0:00:06.841,0:00:09.871 ၁၉၅၈ ခုနှစ်တွင် Rachel Carson[br]ဟာ စာတစ်စောင် ရခဲ့ရာ 0:00:09.871,0:00:13.280 တေးသီငှက်တွေ သစ်ကိုင်တွေပေါ်မှ ရုတ်တရက်[br]ပြုတ်ကျလာနေကြတာ သိလာခဲ့ရတယ်။ 0:00:13.280,0:00:16.640 စာရေးပို့သူက ငှက်တွေ သေရတာဟာ[br]DDT ခေါ် ပိုးသတ်ဆေးကြောင့် ဖြစ်တယ်၊ 0:00:16.640,0:00:20.320 မကြာမီတုန်းက ပိုးသတ်သူတွေက အနီးရှိ [br]စိမ့်တောတွေမှာ ဆေးဖြန်းခဲ့ကြလို့ ဆိုပါတယ်။ 0:00:20.320,0:00:23.660 အဲဒီစာဟာ Carson အား DDT ကို စုံစမ်းဖို့[br]နှိုးဆွပေးလိုက်ပါတယ်။ 0:00:23.660,0:00:27.540 သူမဟာ သိပ္ပံပညာရှင်များနဲ့ ပတ်ဝန်းကျင်ကို [br]ထိန်းသိမ်းထားလိုကြသူတို့ထံမှနေပြီး 0:00:27.540,0:00:30.402 ပိုးသတ်ဆေးကို နေရာတိုင်းမှာ[br]သုံးနေခြင်းက ငါးတွေ၊ ငှက်တွေနဲ့ 0:00:30.402,0:00:33.862 လူသားကိုယ်၌ အတွက်ပါ အန္တရာယ် ဖြစ်နိုင်[br]ကြောင်း စိုးရိမ်မှုတွေ သိထားသူပါ။ 0:00:33.862,0:00:36.850 သူမဟာ နှစ်ပေါင်း များစွာကြာ[br]သူမ အလုပ်လုပ်ခဲ့ဘူးတဲ့ 0:00:36.850,0:00:40.356 United States Bureau of Fisheries ရှိ [br]အဆက်အသွယ်များမှ စုံစမ်းကြည့်ခဲ့တယ်။ 0:00:40.356,0:00:45.501 “နွေဦး တေးသံကို တိတ်သွားအောင် လုပ်ပစ်ခဲ့တာ[br]ဘာများလဲ” သူမက မေးကြည့်ခဲ့တယ်။ 0:00:45.501,0:00:49.574 ၁၉၆၂ ခုနှစ်တွင် Carson ဟာ သူမ တွေ့ရှိခဲ့[br]တာကို "Silent Spring" စာအုပ်ထဲ ရေးခဲ့တယ်။ 0:00:49.574,0:00:52.904 သူမရဲ့ စာအုပ်က ဓာတုပစ္စည်းတွေ အလွဲ[br]သုံးစားမှုတွေကို မှတ်တမ်းတင်ခဲ့ပြီး 0:00:52.904,0:00:56.374 သဘာဝနှင့်လူ့ကျန်းမာရေးအတွက်[br]၎င်းတို့ရဲ့ အန္တရာယ်ကို ထောက်ပြခဲ့တယ်။ 0:00:56.374,0:01:01.337 "Silent Spring" ချက်ချင်း ချီးမွမ်းခံခဲ့ရ[br]သလို လုံးဝလက်မခံသူတွေ ပေါ်လာခဲ့ကြပြီး 0:01:01.337,0:01:04.247 စာရေးသူကို သည်းသည်းမဲမဲ[br]တိုက်ခိုက်လာခဲ့ကြပါတယ်။ 0:01:04.247,0:01:10.123 နူးညံ့သိမ်မွေ့တဲ့ ဇီဝဗေဒပညာရှင်က ဘယ်လို[br]လုပ် အဲဒီလို ငြင်းခုံမှုကို ဆွပေးခဲ့တာလဲ။ 0:01:10.123,0:01:13.773 Carson ဟာ အလုပ်ကို ကြိုးစားအားထုတ်တဲ့[br]ဘွဲ့ယူ ကျောင်းသား အဖြစ် စတင်ခဲ့ပြီး 0:01:13.773,0:01:16.814 John Hopkins University မှာ[br]ဇီဝဗေဒကို လေ့လာရင်း 0:01:16.814,0:01:18.934 