Albert Camus ဟာ အကြမ်းဖက်မှု
ဝန်းရံလျက် ကြီးပြင်းလာခဲ့တယ်။
သူ့မွေးရပ်မြေ Algeria ဟာ ဒေသခံ
အယ်လ်ဂျေးရီးယန်းတွေနဲ့ ကိုလိုနီပြုတဲ့
ပြင်သစ် ဥရောပသားတွေကြားက
ပဋိပက္ခတွေနဲ့ နွံနစ်နေခဲ့တယ်။
ပထမ ကမ္ဘာစစ်အတွင်းမှာ
သူ့ဖခင်ကို ဆုံးရှုံးခဲ့ရပြီး
ဒုတိယတစ်ခုမှာ တိုက်ခိုက်ဖို့ မသင့်ဘူးလို့
မှတ်ယူခဲ့တယ်။
ပြင်သစ်မှာ အဆုတ်ရောဂါကို တိုက်ပွဲဝင်ရင်း
စစ်ရဲ့ အပျက်အစီးကို ရင်ဆိုင်တွေ့ရင်း
သတင်းစာသမားတစ်ဦးအနေနဲ့ Camus
ဟာ မျှော်လင့်ချက်မဲ့မှု တိုးလာခဲ့တယ်။
အဆုံးမဲ့ သွေးထွက်သံယိုမှုနဲ့ ဒုက္ခ အားလုံး
နောက်ကွယ်မှာ ဘာအဓိပ္ပာယ်မှ ရှာမတွေ့ခဲ့ဘူး။
သူ မေးခဲ့တာက လောကကြီးက
အဓိပ္ပာယ်မဲ့တယ်ဆိုရင်
ကျွန်ုပ်တို့ရဲ့ တစ်ဦးချင်းဘဝတွေဟာ
တန်ဖိုးကို ဆုပ်ကိုင်နိုင်တုန်းလား။
Camus နဲ့ ခေတ်ပြိုင် အတော်များများဟာ
ဖြစ်တည်မှုပဓာနဝါဒ ဆိုတဲ့ ဒဿနသစ်တစ်ခုရဲ့
အောင်လံတော် အောက်မှာ
အလားတူ မေးခွန်းတွေကို စူးစမ်းနေခဲ့တယ်။
ဖြစ်တည်မှုပဓာနဝါဒီတွေ ယုံကြည်တာက လူတွေဟာ
မွေးလာချိန်မှာ ဗလာသင်ပုန်းနဲ့ တူကြတယ်၊
ပရမ်းပတာ လောကအလယ်မှာ လူတိုင်းဟာ ဘဝ
အဓိပ္ပာယ်ကို ဖန်တီးဖို့တာဝန်ရှိတယ်ဆိုတာပါ။
ဒါပေမဲ့ Camus က သူတို့ရဲ့ အတွေးအခေါ်
ဂိုဏ်းကို ပယ်ချခဲ့တယ်။
သူ ဆွေးနွေးငြင်းခုံခဲ့တာက လူအားလုံးဟာ
ဘုံပန်းတိုင်တွေဆီ သူတို့ကို ပေါင်းစည်းတဲ့
တူညီတဲ့ လူသား သဘာဝတစ်ခုနဲ့ မွေးဖွားခဲ့တယ်။
ဒီလိုပန်းတိုင်က လောကရဲ့ယုတ္တိမဲ့ ရက်စက်
မှုတွေရှိပေမဲ့ အဓိပ္ပာယ်ကို ရှာဖို့ပါ။
Camus က အဓိပ္ပာယ်အတွက် လူသားရဲ့တောင့်တမှု
နဲ့ စကြာဝဠာရဲ့ တိတ်ဆိတ်တဲ့ ဥပေက္ခာပြုမှုဟာ
ဆက်စပ်လို့မရတဲ့ အပိုင်းအစ နှစ်ခုအဖြစ်
ရှုမြင်ခဲ့ပြီး
