1 00:00:02,210 --> 00:00:07,210 သီရိ လင်္ကာက ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာကပ်ရောဂါ အမြင့်ဆုံး ကာလအတွင်းမှာ 2 00:00:07,610 --> 00:00:09,771 ဆိုလိုတာက ၂၀၂၀ နှစ်လယ်မှာ၊ 3 00:00:10,171 --> 00:00:15,840 ကျွန်မ ဘဝကို စိတ်ချမ်းမြေ့မှု၊ကျက်သရေနဲ့ ဖြည့်ပေးဖို့ အံဩစရာ နည်းလမ်းတစ်ခု ရခဲ့တယ်။ 4 00:00:16,930 --> 00:00:21,583 စိတ်ဥယျာဉ်အတွင်းမှာ မန္တာန်တစ်ခု ပေါ်ထွန်းလာနေခဲ့တယ်။ 5 00:00:22,650 --> 00:00:27,270 ဒါက ကျွန်မစိတ်ထဲမှာ စိုက်ပျိုးထားတဲ့ 6 00:00:27,300 --> 00:00:31,110 ကောင်းမြတ်တဲ့ အတွေး အားလုံးဟာ 7 00:00:31,200 --> 00:00:34,630 လှပတဲ့ အရာတစ်ခုအဖြစ် စတင် ဖူးပွင့်လာခဲ့သလို ခံစားရတယ်။ 8 00:00:35,660 --> 00:00:42,230 ဒီအံ့ဖွယ် မန္တန်က ခံစားရတဲ့ ဝေဒနာ အားလုံးအတွကိ မှော်ဆေးလုံး တစ်လုံးလိုပါ။ 9 00:00:43,000 --> 00:00:45,380 ကျွန်မရဲ့ ဘဝကိုသာ သက်ရောက်စေရုံမက 10 00:00:45,400 --> 00:00:47,843 ကျွန်မနဲ့ ဆက်နွယ်နေသူတိုင်းကိုရောပါ။ 11 00:00:49,410 --> 00:00:51,770 ကျွန်မ ဘဝရဲ့ သုံးဆယ်ရှစ်နှစ်ပါ။ 12 00:00:52,100 --> 00:00:56,913 မိမိကိုယ်ကိုယ် ရှာဖွေတဲ့ ခရီးတစ်ခုထွက်ခဲ့ တယ်။ ကျွန်မ ဘယ်သူလဲဆိုတာ ရှာဖွေတာပါ။ 13 00:00:57,500 --> 00:01:01,350 သတိရှိနေတဲ့ သေခြင်းဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခဲ့ရတယ်။ 14 00:01:01,730 --> 00:01:06,090 ကိုယ့်အမည်နဲ့ ဆက်နွယ်နေတဲ့ အရာရာတိုင်းကို စွန့်လွှတ်လိုက်ခြင်းပါ။ 15 00:01:06,520 --> 00:01:09,200 နည်းပြတစ်ယောက်အဖြေစ် အခြေကျပြီးဖြစ်တဲ့ အလုပ်အကိုင်၊ 16 00:01:09,230 --> 00:01:13,333 ပရဟိတအဖွဲ့ အကြံပေး၊ အိပ်မွေ့ချကုထုံးပညာရှင်၊ စွမ်းအင် ကုသသူ၊ 17 00:01:14,740 --> 00:01:18,083 ရင်းနှီးတဲ့ ဆက်ဆံရေးတွေ၊ မိသားစု သံယောဇဉ်၊ 18 00:01:19,400 --> 00:01:22,223 ၁၂ တာ အခြေတကျရှိနေတဲ့ စီးပွားရေးလုပ်ငန်းပါ။ 19 00:01:23,690 --> 00:01:28,420 ဒီတော့ ကျွန်မရဲ့ ဘဝကို ပိုကောင်းဖို့အတွက် ပြောင်းလဲပေးတဲ့ မှော်ဆန်တဲ့ မန္တာန်က ဘာလဲ။ 20 00:01:29,370 --> 00:01:32,460 "Thank you" ဆိုတာက ရိုးစင်းတဲ့ စကားလုံး