အချိန်ပိုင်း အလုပ်တွေကို လုပ်ကိုင်ခဲ့ရတယ်။ 0:01:18.934,0:01:22.204 ဒါပေမဲ့ မကျန်းမာတဲ့ ဖခင်နဲ့ ညီမလေးကို[br]စောင့်ရှောက်ပေးရန် 0:01:22.204,0:01:25.274 သူမရဲ့ ပါရဂူဘွဲ့သင်တန်း မပြီးဆုံးခင်[br]ထွက်သွားခဲ့ရတယ်။ 0:01:25.274,0:01:28.314 Bureau of Fisheries အတွက် အဏ္ဏဝါ ဇီဝဗေဒ[br]ရေဒီယို အစီအစဉ်အတွက် 0:01:28.314,0:01:31.964 ရေးပေးသူအဖြစ် Carson ဟာ [br]အချိန်ပိုင်း အလုပ်ကို လုပ်ခဲ့တယ်။ 0:01:31.964,0:01:36.054 အများပြည်သူရဲ့ အာရုံကိုဆွဲဆောင်နိုင်အောင်[br]သူမ ရေးသားနိုင်တာကို 0:01:36.054,0:01:39.314 သူမ အကြီးအကဲတို့က[br]အားကျမိလို့ ၁၉၃၆ ခုနှစ်တွင် 0:01:39.314,0:01:43.354 သူမဟာ အဲဒီ ဗျူရိုတွင် အချိန်ပြည့် အလုပ်[br]ရတဲ့ ဒုတိယအမျိုးသမီး ဖြစ်လာခဲ့တယ်။ 0:01:43.354,0:01:47.769 ၁၉၄၁ ခုနှစ်တွင် သူမဟာ[br]သမုဒ္ဒရာဆိုင်ရာ စာအုပ်သုံးအုပ်အနက် 0:01:47.769,0:01:52.165 ပထမစာအုပ် ထုတ်ဝေခဲ့ရာ သိပ္ပံပညာကို ရေအောက်[br]ကမ္ဘာရဲ့ အလှတရားနဲ့ ရေးဖွဲ့ခဲ့တယ်။ 0:01:52.165,0:01:56.514 သူမရဲ့ စူးစမ်းမှုတွေဟာ [br]ကျယ်ပြန့်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့တယ်။ 0:01:56.514,0:01:59.482 "Silent Spring" ထဲမှာကျတော့ Carson ဟာ[br]လူသားရဲ့ လုပ်ဆောင်ချက်တွေ 0:01:59.482,0:02:03.824 သဘာဝတရားရဲ့ ချိန်ခွင်လျှာကို[br]ခြိမ်းခြောက်နေတာကို အလေးပေး ထောက်ပြခဲ့တယ်။ 0:02:03.824,0:02:07.360 ဒုတိယကမ္ဘာစစ်အတွင်းမှာ ကောက်ပဲသီးနှံတွေကို[br]ပိုးမွှားများမှ ကာကွယ်ပေးရန် နဲ့ 0:02:07.360,0:02:12.490 စစ်သားတွေကို ပိုးမွှားများမှ ရရှိတဲ့ ရောဂါ[br]များမှ ကာကွယ်ပေးရန် DDT ကို သုံးခဲ့ကြတယ်။ 0:02:12.490,0:02:16.867 စစ်ပြီးသွားတဲ့ နောက်မှာ အဲဒီပိုးသတ်ဆေးကို[br]ကျယ်ပြန့်စွာ ကြဲဖြန်းပေးလာခဲ့ကြပြီး 0:02:16.867,0:02:19.167 မကြာခဏဆိုသလို[br]အကျိုးရှိမှန်းတောင် မသိခဲ့ကြပါ။ 0:02:19.167,0:02:22.886 တခါတုန်းက အမေရိက တောင်ပိုင်းမှာ ပုရွက်ဆိတ်[br]တမျိုးကို သုတ်သင်ရန် ကြိုးပမ်းစဉ် 0:02:22.886,0:02:29.060 တောရိုင်းတိရစ္ဆာန်တွေ ချေမှုန်းခံလိုက်ရကာ[br]ပုရွက်ဆိတ် အနည်းငယ်မျှ သုတ်သင်နိုင်ခဲ့တယ်။ 0:02:29.060,0:02:33.170 အဲဒါနဲ့ အခြား မအောင်မှုတွေ ရှိခဲ့ပေမဲ့[br]US