WEBVTT 00:00:00.817 --> 00:00:05.150 စိတ်ရှည်တာက ဘာဆိုလိုတာ သိဖို့ ပထမဆုံး အခွင့်အရေးရခဲ့တာက ကျွန်မ ခြောက်နှစ်မှာပါ။ 00:00:06.099 --> 00:00:09.461 ကျွန်မရဲ့အဖွားက မျက်လှည့်ဘူးတစ်ဘူး မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တယ်၊ 00:00:09.485 --> 00:00:12.770 ဒါက ဘဝအတွက် လက်ဆောင် ဖြစ်လာမယ်လို့ ကျွန်မတို့ တစ်ယောက်မှ မသိခဲ့ဘူး။ 00:00:13.817 --> 00:00:16.294 ကျွန်မ မျက်လှည့်ပညာကို စွဲလမ်းလာခဲ့ပြီး 00:00:16.318 --> 00:00:19.889 အသက် ၂၀ မှာ အပျော်တမ်း ချိုးငှက် မျက်လှည့်ပညာရှင် ဖြစ်လာခဲ့တယ်။ 00:00:21.467 --> 00:00:24.594 ဒီမျက်လှည့် တင်ဆက်မှုက ချိုးငှက်တွေကို ကျွန်မရဲ့ အဝတ်မထည်ထဲမှာ 00:00:24.618 --> 00:00:26.839 ထိုင်စောင့်နေဖို့ လေ့ကျင်ပေးဖို့လိုအပ်တယ်။ 00:00:27.738 --> 00:00:32.461 လူငယ်မျက်လှည့် ပညာရှင်အနေနဲ့ သူတို့ ပေါ်လာဖို့ အမြဲ ကမန်းကတမ်းလုပ်ပေမဲ့ 00:00:32.485 --> 00:00:34.032 ကျွန်မရဲ့ ဆရာကတော့ 00:00:34.056 --> 00:00:37.444 မျက်လှည့်တင်ဆက်မှုရဲ့ အောင်မြင်ရေး လျှို့ဝှက်ချက်က NOTE Paragraph 00:00:37.468 --> 00:00:41.691 ကုတ်အကျီထဲမှာ ချိုးငှက်တွေ စိတ်ရှည်စွာ စောင့်ပြီးမှ သူတို့ပေါ်လာအောင် လုပ်တာလို့ 00:00:41.715 --> 00:00:42.948 ကျွန်မကို ပြောတယ်။ 00:00:43.797 --> 00:00:46.817 ဒါဟာ သတိပါတဲ့ စိတ်ရှည်မှုလိုပါ၊ 00:00:46.841 --> 00:00:49.829 ကျွမ်းကျင်ဖို့ နှစ်ချီပြီး အချိန်ယူခဲ့ရတာမျိုးပေါ့။ NOTE Paragraph 00:00:51.789 --> 00:00:54.904 လွန်ခဲ့တဲ့ ခုနှစ်နှစ်က ဘဝက ကျွန်မကို ရှန်ဟိုင်းကို ခေါ်လာခဲ့တော့ 00:00:54.928 --> 00:00:59.393 ကိုယ် သင်ခဲ့တဲ့ စိတ်ရှည်မှုက ကျင့်သုံးဖို့ မဖြစ်နိုင်သလောက် ဖြစ်လာခဲ့တယ်။ 00:01:00.419 --> 00:01:04.388 တရုတ်ပြည်မှာက လူတိုင်း၊ အရာတိုင်းဟာ အလျင်စလိုဖြစ်နေတယ်၊ 00:01:04.412 --> 00:01:07.864 ပိုကောင်းမွန်တဲ့ဘဝ တည်ဆောက်ဖို့ အြခား ၁.