1 00:00:00,741 --> 00:00:02,383 အိပ်စက်ခြင်း။ 2 00:00:02,383 --> 00:00:05,464 တစ်သက်တာရဲ့ သုံးပုံတပုံအထိကို ကျွန်တော်တို့ အိပ်ဖို့ သုံးကြပေမဲ့၊ 3 00:00:05,464 --> 00:00:08,525 အိပ်ခြင်းဆိုတာ ဘာလဲကို ကျွန်တော်ထဲက တစ်ယောက်ယောက် နားလည်ရဲ့လား? 4 00:00:08,525 --> 00:00:10,740 လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်တုန်းက ရှေးခေတ်က 5 00:00:10,740 --> 00:00:12,880 အထင်ရှားဆုံး ဆေးသုတေသီ တဦးဖြစ်သူ 6 00:00:12,880 --> 00:00:14,179 Galen ရဲ့ ယူဆချက်နှင့်အညီ၊ 7 00:00:14,179 --> 00:00:16,258 ကျွန်တော်တို့ နှိုးကြားနေစဉ်၊ 8 00:00:16,258 --> 00:00:19,090 ကျွန်တော်တို့ ဦးနှောက်ရဲ့ အားအင်တွေ၊ အရည်တွေဟာ 9 00:00:19,090 --> 00:00:22,090 ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအသီးသီးဆီကို ဖြာထွက်သွားကြတာမို့လို့၊ 10 00:00:22,090 --> 00:00:25,454 ၎င်းတို့ဟာ တက်ကြွလှုပ်ရှားချိန်မှာ ဦးနှောက်ကျတော့ ခြောက်ကျန်ရစ်ခဲ့တယ်၊ 11 00:00:25,454 --> 00:00:27,820 ဒါပေမဲ့ ကျွန်တော်တို့ အိပ်ကြတဲ့ အခါမှကျတော့၊ 12 00:00:27,820 --> 00:00:30,358 ခန္ဓာကိုယ်ထဲမှာ ရှိနေခဲ့ကြတဲ့ အစိုဓာတ်တွေဟာ 13 00:00:30,358 --> 00:00:31,761 ပြန်စီးဝင်လာကြလျက် 14 00:00:31,761 --> 00:00:33,913 ဦးနှောက်ကို ပြန်ပြီး အရည်တွေနဲ့ စိုပြေလာစေကာ 15 00:00:33,913 --> 00:00:36,459 ပြန်ပြီး ဆန်းသစ်လာစေကြပါတယ်။ 16 00:00:36,459 --> 00:00:38,740 ဒီနေ့တွင် အဲဒါဟာ လုံးဝအဓိပ္ပါယ် မရှိလိုက်တာလို့ 17 00:00:38,740 --> 00:00:40,231 ကျွန်တော်တို့ ထင်နိုင်ကြပေမဲ့၊ 18 00:00:40,231 --> 00:00:42,348 ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ လုပ်ကိုင်နေကြရတဲ့ 19 00:00:42,348 --> 00:00:45,005 အိပ်ခြင်းအကြောင်းကို Galen က ရှင်းပြရန် ကြိုးပမ်းတာပါ။ 20 00:00:45,005 --> 00:00:47,169 ကျွန်တော်တို့အားလုံးဟာ ကိုယ်ပိုင်အတွေ့အကြုံအရ 21 00:00:47,169 --> 00:00:49,681 ကျွန်တော်တို့ အိပ်လိုက်ရရင် ဦးနှောက် ကြည်လင်လာတာကို၊ 22 00:00:49,681 --> 00:00:51,093 အိပ်ရေးမဝရင်၊ ဦးနှောက်ဟာ 23 00:00:51,093 --> 00:00:53,980 မကြည်မလင် နောက်လျက် ရှိတတ်တာကို သိကြပါတယ်။ 24 00:00:53,980 --> 00:00:56,112 အခုတော့ ကျွန်တော်တို့ဟာ အိပ်ခြင်းအကြောင်းကို 25 00:00:56,112 --> 00:00:58,646 Galen နဲ့စာရင် များစွာမှ ပိုပြီး သိလာခဲ့ကြပေမဲ့၊ 26 00:00:58,646 --> 00:01:01,396 ဦးနှောက်ကို အံ့အားသင့်ဖွယ် ပြန်ပြီးလန်းဆန်းလာစေတာက 27 00:01:01,446 --> 00:01:04,035 