၁၉၂၀ ဇန်နဝါရီ ၁၇ မှာ လက်နက်ကိုင် လူ ခြောက်
ယောက်ဟာ ရှီကာဂို ကုန်တွဲကို လုယက်ခဲ့တယ်။
ဒါပေမဲ့ သူတို့လိုက်နေတာက ငွေမဟုတ်ဘူး။
အမေရိကန် ပြည်ထောင်စုတစ်လွှားမှာ
အရက်တွေ တရားမဝင် ဖြစ်လာခဲ့ပြီး
တစ်နာရီမပြည့်ခင်မှာ
ဓားပြတွေဟာ ဒေါ်လာ ထောင်ချီတန်တဲ့
ဝီစကီတွေနဲ့အတူ လစ်ပြေးသွားခဲ့တယ်။
ဒါကတော့ ပိတ်ပင်မှုကာလရဲ့ ရည်ရွယ်မထားတဲ့
အကျိုးဆက်တွေရဲ့ ပထမဆုံး အတွေ့အကြုံပါ။
အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံတစ်လွှား
အရက် ထုတ်လုပ် ရောင်းချမှုကို တားမြစ်တာက
ပထမ ကမ္ဘာစစ်အတွင်း စစ်ရေးကာလ
အစီအမံတစ်ရပ်အနေနဲ့ စခဲ့တဲ့
ရုရှားမှာ အလားတူ တားမြစ်မှုက
ရှေ့ဆင့်နောက်ဆင့်ဖြစ်လာခဲ့တယ်။
ဒါပေမဲ့ အရက်နဲ့ပတ်သက်ပြီး အနောက်တိုင်း
ကမ္ဘာ အမြင်မှာတော့
လူမှု ပြဿနာတွေရဲ့ အဓိက အကြောင်းရင်း
အဖြစ်နဲ့က အတော်ကြီး ပိုရှေးကျပါတယ်။
မြို့တွေထဲကို အလုပ်သမား လူဦးရေ
အသစ်တွေ တဖွဲဖွဲဝင်လာခဲ့စဉ်
စက်မှုတော်လှန်ရေး အတွင်းမှာ
ပထမဆုံး လူကြိုက်များခဲ့ကာ
အမျိုးသားတွေဟာ သောက်ဖို့
သီခြားအခန်းတွေထဲမှာ စုမိကြတယ်။
၁၉ ရာစု မတိုင်ခင် အရက်သေစာရှောင်တဲ့
လှုပ်ရှားမှုဆိုတဲ့ အရက်ဆန့်ကျင်တဲ့အဖွဲ့တွေ
အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပရဲ့
အပိုင်းတွေမှာ စတင် ပေါ်ပေါက်လာတယ်။
အရက်သေစာရှောင်ကြဉ်ခြင်း အုပ်စုတွေဟာ
အရက်ဟာ ဆင်းရဲမှု၊အိမ်တွင်းအကြမ်းဖက်မှုလို
ပြဿနာတွေ နောက်ကွယ်က အခြေခံကျတဲ့
မောင်းနှင်အားလို့ ယုံကြည်ခဲ့ကြပြီး
အစိုးရတွေကို ဒါနဲ့ပတ်သက်ပြီး
စတင် စည်းရုံးခဲ့တယ်။
တချို့က အသင့်အတင့် သောက်သုံးတာကို
ထောက်ခံအားပေးကြပေမဲ့
အများမအပြားက အရက်ကို လုံးဝ
တာမြစ်သင့်တယ်လို့ ယုံကြည်ကြတယ်။
လှုပ်ရှားမှုတွေဟာ ကျယ်ပြန့်တဲ့လူ့မှုအဖွဲ့
ကဏ္ဍတွေကနေ ထောက်ခံမှု ယူတယ်။
အမျိုးသမီး အဖွဲ့အစည်းတွေဟာ အစကနေ
တက်ကြွတဲ့ ပါဝင်ဆောင်ရွက်သူတွေဖြစ်ခဲ့ကာ
အရက်က ယောကျ်ားတွေ မိသားစုတွေကိုဥပက္ခာပြုကာ
ဇနီးသည်တွေကို နှိပ်စက်စေတယ်လို့ ဆိုတယ်။
ဘာသာရေး အာဏာပိုင်တွေ
အထူးသဖြင့် ပရိုတက်စတင့်ဝါဒီတွေက
ဖြားယောင်းမှုနဲ့ အပြစ်ကို
ဖြစ်စေတာအဖြစ် အရက်ကို ရှုတ်ချကြတယ်။
တိုးတက်ရေး အလုပ်သမား လှုပ်ရှားသူတွေက
အရက် သုံးစွဲတာဟာ အလုပ်သမားတွေရဲ့
စည်းရုံနိုင်စွမ်းကို ထိခိုက်စေတယ်လို့
ယုံကြည်ကြတယ်။
အစိုးရတွေဟာလည်း တားမြစ်မှု
အယူအဆအတွက် အစိမ်းသက်သက်မဖြစ်ခဲ့ဘူး။
အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါမှာ
လူဖြူ အခြေချသူတွေဟာ ရမ်လို အရက်ပြင်းတွေနဲ့
ဒေသရင်း လူစုတွေ မိတ်ဆက်ပေးခဲ့ပြီး
နောက်တော့ တုံ့ပြန်ဆက်သွယ်ခြင်းတွေရဲ့
အပျက်သဘော ရှုထောင့်တွေကနေ
အရက်က ဒီလူစုတွေကို ဖျက်လိုဖျက်ဆီး
လုပ်တယ်လို့ အပြစ်တင်တယ်။
အမေရိကန်နဲ့ ကနေဒါ အစိုးရတွေဟာ
ဒေသခံ လူမျိုးစုတွေနဲ့
သီးသန့် နယ်မြေတွေမှာ အရက်
ရောင်းချမှုကို တားမြစ်ခဲ့တယ်။
အမေရိကန် အရက်ရှောင် လှုပ်ရှားမှု
တွေဟာ ပထမဆုံးအောင်ပွဲတွေကို
ပြည်နယ်နဲ့ဒေသတွင်း အဆင့်တွေမှာ ရခဲ့တယ်။
Maine နဲ့အတူ အခြားသော ပြည်နယ်များစွာဟာ
၁၈၅၀ နှစ်လွန်တွေမှာ အရက် ထုတ်လုပ်၊
ရောင်းချမှုကို တားမြစ်ခဲ့တယ်။
၁၉၁၉ မှာ US အခြေခံဥပဒေမှာ
၁၈ ခုမြောက် ပြင်ဆင်ချက်က
အရက်ပါတဲ့ အဖျော် ယမကာတွေ
အားလုံးရဲ့ ထုတ်လုပ်၊ ရောင်းချ၊
သယ်ယူပို့ဆောင်မှုကို တားမြစ်ခဲ့တယ်။
ပြင်ဆင်ချက်က Volstead Act အောက်
တစ်နှစ်အကြာမှာ အသက်ဝင်ခဲ့တယ်။
ဥပဒေက တစ်ဦးချင်း သုံးစွဲမှုကို
မတားမြစ်ခဲ့တာကြောင့်
လူဖြူ စားသောက်ဆိုင်တွေနဲ့ ဘားတွေဟာ
ကျန်နေတဲ့ ကုန်ကို အပူတပြင်း ရောင်းချိန်မှာ
လူချမ်းသာတွေက သိုလှောင်ဖို့
အခွင့်အလမ်းရခဲ့တယ်။
အရက်၊ဘီယာ၊ ဝိုင်ချက်စက်ရုံတွေ ပိတ်တော့
အလုပ်သမားတွေ အလုပ်ပြုတ်ခဲ့တယ်။
တစ်ချိန်တည်းမှာ ရာဇဝတ်မှု အုပ်စုတွေက
အရက်လိုအပ်မှုကို ကမန်းကတန်းဖြည့်ဆည်းတယ်။
ထုတ်လုပ်တာ ခိုးသွင်းတာ တရားမဝင်
အရက်ရောင်းရာမှာ ဝင်ငွေကောင်းတဲ့
မှောင်ခိုစျေးကွက်တစ်ခု တည်ဆောက်တယ်။
မကြာခဏ သူတို့ဟာ အကျင့်ပျက်
ရဲတွေ၊ အစိုးရ အရာရှိတွေနဲ့
တွဲကာ အလုပ်လုပ်ခဲ့ကြတာပါ။
နိုင်ငံရေး ဂိုဏ်းကွဲမှု ထောက်ခံတဲ့အနေနဲ့
Illinois ပြည်နယ် ရှေ့နေချုပ်အတွက်
