WEBVTT 00:00:00.053 --> 00:00:01.843 Missouri မှာကြီးပြင်းလာခဲ့သူဆိုရင်၊ 00:00:01.843 --> 00:00:04.035 ကျုပ်တို့ကို တောထဲကို ခေါ်ထုတ်သွားပြီး၊ 00:00:04.035 --> 00:00:07.238 လက်ထဲမှာ မြေပုံကို ထည့်ပေးလျက် အိမ်မြှောင် တစ်ခုကို ထည့်ပေးလိုက်ပြီး 00:00:07.262 --> 00:00:09.641 ကိုယ့်ဘာသာကိုယ် လမ်းရှာပြီး အိမ်ပြန်ခိုင်းတတ်ကြတယ်။ 00:00:09.641 --> 00:00:10.747 အိမ်မြှောင်သာ မရှိရင်၊ 00:00:10.747 --> 00:00:12.433 ကျုပ်တို့ မြေပုံကို ဖတ်မရနိုင်ဘူး။ 00:00:12.433 --> 00:00:14.269 ဒါကို ပြောဖို့ ကျွန်တော် အခုလာခဲ့တာပါ။ 00:00:14.269 --> 00:00:15.662 အိမ်မြှောင်က သော့ချက်ပါ။ 00:00:15.776 --> 00:00:17.008 [သေးငယ်တဲ့အရာလေး။ ] 00:00:17.692 --> 00:00:19.564 [ကြီးမားတဲ့ စိတ်ကူး။] 00:00:20.559 --> 00:00:25.256 အိမ်မြှောင်ဟာ အများအားဖြင့် သံလိုက်ဓာတ်သွင်းထားတဲ့ သတ္ထုတံ တစ်ခုပါ၊ 00:00:25.280 --> 00:00:28.729 ၎င်းဟာ ကမ္ဘာမြေရဲ့ သံလိုက်ဝင်ရိုးစွန်းဆီ ပြသပေးတတ်တယ်။ 00:00:28.753 --> 00:00:31.175 ကျုပ်တို့ လေ့လာကြမှာက အိတ်ဆောင် အိမ်မြှောင်ပါ။ 00:00:31.175 --> 00:00:33.200 အပြင်ပမ်းအားဖြင့် နာရီနဲ့တူတယ်နော်။ 00:00:33.224 --> 00:00:34.639 အဲဒါကို လက်ထဲ ကိုင်ထားရင်း၊ 00:00:34.663 --> 00:00:36.955 သေးငယ်တဲ့ ညွှန်းပြတဲ့ အတံဟာ လည်ပတ်နေတုန်း 00:00:36.955 --> 00:00:38.596 မြောက်ဘက်ကို ပြတဲ့အထိ စောင့်နေပါ။ 00:00:38.620 --> 00:00:42.618 သံလိုက်ဆိုတာ ရူပဗေဒပညာရှင်တို့အတွက် ခုထိ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာဖြစ်ပေမဲ့၊ 00:00:42.642 --> 00:00:45.505 ကျုပ်တို့ သေချာပေါက် သိထားရတာက အိမ်မြှောင် လုပ်ပြနိုင်ခြင်းက 00:00:45.505 --> 00:00:48.071 ကျုပ်တို့ရဲ့ ကမ္ဘာကြီးက ဧရာမ သံလိုက်ကြီး ဖြစ်လို့ပါ။ 00:00:48.095 --> 00:00:50.051 ကျုပ်တို့က အိမ်မြှောင်ကို သုံးတဲ့အခါမှာ၊ 00:00:50.051 --> 00:00:53.435 ကမ္ဘာဂြိုဟ်ရဲ့ အလယ်ဗဟိုနဲ့ ထိတွေ့နေခြင်းဖြစ်ပြီး၊ 00:00:53.459 --> 00:00:57.215 အဲဒီမှာ အရည်ပျော်နေတဲ့ သံထုထယ်ကြီးဟာ 00:00:57.215 --> 00:00:59.465 လည်ပတ်နေလို့ သံလိုက်စက်ကွင်းကို ဖန်တီးပေးနေတာပါ။ 00:00:59.465 --> 00:01:02.185 ကျုပ်တို့က စားပွဲပေါ်မှာ သံလိုက်နဲ့ ကစားကြည့်နိုင်သလိုပဲ၊ 00:01:02.185 --> 00:01:05.275 ကမ္ဘာကြီးမှာလည်း မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်း