0:00:01.240,0:00:05.320 ဒီဂျစ်တယ် ကိရိယာမရှိဘဲနဲ့ လူတွေကို[br]ဆက်သွယ်ခဲ့တာကို သင် သတိရနိုင်ပါသလား။ 0:00:05.690,0:00:08.400 မျက်နှာချင်းဆိုင် စကားပြောဆိုမှုဟာ[br]ဒီနေ့ လောကကြီးထဲ 0:00:08.400,0:00:10.400 မှားနေတဲ့ အရာတွေအတွက် ဖြေဆေး တစ်ခုပါ။ 0:00:10.407,0:00:12.480 စကားပြောဆိုမှုက တစ်ဦးကိုတစ်ဦး[br]ကြည့်နိုင်ပြီး 0:00:12.480,0:00:15.590 တစ်ဦးကိုတစ်ဦး နားထောင်ရင်း[br]တစ်ဦးက တစ်ဦးဆီမှာ သင်ယူခွင့် ရရှိစေတယ်။ 0:00:15.590,0:00:18.020 အဲဒါနဲ့ ကျုပ်တို့ TED ထံမှာ[br]စိတ်ကူး တစ်ခုပေါ်လာတာက 0:00:18.020,0:00:22.300 မျက်နှာချင်းဆိုင် ဆက်သွယ်မှုကို လွယ်ကူကာ[br]ပျော်စရာနဲ့ စွမ်းထက်အောင် လုပ်ပေးဖို့ပါ။ 0:00:22.300,0:00:24.970 ကျုပ်တို့ဟာ သင့်ကို TED Circles နဲ့[br]မိတ်ဆက်ပေးချင်ပါတယ်။ 0:00:24.970,0:00:28.590 ၎င်းတို့ကို ဒီဇိုင်းပြုစုထားပုံက ဘယ်သူကို[br]မဆို၊ သင်ကိုယ်တိုင်ကိုပဲ ဖြစ်ဖြစ်၊ 0:00:28.590,0:00:31.790 မိတ်ဆွေတွေ ဒါမှမဟုတ် အိမ်နီးချင်း အုပ်စု[br]လေးတွေ ပုံမှန် တွေ့ဆုံလျက် 0:00:31.790,0:00:35.400 ကမ္ဘာ့ပေါ်က အာရုံစူးစိုက်စရာ အကောင်းဆုံး[br]စိတ်ကူးတွေကို ဆွေးနွေးဖို့ အတွက်ပါ။ 0:00:35.400,0:00:37.155 TED Circles လုပ်ကိုင်ပုံက ဘယ်လိုလဲ။ 0:00:37.155,0:00:38.160 ရိုးရိုးလေးပါ။ 0:00:38.160,0:00:42.120 TED Circle တိုင်းဟာ လူတွေက ကြည့်ရှု[br]ခဲ့ကြတဲ့ TEDTalk တစ်ခုခုကို အခြေခံပါတယ်။ 0:00:42.120,0:00:44.025 လစဉ် အကြောင်းအရာတွေ ရှိနိုင်ပါတယ်၊ 0:00:44.025,0:00:45.920 "ပျော်ရွှင်မှုကိုရှာဖွေခြင်း" ဒါမှမဟုတ် 0:00:45.920,0:00:47.400 "တီထွင်မှု" လို အကြောင်းအရာ၊ 0:00:47.400,0:00:50.360 ပြီးတော့ အဲဒီအကြောင်းအရာနဲ့[br]ဆက်စပ်နေကြတဲ့ ဟောပြောခန်း တစ်စုပါ။ 0:00:50.360,0:00:52.970 လက်ခံကျင်းပသူတို့က ဟောပြောချက်ကို[br]ရွေးလိုက်တဲ့ နောက်မှာ 0:00:52.970,0:00:55.470 သူတို့နေအိမ် ဒါမှမဟုတ် ကဖေးဆိုင်လို[br]နေရာကို ရှာပြီး 0:00:55.470,0:00:59.440 သူတို့ သိတဲ့လူတွေကို ဖိတ်ခေါ်ရင်း[br]အခြားသူတွေအတွက်ပါ တံခါးဖွင့်ထားနိုင်ကြတယ်။ 0:00:59.440,0:01:02.440 Circle ထဲပါဝင်ခြင်းအားဖြင့်၊ သင်ဟာ အရာ[br]အသစ်တွေကို သိရှိလာရပါမယ်၊ 0:01:02.440,0:01:06.030 ပြီးတော့ သင့်ရပ်ကွက် အသိုင်းအဝိုင်းထဲက[br]လူတွေနဲ့ ဆက်ဆံမှု ပိုခိုင်မြဲလာမှာပါ။ 0:01:06.030,0:01:09.100 ဒီလိုနည်းဖြင့်၊ သင်ဟာ အရေးကြီးဆုံး[br]အကြောင်းတွေကို ဆွေးနွေးနေကြတဲ့ 0:01:09.100,0:01:13.400 နိုင်ငံတကာ စကားဝိုင်း ထောင်ချီတို့ထဲက[br]တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ။ 0:01:13.400,0:01:15.240 ကျုပ်တို့ ဒါကို ဘာကြောင့် လုပ်ကြရတာလဲ။ 0:01:15.240,0:01:19.320 TED ဟာ အကျိုးအမြတ်ကို မရှာပါဘူး၊ ကျုပ်တို့[br]ရည်မှန်းချက်က စိတ်ကူးတွေ ဖြန့်ပေးဖို့ပါ။ 0:01:19.320,0:01:23.220 တကွဲတပြား ဖြစ်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အဲဒါ[br]ပြုလုပ်ဖို့ လှပတဲ့ နည်းလမ်းမို့လို့ပါ။ 0:01:23.220,0:01:25.920 ဘယ်သူမဆို TED Circle ကို[br]အိမ်ရှင်အဖြစ် စည်းရုံးနိုင်တယ် - 0:01:25.920,0:01:29.390 ၎င်းတို့ဟာ ပျော်စရာကောင်းပြီး အခမဲ့[br]ဖြစ်တဲ့အပြင် လူတိုင်းကို ကြိုဆိုပါတယ်။ 0:01:29.390,0:01:32.930 ဒီတော့ သင်ကိုယ်တိုင် စတင်ချင်ရင်[br]ဒီနေ့ကိုပဲ လက်မှတ်ထိုး ပါဝင်နိုင်ပါပြီ!