1 00:00:01,240 --> 00:00:05,320 ဒီဂျစ်တယ် ကိရိယာမရှိဘဲနဲ့ လူတွေကို ဆက်သွယ်ခဲ့တာကို သင် သတိရနိုင်ပါသလား။ 2 00:00:05,690 --> 00:00:08,400 မျက်နှာချင်းဆိုင် စကားပြောဆိုမှုဟာ ဒီနေ့ လောကကြီးထဲ 3 00:00:08,400 --> 00:00:10,400 မှားနေတဲ့ အရာတွေအတွက် ဖြေဆေး တစ်ခုပါ။ 4 00:00:10,407 --> 00:00:12,480 စကားပြောဆိုမှုက တစ်ဦးကိုတစ်ဦး ကြည့်နိုင်ပြီး 5 00:00:12,480 --> 00:00:15,590 တစ်ဦးကိုတစ်ဦး နားထောင်ရင်း တစ်ဦးက တစ်ဦးဆီမှာ သင်ယူခွင့် ရရှိစေတယ်။ 6 00:00:15,590 --> 00:00:18,020 အဲဒါနဲ့ ကျုပ်တို့ TED ထံမှာ စိတ်ကူး တစ်ခုပေါ်လာတာက 7 00:00:18,020 --> 00:00:22,300 မျက်နှာချင်းဆိုင် ဆက်သွယ်မှုကို လွယ်ကူကာ ပျော်စရာနဲ့ စွမ်းထက်အောင် လုပ်ပေးဖို့ပါ။ 8 00:00:22,300 --> 00:00:24,970 ကျုပ်တို့ဟာ သင့်ကို TED Circles နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 9 00:00:24,970 --> 00:00:28,590 ၎င်းတို့ကို ဒီဇိုင်းပြုစုထားပုံက ဘယ်သူကို မဆို၊ သင်ကိုယ်တိုင်ကိုပဲ ဖြစ်ဖြစ်၊ 10 00:00:28,590 --> 00:00:31,790 မိတ်ဆွေတွေ ဒါမှမဟုတ် အိမ်နီးချင်း အုပ်စု လေးတွေ ပုံမှန် တွေ့ဆုံလျက် 11 00:00:31,790 --> 00:00:35,400 ကမ္ဘာ့ပေါ်က အာရုံစူးစိုက်စရာ အကောင်းဆုံး စိတ်ကူးတွေကို ဆွေးနွေးဖို့ အတွက်ပါ။ 12 00:00:35,400 --> 00:00:37,155 TED Circles လုပ်ကိုင်ပုံက ဘယ်လိုလဲ။ 13 00:00:37,155 --> 00:00:38,160 ရိုးရိုးလေးပါ။ 14 00:00:38,160 --> 00:00:42,120 TED Circle တိုင်းဟာ လူတွေက ကြည့်ရှု ခဲ့ကြတဲ့ TEDTalk တစ်ခုခုကို အခြေခံပါတယ်။ 15 00:00:42,120 --> 00:00:44,025 လစဉ် အကြောင်းအရာတွေ ရှိနိုင်ပါတယ်၊ 16 00:00:44,025 --> 00:00:45,920 "ပျော်ရွှင်မှုကိုရှာဖွေခြင်း" ဒါမှမဟုတ် 17 00:00:45,920 --> 00:00:47,400 "တီထွင်မှု" လို အကြောင်းအရာ၊ 18 00:00:47,400 --> 00:00:50,360 ပြီးတော့ အဲဒီအကြောင်းအရာနဲ့ ဆက်စပ်နေကြတဲ့ ဟောပြောခန်း တစ်စုပါ။ 19 00:00:50,360 --> 00:00:52,970 လက်ခံကျင်းပသူတို့က ဟောပြောချက်ကို ရွေးလိုက်တဲ့ နောက်မှာ 20 00:00:52,970 --> 00:00:55,470 သူတို့နေအိမ် ဒါမှမဟုတ် ကဖေးဆိုင်လို နေရာကို ရှာပြီး 21 00:00:55,470 --> 00:00:59,440 သူတို့ သိတဲ့လူတွေကို ဖိတ်ခေါ်ရင်း အခြားသူတွေအတွက်ပါ တံခါးဖွင့်ထားနိုင်ကြတယ်။ 22 00:00:59,440 --> 00:01:02,440 Circle ထဲပါဝင်ခြင်းအားဖြင့်၊ သင်ဟာ အရာ အသစ်တွေကို သိရှိလာရပါမယ်၊ 23 00:01:02,440 --> 00:01:06,030 ပြီးတော့ သင့်ရပ်ကွက် အသိုင်းအဝိုင်းထဲက လူတွေနဲ့ ဆက်ဆံမှု ပိုခိုင်မြဲလာမှာပါ။ 24 00:01:06,030 --> 00:01:09,100 ဒီလိုနည်းဖြင့်၊ သင်ဟာ အရေးကြီးဆုံး အကြောင်းတွေကို ဆွေးနွေးနေကြတဲ့ 25 00:01:09,100 --> 00:01:13,400 နိုင်ငံတကာ စကားဝိုင်း ထောင်ချီတို့ထဲက တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ။ 26 00:01:13,400 --> 00:01:15,240 ကျုပ်တို့ ဒါကို ဘာကြောင့် လုပ်ကြရတာလဲ။ 27 00:01:15,240 --> 00:01:19,320 TED ဟာ အကျိုးအမြတ်ကို မရှာပါဘူး၊ ကျုပ်တို့ ရည်မှန်းချက်က စိတ်ကူးတွေ ဖြန့်ပေးဖို့ပါ။ 28 00:01:19,320 --> 00:01:23,220 တကွဲတပြား ဖြစ်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အဲဒါ ပြုလုပ်ဖို့ လှပတဲ့ နည်းလမ်းမို့လို့ပါ။ 29 00:01:23,220 --> 00:01:25,920 ဘယ်သူမဆို TED Circle ကို အိမ်ရှင်အဖြစ် စည်းရုံးနိုင်တယ် - 30 00:01:25,920 --> 00:01:29,390 ၎င်းတို့ဟာ ပျော်စရာကောင်းပြီး အခမဲ့ ဖြစ်တဲ့အပြင် လူတိုင်းကို ကြိုဆိုပါတယ်။ 31 00:01:29,390 --> 00:01:32,930 ဒီတော့ သင်ကိုယ်တိုင် စတင်ချင်ရင် ဒီနေ့ကိုပဲ လက်မှတ်ထိုး ပါဝင်နိုင်ပါပြီ!