Missouri မှာကြီးပြင်းလာခဲ့သူဆိုရင်၊
ကျုပ်တို့ကို တောထဲကို ခေါ်ထုတ်သွားပြီး၊
လက်ထဲမှာ မြေပုံကို ထည့်ပေးလျက်
အိမ်မြှောင် တစ်ခုကို ထည့်ပေးလိုက်ပြီး
ကိုယ့်ဘာသာကိုယ် လမ်းရှာပြီး
အိမ်ပြန်ခိုင်းတတ်ကြတယ်။
အိမ်မြှောင်သာ မရှိရင်၊
ကျုပ်တို့ မြေပုံကို ဖတ်မရနိုင်ဘူး။
ဒါကို ပြောဖို့ ကျွန်တော် အခုလာခဲ့တာပါ။
အိမ်မြှောင်က သော့ချက်ပါ။
[သေးငယ်တဲ့အရာလေး။ ]
[ကြီးမားတဲ့ စိတ်ကူး။]
အိမ်မြှောင်ဟာ အများအားဖြင့်
သံလိုက်ဓာတ်သွင်းထားတဲ့ သတ္ထုတံ တစ်ခုပါ၊
၎င်းဟာ ကမ္ဘာမြေရဲ့ သံလိုက်ဝင်ရိုးစွန်းဆီ
ပြသပေးတတ်တယ်။
ကျုပ်တို့ လေ့လာကြမှာက
အိတ်ဆောင် အိမ်မြှောင်ပါ။
အပြင်ပမ်းအားဖြင့် နာရီနဲ့တူတယ်နော်။
အဲဒါကို လက်ထဲ ကိုင်ထားရင်း၊
သေးငယ်တဲ့ ညွှန်းပြတဲ့ အတံဟာ လည်ပတ်နေတုန်း
မြောက်ဘက်ကို ပြတဲ့အထိ စောင့်နေပါ။
သံလိုက်ဆိုတာ ရူပဗေဒပညာရှင်တို့အတွက်
ခုထိ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာဖြစ်ပေမဲ့၊
ကျုပ်တို့ သေချာပေါက် သိထားရတာက
အိမ်မြှောင် လုပ်ပြနိုင်ခြင်းက
ကျုပ်တို့ရဲ့ ကမ္ဘာကြီးက ဧရာမ
သံလိုက်ကြီး ဖြစ်လို့ပါ။
ကျုပ်တို့က အိမ်မြှောင်ကို သုံးတဲ့အခါမှာ၊
ကမ္ဘာဂြိုဟ်ရဲ့ အလယ်ဗဟိုနဲ့
ထိတွေ့နေခြင်းဖြစ်ပြီး၊
အဲဒီမှာ အရည်ပျော်နေတဲ့ သံထုထယ်ကြီးဟာ
လည်ပတ်နေလို့ သံလိုက်စက်ကွင်းကို
ဖန်တီးပေးနေတာပါ။
ကျုပ်တို့က စားပွဲပေါ်မှာ သံလိုက်နဲ့
ကစားကြည့်နိုင်သလိုပဲ၊
ကမ္ဘာကြီးမှာလည်း မြောက်ဝင်ရိုးစွန်းနဲ့
တောင်ဝင်ရိုးစွန်း ရှိပါတယ်။
ကျုပ်တို့က အိမ်မြှောင်ကို ယူလိုက်တဲ့အခါ
မြောက်ဘက်ကို ရှာကြတာ အဲဒါကြောင့်ပါ။
ရှေးအကျဆုံး အိမ်မြှောင်ကို ဘီစီ ၂၀၀
ခန့်တွင် တရုတ်နိုင်ငံမှာ တွေ့ခဲ့ကြပါတယ်။
မြေထဲမှ တူးယူရရှိတဲ့ တချို့ သတ္တုဟာ
သဘာဝအလျောက် သံလိုက်ဖြစ်တာကို
သူတို့ သတိထားမိကြတယ်၊
အဲဒါနဲ့ သူတို့ဟာ အဲဒီလို သံလိုက်သတ္တုကို
ဒီလို ယောက်ချို ပုံစံမျိုး ပုံသွင်းပေးလျက်
ကြေးဝါပန်းကန်ပြားပေါ် တင်ပေးရင်
မြောက်ဘက် ညွှန်ပြတာ တွေ့ခဲ့တယ်။
တရုတ်လူမျိုးတွေ ကျင့်သုံးတဲ့ Feng Shui ကို
ကေင်းမွန်စွာ အသုံးချဖို့ သုံးခဲ့ကြပြီး
လူနေအိမ်များမှာ စွမ်းအင်
စီးဆင်းမှုအတွက် အကောင်းဆုံး
လမ်းကြောင်းကို ရှာဖွေခဲ့ကြပါတယ်။
သင်္ဘောသားတွေဟာ နေဘယ်မှာ
ရှိမှန်း မသိရတောင်၊
