1 00:00:01,110 --> 00:00:04,159 ပင်လယ်ခရုက ငါးကိုဘယ်လိုဖမ်းတာလဲ 2 00:00:04,183 --> 00:00:06,706 ပြောချင်တာက ခရုဆိုတာနှေးတယ်လေ 3 00:00:06,730 --> 00:00:09,645 ပြီးတော့ ငါးကမြန်တယ်လေ 4 00:00:10,110 --> 00:00:12,149 ဒါပေမဲ့လည်း အဖမ်းခံရတာပဲ 5 00:00:12,817 --> 00:00:15,419 သဲထဲမှာပုန်းနေတာကတော့ _ခရုပါ 6 00:00:15,443 --> 00:00:18,230 အခုမြင်နေရတဲ့ အစိတ်အပိုင်းက သူ့ရဲ့လျှာလို့ပြောလို့ရပါတယ် 7 00:00:18,254 --> 00:00:20,071 ကျွန်မတို့ကတော့ နှာမောင်းလို့ခေါ်တယ် 8 00:00:20,095 --> 00:00:24,975 ခရုကနှာမောင်းနဲ့ အ်ဒီသတိမမူမိတဲ့ငါးကို ထောက်လှမ်းပြီး ဖမ်းယူဖို့သုံးပါတယ် 9 00:00:26,046 --> 00:00:28,022 ဒီအမဲလိုက်ပွဲမှာတွေ့ရတဲ့ခရုကတော့ 10 00:00:28,046 --> 00:00:31,395 သင်တို့ပုံမှန်စားနေကျ ခရုအမျိုးအစားတွေ မဟုတ်တာတော့ သေချာပါတယ် 11 00:00:31,419 --> 00:00:34,482 ဒီခရုတွေက ပင်လယ်ထဲက ချောင်းမြောင်းသတ်ဖြတ်သူတွေပါ 12 00:00:35,102 --> 00:00:38,045 သူတို့သုံးတဲ့လက်နက်ကတော့ အဆိပ်ဖြစ်ပါတယ် 13 00:00:38,069 --> 00:00:42,332 အဆိပ်ရှိတဲ့မြွေနဲ့ ကင်းမြီးကောက်မှာတွေ့ရတဲ့ အဆိပ်မျိုးပါ 14 00:00:42,356 --> 00:00:46,935 ဒီပင်လယ်ခရုတွေက သူတို့အဆိပ်ကို ငါးတွေ တီကောင်တွေ တစ်ခြားခရုတွေကို 15 00:00:46,959 --> 00:00:48,240 ဖမ်းယူဖို့သုံးပါတယ် 16 00:00:48,264 --> 00:00:49,716 ပြီးတော့ ဒီခရုတွေရဲ့အဆိပ်က 17 00:00:49,740 --> 00:00:50,904 ရိုးရိုးအဆိပ်မဟုတ်ပါဘူး 18 00:00:50,928 --> 00:00:54,577 အဆိပ်ဖြစ်စေတဲ့ မော်လီကျူးတွေကို ရောထားတာပါ 19 00:00:54,601 --> 00:00:59,132 ဒီအဆိပ်တွေကို အထုပ်တွေအဖြစ်နဲ့ radulaလို့ခေါ်တဲ့ သွားလိုအရာကနေထုတ်ပါတယ် 20 00:00:59,156 --> 00:01:02,133 Radulaဆိုတာမသိရင် ဆေးထိုးအပ်ကိုမြင်ယောင်ကြည့်လို့ရပါတယ် 21 00:01:02,157 --> 00:01:03,323 စိတ်ပူစရာမရှိပါဘူး 22 00:01:03,347 --> 00:01:05,599 ဒီခရုတွေက ဆေးထိုးအပ်ကို ကောင်းကောင်းသုံးတတ်ပါတယ် 23 00:01:05,623 --> 00:01:08,122 ဘာလို့လဲဆို Radulaတစ်ခုကို တစ်ခါပဲသုံးလို့ပါ 24 00:01:08,146 --> 00:01:11,249 သင်ကြားဖူးတဲ့ အဆိပ်ရှိတဲ့ သက်ရှိတွေအကြောင်းရယ် 25 00:01:11,273 --> 00:01:15,151 သင့်ကိုတစ်ညလုံးခေါင်းထဲစွဲအောင်လုပ်မယ့် ခုနကပြတဲ့ ငါးလေးအသတ်ခံရတဲ့videoရယ်က 26 00:01:15,175 --> 00:01:18,944 အဆိပ်ဆိုတာ အန္တရာယ်ရှိတယ် ဆိုးကျိုးကြီးပဲလို့ သင့်ကိုထင်စေပါလိမ့်မယ် 27 00:01:18,968 --> 00:01:20,865 မှန်တာလည်းဟုတ် မှားတာလည်းဟုတ်ပါတယ် 28 00:01:20,889 --> 00:01:22,815 အဆိပ်အကြောင်း ပိုမှန်အောင်တွေးနည်းက 29 00:01:22,839 --> 00:01:27,426 စူပါဟီးရိုးလိုကော စူပါဗီလိန်တွေလိုကော တွေးသင့်တာပါ 30 00:01:27,450 --> 00:01:30,966 ကျွန်မစမ်းသပ်ခန်းဟာ ဒီပင်လယ်ခရုရဲ့အဆိပ်တွေ ဆင့်ကဲ့ပြောင်းလဲလာတာကို 31 00:01:30,990 --> 00:01:32,514 အကောင်းဘက်ကနေလေ့လာတာပါ 32 00:01:32,538 --> 00:01:34,093 ချဲ့ကားပြီးပြောတယ် ဒါမှမဟုတ် 33 00:01:34,117 --> 00:01:35,712 မြွေအဆီထုတ်သလိုမျိုးထင်ပါလိမ့်မယ် 34 00:01:35,736 --> 00:01:36,909 တကယ်ဆိုရင် 35 00:01:36,933 --> 00:01:39,688 အဲဒီဟာက မြွေကနေထုတ်တာဆိုရင် တရားဝင်ဖြစ်ပါလိမ့်မယ် 36 00:01:39,712 --> 00:01:42,156 ခွန်အားချင်းပြိုင်ရတဲ့တိုက်ပွဲကို ဇီဝဓာတုသဘောအဖြစ် 37 00:01:42,180 --> 00:01:47,337 ပြောင်းလဲပေးနိုင်တာက အဆိပ်ရဲ့ နာမည်ကြီးတဲ့ အချက်တစ်ချက်ပါ 38 00:01:47,361 --> 00:01:51,205 အမဲလိုက်ဖြစ်စဥ်တစ်ခုမှာ ပုံမှန်ဆို ခွန်အားကအရေးပါတယ်ဆိုပေမဲ့ 39 00:01:51,205 --> 00:01:53,790 အဆိပ်က မော်လီကျူးချင်းတိုက်ပွဲအဖြစ် ပြောင်းလဲလိုက်ပါတယ် 40 00:01:53,800 --> 00:01:55,879 အဲဒီအခါကျ အရွယ်ကွာတာက ကိစ္စမရှိတော့ဘဲ 41 00:01:55,903 --> 00:01:58,006 အဆိပ်ဘယ်သူပိုပြင်လဲကအဓိကဖြစ်သွားပါတယ် 42 00:01:58,030 --> 00:02:00,561 သင်ပိုင်ဆိုင်တဲ့ အဆိပ်ရဲ့ဓာတုဖွဲ့စည်းပုံတွေက 43 00:02:00,585 --> 00:02:04,030 ပေါက်ကျိုင်းကို ဘုရင်ဖြစ်စေတဲ့ အကြောင်းအရင်းလိုမျိုးပါပဲ 44 00:02:04,054 --> 00:02:07,411 အခုပြောနေတဲ့ဖြစ်ရပ်မှာတော့့ ဒီပင်လယ်ခရုက ပေါက်ကျိုင်းပေါ့ 45 00:02:07,435 --> 00:02:10,578 နောက်ထပ် အဆိပ်ရဲ့ နာမည်ကြီးတဲ့အကြောင်းရင်းတစ်ခုကတော့ 46 00:02:10,602 --> 00:02:14,836 ဆွပ်စ်စစ်တပ်သုံးဓားတွေမှာပါတဲ့ သေသပ်လွန်းလှတဲ့ အဆိပ်အသုံးပြုပုံကြောင့်ပါ 47 00:02:14,860 --> 00:02:16,059 ဓားကအဆိပ်တွေက 48 00:02:16,083 --> 00:02:19,875 ခန္ဓာကိုယ်လည်ပတ်မှုအတွက် အဓိကကျတဲ့အရာတွေဆီ သွားပါးတယ် 49 00:02:19,899 --> 00:02:23,434 ဒီတော့ သွေး၊ ဦးနှောက်၊ အမြှေးပါးတွေကို အဆိပ်ကပစ်မှတ်ထားပါတယ် 50 00:02:23,458 --> 00:02:26,037 