ပင်လယ်ခရုက ငါးကိုဘယ်လိုဖမ်းတာလဲ ပြောချင်တာက ခရုဆိုတာနှေးတယ်လေ ပြီးတော့ ငါးကမြန်တယ်လေ ဒါပေမဲ့လည်း အဖမ်းခံရတာပဲ သဲထဲမှာပုန်းနေတာကတော့ _ခရုပါ အခုမြင်နေရတဲ့ အစိတ်အပိုင်းက သူ့ရဲ့လျှာလို့ပြောလို့ရပါတယ် ကျွန်မတို့ကတော့ နှာမောင်းလို့ခေါ်တယ် ခရုကနှာမောင်းနဲ့ အ်ဒီသတိမမူမိတဲ့ငါးကို ထောက်လှမ်းပြီး ဖမ်းယူဖို့သုံးပါတယ် ဒီအမဲလိုက်ပွဲမှာတွေ့ရတဲ့ခရုကတော့ သင်တို့ပုံမှန်စားနေကျ ခရုအမျိုးအစားတွေ မဟုတ်တာတော့ သေချာပါတယ် ဒီခရုတွေက ပင်လယ်ထဲက ချောင်းမြောင်းသတ်ဖြတ်သူတွေပါ သူတို့သုံးတဲ့လက်နက်ကတော့ အဆိပ်ဖြစ်ပါတယ် အဆိပ်ရှိတဲ့မြွေနဲ့ ကင်းမြီးကောက်မှာတွေ့ရတဲ့ အဆိပ်မျိုးပါ ဒီပင်လယ်ခရုတွေက သူတို့အဆိပ်ကို ငါးတွေ တီကောင်တွေ တစ်ခြားခရုတွေကို ဖမ်းယူဖို့သုံးပါတယ် ပြီးတော့ ဒီခရုတွေရဲ့အဆိပ်က ရိုးရိုးအဆိပ်မဟုတ်ပါဘူး အဆိပ်ဖြစ်စေတဲ့ မော်လီကျူးတွေကို ရောထားတာပါ ဒီအဆိပ်တွေကို အထုပ်တွေအဖြစ်နဲ့ radulaလို့ခေါ်တဲ့ သွားလိုအရာကနေထုတ်ပါတယ် Radulaဆိုတာမသိရင် ဆေးထိုးအပ်ကိုမြင်ယောင်ကြည့်လို့ရပါတယ် စိတ်ပူစရာမရှိပါဘူး ဒီခရုတွေက ဆေးထိုးအပ်ကို ကောင်းကောင်းသုံးတတ်ပါတယ် ဘာလို့လဲဆို Radulaတစ်ခုကို တစ်ခါပဲသုံးလို့ပါ သင်ကြားဖူးတဲ့ အဆိပ်ရှိတဲ့ သက်ရှိတွေအကြောင်းရယ် သင့်ကိုတစ်ညလုံးခေါင်းထဲစွဲအောင်လုပ်မယ့် ခုနကပြတဲ့ ငါးလေးအသတ်ခံရတဲ့videoရယ်က အဆိပ်ဆိုတာ အန္တရာယ်ရှိတယ် ဆိုးကျိုးကြီးပဲလို့ သင့်ကိုထင်စေပါလိမ့်မယ် မှန်တာလည်းဟုတ် မှားတာလည်းဟုတ်ပါတယ် အဆိပ်အကြောင်း ပိုမှန်အောင်တွေးနည်းက စူပါဟီးရိုးလိုကော စူပါဗီလိန်တွေလိုကော တွေးသင့်တာပါ ကျွန်မစမ်းသပ်ခန်းဟာ ဒီပင်လယ်ခရုရဲ့အဆိပ်တွေ ဆင့်ကဲ့ပြောင်းလဲလာတာကို အကောင်းဘက်ကနေလေ့လာတာပါ ချဲ့ကားပြီးပြောတယ် ဒါမှမဟုတ် မြွေအဆီထုတ်သလိုမျိုးထင်ပါလိမ့်မယ် တကယ်ဆိုရင် အဲဒီဟာက