1 00:00:01,083 --> 00:00:03,809 ဩဂုတ်လ ၁၂ ရက်နေ့။ ၂၀၂၀ ခုနှစ်။ 2 00:00:03,833 --> 00:00:07,268 Belarus ရဲ့မြို့တော် Minsk မှာရှိတဲ့ မိန်းကလေးအုပ်စု နှစ်စုဟာ 3 00:00:07,292 --> 00:00:09,726 ကန့်ကွက်ရန် အပြင်သို့ ထွက်လာခဲ့ကြတယ်။ 4 00:00:09,750 --> 00:00:11,434 အဖြူရောင် အဝတ်တွေကို ဝတ်ဆင်လျက် 5 00:00:11,458 --> 00:00:14,000 ခြေဗလာနဲ့ လမ်းမပေါ်သို့ ထွက်လာခဲ့ကြတယ်။ 6 00:00:14,833 --> 00:00:16,101 မနက်ခင်းမှာ 7 00:00:16,125 --> 00:00:19,601 အချို့ဟာ မြို့လည်ကောင်ရှိ Komarovskiy Market ကို သွားခဲ့ကြတယ်။ 8 00:00:19,625 --> 00:00:20,893 အဲဒီနေ့ နှောင်းပိုင်းမှာ 9 00:00:20,917 --> 00:00:23,226 အခြားအဖွဲ့ဟာ ပန်းတွေနဲ့အတူ 10 00:00:23,250 --> 00:00:26,809 အောင်မြင်ခြင်းရုပ်တုအောက် eternal flameမှာ စုစည်းခဲ့ကြတယ်။ 11 00:00:26,833 --> 00:00:29,143 သူတို့ဟာ မတ်တပ်ရပ်လျက် အတူတကွ လက်တွဲကာ 12 00:00:29,167 --> 00:00:32,476 Belarusian lullaby ကို စတင် သီဆိုလျက် 13 00:00:32,500 --> 00:00:35,333 ရဲကားတွေ အလာကို စောင့်နေခဲ့ကြတယ်။ 14 00:00:36,333 --> 00:00:40,393 ရဲတွေက သူတို့ကိူ ဒီလို ခ​ေါ်သွားမယ်ဆိုတာ သူတို့ သိကြပါတယ်။ 15 00:00:40,417 --> 00:00:43,499 ပန်းတွေကိုင်ထားလျက် ခြေဗလာနဲ့ သူတို့ကို 16 00:00:43,499 --> 00:00:46,750 သူတို့ကို ရိုက်နှက်၊ အရှက်ခွဲပြီး 17 00:00:46,750 --> 00:00:50,955 ရဲစခန်းကို ခေါ်ဆောင်သွားမယ်ဆိုတာပါ။ 18 00:00:50,955 --> 00:00:54,542 သို့ပေမဲ့ သူတို့ဟာ ဘာဖြစ်ဖြစ် ဆက်လက် သီဆိုနေခဲ့တယ်။ 19 00:00:54,542 --> 00:00:57,461 ဒီနှစ် Belarus မှာ တစ်ခုခုပြောင်းလဲခဲ့တယ်။ 20 00:00:57,461 --> 00:01:00,628 ၁၉၉၄ ကတည်းက အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်းက အုပ်ချုပ်ခဲ့တဲ့ 21 00:01:00,628 --> 00:01:06,495 ပြည်သူပေါင်း ၉ သန်းကျော်ရှိတဲ့ တိုင်းပြည်တစ်ပြည်ပါ။ 22 00:01:06,495 --> 00:01:11,288 အဲဒီ မိန်းကလေးတွေဟာ ရက်အနည်းငယ်စောပြီး ကျင်းပခဲ့တဲ​့ ရွေးကောက်ပွဲရဲ့ 23 00:01:11,288 --> 00:01:15,000 အကွက်ဆင်ခဲ့တဲ​့ နောက်ဆုံးရလဒ်ကို ကန့်ကွက်ခဲ့ကြတယ်။ 24 00:01:15,000 --> 00:01:19,672 သူတို့ရဲ့ သေးငယ်လှတဲ့ ကန့်ကွက်မှုရဲ့ ထုတ်ဖော်ချက်တွေဟာ 25 00:01:19,672 --> 00:01:23,920 ဧရာမ ငြိမ်းချမ်းတဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအဖြစ် 26 00:01:23,920 --> 00:01:26,423 