နှစ်လုံးပါ။ 21 00:01:32,800 --> 00:01:37,800 ဒါက ခေါင်းထဲက ဂီတတစ်ခုလို ကျွန်မရဲ့ နားတွေကြားက နေရာလွတ်ကို ဖြည့်ပေးတယ်။ 22 00:01:38,810 --> 00:01:43,530 ဒါက ကမ္ဘာ့ကပ်ရောဂါအတွင်း လေးလေးနက်နက် တွေကြုံခံစားမိတာပါ။ 23 00:01:43,850 --> 00:01:47,060 ကျွန်မနဲ့ ဆက်နွယ်နေသူတိုင်းဟာ 24 00:01:48,200 --> 00:01:52,290 အကြောက်တရာ၊ သံသယ၊ ပူပန်မှုနဲ့ ပြည့်နှက်နေပြီး 25 00:01:52,380 --> 00:01:54,980 ခြားနားတာ တစ်ခုခုကို ကျွန်မ လုပ်ဖို့လိုတာကြောင့်ပါ။ 26 00:01:55,010 --> 00:01:58,860 မနက် နိုးတဲ့အခါ စိတ်ထဲကို ရောက်လာခဲ့တဲ့ ပထမဆုံးအတွေး၊ ပထမဆုံးအရာက 27 00:01:58,890 --> 00:02:00,243 "ကျေးဇူးပါ"ဆိုတာပါ။ 28 00:02:00,600 --> 00:02:03,910 ညဘက် အိပ်ရာဝင်တဲ့အခါ ကျွန်မရဲ့ စိတ်ကို စိုးမိုးထားတဲ့ နောက်ဆုံးအတွေးက 29 00:02:03,970 --> 00:02:05,310 "ကျေးဇူးပါ"ဆိုတာပါ။ 30 00:02:06,030 --> 00:02:07,330 ကျွန်မ စားတဲ့၊ သောက်တဲ့အခါ၊ 31 00:02:07,350 --> 00:02:09,260 အလုပ်လုပ်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ 32 00:02:09,280 --> 00:02:11,939 တိတ်ဆိတ်စွာ ထိုင်နေတဲ့အခါ် 33 00:02:13,220 --> 00:02:15,863 လူလုပ်ပစ္စည်းတိုင်းကို သုံးတဲ့အခါ "ကျေးဇူးပါ"လို့တွေးတယ် 34 00:02:16,840 --> 00:02:19,110 ဒါက ကျွန်မရဲ့ စိတ်ထဲက ဂီတတစ်ခုလိုပါ။ 35 00:02:19,660 --> 00:02:22,630 တစ်ခါတစ်ရံ "ကျေးဇူးပါ" ဆိုတဲ့ စကားလုံးကို ကျယ်ကျယ် ပြောမိတယ်။ 36 00:02:22,660 --> 00:02:27,046 သက်မဲ့ အရာဝတ္ထုတွေဖြစ်တဲ့ နေ၊ လနဲ့ ကြယ်တွေ၊ 37 00:02:27,076 --> 00:02:29,010 ဥယျာဉ်ထဲက ငှက်တွေ၊ လိပ်ပြာတွေ၊ သစ်ပင်တွေ၊ 38 00:02:29,050 --> 00:02:31,093 သတ္တဝါလေးတွေကိုတောင်ပါ။ 39 00:02:31,113 --> 00:02:32,951 သူတိုကို့ ကျွန်မက နှုတ်ဆက်နေသလိုပေါ့။ 40 00:02:33,730 --> 00:02:35,460 "ကျေးဇူးပါ" လို့ ဆိုလိုက်တဲ့အခါ 41 00:02:35,480 --> 00:02:37,830 ဒါက သင်နဲ့ စောင့်ကြည့်မှုအောက််က 42 00:02:38,480 --> 00:02:41,569 ပြင်ပ အခြေအနေ အကြားက သဟဇာတဖြစ်မှုတစ်ခုကို ဖန်တီးပေးတယ်။ 43 00:02:41,930 --> 00:02:44,773 ဒါက သင့်ကိုယ်တွင်းကို