၃ ဘီလီယံကျော် လူတွေထက် 00:01:07.888 --> 00:01:09.197 သာဖို့လိုတယ်။ 00:01:10.601 --> 00:01:13.015 စနစ်ကို ဖောက်၊ မူတွေပြင် 00:01:13.039 --> 00:01:14.546 နယ်နိမိတ်တွေကို ပတ်ရှောင်တယ်၊ 00:01:15.530 --> 00:01:17.561 အစားအစာမှာလည်း အလားတူပဲ၊ 00:01:18.500 --> 00:01:21.514 အစားအစာနဲ့ပတ်သက်ပြီး ချွင်းချက်က 00:01:21.538 --> 00:01:24.593 စိတ်မရှည်မှုဟာ ကြောက်မက်ဖွယ် အကျိုးဆက်တွေ ရှိနိုင်တာပါ။ 00:01:25.618 --> 00:01:28.357 ပိုမြန်မြန် ကြီးဖို့၊ ပိုရောင်းရဖို့၊ 00:01:28.381 --> 00:01:33.364 စိုက်ပျိုးရေး သက်တမ်း နှစ် ၄၀၀၀ ရှိတဲ့ သဘာဝ သယံဇာတ ကြွယ်ဝတဲ့ နိုင်ငံတစ်ခုဟာ 00:01:33.388 --> 00:01:36.768 ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲတာကြောင့်ပျက်စီးသွားတယ်။ 00:01:37.650 --> 00:01:40.603 ၂၀၁၆ မှာ တရုတ်အစိုးရဟာ ကိုးလအတွင်း 00:01:40.627 --> 00:01:44.919 သန်းဝက်ရှိတဲ့ အစားအသောက် ဘေးကင်းရေး ချိုးဖောက်မှုတွေကို ဖွင့်ချခဲ့တယ်။ 00:01:46.125 --> 00:01:49.856 ကြောက်ခမန်းလိလိကို ကမ္ဘာ့ ဆီးချိုရောဂါသည် လေးယောက်မှာ တစ်ယောက်က 00:01:49.880 --> 00:01:51.426 အခု တရုတ်ပြည်ကနေ လာတယ်။ 00:01:52.742 --> 00:01:54.455 အစားအစာတစ်ခွင်က ဇာတ်လမ်းတွေဟာ 00:01:54.479 --> 00:01:57.941 ထိတ်လန့်ဖွယ်၊ အလွန်ကို များလွန်းပါတယ်၊ 00:01:57.965 --> 00:02:03.361 စိတ်မရှည်မှုထဲမှာ သတိပါတဲ့ စိတ်ရှည်မှု ယူ ဆောင်ဖို့ အချိန်လို့ မိမိကိုယ်ကို ပြောတယ်။ NOTE Paragraph 00:02:04.352 --> 00:02:06.170 သတိပါတဲ့ စိတ်ရှည်မှုလို့ ပြောတော့ 00:02:06.194 --> 00:02:08.201 စောင့်နိုင်စွမ်းကို မဆိုလိုပါဘူး။ 00:02:08.966 --> 00:02:11.799 ဆိုလိုတာက စောင့်နေရင်း ဘယ်လိုလုပ်ဆောင်မှာကို သိခြင်းပါ။ 00:02:13.751 --> 00:02:16.336 ဒီလိုနဲ့ တရုတ်ပြည်ှာ ရေရှည်ခံတဲ့ အစားအစာ စနစ် 00:02:16.360 --> 00:02:20.328 ဒိဌ ဖြစ်လာမယ့်နေ့ကို စောင့်ရင်း တရုတ်ပြည်ရဲ့ 00:02:20.352 --> 00:02:23.662 ပထမဆုံး တစ်ခုဖြစ်တဲ့ အွန်လိုင်း လယ်သမားစျေးကွက်ကို အစပျိုးခဲ့တယ်။ 00:02:23.686 --> 00:02:27.161 ဒေသတွင်း သဘာဝအတိုင်း စိုက်တဲ့ လယ်ယာ ထွက်ကုန်တွေကို မိသားစုတွေဆီယူပေးဖို့ပါ 00:02:28.488 --> 00:02:30.661 တိုက်ရိုက်လွှင့်တော့ လွန်ခဲ့တဲ့ ၁၈ လက 00:02:30.685 --> 00:02:33.273 ကျွန်မတို့ ရောင်းနိုင်တဲ့ အစားအစာက အတော် စိတ်ပျက်စရာပါ။ 00:02:34.006 --> 00:02:37.046 ကျွန်မတို့မှာ ရောင်းချဖို့ သစ်သီးမရှိ၊ အသားလည်း မရှိခဲ့သလောက်ပါ။ 00:02:37.070 --> 00:02:41.062 ပိုးသတ်ဆေး၊ ဓာတုဆေး၊ ပဋိဇီဝဆေးနဲ့ ဟိုမုန်းတွေနဲ့ပတ်သက်ပြီး 00:02:41.086 --> 00:02:45.088 လုံးဝသည်းမခံတဲ့ စမ်းသပ်မှုအောင်ကာ စမ်းသပ်ခန်းကို ပို့ဖို့ တစ်ခုမှ မရှိလို့ပါ 00:02:45.572 --> 00:02:47.668 တရုတ်ပြည်က ဒေသတွင်း လယ်သမားတိုင်းကို 00:02:47.692 --> 00:02:52.144 မတွေ့သရွေ့ လက်မလျှော့ဘူးလို့အရမ်း ပူပန် နေကြတဲ့ ဝန်ထမ်းတွေကို ကျွန်မပြောခဲ့တယ်။ NOTE Paragraph 00:02:53.882 --> 00:02:57.724 ဒီနေ့မှာ ဒေသတွင်း လယ်သမား ၅၇ ဦးဆီက လယ်ယာထုတ်ကုန် 00:02:57.748 --> 00:02:59.826 အမျိုး ၂၄၀ ကို ပံ့ပိုးပေးပါတယ်။ 00:03:00.732 --> 00:03:03.306 တစ်နှစ်နီးပါး ရှာဖွေပြီးနောက်မှာ 00:03:03.330 --> 00:03:06.177 နောက်ဆုံး ဟိုင်နန်ကျွန်းက ရွာသားတွေ အိမ်နောက်ဖေးမှာ 00:03:06.201 --> 00:03:09.391 စိုက်ပျိုးထားတဲ့ ဓာတုဗေဒကင်းတဲ့ ငှက်ပျောသီးတွေ တွေ့ရှိခဲ့တယ်။ 00:03:10.569 --> 00:03:13.352 ရှန်ဟိုင်းကနေ နှစ်နာရီပဲ ဝေးတဲ့ 00:03:13.376 --> 00:03:17.447 Google Maps မြေပုံညွှန်းမှာမပါတဲ့ ကျွန်းတစ်ကျွန်းပါ။ 00:03:17.471 --> 00:03:20.241 နွားတွေ မြက်စားပြီး ကောင်းကင်ပြာ အောက်မှာ 00:03:20.265 --> 00:03:22.431 လွတ်လပ်စွာ ကျက်စားတဲ့နေရာတစ်ခုကို တွေ့ခဲ့တာပါ။ 00:03:23.941 --> 00:03:26.124 ထောက်ပံ့ပို့ဆောင်ရေးမှာလည်း ကြိုးစား ပါတယ်။ 00:03:26.690 --> 00:03:30.111 ဖောက်သည်တွေရဲ့ အမှာတွေကို သုံးနာရီအတွင်း အမြန်ဆုံးရောက်စေဖို့ 00:03:30.135 --> 00:03:32.079 လျှပ်စစ် ယာဉ်တွေနဲ့ ပို့ပေးပါတယ်။ 00:03:32.103 --> 00:03:34.802 ပတ်ဝန်းကျင်ဆိုင်ရာ ခြေရာတွေ နည်းဖို့ ဇီဝနဲ့ပျက်စီးနိုင်၊ 00:03:34.826 --> 00:03:37.380 ပြန်သုံးရနိုင်တဲ့ ဘူးတွေကို