ဒါတွေကို အတူတူ အံကျဖို့ ကြီးစားခြင်းဟာ
အခြေခံအားဖြင့် အဓိပ္ပာယ်မဲ့တယ်လို့ ယူဆတယ်။
ဒီအားပြိုင်မှုက Camus ရဲ့ အဓိပ္ပာယ်မဲ့မှု
ဒဿနရဲ့ ဗဟိုချက် ဖြစ်လာခဲ့တယ်။
ဒါက ဘဝရဲ့ ပင်ကိုကကို အချည်းနှီးပါလို့
ဆွေးနွေးငြင်းခုံခဲ့ကြတယ်။
အဓိပ္ပာယ်မဲ့ နေထိုင်ပုံကို စူးစမ်းခြင်းက
Camus ရဲ့ အစောပိုင်း လက်ရာနောက်ကွယ်က
လမ်းပြ မေးခွန်းဖြစ်လာခဲ့တယ်။
ဒါကို သူခေါ်ခဲ့တာက သူ့ရဲ့
'အဓိပ္ပာယ်မဲ့မှု သံသရာ' ပါ။
ဒီသံသရာရဲ့ ကြယ်ပွင်နဲ့
Camus ရဲ့ ပထမဆုံး ထုတ်ဝေတဲ့ ဝတ္ထုဟာ
အတော်လေး ဆိုးဝါးတဲ့
တုံ့ပြန်မှုတစ်ခုကို ပေးတယ်။
"The Stranger" မှာ ပါတဲ့ Meursault ဟာ
ဘာတစ်ခုကိုမှ အဓိပ္ပာယ် မမှတ်ယူတဲ့
စိတ်ပိုင်းအရ အစွဲကင်းတဲ့ လူရွယ်တစ်ယောက်ပါ။
သူ့အမေ အသုဘမှာ သူ မငိုဘူး။
အမျိုးသမီးတစ်ဦးကို အရှက်ခွဲဖို့ အိမ်နီး
ချင်းရဲ့အကြံအစည်ကို ထောက်ခံတယ်။
ကြမ်းတမ်းတဲ့ ရာဇဝတ်မှုကိုတောင် ကျူးလွန်ခဲ့
ပေမဲ့ Meaursault ဟာ နောင်တ မရသူပါ။
သူ့အတွက် လောကဟာ အဓိပ္ပာယ်မဲ့ကာ ကိုယ်ကျင့်
ဆိုင်ရာ ဆင်ခြင်တုံတရားအတွက် နေရာမရှိဘူး။
ဒီသဘောထားက Meursault နဲ့
သူနေထိုင်တဲ့ သေဝပ်တဲ့ လူ့အဖွဲ့အစည်း
အကြားမှာ ရန်လိုစိတ်ကို ဖန်တီးပေးတယ်။
ဝတ္ထုရဲ့ပေါက်ကွဲတဲ့ အထွတ်အထိတ် မရောက်ခင်ထိ
သူ့ရဲ့ကင်းကွာမှုကို တဖြည်းဖြည်း တိုးလာတယ်။
သူ့ရဲ့ အပယ်ခံ ဇာတ်လိုက်နဲ့ မတူဘဲ Camus ဟာ
သူ့ရဲ့ ရိုးသားတဲ့ ဒဿနအတွက် ဂုဏ်ပြုခံရတယ်။
"The Stranger" ဟာ သူ့ကို ကျော်ကြားမှုဆီ
တွန်းတင်ပေးခဲ့ပြီး Camus ဟာ
အဓိပ္ပာယ်မဲ့မှု အလယ်က ဘဝတန်ဖိုးကို
စူးစမ်းတဲ့ လက်ရာတွေ ဆက်ထုတ်ခဲ့တယ်။
ဒါတွေထဲက အများအပြားဟာ အလားတူ
ဒဿနဆိုင်ရာ မေးခွန်းဆီ ပြန်ပြီးဝဲလည်ခဲ့တယ်။