လှုပ်ရှားမှုတွေ အားလုံးတွေထဲက 28 00:01:04,035 --> 00:01:06,324 အိပ်ခြင်း တစ်ခုပဲ ဖြစ်နေတာကို ရှင်းပြမရသေးပါ။ 29 00:01:06,324 --> 00:01:08,054 ဒါကြောင့်မို့လို့ ကျွန်တော်ဟာ 30 00:01:08,054 --> 00:01:09,970 အဲဒီအကြောင်းအတွက် ရှင်းလင်းအသစ်တချို့ကို 31 00:01:09,970 --> 00:01:12,368 ခင်ဗျားတို့ကို ပြောပြချင်ပါတယ်။ 32 00:01:12,368 --> 00:01:15,573 အိပ်ခြင်းဟာဖြင့် ဦးနှောက်ရဲ့ အခြေခံ လိုအပ်ချက်များကို 33 00:01:15,573 --> 00:01:17,946 ဖြည့်ဆည်းပေးတဲ့ ကြော့ရှင်းတဲ့ ဖြေရှင်းချက် ဖြစ်ကာ 34 00:01:17,946 --> 00:01:19,813 ခန္ဓာကိုယ်ထဲက အခြားအပိုင်းများနဲ့မတူတဲ့ 35 00:01:19,813 --> 00:01:22,709 ဦးနှောက်အနေနဲ့ ရင်ဆိုင်ရတဲ့ မြင့်မားတဲ့ တောင်းဆိုချက်တွေကို 36 00:01:22,709 --> 00:01:25,292 ကျဉ်းကျပ်တဲ့ အလားအလာများဖြင့် လုပ်ပေးနိုင်ဖို့ 37 00:01:25,292 --> 00:01:30,291 သူမတူ ရှားပါးလှတဲ့ နည်းလမ်းလည်း ဖြစ်ပုံရပါတယ်။ 38 00:01:30,291 --> 00:01:32,676 ဇီဝဗေဒဆိုင်ရာ လေ့လာမှုမှန်သမျှ အားလုံးတို့ကို 39 00:01:32,676 --> 00:01:34,480 ပြဿနာတွေ တသီကြီးအဖြစ်၎င်း 40 00:01:34,480 --> 00:01:37,841 ၎င်းတို့အတွက် သက်ဆိုင်ရာ ဖြေရှင်းနည်းများ အဖြစ်၎င်း သုံးသပ်နိုင်ပါတယ်၊ 41 00:01:37,841 --> 00:01:40,931 ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း ဖြေရှင်းရန်လိုတဲ့ ပထမဦးဆုံး ပြဿနာက 42 00:01:40,931 --> 00:01:42,959 ခန္ဓာကိုယ်ထဲ ဆဲလ်တွေအားလုံးဆီကို 43 00:01:42,959 --> 00:01:45,390 အာဟာရများကို အဆက်မပြတ် ပို့ပေးရခြင်းပဲ ဖြစ်ပါတယ်။ 44 00:01:45,390 --> 00:01:48,008 ဦးနှောက်ထဲမှာကျတော့ အဲဒီအလုပ်က သေရေးရှင်ရေး အရေးပါပါတယ်၊ 45 00:01:48,008 --> 00:01:50,405 ၎င်းရဲ့ ပြင်းထန်လှတဲ့ လျှပ်စစ် လုပ်ငန်းများဆိုရင် 46 00:01:50,405 --> 00:01:53,093 ခန္ဓာကိုယ် တစ်ခုလုံးရဲ့ စွမ်းအင် လေးပုံတစ်ပုံကို သုံးတယ်၊ 47 00:01:53,093 --> 00:01:56,053 ဦနှောက်ဟာ ခန္ဓာကိုယ် ထုထည်ရဲ့ ၂ ရာခိုင်နှုန်းခန့်သာ ရှိပေမဲ့၊ 48 00:01:56,053 --> 00:01:58,180 စွမ်းအင်ကျတော့ အဲဒီလို သုံးနေခြင်းဖြစ်ပါတယ်။ 49 00:01:58,180 --> 00:01:59,792 ဒီတော့ သွေးလည်ပတ်မှုစနစ်ဟာ 50 00:01:59,792 --> 00:02:02,223 သွေးကြောမှတစ်ဆင့် အာဟာရတွေနဲ့ 51 00:02:02,223 --> 00:02:04,763 အောက်ဆီဂျင်ကို ခန္ဓာကိုယ်ရဲ့ ထောင့်တိုင်း အထိကို 52 00:02:04,763 --> 00:02:08,016 ပို့ပေးခြင်းဖြင့် ဖြည့်တင်းရေး တာဝန်ကို ထမ်းဆောင်နေပါတယ်။ 53 00:02:08,016 --> 00:02:11,120 ခင်ဗျားတို့အားလုံး