အာရုံစိုက်မိစေဖို့ ကူညီပေးပါတယ်။ 44 00:02:45,990 --> 00:02:50,250 အစမှာတော့ သင့်ခေါင်းထဲမှာ ပြေးနေတဲ့ စကားလုံးတစ်လုံးဖြစ်နိုင်တယ်။ 45 00:02:50,340 --> 00:02:54,000 နှလုံးသားထဲမှာ ကျေးဇူးတရားရဲ့ ခံစားချက် အစစ်တစ်ခု ကင်းမဲ့နေတာပေါ့။ 46 00:02:54,370 --> 00:02:56,373 စကားလုံးတစ်လုံးဟာ အသံတစ်သံဖြစ်ပြီး 47 00:02:57,530 --> 00:02:59,763 အသံတစ်သံက တုန်ခါမှုတစ်ခုပါ။ 48 00:03:00,720 --> 00:03:02,693 တုန်ခါမှုက စွမ်းအင်ကို ဖန်တီးပေးပါတယ်။ 49 00:03:04,220 --> 00:03:07,300 ဒီတော့ "ကျေးဇူးပါ" ဆိုတာကို ဆက်တွေးနေတဲ့အခါ 50 00:03:07,330 --> 00:03:10,430 ခဏအကြာမှာ စွမ်းအားက သင့်နှလုံးသား ဗဟိုချက်နဲ့ 51 00:03:10,470 --> 00:03:13,150 ကျန်တဲ့ ခန္ဓာကိုယ်အတွင်းကို စတင် ချဉ်းနင်း ဝင်ရောက်လာတယ်။ 52 00:03:14,280 --> 00:03:20,622 ဘဝမှာ ဒုက္ခရောက်တဲ့ အချိန်တွေ၊အခြေအနေတွေ နဲ့ ပတ်သက်ပြီးအများကြီး မလုပ်နိုင်ပေမဲ့ 53 00:03:21,100 --> 00:03:27,013 ဒုက္ခရောက်တဲ့ အချိန်တွေမှာ မိမိကိုယ်ကိုယ် အေးချမ်းဖို့ တစ်ခုခုလုပ်နိုင်တာာ သေချာတယ် 54 00:03:29,460 --> 00:03:32,173 လူသား စိတ်ဟာ ရေလိုပါပဲ။ 55 00:03:33,160 --> 00:03:36,180 ပြင်ပ အခြေအနေတွေရဲ့ သက်ရောက်မှုကို ခံရတဲ့အခါ 56 00:03:36,210 --> 00:03:37,700 ဒါက လှုပ်ရှားမှုကို ဖန်တီးပြီး 57 00:03:37,720 --> 00:03:39,940 သင်ဟာ နက်ရှိုင်းမှုကို မမြင်နိုင်ဘူး။ 58 00:03:39,970 --> 00:03:42,473 ဒါက အံ့ဖွယ် မန္တာန်ပါ၊ "ကျေးဇူးပါ" ဆိုတာပါ၊ 59 00:03:43,250 --> 00:03:46,020 သင့်နှလုံးသားထဲက ကျေးဇူးတရားရဲ့ စစ်မှန်တဲ့ ခံစားမှုဟာ 60 00:03:46,640 --> 00:03:53,510 ဘဝ အခြေအနေတိုင်းကို ငြိမ်းချမ်း၊ပျော်ရွင်၊ ချမ်းသာစွာရင်ဆိုင်ဖို့ သင့်ကိုကူညီနိုင်တယ် 61 00:03:54,300 --> 00:03:59,050 သတ္တဝါအားလုံး ကျန်းမာ၊ ပျော်ရွှင်ကာ ဆင်းရဲဒုက္ခအားလုံး ကင်းဝေးပြီး 62 00:03:59,080 --> 00:04:00,273 ဉာဏ်အလင်း ရကြပါစေ။ 63 00:04:02,540 --> 00:04:03,635 ကျေးဇူးတင်ပါတယ်။ 64 00:04:04,165 --> 00:04:05,274 ကျေးဇူးတင်ပါတယ်။ 65 00:04:05,384 --> 00:04:06,477 ကျေးဇူးတင်ပါတယ်။