ကျွန်မရဲ့ ဘွဲလွန်သင်တန်းရဲ့ နောက်ဆုံးနှစ်မှာ လူကုန်ကူးတဲ့အကြောင်း အွန်လိုင်း လှုံ့ဆော်မှု ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ပါမောက္ခပြောတာက "မင်းတို့ဟာ ဒီပရောဂျက်ကနေ ကမ္ဘာကြီးကို ပြောင်းလဲပစ်မှာမဟုတ်ပေမဲ့ ဆားငန် သမုဒ္ဒရာကို ချိုစေဖို့ သကြားတစ်ဇွန်း ခပ်ပေးလိမ့်မယ်"တဲ့။ သင်တို့ တွေးမိမှာက ငြိမ်းချမ်းရေးလုပ်တာဟာ နိုင်ငံတစ်ချို့ရဲ့ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေနဲ့ ခေါင်းဆာင်တွေ လက်ဆွဲ နှုတ်ဆက်တာနဲ့ စတင်တယ်ပေါ့။ ဒါမှမဟုတ် အဆင်းရဲတကာ့ အဆင်းရဲဆုံးတွေ အတွက် ဖွံ့ဖြိုးမှုနည်းတဲ့ နယ်ပယ်တွေမှာ မနေမနားလုပ်ကိုင်နေတဲ့ ကုလသမဂ္ဂ၊ NGO လုပ်သားတွေပေါ့။ ဘွဲလွန်သင်တန်း မတက်ခင်ကတော့ ကျွန်မလည်း အလားတူ တွေးနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ငြိမ်းချမ်းရေးဟာ ကိုယ်ကနဲ့ စတာ သင်တို့ သိရှိလာပါလိမ့်မယ်။ ကျွန်မဟာ ဇိမ်မယ်များ ကိစ္စရပ်အကြောင်း ကျွန်မရဲ့ ကွင်းဆင်း သုသေသနလုပ်ဖို့ တောင်ကိုရီယားကို လာခဲ့ပါတယ်။ "ဇိမ်မယ်များ" ဆိုတာက ဒုတိယကမ္ဘာစစ် မတိုင်မီနဲ့ စစ်အတွင်းက ဂျပန်တပ်မတော်က ထွင်ထားတဲ့ စကားလှတစ်ခုပါ။ စစ်တပ်ကနေ အတင်းအကျပ် လိင်ကျွန်ပြုခံရတဲ့ အမျိုးသမီးတွေရှိပြီး အများအစုဟာ ဟောဒီ တောင်ကိုရီးယားကပါ။ ဒါပေမဲ့ တရုတ်၊ ထိုင်ဝမ်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်က ရှင်ကျန်သူတွေလည်းရှိပါတယ်။ ဇိမ်မယ်တွေရဲ့ ကိစ္စကို သုတေသနပြုမယ်လို့ ဂျပန်က မိတ်ဆွေတွေနဲ့ မိသားစုကို ကျွန်မပြာတော့ သူတို့ အမြဲပြောတာက "မင်းတော့ ဒီလောက်ခက်တဲ့ ကိစ္စကို ကိုင်တွယ်ရတော့မှာနော်"တဲ့။ ဘာလို့လဲလို့ အမေ့ကိုမေးတော့ အမေဖြေတာက "ဂျပန်စစ်တပ်ဟာ အတိတ်က ဆိုးဝါးတာ လုပ်ခဲ့တာ ငါနားလည်တယ်၊ ဒါပေမဲ့ ဒါက ငါတို့အားလုံး မထိချင်တဲ့ ရှက်စရာ အပိုင်းလေ"တဲ့။ ဂျပန်နဲ့ ကိုရီးယားအစိုးရဟာ ဇိမ်မယ်တွေ ကိစ္စမှာ သဘောတူညီမှုတစ်ခု ရတာကို ရှင်တို့အတော်များများ မနှစ်က ကြားခဲ့လောက်မယ်။ သဘောတူညီချက်မှာ ဂျပန်အစိုးရကနေပြီး ယခင်က သက်ကြီး ဇိမ်မယ်များကို ကျန်းမာရေးရဲ့ အခြား ဝန်ဆောင်မှုများပေးဖို့ တောင်ကိုရီးယား အစိုးရက တည်ထောင်မယ့် ဖောင်ဒေးရှင်းတစ်ခုကို ယန်းသန်းတစ်ထောင် ကူပေးမှာပါ။ ဒါ့အပြင် ဂျပန်အစိုးရက အနာဂတ်မျိုးဆက်တွေ ဆက်လက် တောင်းပန်ခြင်းကနေရပ်ဖို့ သဘောတူညီမှု လုပ်ခဲ့တယ်လို့ဆိုရင်း ဇိမ်မယ်များကို ဂုဏ်ပြုတဲ့ ဂျပန်သံရုံးရှေ့က ရုပ်ထုကို ဖယ်ရှားဖို့ တောင်းဆိုခဲ့ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ရုပ်ထုကို မဖယ်ရှားသင့်ပဲ ဇိမ်မယ်များရဲ့ ကိစ္စရပ်ကို သမိုင်းထပ်မကျော့စေဖို့ အနာဂတ်မျိုးဆက်တွေကို ဆက်လက်ဆွေးနွေးကာ လက်ဆင့်ကမ်း သင့်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ လိင်နဲ့ ကျားမဆိုင်ရာ အခြေခံတဲ့ အကြမ်း ဖက်မှုဟာ အတိတ်မှာဖြစ်ခဲ့တဲ့ အရာသာမဟုတ်ပဲ ခေတ်သစ် နေ့စဉ်ဘဝမှာလည်း တိုးပွားနေတာပါ။ အကြမ်းဖက်တာဟာ မကြာခဏတော့ မုဒိမ်းမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေလို လိင်ခွဲ့ခြားကာ လက်ရောက်ကျူးလွန်မှုများကြောင့် အမျိုးသမီးတွေဟာ မမျှမတ ခံစားနေရတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း အဆိုအရ ကမ္ဘာတစ်လွှားက အမျိုးသမီး သုံးယောက်မှာ တစ်ယောက်ဟာ သူတို့ ဘဝတာမှာ ရုပ်ပိုင်း သို့မဟုတ် လိင်ပိုင်း မတရားပြုတာခံရပါတယ်။ ဒီတောင်ကိုရီးယာမှာတော့ လိင်စော်ကားမှု အရေအတွက်ဟာ တိုးကာလာနေပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတစ်ဦးက ဒီအရေအတွက်ဟာ ရေခဲစိုင်ကြီးရဲ့ ထိပ်ဖျားပဲ ရှိပါသေးတယ်၊ အမျိုးသမီး အများအပြားဟာ ထပ်ပြီးစော်ကားခံရမှာကြောက်လို့ ရှေ့ထွက်မလာတာကြောင့်ပါတဲ့။ ဒီအခြေအနေက ဂျပန်နဲ့ အရမ်းဆင်ပါတယ်။ ကျူးလွန်မှုမှ ရှင်ကျန်သူ အများအပြားဟာ ရှေ့ကို မထွက်ချင်တာက ရှက်လို့ သို့မဟုတ် စော်ကားခံရတယ်လို့ ခံစားမိကြလို့ပါ။ ပုရိသ ဗဟိုပြု ယောက်ျားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းတွေဟာ လိင်ကျူးလွန်မှုတွေရဲ့ အတွေ့အကြုံအကြောင်း ပြောဖို့ခက်အောင်လုပ်ကြတယ်။ လိင်ပိုင်း ကျူးလွန်ခံရတာဟာ လူ့အဖွဲ့အစည်း မှာ အမည်းစက် ပုံစံတစ်ခုကို ပြဌာန်းလို့ပါ။ ရှေ့ထွက်ကာ ဇိမ်မယ်တွေအဖြစ်နဲ့ သူတို့ရဲ့ နာကျင်တဲ့ အတွေ့အကြုံတွေကို ပြောကြတဲ့ ကိုရီးယားအမျိုးသမီးတွေကို ကျွန်မ တကယ်ကိုလေးစားပါတယ်။ ကျွန်မတို့က ဘယ်လောက် ခက်ခဲတယ်ဆိုတာကို စိတ်ကူးကြည့်ရုံသာတတ်နိုင်ပြီး ဂျပန်စစ်သားတွေရဲ့ အကြိမ်ကြိမ် မတရားပြုကျင့်ခံရကာ သူတို့ နေမကောင်းတာတောင် တစ်ခါမှ စောင့်ရှောက်မခံရတဲ့ ဒီအတွေ့အကြုံတွေကို လူထုကို