ဘဝဟာ တကယ်ပဲ အဓိပ္ပာယ်မဲ့ရင်
ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းက
တစ်ခုတည်းသော ယုတ္တိတန်တဲ့ တုံ့ပြန်မှုလား။
Camus ရဲ့ အဖြေကတော့ ပြတ်သားတဲ့ "နိုး"ပါ။
မတရားတဲ့ လောကအတွက် ရှင်းလင်းချက်
တစ်ခုမှ မရှိလောက်ပေမဲ့
ဂရုမထားဘဲ ရှင်သန်ဖို့ ရွေးချယ်ခြင်းက
စစ်မှန်တဲ့ လွတ်လပ်မှုရဲ့
အနက်ရှိုင်းဆုံး ဖော်ပြချက်ပါ။
Camus က သူ့ရဲ့ အကျော်ကြားဆုံး
စာတမ်းတို တစ်ပုဒ်မှာ ဒါကို ရှင်းပြတယ်။
ဒါက ဂရိ ဒဏ္ဍာရီ Sisyphus ကို
ဗဟိုပြုထားတယ်။
Sisyphus က နတ်ဘုရားတွေကို
လှည့်စားခဲ့တဲ့ ဘုရင်တစ်ပါးဖြစ်ပြီး
ကျောက်တုံးတစ်တုံးကို တောင်ကုန်းပေါ်
အတော်မသတ် တွန်းတင်ဖို့ ပြစ်ဒဏ်ချခံရတယ်။
သူ့ပြစ်ဒဏ်ရဲ့ ရက်စက်မှုက ၎င်းရဲ့တစ်ခု
တည်းသော အဓိပ္ပာယ်မဲ့မှု အတွင်းမှာရှိပေမဲ့
လူသားအားလုံးဟာ အလားတူ အခြေအနေမှာ
ရှိနေတယ်လို့ Camus ဆွေးနွေးငြင်းခုံတယ်။
ဘဝတွေရဲ့ အဓိပ္ပာယ်မဲ့မှုကို
ကျွန်ုပ်တို့ လက်ခံမှသာ
ခေါင်းတွေကို မြင့်မြင့်မော့ကာ
ယုတ္တိမဲ့ကို ကျွန်ပ်တို့ရင်ဆိုင်နိုင်တယ်။
Camus ပြောသလို ဘုရင်က သူ့ရဲ့ အတော်မသတ်တဲ့
အလုပ်ကို နောက်တစ်ခါ ထပ်ရွေးချယ်တဲ့အခါ
'လူတစ်ယောက်ဟာ Sisyphus ပျော်ရွင်တာကို
စိတ်ကူးကြည့်ရမယ်။'
Camus ရဲ့ ခေတ်ပြိုင်တွေဟာ အဓိပ္ပာယ်မဲ့မှု
ကို သိပ်လက်ခံနေတာမဟုတ်ဘူး။
ဖြစ်တည်မှုဝါဒီများစွာက လူတွေကို
ထောက်ပံ့မှုနဲ့ ပန်းတိုင် ပိတ်ပင်နေတယ်လို့
သူတို့ယုံကြည်တဲ့စနစ်တွေကို ပြောင်းပြန်လှန်
ဖို့ အကြမ်းဖက် တော်လှန်ရေးကို ထောက်ခံတယ်။
Camus ဟာ သူ့ရဲ့ ပုန်ကန်မှု သံသရာ၊
ဒုတိယ လက်ရာစုနဲ့ တုံ့ပြန်ခဲ့တယ်။
"The Rebel" ထဲမှာ သူက သူပုန်ထမှုကို
ဖျက်ဆီးတဲ့ လုပ်ရပ်တစ်ခုထက်
ဖန်တီးတတ်တဲ့ တစ်ခုအဖြစ်