မြွေကနေထုတ်တာဆိုရင် တရားဝင်ဖြစ်ပါလိမ့်မယ် ခွန်အားချင်းပြိုင်ရတဲ့တိုက်ပွဲကို ဇီဝဓာတုသဘောအဖြစ် ပြောင်းလဲပေးနိုင်တာက အဆိပ်ရဲ့ နာမည်ကြီးတဲ့ အချက်တစ်ချက်ပါ အမဲလိုက်ဖြစ်စဥ်တစ်ခုမှာ ပုံမှန်ဆို ခွန်အားကအရေးပါတယ်ဆိုပေမဲ့ အဆိပ်က မော်လီကျူးချင်းတိုက်ပွဲအဖြစ် ပြောင်းလဲလိုက်ပါတယ် အဲဒီအခါကျ အရွယ်ကွာတာက ကိစ္စမရှိတော့ဘဲ အဆိပ်ဘယ်သူပိုပြင်လဲကအဓိကဖြစ်သွားပါတယ် သင်ပိုင်ဆိုင်တဲ့ အဆိပ်ရဲ့ဓာတုဖွဲ့စည်းပုံတွေက ပေါက်ကျိုင်းကို ဘုရင်ဖြစ်စေတဲ့ အကြောင်းအရင်းလိုမျိုးပါပဲ အခုပြောနေတဲ့ဖြစ်ရပ်မှာတော့့ ဒီပင်လယ်ခရုက ပေါက်ကျိုင်းပေါ့ နောက်ထပ် အဆိပ်ရဲ့ နာမည်ကြီးတဲ့အကြောင်းရင်းတစ်ခုကတော့ ဆွပ်စ်စစ်တပ်သုံးဓားတွေမှာပါတဲ့ သေသပ်လွန်းလှတဲ့ အဆိပ်အသုံးပြုပုံကြောင့်ပါ ဓားကအဆိပ်တွေက ခန္ဓာကိုယ်လည်ပတ်မှုအတွက် အဓိကကျတဲ့အရာတွေဆီ သွားပါးတယ် ဒီတော့ သွေး၊ ဦးနှောက်၊ အမြှေးပါးတွေကို အဆိပ်ကပစ်မှတ်ထားပါတယ် ဒီခရုရဲ့အဆိပ်ပဲဖြစ်ဖြစ် မြွေအဆိပ်ပဲဖြစ်ဖြစ် နှစ်ခုလုံးမှာက Hemotoxic လို့ခေါ်တဲ့ သွေကိုခဲစေတဲ့ဖြစ်စဥ်တွေ ဒါမှမဟုတ် Neurotoxic လို့ခေါ်တဲ့ ဦးနှောက်ထဲက Neuron တွေကို မူမမှန်ဖြစ်စေတဲ့ဖြစ်စဥ်တွေ ဒါမှမဟုတ် Cytotoxicလို့ခေါ်တဲ့ ဆဲလ်ရဲ့အမြှေးပါးတွေကို အပေါက်တွေဖြစ်စေပြီး အက်ကွဲအောင် ပေါက်ကွဲတဲ့ဖြစ်စဥ်တွေ အစရှိတာတွေကိုဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေ ဒီအဆိပ်တွေမှာပါပါတယ် ဆဲလ်အဆင့်မှာပေါက်ကွဲစေတာနော် ဒါကိုမှ အားပြင်းတယ်မခေါ်သေးရင်တော့့ တခြားဘာမှမရှိတော့ဘူး ကျွန်မက ဘာကြောင့်ဒီလောက်ထိတောင် အဆိပ်ကိုနဲ့ပတ်သက်ပြီး စိတ်ဝင်စားလဲဆိုတာပြောပြပါ့မယ် ကျွန်မက New York မှာကြီးပြင်းခဲ့ပြီး သဘာဝသမိုင်းပြတိုက်ကိုပဲ အမြဲပို့ခံထားရတာ ပို့ခံထားရတယ်လို့ပြောရတာက ကျွန်မမိဘတွေက ပြတိုက်ကို