WEBVTT 00:00:01.404 --> 00:00:04.912 ကိုယ်ဟာ ဆေးတစ်လုံး ဒါမှမဟုတ် ကာကွယ်ဆေး တစ်ခုကို သောက်လိုက်ပြီး 00:00:04.936 --> 00:00:06.579 အအေးမိခဲ့တာကို ကုသနိုင်သလိုပဲ 00:00:06.579 --> 00:00:09.055 ကိုယ့်ဒဏ်ရာတွေကို လျင်မြန်စွာ ကုသနိုင်မယ် ဆိုရင်ကော။ 00:00:09.055 --> 00:00:12.331 အခုတော့ ကျွန်ုပ်တို့ ခွဲစိတ်ခံခဲ့ရတယ် ဒါမှမဟုတ် မတော်တဆထိခိုက်ခဲ့ရင်၊ 00:00:12.355 --> 00:00:14.506 ကျွန်ုပ်တို့ ဆေးရုံမှာ အတော်ကြာ နေထိုင်ရပါတယ်။ 00:00:14.506 --> 00:00:17.436 မကြာခဏဆိုသလို အမာရွတ်တွေနဲ့ နာကျင်ဖွယ် ဆိုးကျိုးတွေ ခံစားရပြီး 00:00:17.436 --> 00:00:21.785 ကျန်းမာပြီး ဒဏ်ရာမရှိတော့တဲ့ ခန္ဓာကိုယ် အပိုင်းတွေကို ထုတ်လုပ်နိုင်စွမ်း မရှိကြပါ။ 00:00:21.786 --> 00:00:25.342 ကျွန်တော်ဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်ခံအား စနစ်ကို တစ်ရှူးသစ်တွေ ထုတ်လုပ်ပေးရန် 00:00:25.342 --> 00:00:28.687 ညွှန်ကြားပေးနိုင်တဲ့ ပစ္စည်းကို ဖန်တီးရန် ကြိုးစားနေသူပါ။ 00:00:28.687 --> 00:00:31.875 ကာကွယ်ဆေးတွေက ခန္ဓာကိုယ်ကို ရောဂါကို တိုက်ခိုက်ရန် ညွှန်ကြားသလိုပဲ 00:00:31.875 --> 00:00:35.323 ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ညွှန်ကြားပေးလျက် 00:00:35.347 --> 00:00:39.141 တစ်ရှူးတွေကို တည်ဆောက်လျက် အနာတွေကို ပိုမိုလျင်မြန်စွာ ကုရန် ညွှန်ကြားနိုင်တယ်။ 00:00:39.141 --> 00:00:43.004 ဘယ်ကလာမှန်း မသိရတဲ့ ခန္ဓာကိုယ်အပိုင်းတွေ ပြန်ကြီးထွားလာမှု မှော်ဆန်သလို ထင်ရပေမဲ့၊ 00:00:43.004 --> 00:00:45.979 အဲဒီလို အံ့ဖွယ် လုပ်နိုင်စွမ်းရှိကြတဲ့ အကောင်တွေ အများကြီးပါပဲ။ 00:00:45.979 --> 00:00:49.496 အိမ်မြှောင်လို အချို့ကောင်တွေဆို သူတို့ အမြီးကို ပြန်ပေါက်လာစေနိုင်ပါတယ်။ 00:00:49.496 --> 00:00:52.405 ရေပုတ်သင်ဆိုရင် ၎င်းရဲ့ လက်မောင်းကို ပြန်ထုတ်လုပ်နိုင်ပါတယ်။ 00:00:52.405 --> 00:00:55.228 ပြီးတော့ ကျွန်ုပ်တို့ လူသားတောင် အသည်းကို ၎င်းရဲ့ ထုထည် 00:00:55.252 --> 00:00:57.823 ထက်ဝက်မက ဆုံးရှုံးခဲ့ရရင် ပြန်ပြီး ထုတ်လုပ်နိုင်ပါတယ်။ 00:00:57.845 --> 00:01:00.124 ဒီလိုမှောဆန်တဲ့ အရာတွေ လက်တွေ့ ဖြစ်လာစေရန်အတွက်၊ 00:01:00.124 --> 00:01:04.493 ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ ကိုယ်ခံအား စနစ်ထံမှ ညွှန်ကြားချက်ဖြင့် 00:01:04.493 --> 00:01:08.452 ကျွန်ုပ်တို့ ခန္ဓာကိုယ်က အနာကို ကုသပေးလျက် တစ်ရှူးတွေ ထုတ်လုပ်ရေးကို စူးစမ်းနေပါတယ်။ 00:01:08.452 --> 00:01:11.912 