1 00:00:06,965 --> 00:00:08,855 ကျင်းမေဟာ သူ့အဒေါ် အန်းမေရဲ့ အိမ်ထဲက 2 00:00:08,855 --> 00:00:12,837 မာကျောက်ဝိုင်းရဲ့ အရှေ့ဘက် ထောင့်မှာ အင်တင်တင်နဲ့ ထိုင်လိုက်တယ်။ 3 00:00:12,837 --> 00:00:16,252 မြောက်၊ တောင်နဲ့ အနောက်ဘက်မှာတော့ သူ့အဒေါ်တွေပါ။ 4 00:00:16,252 --> 00:00:18,895 Joy Luck Club ရဲ့ သက်တမ်းရှည် အဖွဲ့ဝင်တွေပါ။ 5 00:00:18,895 --> 00:00:22,743 ဒီရွေ့ပြောင်းလာတဲ့ မိသားစု အစုဟာ အတင်းအဖျင်းဖလှယ်ဖို့ အပတ်စဉ် လာစုကြတယ်။ 6 00:00:22,743 --> 00:00:26,765 ဝမ်တုန်နဲ့ ချိမြိန်တဲ့ ချာရှာ တွေကို တပျော်တပါး စားသောက်ပြီး မာကျောက် ကစားတယ်။ 7 00:00:26,765 --> 00:00:32,342 သို့ပေမည့် ဒီအသင်း တည်ထောင်သူ ကျင်းမေရဲ့ မိခင် စုရွမ်က မကြာခင်က ကွယ်လွန်သွားခဲ့တယ်။ 8 00:00:32,342 --> 00:00:35,672 ပထမတော့ ဝိုင်းမှာ သူ့နေရာကို ဖြည့်ဖို့ ကျင်းမေက ကြိုးပမ်းတယ်။ 9 00:00:35,672 --> 00:00:40,342 ဒါပေမဲ့ အဒေါ်တွေက နက်နက် ဖုံးထားတဲ့ စုရွမ်ရဲ့ဘဝလျှို့ဝှက်ချက်ကို ဖွင့်ဟတဲ့အခါ 10 00:00:40,342 --> 00:00:45,315 ကျင်းမေဟာ သူ့အမေနဲ့သူကိုယ်တိုင်ရဲ့အကြောင်း ကို အများကြီး လေ့လာဖို့လိုသေးတာ သိသွားတယ်။ 11 00:00:45,315 --> 00:00:49,745 Amy Tan ရဲ့ ၁၉၈၉ ပွဲဦးထွက် ဝတ္ထုရှည် "The Joy Luck Club" ထဲမှာ 12 00:00:49,745 --> 00:00:53,364 မာကျောက်ဝိုင်းက ဒီတွေ့ဆုံပွဲဟာ ဆက်နွယ်နေတဲ့ စာမွန် အစဉ်အတန်းတစ်ခု 13 00:00:53,364 --> 00:00:56,109 အတွက် တာထွက်အမှတ်ပါ။ 14 00:00:56,109 --> 00:01:00,656 စာအုပ်ကိုယ်၌က တရုတ် ကစားနည်းရဲ့ ပုံစံကို တုပဖို့ လျော့ရဲရဲ တည်ဆောက်ထားတာပါ။ 15 00:01:00,656 --> 00:01:04,783 မာကျောက်ဟာ အနည်းဆုံး တစ်ပွဲကို ဖဲလေးလက်နဲ့ လေးချီ ကစားရသလို 16 00:01:04,783 --> 00:01:08,565 စာအုပ်ကို လေးပိုင်း ပိုင်းထားပြီး တစ်ပိုင်းစီမှာ အခန်းလေးခန်းပါတယ်။ 17 00:01:08,565 --> 00:01:11,021 တရုတ်နဲ့ ဆန်ဖရစ္စကိုမှာ တစ်လှည့်စီ ဇာတ်အိမ်တည်ပြီး 18 00:01:11,021 --> 00:01:14,716 အခန်းတိုင်းက Joy Luck Club (သို့) သူတို့ရဲ့ အမေရိကန်မှာ မွေးတဲ့ သမီးတွေရဲ့ 19 00:01:14,716 --> 00:01:18,175 အမျိုးသမီး အိမ်ဦးစီး လေးယောက်ထဲက တစ်ဦးစီရဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြတယ်။ 20 00:01:18,175 --> 00:01:21,819 