Department of Agriculture နဲ့ 0:02:33.170,0:02:37.096 ဓာတုကုမ္ပဏီတွေဟာ DDT ရဲ့ အကျိုးကျေးဇူး[br]တွေကို ချီးကျူးလို့ မဆုံးနိုင်ခဲ့ကြပါ။ 0:02:37.096,0:02:41.170 အဲဒါအတွက် စည်းကမ်းချက်တွေ နည်းပါးခဲ့ပြီး[br]ပြည်သူတွေ ရှိနိုင်ခြေအန္တရာယ် မသိခဲ့ပါ။ 0:02:41.170,0:02:44.394 ဒါပေမဲ့ Carson ဟာ ဓာတုပစ္စည်းတွေ[br]အလွန်အကျွံသုံးစွဲမှုက 0:02:44.394,0:02:47.416 ပိုးမွှား မျိုးစိတ်တွေရဲ့[br]ခံနိုင်ရည်ကို ဆင့်ကဲမြှင့်ပေးခဲ့လို့ 0:02:47.416,0:02:51.746 ပိုလို့ကို အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ[br]ထုတ်လုပ်လာနေရပုံကို ထောက်ပြခဲ့ပါတယ်။ 0:02:51.746,0:02:54.330 DDT ဟာ ရေထဲတွင် မပျော်နိုင်လို့ 0:02:54.330,0:02:58.672 အချိန်ကြာလာတာနဲ့အမျှ ပတ်ဝန်းကျင်ထဲမှာ 0:02:58.672,0:03:02.661 ပိုးမွှားတွေရဲ့ ခန္ဓာကိုယ်ထဲ၊ ပိုးမွှားတွေ[br]စားသုံးတဲ့ သတ္တဝါတွေရဲ့ တစ်ရှူးများထဲမှာ၊ 0:03:02.661,0:03:05.731 အဆုံးမှာ လူသားတို့ထဲမှာပါ စုစည်းလာမှာကို[br]အခိုင်အမာ ညွှန်ပြခဲ့တယ်။ 0:03:05.731,0:03:09.907 DDT နဲ့ ထိတွေ့မှုကြောင့် မျိုးရိုးဗီဇ[br]ဖွဲ့စည်းပုံ ပြောင်းလဲသွားနိုင်ပြီး 0:03:09.907,0:03:13.727 အနာဂတ် မျိုးဆက်များအဖို့ မသိရတဲ့ အကျိုး[br]ဆက်တွေ ရှိလာနိုင်တာကို သတိပေးခဲ့ပါတယ်။ 0:03:13.727,0:03:16.532 "Silent Spring" အား တုံ့ပြန်မှုဟာ[br]ပေါက်ကွဲမှုနဲ့ တူခဲ့ပါတယ်။ 0:03:16.532,0:03:20.482 လူအများအပြားအတွက် အဲဒီစာအုပ်က ဧရာမအန္တရာယ်[br]များနိုင်တဲ့ ဓာတုပစ္စည်းတွေ ထိန်းချုပ်ရန် 0:03:20.482,0:03:22.802 လှုံ့ဆော်ချက် ဖြစ်လာခဲ့တယ်။ 0:03:22.802,0:03:26.832 လူသားရဲ့ ကျန်းမာရေးအား ပိုးမွှားတွေ ခြိမ်း[br]ခြောက်မှု ထိန်းချုပ်ရာမှာ DDT အရေးပါတာကို 0:03:26.832,0:03:30.792 Carson ဟာ ထည့်သွင်း မဖေါ်ပြခဲ့တာကို ဆင်ခြေ[br]ပေး ငြင်းခုန်ကြတဲ့ သူတွေလည်း ရှိခဲ့ကြတယ်။ 0:03:30.792,0:03:35.285 စိုက်ပျိုးရေးဝန်ကြီးဟောင်း[br]Ezra Taft Benson ဆိုရင် 0:03:35.285,0:03:40.497 “ကလေးမရှိ အပျိုဟိုင်းက မျိုးရိုးဗီဇကိစ္စ[br]ဒီလောက် စိုးရိမ်နေတာ ဘာကြောင့်လဲ” 0:03:40.497,0:03:44.767 မေးလိုက်ပြီး Carson ဟာ “ကွန်မြူနစ်ဖြစ်ဖို့[br]များတယ်”လို့ ရှုတ်ချလိုက်တယ်။ 