ကြယ်တွေရဲ့ အခြေအနေကို မသိတောင်မှ၊
မြောက်ဘက် ဘယ်မှာ ရှိနေကြောင်းကို
အမြဲတမ်း ရှာနိုင်ခဲ့တာမို့လို့
အိမ်မြှောင်ကို
လက်တွေ့ အသုံးချခဲ့ကြသူတွေ ဖြစ်ခဲ့မှာပါ။
အခုနောက်ပိုင်း နှစ်များစွာ ကြာသွားတော့မှ
ဥရောပသားတွေဟာ
အိမ်မြှောင်ပန်းပုံစံကို တီထွင်ပေးလာကြတယ်။
တကယ်တော့ အဲဒီမှာ တောင်မြောက်၊ အရှေ့အနောက်
နေရာတွေကို ရေးဆွဲချပြထားတဲ့အပြင်
လမ်းညွှန်ချက် အသစ်တွေဖြစ်ကြတဲ့
အနောက်မြောက်၊ အရှေ့တောင် ဆိုတာလည်း
ထည့်ပေးထားပါသေးတယ်။
ဒီလိုနည်းဖြင့် သူတို့ ဘယ်ဆီ ဦးတည်နေကြောင်း
ပထမဦးဆုံးအကြိမ် သိလာနိုင်ကြတယ်။
အဲဒါဟာ တကယ့်အောင်မြင်မှုကြီးပါ။
တချိန်တည်းမှာ အဲဒါဟာ ဥရောပသိပ္ပံပညာ
ပြန်လည်ရှင်သန်လာမှုရဲ့ အစိတ်အပိုင်း
တစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။
ခင်ဗျားတို့က အဲဒါကို Renaissance အဖြစ်
သိကြဖို့ များပါတယ်။
တယ်လီစကုပ်မှ မိုက်ခရိုစကုပ်အထိ
ကိရိယာ အသစ်တွေကို အဲဒီတုန်းက
တီထွင်ဖြစ်ခဲ့ပါတယ်။
မြေပုံကို အိမ်မြှောင်နဲ့ ပေါင်းလိုက်မှ
ပိုပြီး အသုံးတည့်လာခဲ့တာ။
နှစ်ခုပေါင်းလိုက်လို့ တစ်ခုခု
ဘယ်ကို ပြနေတာလဲ သိလာရလို့
အသေးစိတ် ပိုပြီး သိနားလည်ခဲ့ကြရခြင်းဟာ
ကမ္ဘာကြီးဆိုင်ရာ လူသားရဲ့ဆက်ဆံမှုကို
ပြောင်းလဲပစ်လိုက်ခဲ့ပါတယ်။
သံလိုက်နဲ့အတူ မြေပုံဟာ
ထက်မြက်တဲ့ စွမ်းပကားကြီးပါ။
ကျုပ်တို့က ကကမ္ဘာ့သမိုင်းပါလို့
ထင်ကြတဲ့ အရာတိုင်းဟာ
အိမ်မြှောင်သာ မရှိခဲ့ရင်
ဖြစ်လာခဲ့မှာ မဟုတ်ပါဘူး--
စူးစမ်းလေ့လာရေး ခေတ်၊ Magellan မှနေပြီး
ကမ္ဘာကြီးကို ပတ်လည် လှည့်ပတ်ခဲ့မှု၊
ကမ္ဘာကြီး လုံးနေကြောင်း ကျုပ်တို့
သိနိုင်ခဲ့မှာ မဟုတ်ပါဘူး။
အိမ်မြှောင်ဟာ မျိုးစုံအသုံးဝင်လို့
များပြားလှတဲသ့ ကိရိယာများထဲမှာ
ထည့်ပြီး တပ်ဆင်ပေးလာကြရပါတယ်။
သင့်ဆီမှာ ရှိတဲ့ multi-tool ထဲမှာလည်း
တပ်ဆင်ထားနိုင်ပါတယ်၊
ခင်ဗျားတို့ရဲ့ စမတ်ဖုန်းထဲမှာလည်း
ထည့်တပ်ပြီးသားပါ။
အိမ်မြှောင်ဟာ နေရာတိုင်းမှာ ပါပါတယ်၊
အဲဒါကို အခြေခံပြီး ကျုပ်တို့ ကမ္ဘာကြီးရဲ့
မြေမျက်နှာပြင်မှာ လမ်းကို ရှာဖွေကြရလို့ပါ။
ဒါကြောင့်မို့လို့ ကျုပ်တို့
တောင်ကုန်း ဒါမှမဟုတ် ဟိုမိုးကုပ်စက်ဝိုင်း
နောက်မှာ ဘာများရှိလဲ စူးစမ်းနိုင်သလို၊
ကိုယ့်အိမ်ကို ပြန်နိုင်မယ့်လမ်း ရှာတွေ့
နိုင်မယ်လို့ မျှော်လင့်မိပါတယ်။