ကျွန်တော်ဟာ အင်ဂျင်နီယာပါ၊ ရိုဘော့တွေကို ပြုစုထုတ်လုပ်ပါတယ်။ အခုတော့ ရိုဘော့ ဆိုတာ ဘယ်လိုဟာမှန်း လူတိုင်း သိတယ်၊ မဟုတ်လား။ သိတဲ့သူဟာ Google ကို ဝင်ပြီး ရိုဘော့ဆိုတာ ဘာလဲ မေးကြည့်ရုံပါပဲ။ ဒီတော့ စမ်းကြည့်ရအောင်။ Google ထဲမှာ မေးလိုက်တော့ ရလာတာက ဒါပါပဲ။ ဒီမှာ ရိုဘော့ ပုံစံတွေ အမျိုးမျိုးကို မြင်တွေ့နိုင်ပေမဲ့ အများဆုံး မြင်ရတာတွေဟာ ဖွဲ့စည်းမှုအရ လူနဲ့ ဆင်တူကြပါတယ်။ ပြီးတော့ ၎င်းတို့ဟာ တွေ့မြင်နေကျ ပုံစံမျိုးတွေပါ၊ ပလတ်စတစ် ပါတယ်၊ သတ္ထုပါတယ်၊ မော်တာတွေ နဲ့ ဂီယာတွေ စသဖြင့်ပေါ့လေ။ တချို့ကို ကြည့်ရတာ ခင်မင်ဖွယ်ရာပါ၊ သူတို့နား သွားပြီး ပွေ့ဖက်လို့ တောင် ရတယ်။ တချို့ကျတော့ ခင်မင်စရာမျိုး မဟုတ်ဘဲ "Terminator"ထဲက များလား ထင်ရပါတယ်။ တကယ်တမ်းမှာလည်း "Terminator" မှ ဖြစ်နိုင်ပါတယ်။ အဲဒီ ရိုဘော့တွေနဲ့ တကယ့်ကို မိုက်တဲ့ အရာတွေ လုပ်နိုင်တယ်၊ အဲဒီ ရိုဘော့တွေနဲ့ တကယ့်ကို မိုက်တဲ့ အရာတွေ လုပ်နိုင်တယ်၊ ဒါပေမဲ့ အခု ပြောချင်တာက ရိုဘော့တမျိုးတွေပါ၊ ကျွန်တော်ဟာ ရိုဘော့တစ်မျိုး ထုတ်လုပ်ချင်တယ်။ အပြင်ပမ်းအားဖြင့် ကျွန်တော်တို့နဲ့ မတူတဲ့ ဒီလိုအရာမျိုးမှ စိတ်ကူးတွေကို ယူချင်တယ်။ ဒါတွေဟာ သဘာဝထဲက ဇီဝအကောင်တွေပါ၊ ၎င်းတို့ဟာ ကျွန်ုပ်တို့ရော လက်ရှိ ရိုဘော့များပါ မလုပ်နိုင်တဲ့ မိုက်တဲ့ အရာတွေကို လုပ်နိုင်ကြတယ်။ ၎င်းတို့ဟာ ကြမ်းပေါ်မှာ လှုပ်ရှားခြင်း၊ ဥယျာဉ်ထဲ သွားခြင်းနဲ့ သီးနှံတွေ စားခြင်းလို လုပ်နိုင်တာ အများကြီး၊ သစ်ပင်ပေါ် တက်နိုင်ခြင်း၊ ရေထဲ ဝင်နိုင်ပြီး ရေထဲမှ ထွက်လာခြင်း၊ အင်းဆက်တွေကို ဖမ်းနိုင်၊ စားနိုင်ကြပါတယ်။ သူတို့ လုပ်နိုင်တာ တကယ့် စိတ်ဝင်စားစရာတွေပါ။ ၎င်းတို့ဟာ အသက်ရှင်နိုင် သေနိုင်ကြပြီး ပတ်ဝန်းကျင်ထဲက အရာတွေ စားသုံးနိုင်တယ်။ ကျွန်ုပ်တို့ရဲ့ လက်ရှိ ရိုဘော့တွေ အဲဒါတွေ မလုပ်တတ်ကြပါ။ ဒီတော့၊ ဒီလို ထူးခြားတဲ့ လက္ခဏာအချို့ကို အနာဂတ် ရိုဘော့တွေထဲ အသုံးပြုလျက် တကယ့်ကို အရေးကြီးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရင် မကောင်းပေဘူးလား။ ကျွန်တော်ဟာ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ အချို့ကို ယူပြီး အကောင်များနဲ့ အပင်များထံမှ ရယူနိုင်ကြတဲ့ လုပ်နိုင်စွမ်းများနဲ့ နည်းပညာတွေကို အသုံးပြုကာ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင် လုပ်ကိုင်နိုင်တာကို ပြပေးချင်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ နှစ်ရပ်ကို လေ့လာကြပါစို့။ အဲဒီနှစ်ခုစလုံး လူသားရဲ့ လက်ချက်ပါ၊ လူသားက ပတ်ဝန်းကျင်နဲ့ တုံ့ပြန်ရင်း လုပ်ပစ်လိုက်တဲ့ စိတ်ပျက်စရာ အရာတွေပါ။ ပထမ တစ်ခုက လူဦးရေ တိုးလာမှုရဲ့ ဖိအားပေးမှုနဲ့ ဆက်စပ်နေတယ်။ တကမ္ဘာလုံး လူဦးရေ တိုးလာမှုရဲ့ ဖိအားပေးမှုကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေဟာ သီးနှံတွေ တိုးတိုးပြီး ထုတ်လုပ်ရန် လိုတယ်။ အဲဒီလို တိုးထုတ်နိုင်ဖို့ လယ်သမားတွေဟာ စိုက်ခင်းတွေမှာ ဓာတုပစ္စည်းတွေကို တိုးတိုးသုံးကြတယ်။ သူတို့ဟာ ဓာတ်မြေဩဇာ၊ နိုင်ထရိတ်များ ပိုးသတ်ဆေးများ စသဖြင့် သီးနှံတိုးလာစေမယ့် အရာမျိုးစုံကို များစွာ သုံးနေကြရာ အနှုတ်လက္ခဏာ အကျိုးဆက်တွေ ရှိလာတယ်။ အဲဒီလို အနှုတ်လက္ခဏာ အကျိုးဆက် တစ်ခုက၊ စိုက်ခင်းထဲ ဓာတ်မြေဩဇာတွေ များစွာ သုံးရင် အားလုံးဟာ အပင်တွေထဲသို့ ဝင်မသွားခြင်းပါ။ တော်တော်များများက မြေထဲ ကျန်ရစ်ခဲ့တယ်၊ မိုးရွာတဲ့ အခါမှာ၊ အဲဒီလို ဓာတုပစ္စည်းတွေဟာ မြေအောက် ရေထုထဲ စိမ့်ဝင်သွားတယ်။ တဖန် အဲဒီ မြေထုရေဟာ ချောင်းတွေ၊ ရေကန်တွေ၊ မြစ်တွေထဲ ရောက်ရှိသွားလျက် ပင်လယ်ထဲကို ရောက်လာပါတယ်။ ဒီတော့ ခုနက ဓာတုပစ္စည်းတွေ အားလုံး၊ နိုင်ထရိတ်တွေ အားလုံးကို ပတ်ဝန်းကျင် ထဲသို့ ထည့်ကြမယ်ဆိုရင် အဲဒီမှာ နေကြတဲ့ အကောင်တွေကို သက်ရောက်မှု ရှိပါမယ်၊ ဥပမာ၊ ရေညှိဆိုပါစို့။ ရေညှိဟာ နိုင်ထရိတ်တွေကို၊ ဓာတုမြေဩဇာကိုကြိုက်တော့၊ အဲဒီ ဓာတုပစ္စည်းတွေ အားလုံးကို စုပ်ယူမှာပါ၊ အခြေအနေတွေ ကောင်းမယ်ဆိုရင် ၎င်းဟာ အကြီးအကျယ် ပွားလာမယ်။ ရေညှိအသစ်တွေ ထပ်ပြီးရင် ထပ်ပြီး ပွားများလာမှာပါ။ အဲဒါကို ပန်းပွင့်ခြင်း ခေါ်တယ်။ ပြဿနာက ရေညှိတွေ အဲဒီလို ပွားလာရင် ၎င်းတို့ဟာ ရေထဲက အောက်ဆီဂျင်ကို စားသုံးပစ်ကြတယ်။ အဲဒီနောက်မှာ ရေထဲက တခြားအကောင်တွေဟာ အသက်ရှင် မရနိုင်တော့ပါ။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြလဲ။ ရေညှိတွေကို စားပစ်လျက်၊ သုံးဆောင်လျက် ပတ်ဝန်းကျင်ကို လုံခြုံအောင် လုပ်ပေးမယ့် ရိုဘော့ကို ထုတ်လုပ်ကြပါတယ်။ ကဲ ဒါက အဲလောက်ကြီးတဲ့ ပြဿနာပါ။ ဟောဒီ ဆလိုက်မှာ မြင်နိုင်ပါတယ်။ Cornwall ကမ်းလွန်မှာ ရေညှိ ပန်းပွင့် ရှိပါတယ်။ ၁၉၉၉ မှာ ၎င်းဟာ အလျား ကီလိုမီတာ ၅၀ ရှိခဲ့တယ်။ ကြီးမားတဲ့ ပြဿနာပါ။ ဒါက ငါးလုပ်ငန်းတွေ၊ အခွံမာကောင်တွေ စတာတွေကို ထိခိုက်ပါလိမ့်မယ်။ အဲဒါက ပထမ ပြဿနာပါ။ ဒုတိယ ပြဿနာဟာလည်း လူသားရဲ့ လက်ချက် ဖြစ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ဆိုင်တယ်။ အားလုံးသိကြတဲ့ အတိုင်း၊ ဆီဟာ ကျွန်ုပ်တို့ သုံးကြတဲ့ အင်ဂျင်များ၊ လှေများမှ စီးထွက်လာတတ်တယ်။ ရေနံတင် သင်္ဘောတွေလည်း တိုင်ကီတွေကို ဆေးပြီး ပင်လယ်ထဲ သွန်းတတ်ကြတယ်။ အဲဒီလိုနည်းဖြင့် ရေနံဟာ ပင်လယ်ထဲ ရောက်လာတယ်။ ကပ်ဘေးတွေ ကြုံရတဲ့ အခါမျိုးလည်း ရှတတ်ပါတယ်- ရေနံပိုက်လိုင်း၊ ရေနံကွက်ဆိုင်ရာ ကပ်ဘေးကြီးတွေပါ။ ၂၀၁၀ ခုနှစ်တုန်းက Deepwater Horizon ရေနံယိုဖိတ်မှု ရှိတယ်။ ဂြိုဟ်တု ပုံတွေမှာ ဧရာမ ရေနံကွက်ကြီးကို မြင်နိုင်ကြပါတယ်။ အဲဒါတွေဟာ ပတ်ဝန်းကျင်ကို၊ ငှက်များကို၊ ငါးများ နဲ့ ကမ်းခြေဒေသမျာကို အကြီးအကျယ် ထိခိုက်မှု ရှိစေခဲ့ပါတယ်။ အဲဒါကို တနည်းနည်းနဲ့ တခုခုလုပ်လိုက်ပြီး ရေနံကွက်ကြီးတွေ ညစ်ညမ်းနေတာကို စာပစ်ကြမယ့် ရိုဘော့တွေကို သုံးနိုင်မယ် ဆိုရင်ကော။ ဒီတော့ကျွန်ုပ်တို့ လုပ်နေတာက ညစ်ညမ်းမှုကို စားပစ်ကြမယ့် ရိုဘော့တွေပါ။ အဲဒီ ရိုဘော့တွေကို လက်တွေ့ ထုတ်လုပ်ရန် အကောင်နှစ်ခုထံမှ အကြံဉာဏ် ယူခဲ့တယ်။ ညာဘက်မှာ ခင်ဗျားတို့ မြင်ရတာက ငါးမန်းကောင်ကြီးပါ။ ဧရာမ ငါးမန်းကောင်ပါ။ ၎င်းဟာ အသားစားကောင် မဟုတ်လို့ ၎င်းနဲ့အတူ ရေကူးနိုင်တယ်။ ဒီမှာ မြင်ရတဲ့ အတိုင်းပဲ။ အဲဒီငါးမန်းမျိုးဟာ ပါးစပ်ကို ဖွင့်လျက် ရေထဲကူးသွားရင်း ရေမျောတွေကို လိုက်စုစည်းတယ်။ အဲဒီလို လုပ်နေချိန်မှာ အစာကို ချေဖျက်လိုက်လို့ ရတဲ့စွမ်းအင်ကို ဆက်လှုပ်ရှားရန် အသုံးပြုပါတယ်။ ဒီတော့၊ ခုနက ငါးမန်းကောင်နဲ့ တူတဲ့ ရိုဘော့ကို ထုတ်လုပ်လိုက်ကာ ရေထဲ ကူးသွားစေလျက် ညစ်ညမ်းမှုကို စားခိုင်းနိုင်မလား။ လုပ်နိုင်မနိုင်ကို ကြည့်ကြရအောင်။ တချိန်တည်းမှာ ကျွန်ုပ်တို့ဟာ အခြား အကောင်များဆီမှပါ အကြံရသေးတယ်။ ဒီနေရာမှာ ရှိတဲ့ အကောင်ကို ကျွန်တော် ပြချင်တယ်။ ဒီငါးဟာ သိပ်ကို စိတ်ဝင်စားစရာကြီးပါ။ ၎င်းဟာ ရေထဲကူးရန် လှော်တက်နဲ့ တူတဲ့ ခြေတွေကို သုံးပြီး ရှေ့ကို တွန်းယူတယ်။ အဲဒီအကောင် နှစ်မျိုးကို ကျွန်တော်တို့ ယူပြီး ပေါင်းလိုက်ကာ ရိုဘော့ အသစ်တမျိုးကို ဖန်တီးလိုက်ကြတယ်။ ကျွန်တော်တို့က လှော်တတ်တဲ့ ငါးကို အတုယူပြီး လုပ်ခဲ့တဲ့ ရိုဘော့ဟာ ရေပေါ်မှာ ဝပ်နေလျက် နေတတ်တာမို့ ကျွန်တော်တို့ရဲ့ ရိုဘော့ကို "Row-bot" လို့ ခေါ်ပါတယ်။ ဒီတော့ Row-bot လှော်တတ်တဲ့ ရိုဘော့ စက်ရုပ်ပါ။ ကောင်းပြီ၊ အဲဒါ လက်တွေ့မှာ ဘယ်လိုများ ရှိလဲ။ Row-bot ရဲ့ ပုံအချို့ကို ပြထားပါတယ်။ ခင်ဗျားတို့ သတိထားမိကြမှာက ကျွန်တော်တို့ အစပိုင်းတွင် မြင်ခဲ့ကြရတဲ့ ရိုဘော့တွေနဲ့ မတူပါဘူး။ Google ဟာ မှားတယ်၊ ရိုဘော့တွေ အဲဒီလို ပုံစံမျိုး မဟုတ်ဘဲ ဒီလို ပုံစံမျိုးတွေပါ။ အဲဒီ Row-bot ကို ကျွန်တော် ယူလာတယ်။ ခင်ဗျားတို့အတွက် ပြပေးမယ်။ စကေးကို ခန့်မှန်းသိနိုင်ဖို့ပါ။ ပြီးတော့ ၎င်းဟာ အခြားဟာတွေနဲ့ မတူပါ။ အဲဒါကို ပလတ်စတစ်နဲ့ လုပ်ထားတယ်၊ ပါတဲ့ အပိုင်းတွေကို အခု ကြည့်ကြပါမယ်၊ Row-bot ထဲ ပါဝင်တာက- ၎င်းကို အထူးဖြစ်အောင် လုပ်ပေးတာက- Row-bot ထဲ ပါဝင်ကြတဲ့ အပိုင်း သုံးပိုင်းပါ၊ အဲဒီ သုံးပိုင်းဟာ သက်ရှိ အကောင်တိုင်း ထဲက အတိုင်းပါပဲ။ ၎င်းဆီမှာ ဦးနှောက်ရှိတယ်၊ ခန္ဓာကိုယ် ရှိတယ်၊ ပြီးတော့ အစာအိမ် ရှိတယ်။ စွမ်းအင်ကို ထုတ်လုပ်ရန် အစာအိမ် လိုအပ်တယ်။ Row-bot ဆီမှာ အဲဒီလို အပိုင်း သုံးပိုင်း ရှိတယ်၊ သက်ရှိ အကောင်တိုင်းမှာလည်း အဲဒီ အပိုင်း သုံးပိုင်း ရှိတယ်။ အဲဒါတွေကို တစ်ခုချင်းစီ လေ့လာကြမယ်။ ၎င်းဆီမှာ ခန္ဓာကိုယ် ရှိရာ၊ အဲဒါကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတယ်၊ ၎င်းဟာ ရေပေါ်မှာ ဝပ်ထိုင်နေတတ်တယ်။ ပြီးတော့ ဘေးမှာ ရေယက်ပြားတွေ ရှိပြီး ရွေ့ရှားရန် သုံးတဲ့ လှော်တက်ပါ၊ ခုနက ပြခဲ့တဲ့ အကောင် အတိုင်းပါပဲ။ ၎င်းရဲ့ ကိုယ်ထည်ဟာ ပလတ်စတစ်ပါ၊ ဒါပေမဲ့ ရော်ဘာနဲ့ လုပ်ထားတဲ့ ပါးစပ် ဒီမှာ ရှိတယ်၊ ဒီမှာ နောက်ပါးစပ် ရှိတယ်- ပါးစပ် နှစ်ခု ရှိတယ်။ ပါးစပ် နှစ်ခုက ဘာ့အတွက်လဲ။ တစ်ခုက အစာကို အထဲကို ထည့်သွင်းရန်၊ နောက်တစ်ခုက အစာကို အပြင်ကို ထုတ်ပစ်ရန် အတွက်ပါ။ ဒီတော့ ၎င်းဆီမှာ ပါးစပ်တစ်ပေါက်နဲ့ စအိုပေါက် ဒါမှမဟုတ်-- (ရယ်မောသံများ) လိုအပ်တာတွေ အပြင်ကို ထွက်လာတဲ့ နေရာ၊ တကယ့် အကောင်တွေ အတိုင်းပါပဲ။ ဒီတော့ ကျွန်တော်တို့ မြင်ခဲ့ကြရတဲ့ ငါးမန်းကောင်ကြီးနဲ့ ဆင်လာပြီ။ ဒါက ခန္ဓာကိုယ်ပါ။ ဒုတိယ အကန့်က အစာအိမ် ဖြစ်နိုင်တယ်။ ကျွန်တော်တို့ဟာ ရိုဘော့အတွက် စွမ်းအင် လိုအပ်ပြီး ညစ်ညမ်းမှုကို ရှင်းပေးရမယ်၊ ညစ်ညမ်းမှုဟာ အထဲကို ဝင်သွားကာ အဲဒီမှာ တစ်ခုခု ဖြစ်လာမယ်။ အလယ်မှာ ပိုးမွှား လောင်စာ ဆဲလ် ဆိုတာ ရှိပါတယ်။ ကျွန်တော် ဒီမှာ ချထားလိုက်ပြီး ဆဲလ်ကို မတင်ပြပါမယ်။ ဒီမှာ။ ဒါကြောင့်မို့လို့ ဘက်ထရီများ အစား သမရိုးကျ စွမ်းအင်စနစ်ကို ထားရှိမယ့် အစား၊ ကျွန်တော် ဒါကို သုံးပါတယ်။ အဲဒါက ၎င်းရဲ့ အစာအိမ်ပါ။ အဲဒါဟာ တကယ့် အစာအိမ်ပါပဲ။ အဲဒီထဲကို ဒီဘက်ကနေပြီး ညစ်ညမ်းမှုဆိုတဲ့ လောင်စာကို ထည့်ပေးနိုင်တယ်၊ ၎င်းက လျှပ်စစ်ကို ထုတ်လုပ်ပေးမယ်။ ဒီတော့ ဒါဘာလဲ။ ပိုးမွှား လောင်စာ ဆဲလ် လို့ ခေါ်တယ်။ ဓာတုဗေဒ လောင်စာ ဆဲလ်နဲ့ နည်းနည်း ဆင်တူတယ်။ ခင်ဗျားတို့ ကျောင်းမှာ ဒါမှမဟုတ် သတင်းများထဲမှာ မြင်တွေ့ခဲ့ဘူးကြမှာပါ။ ဓာတုဗေဒ လောင်စာ ဆဲလ်တွေဟာ ဟိုက်ဒရိုဂျင် နဲ့ အောက်ဆီဂျင်ကို ယူပြီး ပေါင်းစပ်ပေးလိုက်ကာ လျှပ်စစ်ကို ထုတ်ပေးကြတယ်။ အားလုံးသိကြတဲ့ နည်းပညာ ဖြစ်ပြီး Apollo အာကာသယာဉ်ထဲ သုံးခဲ့ကြတယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ် ၄၀၊ ၅၀ တုန်းကပါ။ ဒါကတော့ ပိုသစ်ပါတယ်။ ဒါက ပိုးမွှား လောင်စာ ဆဲလ်ပါ။ လုပ်ပုံ အခြေခံမူ တူတယ်။ တစ်ဘက်မှာ အောက်ဆီဂျင် ရှိတယ်၊ အခြားတစ်ဘက်တွင် ဟိုက်ဒရိုဂျင် ရှိရမယ့်အစား စွပ်ပြုတ် ရှိတယ်၊ တဖန် အဲဒီစွပ်ပြုတ်ထဲတွင် ကျတော့ သက်ရှိ ပိုးမွှားတွေပါ။ ခင်ဗျားတို့က ဇီဝပစ္စည်းကို ယူမယ်ဆိုရင်၊ စွန့်ပစ်ချင်တဲ့ စားကုန်၊ အစားအစာ၊ ခင်ဗျားရဲ့ အသားညှပ်ပေါင်မုန့်ကို၊ အဲဒီထဲကို ထည့်ပေးလိုက်ရင်၊ ပိုးမွှားတွေက အဲဒီအစာကို စားကြပြီး အဲဒါကို လျှပ်စစ်အဖြစ် ထုတ်လုပ်ပေးကြမယ်။ အဲဒါတင်မက၊ ကိုယ်က မှန်ကန်တဲ့ ပိုးမွှားတွေကို ရွေးနိုင်ရင် ပိုးမွှား လောင်စာ ဆဲလ်ကို ညစ်ညမ်းမှု အချို့ကို ရှင်းရန် သုံးနိုင်မယ်။ မှန်ကန်တဲ့ ပိုးမွှားတွေကို ရွေးခဲ့ရင် ပိုးမွှားတွေက ရေညှိကို စားကြလိမ့်မယ်။ ကိုယ်က အခြားမျိုးပိုးမွှားများကို သုံးရင်၊ ၎င်းတို့ဟာ ဓာတ်ဆီ၊ အရက်ပျံနဲ့ ရေနံစိမ်းကို စားကြမယ်။ ဒီတော့ ဒီအစာအိမ်ကို ညစ်ညမ်းမှုကို ရှင်းရန်အတွက်သာမက အသုံးပြုလို့ ရနိုင်ရုံသမာက ညစ်ညမ်းမှုမှ လျှပ်စစ် ထုတ်လုပ်ရန်လည်း သုံးနိုင်တယ်။ ဒီလိုနည်းဖြင့် ရိုဘော့ဟာ ပတ်ဝန်းကျင်ထဲ ရွေ့ရှားရင်း အစားအစာကို အစာအိမ်သို့ ပို့သွားမယ်၊ အစာကို ချေဖျက်လျက် လျှပ်စစ်ကို ထုတ်လုပ်မယ်၊ ပတ်ဝန်းကျင်ထဲ လှုပ်ရှားဖို့ လျှပ်စစ်ကို သုံးနိုင်ပြီး ဒါကို ထပ်တလဲလဲ လုပ်နိုင်တယ်။ ကောင်းပြီ၊ Row-bot ကို လွှတ်ပေးလိုက်လို့ ၎င်းက လှော်နေတဲ့ အခါမှာ ဖြစ်လာမှာကို စောင့်ကြည့်ကြရအောင်။ ကျွန်တော်တို့ ပြစရာ ဗီဒီယို တချို့ ရှိတယ်။ ခင်ဗျားတို့ ပထမဦးဆုံး မြင်ရမှာက၊ မြင်ရတယ်လို့ မျှော်လင့်ပါတယ် ပွင့်နေတဲ့ ပါးစပ်ပေါက်ပါ။ ရှေ့ပါးစပ်နဲ့ အောက်ပိုင်း ပါးစပ်ကို ဖွင့်ထား၊ ပြီးတော့ လုံလောက်စွာ ပွင့်လျက် ရှိနေမယ်၊ အဲဒီနောက် ရိုဘော့ဟာ ရှေ့ကို စပြီး လှုပ်ရှားတော့မယ်။ ၎င်းဟာ ရေကို ဖြတ်သွားလျက် အစာဟာ အထဲကို ဝင်သွားမှာ ဖြစ်ပြီး စွန့်ပစ်မယ်ဟာက ထွက်လာမယ်။ လုံလောက်စွာ လှုပ်ရှားပြီးတဲ့ နောက်မှာ၊ ၎င်းဟာ ရပ်လိုက်ကာ ပါးစပ်ကို ပိတ်လိုက်မယ်၊ တဖြည်းဖြည်းနဲ့ ပါးစပ်ကို ပိတ်မယ်၊ ပြီးတော့ ၎င်းဟာ အဲဒီမှာ ထိုင်နေမယ်၊ ရှိနေတဲ့ အစားအစာကို ချေဖျက်မယ်။ အဲဒီ ပိုးမွှား လောင်စာ ဆဲလ်တွေထဲမှာ ပိုးမွှားတွေ ရှိကြတာ အမှန်ပါပဲ။ ကျွန်တော်တို့ တကယ်လိုချင်တာက စွမ်းအင် အများကြီးကို ပိုးမွှားများထံမှ အတတ်နိုင်ဆုံး အမြန်ဆုံး ရချင်တယ်။ ဒါပေမဲ့ ပိုးမွှာတွေ စက္ကန့်တိုင်းမှာ ထုတ်ပေးတဲ့ လျှပ်စစ်ဟာ နည်းတယ်၊ တိုးထုတ်ဖို့ ပိုးမွှားတွေကို မခိုင်နိုင်ပါ။ သူတို့ ထုတ်ပေးနိုင်တာက မီလီဝပ် ဒါမှမဟုတ် မိုက်ခရိုဝပ်မျှပါ။ ဒါကို ရှင်းပြပါရစေ။ ခင်ဗျားတို့ရဲ့ မိုဘိုင်းဖုန်း ဆိုပါစို့၊ ခေတ်အမှီဆုံး တစ်ခုဆိုရင်၊ ခင်ဗျားတို့ သုံးရင် တစ်ဝပ်ခန့် လိုတယ်။ ဒီတော့ ဖုန်း သုံးတာက ခုနက ပိုးမွှားလောင်စာဆဲလ်နဲ့ ယှဉ်ပြောရရင် အကြိမ် တစ်ထောင်၊ တသန်း အထိကို များပါတယ်။ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ။ ကောင်းပြီ၊ Row-bot က အစာကို ချေပြီးသွားတဲ့ အခါမှာ အစားအစာကို အထဲကို ယူထည့်လိုက်ကာ ထိုင်နေလျက် အစာအားလုံးကို သုံးဆောင်ပြီးတဲ့အထိ စောင့်နေမယ်။ အဲဒါ နာရီအနည်းငယ်၊ ရက်အနည်းငယ် အထိ ကြာနိုင်တယ်။ Row-bot ရဲ့ ပုံမှန် စက်ဝန်းက ဒီလို ရှိတတ်တယ်- ၎င်းဟာ ပါးစပ်ကို ဖွင့်လိုက်တယ်၊ ရှေ့ကို ရွေ့တယ်၊ ၎င်းဟာ ပါးစပ်ကို ပိတ်တယ်၊ ပြီးရင် ၎င်းဟာ ခဏကြာ ထိုင်နေမယ်။ အစားအစာတွေကို ချေဖျက်ပြီးတာနဲ့ ထို့နောက် ရှေ့ဆက် လှုပ်ရှားလျက် အဲဒါကို ထပ်ပြီး လုပ်နိုင်တယ်။ ဒါပေမဲ့၊ ဒါဟာ တကယ့် သက်ရှိအကောင်နဲ့ တူတယ် မဟုတ်လား။ အဲဒါ ကျွန်ုပ်တို့ လုပ်ကိုင်ပုံ အတိုင်းပဲ။ စနေညနေတွင် ကျွန်ုပ်တို့ ကိုယ့်ပါးစပ်ကို ဖွင့်ကြတယ်၊ ကိုယ့်အစာအိမ်တွေကို ဖြည့်ကြတယ်၊ တီဗီရှေ့မှာ ထိုင်ရင်း အစာကို ချေကြတယ်။ အတော်လေး ချေပြီးတဲ့ နောက်မှာ အဲဒီအတိုင်း ထပ်လုပ်ကြတယ်။ အဲဒီလို လုပ်ပြီးတဲ့ နောက်မှာ ခုနက စက်ဝန်းအဆုံးမှာ ကိုယ့်ဆီမှာ စွမ်းအင် ကျန်နေသေးရင် ကျွန်ုပ်တို့ နောက်တစ်ခုခုကို လုပ်ရဦးမှာပါ။ ကျွန်ုပ်တို့ဟာ စာတိုကို ပို့နိုင်တယ်၊ ဥပမာ၊ အခုလို ပါတဲ့ စာတိုကို ပို့နိုင်ကြပါတယ်၊ "ခုနလေးတင် ကျွန်တော် စားပစ်တဲ့ ညစ်ညမ်းမှုက ဒီလောက်ကြီး" ဒါမှမဟုတ် "ငါရဲ့ ပြဿာက ဒီလိုပါ။" ဒါမှမဟုတ် "ငါရှိနေတာ ဒီနေရာမှာ။" "ငါရှိနေတာ ဒီနေရာမှာ။"ဆိုတဲ့ စာတိုကို ပို့နိုင်တဲ့ လုပ်နိုင်စွမ်းဟာ သိပ်သိပ်ကို အရေးကြီးတယ် အစောပိုင်းတွင် ကျွန်ုပ်တို့ မြင်ခဲ့ရတဲ့ ရေနံယိုဖိတ်မှုတွေကို ဒါမှမဟုတ် ပွင့်လာကြတဲ့ ရေညှိတွေကို စဉ်းစားရင် တကယ်လုပ်နိုင်တာက Row-bot ကို ချထားပေးရန်ပါပဲ၊ ၎င်းဟာ ညစ်ညမ်းမှုအားလုံးကို စားပစ်မှာပါ။ ပြီးရင် အဲဒါကို လိုက် ကောက်ရုံပါပဲ။ ဘာဖြစ်လို့လဲ။ လောလောဆယ်မှာ ဒီ Row-bot တွေဟာ ဒီမှာ ရှိနေတဲ့ Row-bot ထဲတွင် မော်တာတွေ၊ ဝိုင်ယာကြိုးတွေ ပါရှိပါတယ်၊ ဇီဝသဘောအရ ဆွေးမြေ့မှာ မဟုတ်တဲ့ အစိတ်အပိုင်းတွေ ပါတယ်။ လက်ရှိ Row-bot တွေထဲတွင် အဆိပ်အတောက် ဘက်ထရီ ရှိပါတယ်။ အဲဒါတွေကို ပတ်ဝန်းကျင်ထဲ ထားမရနိုင်ပါဘူး။ ဒါကြောင့် ၎င်းတို့ကို စောင့်ကြည့်ရန် လိုတယ်၊ ၎င်းတို့ရဲ့ အလုပ်ကို လုပ်ပြီးသွားရင် ၎င်းတို့ကို ကောက်ယူရန် လိုတယ်။ အဲဒါကြောင့် Row-bot သုံးရာတွင် ကန့်သတ်ချက် ရှိတယ်။ နောက်းတစ်ဖက်မှ ကျတော့၊ ကိုယ့်ရိုဘော့က သက်ရှိ အကောင်နဲ့ နည်းနည်းလေး တူပါက၊ အဲဒါက သက်တမ်း ကုန်ဆုံးသွားရင်၊ ၎င်းဟာ သေသွားလျက် ကျေပျက်သွားမှာပါ။ အဲဒါကြောင့်မို့လို့ ဒီရိုဘော့တွေဟာ ဒီလို ပလတ်စတစ်နဲ့ လုပ်မယ့်အစား ကျွန်ုပ်တို့ စွန့်ပစ်ကြတဲ့ အခါမှာ ကျေပျက်လွယ်တဲ့ ပစ္စည်းများဖြင့် လုပ်ထားမယ် ဆိုရင် ဘာမှမကျန် ဇီဝပျက်စီးသွားရင် မကောင်းပေဘူးလား။ ဒီလိုဆို ရိုဘော့တွေ သုံးပုံ ပြောင်းလဲသွားမယ်။ ပတ်ဝန်းကျင် ထဲတွင် ၁၀ ဒါမှမဟုတ် ၁၀၀ ချထားမယ်၊ ၎င်းတို့ကို စောင့်ကြည့်ရမယ်၊ ၎င်းတို့ သေတဲ့အခါမှာ လိုက်ပြီး စုစည်းရမယ့်အစား ကျွန်ုပ်တို့ဟာ ထောင်ချီ၊ သန်းချီ ဘီလီယံချီ ရိုဘော့တွေကို ပတ်ဝန်းကျင်ထဲ ချထားနိုင်ကြမယ်။ ၎င်းတို့ကို ဝန်းကျင်ထဲမှာ ဖြန့်ထားနိုင်မယ်။ ၎င်းတို့ရဲ့ သက်တမ်း ဆုံးတဲ့အခါ ဘာမှမကျန်ဘဲ ပျက်ပြုန်းသွားကြမှာပါ။ ၎င်းတို့ အကြောင်း ကျွန်ုပ် စဉ်းစားရန် မလိုတော့ပါ။ ဒီတော့ ရိုဘော့အကြောင်း ကျွန်ုပ်တို့ စဉ်းစားပုံ၊ အသုံးချပုံ ပြောင်းသွားမယ်။ အခုမေးစရာက - ကျွန်ုပ်တို့ အဲဒီလို လုပ်နိုင်ကြလား။ လုပ်ရနိုင်တာကို ကျွန်ုပ်တို့ ပြခဲ့ပြီ။ ဇီဝဆွေးလွယ်တဲ့ ရိုဘော့တွေ လုပ်နိုင်ပါတယ်။ အဲဒီလို ဇီဝဆွေးလွယ် ရိုဘော့များကို အိမ်သုံးပစ္စည်းများနဲ့ လုပ်နိုင်ခြင်းဟာ စိတ်ဝင်စားစရာ ကောင်းတယ် ကျွန်တော် တချို့ကိုပြပါမယ်၊ ခင်ဗျားတို့ အံ့သြသွားကြမှာပါ။ ရိုဘော့ကို ဂျယ်လီနဲ့ လုပ်နိုင်တယ်။ လောလောဆယ်မှာ သုံးထားတဲ့ မော်တာအစား ကျွန်ုပ်တို့ဟာ ကြွက်သား အတုဆိုတာတွေကို ပြုလုပ်နိုင်တယ်။ ကြွက်သားအတုများဟာ စမတ်ကျတဲ့ အရာပါ၊ ၎င်းတို့ဆီ လျှပ်စစ် သွယ်ပေးလိုက်ရင်၊ ၎င်းတို့ဟာ ကျုံ့မယ်၊ ကွေးမယ်၊ တွန့်လိမ်ကြမယ်။ ၎င်းတို့ဟာ တကယ့် ကြွက်သားနဲ့ တူပါတယ်။ ဒီတော့ မော်တာအစား ဒီလို ကြွက်သားအတုတွေ သုံးကြမယ်။ အဲဒီလို ကြွက်သားအတုကို ဂျယ်လီနဲ့ လုပ်နိုင်တယ်။ ဂျယ်လီနည်းနည်း ဆားနည်းနည်း ယူလိုက်ပြီး နည်းနည်းလေး မွမ်းမံပေးလိုက်ရင်၊ ကျွန်ုပ်တို့ဟာ ကြွက်သားအတု လုပ်နိုင်ပြီ။ သဘာဝရဘာနဲ့လည်း အလားတူ လုပ်ရနိုင်တယ်။ လေပူပေါင်းဖြင့်လည်း ရိုဘော့ကို လုပ်နိုင်တယ်။ ရာဘာလက်အိတ်နဲ့လည်း ရိုဘော့ လုပ်နိုင်တယ်။ စက္ကူနဲ့တောင် ရိုဘော့ကို