သုံးတယ်။ NOTE Paragraph 00:03:38.885 --> 00:03:42.917 ကျွန်မတို့ရဲ့ကမ်းလှမ်းမှုတွေဟာ ဆက်လက် တိုပွားနေမယ်ဆိုတာ သံသယမရှိပေမဲ့ 00:03:42.941 --> 00:03:44.854 အချိန်တော့ ယူရပါလိမ့်မယ်။ 00:03:44.878 --> 00:03:49.473 အစားစအာကောင်းရဲ့ အနာဂတ်ကို ပုံဖော်ဖို့ လူအများကြီး လိုအပ်တာ ကျွန်မသိပါတယ်။ 00:03:50.390 --> 00:03:55.859 မနှစ်က အစားအစာကောင်းရဲ့ အနာဂတ်ကို လိုရာ ပုံဖော်ချင်တဲ့ ကနဦးသမားတွေကိုကူညီဖို့ 00:03:55.883 --> 00:03:58.844 တရုတ်ပြည်ရဲ့အဦးဆုံး အစားအစာ နည်းပညာ သွက်လက်မှုနဲ့ VC လမ်းစဉ်ကို 00:03:58.868 --> 00:04:00.431 တည်ထောင်ခဲ့တယ်၊ 00:04:00.455 --> 00:04:05.400 စားသုံးနိုင်တဲ့ အင်းဆက်တွေကို အစားအစာ ပိုကြာရှည်စွာ လတ်ဆတ် စေဖို့ 00:04:05.424 --> 00:04:09.177 ရေရှည်ခံတဲ့ ပရိုတိန်း ရင်းမြစ်အဖြစ် သုံးရင်းကနေပါ။ NOTE Paragraph 00:04:10.514 --> 00:04:12.594 ဒီတော့ မေးနိုင်သေးတာက 00:04:12.618 --> 00:04:15.935 နှေးတယ်ဆိုတာကို ပြစ်မှုတစ်ခုနီးနီးလို့ ယူဆတဲ့ တိုင်းပြည်တစ်ခုမှာ 00:04:15.959 --> 00:04:17.942 စိတ်ရှည်မှု လှုပ်ရှားမှုကို မောင်းနှင်ကာ 00:04:17.966 --> 00:04:21.212 ရေရှည်ခံတဲ့ အစားအစာစနစ်ကို တည်ဆောက်ဖို့ ဘာဖြစ်လို့ ကြိုးစားနေတာလဲ။ 00:04:22.329 --> 00:04:23.686 အကြောင်းက ကျွန်မအတွက်တော့ 00:04:23.710 --> 00:04:27.266 အောင်မြင်မှုရဲ့ တကယ့် လျှို့ဝှက်ချက်က စိတ်ရှည်မှုပါ၊ 00:04:27.290 --> 00:04:29.099 စောင့်နေစဉ်မှာ 00:04:29.123 --> 00:04:32.925 ဘယ်လိုလုပ်မယိဆိုတာကို သိတဲ့ သတိပါတဲ့ စိတ်ရှည်မှုမျိုးပါ။ 00:04:32.949 --> 00:04:36.668 ကျွန်မအဖွားရဲ့ မျက်လှည်ဘူးနဲ့အတူ သိလာခဲ့တဲ့ စိတ်ရှည်မှုမျိုးပါ။ 00:04:37.865 --> 00:04:42.460 နောက်ဆုံးတော့ ကျွန်မတို့ဟာ ကမ္ဘာမြေကို ဘိုးဘွားတွေဆီက အမွေရတာမဟုတ်ပါ၊ 00:04:43.030 --> 00:04:45.175 ကျွန်မတို့ရဲ့ ကလေးတွေဆီက ငှားယူထာရတာပါ။ NOTE Paragraph 00:04:45.199 --> 00:04:46.350 ကျေးဇူးတင်ပါတယ်။ NOTE Paragraph 00:04:46.374 --> 00:04:51.230 (လက်ခုပ်သံများ)