စူးစမ်းလေ့လာခဲ့တယ်။
Camus ယုံကြည်တာက အာဏာ
အင်အားတွေကို ပြောင်းပြန်လှန်ခြင်း
အကြမ်းဖက်မှုရဲ့ အဆုံးမဲ့ သံသရာ
တစ်ခုကိုသာ ဦးတည်စေတယ်လို့ပါ။
ဒီအစား မလိုအပ်တဲ့ သွေးထွက်သံယိုဖြစ်မှုကို
ရှောင်ရှားဖို့ နည်းလမ်းက
ကျွန်ုပ်တို့ရဲ့ တူညီတဲ့ လူသား သဘာဝရဲ့
ဘုံနားလည်မှုတစ်ခုကို တည်ဆောက်ဖို့ပါ။
ဖြစ်ချင်တော့ ဒါက များစွာသော ရောင်းရင်း
စာရေးဆရာတွေနဲ့ ဒဿနပညာရှင်တွေနဲ့
သူ့ဆိုးကျိုးကို စနက်ပျိုးပေးတဲ့ အတော်
ငြိမ်းချမ်းတဲ့ စိတ်ကူးတွေရဲ့ ဒီသံသရာပါ။
အငြင်းပွားဖွယ်ရှိပေမဲ့
Camus ဟာ သူ့ရဲ့အရှည်ဆုံးနဲ့ကိုယ်ရေးကိုယ်တာ
ဖြစ်နေသေးတဲ့ ဝတ္ထုကို စတင် ရေးသားခဲ့တယ်။
ကိုယ်ရေးအတ္ထုပ္ပတ္တိဆန်တဲ့ "The First Man"
လို့ ခေါင်းစဉ်တပ်ထားတဲ့ လက်ရာတစ်ခုပါ။
ဒီဝတ္ထုကို မျှော်လင့်ချက်ရှိတဲ့ ဦးတည်ရာသစ်
ထဲက ပထမဆုံး လက်ရာတစ်ခုအဖြစ် ရည်ရွယ်ခဲ့တယ်။
မေတ္တာ သံသရာပါ။
ဒါပေမဲ့ ၁၉၆၀ ခုနှစ်မှာ Camus ဟာ ယာဉ်
မတော်တဆမှုတစ်ခုမှာ ရုတ်တရက် သေဆုံးခဲ့တယ်။
ဒါကိုပဲ အဓိပ္ပာယ်မဲ့ပြီး ယုတ္တိမဲ့တယ်လို့
သရုပ်ဖော်နိုင်ခဲ့ပါတယ်။
ကမ္ဘာကြီးက သူ့ရဲ့ မေတ္တာ သံသရာကို
လုံးဝ မမြင်ဖူးပေမဲ့၊
ဒီဖီဆန်မှုနဲ့ အဓိပ္ပာယ်မဲ့မှု သံသရာတွေက
ယနေ့ စာဖတ်သူတွေနဲ့အတူ ဆက်မြည်ဟိန်းနေတယ်။
သူ့ရဲ့ အဓိပ္ပာယ်မဲ့မှု အယူအဆက
ကမ္ဘာ့စာပေရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာတယ်။
၂၀ ရာစု ဒဿနနဲ့
အများကြိုက် ယဉ်ကျေးမှုတစ်ခုတောင်ပါ။
ယနေ့ Camus ဟာ မသေချာမှုရဲ့ တဒင်္ဂတွေအတွက်
ယုံကြည်ထိုက်တဲ့ လမ်းညွှန် ဆက်ဖြစ်နေတယ်၊
အရှုံးဆိုတာထက် အသိတရားမဲ့တဲ့ လောကတစ်ခုကို
စေ့ဆော်မှနဲ့အတူ ဖီဆန်စွာ
ပြည့်ဝနေစေတဲ့ သူ့စိတ်ကူးတွေပါ။