ဒီခရုရဲ့အဆိပ်ပဲဖြစ်ဖြစ် မြွေအဆိပ်ပဲဖြစ်ဖြစ် 51 00:02:26,061 --> 00:02:28,537 နှစ်ခုလုံးမှာက Hemotoxic လို့ခေါ်တဲ့ 52 00:02:28,561 --> 00:02:30,593 သွေကိုခဲစေတဲ့ဖြစ်စဥ်တွေ 53 00:02:30,617 --> 00:02:32,403 ဒါမှမဟုတ် Neurotoxic လို့ခေါ်တဲ့ 54 00:02:32,427 --> 00:02:36,467 ဦးနှောက်ထဲက Neuron တွေကို မူမမှန်ဖြစ်စေတဲ့ဖြစ်စဥ်တွေ 55 00:02:36,491 --> 00:02:37,951 ဒါမှမဟုတ် Cytotoxicလို့ခေါ်တဲ့ 56 00:02:37,975 --> 00:02:42,411 ဆဲလ်ရဲ့အမြှေးပါးတွေကို အပေါက်တွေဖြစ်စေပြီး အက်ကွဲအောင် ပေါက်ကွဲတဲ့ဖြစ်စဥ်တွေ 57 00:02:42,435 --> 00:02:45,708 အစရှိတာတွေကိုဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေ 58 00:02:45,732 --> 00:02:47,439 ဒီအဆိပ်တွေမှာပါပါတယ် 59 00:02:47,463 --> 00:02:49,693 ဆဲလ်အဆင့်မှာပေါက်ကွဲစေတာနော် 60 00:02:49,717 --> 00:02:52,653 ဒါကိုမှ အားပြင်းတယ်မခေါ်သေးရင်တော့့ 61 00:02:52,677 --> 00:02:53,944 တခြားဘာမှမရှိတော့ဘူး 62 00:02:53,968 --> 00:02:55,564 ကျွန်မက ဘာကြောင့်ဒီလောက်ထိတောင် 63 00:02:55,588 --> 00:02:57,999 အဆိပ်ကိုနဲ့ပတ်သက်ပြီး စိတ်ဝင်စားလဲဆိုတာပြောပြပါ့မယ် 64 00:02:58,579 --> 00:03:00,347 ကျွန်မက New York မှာကြီးပြင်းခဲ့ပြီး 65 00:03:00,371 --> 00:03:03,387 သဘာဝသမိုင်းပြတိုက်ကိုပဲ အမြဲပို့ခံထားရတာ 66 00:03:03,411 --> 00:03:04,799 ပို့ခံထားရတယ်လို့ပြောရတာက 67 00:03:04,823 --> 00:03:06,289 ကျွန်မမိဘတွေက ပြတိုက်ကို 68 00:03:06,313 --> 00:03:09,894 နေ့ကလေးထိန်းကျောင်းလိုမျိုး ကျွန်မတို့မောင်နှမငါးယောက်ကို ပို့ထားတာ 69 00:03:10,253 --> 00:03:11,452 လိုက်နာရတာနှစ်ခုရှိတယ် 70 00:03:11,476 --> 00:03:12,737 လူမပျောက်စေရဘူး 71 00:03:12,761 --> 00:03:15,087 ပြီးတော့ ၅ခွဲပြတိုက်ပိတ်တဲ့အခါကျရင် အဖေနဲ့အမေကို 72 00:03:15,111 --> 00:03:17,483 အာဖရီကဆင်တွေကြီးနားသွားစောင့်ရတယ် 73 00:03:17,507 --> 00:03:23,138 အဲဒီလို ပြတိုက်ထဲမှာ ထိန်းမဲ့သူမပါဘဲနဲ့ လျှောက်သွားခဲ့ရတဲ့နေတွေက 74 00:03:23,162 --> 00:03:25,974 စူးစမ်းမှုတွေ စွန့်စားမှုတွေနဲ့ အပြည့်ပဲပေါ့ 75 00:03:25,998 --> 00:03:28,569 ကျွန်မအဆိပ်တွေကိုလေ့လာတဲ့အခါ အဲ့လိုပဲခံစားရတယ် 76 00:03:28,593 --> 00:03:30,307 သိပ္ပံစွန့်စားခဲ့ကြီးတစ်ခုလိုပေါ့့ 