အဲဒါကို ဒီဗီဒီယိုမှာ လက်တွေ့မြင်နိုင်ကြပါတယ်။ 54 00:02:11,120 --> 00:02:13,062 ဒီမှာ ကျွန်တော် ပြထားတာက သွေးကြောတွေပါ၊ 55 00:02:13,062 --> 00:02:15,397 အသက်ရှင်လျက်ရှိနေတဲ့ ကြွက်ရဲ့ ဦးနှောက်ထဲမှာပါ။ 56 00:02:15,397 --> 00:02:18,117 သွေးကြောတွေဟာ ရှုပ်ထွေးလှတဲ့ ကွန်ရက်အသွင်ကို ဆောင်နေပြီး 57 00:02:18,117 --> 00:02:20,325 ဦးနှောက်တစ်ခုလုံး ၎င်းတို့ဖြင့် ပြည့်နေပါတယ်။ 58 00:02:20,325 --> 00:02:22,786 ၎င်းတို့ဟာ ဦးနှောက်ရဲ့ မျက်နှာပြင်ပေါ်မှာ စတင်လျက်၊ 59 00:02:22,786 --> 00:02:24,797 ၎င်းရဲ့ အသားမျှင်များထဲကို ငုပ်ဝင်ကြပါတယ်၊ 60 00:02:24,797 --> 00:02:27,508 ၎င်းတို့ဟာ ပျံ့နှံ့နေကြလို့၊ ဦးနှောက်ထဲက ဆဲလ်တစ်ခုစီထံသို့ 61 00:02:27,508 --> 00:02:33,273 အာဟာရများနဲ့ အောက်ဆီဂျင်ကို ပို့ဆောင်ပေးပါတယ်။ 62 00:02:33,276 --> 00:02:36,246 ဆဲလ်တိုင်းက အားအင်ဖြစ်လာရေးအတွက် 63 00:02:36,246 --> 00:02:37,927 အာဟာရဓာတ်တွေကို လိုအပ်သလိုပဲ၊ 64 00:02:37,927 --> 00:02:41,277 ဆဲလ်တိုင်းဟာ ဘေးထွက်ပစ္စည်းအဖြစ် အစွန့်အကြေးများကိုပါ ထုတ်လုပ်ကြပါတယ်၊ 65 00:02:41,277 --> 00:02:43,473 အဲဒီလို စွန့်ပစ်စရာများ ရှင်းလင်းပေးရေး ကျတော့ 66 00:02:43,473 --> 00:02:45,460 ဇီဝခန္ဓာကိုယ်တိုင်း ဖြေရှင်းရန် လိုအပ်တဲ့ 67 00:02:45,460 --> 00:02:47,042 ဒုတိယ အခြေခံ ပြဿနာကြီး ဖြစ်ပါတယ်။ 68 00:02:47,042 --> 00:02:50,465 ဒီပုံကြမ်းထဲမှာ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဆင့်ကဲဖြစ်ပေါ်လာခဲ့တဲ့ 69 00:02:50,465 --> 00:02:52,895 ခန္ဓာကိုယ်ရဲ့ သွေးဖြူစနစ်ကို ပြပေးထားပါတယ်။ 70 00:02:52,895 --> 00:02:55,707 အဲဒါဟာ ခန္ဓာကိုယ် တလျှောက်လုံးမှာ ပြန့်ကြဲလျက် ရှိနေတဲ့ 71 00:02:55,707 --> 00:02:57,721 ဒုတိယ သွေးကြောစနစ်ကြီးပါပဲ။ 72 00:02:57,721 --> 00:02:59,678 ၎င်းဟာ ဆဲလ်တွေ အကြားမှာ ရှိနေတတ်တဲ့ 73 00:02:59,678 --> 00:03:01,602 အသားဓာတ်များ နှင့် အညစ်အကြေးများကို 74 00:03:01,602 --> 00:03:03,764 ကောက်ယူပြီး၊ သွေးထဲကို ထည့်ပေးလိုက်ခြင်းဖြင့် 75 00:03:03,764 --> 00:03:05,275 လွှင့်ပစ်ဖို့ကို စီစဉ်ပေးပါတယ်။ 76 00:03:05,275 --> 00:03:08,464 ဒါပေမဲ့၊ ခင်ဗျားတို့က ဒီပုံကြမ်းကို နီးကပ်စွာ လေ့လာကြည့်မယ်ဆိုရင် 77 00:03:08,464 --> 00:03:09,858 ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူးလို့ 78 00:03:09,858 --> 00:03:12,026 ထင်ရတဲ့ အရာတွေကို တွေ့နိုင်ပါတယ်။ 79 00:03:12,026 --> 00:03:14,943 တကယ်လို့များ ကျွန်တော်တို့ဟာ ဒီဦခေါင်းကို ချဲ့ကြည့်မယ်ဆိုရင် 80 00:03:14,943 --> 00:03:17,136 သတိထားမိမယ့် အချင်တစ်ချက်က 81 00:03:17,136 --> 00:03:19,512 ဦးနှောက်ထဲမှာ သွေးဖြူကြောတွေ လုံးဝမရှိခြင်းပါပဲ။ 82 00:03:19,512 --> 00:03:24,462 ဒါပေမဲ့ အဲဒါဘာမှ အဓိပ္ပါယ် မရှိပါလားလို့ ဖြစ်နေပါတယ်။ 83 00:03:24,462 --> 00:03:27,397 ဦးနှောက်ဟာ အပြင်းအထန် လုပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်ပြီး 84 00:03:27,397 --> 00:03:30,252 အတော့်ကိုများမယ့် အညစ်အကြေးတွေကို ထုတ်လုပ်မှာ သေချာတာမို့လို့ 85 00:03:30,252 --> 00:03:32,739 အဲဒါတွေကို ထိရောက်စွာ သန့်ရှင်းပစ်ရန် လိုပါမယ်။ 86 00:03:32,739 --> 00:03:35,511 အဲဒီလို ထင်စရာရှိပေမဲ့၊ အဲဒီမှာ သွေးဖြူကြောများ မရှိခြင်းက 87 00:03:35,511 --> 00:03:37,297 ခန္ဓာကိုယ်ထဲက ကျန်တဲ့ အပိုင်းတွေထဲမှာ 88 00:03:37,297 --> 00:03:39,572 အညစ်အကြေးတွေ ရှင်းလင်းရေးဆိုင်ရာ ချဉ်းကပ်မှုကို 89 00:03:39,572 --> 00:03:41,971 ဦးနှောက်ထဲမှာ အသုံးမပြုပုံကို ထောက်ပြနေပါတယ်။ 90 00:03:41,971 --> 00:03:44,539 အဲဒီလိုဆိုရင်၊ ဦးနှောက်ဟာ ၎င်းရဲ့ သန့်စင်ရေး ပြဿနာကို 91 00:03:44,539 --> 00:03:46,293 ဘယ်လိုများ ဖြေရှင်းတာလဲ? 92 00:03:46,293 --> 00:03:49,982 ကျွန်တော်တို့ရဲ့ အုပ်စုက သာမန်လို့ထင်စရာရှိခဲ့တဲ့ 93 00:03:49,982 --> 00:03:52,580 အဲဒီကိစ္စကို လေ့လာဖို့ ဆုံးဖြတ်ခဲ့ပြီး၊ 94 00:03:52,580 --> 00:03:55,411 ကျွန်တော်တို့က ဦးနှောက်ရဲ့ အတွင်းပိုင်းထဲကို ဝင်ပြီး 95 00:03:55,411 --> 00:03:57,746 အတွင်းပိုင်းရှိ neuronများနဲ့ သွေးကြောတွေကို 96 00:03:57,746 --> 00:04:00,637 စူးစမ်းလိုက်လို့ တွေ့လိုက်ရတာက 97 00:04:00,637 --> 00:04:02,820 အဲဒီလို အညစ်အကြေး သန့်ရှင်းရေးဆိုင်ရာ 98 00:04:02,820 --> 00:04:04,773 ဦးနှောက်ရဲ့ အဖြေဟာ 99 00:04:04,773 --> 00:04:07,200 လုံးဝကို မျှော်လင့်မရခဲ့တဲ့ အဖြေမျိုးဖြစ်နေပါတယ်။ 100 00:04:07,200 --> 00:04:10,050 အဲဒါကို တီထွင်ထားပုံဟာ သိပ်ကောင်းနေကာ၊ 101 00:04:10,050 --> 00:04:12,248 တချိန်တည်းမှာ သိပ်လှပပါတယ်။ 102 00:04:12,248 --> 00:04:14,835 ကျွန်တော်တို့ တွေ့ခဲ့တာကို ခင်ဗျားတို့ကို ပြောပါရစေ။ 103 00:04:14,835 --> 00:04:17,069 ဦးနှောက်ထဲမှာ အတော့်ကို များပြားတဲ့၊ 104 00:04:17,069 --> 00:04:19,545 သန့်စင် ကြည်လင်တဲ့ cerebrospinal အရည်ဆိုတာ ရှိပါတယ်။ 105 00:04:19,545 --> 00:04:22,169 ကျွန်တော်တို့က အဲဒါကို CSF လို့ ခေါ်ကြပါတယ်။ 106 00:04:22,169 --> 