၁၉၅၈ ခုနှစ်တွင် Rachel Carson
ဟာ စာတစ်စောင် ရခဲ့ရာ
တေးသီငှက်တွေ သစ်ကိုင်တွေပေါ်မှ ရုတ်တရက်
ပြုတ်ကျလာနေကြတာ သိလာခဲ့ရတယ်။
စာရေးပို့သူက ငှက်တွေ သေရတာဟာ
DDT ခေါ် ပိုးသတ်ဆေးကြောင့် ဖြစ်တယ်၊
မကြာမီတုန်းက ပိုးသတ်သူတွေက အနီးရှိ
စိမ့်တောတွေမှာ ဆေးဖြန်းခဲ့ကြလို့ ဆိုပါတယ်။
အဲဒီစာဟာ Carson အား DDT ကို စုံစမ်းဖို့
နှိုးဆွပေးလိုက်ပါတယ်။
သူမဟာ သိပ္ပံပညာရှင်များနဲ့ ပတ်ဝန်းကျင်ကို
ထိန်းသိမ်းထားလိုကြသူတို့ထံမှနေပြီး
ပိုးသတ်ဆေးကို နေရာတိုင်းမှာ
သုံးနေခြင်းက ငါးတွေ၊ ငှက်တွေနဲ့
လူသားကိုယ်၌ အတွက်ပါ အန္တရာယ် ဖြစ်နိုင်
ကြောင်း စိုးရိမ်မှုတွေ သိထားသူပါ။
သူမဟာ နှစ်ပေါင်း များစွာကြာ
သူမ အလုပ်လုပ်ခဲ့ဘူးတဲ့
United States Bureau of Fisheries ရှိ
အဆက်အသွယ်များမှ စုံစမ်းကြည့်ခဲ့တယ်။
“နွေဦး တေးသံကို တိတ်သွားအောင် လုပ်ပစ်ခဲ့တာ
ဘာများလဲ” သူမက မေးကြည့်ခဲ့တယ်။
၁၉၆၂ ခုနှစ်တွင် Carson ဟာ သူမ တွေ့ရှိခဲ့
တာကို "Silent Spring" စာအုပ်ထဲ ရေးခဲ့တယ်။
သူမရဲ့ စာအုပ်က ဓာတုပစ္စည်းတွေ အလွဲ
သုံးစားမှုတွေကို မှတ်တမ်းတင်ခဲ့ပြီး
သဘာဝနှင့်လူ့ကျန်းမာရေးအတွက်
၎င်းတို့ရဲ့ အန္တရာယ်ကို ထောက်ပြခဲ့တယ်။
"Silent Spring" ချက်ချင်း ချီးမွမ်းခံခဲ့ရ
သလို လုံးဝလက်မခံသူတွေ ပေါ်လာခဲ့ကြပြီး
စာရေးသူကို သည်းသည်းမဲမဲ
တိုက်ခိုက်လာခဲ့ကြပါတယ်။
နူးညံ့သိမ်မွေ့တဲ့ ဇီဝဗေဒပညာရှင်က ဘယ်လို
လုပ် အဲဒီလို ငြင်းခုံမှုကို ဆွပေးခဲ့တာလဲ။
Carson ဟာ အလုပ်ကို ကြိုးစားအားထုတ်တဲ့
ဘွဲ့ယူ ကျောင်းသား အဖြစ် စတင်ခဲ့ပြီး
John Hopkins University မှာ
ဇီဝဗေဒကို လေ့လာရင်း
အချိန်ပိုင်း အလုပ်တွေကို လုပ်ကိုင်ခဲ့ရတယ်။
ဒါပေမဲ့ မကျန်းမာတဲ့ ဖခင်နဲ့ ညီမလေးကို
စောင့်ရှောက်ပေးရန်
သူမရဲ့ ပါရဂူဘွဲ့သင်တန်း မပြီးဆုံးခင်
ထွက်သွားခဲ့ရတယ်။
Bureau of Fisheries အတွက် အဏ္ဏဝါ ဇီဝဗေဒ
ရေဒီယို အစီအစဉ်အတွက်
ရေးပေးသူအဖြစ် Carson ဟာ
အချိန်ပိုင်း အလုပ်ကို လုပ်ခဲ့တယ်။
အများပြည်သူရဲ့ အာရုံကိုဆွဲဆောင်နိုင်အောင်
သူမ ရေးသားနိုင်တာကို
သူမ အကြီးအကဲတို့က
အားကျမိလို့ ၁၉၃၆ ခုနှစ်တွင်
သူမဟာ အဲဒီ ဗျူရိုတွင် အချိန်ပြည့် အလုပ်
ရတဲ့ ဒုတိယအမျိုးသမီး ဖြစ်လာခဲ့တယ်။