လုပ်နိုင်တယ်။ အရာတွေကို လျှပ်စစ်ဖြင့် လှုပ်ရှားစေနိုင်တဲ့ စက်တွေကိုလည်း စက္ကူနဲ့ လုပ်နိုင်တယ်။ ပိုးမွှား လောင်စာ ဆဲလ်ဖြင့် အစာအိမ် ပြုလုပ်ပုံကိုး ကျွန်ုပ်တို့ ပြခဲ့ပြီ၊ စက္ကူနဲ့ လုပ်နိုင်တယ်။ ဒီတော့ ကျွန်ုပ်တို့ဟာ ရိုဘော့ တစ်ခုလုံးကို ဇီဝဆွေးလွယ် ပစ္စည်းများနဲ့ လုပ်နိုင်တယ်။ လိုတဲ့နေရာမှာ ချထားလိုက်ရင် ဘာမှ မကျန်ဘဲ ဆွေးသွားမှာပါ။ အဲဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကြီးပါ။ အဲဒါက ကျွန်ုပ်တို့ရဲ့ ရိုဘော့ အကြောင်း အတွေးအခေါ်ကို လုံးဝ ပြောင်းပစ်ပါမယ်။ တချိန်တည်းမှာ ကျွန်ုပ်တို့အား ဖန်တီးခွင့်တွေ ပေးပါလိမ့်မယ်။ ကိုယ်တွေးခေါ်ပုံ၊ ရိုဘော့နဲ့ လုပ်လို့ ရနိုင်တာတွေ စဉ်းစားပုံ ပြောင်းသွားမယ်။ ကျွန်တော် ဥပမာတစ်ခုပြမယ်။ ရိုဘော့ လုပ်ရန် ဂျယ်လီကို သုံးနိုင်ရင်၊ ဂျယ်လီကို ကျွန်ုပ်တို့ စားကြတယ်နော်။ ဒါမျိုး တစ်ခုခု လုပ်လို့ မရနိုင်ဘူးလား။ စေးကပ် ဝက်ဝံပုံ ရိုဘော့ ဆိုပါစို့။ ကြိုပြီး ပြင်လာခဲ့တာ တချို့ ယူလာတယ်။ ဟောဒီမှာ၊ အထုပ်တစ်ထုပ်။- သံပုရာ အနံ့နဲ့ဟာ ရှိတယ်။ အဲဒီ စေးကပ် ဝက်ဝံကို ယူမယ်၊ ရိုဘော့ မဟုတ်ဘူးနော်။ ဒါပေမဲ့ ဟန်လုပ်နေလိုက်မယ်။ အဲဒါ တစ်ခုကို ကိုယ့်ပါးစပ်ထဲ ထည့်လိုက်မယ်ဆိုရင်- သံပုရာ အရသာ ကောင်းတယ်ဗျ။ ရိုဘော့ ဆိုတော့ သိပ်ဝါးမပစ်ပါနဲ့၊ အဲဒါကို ကြိုက်ချင်မှ ကြိုက်မှာ။ ပြီးတော့ မျိုချလိုက်မယ်။ အဲဒါနဲ့ ၎င်းဟာ သင့်အစာအိမ်ထဲ ဝင်သွားမယ်။ အစာအိမ်ထဲ ရှိနေစဉ် ၎င်းဟာ လှုပ်ရှားမယ်၊ စဉ်းစားမယ်၊ တွန့်လိမ် ကွေးမယ်၊ တစ်ခုခု လုပ်နေမှာပါ။ ၎င်းဟာ ရှေ့ဆက်ပြီး သင့် အူမဆီ သွားမယ်၊ အစာအိမ်နာ ဒါမှမ ဟုတ် ကင်ဆာ ရှိမရှိ စူးစမ်းမယ်၊ လိုရင် ဆေးထိုးပေးမယ် စသဖြင့် ပေါ့လေ။ ၎င်းဟာ သူ့အလုပ်ကို လုပ်ကိုင်လို့ ပြီးသွားရင် ၎င်းကို သင့် အစာအိမ်ကို စားသုံးပစ်နိုင်တယ်၊ ဒါမှမဟုတ် သင်က အဲဒီလို အစားချင်ရင်၊ ၎င်းဟာ သင့်ခန္ဓာကိုယ်အတိုင်း ဖြတ်သွားပြီး အိမ်သာသို့ ဆင်းထွက်သွားမယ် ပြီးတော့ ပတ်ဝန်းကျင်အတွက် အန္တရာယ်မရှိ ဆွေးသွားမယ်။ ဒီလိုနည်းဖြင့် ရိုဘော့တွေ အကြောင်း ကျွန်ုပ်တို့ တွေးခေါ်ပုံ ပြောင်းသွားမယ်။ ကျွန်ုပ်တို့ ညစ်ညမ်းမှုကို စားပစ်မယ့် ရိုဘော့ အကြောင်းနဲ့ စတင်ခဲ့ကြကား ကျွန်ုပ်တို့ စားနိုင်မယ့် ရိုဘော့တွေဖြင့် အဆုံးသတ်လိုက်ကြတယ်။ ခင်ဗျားတို့ဆီမှာ အနာဂတ် ရိုဘော့တွေနဲ့ လုပ်လို့ရမယ့် အရာအချို့တို့ရဲ့ စိတ်ကူးတွေ ပေါ်လာကြမယ်လို့ မျှော်လင့်ပါတယ်။ အခုလို အာရုံပြု နားထောင်ကြတာ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)