1 00:00:06,841 --> 00:00:09,871 ၁၉၅၈ ခုနှစ်တွင် Rachel Carson ဟာ စာတစ်စောင် ရခဲ့ရာ 2 00:00:09,871 --> 00:00:13,280 တေးသီငှက်တွေ သစ်ကိုင်တွေပေါ်မှ ရုတ်တရက် ပြုတ်ကျလာနေကြတာ သိလာခဲ့ရတယ်။ 3 00:00:13,280 --> 00:00:16,640 စာရေးပို့သူက ငှက်တွေ သေရတာဟာ DDT ခေါ် ပိုးသတ်ဆေးကြောင့် ဖြစ်တယ်၊ 4 00:00:16,640 --> 00:00:20,320 မကြာမီတုန်းက ပိုးသတ်သူတွေက အနီးရှိ စိမ့်တောတွေမှာ ဆေးဖြန်းခဲ့ကြလို့ ဆိုပါတယ်။ 5 00:00:20,320 --> 00:00:23,660 အဲဒီစာဟာ Carson အား DDT ကို စုံစမ်းဖို့ နှိုးဆွပေးလိုက်ပါတယ်။ 6 00:00:23,660 --> 00:00:27,540 သူမဟာ သိပ္ပံပညာရှင်များနဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားလိုကြသူတို့ထံမှနေပြီး 7 00:00:27,540 --> 00:00:30,402 ပိုးသတ်ဆေးကို နေရာတိုင်းမှာ သုံးနေခြင်းက ငါးတွေ၊ ငှက်တွေနဲ့ 8 00:00:30,402 --> 00:00:33,862 လူသားကိုယ်၌ အတွက်ပါ အန္တရာယ် ဖြစ်နိုင် ကြောင်း စိုးရိမ်မှုတွေ သိထားသူပါ။ 9 00:00:33,862 --> 00:00:36,850 သူမဟာ နှစ်ပေါင်း များစွာကြာ သူမ အလုပ်လုပ်ခဲ့ဘူးတဲ့ 10 00:00:36,850 --> 00:00:40,356 United States Bureau of Fisheries ရှိ အဆက်အသွယ်များမှ စုံစမ်းကြည့်ခဲ့တယ်။ 11 00:00:40,356 --> 00:00:45,501 “နွေဦး တေးသံကို တိတ်သွားအောင် လုပ်ပစ်ခဲ့တာ ဘာများလဲ” သူမက မေးကြည့်ခဲ့တယ်။ 12 00:00:45,501 --> 00:00:49,574 ၁၉၆၂ ခုနှစ်တွင် Carson ဟာ သူမ တွေ့ရှိခဲ့ တာကို "Silent Spring" စာအုပ်ထဲ ရေးခဲ့တယ်။ 13 00:00:49,574 --> 00:00:52,904 သူမရဲ့ စာအုပ်က ဓာတုပစ္စည်းတွေ အလွဲ သုံးစားမှုတွေကို မှတ်တမ်းတင်ခဲ့ပြီး 14 00:00:52,904 --> 00:00:56,374 သဘာဝနှင့်လူ့ကျန်းမာရေးအတွက် ၎င်းတို့ရဲ့ အန္တရာယ်ကို ထောက်ပြခဲ့တယ်။ 15 00:00:56,374 --> 00:01:01,337 "Silent Spring" ချက်ချင်း ချီးမွမ်းခံခဲ့ရ သလို လုံးဝလက်မခံသူတွေ ပေါ်လာခဲ့ကြပြီး 16 00:01:01,337 --> 00:01:04,247 စာရေးသူကို သည်းသည်းမဲမဲ တိုက်ခိုက်လာခဲ့ကြပါတယ်။ 17 00:01:04,247 --> 00:01:10,123 နူးညံ့သိမ်မွေ့တဲ့ ဇီဝဗေဒပညာရှင်က ဘယ်လို လုပ် အဲဒီလို ငြင်းခုံမှုကို ဆွပေးခဲ့တာလဲ။ 18 00:01:10,123 --> 00:01:13,773 Carson ဟာ အလုပ်ကို ကြိုးစားအားထုတ်တဲ့ ဘွဲ့ယူ ကျောင်းသား အဖြစ် စတင်ခဲ့ပြီး 19 00:01:13,773 --> 00:01:16,814 John Hopkins University မှာ ဇီဝဗေဒကို လေ့လာရင်း 20 00:01:16,814 --> 00:01:18,934 အချိန်ပိုင်း အလုပ်တွေကို လုပ်ကိုင်ခဲ့ရတယ်။ 21 00:01:18,934 --> 00:01:22,204 ဒါပေမဲ့ မကျန်းမာတဲ့ ဖခင်နဲ့ ညီမလေးကို စောင့်ရှောက်ပေးရန် 22 00:01:22,204 --> 00:01:25,274 သူမရဲ့ ပါရဂူဘွဲ့သင်တန်း မပြီးဆုံးခင် ထွက်သွားခဲ့ရတယ်။ 23 00:01:25,274 --> 00:01:28,314 Bureau of Fisheries အတွက် အဏ္ဏဝါ ဇီဝဗေဒ ရေဒီယို အစီအစဉ်အတွက် 24 00:01:28,314 --> 00:01:31,964 ရေးပေးသူအဖြစ် Carson ဟာ အချိန်ပိုင်း အလုပ်ကို လုပ်ခဲ့တယ်။ 25 00:01:31,964 --> 00:01:36,054 အများပြည်သူရဲ့ အာရုံကိုဆွဲဆောင်နိုင်အောင် သူမ ရေးသားနိုင်တာကို 26 00:01:36,054 --> 00:01:39,314 သူမ အကြီးအကဲတို့က အားကျမိလို့ ၁၉၃၆ ခုနှစ်တွင် 27 00:01:39,314 --> 00:01:43,354 သူမဟာ အဲဒီ ဗျူရိုတွင် အချိန်ပြည့် အလုပ် ရတဲ့ ဒုတိယအမျိုးသမီး ဖြစ်လာခဲ့တယ်။ 28 00:01:43,354 --> 00:01:47,769 ၁၉၄၁ ခုနှစ်တွင် သူမဟာ သမုဒ္ဒရာဆိုင်ရာ စာအုပ်သုံးအုပ်အနက် 29 00:01:47,769 --> 00:01:52,165 ပထမစာအုပ် ထုတ်ဝေခဲ့ရာ သိပ္ပံပညာကို ရေအောက် ကမ္ဘာရဲ့ အလှတရားနဲ့ ရေးဖွဲ့ခဲ့တယ်။ 30 00:01:52,165 --> 00:01:56,514 သူမရဲ့ စူးစမ်းမှုတွေဟာ ကျယ်ပြန့်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့တယ်။ 31 00:01:56,514 --> 00:01:59,482 "Silent Spring" ထဲမှာကျတော့ Carson ဟာ လူသားရဲ့ လုပ်ဆောင်ချက်တွေ 32 00:01:59,482 --> 00:02:03,824 သဘာဝတရားရဲ့ ချိန်ခွင်လျှာကို ခြိမ်းခြောက်နေတာကို အလေးပေး ထောက်ပြခဲ့တယ်။ 33 00:02:03,824 --> 00:02:07,360 ဒုတိယကမ္ဘာစစ်အတွင်းမှာ ကောက်ပဲသီးနှံတွေကို ပိုးမွှားများမှ ကာကွယ်ပေးရန် နဲ့ 34 00:02:07,360 --> 00:02:12,490 စစ်သားတွေကို ပိုးမွှားများမှ ရရှိတဲ့ ရောဂါ များမှ ကာကွယ်ပေးရန် DDT ကို သုံးခဲ့ကြတယ်။ 35 00:02:12,490 --> 00:02:16,867 စစ်ပြီးသွားတဲ့ နောက်မှာ အဲဒီပိုးသတ်ဆေးကို ကျယ်ပြန့်စွာ ကြဲဖြန်းပေးလာခဲ့ကြပြီး 36 00:02:16,867 --> 00:02:19,167 မကြာခဏဆိုသလို အကျိုးရှိမှန်းတောင် မသိခဲ့ကြပါ။ 37 00:02:19,167 --> 00:02:22,886 တခါတုန်းက အမေရိက တောင်ပိုင်းမှာ ပုရွက်ဆိတ် တမျိုးကို သုတ်သင်ရန် ကြိုးပမ်းစဉ် 38 00:02:22,886 --> 00:02:29,060 တောရိုင်းတိရစ္ဆာန်တွေ ချေမှုန်းခံလိုက်ရကာ ပုရွက်ဆိတ် အနည်းငယ်မျှ သုတ်သင်နိုင်ခဲ့တယ်။ 39 00:02:29,060 --> 00:02:33,170 အဲဒါနဲ့ အခြား မအောင်မှုတွေ ရှိခဲ့ပေမဲ့ US Department of Agriculture နဲ့ 40 00:02:33,170 --> 00:02:37,096 ဓာတုကုမ္ပဏီတွေဟာ DDT ရဲ့ အကျိုးကျေးဇူး တွေကို ချီးကျူးလို့ မဆုံးနိုင်ခဲ့ကြပါ။ 41 00:02:37,096 --> 00:02:41,170 အဲဒါအတွက် စည်းကမ်းချက်တွေ နည်းပါးခဲ့ပြီး ပြည်သူတွေ ရှိနိုင်ခြေအန္တရာယ် မသိခဲ့ပါ။ 42 00:02:41,170 --> 00:02:44,394 ဒါပေမဲ့ Carson ဟာ ဓာတုပစ္စည်းတွေ အလွန်အကျွံသုံးစွဲမှုက 43 00:02:44,394 --> 00:02:47,416 ပိုးမွှား မျိုးစိတ်တွေရဲ့ ခံနိုင်ရည်ကို ဆင့်ကဲမြှင့်ပေးခဲ့လို့ 44 00:02:47,416 --> 00:02:51,746 ပိုလို့ကို အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်လာနေရပုံကို ထောက်ပြခဲ့ပါတယ်။ 45 00:02:51,746 --> 00:02:54,330 DDT ဟာ ရေထဲတွင် မပျော်နိုင်လို့ 46 00:02:54,330 --> 00:02:58,672 အချိန်ကြာလာတာနဲ့အမျှ ပတ်ဝန်းကျင်ထဲမှာ 47 00:02:58,672 --> 00:03:02,661 ပိုးမွှားတွေရဲ့ ခန္ဓာကိုယ်ထဲ၊ ပိုးမွှားတွေ စားသုံးတဲ့ သတ္တဝါတွေရဲ့ တစ်ရှူးများထဲမှာ၊ 48 00:03:02,661 --> 00:03:05,731 အဆုံးမှာ လူသားတို့ထဲမှာပါ စုစည်းလာမှာကို အခိုင်အမာ ညွှန်ပြခဲ့တယ်။ 49 00:03:05,731 --> 00:03:09,907 DDT နဲ့ ထိတွေ့မှုကြောင့် မျိုးရိုးဗီဇ ဖွဲ့စည်းပုံ ပြောင်းလဲသွားနိုင်ပြီး 50 00:03:09,907 --> 00:03:13,727 အနာဂတ် မျိုးဆက်များအဖို့ မသိရတဲ့ အကျိုး ဆက်တွေ ရှိလာနိုင်တာကို သတိပေးခဲ့ပါတယ်။ 51 00:03:13,727 --> 00:03:16,532 "Silent Spring" အား တုံ့ပြန်မှုဟာ ပေါက်ကွဲမှုနဲ့ တူခဲ့ပါတယ်။ 52 00:03:16,532 --> 00:03:20,482 လူအများအပြားအတွက် အဲဒီစာအုပ်က ဧရာမအန္တရာယ် များနိုင်တဲ့ ဓာတုပစ္စည်းတွေ ထိန်းချုပ်ရန် 53 00:03:20,482 --> 00:03:22,802 လှုံ့ဆော်ချက် ဖြစ်လာခဲ့တယ်။ 54 00:03:22,802 --> 00:03:26,832 လူသားရဲ့ ကျန်းမာရေးအား ပိုးမွှားတွေ ခြိမ်း ခြောက်မှု ထိန်းချုပ်ရာမှာ DDT အရေးပါတာကို 55 00:03:26,832 --> 00:03:30,792 Carson ဟာ ထည့်သွင်း မဖေါ်ပြခဲ့တာကို ဆင်ခြေ ပေး ငြင်းခုန်ကြတဲ့ သူတွေလည်း ရှိခဲ့ကြတယ်။ 56 00:03:30,792 --> 00:03:35,285 စိုက်ပျိုးရေးဝန်ကြီးဟောင်း Ezra Taft Benson ဆိုရင် 57 00:03:35,285 --> 00:03:40,497 “ကလေးမရှိ အပျိုဟိုင်းက မျိုးရိုးဗီဇကိစ္စ ဒီလောက် စိုးရိမ်နေတာ ဘာကြောင့်လဲ” 58 00:03:40,497 --> 00:03:44,767 မေးလိုက်ပြီး Carson ဟာ “ကွန်မြူနစ်ဖြစ်ဖို့ များတယ်”လို့ ရှုတ်ချလိုက်တယ်။ 59 00:03:44,767 --> 00:03:49,796 ပိုးသတ်ဆေး ကုမ္ပဏီရဲ့ ရှေ့နေက Carson နဲ့ သူမရဲ့ နောက်လိုက်တွေကို 60 00:03:49,796 --> 00:03:54,849 လုပ်ငန်းရှင်တွေကို “ယုတ်မာသူတွေ”လို ပုံ ဖေါ်လိုတဲ့ “ဩဇာပေးမှုတွေ” စွပ်စွဲခဲ့ကြတယ်။ 61 00:03:54,849 --> 00:03:59,099 အမှန်တကယ်က၊ ဓာတုပစ္စည်းတွေရဲ့ ကောင်းမှုတွေ ကို ကျယ်ပြန့်စွာ ရေးနေကြချိန်မှာ Carson ဟာ 62 00:03:59,099 --> 00:04:03,032 အများပြည်သူတွေ နားမလည်ကြတဲ့ အန္တရာယ်တွေကို အာရုံစိုက်စေလိုခဲ့တာပါ။ 63 00:04:03,032 --> 00:04:06,008 လူသားဟာ သဘာဝတရားကို ထိန်းချုပ်သင့်ပြီး ထိန်းချုပ်ရမယ် ဆိုတဲ့ 64 00:04:06,008 --> 00:04:08,046 အများရဲ့ ခံယူချက်ကို သူမဟာ ငြင်းပယ်ခဲ့တယ်။ 65 00:04:08,046 --> 00:04:11,836 အဲဒီအစား လူသားဟာ “သဘာဝကို မဟုတ်ဘဲ၊ မိမိကို မိမိ ရင့်ကျက်အောင်၊ ကျွမ်းကျင်အ​ောင်” 66 00:04:11,836 --> 00:04:16,686 လျေ့ကျင့်ဖို့ လိုတယ်လို့ စိန်ခေါ်ခဲ့ပါတယ်။ 67 00:04:16,686 --> 00:04:20,216 Carson ဟာ ကင်ဆာရောဂါနဲ့ ၁၉၆၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ရာ၊ 68 00:04:20,216 --> 00:04:23,906 "Silent Spring" စာအုပ်ထုတ်ဝေပြီးလို့ နှစ်နှစ်အတွင်းမှာပါ။ 69 00:04:23,906 --> 00:04:28,584 သူမစာအုပ်က ပတ်ဝန်းကျင်ကို တက်ကြွတိုက်ပွဲ ဝင်မယ့် မျိုးဆက်ကို ပေါက်ဖွားလာစေခဲ့ပါတယ်။ 70 00:04:28,584 --> 00:04:32,324 ၁၉၆၉ ခုနှစ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတို့ရဲ့ ဖိအားပေးမှုကြောင့် 71 00:04:32,324 --> 00:04:36,046 ကွန်ဂရက်ဟာ National Environmental Policy Act ကို ပြဋ္ဌာန်းခဲ့ရာ 72 00:04:36,046 --> 00:04:41,559 ဆက်ဒရယ် အေဂျင်စီများက သူတို့ လုပ်ဆောင်ချက် တွေရဲ့ အကျိုးဆက်တွေ အကဲခတ်လာရပါတယ်။ 73 00:04:41,559 --> 00:04:42,989 အဲဒီ ဥပဒေကို ရုပ်လုံးဖေါ်ဖို့ 74 00:04:42,989 --> 00:04:47,216 သမ္မတ Richard Nixon ဟာ Environmental Protection Agency ကို ထူထောင်ခဲ့ရတယ်။ 75 00:04:47,216 --> 00:04:53,566 ၁၉၇၂ တွင် EPA မှ DDT သုံးစွဲမှု တစ်စိတ် တစ်ပိုင်း တားမြစ်ချက်ကို ထုတ်ပြန်ခဲ့တယ်။ 76 00:04:53,566 --> 00:04:58,254 Rachel Carson ဟာ သူမသေဆုံးသွားတဲ့ နောက်မှာတောင် သူမရဲ့ ရေးသားချက်များဖြင့် 77 00:04:58,254 --> 00:05:00,934 ပတ်ဝန်းကျင်ရဲ့ အကျိုးကို ရှေ့ဆက် ထမ်းဆောင်ပေးနေတုန်းပါပဲ။