ရှိပါတယ်။ 00:01:05.275 --> 00:01:08.923 ကျုပ်တို့က အိမ်မြှောင်ကို ယူလိုက်တဲ့အခါ ​မြောက်ဘက်ကို ရှာကြတာ အဲဒါကြောင့်ပါ။ 00:01:08.923 --> 00:01:13.798 ရှေးအကျဆုံး အိမ်မြှောင်ကို ဘီစီ ၂၀၀ ခန့်တွင် တရုတ်နိုင်ငံမှာ တွေ့ခဲ့ကြပါတယ်။ 00:01:13.822 --> 00:01:15.937 မြေထဲမှ တူးယူရရှိတဲ့ တချို့ သတ္တုဟာ 00:01:15.937 --> 00:01:18.334 သဘာဝအလျောက် သံလိုက်ဖြစ်တာကို သူတို့ သတိထားမိကြတယ်၊ 00:01:18.358 --> 00:01:20.896 အဲဒါနဲ့ သူတို့ဟာ အဲဒီလို သံလိုက်သတ္တုကို 00:01:20.896 --> 00:01:22.899 ဒီလို ယောက်ချို ပုံစံမျိုး ပုံသွင်းပေးလျက် 00:01:22.899 --> 00:01:24.466 ကြေးဝါပန်းကန်ပြားပေါ် တင်ပေးရင် 00:01:24.490 --> 00:01:26.030 မြောက်ဘက် ညွှန်ပြတာ တွေ့ခဲ့တယ်။ 00:01:26.030 --> 00:01:29.834 တရုတ်လူမျိုးတွေ ကျင့်သုံးတဲ့ Feng Shui ကို ကေင်းမွန်စွာ အသုံးချဖို့ သုံးခဲ့ကြပြီး 00:01:29.834 --> 00:01:32.281 လူနေအိမ်များမှာ စွမ်းအင် စီးဆင်းမှုအတွက် အကောင်းဆုံး 00:01:32.305 --> 00:01:34.044 လမ်းကြောင်းကို ရှာဖွေခဲ့ကြပါတယ်။ 00:01:34.068 --> 00:01:36.769 သင်္ဘောသားတွေဟာ နေဘယ်မှာ ရှိမှန်း မသိရတောင်၊ 00:01:36.793 --> 00:01:39.184 ကြယ်တွေရဲ့ အခြေအနေကို မသိတောင်မှ၊ 00:01:39.208 --> 00:01:40.932 မြောက်ဘက် ဘယ်မှာ ရှိနေကြောင်းကို 00:01:40.956 --> 00:01:43.152 အမြဲတမ်း ရှာနိုင်ခဲ့တာမို့လို့ အိမ်မြှောင်ကို 00:01:43.176 --> 00:01:45.042 လက်တွေ့ အသုံးချခဲ့ကြသူတွေ ဖြစ်ခဲ့မှာပါ။ 00:01:45.066 --> 00:01:48.108 အခုနောက်ပိုင်း နှစ်များစွာ ကြာသွားတော့မှ ဥရောပသားတွေဟာ 00:01:48.108 --> 00:01:50.088 အိမ်မြှောင်ပန်းပုံစံကို တီထွင်ပေးလာကြတယ်။ 00:01:50.088 --> 00:01:52.149 တကယ်တော့ အဲဒီမှာ တောင်မြောက်၊ အရှေ့အနောက် 00:01:52.149 --> 00:01:54.335 နေရာတွေကို ရေးဆွဲချပြထားတဲ့အပြင် 00:01:54.359 --> 00:01:57.795 လမ်းညွှန်ချက် အသစ်တွေဖြစ်ကြတဲ့ 00:01:57.819 --> 00:02:00.356 အနောက်မြောက်၊ အရှေ့တောင် ဆိုတာလည်း ထည့်ပေးထားပါသေးတယ်။ 00:02:00.356 --> 00:02:03.852 ဒီလိုနည်းဖြင့် သူတို့ ဘယ်ဆီ ဦးတည်နေကြောင်း ပထမဦးဆုံးအကြိမ် သိလာနိုင်ကြတယ်။ 00:02:03.852 --> 00:02:05.523 အဲဒါဟာ တကယ့်အောင်မြင်မှုကြီးပါ။ 00:02:05.523 --> 00:02:09.146 တချိန်တည်းမှာ အဲဒါဟာ ဥရောပသိပ္ပံပညာ ပြန်လည်ရှင်သန်လာမှုရဲ့ အစိတ်အပိုင်း 00:02:09.170 --> 00:02:10.435 တစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။ 00:02:10.435 --> 00:02:13.159 ခင်ဗျားတို့က အဲဒါကို Renaissance အဖြစ် သိကြဖို့ များပါတယ်။ 00:02:13.159 --> 00:02:14.625 တယ်လီစကုပ်မှ မိုက်ခရိုစကုပ်အထိ 00:02:14.625 --> 00:02:16.929 ကိရိယာ အသစ်တွေကို အဲဒီတုန်းက တီထွင်ဖြစ်ခဲ့ပါတယ်။ 00:02:16.929 --> 00:02:19.940 မြေပုံကို အိမ်မြှောင်နဲ့ ပေါင်းလိုက်မှ ပိုပြီး အသုံးတည့်လာခဲ့တာ။ 00:02:19.940 --> 00:02:22.564 နှစ်ခုပေါင်းလိုက်လို့ တစ်ခုခု ဘယ်ကို ပြနေတာလဲ သိလာရလို့ 00:02:22.564 --> 00:02:24.408 အသေးစိတ် ပိုပြီး သိနားလည်ခဲ့ကြရခြင်းဟာ 00:02:24.408 --> 00:02:26.185 ကမ္ဘာကြီးဆိုင်ရာ လူသားရဲ့ဆက်ဆံမှုကို 00:02:26.185 --> 00:02:27.855 ပြောင်းလဲပစ်လိုက်ခဲ့ပါတယ်။ 00:02:27.879 --> 00:02:30.555 သံလိုက်နဲ့အတူ မြေပုံဟာ ထက်မြက်တဲ့ စွမ်းပကားကြီးပါ။ 00:02:30.579 --> 00:02:33.305 ကျုပ်တို့က ကကမ္ဘာ့သမိုင်းပါလို့ ထင်ကြတဲ့ အရာတိုင်းဟာ 00:02:33.329 --> 00:02:35.909 အိမ်မြှောင်သာ မရှိခဲ့ရင် ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး-- 00:02:35.933 --> 00:02:39.482 စူးစမ်းလေ့လာရေး ခေတ်၊ Magellan မှနေပြီး ကမ္ဘာကြီးကို ပတ်လည် လှည့်ပတ်ခဲ့မှု၊ 00:02:39.482 --> 00:02:42.309 ကမ္ဘာကြီး လုံးနေကြောင်း ကျုပ်တို့ သိနိုင်ခဲ့မှာ မဟုတ်ပါဘူး။ 00:02:42.309 --> 00:02:45.400 အိမ်မြှောင်ဟာ မျိုးစုံအသုံးဝင်လို့ များပြားလှတဲသ့ ကိရိယာများထဲမှာ 00:02:45.424 --> 00:02:47.667 ထည့်ပြီး တပ်ဆင်ပေးလာကြရပါတယ်။ 00:02:47.667 --> 00:02:50.385 သင့်ဆီမှာ ရှိတဲ့ multi-tool ထဲမှာလည်း တပ်ဆင်ထားနိုင်ပါတယ်၊ 00:02:50.385 --> 00:02:52.786 ခင်ဗျားတို့ရဲ့ စမတ်ဖုန်းထဲမှာလည်း ထည့်တပ်ပြီးသားပါ။ 00:02:52.786 --> 00:02:54.546 အိမ်မြှောင်ဟာ နေရာတိုင်းမှာ ပါပါတယ်၊ 00:02:54.546 --> 00:02:58.559 အဲဒါကို အခြေခံပြီး ကျုပ်တို့ ကမ္ဘာကြီးရဲ့ မြေမျက်နှာပြင်မှာ လမ်းကို ရှာဖွေကြရလို့ပါ။ 00:02:58.559 --> 00:02:59.889 ဒါကြောင့်မို့လို့ ကျုပ်တို့ 00:02:59.889 --> 00:03:03.673 တောင်ကုန်း ဒါမှမဟုတ် ဟိုမိုးကုပ်စက်ဝိုင်း နောက်မှာ ဘာများရှိလဲ စူးစမ်းနိုင်သလို၊ 00:03:03.673 --> 00:03:07.013 ကိုယ့်အိမ်ကို ပြန်နိုင်မယ့်လမ်း ရှာတွေ့ နိုင်မယ်လို့ မျှော်လင့်မိပါတယ်။