77 00:03:30,331 --> 00:03:35,587 ကျွန်မတို့ဟာ လူသားမျိုးနွယ်နဲ့ သဘာဝကြီးရဲ့ ဆက်နွယ်မှုတွေကို ရဲဝံ့စွာ ရှာဖွေနေတာပါ 78 00:03:35,611 --> 00:03:37,817 နောက်ထပ်ပြီး အဆိပ်ကိုသဘောကျတဲ့အချက်က 79 00:03:37,841 --> 00:03:39,585 အကောင်းအဆိုးဒွန်တွဲနေလို့ပါ 80 00:03:39,609 --> 00:03:43,252 လူ့အစိတ်အပိုင်းထဲကို အဆိပ်တွေထိုးသွင်းလိုက်တဲ့အခါ 81 00:03:43,276 --> 00:03:45,633 ဆေးဖြစ်တာလည်းရှိတယ် ဘေးဖြစ်တာလည်းရှိတယ် 82 00:03:45,657 --> 00:03:48,299 မော်လီကျူးအဆင့်မှာက မျိုးစုံဖြစ်နိုင်တယ် 83 00:03:48,601 --> 00:03:51,704 ခုနတုန်းက ငါးအကြောသေသွားတာကိုတွေ့တယ်မလား 84 00:03:52,134 --> 00:03:54,666 အဲဒါဘာလို့ဖြစ်တာလဲဆိုတော့ အဆိပ်တွေက 85 00:03:54,690 --> 00:03:57,927 ငါးထဲကဆဲလ်တွေရဲ့ ဆက်သွယ်မှုကို တိုက်ခိုက်ပြီးတော့ 86 00:03:57,951 --> 00:03:59,982 ‌ရေကူးပြီးထွက်မပြေးနိုင်အောင်လုပ်လိုက်တာပါ 87 00:04:00,006 --> 00:04:03,334 ကျွန်မအနေနဲ့ အဆိပ်ကိုသုံးပြီးတော့ တိုက်ခိုက်ချင်တဲ့အရာရှိလားဆိုရင်တော့ 88 00:04:03,760 --> 00:04:04,926 ရှိတာပေါ့့ 89 00:04:04,950 --> 00:04:06,768 ကင်ဆာကိုတိုက်ခိုက်ချင်တာပါ 90 00:04:06,792 --> 00:04:08,848 ကင်ဆာကျိတ်တွေက ဆဲလ်တွေလေ 91 00:04:08,872 --> 00:04:10,031 အဲဒီတော့ ဆဲလ်တိုင်းလိုပဲ 92 00:04:10,055 --> 00:04:13,228 သူတို့က သူတို့ကိုယ်တိုင်ကိုရော ဘေးပတ်ဝန်းကျင်ကိုကော ဆက်သွယ်တယ်လေ 93 00:04:13,252 --> 00:04:15,434 ကျွန်မတို့က ငါးရဲ့ဆဲလ်တွေရဲ့ ဆက်သွယ်မှုကို 94 00:04:15,458 --> 00:04:19,354 အဆိပ်က နှောက်ယှက်ပြီးရေကူး မပြေးနိုင်အောင် လုပ်သလိုမျိုး 95 00:04:19,378 --> 00:04:24,188 ကင်ဆာဆဲလ်တွေရဲ့ဆက်သွယ်မှုကို ကောင်းကောင်းအနှောက်အယှက်ပေးနိုင်မယ့် 96 00:04:24,212 --> 00:04:26,291 အဆိပ်ကိုရှာဖို့လုပ်နေတာပါ 97 00:04:26,315 --> 00:04:29,654 ကျွန်မသုတေသနမှာတော့ ကင်ဆာကို Channelopathy အမျိုးအစားအနေနဲ့ လေ့လာပါတယ် 98 00:04:29,998 --> 00:04:33,405 အခြေခံအားဖြင့် ပုံမှန်ဆဲလ်တွေနဲ့မတူဘဲ ဆက်ကြောင်းတွေထင်ရှားတဲ့ 99 00:04:33,429 --> 00:04:37,231 ကင်ဆာကျိတ်တွေကို အဓိကပစ်မှတ်ထားမဲ့ အဆိပ်ဖွဲ့စည်းပုံကို 100 00:04:37,255 --> 00:04:38,540 ရှာနေတာလို့ဆိုလိုတာပါ 101 00:04:38,564 --> 00:04:41,085 ကျွန်မတို့ အခုလောလောဆယ်ဆယ် အဓိကလေ့လာနေတဲ့ကင်ဆာကတော့့ 102 00:04:41,109 --> 00:04:42,442 အသည်း ကင်ဆာဖြစ်ပါတယ် 103 00:04:42,466 --> 00:04:44,808 ဘာလို့လဲဆိုတော့ အသည်းကင်ဆာကြောင့်သေတဲ့နှုန်းက 104 00:04:44,832 --> 00:04:47,537 ၁၉၈၀ ပြည့်နှစ်တွေကစဖြစ် နှစ်ဆအထိဖြစ်လာခဲ့လို့ပြီး 105 00:04:47,561 --> 00:04:49,942 အမေရိကန်အတွက် ခြိမ်ခြောက်မှုတစ်ခု ဖြစ်လာနေပါတယ် 106 00:04:49,966 --> 00:04:52,260 ဇယားမှာပြထားတာတွေက 107 00:04:52,284 --> 00:04:55,483 သားအိမ်ကင်ဆာ၊ ‌ဝှေးစေ့ကင်ဆာ အာရုံကြောကင်ဆာနဲ့ အသဲကင်ဆာပါ 108 00:04:55,507 --> 00:04:57,998 စမ်းသပ်တွေ့ရှိချက်တွေအရတော့့ 109 00:04:58,022 --> 00:05:01,315 ဒီခရုကရရှိတဲ့ အဆိပ်ဓာတ်ပေါင်းတွေဟာ 110 00:05:01,339 --> 00:05:05,022 အသည်းရဲ့ကင်ဆာကိုပဲတိုက်ခိုက်ပြီး တစ်ခြားကင်ဆာတွေကိုတော့ မတိုက်ပါဘူး 111 00:05:05,046 --> 00:05:08,490 ပြီတော့ ဒီအဆိပ်ဓာတ်ပေါင်းကို အသည်းကင်ဆာဖြစ်နေတဲ့ကြွက်ထဲ 112 00:05:08,514 --> 00:05:10,507 ထိုးသွင်းလိုက်တဲ့အခါမှာတော့ 113 00:05:10,531 --> 00:05:13,766 ဒီအဆိပ်က ကင်ဆာကျိတ်တွေပြန့်နှံ့မှုကို သိသိသာသာပဲ ရပ်တန့်စေခဲ့ပါတယ် 114 00:05:13,790 --> 00:05:16,006 ဒါဘာကြောင့်ဖြစ်တာလဲဆိုတာ သေချာမသိသေးတဲ့အတွက် 115 00:05:16,030 --> 00:05:17,895 ဒီအဆိပ်ရဲ့အလုပ်လုပ်ပုံနဲ့ 116 00:05:17,919 --> 00:05:20,673 ပိုထိ‌ရောက်အောဘယ်လိုလုပ်ရမလဲ ဆိုတာကို လေ့လာနေဆဲပါပဲ 117 00:05:20,697 --> 00:05:22,640 ဒီတော့ အသဲကင်ဆာကုသဖို့အတွက် 118 00:05:22,664 --> 00:05:26,847 ဒီခရုကနေ ဆေးထုတ်ဖို့ကို အလျင်လိုမလုပ်နိုင်သေးပါဘူး 119 00:05:26,871 --> 00:05:28,109 အခုလောလောဆယ်ဆယ်ပေါ့ 120 00:05:28,450 --> 00:05:30,283 ကျွန်မတို့ရဲ့သုံးသပ်ချက်ကတော့ 121 00:05:30,307 --> 00:05:33,823 အဆိပ်ဓာတ်ပေါင်းက သက်ဆိုင်ရာ ဆက်ကြောင်းတွေကို ပိတ်ဆို့ပြီး 122 00:05:33,847 --> 00:05:36,609 ဓာတုပစ္စည်းတွေ အချင်းချင်းပို့နေတာကို တာမြစ်လိုက်တာက 123 00:05:36,633 --> 00:05:38,846 ကင်ဆာကျိတ်တွေကို ပွားစေတဲ့ 124 00:05:38,870 --> 00:05:43,132 လှုံ့ဆော်မှုတွေကို လျော့နည်းစေပြီး ကိုယ့်ကိုယ်ကို သွေတွေစုပ်ထုတ်လိုက်ပါတယ် 125 00:05:43,156 --> 00:05:46,133 လူသားတွေမှာဖြစ်တတ်တဲ့ ‌ရောဂါတွေ မူမမှန်မှုတွေကို ကုသဖို့အတွက် 126 00:05:46,157 --> 