၁၉၄၁ ခုနှစ်တွင် သူမဟာ
သမုဒ္ဒရာဆိုင်ရာ စာအုပ်သုံးအုပ်အနက်
ပထမစာအုပ် ထုတ်ဝေခဲ့ရာ သိပ္ပံပညာကို ရေအောက်
ကမ္ဘာရဲ့ အလှတရားနဲ့ ရေးဖွဲ့ခဲ့တယ်။
သူမရဲ့ စူးစမ်းမှုတွေဟာ
ကျယ်ပြန့်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့တယ်။
"Silent Spring" ထဲမှာကျတော့ Carson ဟာ
လူသားရဲ့ လုပ်ဆောင်ချက်တွေ
သဘာဝတရားရဲ့ ချိန်ခွင်လျှာကို
ခြိမ်းခြောက်နေတာကို အလေးပေး ထောက်ပြခဲ့တယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ကောက်ပဲသီးနှံတွေကို
ပိုးမွှားများမှ ကာကွယ်ပေးရန် နဲ့
စစ်သားတွေကို ပိုးမွှားများမှ ရရှိတဲ့ ရောဂါ
များမှ ကာကွယ်ပေးရန် DDT ကို သုံးခဲ့ကြတယ်။
စစ်ပြီးသွားတဲ့ နောက်မှာ အဲဒီပိုးသတ်ဆေးကို
ကျယ်ပြန့်စွာ ကြဲဖြန်းပေးလာခဲ့ကြပြီး
မကြာခဏဆိုသလို
အကျိုးရှိမှန်းတောင် မသိခဲ့ကြပါ။
တခါတုန်းက အမေရိက တောင်ပိုင်းမှာ ပုရွက်ဆိတ်
တမျိုးကို သုတ်သင်ရန် ကြိုးပမ်းစဉ်
တောရိုင်းတိရစ္ဆာန်တွေ ချေမှုန်းခံလိုက်ရကာ
ပုရွက်ဆိတ် အနည်းငယ်မျှ သုတ်သင်နိုင်ခဲ့တယ်။
အဲဒါနဲ့ အခြား မအောင်မှုတွေ ရှိခဲ့ပေမဲ့
US Department of Agriculture နဲ့
ဓာတုကုမ္ပဏီတွေဟာ DDT ရဲ့ အကျိုးကျေးဇူး
တွေကို ချီးကျူးလို့ မဆုံးနိုင်ခဲ့ကြပါ။
အဲဒါအတွက် စည်းကမ်းချက်တွေ နည်းပါးခဲ့ပြီး
ပြည်သူတွေ ရှိနိုင်ခြေအန္တရာယ် မသိခဲ့ပါ။
ဒါပေမဲ့ Carson ဟာ ဓာတုပစ္စည်းတွေ
အလွန်အကျွံသုံးစွဲမှုက
ပိုးမွှား မျိုးစိတ်တွေရဲ့
ခံနိုင်ရည်ကို ဆင့်ကဲမြှင့်ပေးခဲ့လို့
ပိုလို့ကို အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ
ထုတ်လုပ်လာနေရပုံကို ထောက်ပြခဲ့ပါတယ်။
DDT ဟာ ရေထဲတွင် မပျော်နိုင်လို့
အချိန်ကြာလာတာနဲ့အမျှ ပတ်ဝန်းကျင်ထဲမှာ
ပိုးမွှားတွေရဲ့ ခန္ဓာကိုယ်ထဲ၊ ပိုးမွှားတွေ
စားသုံးတဲ့ သတ္တဝါတွေရဲ့ တစ်ရှူးများထဲမှာ၊
အဆုံးမှာ လူသားတို့ထဲမှာပါ စုစည်းလာမှာကို
အခိုင်အမာ ညွှန်ပြခဲ့တယ်။
DDT နဲ့ ထိတွေ့မှုကြောင့် မျိုးရိုးဗီဇ
ဖွဲ့စည်းပုံ ပြောင်းလဲသွားနိုင်ပြီး
အနာဂတ် မျိုးဆက်များအဖို့ မသိရတဲ့ အကျိုး
ဆက်တွေ ရှိလာနိုင်တာကို သတိပေးခဲ့ပါတယ်။
"Silent Spring" အား တုံ့ပြန်မှုဟာ
ပေါက်ကွဲမှုနဲ့ တူခဲ့ပါတယ်။
လူအများအပြားအတွက် အဲဒီစာအုပ်က ဧရာမအန္တရာယ်