00:04:26,149 အဲဒီ CSF ဟာ ဦးနှောက်ကို ဝန်းရံနေတဲ့ နေရာတွေမှာ ပြည့်နေကာ 107 00:04:26,149 --> 00:04:27,672 ဦးနှောက်ထဲက အညစ်အကြေးတွေဟာ 108 00:04:27,672 --> 00:04:29,864 CSF မှတစ်ဆင့် အပြင်ကို ထွက်နိုင်ကြပါတယ်၊ 109 00:04:29,864 --> 00:04:32,967 ကျန်တဲ့ အညစ်အကြေးတွေနဲ့အတူ အဲဒါတွေကို သွေးထဲကို စွန့်ပစ်လိုက်တာပါ။ 110 00:04:32,967 --> 00:04:34,357 အဲဒီလို ပြောလိုက်လို့၊ အဲဒါဟာ 111 00:04:34,357 --> 00:04:36,869 သွေးဖြူစနစ်နဲ့ သိပ်ကို တူနေသလို ထင်စရာရှိပါတယ်။ 112 00:04:36,869 --> 00:04:38,725 ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက 113 00:04:38,725 --> 00:04:40,977 ဦးနှောက် အတွင်းပိုင်းရှိ အရည်နဲ့ အညစ်အကြေးတွေဟာ 114 00:04:40,977 --> 00:04:43,824 ခုနက ပြောခဲ့တဲ့ CSF အရည်တွေထဲကို စိမ့်ဝင်ထွက်ခြင်း အလုပ်ကို 115 00:04:43,824 --> 00:04:46,138 ကျပမ်းပုံစံမျိုးနဲ့ လုပ်ကိုင်ကြတာ မဟုတ်ပါဘူး။ 116 00:04:46,138 --> 00:04:49,861 အဲဒါအစား၊ အညစ်အကြေးထုတ်ပစ်ရေး အထူးကွန်ရက်ဖြင့် 117 00:04:49,861 --> 00:04:53,103 အဲဒီလုပ်ငန်းစဉ်ကို စည်းရုံး လုပ်ကိုင်ပေးပါတယ်။ 118 00:04:53,103 --> 00:04:55,902 အဲဒါကို ခင်ဗျားတို့ဟာ ဒီဗီဒီယိုတွေထဲမှာ မြင်နိုင်ပါတယ်။ 119 00:04:55,902 --> 00:04:58,510 ကျွန်တော်တို့ အသက်ရှင်နေတဲ့ ကြွက်ရဲ့ 120 00:04:58,510 --> 00:05:00,424 ဦးနှောက်ကို ထပ်ပြီး ပုံဖေါ်ကြည့်ပါမယ်။ 121 00:05:00,424 --> 00:05:01,917 ခင်ဗျားတို့ရဲ့ ဘယ်ဘက်ရှိ ဘောင်က 122 00:05:01,917 --> 00:05:04,406 ဦးနှောက်ရဲ့ မျက်နှာပြင်ပေါ် ဖြစ်ပျက်နေတာကို ပြပါတယ်၊ 123 00:05:04,406 --> 00:05:05,640 ညာဘက်ရှိ ဘောင်ထဲမှာကျတော့ 124 00:05:05,640 --> 00:05:07,916 ဦးနှောက်ရဲ့ အတွင်းပိုင်း အသားမျှင်ထဲ 125 00:05:07,916 --> 00:05:09,379 ဖြစ်ပျက်တာကို ပြနေပါတယ်။ 126 00:05:09,379 --> 00:05:11,898 ကျွန်တော်တို့ဟာ သွေးကြောတွေကို အနီရောင်ဖြင့် ပြထားကာ 127 00:05:11,898 --> 00:05:13,922 ဦးနှောက်ကို ဝန်းရံနေတဲ့ CSF ကို ကျတော့ 128 00:05:13,922 --> 00:05:15,625 အစိမ်းရောင်ဖြင့် ပြပါမယ်။ 129 00:05:15,625 --> 00:05:17,545 အဲဒီမှာ ကျွန်တော်တို့အတွက် အံ့ဩစရာအချက်က 130 00:05:17,545 --> 00:05:20,796 ဦးနှောက်ရဲ့ အပြင်ဘက်ရှိ အရည်တွေဟာ 131 00:05:20,796 --> 00:05:23,608 အပြင်မှာ စောင့်လျက်ရှိနေကြတာ မဟုတ်ပါဘူး။ 132 00:05:23,608 --> 00:05:27,011 အဲဒါအစား၊ CSF ကို အတွင်းပိုင်းထဲကို မှုတ်သွင်းပေးလျက် 133 00:05:27,011 --> 00:05:28,884 