00:05:48,848 အဆိပ်ရဲ့ ဖွဲ့စည်းပုံကိုလေ့လာတာက 127 00:05:48,872 --> 00:05:50,156 အသစ်အဆန်းမဟုတ်ပါဘူး 128 00:05:50,180 --> 00:05:52,950 ကျွန်မတို့အခေါ် "သဘာဝထွက်ဆေးများရှာဖွေခြင်း"ဆိုတာ 129 00:05:52,974 --> 00:05:54,784 ရာစုနှစ်များစွာကတည်းက တည်ရှိခဲ့ပြီး 130 00:05:54,808 --> 00:05:56,990 ကမ္ဘာတစ်လွှားမှာဆို မိရိုးဖလာတစ်ခုဖြစ်နေပါပြီ 131 00:05:57,014 --> 00:05:59,474 အဆိပ်တွေက ဓာတ်ပေါင်းအသစ်အဆန်းတွေပဲ ပေးတာမဟုတ်ပါဘူး 132 00:05:59,498 --> 00:06:02,284 လူသားရောဂါတွေ မူမမှန်မှုတွေကို ကုသဖို့အတွက်လည်း 133 00:06:02,308 --> 00:06:05,185 ကျွန်မတို့ကို နည်းလမ်းသစ်တွေပေးပါသေးတယ် 134 00:06:05,521 --> 00:06:07,267 ဒီအကြောင်း ဥပမာသုံးခုပေးပါ့မယ် 135 00:06:07,291 --> 00:06:10,117 ပထမတစ်ခုကတော့ ကျွန်မတို့ဇာတ်လိုက် ခရုဆီကပါ 136 00:06:10,141 --> 00:06:14,037 ဒီခရုကနေ ပထမဆုံးထုတ်ခဲ့တဲ့ ဆေးဝါးတွေကို စျေးကွက်ထဲမှာတော့ 137 00:06:14,061 --> 00:06:16,863 Ziconotide သို့မဟုတ် Prialt လို့ခေါ်ပါတယ် 138 00:06:16,887 --> 00:06:20,989 ဒီဆေးကို HIV နဲ့ ကင်ဆာလူနာတွေမှာဖြစ်တတ်တဲ့ နာတာရှည်နာကျင်မှုကို ကုသဖို့သုံးပါတယ် 139 00:06:21,013 --> 00:06:23,790 Prialt က မစွဲလန်းစေပါဘူး 140 00:06:24,227 --> 00:06:28,185 လက်ရှိမှာ နာကျင်မှုကိုဘယ်လိုကုလဲဆိုတာရဲ့ အဖြေပါပဲ 141 00:06:28,209 --> 00:06:31,550 ကျွန်မတို့ဟာ စွဲလမ်းမှုအရမ်းဖြစ်စေတဲ့ ဆေးတွေကို သုံးခဲ့ရဖူးပါတယ် 142 00:06:31,574 --> 00:06:32,743 မော်ဖင်းလိုဆေးတွေ 143 00:06:32,767 --> 00:06:35,609 ဒါမှမဟုတ် မင်းသောက်နေကျဖြစ်တဲ့ opioid တစ်ခုခုပေါ့ 144 00:06:35,633 --> 00:06:36,895 အခု ဒီခရုလုပ်ပေးလိုက်တာက 145 00:06:36,919 --> 00:06:41,332 နောက်ဆက်တွဲ စွဲလန်းမှုမဖြစ်စေဘဲ နာကျင်မှုကိုကုတဲ့နည်းကို လမ်းပြသွားပါတယ် 146 00:06:41,356 --> 00:06:42,506 ပြောင်းလဲမှုကြီးတစ်ခုပါ 147 00:06:43,055 --> 00:06:46,364 နောက်ဥပမာတစ်ခုကတော့ Brazilian pit viper ရဲ့အဆိပ်ပါ 148 00:06:46,388 --> 00:06:49,776 ဒီမြွေဆိပ်ကနေပြီး Captopril လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးရရှိပါတယ် 149 00:06:49,800 --> 00:06:52,879 Captopril ကို သွေးတိုးရောဂါကိုကုသဖို့ အသုံးပြုပါတယ် 150 00:06:52,903 --> 