နေ့ကလေးထိန်းကျောင်းလိုမျိုး ကျွန်မတို့မောင်နှမငါးယောက်ကို ပို့ထားတာ လိုက်နာရတာနှစ်ခုရှိတယ် လူမပျောက်စေရဘူး ပြီးတော့ ၅ခွဲပြတိုက်ပိတ်တဲ့အခါကျရင် အဖေနဲ့အမေကို အာဖရီကဆင်တွေကြီးနားသွားစောင့်ရတယ် အဲဒီလို ပြတိုက်ထဲမှာ ထိန်းမဲ့သူမပါဘဲနဲ့ လျှောက်သွားခဲ့ရတဲ့နေတွေက စူးစမ်းမှုတွေ စွန့်စားမှုတွေနဲ့ အပြည့်ပဲပေါ့ ကျွန်မအဆိပ်တွေကိုလေ့လာတဲ့အခါ အဲ့လိုပဲခံစားရတယ် သိပ္ပံစွန့်စားခဲ့ကြီးတစ်ခုလိုပေါ့့ ကျွန်မတို့ဟာ လူသားမျိုးနွယ်နဲ့ သဘာဝကြီးရဲ့ ဆက်နွယ်မှုတွေကို ရဲဝံ့စွာ ရှာဖွေနေတာပါ နောက်ထပ်ပြီး အဆိပ်ကိုသဘောကျတဲ့အချက်က အကောင်းအဆိုးဒွန်တွဲနေလို့ပါ လူ့အစိတ်အပိုင်းထဲကို အဆိပ်တွေထိုးသွင်းလိုက်တဲ့အခါ ဆေးဖြစ်တာလည်းရှိတယ် ဘေးဖြစ်တာလည်းရှိတယ် မော်လီကျူးအဆင့်မှာက မျိုးစုံဖြစ်နိုင်တယ် ခုနတုန်းက ငါးအကြောသေသွားတာကိုတွေ့တယ်မလား အဲဒါဘာလို့ဖြစ်တာလဲဆိုတော့ အဆိပ်တွေက ငါးထဲကဆဲလ်တွေရဲ့ ဆက်သွယ်မှုကို တိုက်ခိုက်ပြီးတော့ ‌ရေကူးပြီးထွက်မပြေးနိုင်အောင်လုပ်လိုက်တာပါ ကျွန်မအနေနဲ့ အဆိပ်ကိုသုံးပြီးတော့ တိုက်ခိုက်ချင်တဲ့အရာရှိလားဆိုရင်တော့ ရှိတာပေါ့့ ကင်ဆာကိုတိုက်ခိုက်ချင်တာပါ ကင်ဆာကျိတ်တွေက ဆဲလ်တွေလေ အဲဒီတော့ ဆဲလ်တိုင်းလိုပဲ သူတို့က သူတို့ကိုယ်တိုင်ကိုရော ဘေးပတ်ဝန်းကျင်ကိုကော ဆက်သွယ်တယ်လေ ကျွန်မတို့က ငါးရဲ့ဆဲလ်တွေရဲ့ ဆက်သွယ်မှုကို အဆိပ်က နှောက်ယှက်ပြီးရေကူး မပြေးနိုင်အောင် လုပ်သလိုမျိုး ကင်ဆာဆဲလ်တွေရဲ့ဆက်သွယ်မှုကို ကောင်းကောင်းအနှောက်အယှက်ပေးနိုင်မယ့် အဆိပ်ကိုရှာဖို့လုပ်နေတာပါ ကျွန်မသုတေသနမှာတော့ ကင်ဆာကို Channelopathy အမျိုးအစားအနေနဲ့ လေ့လာပါတယ် အခြေခံအားဖြင့် ပုံမှန်ဆဲလ်တွေနဲ့မတူဘဲ ဆက်ကြောင်းတွေထင်ရှားတဲ့ ကင်ဆာကျိတ်တွေကို အဓိကပစ်မှတ်ထားမဲ့ အဆိပ်ဖွဲ့စည်းပုံကို ရှာနေတာလို့ဆိုလိုတာပါ ကျွန်မတို့ အခုလောလောဆယ်ဆယ် အဓိကလေ့လာနေတဲ့ကင်ဆာကတော့့ အသည်း ကင်ဆာဖြစ်ပါတယ် ဘာလို့လဲဆိုတော့ အသည်းကင်ဆာကြောင့်သေတဲ့နှုန်းက ၁၉၈၀ ပြည့်နှစ်တွေကစဖြစ် နှစ်ဆအထိဖြစ်လာခဲ့လို့ပြီး အမေရိကန်အတွက် ခြိမ်ခြောက်မှုတစ်ခု ဖြစ်လာနေပါတယ် ဇယားမှာပြထားတာတွေက သားအိမ်ကင်ဆာ၊ ‌ဝှေးစေ့ကင်ဆာ အာရုံကြောကင်ဆာနဲ့ အသဲကင်ဆာပါ စမ်းသပ်တွေ့ရှိချက်တွေအရတော့့ ဒီခရုကရရှိတဲ့ အဆိပ်ဓာတ်ပေါင်းတွေဟာ အသည်းရဲ့ကင်ဆာကိုပဲတိုက်ခိုက်ပြီး တစ်ခြားကင်ဆာတွေကိုတော့ မတိုက်ပါဘူး ပြီတော့ ဒီအဆိပ်ဓာတ်ပေါင်းကို အသည်းကင်ဆာဖြစ်နေတဲ့ကြွက်ထဲ ထိုးသွင်းလိုက်တဲ့အခါမှာတော့ ဒီအဆိပ်က ကင်ဆာကျိတ်တွေပြန့်နှံ့မှုကို သိသိသာသာပဲ ရပ်တန့်စေခဲ့ပါတယ် ဒါဘာကြောင့်ဖြစ်တာလဲဆိုတာ သေချာမသိသေးတဲ့အတွက် ဒီအဆိပ်ရဲ့အလုပ်လုပ်ပုံနဲ့ ပိုထိ‌ရောက်အောဘယ်လိုလုပ်ရမလဲ ဆိုတာကို လေ့လာနေဆဲပါပဲ ဒီတော့ အသဲကင်ဆာကုသဖို့အတွက် ဒီခရုကနေ ဆေးထုတ်ဖို့ကို အလျင်လိုမလုပ်နိုင်သေးပါဘူး အခုလောလောဆယ်ဆယ်ပေါ့ ကျွန်မတို့ရဲ့သုံးသပ်ချက်ကတော့ အဆိပ်ဓာတ်ပေါင်းက သက်ဆိုင်ရာ ဆက်ကြောင်းတွေကို ပိတ်ဆို့ပြီး ဓာတုပစ္စည်းတွေ အချင်းချင်းပို့နေတာကို တာမြစ်လိုက်တာက ကင်ဆာကျိတ်တွေကို ပွားစေတဲ့ လှုံ့ဆော်မှုတွေကို လျော့နည်းစေပြီး ကိုယ့်ကိုယ်ကို သွေတွေစုပ်ထုတ်လိုက်ပါတယ် လူသားတွေမှာဖြစ်တတ်တဲ့ ‌ရောဂါတွေ မူမမှန်မှုတွေကို ကုသဖို့အတွက် အဆိပ်ရဲ့ ဖွဲ့စည်းပုံကိုလေ့လာတာက အသစ်အဆန်းမဟုတ်ပါဘူး ကျွန်မတို့အခေါ် "သဘာဝထွက်ဆေးများရှာဖွေခြင်း"ဆိုတာ ရာစုနှစ်များစွာကတည်းက တည်ရှိခဲ့ပြီး ကမ္ဘာတစ်လွှားမှာဆို မိရိုးဖလာတစ်ခုဖြစ်နေပါပြီ အဆိပ်တွေက ဓာတ်ပေါင်းအသစ်အဆန်းတွေပဲ ပေးတာမဟုတ်ပါဘူး လူသားရောဂါတွေ မူမမှန်မှုတွေကို ကုသဖို့အတွက်လည်း ကျွန်မတို့ကို နည်းလမ်းသစ်တွေပေးပါသေးတယ် ဒီအကြောင်း