သင့်ရဲ့ဒူးပေါ်က ခြစ်ရာမှ စိတ်ညစ်စရာ ဦးနှောက်တွင်း ကူးစက်ရောဂါအဆုံး 00:01:11.936 --> 00:01:15.139 ကျွန်ုပ်တို့ရဲ့ ကိုယ်ခံစွမ်းအားစနစ်က အန္တရာယ်များမှ ကာကွယ်ပေးပါတယ်။ 00:01:15.139 --> 00:01:17.100 ကျွန်တော်က ကိုယ်ခံအားစနစ် ပညာရှင်ဆိုတော့ 00:01:17.100 --> 00:01:20.064 ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ် အကြောင်း သိထားတာတွေကို အသုံးပြုပြီး 00:01:20.064 --> 00:01:22.944 ကျွန်ုပ်တို့ရဲ့ ရှရာများနဲ့ ပွန်းပဲ့မှုတွေ ပြန်ကောင်းလာအောင် 00:01:22.944 --> 00:01:25.726 တိုက်ပွဲထဲတွင် သော့ချက် အရေးပါတာတွေကို ဖေါ်ထုတ်နိုင်ခဲ့တယ်။ 00:01:25.726 --> 00:01:28.425 လောလောဆယ်တွင် ကြွက်သားများ ပြန်ပေါ်ထွန်းဖို့ စမ်းသပ်နေတဲ့ 00:01:28.425 --> 00:01:30.327 ပစ္စည်းတွေကို စမ်းသပ်ကြည့်ရာတွင် 00:01:30.351 --> 00:01:34.510 ဒဏ်ရာရခဲ့တဲ့ ကြွက်သားကို အဲဒီပစ္စည်းဖြင့် ကုသလိုက်လို့ ကျွန်တော့်အဖွဲ့ သတိထားမိတာက 00:01:34.534 --> 00:01:36.857 အဲဒီ ပစ္စည်းထဲနဲ့ ဝန်းရံနေတဲ့ ကြွက်သား အကြားမှာ 00:01:36.881 --> 00:01:39.438 ကိုယ်ခံအား ဆဲလ်တွေ တော်တော်များများ ရှိနေခြင်းကိုပါ။ 00:01:40.010 --> 00:01:41.168 ဒီတော့ အခုကိစ္စထဲတွင်၊ 00:01:41.192 --> 00:01:45.406 ကိုယ်ခံအား ဆဲလ်တွေက ဘက်တီးရီးယားရှိနေတဲ့ ကူးစက်မှုနေရာကို အပြေးအလွှား သွားမယ့်အစား၊ 00:01:45.430 --> 00:01:47.517 ဒဏ်ရာဆီကို အပြေးအလွှားသွားနေကြတယ်။ 00:01:47.682 --> 00:01:50.755 ကျွန်တော်ဟာ ကိုယ်ခံစွမ်းအားရဲ့ အထူးဆဲလ်တစ်မျိုးကို ရှာတွေ့ခဲ့တယ်၊ 00:01:50.779 --> 00:01:51.897 ကူညီပေးတဲ့ T ဆဲလ်ဆိုတာ 00:01:51.897 --> 00:01:54.826 ကျွန်တော် ထည့်ပေးလိုက်တဲ့ ပစ္စည်း အတွင်းပိုင်းမှာ ရှိနေခဲ့ပြီး 00:01:54.850 --> 00:01:57.247 ဒဏ်ရာကို ကုသရာတွင် မရှိမဖြစ် လုံးဝအရေးပါခဲ့တယ်။ 00:01:58.325 --> 00:02:01.767 အဲဒါက ကျုပ်တို့ ငယ်စဉ်တုန်းက ကိုယ့်ခဲတံ ကျိုးပျက်သွားခဲ့ရင် 00:02:01.791 --> 00:02:04.153 တိတ်ခွေနဲ့ ပြန်ပြီး ဆက်ပေးရန် ကြိုးစားကြသလိုပါ၊ 00:02:04.153 --> 00:02:05.507 ကျနော်တို့ ကုသပေးနိုင်ပါတယ်၊ 00:02:05.531 --> 00:02:08.686 ဒါပေမဲ့ ၎င်းဟာ အရင်တုန်းကလို ရေးသားရာတွင် သိပ်ကောင်းတော့မှ မဟုတ်ဘဲ၊ 00:02:08.686 --> 00:02:10.423 အဲဒီနေရာမှာ အမာရွတ်လို ပေါ်လာမှာပါ။ 00:02:10.423 --> 00:02:13.059 ဒီတော့ ကျုပ်တို့မှာ ကူညီပေးတဲ့ T ဆဲလ်တွေ မရှိဘူးဆိုရင်၊ 00:02:13.059 --> 00:02:14.260 ကျန်းမာတဲ့ ကြွက်သားအစား၊ 00:02:14.260 --> 00:02:16.785 ကျုပ်တို့ရဲ့ ကြွက်သားထဲတွင် အဆီဆဲလ်တွေ ပေါ်ထွန်းလာမယ်၊ 00:02:16.785 --> 00:02:20.286 ကျုပ်တို့ ကြွက်သား အတွင်းမှာ အဆီပါရင်၊ ဖြစ်သင့်သလို မခိုင်မာနိုင်တော့ပါ။ 00:02:20.286 --> 00:02:22.663 အခုကျုပ်တို့ရဲ့ ကိုယ်ခံစွမ်းအား စနစ်ကို သုံးလျက်၊ 00:02:22.663 --> 00:02:25.254 ခန္ဓာကိုယ်ဟာ အမာရွတ်တွေ မပါဘဲ ပြန်ကြီးထွားလာနိုင်ပြီး 00:02:25.254 --> 00:02:28.190 ကျုပ်တို့ ဒဏ်ရာမရခင်တုန်းက အတိုင်းပဲ တွေ့မြင်ရမှာပါ။ 00:02:29.128 --> 00:02:31.688 ကျွန်တော် ဖန်တီးဖို့ အားထုတ်နေတဲ့ ပစ္စည်းတွေဟာ 00:02:31.712 --> 00:02:33.991 ကိုယ်ခံစနစ်ရဲ့ တုံ့ပြန်မှုကို ပြောင်းလဲပစ်လျက် 00:02:34.015 --> 00:02:36.265 တစ်ရှူးအသစ်တွေကို ထုတ်လုပ်ရန် အချက်ပြပေးပါတယ်။ 00:02:36.430 --> 00:02:40.099 ကျုပ်တို့ ခန္ဓာကိုယ်ထဲ ပစ္စည်တစ်ခုခုကို ထည့်ပေးလိုက်တိုင်းမှာ၊ 00:02:40.099 --> 00:02:43.134 ကိုယ်ခံစွမ်းအားစနစ်က အဲဒါကို တုံ့ပြန်မှာကို ကျုပ်တို့ သိပါတယ်။ 00:02:43.158 --> 00:02:47.311 နှလုံးခုန်စက်အတုနဲ့ အင်ဆူလင်း ထိုးပေးစက်မှအစ 00:02:47.311 --> 00:02:51.357 အင်ဂျင်နီယာများက တစ်ရှူသစ်ကို တည်ဆောက်ရန် ကြိုးစားကြတဲ့ ပစ္စည်းများအဆုံး ပါကြပါတယ်။ 00:02:51.932 --> 00:02:55.997 အဲဒါနဲ့ ကျွန်တော်က ပစ္စည်းတစ်ခု ဒါမှမဟုတ် ငြမ်းလိုဟာကို ခန္ဓာကိုယ်ထဲ ထည့်ရင်၊ 00:02:56.021 --> 00:03:00.426 ကိုယ်ခံစနစ်က ဆဲလ်များနှင့်ပရိုတိန်းတွေ ပါတဲ့ ပတ်ဝန်းကျင်လေးကို ဖန်တီးပေးရာ 00:03:00.450 --> 00:03:03.322 ကျွန်တော်တို့ရဲ့ပင်မဆဲလ်တွေ ပြုမူပုံကို ပြောင်းလဲပစ်ပါတယ်။ 00:03:03.817 --> 00:03:07.715 ဒီတော့၊ ရာသီဥတုက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲပစ်နိုင်သလိုပဲ၊ 00:03:07.739 --> 00:03:09.064 ဥပမာ လမ်းပေါ်မှာ ပြေမလား 00:03:09.088 --> 00:03:13.573 ဒါမှမဟုတ် အိမ်မှာထိုင်နေလျက် Netflix တီဗီရှိုး တစ်ခုလုံးကို ကြည့်မလား လိုပဲ၊ 00:03:13.597 --> 00:03:15.529 ငြမ်းတစ်ခုရဲ့ ကိုယ်ခံစနစ် ဝန်းကျင်ဟာလည်း 00:03:15.529 --> 00:03:19.044 ကျုပ်တို့ရဲ့ ပင်မဆဲလ်တွေကြီးထွား ဖွံ့ဖြိုး လာအောင် အကျိုးသက်ရောက်နိုင်တယ်။ 00:03:19.044 --> 00:03:20.899 ကျုပ်တို့ရဲ့ အချက်ပြမှုတွေ လွဲနေရင်၊ 00:03:20.923 --> 00:03:23.158 ဥပမာ ခုနက Netflix အချက်ပြချက်တွေလို ဆိုပါစို့၊ 00:03:23.158 --> 00:03:25.756 ကျုပ်တို့ဟာ ကြွက်သားအစား အဆီဆဲလ်တွေကို ရရှိလာကြမယ်။ 00:03:26.790 --> 00:03:29.917 ဒီလို ငြမ်တွေကို ကွဲပြားတဲ့ ပစ္စည်းများတွေနဲ့ ပြုလုပ်ပါတယ်၊ 00:03:29.941 --> 