00:06:55,403 ပုံမှန်အားဖြင့် သွေတိုးတို့ နှလုံးရောဂါတို့မှာသုံးတဲ့ 151 00:06:55,427 --> 00:06:57,577 ACE inhibitorsလိုမျိုးသိထားတဲ့ 152 00:06:57,601 --> 00:07:00,529 ဆေးအမျိုးအစားတွေကိုထက်တောင် ပိုရှေ့ရောက်ရုံတင်မကဘဲ 153 00:07:00,553 --> 00:07:02,609 သူ့သဘာဝအလျောက်ကိုက 154 00:07:02,633 --> 00:07:06,133 ထူးခြားလွန်းတာကြောင့် Captopril ကို အရမ်းအောင်မြင်တဲ့ဆေးလို့ 155 00:07:06,157 --> 00:07:07,585 သမုတ်ကြပါတယ် 156 00:07:07,609 --> 00:07:11,387 နောက်ဆုံးဥပမာကတော့ Gila monster(ဖွတ်တစ်မျိုး)ဆီကပါ 157 00:07:11,411 --> 00:07:15,332 ဒီဥပမာက သူ့လိုသက်ရှိတွေရဲ့ ဂေဟစနစ်ကို နားလည်စေတာ‌ရော ဆေးအသစ်တွေတာရော 158 00:07:15,356 --> 00:07:16,705 နှစ်ခုဆက်နွယ်နေတဲ့ 159 00:07:16,729 --> 00:07:19,037 အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဥပမာတစ်ခုပါ 160 00:07:19,061 --> 00:07:21,125 ဒီ Gila monsters တွေဟာ အရမ်းအစားကြီးပါတယ် 161 00:07:21,149 --> 00:07:23,537 သူတို့အစားအများကြီးစားပြီဆိုတာနဲ့ 162 00:07:23,561 --> 00:07:26,955 သွေထဲသကြားပါဝင်မှုကိုလျော့စေတဲ့အရာတွေကို သူတို့အဆိပ်ကထုတ်ပေးပါတယ် 163 00:07:26,979 --> 00:07:30,892 ဒီတော့ ကျွန်မတို့ Gila monsters ဆီကနေ ရခဲ့တဲ့ဆေးက ဘာဆေးလို့ထင်လဲ 164 00:07:30,916 --> 00:07:35,116 ဆီးချိုရောဂါသည်တွေအတွက် သွေးတွင်းသကြားပါဝင်မှုကို လျော့ပေးတဲ့ဆေးပါ 165 00:07:35,140 --> 00:07:37,188 ဒါတွေဟာ အရမ်းအံ့သြဖို့ကောင်းတဲ့ ဥပမာသုံးခုပါ 166 00:07:37,212 --> 00:07:39,260 ဒါတွေက အပေါ်ယံပဲရှိပါသေးတယ် 167 00:07:39,284 --> 00:07:42,077 အဆိပ်တွေအများကြီး လေ့လာဖို့ကျန်သေးပါတယ် 168 00:07:42,101 --> 00:07:45,673 စာရင်းအရတော့ ကမ္ဘာပေါ်ကတိရစ္ဆာန်တွေရဲ့ ၅ရာခိုင်နှုန်းဟာ 169 00:07:45,697 --> 00:07:46,880 အဆိပ်ရှိမယ်လို့ထင်ပါတယ် 170 00:07:46,904 --> 00:07:48,594 ဒါတောင် အနည်းဆုံးထားတွက်ထားတာပါ 171 00:07:48,618 --> 00:07:51,959 ဒီတော့ ကမ္ဘာပေါ်ကတိရစ္ဆာန်အားလုံးကို ကျွန်မတို့မသိသေးဘူးလို့ ဆိုလိုတာပါ 172 00:07:51,983 --> 00:07:54,630 ဒါပေမဲ့ သဘာဝကြီးက သူတွေစေချင်တာကိုပဲ တွေ့ခွင့်ပေးပုံပါပဲ 173 00:07:54,654 --> 00:07:57,853 ပြီးတော့ ဒီလိုမျိုးပဲ ထပ်တလည်းလည်းလုပ်နေပြီးတော့ 174 00:07:57,877 --> 