သွေးကြောတွေရဲ့ အပြင်ပမ်း တလျှောက်မှာ 134 00:05:28,884 --> 00:05:31,916 ဦးနှောက်ထဲကို ဝင်သွားပါတယ်၊ 135 00:05:31,916 --> 00:05:33,740 ၎င်းက အဲဒီလို ဦးနှောက်ထဲကို 136 00:05:33,740 --> 00:05:36,100 သွေးကြောတွေ တစ်လျှောက် အပြင်မှာကပ်လျက် ဝင်လာခြင်းဟာ 137 00:05:36,100 --> 00:05:38,912 လက်တွေ့တွင် သင့်ရှင်းမှုကို ကူပေးနေခြင်းပါပဲ၊ 138 00:05:38,912 --> 00:05:41,353 ဦးနှောက်ရဲ့ ဆဲလ်များအကြားရှိ နေရာတွေမှာ ရှိနေတဲ့ 139 00:05:41,353 --> 00:05:43,899 အညစ်အကြေးတွေကို ရှင်းလင်းပစ်ခြင်းပါပဲ။ 140 00:05:43,899 --> 00:05:46,111 အဲဒါကို ကျွန်တော်တို့ စဉ်းစာကြည့်ကြမယ်ဆိုရင်၊ 141 00:05:46,111 --> 00:05:49,588 သွေးကြောတွေရဲ့ အပြင်နေရာကို အခုလို အသုံးပြုခြင်းဟာ 142 00:05:49,588 --> 00:05:52,107 သိပ်ကို ပါးနပ်လှတဲ့ ဖြေရှင်းရေး ဒီဇိုင်းပါပဲ၊ 143 00:05:52,107 --> 00:05:54,539 ဦးနှောက်ဟာ အလုံပိတ်နေတဲ့ အရာဖြစ်ပြီး 144 00:05:54,539 --> 00:05:56,652 ခိုင်ခန့်ထဲတဲ့ ဦးခေါင်းခွံ အတွင်းမှာ ရှိနေကာ 145 00:05:56,652 --> 00:05:58,755 အဲဒီမှာ ဆဲလ်တွေနဲ့ ပြည့်နှက်နေလို့၊ 146 00:05:58,755 --> 00:06:01,500 အဲဒီမှာ သွေးဖြူကြော စနစ်လို 147 00:06:01,500 --> 00:06:04,280 နောက်သွေးကြောစနစ် တစ်ခုလုံးအတွက် နေရာ မရှိနိုင်ဘူး။ 148 00:06:04,280 --> 00:06:05,929 ဒါပေမဲ့ သွေးကြောတွေကျတော့၊ 149 00:06:05,929 --> 00:06:07,797 ဦးနှောက်ရဲ့ မျက်နှာပြင်ပိုင်းကနေပြီး 150 00:06:07,797 --> 00:06:10,926 ဦးနှောက်ထဲရှိ ဆဲလ်တစ်ခုချင်းစီ အောက်ကို ထိုးဝင်လျက်ရှိနေကြလို့၊ 151 00:06:10,926 --> 00:06:12,684 အဲဒီသွေးကြောတွေရဲ့ အပြင်ဘက်မှနေပြီး 152 00:06:12,684 --> 00:06:15,460 စိမ့်ဝင်စီးသွားနိုင်တဲ့ အရည်ဟာ 153 00:06:15,460 --> 00:06:18,690 ဦးနှောက် တစ်ခုလုံးထဲက နေရာတိုင်းဆီ လွယ်ကူစွာ ချဉ်းကပ်နိုင်တယ်ဆိုတော့ 154 00:06:18,690 --> 00:06:21,444 ရှိနေတဲ့ သွေးကြော တစ်စုံကို နောက်ရည်ရွယ်ချက် တမျိုးအတွက် 155 00:06:21,444 --> 00:06:25,209 လွှဲပြောင်းစီစဉ်ပေးလျက် သွေးဖြူသွေးကြောတွေအဖြစ် ရှိရမယ့် 156 00:06:25,209 --> 00:06:28,158 ဒုတိယ သွေးကြောတွေရဲ့ အလုပ်ကို အစားထိုး စီစဉ်ပေးလိုက်ခြင်းဖြင့် 157 00:06:28,158 --> 00:06:31,181 သွေးကြောတွေ နောက်တစ်စုံကို သုံးရန် မလိုတော့တဲ့ 158 00:06:31,181 --> 00:06:33,592 တကယ့်ကို ပါးနပ်လှပတဲ့ ဖြေရှင်းနည်းပါပဲ။ 159 00:06:33,592 --> 00:06:35,330 ဒီနေရာမှာ နောက်အံ့အားသင့်စရာ အချက်က 160 00:06:35,330 --> 00:06:37,550 ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းထဲကမှ အညစ်အကြေးတွေကို 161 00:06:37,550 --> 00:06:40,610 ရှင်းပစ်ဖို့ အဲဒီလို နည်းလမ်းကို မသုံးကြခြင်းပါပဲ။ 162 00:06:40,610 --> 00:06:46,430 အဲဒါဟာ ဦးနှောက်ရဲ့ သူမတူရှားပါးတဲ့ ဖြေရှင်းနည်းပါပဲ။ 163 00:06:46,430 --> 00:06:48,698 ဒါပေမဲ့ ကျွန်တော်တို့ တွေ့ရှိခဲ့ရသမျှထဲက 164 00:06:48,698 --> 00:06:50,801 အံ့အားသင့်စရာ အကောင်းဆုံး အချက်က၊ 165 00:06:50,801 --> 00:06:53,151 ကျွန်တော် ခုနက ပြောပြခဲ့တာတွေ အားလုံးဟာ၊ 166 00:06:53,151 --> 00:06:56,469 ဦးနှောက်ထဲမှာ ဖြတ်စီးနေကြတဲ့ အရည်တွေဟာ၊ 167 00:06:56,469 --> 00:07:00,653 အိပ်နေတဲ့ ဦးနှောက်ထဲမှာသာ ဖြစ်ပျက်တယ်ဆိုတဲ့ အချက်ပါပဲ။ 168 00:07:00,653 --> 00:07:02,103 ဟောဒီက ဗီဒီယိုထဲမှာ 169 00:07:02,103 --> 00:07:04,364 ခုနက CSF ဟာ ကြွက်နိုးနေချိန်တွင် 170 00:07:04,364 --> 00:07:07,970 ဦးနှောက်ထဲမှာ ဘယ်လောက် လှုပ်ရှား စီးဆင်းနေတာကို ပြပါတယ်။ 171 00:07:07,970 --> 00:07:09,843 လုံးဝနီးပါးကို မရှိပါဘူး။ 172 00:07:09,843 --> 00:07:11,418 ဒါပေမဲ့၊ အဲဒီ အကောင်ထဲမှာပဲ၊ 173 00:07:11,418 --> 00:07:14,623 ၎င်းအိပ်မောကျသွားတာကို နည်းနည်းလေး စောင့်ကြည့်မယ်ဆိုရင် 174 00:07:14,623 --> 00:07:17,380 CSF ဟာ ဦးနှောက်ထဲကို အလုံးအရင်းဖြင့် 175 00:07:17,380 --> 00:07:19,798 စီးဝင်သွားတာကို မြင်နိုင်ပါတယ်၊ 176 00:07:19,798 --> 00:07:21,958 အဲဒီတစ်ချိတ်တည်းမှာ၊ 177 00:07:21,958 --> 00:07:23,880 ဦးနောက်ဟာ အိပ်လျက် ရှိနေချိန်မှာ၊ 178 00:07:23,880 --> 00:07:27,133 ဦးနှောက် ဆဲလ်တွေဟာ သူတို့ဘာသာသူတို့ ကျုံ့ဝင်သွားကြသလားလို့ ထင်ရပါတယ်၊ 179 00:07:27,133 --> 00:07:29,570 ၎င်းတို့အကြားမှာ နေရာလေးတွေကို ဖွင့်ဟ ပေးနေသလိုပါပဲ၊ 180 00:07:29,570 --> 00:07:31,447 အဲဒီအရည်တွေ ဖြတ်ကျော် စီးဆင်းနိုင်အောင် 181 00:07:31,447 --> 00:07:34,140 အညစ်အကြေးတွေကို သန့်ရှင်းပစ်နိုင်အောင် ဖြစ်ပါတယ်။ 182 00:07:34,140 --> 00:07:36,654 အဲဒီတော့ တခေတ်တုန်းက Galen က 183 00:07:36,654 --> 00:07:38,050 ကျွန်တော်တို့ အိပ်နေချိန်မှာ 184 00:07:38,050 --> 00:07:40,900 အရည်တွေဟာ ဦးနှောက်ထဲကို စီးဝင်လာကြတယ်လို့ ရေးသားခဲ့ခြင်းဟာ 185 00:07:40,900 --> 00:07:43,252 မှန်ကန်တဲ့ သဘောကို ဆောင်နေတယ်လို့ ပြောနိုင်ပါတယ်။ 186 00:07:43,252 --> 00:07:46,705 နှစ်ပေါင်း ၂,၀၀၀ နောက်မှာ ကျွန်တော်တို့ လုပ်လိုက်တဲ့ သုတေသနများအရ 187 00:07:46,705 --> 00:07:48,775 