WEBVTT 00:00:01.240 --> 00:00:05.320 ဒီဂျစ်တယ် ကိရိယာမရှိဘဲနဲ့ လူတွေကို ဆက်သွယ်ခဲ့တာကို သင် သတိရနိုင်ပါသလား။ 00:00:05.690 --> 00:00:08.400 မျက်နှာချင်းဆိုင် စကားပြောဆိုမှုဟာ ဒီနေ့ လောကကြီးထဲ 00:00:08.400 --> 00:00:10.400 မှားနေတဲ့ အရာတွေအတွက် ဖြေဆေး တစ်ခုပါ။ 00:00:10.407 --> 00:00:12.480 စကားပြောဆိုမှုက တစ်ဦးကိုတစ်ဦး ကြည့်နိုင်ပြီး 00:00:12.480 --> 00:00:15.590 တစ်ဦးကိုတစ်ဦး နားထောင်ရင်း တစ်ဦးက တစ်ဦးဆီမှာ သင်ယူခွင့် ရရှိစေတယ်။ 00:00:15.590 --> 00:00:18.020 အဲဒါနဲ့ ကျုပ်တို့ TED ထံမှာ စိတ်ကူး တစ်ခုပေါ်လာတာက 00:00:18.020 --> 00:00:22.300 မျက်နှာချင်းဆိုင် ဆက်သွယ်မှုကို လွယ်ကူကာ ပျော်စရာနဲ့ စွမ်းထက်အောင် လုပ်ပေးဖို့ပါ။ 00:00:22.300 --> 00:00:24.970 ကျုပ်တို့ဟာ သင့်ကို TED Circles နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 00:00:24.970 --> 00:00:28.590 ၎င်းတို့ကို ဒီဇိုင်းပြုစုထားပုံက ဘယ်သူကို မဆို၊ သင်ကိုယ်တိုင်ကိုပဲ ဖြစ်ဖြစ်၊ 00:00:28.590 --> 00:00:31.790 မိတ်ဆွေတွေ ဒါမှမဟုတ် အိမ်နီးချင်း အုပ်စု လေးတွေ ပုံမှန် တွေ့ဆုံလျက် 00:00:31.790 --> 00:00:35.400 ကမ္ဘာ့ပေါ်က အာရုံစူးစိုက်စရာ အကောင်းဆုံး စိတ်ကူးတွေကို ဆွေးနွေးဖို့ အတွက်ပါ။ 00:00:35.400 --> 00:00:37.155 TED Circles လုပ်ကိုင်ပုံက ဘယ်လိုလဲ။ 00:00:37.155 --> 00:00:38.160 ရိုးရိုးလေးပါ။ 00:00:38.160 --> 00:00:42.120 TED Circle တိုင်းဟာ လူတွေက ကြည့်ရှု ခဲ့ကြတဲ့ TEDTalk တစ်ခုခုကို အခြေခံပါတယ်။ 00:00:42.120 --> 00:00:44.025 လစဉ် အကြောင်းအရာတွေ ရှိနိုင်ပါတယ်၊ 00:00:44.025 --> 00:00:45.920 "ပျော်ရွှင်မှုကိုရှာဖွေခြင်း" ဒါမှမဟုတ် 00:00:45.920 --> 00:00:47.400 "တီထွင်မှု" လို အကြောင်းအရာ၊ 00:00:47.400 --> 00:00:50.360 ပြီးတော့ အဲဒီအကြောင်းအရာနဲ့ ဆက်စပ်နေကြတဲ့ ဟောပြောခန်း တစ်စုပါ။ 00:00:50.360 --> 00:00:52.970 လက်ခံကျင်းပသူတို့က ဟောပြောချက်ကို ရွေးလိုက်တဲ့ နောက်မှာ 00:00:52.970 --> 00:00:55.470 သူတို့နေအိမ် ဒါမှမဟုတ် ကဖေးဆိုင်လို နေရာကို ရှာပြီး 00:00:55.470 --> 00:00:59.440 သူတို့ သိတဲ့လူတွေကို ဖိတ်ခေါ်ရင်း အခြားသူတွေအတွက်ပါ တံခါးဖွင့်ထားနိုင်ကြတယ်။ 00:00:59.440 --> 00:01:02.440 Circle ထဲပါဝင်ခြင်းအားဖြင့်၊ သင်ဟာ အရာ အသစ်တွေကို သိရှိလာရပါမယ်၊ 00:01:02.440 --> 00:01:06.030 ပြီးတော့ သင့်ရပ်ကွက် အသိုင်းအဝိုင်းထဲက လူတွေနဲ့ ဆက်ဆံမှု ပိုခိုင်မြဲလာမှာပါ။ 00:01:06.030 --> 00:01:09.100 ဒီလိုနည်းဖြင့်၊ သင်ဟာ အရေးကြီးဆုံး အကြောင်းတွေကို ဆွေးနွေးနေကြတဲ့ 00:01:09.100 --> 00:01:13.400 နိုင်ငံတကာ စကားဝိုင်း ထောင်ချီတို့ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ။ 00:01:13.400 --> 00:01:15.240 ကျုပ်တို့ ဒါကို ဘာကြောင့် လုပ်ကြရတာလဲ။ 00:01:15.240 --> 00:01:19.320 TED ဟာ အကျိုးအမြတ်ကို မရှာပါဘူး၊ ကျုပ်တို့ ရည်မှန်းချက်က စိတ်ကူးတွေ ဖြန့်ပေးဖို့ပါ။ 00:01:19.320 --> 00:01:23.220 တကွဲတပြား ဖြစ်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အဲဒါ ပြုလုပ်ဖို့ လှပတဲ့ နည်းလမ်းမို့လို့ပါ။ 00:01:23.220 --> 00:01:25.920 ဘယ်သူမဆို TED Circle ကို အိမ်ရှင်အဖြစ် စည်းရုံးနိုင်တယ် - 00:01:25.920 --> 00:01:29.390 ၎င်းတို့ဟာ ပျော်စရာကောင်းပြီး အခမဲ့ ဖြစ်တဲ့အပြင် လူတိုင်းကို ကြိုဆိုပါတယ်။ 00:01:29.390 --> 00:01:32.930 ဒီတော့ သင်ကိုယ်တိုင် စတင်ချင်ရင် ဒီနေ့ကိုပဲ လက်မှတ်ထိုး ပါဝင်နိုင်ပါပြီ!