ပြောကြတာပါ။ စစ်ပြီးတဲ့အခါမှာ အပစ်ပယ်ခံရပြီး အသတ်ခံရတဲ့ အမျိုးသမီးများစွာရှိပါတယ်။ ရှင်ကျန်နေသေးတဲ့ အမျိုးသမီးတွေကတော့ သူတို့ရဲ့ အခွင့်အရေးတွေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာ ပြန်ဆယ်ဖို့ တိုက်ပွဲဝင်တုန်းပါ။ ရှင်ကျန်တဲ့ အနည်းငယ်က ဂျပန်သံရုံးရှေ့မှာ အပတ်စဉ် ဆန္ဒပြပွဲမှာ ပါဝင်ကာ ၎င်းကိစ္စရပ်အတွက် တရားဝင် တာဝန်ယူဖို့ ဂျပန်အစိုးရကို တောင်းဆိုနေပါတယ်။ ကျွန်မ သင်တန်းရဲ့ နောက်ဆုံး တာဝန်အနေနဲ့ ကြည့်ရှုသူတွေကို အားကောင်းတဲ့ သက်ရောက်မှုတစ်ခု ဖန်တီးဖို အွန်လိုင်း လှုံ့ဆော်မှု ဗီဒီယိုတစ်ခု ဖန်တီးချင်ခဲ့ကြပါတယ်။ ကျွန်မရဲ့ လုပ်ဖောိတွေဖြစ်တဲ့ Arunima , Caroline, and Rebekka, တို့နဲ့ ကလေးကုန်ကူးမှုကို သတိမူစေချင်ခဲ့တယ်။ ဒါက သမုဒ္ဒရာကို နည်းနည်းလေး ချိုစေဖို့ကျွန်မတို့ရဲ့ အားထုတ်မှုပါ။ (ဗီဒီယို) (တတီတီမြည်သံ) (ဆီကြော်သံ) (ခြစ်ထုတ်သံ) [အပြည်ပြည်ဆိုင်ရာ အလုပ်သမား အစည်းအရုံး အဆိုအရ ကမ္ဘာတစ်ဝှမ်း ခန့်မှန်းခြေ ကလေး ၁.၇ သန်းဟာ အိမ်တွင်း ခိုင်းဖတ် အတင်းအကျပ်ပြုခံရတယ်။] [ဒီကလေးတွေဟာ အသက်ငါးနှစ်လောက်ထိ ငယ်ကြတယ်။] [ဒါက တစ်ကမ္ဘာလုံးမှာ ဖြစ်နေပါတယ်။] [သင်ဟာ အဖြေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။] အိမ်တွင်း ခိုင်းဖတ် ကလေးဟာ ယနေ့ခေတ် ကျွန်ပြုမှုရဲ့ ပုံစံတစ်ခုပါ။ တစ်ကမ္ဘာလုံးက သန်းချီတဲ့ ကလေးတွေဟာ ပညာရေးနဲ့ ပိုကောင်းတဲ့ဘဝဆိုတဲ့ ကတိအတုနဲ့ ကျွန်အဖြစ် ကုန်ကူးခံနေရပါတယ်။ ဒီထဲက ကလေးအများအပြားဟာ တစ်နေ့ကို ၁၈ နာရီလောက်ထိ အလုပ်လုပ်ပါတယ်။ မကြာခဏတော့ လစာမရပါဘူး။ တစ်ယောက်ယောက်က ဒီအလေ့အထနဲ့ ကျင့်ဝတ်ကို မေးခွန်းမထုတ်ရဲရင် ကမ္ဘာကြီးဟာ ဒီခေါင်းပုံဖြတ်ခံရတဲ့ ကလေးတွေကို လျစ်လျှူရှုဖို့ အလားအလာရှိနိုင်ပါလိမ့်မယ်။ အခုတောင် ယဉ်ကျေးမှုတွေနဲ့ ဥပဒေတွက အပြောင်းအလဲတွေဟာ ကလေးကုန်ကူးတာကို တားဆီးဖို့ နှေးကွေးနိုင်ခြေရှိတယ်။ ဒီဇိမ်မယ်တွေ ကိစ္စနမူနာကို ကြည့်ပါ။ သူတို့အများအပြားဟာ အတင်းအကျပ် လိင်ကျွန်ပြုခံရတုန်းက ၁၂ နှစ်လောက်ထိ ငယ်ပါတယ်။ ယောက်ျားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းအောက်မှာ သူတို့ရဲ့ အတွေ့အကြုံတွေကို မပြောနိုင်ရှာခဲ့ကြဘူး။ ဒါပေမဲ့ တောင်ကိုရီးယားရဲ့ ဆန္ဒပြပွဲနဲ့ အမျိုးသမီးလှုပ်ရှားမှုတွေနဲ့အတူ ၁၉၉၀ နှစ်လွန်အချိန်တွေမှာ ပထမဆုံးအဖြစ် လူထုကို စတင်ပြောကြားတာပါ။ ဒါက ဇိမ်မယ်တွေရဲ့ တားမြစ်ထားတဲ့ ကိစ္စရပ်ကို ကိုရီးယား၊ ဂျပန်မှာနဲ့ ကျန်တဲ့ကမ္ဘာမှာ ဆွေးနွေးတဲ့ ကိစ္စရပ်ဖြစ်လာရန် ခွင့်ပြုဖို့ တံခါးဖွင့်လိုက်တဲ့ အချိန်ပါ။ ကျွန်မလုပ်ရပ်က သိလိုစိတ်နဲ့ စခဲ့တာပါ။ ကျွန်မမှာ မေးခွန်များစွာရှိခဲ့တယ်။ ဘာကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတွေဟာ သူတို့ အခွင်အရေးတွေနဲ့ ဂုဏ်သိက္ခာအတွက် ဆက်တိုက်ပွဲဝင်နေတာလဲ။ ဒီသဘောတူညီမှုရဖို့ အမေရိကန်က ဘယ်လို ဘာကြောင့် တစ်ကဏ္ဍပါဝင်ခဲ့လဲ။ ဒီကမ္ဘာမှာ တကယ် အာဏာရှိတာက ဘယ်သူလဲ။ ကျွန်မရဲ့ မျှော်လင့်ချက်ကလည်း ဆာငန်နေတဲ့ သမုဒ္ဒရာမှာ သကြားတစ်ဇွန်းခပ်ချင်တာပါ။ အမျိုးသမီးတွေရဲ့ ဘဝကို ဂုဏ်ပြုတဲ့ သင့်လျော်တဲ့ နည်းလမ်းတစ်ခုရှာချင်တာပါ။ ရှင်ကျန်နေတဲ့ သက်ကြီးရွယ်အိုတွေသာမဟုတ်ပဲ သူတို့နိုင်ငံ အပြင်ဘက် စစ်ပွဲမှာ စွန်ပစ်ခံ၊ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးငယ်တွေအတွက်ရောပါ။ ဒီလိုလုပ်ခြင်းက ကျွန်မတို့နိုင်ငံတွေ အနှံ့ အပြားမှာဖြစ်နေတဲ့ လိင်နဲ့ လိင်အခြေခံတဲ့ အကြမ်းဖက်မှုတွေအပေါ်ပိုကောင်းတဲ့ ပြောဆိုမှု ရှိနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒီတော့ ယနေ့ ကမ္ဘာထဲက အမြတ်ထုတ်ခြင်း အကြောင်း စူးစမ်းကြပါစို့။ ဘာကြောင့် ကမ္ဘာကြီးက အခုအတိုင်း ဖြစ်နေတာ မေးခွန်းထုတ်ကြပါစို့။ ဘာကြောင့် နိုင်ငံတစ်ချို့က ချမ်းသာပြီး တစ်ချို့က ဆင်းရဲနေတာလဲ။ ဘာကြောင့် တစ်ချို့သော လူထုတွေဟာ ခွဲခြာဆက်ဆံခံနေရတာလဲ။ ဘာကြောင့် လူ့အဖွဲ့အစည်းမှာ လူတစ်ချို့က တစ်ချို့အလုပ်တွေလုပ်နေတာလဲ။ ဘာကြောင့် ဘုတ်အစည်းအဝေးခန်းတွေမှာ အမျိုးသမီးတွေ မရှိတာလဲ။ ဘာကြောင့် သင့်သူငယ်ချင်းက အတန်းထဲမှာ အနိုင်ကျင့်ခံရတာလဲ။ ဒီလိုဆိုရင် သင်တို့ အကူအညီလိုနေတဲ့ လူတွေဆီ လက်ကမ်းလိုက်ပါတော့။ သင့်အကူအညီဟာ သကြားတစ်ဇွန်းလောက်ပဲ သေးဖွဲနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အများကြီး စုပေါင်းရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်မယ် ထင်ပါတယ်။ ဒီလိုဆို ငြိမ်းချမ်းရေးကို ကိုယ်ကိုယ်တိုင်ကနေ စတာကို မြင်ရပါလိမ့်မယ်။ ကျေးဇူး အများကြီးတင်ပါတယ်။ လက်ခုပ်သံများ။