ကျင်းမေဟာ သူ့အဒေါ် အန်းမေရဲ့ အိမ်ထဲက မာကျောက်ဝိုင်းရဲ့ အရှေ့ဘက် ထောင့်မှာ အင်တင်တင်နဲ့ ထိုင်လိုက်တယ်။ မြောက်၊ တောင်နဲ့ အနောက်ဘက်မှာတော့ သူ့အဒေါ်တွေပါ။ Joy Luck Club ရဲ့ သက်တမ်းရှည် အဖွဲ့ဝင်တွေပါ။ ဒီရွေ့ပြောင်းလာတဲ့ မိသားစု အစုဟာ အတင်းအဖျင်းဖလှယ်ဖို့ အပတ်စဉ် လာစုကြတယ်။ ဝမ်တုန်နဲ့ ချိမြိန်တဲ့ ချာရှာ တွေကို တပျော်တပါး စားသောက်ပြီး မာကျောက် ကစားတယ်။ သို့ပေမည့် ဒီအသင်း တည်ထောင်သူ ကျင်းမေရဲ့ မိခင် စုရွမ်က မကြာခင်က ကွယ်လွန်သွားခဲ့တယ်။ ပထမတော့ ဝိုင်းမှာ သူ့နေရာကို ဖြည့်ဖို့ ကျင်းမေက ကြိုးပမ်းတယ်။ ဒါပေမဲ့ အဒေါ်တွေက နက်နက် ဖုံးထားတဲ့ စုရွမ်ရဲ့ဘဝလျှို့ဝှက်ချက်ကို ဖွင့်ဟတဲ့အခါ ကျင်းမေဟာ သူ့အမေနဲ့သူကိုယ်တိုင်ရဲ့အကြောင်း ကို အများကြီး လေ့လာဖို့လိုသေးတာ သိသွားတယ်။ Amy Tan ရဲ့ ၁၉၈၉ ပွဲဦးထွက် ဝတ္ထုရှည် "The Joy Luck Club" ထဲမှာ မာကျောက်ဝိုင်းက ဒီတွေ့ဆုံပွဲဟာ ဆက်နွယ်နေတဲ့ စာမွန် အစဉ်အတန်းတစ်ခု အတွက် တာထွက်အမှတ်ပါ။ စာအုပ်ကိုယ်၌က တရုတ် ကစားနည်းရဲ့ ပုံစံကို တုပဖို့ လျော့ရဲရဲ တည်ဆောက်ထားတာပါ။ မာကျောက်ဟာ အနည်းဆုံး တစ်ပွဲကို ဖဲလေးလက်နဲ့ လေးချီ ကစားရသလို စာအုပ်ကို လေးပိုင်း ပိုင်းထားပြီး တစ်ပိုင်းစီမှာ အခန်းလေးခန်းပါတယ်။ တရုတ်နဲ့ ဆန်ဖရစ္စကိုမှာ တစ်လှည့်စီ ဇာတ်အိမ်တည်ပြီး အခန်းတိုင်းက Joy Luck Club (သို့) သူတို့ရဲ့ အမေရိကန်မှာ မွေးတဲ့ သမီးတွေရဲ့ အမျိုးသမီး အိမ်ဦးစီး လေးယောက်ထဲက တစ်ဦးစီရဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြတယ်။ ဒီဇာတ်လမ်းတွေက စာဖတ်သူတွေကို စစ်ဇုန်တွေ၊ တရုတ်ကျေးလက်ရဲ့ ရွာတွေကနေ ခေတ်သစ်လက်ထပ်ပွဲတွေ၊ညစာထမင်းဝိုင်းနားက စိတ်အိုက်စရာ တွေ့ဆုံပွဲတွေဆီခေါ်သွားတယ်။ ဒါတွေက ရှင်ကျန်မှု၊ ဆုံးရှုံးမှု၊အချစ်နဲ့ အချစ်ကင်းမဲ့မှု၊ ရည်မှန်းချက်တွေနဲ့ ကျေနပ်စရာမရှိတဲ့လက်တွေဘဝ အကြောင်းအရာတွေကို တို့ထိထားတယ်။ တစ်ပုဒ်မှာ အဒေါ် လင်းက အလားအလာရှိတဲ့ ခင်ပွန်းရဲ့ ရန်လိုတဲ့ မိသားစုကနေ လွတ်မြောက်မှတစ်ခု၊ နောက်ဆုံး သူ့ကို အမေရိကကို ရောက်ခွင့်ပေးတာကို ဇာတ်ကွက်ဆင်တယ်။ နောက်တစ်ခုထဲမှာ ရို့စ်ဟာ သူ့အမေက သူ့ကို အပ်နှင်းတဲ့ တာဝန်တွေနဲ့ပိသွားတဲ့အခါ ကမ်းခြေက ဆု မိသားစုရဲ့ အမေရိကန် အားလုံး နေ့ဟာ သေရေးရှင်တမျှဖြစ်သွားတယ်။ အကျိုးဆက် အဖြစ်ဆိုးဟာ လာမယ့် နှစ်များစွာ မိသားစုကို သောကရောက်စေတယ်။ ဒီဖြစ်စဉ်တွေက မျိုးဆက်တွေ၊ ယဉ်ကျေးမှုတွေ အထူးသဖြင့် ရွှေ့ပြောင်းမိသားစုတွေကြားမှာ ပုံဖော်နိုင် တဲ့ ဘုံခွဲခြားမှုတွေကိုသာဓကဆောင်တယ်။ မိခင်တွေဟာ တရုတ်ပြည်က ဘဝတွေအတွင်း ဆင်းရဲဒုက္ခအားလုံးကို ကြုံတွေ့ခဲ့ပြီး အမေရိကမှာ ကလေးတွေကို ပိုသာတဲ့ အခွင့်အလမ်းတွေပေးဖို့ မမောမပန်း အလုပ်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သမီးတွေက မိဘတွေရဲ့မပြည့်ဝတဲ့ ဆန္ဒတွေ၊ မြင့်မားတဲ့မျှော်မှန်းချက်တွေနဲ့ ဝန်ပိနေတယ်လို့ ခံစားရတယ်။ ကျင်းမေဟာ သူ့အမေရဲ့ မိတ်ဆွေတွေနဲ့ မာကျောက် ကစားစဉ်မှာ စိတ်ဖိစီးမှုဖြစ်တယ်။ သူ ပူပန်တာက "ငါ့အနေနဲ့ သူတို့ဟာ သမီးအရင်းတွေကို အမေရိကကို သူတို့ယူလာတဲ့ အမှန်တရားတွေနဲ့ မျှော်လင့်ချက်တွေကို မသိနားမလည်၊ မေ့နေတယ်လို့ မြင်ကြတယ်။" ထပ်ပြောရရင် မိခင်တွေဟာ သမီးတွေကို သူတို့ သမိုင်းနဲ့ အမွေအနှစ်ကို သတိပေးဖို့အားထုတ်ကြတယ်။ တစ်ချိန်တည်းမှာ သမီးတွေဟာ မိခင်တွေရဲ့အမြင်ကို သူတို့ တကယ်ဖြစ်နေတာနဲ့ စေ့စပ်ပေးဖို့ ရုန်းကန်ကြတယ်။ တချို့ဇာတ်လမ်းမှာ မေးတာက "ငါ့သမီးက ငါ့ကို သိရဲ့လား။" အခြားဟာတွေက တုံ့ပြန်တာက "ဘာကြောင့် ငါအမေက နားမလည်တာလဲ။" သူ့ရဲ့ ဒီမေးခွန်းတွေကို စစ်ကြောမှုမှာ Tan ဟာ သူတို့ဇာတိမြေကနေ ကင်းကွာပြီး မွေးစားတိုင်းပြည်ကနေ အဆက်ပြတ်တယ်လို့ပါ ခံစားနေရတဲ့ များစွာသော ရွှေ့ပြောင်းသူတွေကို ဖိစီးစေတဲ့ ပူပန်မှုတွေကို ပြောပြတာပါ။ ဒါပေမဲ့ ဒီမိခင် လေးယောက်နဲ့ သမီးတွေရဲ့ ဇာတ်လမ်းတွေကို အတူ ယှက်ဖွဲ့ခြင်းနဲ့ ကျင်းမေနဲ့ သူ့ဖော်တွေဟာ သူ့တို့ရဲ့အမေတွေက လက်ဆင့်ကမ်းပေးတဲ့တန်ဖိုးတွေကနေ သူတို့ရဲ့ လက်ရှိခေတ် ပြဿနာတွေဖြေရှင်း ဖို့ အားအင်တွေ့ရှိတာကို Tan က သိသာစေတာပါ။ "The Joy Luck Club" ကို ပထမဆုံး ထုတ်ဝေစဉ်က Tan က ခပ်သေးသေး အောင်မြင်မှုသာ မျှော်လင့်ပေမဲ့ ခန့်မှန်းတာတွေကို ဆန့်ကျင်ကာ စာအုပ်က အရေးပါတဲ့ စီးပွားဖြစ် အောင်မြင်မှုကြီး ဖြစ်ခဲ့တယ်။ ယနေ့ ဒီဇာတ်ကောင်တွေဟာ ကမ္ဘာတစ်လွှားက စာဖတ်ပရိသတ်တွေကို ဖမ်းစားနေတုန်းပါ။ သူတို့ဟာ တရုတ် အမေရိကန်နဲ့ ရွှေ့ပြောင်းသူ အတွေ့အကြုံတွေကိုသာမက ကိုယ်ချစ်တဲ့သူတွေဆီက သိမြင်၊ နားလည်ဖို့လိုတဲ့ ပိုနက်ရှိုင်းတဲ့ အမှန်တရားတစ်ခုကို ထုတ်ဖော်ခြင်းအတွက်ပါ ပြောဆိုကြပုံပါ။