00:03:33.306 ပလတ်စတစ် မှအစ သဘာဝအလျောက် ရယူတာတွေ၊ 00:03:33.330 --> 00:03:35.935 အထူအမျိုးမျိုး ရှိကြတဲ့ နာနိုအမျှင်တွေ၊ 00:03:35.935 --> 00:03:38.518 ရေစုပ်နိုင်စွမ်း နည်းနိုင်၊ များနိုင်တဲ့ ရေမြှုပ်တွေ၊ 00:03:38.542 --> 00:03:41.101 ပျော့ပြောင်းမှု မျိုးစုံရှိကြတဲ့ အဆီပျစ်တွေ ပါကြတယ်။ 00:03:41.101 --> 00:03:43.445 ပြီးတော့ သုတေသီတွေက ပစ္စည်းများအား အချိန်ကြာလာရင် 00:03:43.445 --> 00:03:45.788 မတူတဲ့ အချက်ပြမှုများကို စေလွှတ်ခိုင်းနိုင်ကြတယ်။ 00:03:45.788 --> 00:03:50.719 တစ်နည်းရှင်းပြရရင်၊ ကျုပ်တို့ဟာ ဆဲလ်တွေက ဒီလို Broadway ရှိုးကို လိုရင်လိုအပ်သလို 00:03:50.743 --> 00:03:54.215 မှန်ကန်တဲ့ ဇာတ်စင်၊ အပြင်အဆင်တွေကို 00:03:54.215 --> 00:03:56.600 တစ်ရှူး အမျိုးမျိုးအတွက် ပြောင်းလဲ သတ်မှတ်ပေးလျက်၊ 00:03:56.600 --> 00:03:59.066 ဇာတ်ညွှန်းဆရာက "Les Mis" ကို ရိုက်မှာလား ဒါမှမဟုတ် 00:03:59.090 --> 00:04:02.843 "Little Shop of Horrors"ကို ရိုက်မှာလားကို လိုက်ပြီး စင်ကို ပြောင်းပေးသလိုပါပဲ။ 00:04:02.843 --> 00:04:05.272 ဒဏ်ရာ တစ်ခုခုကို ကျုပ်တို့ခန္ဓာကိုယ် တုံ့ပြန်ရာတွင် 00:04:05.272 --> 00:04:09.814 ပြန်ပြီးထုတ်လုပ်ပေးလာစေရန် အထူးသော အချက်ပြ ပုံစံတွေကို ကျွန်တော် ပေါင်းစပ်ပေးပါတယ်။ 00:04:10.283 --> 00:04:13.811 အနာဂတ် တစ်နေ့တွင် ကျွန်တော်တို့ဟာ အမာရွတ်မဲ့-ဆေးပလာစတာ၊ 00:04:13.835 --> 00:04:17.813 စိတ်ကြိုက်ပုံစံ ကြွက်သား အစားထိုးဆေး(သို့) ဒဏ်ရာကု ကာကွယ်ဆေးတောင် ဝယ်နိုင်ကြမှာပါ။ 00:04:17.837 --> 00:04:21.414 ဒါပေမဲ့ နောက်တစ်နေ့ နိုးလာကြတာနဲ့ Wolverine လို ကုပေးနိုင်ကြမှာ မဟုတ်ပါဘူး။ 00:04:21.438 --> 00:04:23.594 လာမယ့် အင်္ဂါနေ့မှာပါ ဖြစ်ဖို့ နည်းပါသေးတယ်။ 00:04:23.594 --> 00:04:24.992 ဒါပေမဲ့ ဒီလိုတိုးတက်မှုတွေနဲ့ 00:04:24.992 --> 00:04:28.741 တစ်ရှူးတွေ ထုတ်လုပ်ရန်နဲ့ ဒဏ်ရာများကို ကုသပေးရန် ကိုယ်ခံစနစ်ကို ဆက်စမ်းသပ်ရင်း၊ 00:04:28.765 --> 00:04:31.394 ကျုပ်တို့ဟာ ဈေးကွက်ထဲတွင် ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ်နဲ့ 00:04:31.394 --> 00:04:35.234 လက်တွဲလုပ်ကိုင်လျက် ကျုပ်တို့အား ပြနး ထုတ်လုပ်စေမယ့် ထုတ်ကုန်တွေ ပေါ်လာနိုင်ပြီး 00:04:35.234 --> 00:04:38.963 တစ်နေ့နေ့တွင် ပုတ်သင်နဲ့တောင် ယှဉ်ပြိုင် လာစေနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ 00:04:39.876 --> 00:04:41.027 ကျေးဇူးတင်ပါတယ်။ 00:04:41.051 --> 00:04:44.690 (လက်ခုပ်သံများ)