ဥပမာသုံးခုပေးပါ့မယ် ပထမတစ်ခုကတော့ ကျွန်မတို့ဇာတ်လိုက် ခရုဆီကပါ ဒီခရုကနေ ပထမဆုံးထုတ်ခဲ့တဲ့ ဆေးဝါးတွေကို စျေးကွက်ထဲမှာတော့ Ziconotide သို့မဟုတ် Prialt လို့ခေါ်ပါတယ် ဒီဆေးကို HIV နဲ့ ကင်ဆာလူနာတွေမှာဖြစ်တတ်တဲ့ နာတာရှည်နာကျင်မှုကို ကုသဖို့သုံးပါတယ် Prialt က မစွဲလန်းစေပါဘူး လက်ရှိမှာ နာကျင်မှုကိုဘယ်လိုကုလဲဆိုတာရဲ့ အဖြေပါပဲ ကျွန်မတို့ဟာ စွဲလမ်းမှုအရမ်းဖြစ်စေတဲ့ ဆေးတွေကို သုံးခဲ့ရဖူးပါတယ် မော်ဖင်းလိုဆေးတွေ ဒါမှမဟုတ် မင်းသောက်နေကျဖြစ်တဲ့ opioid တစ်ခုခုပေါ့ အခု ဒီခရုလုပ်ပေးလိုက်တာက နောက်ဆက်တွဲ စွဲလန်းမှုမဖြစ်စေဘဲ နာကျင်မှုကိုကုတဲ့နည်းကို လမ်းပြသွားပါတယ် ပြောင်းလဲမှုကြီးတစ်ခုပါ နောက်ဥပမာတစ်ခုကတော့ Brazilian pit viper ရဲ့အဆိပ်ပါ ဒီမြွေဆိပ်ကနေပြီး Captopril လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးရရှိပါတယ် Captopril ကို သွေးတိုးရောဂါကိုကုသဖို့ အသုံးပြုပါတယ် ပုံမှန်အားဖြင့် သွေတိုးတို့ နှလုံးရောဂါတို့မှာသုံးတဲ့ ACE inhibitorsလိုမျိုးသိထားတဲ့ ဆေးအမျိုးအစားတွေကိုထက်တောင် ပိုရှေ့ရောက်ရုံတင်မကဘဲ သူ့သဘာဝအလျောက်ကိုက ထူးခြားလွန်းတာကြောင့် Captopril ကို အရမ်းအောင်မြင်တဲ့ဆေးလို့ သမုတ်ကြပါတယ် နောက်ဆုံးဥပမာကတော့ Gila monster(ဖွတ်တစ်မျိုး)ဆီကပါ ဒီဥပမာက သူ့လိုသက်ရှိတွေရဲ့ ဂေဟစနစ်ကို နားလည်စေတာ‌ရော ဆေးအသစ်တွေတာရော နှစ်ခုဆက်နွယ်နေတဲ့ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဥပမာတစ်ခုပါ ဒီ Gila monsters တွေဟာ အရမ်းအစားကြီးပါတယ် သူတို့အစားအများကြီးစားပြီဆိုတာနဲ့ သွေထဲသကြားပါဝင်မှုကိုလျော့စေတဲ့အရာတွေကို သူတို့အဆိပ်ကထုတ်ပေးပါတယ် ဒီတော့ ကျွန်မတို့ Gila monsters ဆီကနေ ရခဲ့တဲ့ဆေးက ဘာဆေးလို့ထင်လဲ ဆီးချိုရောဂါသည်တွေအတွက် သွေးတွင်းသကြားပါဝင်မှုကို