WEBVTT 00:00:06.957 --> 00:00:13.088 တိဗက်ကုန်းပြင်မြင့်ဟာ ပင်လယ် ရေမျက်နှာပြင် အထက် မီတာ ၄၅၀၀ ခန့်မှာ တည်ရှိပြီး 00:00:13.088 --> 00:00:17.058 အောက်ခြေမှာ တွေ့ရတဲ့ အောက်စီဂျင် ပမာဏရဲ့ ၆၀% သာ ရှိပါတယ်။ 00:00:17.058 --> 00:00:21.390 လည်ပတ်သူတွေနဲ့ အခြေချနေထိုင်သူအသစ်တေွဟာ ပင်လယ်ပြင်အမြင့် ရောဂါနဲ့ ရုန်းကန်ရပေမဲ့ 00:00:21.390 --> 00:00:24.749 ဒေသရင်း တိဗက်လူမျိုးတွေကတော့ တောင်တွေကို အမြန်ပြေးတက်ကြတယ်။ 00:00:24.749 --> 00:00:27.860 ဒီအရည်အချင်းက လေ့ကျင့်မှုကနေ မဟုတ်ဘဲ 00:00:27.860 --> 00:00:31.590 သူတို့ခန္ဓာကိုယ်တွေကို အကန့်အသတ်ရှိတဲ့ အောက်စီဂျင်ကို အများဆုံး သုံးနိုင်ဖို့ 00:00:31.590 --> 00:00:34.720 ဗီဇအနည်းငယ်ကို ပြောင်းလဲမှုတွေကနေပါ။ 00:00:34.720 --> 00:00:37.660 ဒီခြားနားမှုတွေဟာ မွေးတည်းက ထင်ရှားတာပါ။ 00:00:37.660 --> 00:00:41.510 တိဗက် ကလေးငယ်တွေဟာ မွေးစဉ် ပျမ်းမျှ အားဖြင့် ကိုယ်အလေးချိန် ပိုမြင့်ခြင်း၊ 00:00:41.510 --> 00:00:43.690 အောက်စီဂျင် ပြည့်ဝနှုန်း မြင့်ခြင်းရှိပြီး 00:00:43.690 --> 00:00:49.400 ဒီပတ်ဝန်းကျင်ထဲမှာ မွေးတဲ့ အခြားကလေးတွေထက် ရှင်ကျန်ဖို့ဖြစ်နိုင်ခြေ အများကြီးပိုတယ်။ 00:00:49.400 --> 00:00:52.840 ဗီဇဆိုင်ရာ ဒီပြောင်းလဲမှုတွေက လွန်ခဲ့တဲ့ နှစ် ၃၀၀၀ (သို့) အဲဒီလောက်ကနေ 00:00:52.840 --> 00:00:57.167 ဆင့်ကဲပြောင်းလဲခဲ့တယ်လို့ ခန်မှန်းရပြီး ဆက်ဖြစ်နေတာပါ။ 00:00:57.167 --> 00:00:59.364 ဒါက ရှည်လျားတဲ့ ကာလတစ်ခုလို့ ထင်ရလောက်ပေမဲ့ 00:00:59.364 --> 00:01:05.737 လူသား လူဦးရေတစ်ခုအတွင်းမှာ အမြဲ ပြောင်းလဲ ခဲ့တဲ့ အမြန်ဆုံး ပြောင်းလဲမှုတစ်ခုဖြစ်မယ်။ 00:01:05.737 --> 00:01:08.857 လူသား ဆင့်ကဲဖြစ်စဉ် မပြီးဆုံးသေးတာ ရှင်းပါတယ်။ 00:01:08.857 --> 00:01:10.937 ဒီတော့ အခြားပြောင်းလဲမှု အသစ်တွေက ဘာတွေလဲ။ 00:01:10.937 --> 00:01:16.562 နည်းပညာနဲ့ သိပ္ပံဆိုင်ရာ ဆန်းသစ်မှုတွေက ဆင့်ကဲဖြစ်စဉ်ကို သက်ရောက်မှာလား။ 00:01:16.562 --> 00:01:18.462 လွန်ခဲ့တဲ့ နှစ်ထောင်အနည်းငယ်အတွင်းမှာ 00:01:18.462 --> 00:01:23.345 လူဦးရေများစွာထဲမှာ ဒေသတွင်း ဝန်းကျင်တွေနဲ့ ဗီဇဆိုင်ရာ လိုက်ဖက်ညီမှုတွေ ဖြစ်ခဲ့တယ်။ 00:01:23.345 --> 00:01:29.943 ဆိုက်ဘေးရီးယားနဲ့ အာတိတ် အထက်ပိုင်း လူတွေ လွန်ကဲတဲ့ အအေးမှာ ရှင်ကျန်ဖို့ ပြုပြင်တယ်။ 00:01:29.943 --> 00:01:32.013 သူတို့ဟာ နှင်းကိုက်နာ ဖြစ်ခဲပြီး 00:01:32.013 --> 00:01:36.097 သုညအောက် အေးချိန်တွေမှာ အခြား လူတွေထက် လက်တွေကို ပိုကြာကြာ 00:01:36.097 --> 00:01:38.517 ဆက်လက် အသုံးပြုနိုင်တယ်။ 00:01:38.517 --> 00:01:42.067 သူတို့ရဲ့ ဆင့်ကဲရွေးချယ်မှု တစ်ခုက ပိုမြင့်တဲ့ ဇီဝဖြစ်ပျက်မှုနှုန်း ရှိလို့ 00:01:42.067 --> 00:01:44.737 အပူ ထုတ်လုပ်မှုကို တိုးစေပါတယ်။ 00:01:44.737 --> 00:01:50.418 တောင်ဘက်ရှိ ပိုဝေးတဲ့ အရှေ့တောင် အာရှက Bajau လူမျိုးတွေဟာ မီတာ ၇၀ ရေငုပ်နိုင်ပြီး 00:01:50.418 --> 00:01:54.418 ရေအောက်မှာ ၁၅ မိနစ်နီးပါး နေနိုင်ကြတယ်။ 00:01:54.418 --> 00:01:58.301 လှည့်လည်နေထိုင်ကြတဲ့ မုဆိုးတွေအဖြစ် ပင်လယ်မှာ နှစ်ထောင်ချီကာ နေထိုင်ခဲ့ကြတဲ့ 00:01:58.301 --> 00:02:05.282 သူတို့တွေမှာ ရေအောက်မှာ ပိုကြာကြာနေဖို့ ထောက်ကူတဲ့ အောက်စီဂျင် သိုလှောင်မှုတွေလို 00:02:05.282 --> 00:02:08.522 လုပ်ဆောင်တဲ့ ဗီဇပိုင်းအရ ထူးခြားစွာကြီးတဲ့ သရက်ရွက်တွေရှိတယ်၊ 00:02:08.522 --> 00:02:13.482 ရေနက် ငုပ်တဲ့ ပင်လယ်ဖျံတွေရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ဆင်တူတာမျိုးပါ။ 00:02:13.482 --> 00:02:16.232 ယှဉ်ကြည်လိုက်ရင် အသက်မပါပုံ ထင်ရလောက်ပေမဲ့ 00:02:16.232 --> 00:02:20.009 နို့သောက်နိုင်စွမ်းက ဒီလိုမျိုး နောက်ထပ် ပြုပြင်ပြောင်းလဲမှုပါ။ 00:02:20.009 --> 00:02:23.159 နို့တိုက်သတ္တဝါအားလုံဟာ ကလေးတွေ အဖြစ် မိခင်နို့ကို သောက်နိုင်တယ်။ 00:02:23.159 --> 00:02:28.128 နို့ဖြတ်ပြီးနောက် နို့ကြေချက်ခွင့်ပေးတဲ့ ဗီဇကို ရပ်စဲပစ်လိုက်တယ်။ 00:02:28.128 --> 00:02:33.374 ဒါပေမဲ့ နို့အတွက် နွားမတွေကို အသုံးပြုတဲ့ ဆာဟာရ အာဖရိကတိုက်ခွဲ၊အရှေ့နဲ့ အနောက်မြောက် 00:02:33.374 --> 00:02:38.324 ဥရောပ အတွင်းက လူစုတွေဟာ DNA မူကွဲတွေမှာ ရုတ်တရက် တိုးပွားမှုတစ်ခုကို မြင်ရတယ်။ 00:02:38.324 --> 00:02:44.206 ဒါက လွန်ခဲ့တဲ့ ၇၀၀၀ ကနေ နှစ် ၈၀၀၀ ကျော် ဗီဇ ပိတ်ခံရမှုကို တားဆီးပေးတယ်။ 00:02:44.206 --> 00:02:48.876 အနည်းဆုံး ဥရောပမှာ နို့သောက်ခြင်းက ပုံမှန် ဗိုက်တာဗင် ဒီ လျော့ကျတဲ့ 00:02:48.876 --> 00:02:53.016 မြောက်ဖက်ကို ရွေ့ခဲ့လို့ ဗီတာမင် D ထုတ် လုပ်ဖို့ ရင်းမြစ်ဖြစ်တဲ့ နေရောင်ခြည် 00:02:53.016 --> 00:02:56.769 လျော့နည်းလာခဲ့လို့ ကယ်လ်ဆီယံ ရင်းမြစ် တစ်ခု ဖြစ်လာခဲ့လောက်တယ်။ 00:02:56.769 --> 00:02:59.207 နည်းလမ်းတွေ အမြဲ ရှင်းလင်းခဲ့တာ မဟုတ်ပေမဲ့ 00:02:59.207 --> 00:03:04.223 ပြောင်းလဲမှုအားလုံးက မျိုးပွားနိုင်တဲ့ အရွယ်အထိ လူတွေ ရှင်ကျန်ခွင့် မြှင့်ခဲ့တယ်။ 00:03:04.223 --> 00:03:06.463 သဘာဝ ရွေးချယ်မှုရဲ့ မောင်းနှင်အား ဖြစ်ပြီး၊ 00:03:06.463 --> 00:03:10.007 ဒီဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ပြောင်းလဲမှုတွေ အာလုံးနောက်ကွယ်က တွန်းအားပါ။ 00:03:10.007 --> 00:03:13.887 တစ်ခါတစ်ရံ ကူးစက်ရောဂါတွေကို တိုက်ဖျက်ရင်း ကျွန်ုပ်တို့ရဲ့ ဗီဇတွေက ကျွန်ုပ်တို့ကို 00:03:13.887 --> 00:03:16.837 သတ်ပစ်နိုင်ချိန်မျိုးမှာ ခေတ်ပေါ် ဆေးဝါး တွေက ဆင့်ကဲရွေးချယ်ရေး 00:03:16.837 --> 00:03:19.097 ဖိအားပေးမှုတွေကို ဖယ်ရှားပစ်လိုက်ပြီး 00:03:19.097 --> 00:03:20.667 အသက်ရှင်အောင် ကယ်တင်ပေးကြပါတယ်။ 00:03:20.667 --> 00:03:25.057 ပဋိဇီဝဆေးတွေ၊ ကာကွယ်ဆေးတွေ၊ သန့်ရှင်းတဲ့ ရေ၊ ကောင်းမွန်တဲ့ မိလ္လာစနစ် 00:03:25.057 --> 00:03:28.893 အားလုံးက ဗိဇတွေကြားက ခြားနားမှုတွေကို အရေးပါမှုကို လျော့နည်းလာစေတယ်။ 00:03:28.893 --> 00:03:32.424 အလားတူပဲ ကလေးဘဝ ကင်ဆာတွေကို ကုသပေးနိုင်ခြင်း၊ 00:03:32.424 --> 00:03:36.690 မိခင်ဆီမှာ ကိုယ်ဝန်ဆောင်မှုနဲ့ ဆက်စပ်နေတဲ့ ရောဂါမျိုး ရှိနေလျှင်၊ 00:03:36.690 --> 00:03:41.223 ကလေးရဲ့ ရောင်ရမ်းနေတဲ့ အူအတက်တွေကို ခွဲစိတ်ထုတ်ယူပြီး မွေးပေးနိုင်ခြင်း စတာတွေ 00:03:41.223 --> 00:03:46.014 အားလုံးက ဆင့်ကဲရွေးချယ်မှုကို ရပ်စဲပစ် လိုက်ခြင်းဖြင့် မျိုးဆက်ပွားနိုင်တဲ့ 00:03:46.014 --> 00:03:49.004 အရွယ်အထိ ရှင်ကျန်ရစ်ခဲ့ကြတဲ့ လူတွေရဲ့ ဦးရေဟာ တိုးတိုးလာနေပါတယ်။ 00:03:49.004 --> 00:03:52.272 ဒါပေမဲ့ ကမ္ဘာမြေပေါ်က လူတိုင်းမှာ ခေတ်မီ ဆေးဝါး သုံးခွင့်ရှိတာတောင် 00:03:52.272 --> 00:03:55.246 ဒါက လူသား ဆင့်ကဲဖြစ်စဉ်ရဲ့ နိဂုံးကို ညွှန်ပြနေတာ မဟုတ်ဘူး။ 00:03:55.246 --> 00:04:00.192 အကြောင်းက သဘာဝ ရွေးချယ်ခြင်းအပြင် ဆင့်ကဲ့ ဖြစ်စဉ်ရဲ့ အခြားလက္ခဏာတွေ ရှိလို့ပါ။ 00:04:00.192 --> 00:04:02.452 ခေတ်မီ ဆေးဝါးက သဘာဝ ရွေးချယ်မှုအရ 00:04:02.452 --> 00:04:05.692 ဖြစ်လာရမယ့် ဗီဇ ပြောင်းလဲမှုရဲ့ အစား 00:04:05.692 --> 00:04:09.756 ဗီဇဆိုင်ရာ ရွေ့လျားမှု ဆိုတာကို လုပ်ဆောင်ပေးတာပါ။ 00:04:09.756 --> 00:04:14.902 ဗီဇ ရွေ့လျားမှုနဲ့အတူ လူဦးရေ တစ်ခုအတွင်းက ဗီဇခြားနားချက်တွေ ကျပန်း ကွဲပြားနိုင်တယ်။ 00:04:14.902 --> 00:04:19.970 ဗီဇဆိုင်ရာအဆင့်မှာ ခေတ်မီ ဆေးဝါးက မျိုးကွဲ မှုကို အမှန်တကယ် တိုးပွားစေလောက်တယ်။ 00:04:19.970 --> 00:04:24.270 အကြောင်းက ဘေးဖြစ်နိုင်တဲ့ သန္ဓေပြောင်းမှုက လူတွေကို သတ်မပစ်လို့ ဖယ်ထုတ်မခံခဲ့ရလို့ပါ။ 00:04:24.270 --> 00:04:29.315 ဒါပေမဲ့ ဒီမူကွဲက လူတွေကြားက ကွဲပြားမှု တွေကို သိသာတဲ့ (သို့) phenotypic 00:04:29.315 --> 00:04:32.605 ပုံစံမျိုးသို့ ပြောင်းလဲသွားမယ်လို့ ပြောရနိုင်ပါ။ 00:04:32.605 --> 00:04:36.338 သီးခြား ပတ်ဝန်းကျင်တစ်ခုအတွက် ဗီဇဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေက 00:04:36.338 --> 00:04:40.098 အလွန် လျင်မြန်စွာ ပေါ်ပေါက်နိုင်လားဆိုတာ ကို ဗီဇနဲ့မသက်ဆိုင်တဲ့ ပြပြင်မှုတွေကနေ 00:04:40.098 --> 00:04:44.408 သုတေသီတွေလည်း စူးစမ်းနေတယ်။ ဗီဇနဲ့မဆိုင်တဲ့ ပြောင်းလဲခြင်းတွေဆိုပေမဲ့ 00:04:44.408 --> 00:04:48.685 ဗီဇတချို့ကို ဖော်ပြလား၊ ဘယ်တော့ဆိုတာအထိပါ။ 00:04:48.685 --> 00:04:51.409 ဒီပြောင်းလဲမှုတွေဟာ ဘဝ တစ်သက်တာအတွင်း ဖြစ်ပေါ်နိုင်ပြီး 00:04:51.409 --> 00:04:54.030 သားသမီးဆီတောင် လက်ဆင့်ကမ်းလောက်ပေမဲ့ 00:04:54.030 --> 00:04:58.780 အခုထိတော့ ဗီဇနဲ့မသက်ဆိုင်တဲ့ ပြုပြင်ခြင်း တွေ မျိုးဆက်များစွာအထိ တကယ် ဆက်ရှိကာ 00:04:58.780 --> 00:05:02.296 လူဦးရေအကြားမှာ ရေရှည် အပြောင်းအလဲတွေကို ဖြစ်စေနိုင်လား ဆိုတာကိုတော့ 00:05:02.296 --> 00:05:06.550 သုတေသီတွေ ဝိရောဓိဖြစ်နေကြတယ်။ 00:05:06.550 --> 00:05:10.302 လူသား ဆင့်ကဲဖြစ်စဉ်ထဲကို အခြား ထောက်ပံ့ ပေးတဲ့ အချက်တွေလည်း ရှိနိုင်လောက်ပါတယ်။ 00:05:10.302 --> 00:05:13.970 သဘာဝ ရွေးချယ်မှုရဲ့ အမြန်ဆုံးနဲ့ နောက်ဆုံး အပြောင်းအလဲတွေနဲ့ ယှဉ်ကြည့်ရင်တောင် 00:05:13.970 --> 00:05:17.420 ခေတ်မီ ဆေးဝါးနဲ့ နည်းပညာဟာ ဆန်းသစ်လွန်းတာမို့လို့ 00:05:17.420 --> 00:05:22.307 ကျွန်ုပ်တို့ ပစ္စုပ္ပန်က အနာဂတ်ကို ဘယ်လို ပုံဖော်မှာကို အချိန်ကသာ ပြောနိုင်မှာပါ။