1 00:00:06,957 --> 00:00:13,088 တိဗက်ကုန်းပြင်မြင့်ဟာ ပင်လယ် ရေမျက်နှာပြင် အထက် မီတာ ၄၅၀၀ ခန့်မှာ တည်ရှိပြီး 2 00:00:13,088 --> 00:00:17,058 အောက်ခြေမှာ တွေ့ရတဲ့ အောက်စီဂျင် ပမာဏရဲ့ ၆၀% သာ ရှိပါတယ်။ 3 00:00:17,058 --> 00:00:21,390 လည်ပတ်သူတွေနဲ့ အခြေချနေထိုင်သူအသစ်တေွဟာ ပင်လယ်ပြင်အမြင့် ရောဂါနဲ့ ရုန်းကန်ရပေမဲ့ 4 00:00:21,390 --> 00:00:24,749 ဒေသရင်း တိဗက်လူမျိုးတွေကတော့ တောင်တွေကို အမြန်ပြေးတက်ကြတယ်။ 5 00:00:24,749 --> 00:00:27,860 ဒီအရည်အချင်းက လေ့ကျင့်မှုကနေ မဟုတ်ဘဲ 6 00:00:27,860 --> 00:00:31,590 သူတို့ခန္ဓာကိုယ်တွေကို အကန့်အသတ်ရှိတဲ့ အောက်စီဂျင်ကို အများဆုံး သုံးနိုင်ဖို့ 7 00:00:31,590 --> 00:00:34,720 ဗီဇအနည်းငယ်ကို ပြောင်းလဲမှုတွေကနေပါ။ 8 00:00:34,720 --> 00:00:37,660 ဒီခြားနားမှုတွေဟာ မွေးတည်းက ထင်ရှားတာပါ။ 9 00:00:37,660 --> 00:00:41,510 တိဗက် ကလေးငယ်တွေဟာ မွေးစဉ် ပျမ်းမျှ အားဖြင့် ကိုယ်အလေးချိန် ပိုမြင့်ခြင်း၊ 10 00:00:41,510 --> 00:00:43,690 အောက်စီဂျင် ပြည့်ဝနှုန်း မြင့်ခြင်းရှိပြီး 11 00:00:43,690 --> 00:00:49,400 ဒီပတ်ဝန်းကျင်ထဲမှာ မွေးတဲ့ အခြားကလေးတွေထက် ရှင်ကျန်ဖို့ဖြစ်နိုင်ခြေ အများကြီးပိုတယ်။ 12 00:00:49,400 --> 00:00:52,840 ဗီဇဆိုင်ရာ ဒီပြောင်းလဲမှုတွေက လွန်ခဲ့တဲ့ နှစ် ၃၀၀၀ (သို့) အဲဒီလောက်ကနေ 13 00:00:52,840 --> 00:00:57,167 ဆင့်ကဲပြောင်းလဲခဲ့တယ်လို့ ခန်မှန်းရပြီး ဆက်ဖြစ်နေတာပါ။ 14 00:00:57,167 --> 00:00:59,364 ဒါက ရှည်လျားတဲ့ ကာလတစ်ခုလို့ ထင်ရလောက်ပေမဲ့ 15 00:00:59,364 --> 00:01:05,737 လူသား လူဦးရေတစ်ခုအတွင်းမှာ အမြဲ ပြောင်းလဲ ခဲ့တဲ့ အမြန်ဆုံး ပြောင်းလဲမှုတစ်ခုဖြစ်မယ်။ 16 00:01:05,737 --> 00:01:08,857 လူသား ဆင့်ကဲဖြစ်စဉ် မပြီးဆုံးသေးတာ ရှင်းပါတယ်။ 17 00:01:08,857 --> 00:01:10,937 ဒီတော့ အခြားပြောင်းလဲမှု အသစ်တွေက ဘာတွေလဲ။ 18 00:01:10,937 --> 00:01:16,562 နည်းပညာနဲ့ သိပ္ပံဆိုင်ရာ ဆန်းသစ်မှုတွေက ဆင့်ကဲဖြစ်စဉ်ကို သက်ရောက်မှာလား။ 19 00:01:16,562 --> 00:01:18,462 လွန်ခဲ့တဲ့ နှစ်ထောင်အနည်းငယ်အတွင်းမှာ 20 00:01:18,462 --> 00:01:23,345 လူဦးရေများစွာထဲမှာ ဒေသတွင်း ဝန်းကျင်တွေနဲ့ ဗီဇဆိုင်ရာ လိုက်ဖက်ညီမှုတွေ ဖြစ်ခဲ့တယ်။ 21 00:01:23,345 --> 00:01:29,943 ဆိုက်ဘေးရီးယားနဲ့ အာတိတ် အထက်ပိုင်း လူတွေ လွန်ကဲတဲ့ အအေးမှာ ရှင်ကျန်ဖို့ ပြုပြင်တယ်။ 22 00:01:29,943 --> 00:01:32,013 သူတို့ဟာ နှင်းကိုက်နာ ဖြစ်ခဲပြီး 23 00:01:32,013 --> 00:01:36,097 သုညအောက် အေးချိန်တွေမှာ အခြား လူတွေထက် လက်တွေကို ပိုကြာကြာ 24 00:01:36,097 --> 00:01:38,517 ဆက်လက် အသုံးပြုနိုင်တယ်။ 25 00:01:38,517 --> 00:01:42,067 သူတို့ရဲ့ ဆင့်ကဲရွေးချယ်မှု တစ်ခုက ပိုမြင့်တဲ့ ဇီဝဖြစ်ပျက်မှုနှုန်း ရှိလို့ 26 00:01:42,067 --> 00:01:44,737 အပူ ထုတ်လုပ်မှုကို တိုးစေပါတယ်။ 27 00:01:44,737 --> 00:01:50,418 တောင်ဘက်ရှိ ပိုဝေးတဲ့ အရှေ့တောင် အာရှက Bajau လူမျိုးတွေဟာ မီတာ ၇၀ ရေငုပ်နိုင်ပြီး 28 00:01:50,418 --> 00:01:54,418 ရေအောက်မှာ ၁၅ မိနစ်နီးပါး နေနိုင်ကြတယ်။ 29 00:01:54,418 --> 00:01:58,301 လှည့်လည်နေထိုင်ကြတဲ့ မုဆိုးတွေအဖြစ် ပင်လယ်မှာ နှစ်ထောင်ချီကာ နေထိုင်ခဲ့ကြတဲ့ 30 00:01:58,301 --> 00:02:05,282 သူတို့တွေမှာ ရေအောက်မှာ ပိုကြာကြာနေဖို့ ထောက်ကူတဲ့ အောက်စီဂျင် သိုလှောင်မှုတွေလို 31 00:02:05,282 --> 00:02:08,522 လုပ်ဆောင်တဲ့ ဗီဇပိုင်းအရ ထူးခြားစွာကြီးတဲ့ သရက်ရွက်တွေရှိတယ်၊ 32 00:02:08,522 --> 00:02:13,482 ရေနက် ငုပ်တဲ့ ပင်လယ်ဖျံတွေရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ဆင်တူတာမျိုးပါ။ 33 00:02:13,482 --> 00:02:16,232 ယှဉ်ကြည်လိုက်ရင် အသက်မပါပုံ ထင်ရလောက်ပေမဲ့ 34 00:02:16,232 --> 00:02:20,009 နို့သောက်နိုင်စွမ်းက ဒီလိုမျိုး နောက်ထပ် ပြုပြင်ပြောင်းလဲမှုပါ။ 35 00:02:20,009 --> 00:02:23,159 နို့တိုက်သတ္တဝါအားလုံဟာ ကလေးတွေ အဖြစ် မိခင်နို့ကို သောက်နိုင်တယ်။ 36 00:02:23,159 --> 00:02:28,128 နို့ဖြတ်ပြီးနောက် နို့ကြေချက်ခွင့်ပေးတဲ့ ဗီဇကို ရပ်စဲပစ်လိုက်တယ်။ 37 00:02:28,128 --> 00:02:33,374 ဒါပေမဲ့ နို့အတွက် နွားမတွေကို အသုံးပြုတဲ့ ဆာဟာရ အာဖရိကတိုက်ခွဲ၊အရှေ့နဲ့ အနောက်မြောက် 38 00:02:33,374 --> 00:02:38,324 ဥရောပ အတွင်းက လူစုတွေဟာ DNA မူကွဲတွေမှာ ရုတ်တရက် တိုးပွားမှုတစ်ခုကို မြင်ရတယ်။ 39 00:02:38,324 --> 00:02:44,206 ဒါက လွန်ခဲ့တဲ့ ၇၀၀၀ ကနေ နှစ် ၈၀၀၀ ကျော် ဗီဇ ပိတ်ခံရမှုကို တားဆီးပေးတယ်။ 40 00:02:44,206 --> 00:02:48,876 အနည်းဆုံး ဥရောပမှာ နို့သောက်ခြင်းက ပုံမှန် ဗိုက်တာဗင် ဒီ လျော့ကျတဲ့ 41 00:02:48,876 --> 00:02:53,016 မြောက်ဖက်ကို ရွေ့ခဲ့လို့ ဗီတာမင် D ထုတ် လုပ်ဖို့ ရင်းမြစ်ဖြစ်တဲ့ နေရောင်ခြည် 42 00:02:53,016 --> 00:02:56,769 လျော့နည်းလာခဲ့လို့ ကယ်လ်ဆီယံ ရင်းမြစ် တစ်ခု ဖြစ်လာခဲ့လောက်တယ်။ 43 00:02:56,769 --> 00:02:59,207 နည်းလမ်းတွေ အမြဲ ရှင်းလင်းခဲ့တာ မဟုတ်ပေမဲ့ 44 00:02:59,207 --> 00:03:04,223 ပြောင်းလဲမှုအားလုံးက မျိုးပွားနိုင်တဲ့ အရွယ်အထိ လူတွေ ရှင်ကျန်ခွင့် မြှင့်ခဲ့တယ်။ 45 00:03:04,223 --> 00:03:06,463 သဘာဝ ရွေးချယ်မှုရဲ့ မောင်းနှင်အား ဖြစ်ပြီး၊ 46 00:03:06,463 --> 00:03:10,007 ဒီဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ပြောင်းလဲမှုတွေ အာလုံးနောက်ကွယ်က တွန်းအားပါ။ 47 00:03:10,007 --> 00:03:13,887 တစ်ခါတစ်ရံ ကူးစက်ရောဂါတွေကို တိုက်ဖျက်ရင်း ကျွန်ုပ်တို့ရဲ့ ဗီဇတွေက ကျွန်ုပ်တို့ကို 48 00:03:13,887 --> 00:03:16,837 သတ်ပစ်နိုင်ချိန်မျိုးမှာ ခေတ်ပေါ် ဆေးဝါး တွေက ဆင့်ကဲရွေးချယ်ရေး 49 00:03:16,837 --> 00:03:19,097 ဖိအားပေးမှုတွေကို ဖယ်ရှားပစ်လိုက်ပြီး 50 00:03:19,097 --> 00:03:20,667 အသက်ရှင်အောင် ကယ်တင်ပေးကြပါတယ်။ 51 00:03:20,667 --> 00:03:25,057 ပဋိဇီဝဆေးတွေ၊ ကာကွယ်ဆေးတွေ၊ သန့်ရှင်းတဲ့ ရေ၊ ကောင်းမွန်တဲ့ မိလ္လာစနစ် 52 00:03:25,057 --> 00:03:28,893 အားလုံးက ဗိဇတွေကြားက ခြားနားမှုတွေကို အရေးပါမှုကို လျော့နည်းလာစေတယ်။ 53 00:03:28,893 --> 00:03:32,424 အလားတူပဲ ကလေးဘဝ ကင်ဆာတွေကို ကုသပေးနိုင်ခြင်း၊ 54 00:03:32,424 --> 00:03:36,690 မိခင်ဆီမှာ ကိုယ်ဝန်ဆောင်မှုနဲ့ ဆက်စပ်နေတဲ့ ရောဂါမျိုး ရှိနေလျှင်၊ 55 00:03:36,690 --> 00:03:41,223 ကလေးရဲ့ ရောင်ရမ်းနေတဲ့ အူအတက်တွေကို ခွဲစိတ်ထုတ်ယူပြီး မွေးပေးနိုင်ခြင်း စတာတွေ 56 00:03:41,223 --> 00:03:46,014 အားလုံးက ဆင့်ကဲရွေးချယ်မှုကို ရပ်စဲပစ် လိုက်ခြင်းဖြင့် မျိုးဆက်ပွားနိုင်တဲ့ 57 00:03:46,014 --> 00:03:49,004 အရွယ်အထိ ရှင်ကျန်ရစ်ခဲ့ကြတဲ့ လူတွေရဲ့ ဦးရေဟာ တိုးတိုးလာနေပါတယ်။ 58 00:03:49,004 --> 00:03:52,272 ဒါပေမဲ့ ကမ္ဘာမြေပေါ်က လူတိုင်းမှာ ခေတ်မီ ဆေးဝါး သုံးခွင့်ရှိတာတောင် 59 00:03:52,272 --> 00:03:55,246 ဒါက လူသား ဆင့်ကဲဖြစ်စဉ်ရဲ့ နိဂုံးကို ညွှန်ပြနေတာ မဟုတ်ဘူး။ 60 00:03:55,246 --> 00:04:00,192 အကြောင်းက သဘာဝ ရွေးချယ်ခြင်းအပြင် ဆင့်ကဲ့ ဖြစ်စဉ်ရဲ့ အခြားလက္ခဏာတွေ ရှိလို့ပါ။ 61 00:04:00,192 --> 00:04:02,452 ခေတ်မီ ဆေးဝါးက သဘာဝ ရွေးချယ်မှုအရ 62 00:04:02,452 --> 00:04:05,692 ဖြစ်လာရမယ့် ဗီဇ ပြောင်းလဲမှုရဲ့ အစား 63 00:04:05,692 --> 00:04:09,756 ဗီဇဆိုင်ရာ ရွေ့လျားမှု ဆိုတာကို လုပ်ဆောင်ပေးတာပါ။ 64 00:04:09,756 --> 00:04:14,902 ဗီဇ ရွေ့လျားမှုနဲ့အတူ လူဦးရေ တစ်ခုအတွင်းက ဗီဇခြားနားချက်တွေ ကျပန်း ကွဲပြားနိုင်တယ်။ 65 00:04:14,902 --> 00:04:19,970 ဗီဇဆိုင်ရာအဆင့်မှာ ခေတ်မီ ဆေးဝါးက မျိုးကွဲ မှုကို အမှန်တကယ် တိုးပွားစေလောက်တယ်။ 66 00:04:19,970 --> 00:04:24,270 အကြောင်းက ဘေးဖြစ်နိုင်တဲ့ သန္ဓေပြောင်းမှုက လူတွေကို သတ်မပစ်လို့ ဖယ်ထုတ်မခံခဲ့ရလို့ပါ။ 67 00:04:24,270 --> 00:04:29,315 ဒါပေမဲ့ ဒီမူကွဲက လူတွေကြားက ကွဲပြားမှု တွေကို သိသာတဲ့ (သို့) phenotypic 68 00:04:29,315 --> 00:04:32,605 ပုံစံမျိုးသို့ ပြောင်းလဲသွားမယ်လို့ ပြောရနိုင်ပါ။ 69 00:04:32,605 --> 00:04:36,338 သီးခြား ပတ်ဝန်းကျင်တစ်ခုအတွက် ဗီဇဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေက 70 00:04:36,338 --> 00:04:40,098 အလွန် လျင်မြန်စွာ ပေါ်ပေါက်နိုင်လားဆိုတာ ကို ဗီဇနဲ့မသက်ဆိုင်တဲ့ ပြပြင်မှုတွေကနေ 71 00:04:40,098 --> 00:04:44,408 သုတေသီတွေလည်း စူးစမ်းနေတယ်။ ဗီဇနဲ့မဆိုင်တဲ့ ပြောင်းလဲခြင်းတွေဆိုပေမဲ့ 72 00:04:44,408 --> 00:04:48,685 ဗီဇတချို့ကို ဖော်ပြလား၊ ဘယ်တော့ဆိုတာအထိပါ။ 73 00:04:48,685 --> 00:04:51,409 ဒီပြောင်းလဲမှုတွေဟာ ဘဝ တစ်သက်တာအတွင်း ဖြစ်ပေါ်နိုင်ပြီး 74 00:04:51,409 --> 00:04:54,030 သားသမီးဆီတောင် လက်ဆင့်ကမ်းလောက်ပေမဲ့ 75 00:04:54,030 --> 00:04:58,780 အခုထိတော့ ဗီဇနဲ့မသက်ဆိုင်တဲ့ ပြုပြင်ခြင်း တွေ မျိုးဆက်များစွာအထိ တကယ် ဆက်ရှိကာ 76 00:04:58,780 --> 00:05:02,296 လူဦးရေအကြားမှာ ရေရှည် အပြောင်းအလဲတွေကို ဖြစ်စေနိုင်လား ဆိုတာကိုတော့ 77 00:05:02,296 --> 00:05:06,550 သုတေသီတွေ ဝိရောဓိဖြစ်နေကြတယ်။ 78 00:05:06,550 --> 00:05:10,302 လူသား ဆင့်ကဲဖြစ်စဉ်ထဲကို အခြား ထောက်ပံ့ ပေးတဲ့ အချက်တွေလည်း ရှိနိုင်လောက်ပါတယ်။ 79 00:05:10,302 --> 00:05:13,970 သဘာဝ ရွေးချယ်မှုရဲ့ အမြန်ဆုံးနဲ့ နောက်ဆုံး အပြောင်းအလဲတွေနဲ့ ယှဉ်ကြည့်ရင်တောင် 80 00:05:13,970 --> 00:05:17,420 ခေတ်မီ ဆေးဝါးနဲ့ နည်းပညာဟာ ဆန်းသစ်လွန်းတာမို့လို့ 81 00:05:17,420 --> 00:05:22,307 ကျွန်ုပ်တို့ ပစ္စုပ္ပန်က အနာဂတ်ကို ဘယ်လို ပုံဖော်မှာကို အချိန်ကသာ ပြောနိုင်မှာပါ။