လျော့ပေးတဲ့ဆေးပါ ဒါတွေဟာ အရမ်းအံ့သြဖို့ကောင်းတဲ့ ဥပမာသုံးခုပါ ဒါတွေက အပေါ်ယံပဲရှိပါသေးတယ် အဆိပ်တွေအများကြီး လေ့လာဖို့ကျန်သေးပါတယ် စာရင်းအရတော့ ကမ္ဘာပေါ်ကတိရစ္ဆာန်တွေရဲ့ ၅ရာခိုင်နှုန်းဟာ အဆိပ်ရှိမယ်လို့ထင်ပါတယ် ဒါတောင် အနည်းဆုံးထားတွက်ထားတာပါ ဒီတော့ ကမ္ဘာပေါ်ကတိရစ္ဆာန်အားလုံးကို ကျွန်မတို့မသိသေးဘူးလို့ ဆိုလိုတာပါ ဒါပေမဲ့ သဘာဝကြီးက သူတွေစေချင်တာကိုပဲ တွေ့ခွင့်ပေးပုံပါပဲ ပြီးတော့ ဒီလိုမျိုးပဲ ထပ်တလည်းလည်းလုပ်နေပြီးတော့ တွေနေကျတိရစ္ဆာန်အမျိုးအစားတွေကိုပဲ သက်တမ်းတစ်လျှောက်လုံးမှာ ပိုပိုပြီးတွေ့လာစေပါတယ် ဒီတော့ ကျွန်မသဘောကျတဲ့ ဒီခရုတို့၊ ရေခူတို့ ဘဲတူဖျံတူတို့ ခူကောင်တို့၊ slow lorisesတို့ စတဲ့ ကုန်းနေ၊ ရေနေ၊ လေနေတွေအကြောင်း ကျွန်မတို့ပြောကြတဲ့အခါ ဒီအဆိပ်ရှိတဲ့ သတ္တဝါတွေကို ရင်ဆိုင်ရမှာသေချာပေါက်ပါပဲ အဆိပ်က လူဆိုးလည်းဟုတ်တယ် သူရဲကောင်းလဲဖြစ်တယ်လို့ ကျွန်မပြောခဲ့တာကို မှတ်မိလား အဲဒီတုန်းကတော့ မယုံချင်ဘူးဟုတ် အင်း ကမ္ဘာပေါ်ကတိရစ္ဆာန်မျိုးစိတ်တွေကို မဆုံးရှုံးလိုက်ရခင် ဒီအဆိပ်ရဲ့ကောင်းကျိုးတွေကို ကောင်းကောင်းအသုံးချနိုင်ဖို့ လိုပါတယ် ဒါကလည်း ခြုံငုံလုပ်ရမယ့်ကိစ္စပါ တိရစ္ဆာန်တွေရဲ့အကူအညီမပါဘဲနဲ့ ဒီရောဂါကုထုံးတွေကို မရရှိနိုင်ပါဘူး ပြီးတော့ ဒီဂေဟစနစ်တွေမရှိဘဲနဲ့ တိရစ္ဆာန်တွေ မရှိနိုင်ပါဘူး ကျွန်မနဲ့ ဒီခရုတွေအတွက်ကတော့ ဒါဟာ သမုဒ္ဒရာတွေကို ထိန်းသိမ်းရမယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ် ပြီးတော့ ဒီအဆိပ်ရှိသတ္တဝါတွေက နေရာတိုင်းမှာရှိတော့ ကမ္ဘာကြီးတစ်ခုလုံးကို ထိန်းသိမ်းရမှာပေါ့့ ဒီတော့ မင်းအတွက်မဟုတ်ရင်တောင် ဒီတိရစ္ဆာန်တွေအတွက် ထိန်းသိမ်းပေးပါ ဘယ်သူ သိမှာလဲ၊ တစ်နေ့တော့ ဒီခရုအဆိပ်က မင်းအသက်ကို ကယ်နိုင်တာပဲလေ ကျေးဇူးတင်ပါတယ်