0:03:44.767,0:03:49.796 ပိုးသတ်ဆေး ကုမ္ပဏီရဲ့ ရှေ့နေက[br]Carson နဲ့ သူမရဲ့ နောက်လိုက်တွေကို 0:03:49.796,0:03:54.849 လုပ်ငန်းရှင်တွေကို “ယုတ်မာသူတွေ”လို ပုံ[br]ဖေါ်လိုတဲ့ “ဩဇာပေးမှုတွေ” စွပ်စွဲခဲ့ကြတယ်။ 0:03:54.849,0:03:59.099 အမှန်တကယ်က၊ ဓာတုပစ္စည်းတွေရဲ့ ကောင်းမှုတွေ[br]ကို ကျယ်ပြန့်စွာ ရေးနေကြချိန်မှာ Carson ဟာ 0:03:59.099,0:04:03.032 အများပြည်သူတွေ နားမလည်ကြတဲ့ [br]အန္တရာယ်တွေကို အာရုံစိုက်စေလိုခဲ့တာပါ။ 0:04:03.032,0:04:06.008 လူသားဟာ သဘာဝတရားကို [br]ထိန်းချုပ်သင့်ပြီး ထိန်းချုပ်ရမယ် ဆိုတဲ့ 0:04:06.008,0:04:08.046 အများရဲ့ ခံယူချက်ကို သူမဟာ ငြင်းပယ်ခဲ့တယ်။ 0:04:08.046,0:04:11.836 အဲဒီအစား လူသားဟာ “သဘာဝကို မဟုတ်ဘဲ၊ မိမိကို[br]မိမိ ရင့်ကျက်အောင်၊ ကျွမ်းကျင်အ​ောင်” 0:04:11.836,0:04:16.686 လျေ့ကျင့်ဖို့ လိုတယ်လို့ စိန်ခေါ်ခဲ့ပါတယ်။ 0:04:16.686,0:04:20.216 Carson ဟာ ကင်ဆာရောဂါနဲ့ [br]၁၉၆၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ရာ၊ 0:04:20.216,0:04:23.906 "Silent Spring" စာအုပ်ထုတ်ဝေပြီးလို့[br]နှစ်နှစ်အတွင်းမှာပါ။ 0:04:23.906,0:04:28.584 သူမစာအုပ်က ပတ်ဝန်းကျင်ကို တက်ကြွတိုက်ပွဲ[br]ဝင်မယ့် မျိုးဆက်ကို ပေါက်ဖွားလာစေခဲ့ပါတယ်။ 0:04:28.584,0:04:32.324 ၁၉၆၉ ခုနှစ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး[br]သမားတို့ရဲ့ ဖိအားပေးမှုကြောင့် 0:04:32.324,0:04:36.046 ကွန်ဂရက်ဟာ National Environmental[br]Policy Act ကို ပြဋ္ဌာန်းခဲ့ရာ 0:04:36.046,0:04:41.559 ဆက်ဒရယ် အေဂျင်စီများက သူတို့ လုပ်ဆောင်ချက်[br]တွေရဲ့ အကျိုးဆက်တွေ အကဲခတ်လာရပါတယ်။ 0:04:41.559,0:04:42.989 အဲဒီ ဥပဒေကို ရုပ်လုံးဖေါ်ဖို့ 0:04:42.989,0:04:47.216 သမ္မတ Richard Nixon ဟာ Environmental[br]Protection Agency ကို ထူထောင်ခဲ့ရတယ်။ 0:04:47.216,0:04:53.566 ၁၉၇၂ တွင် EPA မှ DDT သုံးစွဲမှု တစ်စိတ်[br]တစ်ပိုင်း တားမြစ်ချက်ကို ထုတ်ပြန်ခဲ့တယ်။ 0:04:53.566,0:04:58.254 Rachel Carson ဟာ သူမသေဆုံးသွားတဲ့[br]နောက်မှာတောင် သူမရဲ့ ရေးသားချက်များဖြင့် 0:04:58.254,0:05:00.934 ပတ်ဝန်းကျင်ရဲ့ အကျိုးကို ရှေ့ဆက်[br]ထမ်းဆောင်ပေးနေတုန်းပါပဲ။