဘူးလေ
အဲဒါကြောင့်ရှင်တို့ကိုအကူညီတောင်းတာပါ
ကလေးတွေစောစီးစွာ ပညာသင်ကြရဖို့
ကျွန်မတို့UPSTARTကိုပေါင်းလုပ်ကြမလား
ပြိုင်တူတွန်းနိုင်မယ်လို့ယုံကြည်ပါတယ်
ဒါပေမဲ့ ၏ကျွန်မတစ်ခုတော့ပြောနိုင်ပါတယ်
UPSTARTဟာကျောင်းနေဖို့အသင့်
မဖြစ်သေးသူတွေအတွက်
အရေးပါတဲ့အပြောင်းလဲတစ်ခု
ဖြစ်တယ်ဆိုတာပါပဲ
ကျေးဇူးတင်ပါတယ်
(လက်ခုပ်သံများ)