ကိုယ်ဟာ ဆေးတစ်လုံး ဒါမှမဟုတ် ကာကွယ်ဆေး တစ်ခုကို သောက်လိုက်ပြီး အအေးမိခဲ့တာကို ကုသနိုင်သလိုပဲ ကိုယ့်ဒဏ်ရာတွေကို လျင်မြန်စွာ ကုသနိုင်မယ် ဆိုရင်ကော။ အခုတော့ ကျွန်ုပ်တို့ ခွဲစိတ်ခံခဲ့ရတယ် ဒါမှမဟုတ် မတော်တဆထိခိုက်ခဲ့ရင်၊ ကျွန်ုပ်တို့ ဆေးရုံမှာ အတော်ကြာ နေထိုင်ရပါတယ်။ မကြာခဏဆိုသလို အမာရွတ်တွေနဲ့ နာကျင်ဖွယ် ဆိုးကျိုးတွေ ခံစားရပြီး ကျန်းမာပြီး ဒဏ်ရာမရှိတော့တဲ့ ခန္ဓာကိုယ် အပိုင်းတွေကို ထုတ်လုပ်နိုင်စွမ်း မရှိကြပါ။ ကျွန်တော်ဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်ခံအား စနစ်ကို တစ်ရှူးသစ်တွေ ထုတ်လုပ်ပေးရန် ညွှန်ကြားပေးနိုင်တဲ့ ပစ္စည်းကို ဖန်တီးရန် ကြိုးစားနေသူပါ။ ကာကွယ်ဆေးတွေက ခန္ဓာကိုယ်ကို ရောဂါကို တိုက်ခိုက်ရန် ညွှန်ကြားသလိုပဲ ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ညွှန်ကြားပေးလျက် တစ်ရှူးတွေကို တည်ဆောက်လျက် အနာတွေကို ပိုမိုလျင်မြန်စွာ ကုရန် ညွှန်ကြားနိုင်တယ်။ ဘယ်ကလာမှန်း မသိရတဲ့ ခန္ဓာကိုယ်အပိုင်းတွေ ပြန်ကြီးထွားလာမှု မှော်ဆန်သလို ထင်ရပေမဲ့၊ အဲဒီလို အံ့ဖွယ် လုပ်နိုင်စွမ်းရှိကြတဲ့ အကောင်တွေ အများကြီးပါပဲ။ အိမ်မြှောင်လို အချို့ကောင်တွေဆို သူတို့ အမြီးကို ပြန်ပေါက်လာစေနိုင်ပါတယ်။ ရေပုတ်သင်ဆိုရင် ၎င်းရဲ့ လက်မောင်းကို ပြန်ထုတ်လုပ်နိုင်ပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ လူသားတောင် အသည်းကို ၎င်းရဲ့ ထုထည် ထက်ဝက်မက ဆုံးရှုံးခဲ့ရရင် ပြန်ပြီး ထုတ်လုပ်နိုင်ပါတယ်။ ဒီလိုမှောဆန်တဲ့ အရာတွေ လက်တွေ့ ဖြစ်လာစေရန်အတွက်၊ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ ကိုယ်ခံအား စနစ်ထံမှ ညွှန်ကြားချက်ဖြင့် ကျွန်ုပ်တို့ ခန္ဓာကိုယ်က အနာကို ကုသပေးလျက် တစ်ရှူးတွေ ထုတ်လုပ်ရေးကို စူးစမ်းနေပါတယ်။ သင့်ရဲ့ဒူးပေါ်က ခြစ်ရာမှ စိတ်ညစ်စရာ ဦးနှောက်တွင်း ကူးစက်ရောဂါအဆုံး ကျွန်ုပ်တို့ရဲ့ ကိုယ်ခံစွမ်းအားစနစ်က အန္တရာယ်များမှ ကာကွယ်ပေးပါတယ်။ ကျွန်တော်က ကိုယ်ခံအားစနစ် ပညာရှင်ဆိုတော့ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ် အကြောင်း သိထားတာတွေကို အသုံးပြုပြီး ကျွန်ုပ်တို့ရဲ့ ရှရာများနဲ့ ပွန်းပဲ့မှုတွေ ပြန်ကောင်းလာအောင် တိုက်ပွဲထဲတွင် သော့ချက် အရေးပါတာတွေကို ဖေါ်ထုတ်နိုင်ခဲ့တယ်။ လောလောဆယ်တွင် ကြွက်သားများ ပြန်ပေါ်ထွန်းဖို့ စမ်းသပ်နေတဲ့ ပစ္စည်းတွေကို စမ်းသပ်ကြည့်ရာတွင် ဒဏ်ရာရခဲ့တဲ့ ကြွက်သားကို အဲဒီပစ္စည်းဖြင့် ကုသလိုက်လို့ ကျွန်တော့်အဖွဲ့ သတိထားမိတာက အဲဒီ ပစ္စည်းထဲနဲ့ ဝန်းရံနေတဲ့ ကြွက်သား အကြားမှာ ကိုယ်ခံအား ဆဲလ်တွေ တော်တော်များများ ရှိနေခြင်းကိုပါ။ ဒီတော့ အခုကိစ္စထဲတွင်၊ ကိုယ်ခံအား ဆဲလ်တွေက ဘက်တီးရီးယားရှိနေတဲ့ ကူးစက်မှုနေရာကို အပြေးအလွှား သွားမယ့်အစား၊ ဒဏ်ရာဆီကို အပြေးအလွှားသွားနေကြတယ်။ ကျွန်တော်ဟာ ကိုယ်ခံစွမ်းအားရဲ့ အထူးဆဲလ်တစ်မျိုးကို ရှာတွေ့ခဲ့တယ်၊ ကူညီပေးတဲ့ T ဆဲလ်ဆိုတာ ကျွန်တော် ထည့်ပေးလိုက်တဲ့ ပစ္စည်း အတွင်းပိုင်းမှာ ရှိနေခဲ့ပြီး ဒဏ်ရာကို ကုသရာတွင် မရှိမဖြစ် လုံးဝအရေးပါခဲ့တယ်။ အဲဒါက ကျုပ်တို့ ငယ်စဉ်တုန်းက ကိုယ့်ခဲတံ ကျိုးပျက်သွားခဲ့ရင် တိတ်ခွေနဲ့ ပြန်ပြီး ဆက်ပေးရန် ကြိုးစားကြသလိုပါ၊ ကျနော်တို့ ကုသပေးနိုင်ပါတယ်၊ ဒါပေမဲ့ ၎င်းဟာ အရင်တုန်းကလို ရေးသားရာတွင် သိပ်ကောင်းတော့မှ မဟုတ်ဘဲ၊ အဲဒီနေရာမှာ အမာရွတ်လို ပေါ်လာမှာပါ။ ဒီတော့ ကျုပ်တို့မှာ ကူညီပေးတဲ့ T ဆဲလ်တွေ မရှိဘူးဆိုရင်၊ ကျန်းမာတဲ့ ကြွက်သားအစား၊ ကျုပ်တို့ရဲ့ ကြွက်သားထဲတွင် အဆီဆဲလ်တွေ ပေါ်ထွန်းလာမယ်၊ ကျုပ်တို့ ကြွက်သား အတွင်းမှာ အဆီပါရင်၊ ဖြစ်သင့်သလို မခိုင်မာနိုင်တော့ပါ။ အခုကျုပ်တို့ရဲ့ ကိုယ်ခံစွမ်းအား စနစ်ကို သုံးလျက်၊ ခန္ဓာကိုယ်ဟာ အမာရွတ်တွေ မပါဘဲ ပြန်ကြီးထွားလာနိုင်ပြီး ကျုပ်တို့ ဒဏ်ရာမရခင်တုန်းက အတိုင်းပဲ တွေ့မြင်ရမှာပါ။ ကျွန်တော် ဖန်တီးဖို့ အားထုတ်နေတဲ့ ပစ္စည်းတွေဟာ ကိုယ်ခံစနစ်ရဲ့ တုံ့ပြန်မှုကို ပြောင်းလဲပစ်လျက် တစ်ရှူးအသစ်တွေကို ထုတ်လုပ်ရန် အချက်ပြပေးပါတယ်။ ကျုပ်တို့ ခန္ဓာကိုယ်ထဲ ပစ္စည်တစ်ခုခုကို ထည့်ပေးလိုက်တိုင်းမှာ၊ ကိုယ်ခံစွမ်းအားစနစ်က အဲဒါကို တုံ့ပြန်မှာကို ကျုပ်တို့ သိပါတယ်။ နှလုံးခုန်စက်အတုနဲ့ အင်ဆူလင်း ထိုးပေးစက်မှအစ အင်ဂျင်နီယာများက တစ်ရှူသစ်ကို တည်ဆောက်ရန် ကြိုးစားကြတဲ့ ပစ္စည်းများအဆုံး ပါကြပါတယ်။ အဲဒါနဲ့ ကျွန်တော်က ပစ္စည်းတစ်ခု ဒါမှမဟုတ် ငြမ်းလိုဟာကို ခန္ဓာကိုယ်ထဲ ထည့်ရင်၊ ကိုယ်ခံစနစ်က ဆဲလ်များနှင့်ပရိုတိန်းတွေ ပါတဲ့ ပတ်ဝန်းကျင်လေးကို ဖန်တီးပေးရာ ကျွန်တော်တို့ရဲ့ပင်မဆဲလ်တွေ ပြုမူပုံကို ပြောင်းလဲပစ်ပါတယ်။ ဒီတော့၊ ရာသီဥတုက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲပစ်နိုင်သလိုပဲ၊ ဥပမာ လမ်းပေါ်မှာ ပြေမလား ဒါမှမဟုတ် အိမ်မှာထိုင်နေလျက် Netflix တီဗီရှိုး တစ်ခုလုံးကို ကြည့်မလား လိုပဲ၊ ငြမ်းတစ်ခုရဲ့ ကိုယ်ခံစနစ် ဝန်းကျင်ဟာလည်း ကျုပ်တို့ရဲ့ ပင်မဆဲလ်တွေကြီးထွား ဖွံ့ဖြိုး လာအောင် အကျိုးသက်ရောက်နိုင်တယ်။ ကျုပ်တို့ရဲ့ အချက်ပြမှုတွေ လွဲနေရင်၊ ဥပမာ ခုနက Netflix အချက်ပြချက်တွေလို ဆိုပါစို့၊ ကျုပ်တို့ဟာ ကြွက်သားအစား အဆီဆဲလ်တွေကို ရရှိလာကြမယ်။ ဒီလို ငြမ်တွေကို ကွဲပြားတဲ့ ပစ္စည်းများတွေနဲ့ ပြုလုပ်ပါတယ်၊ ပလတ်စတစ် မှအစ သဘာဝအလျောက် ရယူတာတွေ၊ အထူအမျိုးမျိုး ရှိကြတဲ့ နာနိုအမျှင်တွေ၊ ရေစုပ်နိုင်စွမ်း နည်းနိုင်၊ များနိုင်တဲ့ ရေမြှုပ်တွေ၊ ပျော့ပြောင်းမှု မျိုးစုံရှိကြတဲ့ အဆီပျစ်တွေ ပါကြတယ်။ ပြီးတော့ သုတေသီတွေက ပစ္စည်းများအား အချိန်ကြာလာရင် မတူတဲ့ အချက်ပြမှုများကို စေလွှတ်ခိုင်းနိုင်ကြတယ်။ တစ်နည်းရှင်းပြရရင်၊ ကျုပ်တို့ဟာ ဆဲလ်တွေက ဒီလို Broadway ရှိုးကို လိုရင်လိုအပ်သလို မှန်ကန်တဲ့ ဇာတ်စင်၊ အပြင်အဆင်တွေကို တစ်ရှူး အမျိုးမျိုးအတွက် ပြောင်းလဲ သတ်မှတ်ပေးလျက်၊ ဇာတ်ညွှန်းဆရာက "Les Mis" ကို ရိုက်မှာလား ဒါမှမဟုတ် "Little Shop of Horrors"ကို ရိုက်မှာလားကို လိုက်ပြီး စင်ကို ပြောင်းပေးသလိုပါပဲ။ ဒဏ်ရာ တစ်ခုခုကို ကျုပ်တို့ခန္ဓာကိုယ် တုံ့ပြန်ရာတွင် ပြန်ပြီးထုတ်လုပ်ပေးလာစေရန် အထူးသော အချက်ပြ ပုံစံတွေကို ကျွန်တော် ပေါင်းစပ်ပေးပါတယ်။ အနာဂတ် တစ်နေ့တွင် ကျွန်တော်တို့ဟာ အမာရွတ်မဲ့-ဆေးပလာစတာ၊ စိတ်ကြိုက်ပုံစံ ကြွက်သား အစားထိုးဆေး(သို့) ဒဏ်ရာကု ကာကွယ်ဆေးတောင် ဝယ်နိုင်ကြမှာပါ။ ဒါပေမဲ့ နောက်တစ်နေ့ နိုးလာကြတာနဲ့ Wolverine လို ကုပေးနိုင်ကြမှာ မဟုတ်ပါဘူး။ လာမယ့် အင်္ဂါနေ့မှာပါ ဖြစ်ဖို့ နည်းပါသေးတယ်။ ဒါပေမဲ့ ဒီလိုတိုးတက်မှုတွေနဲ့ တစ်ရှူးတွေ ထုတ်လုပ်ရန်နဲ့ ဒဏ်ရာများကို ကုသပေးရန် ကိုယ်ခံစနစ်ကို ဆက်စမ်းသပ်ရင်း၊ ကျုပ်တို့ဟာ ဈေးကွက်ထဲတွင် ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ်နဲ့ လက်တွဲလုပ်ကိုင်လျက် ကျုပ်တို့အား ပြနး ထုတ်လုပ်စေမယ့် ထုတ်ကုန်တွေ ပေါ်လာနိုင်ပြီး တစ်နေ့နေ့တွင် ပုတ်သင်နဲ့တောင် ယှဉ်ပြိုင် လာစေနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)