ဩဂုတ်လ ၁၂ ရက်နေ့။ ၂၀၂၀ ခုနှစ်။ Belarus ရဲ့မြို့တော် Minsk မှာရှိတဲ့ မိန်းကလေးအုပ်စု နှစ်စုဟာ ကန့်ကွက်ရန် အပြင်သို့ ထွက်လာခဲ့ကြတယ်။ အဖြူရောင် အဝတ်တွေကို ဝတ်ဆင်လျက် ခြေဗလာနဲ့ လမ်းမပေါ်သို့ ထွက်လာခဲ့ကြတယ်။ မနက်ခင်းမှာ အချို့ဟာ မြို့လည်ကောင်ရှိ Komarovskiy Market ကို သွားခဲ့ကြတယ်။ အဲဒီနေ့ နှောင်းပိုင်းမှာ အခြားအဖွဲ့ဟာ ပန်းတွေနဲ့အတူ အောင်မြင်ခြင်းရုပ်တုအောက် eternal flameမှာ စုစည်းခဲ့ကြတယ်။ သူတို့ဟာ မတ်တပ်ရပ်လျက် အတူတကွ လက်တွဲကာ Belarusian lullaby ကို စတင် သီဆိုလျက် ရဲကားတွေ အလာကို စောင့်နေခဲ့ကြတယ်။ ရဲတွေက သူတို့ကိူ ဒီလို ခ​ေါ်သွားမယ်ဆိုတာ သူတို့ သိကြပါတယ်။ ပန်းတွေကိုင်ထားလျက် ခြေဗလာနဲ့ သူတို့ကို သူတို့ကို ရိုက်နှက်၊ အရှက်ခွဲပြီး ရဲစခန်းကို ခေါ်ဆောင်သွားမယ်ဆိုတာပါ။ သို့ပေမဲ့ သူတို့ဟာ ဘာဖြစ်ဖြစ် ဆက်လက် သီဆိုနေခဲ့တယ်။ ဒီနှစ် Belarus မှာ တစ်ခုခုပြောင်းလဲခဲ့တယ်။ ၁၉၉၄ ကတည်းက အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်းက အုပ်ချုပ်ခဲ့တဲ့ ပြည်သူပေါင်း ၉ သန်းကျော်ရှိတဲ့ တိုင်းပြည်တစ်ပြည်ပါ။ အဲဒီ မိန်းကလေးတွေဟာ ရက်အနည်းငယ်စောပြီး ကျင်းပခဲ့တဲ​့ ရွေးကောက်ပွဲရဲ့ အကွက်ဆင်ခဲ့တဲ​့ နောက်ဆုံးရလဒ်ကို ကန့်ကွက်ခဲ့ကြတယ်။ သူတို့ရဲ့ သေးငယ်လှတဲ့ ကန့်ကွက်မှုရဲ့ ထုတ်ဖော်ချက်တွေဟာ ဧရာမ ငြိမ်းချမ်းတဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအဖြစ် တစ်နိုင်ငံလုံးရှိ ပျံ့နှံ့သွားခဲ့တယ်။ ရက်အနည်းငယ်အတွင်းမှာ ရာထောင်ချီသော ပြည်သူတွေဟာ လမ်းမပေါ် ဆက်လက်ထွက်ပြီး အဲဒီအချိန်ကတည်းက ဆန္ဒပြပွဲတွေ ဆကိဖြစ်ခဲ့တယ်။ ဒီလိုမျိုးတွေ Belarus မှာ အရင်က တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ။ ဒီလို ကန့်ကွက်မှုတွေ ရှိနေဆဲမှာပင် သမ္မတ ဟာ ဥပဒေတစ်ရပ်ကို ကြေညာချက် ထုတ်ပြန်လိုက်ပြီး လူပေါင်း ၁၀၀၀၀ ကျော် ဖမ်းဆီးခဲ့တယ်။ လူပေါင်းရာကျော်ကို နှိပ်စက်ခဲ့ပြီး အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့ရတယ်။ ဘာကြောင့် Belarus ပြည်သူတွေက ထုတ်ဖော် ပြောဆိုလဲဆိုတာကို လူများစွာက တွေးကြတယ်။ ဘာက သူတို့ကို လမ်းမပေါ် ထွက်စေတာလဲ။ ရဲတွေရဲ့ မမျှော်လင့်ရတဲ့ အကြမ်းဖက်မှုတွေ ဥပဒေကင်းမဲ့မှုတွေ ရှိနေဆဲတောင်မှပေါ့။ ကျွန်မအကြားရဆုံး အဖြေကတော့ ပြည်သူတွေက ကြောက်ရွံ့မှုတွေ မရှိကြတာကြောင့်ပဲ။ ကြောက်ရွံ့မှုတွေ ကင်းမဲ့ခြင်းက ကျွန်မတို့ကို အတူတကွဖြစ်သွားစေတယ်။ ဘာကြောင့်လဲဆိုတော့ ကြောက်ရွံ့မှုတွေက အထီးကျန်ခြင်းကို ဖြစ်ပေါ်စေတယ်။ ဒါက ခွဲခြားတာ မရှိဘူး။ ယောကျာ်း၊ မိန်းမ၊ ကလေး၊ သက်က​ြီးရွယ်အို အားလုံးဟာ ကြောက်ရွံ့မှုကို ခံစားရတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် ရှိနေသရွေ့တော့ ဒီလိုပါ။ ကြောက်ရွံ့မှု ကင်းမဲ့မှုက နှစ်ယောက်လိုတယ်။ အချင်းချင်း ပြသလိုက်တဲ့အခါမှသာ ကြောက်ရွံ့မှု ကင်းမဲ့လာကြတယ်။ မင်းရဲ့ အိမ်နီးချင်း၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေမှာ သတ္တိရှိအောင် ပြသလိုက်ပါ။ သူတို့ဟာ အင်အားတွေရှိလာပြီး ကြောက်ရွံ့မှုတွေ ကင်းမဲ့လာကြမယ်။ ဩဂုတ်လ ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ကျွန်မတို့ ကျရာနေရာကနေ ဆောင်ရွက်ပြီးပြီ။ ကျွန်မ ယောကျ်ား Sergei ထောင်ကျတုန်းက ကျွန်မ ပြေးလွှားခဲ့ရတယ်။ အဲ့လိုပြေးလွှားခဲ့ခြင်းက ဩဇာရှိသူတွေရဲ့ နှောင့်နှေးမှုတွေကို ပေါ်လွင်စေတယ်။ ကျွန်မ ရွေးကောက်ပွဲကို အနိုင်ရပြီး Belarus ရဲ့ ဒီမိုကရက် ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ မဲရလဒ်ရဲ့ ၁၀ ရာခိုင်နှုန်းသာ နိုင်တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့တယ်။ ပြီးတော့ ကျွန်မ ကလေးတွေနှင့်အတူ တိုင်းပြည်မှ ထွက်ခွာရန် ဖိအားပေးခံခဲ့ရတယ်။ ကျွန်မကို မဲပေးတဲ့ သူတွေက အုပ်ချုပ်မှုကို ရယူစေချင်သောကြောင့် ကျွန်မ တွန်းလှန်တယ်။ ကျွန်မ ဘယ်လောက် အကြောက်အလန့် ကင်းမဲ့လိုက်သလဲ။ ကျွန်မ အထိတ်တလန့်ဖြစ်နေခိုက်မှာ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့တယ်။ ကျွန်မ လက်လျော့ချင်ခဲ့တယ်။ တွန်းလှန်မှုတွေကို ကျွန်မတစ်ယောက်တည်း လုပ်တယ်လို့ ယုံကြည်အောင် ခြိမ်းခြောက်ခဲ့တယ်။ အခုထက်ထိတိုင်အောင် ကျွန်မ မြို့တော်တော်များကို သွားလည်လေ ပြည်သူတွေက စုရုံး ထောက်ခံလေလေ ကြောက်ရွံ့မှုတွေ ပိုလျော့နည်းလာလေလေပါ။ ပြီးတော့ ရွေးကောက်ပွဲမတိုင်မီ Minsk မှာ ပြည်သူပေါင်း ၆၀၀၀၀ ကျော်က ကျွန်မကို ထောက်ခံကြောင်း ပြသခဲ့ကြတယ်။ ကျွန်မ မကြောက်ရွံ့တော့ဘူး။ ဘယ်တော့မှ ကျွန်မ မထိတ်လန့်ချင်ခဲ့ဘူး။ ကျွန်မ နိုင်ငံရေး သိပ်လုပ်ခဲ့ဘူး။ ရုံးအလုပ်တွေလည်း လုံးဝ လုပ်ဖို့ မစီစဉ်ခဲ့ဘူး။ ကျွန်မ မိခင်တစ်ယောက်၊ ဇနီး တစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် ကံကြမ္မာနှင့် ပြည်သူတွေရဲ့ တောင်းဆိုမှုတွေက ကျွန်မကို ထိုနေရာသို့ တွန်းပို့ခဲ့တယ်။ တာဝန်နှင့် ဂုဏ်ယူမှု အသိစိတ်ကြောင့် ကျွန်မ ထိုနေရာကို လက်သင့်ခံခဲ့တယ်။ ကျွန်မ အရှုံးပေးမှာ မဟုတ်ဘူး။ ပြည်သူတွေက ကျွန်မကို ပြသ သလို ကျွန်မလည်း ပြည်သူတွေကို သက်သေပြမယ်။ ကျွန်မတို့ရဲ့ စည်းလုံးမှုကြောင့် ကျွန်မတို့ ရဲရင့်လာခဲ့တယ်။ ကျွန်မတို့ တစ်စုတစ်စည်းထဲ ဖြစ်ခြင်းက ကျွန်မတို့ အင်အားပါပဲ။ ကြောက်ရွံ့မှုကင်းခြင်းက ကျွန်မကတိပေးထားသော အလုပ်ဖြစ်ကြောင်း ကျွန်မ နားလည်ပြီ။ အဲဒါက မင်းနေ့စဉ် ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါက မင်း ယူလိုက်တဲ့ တာဝန် အခြားတစ်ယောက်အတွက် မင်းယူခဲ့တဲ့ တာဝန်ပဲ။ ကျွန်မရဲ့ ထောက်ခံသူ Belarus နိုင်ငံသားနဲ့ ကျွန်မဟာ ကွဲပြားမနေဘူး။ သူတို့ရဲ့ ထောက်ခံမှုက ခံစားလို့ရတယ်။ သူတို့ရဲ့ တစ်စုတစ်စည်းထဲ ဖြစ်မှုဟာ အစဉ်အဆက် ကြီးထွားလာတယ်။ လူနှစ်ယောက်ရှိရင် မင်းဟာ အတင့်ရဲလိမ့်မယ်။ လူ ၁၀၀ ရှိရင် မင်းဟာ ရဲရင့်လိမ့်မယ်။ လူ ၁၀၀၀ ရှိရင် မင်းဟာ အကြောက်တရား ကင်းမဲ့လိမ့်မယ်။ လူ ၁၀၀၀၀ ရှိရင် မင်းဟာ လွှမ်းမိုးနိုင်လိမ့်မယ်။ ကျေးဇူးတင်ပါတယ်။