ဒီဇာတ်လမ်းတွေက စာဖတ်သူတွေကို စစ်ဇုန်တွေ၊ တရုတ်ကျေးလက်ရဲ့ ရွာတွေကနေ 21 00:01:21,819 --> 00:01:26,309 ခေတ်သစ်လက်ထပ်ပွဲတွေ၊ညစာထမင်းဝိုင်းနားက စိတ်အိုက်စရာ တွေ့ဆုံပွဲတွေဆီခေါ်သွားတယ်။ 22 00:01:26,309 --> 00:01:30,652 ဒါတွေက ရှင်ကျန်မှု၊ ဆုံးရှုံးမှု၊အချစ်နဲ့ အချစ်ကင်းမဲ့မှု၊ ရည်မှန်းချက်တွေနဲ့ 23 00:01:30,652 --> 00:01:33,441 ကျေနပ်စရာမရှိတဲ့လက်တွေဘဝ အကြောင်းအရာတွေကို တို့ထိထားတယ်။ 24 00:01:33,441 --> 00:01:36,878 တစ်ပုဒ်မှာ အဒေါ် လင်းက အလားအလာရှိတဲ့ ခင်ပွန်းရဲ့ ရန်လိုတဲ့ မိသားစုကနေ 25 00:01:36,878 --> 00:01:38,552 လွတ်မြောက်မှတစ်ခု၊ 26 00:01:38,552 --> 00:01:41,452 နောက်ဆုံး သူ့ကို အမေရိကကို ရောက်ခွင့်ပေးတာကို ဇာတ်ကွက်ဆင်တယ်။ 27 00:01:41,452 --> 00:01:45,740 နောက်တစ်ခုထဲမှာ ရို့စ်ဟာ သူ့အမေက သူ့ကို အပ်နှင်းတဲ့ တာဝန်တွေနဲ့ပိသွားတဲ့အခါ 28 00:01:45,740 --> 00:01:49,874 ကမ်းခြေက ဆု မိသားစုရဲ့ အမေရိကန် အားလုံး နေ့ဟာ သေရေးရှင်တမျှဖြစ်သွားတယ်။ 29 00:01:49,874 --> 00:01:54,139 အကျိုးဆက် အဖြစ်ဆိုးဟာ လာမယ့် နှစ်များစွာ မိသားစုကို သောကရောက်စေတယ်။ 30 00:01:54,139 --> 00:01:56,939 ဒီဖြစ်စဉ်တွေက မျိုးဆက်တွေ၊ ယဉ်ကျေးမှုတွေ အထူးသဖြင့် 31 00:01:56,939 --> 00:02:00,724 ရွှေ့ပြောင်းမိသားစုတွေကြားမှာ ပုံဖော်နိုင် တဲ့ ဘုံခွဲခြားမှုတွေကိုသာဓကဆောင်တယ်။ 32 00:02:00,724 --> 00:02:04,878 မိခင်တွေဟာ တရုတ်ပြည်က ဘဝတွေအတွင်း ဆင်းရဲဒုက္ခအားလုံးကို ကြုံတွေ့ခဲ့ပြီး 33 00:02:04,878 --> 00:02:07,539 အမေရိကမှာ ကလေးတွေကို ပိုသာတဲ့ အခွင့်အလမ်းတွေပေးဖို့ 34 00:02:07,539 --> 00:02:09,373 မမောမပန်း အလုပ်လုပ်ခဲ့ကြတယ်။ 35 00:02:09,373 --> 00:02:13,223 ဒါပေမဲ့ သမီးတွေက မိဘတွေရဲ့မပြည့်ဝတဲ့ ဆန္ဒတွေ၊ မြင့်မားတဲ့မျှော်မှန်းချက်တွေနဲ့ 36 00:02:13,223 --> 00:02:14,958 ဝန်ပိနေတယ်လို့ ခံစားရတယ်။ 37 00:02:14,958 --> 00:02:19,078 ကျင်းမေဟာ သူ့အမေရဲ့ မိတ်ဆွေတွေနဲ့ မာကျောက် ကစားစဉ်မှာ စိတ်ဖိစီးမှုဖြစ်တယ်။ 38 00:02:19,078 --> 00:02:23,771 သူ ပူပန်တာက "ငါ့အနေနဲ့ သူတို့ဟာ သမီးအရင်းတွေကို အမေရိကကို သူတို့ယူလာတဲ့ 39 00:02:23,771 --> 00:02:28,643 အမှန်တရားတွေနဲ့ မျှော်လင့်ချက်တွေကို မသိနားမလည်၊ မေ့နေတယ်လို့ မြင်ကြတယ်။" 40 00:02:28,643 --> 00:02:29,533 ထပ်ပြောရရင် 41 00:02:29,533 --> 00:02:33,138 မိခင်တွေဟာ သမီးတွေကို သူတို့ သမိုင်းနဲ့ အမွေအနှစ်ကို သတိပေးဖို့အားထုတ်ကြတယ်။ 42 00:02:33,138 --> 00:02:35,731 တစ်ချိန်တည်းမှာ သမီးတွေဟာ မိခင်တွေရဲ့အမြင်ကို 43 00:02:35,731 --> 00:02:38,860 သူတို့ တကယ်ဖြစ်နေတာနဲ့ စေ့စပ်ပေးဖို့ ရုန်းကန်ကြတယ်။ 44 00:02:38,860 --> 00:02:42,037 တချို့ဇာတ်လမ်းမှာ မေးတာက "ငါ့သမီးက ငါ့ကို သိရဲ့လား။" 45 00:02:42,037 --> 00:02:46,069 အခြားဟာတွေက တုံ့ပြန်တာက "ဘာကြောင့် ငါအမေက နားမလည်တာလဲ။" 46 00:02:46,069 --> 00:02:48,673 သူ့ရဲ့ ဒီမေးခွန်းတွေကို စစ်ကြောမှုမှာ 47 00:02:48,673 --> 00:02:51,742 Tan ဟာ သူတို့ဇာတိမြေကနေ ကင်းကွာပြီး မွေးစားတိုင်းပြည်ကနေ 48 00:02:51,742 --> 00:02:54,682 အဆက်ပြတ်တယ်လို့ပါ ခံစားနေရတဲ့ များစွာသော ရွှေ့ပြောင်းသူတွေကို 49 00:02:54,682 --> 00:02:57,141 ဖိစီးစေတဲ့ ပူပန်မှုတွေကို ပြောပြတာပါ။ 50 00:02:57,141 --> 00:03:00,731 ဒါပေမဲ့ ဒီမိခင် လေးယောက်နဲ့ သမီးတွေရဲ့ ဇာတ်လမ်းတွေကို အတူ ယှက်ဖွဲ့ခြင်းနဲ့ 51 00:03:00,731 --> 00:03:04,866 ကျင်းမေနဲ့ သူ့ဖော်တွေဟာ သူ့တို့ရဲ့အမေတွေက လက်ဆင့်ကမ်းပေးတဲ့တန်ဖိုးတွေကနေ 52 00:03:04,866 --> 00:03:09,322 သူတို့ရဲ့ လက်ရှိခေတ် ပြဿနာတွေဖြေရှင်း ဖို့ အားအင်တွေ့ရှိတာကို Tan က သိသာစေတာပါ။ 53 00:03:09,322 --> 00:03:11,543 "The Joy Luck Club" ကို ပထမဆုံး ထုတ်ဝေစဉ်က 54 00:03:11,543 --> 00:03:13,256 Tan က ခပ်သေးသေး အောင်မြင်မှုသာ 55 00:03:13,256 --> 00:03:16,305 မျှော်လင့်ပေမဲ့ ခန့်မှန်းတာတွေကို ဆန့်ကျင်ကာ စာအုပ်က အရေးပါတဲ့ 56 00:03:16,305 --> 00:03:18,375 စီးပွားဖြစ် အောင်မြင်မှုကြီး ဖြစ်ခဲ့တယ်။ 57 00:03:18,375 --> 00:03:21,868 ယနေ့ ဒီဇာတ်ကောင်တွေဟာ ကမ္ဘာတစ်လွှားက စာဖတ်ပရိသတ်တွေကို ဖမ်းစားနေတုန်းပါ။ 58 00:03:21,868 --> 00:03:24,397 သူတို့ဟာ တရုတ် အမေရိကန်နဲ့ 59 00:03:24,397 --> 00:03:26,159 ရွှေ့ပြောင်းသူ အတွေ့အကြုံတွေကိုသာမက 60 00:03:26,159 --> 00:03:28,873 ကိုယ်ချစ်တဲ့သူတွေဆီက သိမြင်၊ နားလည်ဖို့လိုတဲ့ 61 00:03:28,873 --> 00:03:32,308 ပိုနက်ရှိုင်းတဲ့ အမှန်တရားတစ်ခုကို ထုတ်ဖော်ခြင်းအတွက်ပါ ပြောဆိုကြပုံပါ။