များနိုင်တဲ့ ဓာတုပစ္စည်းတွေ ထိန်းချုပ်ရန်
လှုံ့ဆော်ချက် ဖြစ်လာခဲ့တယ်။
လူသားရဲ့ ကျန်းမာရေးအား ပိုးမွှားတွေ ခြိမ်း
ခြောက်မှု ထိန်းချုပ်ရာမှာ DDT အရေးပါတာကို
Carson ဟာ ထည့်သွင်း မဖေါ်ပြခဲ့တာကို ဆင်ခြေ
ပေး ငြင်းခုန်ကြတဲ့ သူတွေလည်း ရှိခဲ့ကြတယ်။
စိုက်ပျိုးရေးဝန်ကြီးဟောင်း
Ezra Taft Benson ဆိုရင်
“ကလေးမရှိ အပျိုဟိုင်းက မျိုးရိုးဗီဇကိစ္စ
ဒီလောက် စိုးရိမ်နေတာ ဘာကြောင့်လဲ”
မေးလိုက်ပြီး Carson ဟာ “ကွန်မြူနစ်ဖြစ်ဖို့
များတယ်”လို့ ရှုတ်ချလိုက်တယ်။
ပိုးသတ်ဆေး ကုမ္ပဏီရဲ့ ရှေ့နေက
Carson နဲ့ သူမရဲ့ နောက်လိုက်တွေကို
လုပ်ငန်းရှင်တွေကို “ယုတ်မာသူတွေ”လို ပုံ
ဖေါ်လိုတဲ့ “ဩဇာပေးမှုတွေ” စွပ်စွဲခဲ့ကြတယ်။
အမှန်တကယ်က၊ ဓာတုပစ္စည်းတွေရဲ့ ကောင်းမှုတွေ
ကို ကျယ်ပြန့်စွာ ရေးနေကြချိန်မှာ Carson ဟာ
အများပြည်သူတွေ နားမလည်ကြတဲ့
အန္တရာယ်တွေကို အာရုံစိုက်စေလိုခဲ့တာပါ။
လူသားဟာ သဘာဝတရားကို
ထိန်းချုပ်သင့်ပြီး ထိန်းချုပ်ရမယ် ဆိုတဲ့
အများရဲ့ ခံယူချက်ကို သူမဟာ ငြင်းပယ်ခဲ့တယ်။
အဲဒီအစား လူသားဟာ “သဘာဝကို မဟုတ်ဘဲ၊ မိမိကို
မိမိ ရင့်ကျက်အောင်၊ ကျွမ်းကျင်အောင်”
လျေ့ကျင့်ဖို့ လိုတယ်လို့ စိန်ခေါ်ခဲ့ပါတယ်။
Carson ဟာ ကင်ဆာရောဂါနဲ့
၁၉၆၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ရာ၊
"Silent Spring" စာအုပ်ထုတ်ဝေပြီးလို့
နှစ်နှစ်အတွင်းမှာပါ။
သူမစာအုပ်က ပတ်ဝန်းကျင်ကို တက်ကြွတိုက်ပွဲ
ဝင်မယ့် မျိုးဆက်ကို ပေါက်ဖွားလာစေခဲ့ပါတယ်။
၁၉၆၉ ခုနှစ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး
သမားတို့ရဲ့ ဖိအားပေးမှုကြောင့်
ကွန်ဂရက်ဟာ National Environmental
Policy Act ကို ပြဋ္ဌာန်းခဲ့ရာ
ဆက်ဒရယ် အေဂျင်စီများက သူတို့ လုပ်ဆောင်ချက်
တွေရဲ့ အကျိုးဆက်တွေ အကဲခတ်လာရပါတယ်။
အဲဒီ ဥပဒေကို ရုပ်လုံးဖေါ်ဖို့
သမ္မတ Richard Nixon ဟာ Environmental
Protection Agency ကို ထူထောင်ခဲ့ရတယ်။
၁၉၇၂ တွင် EPA မှ DDT သုံးစွဲမှု တစ်စိတ်
တစ်ပိုင်း တားမြစ်ချက်ကို ထုတ်ပြန်ခဲ့တယ်။
Rachel Carson ဟာ သူမသေဆုံးသွားတဲ့
နောက်မှာတောင် သူမရဲ့ ရေးသားချက်များဖြင့်
ပတ်ဝန်းကျင်ရဲ့ အကျိုးကို ရှေ့ဆက်
ထမ်းဆောင်ပေးနေတုန်းပါပဲ။