၁၉၂၈ အဓိက ရွေးကောက်ပွဲကို
ဗုံးခွဲတာတောင်လုပ်ခဲ့တယ်။
"speakeasies" လို့ သိကြတဲ့
သိန်းချီတဲ့ တရားမဝင် ဘားတွေက
အရက် စတင်ရောင်းခဲ့တယ်။
ညစ်ပတ်တဲ့ မြေအောက် တရားမဝင် ဘားတွေ
ကနေ အနုစိတ် ကပွဲခန်းမတွေအထိပါ။
လူတွေဟာ ကိုယ်တိုင် သောက်သုံးမှုအတွက်
အရက်ကို အိမ်မှာ ချက်တာ (သို့)
ဆရာဝန် ဆေးညွှန်း(သို့) ဘာသာရေးရည်ရွယ်ချက်
အတွက် တရားမဝင် ရယူနိုင်ခဲ့ကြတယ်။
လုပ်ငန်းသုံး အရက်ပျံကို
သောက်သုံးခြင်းကနေ တားဆီးဖို့
အစိုးရဟာ ဘေးဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ
ထည့်ဖို့ ထုတ်လုပ်သူတွေကို ပြဌာန်းခဲ့တာက
ထောင်ချီတဲ့ အဆိပ်သင့် သေဆုံးမှုတွေ
ဖြစ်စေခဲ့တယ်။
ပိတ်ပင်တဲ့ ကာလအတွင်းမှာ လူတွေဘယ်လောက်
အရက်သောက်နေခဲ့တာကိုအတိအကျ မသိဘူး။
အကြောင်းက တရားမဝင် အရက်ကို
ထိန်းတာ(သို့) အခွန်ကောက်တာမရှိတာကြောင့်ပါ။
ဒါပေမဲ့ ၁၉၂၀ နှောင်းပိုင်းမှာ
ပိတ်ပင်မှုဟာ ၎င်းက ကတိပြုခဲ့တဲ့
လူမှုရေး တိုးတက်မှုတွေ မဖြစ်စေခဲ့တာ
ရှင်းလင်းလာခဲ့တယ်။
ဒီအစား ၎င်းက နိုင်ငံရေး အကျင့်ပျက်မှုနဲ့
လူစုဖွဲ့ ရာဇဝတ်မှုကို ဖြစ်စေခဲ့ပြီး
သန်းချီတဲ့ နိုင်ငံသားတွေရဲ့
မထီမဲ့မြင်ပြုတာခံရတယ်။
Detroit ဘီယာ ခန်းမကို ဝင်စီးမှုမှာ ရပ်ရွာ
အရာရှိ၊မြို့တော်ဝန်နဲ့ လွှတ်တော် အမတ်ဟာ
အရက်သောက်လို့အဖမ်းခံရတယ်။
၁၉၂၉ စီးပွားရေးကပ်ကြီး
စတင်မှုနဲ့အတူ
အစိုးရဟာ အရက်ရောင်းချမှုတွေကနေ
အခွန်ငွေ လုံးဝ လိုအပ်ခဲ့ပြီး ပိတ်ပင်မှုကို
ဖြေလျှော့ပေးခြင်းက စီးပွားရေးကို
နှိုးဆွပေးလိမ့်မယ်လို့ယုံကြည်ခဲ့တယ်။
၁၉၃၃ မှာ ကွန်ဂရက်က အပြည့်အဝ ရုတ်သိမ်းဖို့
တစ်ခုတည်းသော ပြင်ဆင်ချက် ၁၈ ခုမြောက်ကို
အစားထိုးတဲ့ ၂၁ ခုမြောက်
ပြင်ဆင်ချက်ကို အတည်ပြုခဲ့တယ်။
အရက်သေစာရှောင်ကြဉ်တဲ့ လှုပ်ရှားမှု
အဖွဲ့ဝင်တွေက အရက်ဟာ လူအဖွဲ့အစည်း
ပြဿနာတွေရဲ့ ရင်းမြစ်လို့ ယုံကြည်ခဲ့ပေမဲ့
လက်တွေ့မှာ ပိုရှုပ်ထွေးပါတယ်။
ဒါကို လုံးဝ တားမြစ်ခြင်းက
အလုပ်မဖြစ်ခဲ့ပေမဲ့
အရက်ရဲ့ ကျန်းမာရေးနဲ့ လူမှုရေး သက်ရောက်မှု
တွေ ဒီနေ့ ပူပန်စရာတွေ အဖြစ် ရှိနေကြဆဲပါ။