00:08:00,639 တွေနေကျတိရစ္ဆာန်အမျိုးအစားတွေကိုပဲ သက်တမ်းတစ်လျှောက်လုံးမှာ 175 00:08:00,639 --> 00:08:02,576 ပိုပိုပြီးတွေ့လာစေပါတယ် 176 00:08:02,600 --> 00:08:06,156 ဒီတော့ ကျွန်မသဘောကျတဲ့ ဒီခရုတို့၊ ရေခူတို့ 177 00:08:06,180 --> 00:08:07,449 ဘဲတူဖျံတူတို့ 178 00:08:07,473 --> 00:08:10,228 ခူကောင်တို့၊ slow lorisesတို့ 179 00:08:10,252 --> 00:08:12,863 စတဲ့ ကုန်းနေ၊ ရေနေ၊ လေနေတွေအကြောင်း 180 00:08:12,887 --> 00:08:15,887 ကျွန်မတို့ပြောကြတဲ့အခါ 181 00:08:15,911 --> 00:08:18,633 ဒီအဆိပ်ရှိတဲ့ သတ္တဝါတွေကို ရင်ဆိုင်ရမှာသေချာပေါက်ပါပဲ 182 00:08:18,657 --> 00:08:20,069 အဆိပ်က လူဆိုးလည်းဟုတ်တယ် 183 00:08:20,093 --> 00:08:24,188 သူရဲကောင်းလဲဖြစ်တယ်လို့ ကျွန်မပြောခဲ့တာကို မှတ်မိလား 184 00:08:24,212 --> 00:08:25,768 အဲဒီတုန်းကတော့ မယုံချင်ဘူးဟုတ် 185 00:08:25,792 --> 00:08:26,974 အင်း 186 00:08:26,998 --> 00:08:30,036 ကမ္ဘာပေါ်ကတိရစ္ဆာန်မျိုးစိတ်တွေကို မဆုံးရှုံးလိုက်ရခင် 187 00:08:30,036 --> 00:08:33,134 ဒီအဆိပ်ရဲ့ကောင်းကျိုးတွေကို ကောင်းကောင်းအသုံးချနိုင်ဖို့ လိုပါတယ် 188 00:08:33,134 --> 00:08:34,840 ဒါကလည်း ခြုံငုံလုပ်ရမယ့်ကိစ္စပါ 189 00:08:34,864 --> 00:08:39,426 တိရစ္ဆာန်တွေရဲ့အကူအညီမပါဘဲနဲ့ ဒီရောဂါကုထုံးတွေကို မရရှိနိုင်ပါဘူး 190 00:08:39,450 --> 00:08:41,085 ပြီးတော့ ဒီဂေဟစနစ်တွေမရှိဘဲနဲ့ 191 00:08:41,109 --> 00:08:42,856 တိရစ္ဆာန်တွေ မရှိနိုင်ပါဘူး 192 00:08:42,880 --> 00:08:44,539 ကျွန်မနဲ့ ဒီခရုတွေအတွက်ကတော့ 193 00:08:44,563 --> 00:08:47,318 ဒါဟာ သမုဒ္ဒရာတွေကို ထိန်းသိမ်းရမယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ် 194 00:08:47,342 --> 00:08:49,739 ပြီးတော့ ဒီအဆိပ်ရှိသတ္တဝါတွေက နေရာတိုင်းမှာရှိတော့ 195 00:08:49,763 --> 00:08:51,778 ကမ္ဘာကြီးတစ်ခုလုံးကို ထိန်းသိမ်းရမှာပေါ့့ 196 00:08:51,802 --> 00:08:53,548 ဒီတော့ မင်းအတွက်မဟုတ်ရင်တောင် 197 00:08:53,572 --> 00:08:55,491 ဒီတိရစ္ဆာန်တွေအတွက် ထိန်းသိမ်းပေးပါ 198 00:08:55,515 --> 00:08:56,682 ဘယ်သူ သိမှာလဲ၊ 199 00:08:56,706 --> 00:08:59,992 တစ်နေ့တော့ ဒီခရုအဆိပ်က မင်းအသက်ကို ကယ်နိုင်တာပဲလေ 200 00:09:00,952 --> 00:09:02,102 ကျေးဇူးတင်ပါတယ်