တစ်နိုင်ငံလုံးရှိ ပျံ့နှံ့သွားခဲ့တယ်။ 27 00:01:26,423 --> 00:01:28,383 ရက်အနည်းငယ်အတွင်းမှာ 28 00:01:28,383 --> 00:01:31,789 ရာထောင်ချီသော ပြည်သူတွေဟာ လမ်းမပေါ် ဆက်လက်ထွက်ပြီး 29 00:01:31,789 --> 00:01:35,583 အဲဒီအချိန်ကတည်းက ဆန္ဒပြပွဲတွေ ဆကိဖြစ်ခဲ့တယ်။ 30 00:01:35,583 --> 00:01:40,206 ဒီလိုမျိုးတွေ Belarus မှာ အရင်က တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ။ 31 00:01:40,206 --> 00:01:42,751 ဒီလို ကန့်ကွက်မှုတွေ ရှိနေဆဲမှာပင် 32 00:01:42,751 --> 00:01:46,416 သမ္မတ ဟာ ဥပဒေတစ်ရပ်ကို ကြေညာချက် ထုတ်ပြန်လိုက်ပြီး 33 00:01:46,416 --> 00:01:50,214 လူပေါင်း ၁၀၀၀၀ ကျော် ဖမ်းဆီးခဲ့တယ်။ 34 00:01:50,214 --> 00:01:52,084 လူပေါင်းရာကျော်ကို နှိပ်စက်ခဲ့ပြီး 35 00:01:52,084 --> 00:01:55,421 အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့ရတယ်။ 36 00:01:55,421 --> 00:02:00,877 ဘာကြောင့် Belarus ပြည်သူတွေက ထုတ်ဖော် ပြောဆိုလဲဆိုတာကို လူများစွာက တွေးကြတယ်။ 37 00:02:00,877 --> 00:02:04,495 ဘာက သူတို့ကို လမ်းမပေါ် ထွက်စေတာလဲ။ 38 00:02:04,495 --> 00:02:07,539 ရဲတွေရဲ့ မမျှော်လင့်ရတဲ့ အကြမ်းဖက်မှုတွေ 39 00:02:07,539 --> 00:02:10,962 ဥပဒေကင်းမဲ့မှုတွေ ရှိနေဆဲတောင်မှပေါ့။ 40 00:02:10,962 --> 00:02:13,172 ကျွန်မအကြားရဆုံး အဖြေကတော့ 41 00:02:13,172 --> 00:02:17,327 ပြည်သူတွေက ကြောက်ရွံ့မှုတွေ မရှိကြတာကြောင့်ပဲ။ 42 00:02:17,327 --> 00:02:21,632 ကြောက်ရွံ့မှုတွေ ကင်းမဲ့ခြင်းက ကျွန်မတို့ကို အတူတကွဖြစ်သွားစေတယ်။ 43 00:02:21,632 --> 00:02:26,133 ဘာကြောင့်လဲဆိုတော့ ကြောက်ရွံ့မှုတွေက 44 00:02:26,133 --> 00:02:28,665 အထီးကျန်ခြင်းကို ဖြစ်ပေါ်စေတယ်။ 45 00:02:28,665 --> 00:02:30,463 ဒါက ခွဲခြားတာ မရှိဘူး။ 46 00:02:30,463 --> 00:02:33,461 ယောကျာ်း၊ မိန်းမ၊ ကလေး၊ သက်က​ြီးရွယ်အို 47 00:02:33,461 --> 00:02:35,748 အားလုံးဟာ ကြောက်ရွံ့မှုကို ခံစားရတယ်။ 48 00:02:35,748 --> 00:02:40,754 ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် ရှိနေသရွေ့တော့ ဒီလိုပါ။ 49 00:02:40,754 --> 00:02:43,126 ကြောက်ရွံ့မှု ကင်းမဲ့မှုက နှစ်ယောက်လိုတယ်။ 50 00:02:43,126 --> 00:02:48,130 အချင်းချင်း ပြသလိုက်တဲ့အခါမှသာ ကြောက်ရွံ့မှု ကင်းမဲ့လာကြတယ်။ 51 00:02:48,130 --> 00:02:50,461 မင်းရဲ့ အိမ်နီးချင်း၊ လုပ်ဖော်ကိုင်ဖက် 52 00:02:50,461 --> 00:02:54,174 မိတ်ဆွေမှာ သတ္တိရှိအောင် ပြသလိုက်ပါ။ 53 00:02:54,174 --> 00:02:58,333 သူတို့ဟာ အင်အားတွေရှိလာပြီး ကြောက်ရွံ့မှုတွေ ကင်းမဲ့လာကြမယ်။ 54 00:02:58,333 --> 00:03:02,078 ဩဂုတ်လ ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ 55 00:03:02,078 --> 00:03:04,211 ကျွန်မတို့ ကျရာနေရာကနေ ဆောင်ရွက်ပြီးပြီ။ 56 00:03:04,211 --> 00:03:08,247 ကျွန်မ ယောကျ်ား Sergei ထောင်ကျတုန်းက ကျွန်မ ပြေးလွှားခဲ့ရတယ်။ 57 00:03:08,247 --> 00:03:13,964 အဲ့လိုပြေးလွှားခဲ့ခြင်းက ဩဇာရှိသူတွေရဲ့ နှောင့်နှေးမှုတွေကို ပေါ်လွင်စေတယ်။ 58 00:03:13,964 --> 00:03:16,002 ကျွန်မ ရွေးကောက်ပွဲကို အနိုင်ရပြီး 59 00:03:16,002 --> 00:03:19,288 Belarus ရဲ့ ဒီမိုကရက် ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ 60 00:03:19,288 --> 00:03:23,078 ဒါပေမဲ့ မဲရလဒ်ရဲ့ ၁၀ ရာခိုင်နှုန်းသာ နိုင်တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့တယ်။ 61 00:03:23,078 --> 00:03:27,166 ပြီးတော့ ကျွန်မ ကလေးတွေနှင့်အတူ တိုင်းပြည်မှ ထွက်ခွာရန် ဖိအားပေးခံခဲ့ရတယ်။ 62 00:03:27,166 --> 00:03:30,171 ကျွန်မကို မဲပေးတဲ့ သူတွေက အုပ်ချုပ်မှုကို ရယူစေချင်သောကြောင့် 63 00:03:30,171 --> 00:03:33,381 ကျွန်မ တွန်းလှန်တယ်။ 64 00:03:33,381 --> 00:03:36,884 ကျွန်မ ဘယ်လောက် အကြောက်အလန့် ကင်းမဲ့လိုက်သလဲ။ 65 00:03:36,884 --> 00:03:40,710 ကျွန်မ အထိတ်တလန့်ဖြစ်နေခိုက်မှာ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့တယ်။ 66 00:03:40,710 --> 00:03:43,210 ကျွန်မ လက်လျော့ချင်ခဲ့တယ်။ 67 00:03:43,210 --> 00:03:44,495 တွန်းလှန်မှုတွေကို 68 00:03:44,495 --> 00:03:49,169 ကျွန်မတစ်ယောက်တည်း လုပ်တယ်လို့ ယုံကြည်အောင် ခြိမ်းခြောက်ခဲ့တယ်။ 69 00:03:49,169 --> 00:03:52,225 အခုထက်ထိတိုင်အောင် ကျွန်မ မြို့တော်တော်များကို သွားလည်လေ 70 00:03:52,225 --> 00:03:54,828 ပြည်သူတွေက စုရုံး ထောက်ခံလေလေ 71 00:03:54,828 --> 00:03:57,286 ကြောက်ရွံ့မှုတွေ ပိုလျော့နည်းလာလေလေပါ။ 72 00:03:57,286 --> 00:04:00,632 ပြီးတော့ ရွေးကောက်ပွဲမတိုင်မီ Minsk မှာ 73 00:04:00,632 --> 00:04:04,828 ပြည်သူပေါင်း ၆၀၀၀၀ ကျော်က ကျွန်မကို ထောက်ခံကြောင်း ပြသခဲ့ကြတယ်။ 74 00:04:04,828 --> 00:04:08,921 ကျွန်မ မကြောက်ရွံ့တော့ဘူး။ 75 00:04:08,921 --> 00:04:11,631 ဘယ်တော့မှ ကျွန်မ မထိတ်လန့်ချင်ခဲ့ဘူး။ 76 00:04:11,631 --> 00:04:13,500 ကျွန်မ နိုင်ငံရေး သိပ်လုပ်ခဲ့ဘူး။ 77 00:04:13,500 --> 00:04:15,960 ရုံးအလုပ်တွေလည်း လုံးဝ လုပ်ဖို့ မစီစဉ်ခဲ့ဘူး။ 78 00:04:15,960 --> 00:04:19,539 ကျွန်မ မိခင်တစ်ယောက်၊ ဇနီး တစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။ 79 00:04:19,539 --> 00:04:22,540 ဒါပေမယ့် ကံကြမ္မာနှင့် ပြည်သူတွေရဲ့ တောင်းဆိုမှုတွေက 80 00:04:22,540 --> 00:04:26,210 ကျွန်မကို ထိုနေရာသို့ တွန်းပို့ခဲ့တယ်။ 81 00:04:26,210 --> 00:04:31,084 တာဝန်နှင့် ဂုဏ်ယူမှု အသိစိတ်ကြောင့် ကျွန်မ ထိုနေရာကို လက်သင့်ခံခဲ့တယ်။ 82 00:04:31,084 --> 00:04:33,625 ကျွန်မ အရှုံးပေးမှာ မဟုတ်ဘူး။ 83 00:04:33,625 --> 00:04:38,879 ပြည်သူတွေက ကျွန်မကို ပြသ သလို ကျွန်မလည်း ပြည်သူတွေကို သက်သေပြမယ်။ 84 00:04:38,879 --> 00:04:42,325 ကျွန်မတို့ရဲ့ စည်းလုံးမှုကြောင့် ကျွန်မတို့ ရဲရင့်လာခဲ့တယ်။ 85 00:04:42,325 --> 00:04:46,671 ကျွန်မတို့ တစ်စုတစ်စည်းထဲ ဖြစ်ခြင်းက ကျွန်မတို့ အင်အားပါပဲ။ 86 00:04:46,671 --> 00:04:51,580 ကြောက်ရွံ့မှုကင်းခြင်းက ကျွန်မကတိပေးထားသော အလုပ်ဖြစ်ကြောင်း ကျွန်မ နားလည်ပြီ။ 87 00:04:51,580 --> 00:04:55,250 အဲဒါက မင်းနေ့စဉ် ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ။ 88 00:04:55,250 --> 00:04:57,964 ဒါက မင်း ယူလိုက်တဲ့ တာဝန် 89 00:04:57,964 --> 00:05:01,212 အခြားတစ်ယောက်အတွက် မင်းယူခဲ့တဲ့ တာဝန်ပဲ။ 90 00:05:01,212 --> 00:05:05,670 ကျွန်မရဲ့ ထောက်ခံသူ Belarus နိုင်ငံသားနဲ့ ကျွန်မဟာ ကွဲပြားမနေဘူး။ 91 00:05:05,670 --> 00:05:08,205 သူတို့ရဲ့ ထောက်ခံမှုက ခံစားလို့ရတယ်။ 92 00:05:08,205 --> 00:05:12,001 သူတို့ရဲ့ တစ်စုတစ်စည်းထဲ ဖြစ်မှုဟာ အစဉ်အဆက် ကြီးထွားလာတယ်။ 93 00:05:12,001 --> 00:05:13,794 လူနှစ်ယောက်ရှိရင် 94 00:05:13,794 --> 00:05:15,537 မင်းဟာ အတင့်ရဲလိမ့်မယ်။ 95 00:05:15,537 --> 00:05:18,747 လူ ၁၀၀ ရှိရင် မင်းဟာ ရဲရင့်လိမ့်မယ်။ 96 00:05:18,747 --> 00:05:20,882 လူ ၁၀၀၀ ရှိရင် 97 00:05:20,882 --> 00:05:22,579 မင်းဟာ အကြောက်တရား ကင်းမဲ့လိမ့်မယ်။ 98 00:05:22,579 --> 00:05:25,577 လူ ၁၀၀၀၀ ရှိရင် 99 00:05:25,577 --> 00:05:28,420 မင်းဟာ လွှမ်းမိုးနိုင်လိမ့်မယ်။ 100 00:05:28,420 --> 00:05:31,000 ကျေးဇူးတင်ပါတယ်။