ဖြစ်ပျက်တာတွေကို ခန့်မှန်းပြောရရင် 188 00:07:48,775 --> 00:07:50,834 ဦးနှောက် နှိုးကြားနေလို့ 189 00:07:50,834 --> 00:07:52,948 အလုပ်တွေ အများဆုံး ဖြစ်နေတဲ့ အချိန်မှာ၊ 190 00:07:52,948 --> 00:07:55,310 ဦးနှောက်ရဲ့ ဆဲလ်တွေအကြားမှာ ပေါ်လာတတ်တဲ့ 191 00:07:55,310 --> 00:07:58,081 အညစ်အကြေးတွေ ရှင်းလင်းရေးကိစ္စကို ဘေးချိတ်ထားလိုက်ပါတယ်၊ 192 00:07:58,081 --> 00:08:00,240 ဒါပေမဲ့၊ ဦးနှောက် အိပ်ဖို့သွားချိန်ကျတော့၊ 193 00:08:00,240 --> 00:08:02,008 အလုပ်တွေ မများတော့တဲ့ အချိန်မှာ၊ 194 00:08:02,008 --> 00:08:04,585 ၎င်းဟာ သန့်ရှင်းရေး မုဒ်ထဲကို ပြောင်းလဲသွားသလိုပါပဲ၊ 195 00:08:04,585 --> 00:08:06,852 ဆဲလ်တွေ အကြားနေရာတွေမှာ ရှိတဲ့ အညစ်အကြေးတွေကို 196 00:08:06,852 --> 00:08:09,300 တစ်နေ့တာ ကာလအတွင်းမှာ စုစည်းလာခဲ့တဲ့ အညစ်အကြေးတွေကို 197 00:08:09,300 --> 00:08:10,587 လိုက်လံ ရှင်းလင်းပါတော့တယ်။ 198 00:08:10,587 --> 00:08:13,215 ဒါဟာဖြင့် ကျွန်တော်တို့အားလုံး လုပ်ကိုင်ကြတာနဲ့ တူပါတယ်၊ 199 00:08:13,215 --> 00:08:16,727 ကျွန်တော်တို့ အလုပ်ကြတုန်း ရုံးရက်တွေမှာ ငြီးငွေ့ဖွယ်ရာ အိမ်မှုကိစ္စတွေကို 200 00:08:16,727 --> 00:08:19,039 အချိန်မပေးနိုင်လို့ ဘေးချိတ်လိုက်ကြသလိုပါပဲ၊ 201 00:08:19,039 --> 00:08:20,990 ဒါပေမဲ့ ရုံးပိတ်ရက်တွေ ရောက်လာတာနဲ့အမျှ 202 00:08:20,990 --> 00:08:23,688 အဲဒီလို ကိစ္စတွေကို စုပုံဖြေရှင်း လုပ်ကိုင်ကြသလိုပါပဲ။ 203 00:08:23,688 --> 00:08:27,020 ဒီနေရာအထိ၊ အညစ်အကြေးသန့်ရှင်းမှု အကြောင်းကို အများကြီးပြောလာခဲ့ပေမဲ့၊ 204 00:08:27,020 --> 00:08:28,832 ကျွန်တော်တို့ ကျန်းမာလျက် ရှိနိုင်ဖို့ 205 00:08:28,832 --> 00:08:30,896 အိပ်နေချိန်မှာ ဦးနှောက်အနေနဲ့ ရှင်းလင်းရမယ့် 206 00:08:30,896 --> 00:08:32,650 အညစ်အကြေးတွေက ဘယ်လိုဟာတွေလဲ ဆိုတာကို 207 00:08:32,650 --> 00:08:34,703 ကျွန်တော်ဟာ အထူးလုပ် မပြောပြခဲ့ရသေးပါဘူး။ 208 00:08:34,703 --> 00:08:37,801 မကြာမီတုန်းက လေ့လာမှုများထဲမှာ ကျွန်တော်တို့ အထူး အလေးထားခဲ့ကြတာက 209 00:08:37,801 --> 00:08:39,439 amyloid-beta လို့ ခေါ်တဲ့ အရာပါ၊ 210 00:08:39,439 --> 00:08:41,914 ဦးနှောက်ထဲမှာ ထုတ်လုပ်ပေးနေတဲ့ အသားဓာတ် တစ်မျိုးပါပဲ။ 211 00:08:41,914 --> 00:08:45,342 အခုအချိန်မှာလည်း ကျွန်တော်ရဲ့ ဦးနှောက်က amyloid-beta ကို ထုတ်လုပ်နေပါတယ်၊ 212 00:08:45,342 --> 00:08:46,700 ခင်ဗျားတို့လည်း အလားတူပါပဲ။ 213 00:08:46,700 --> 00:08:48,572 ဒါပေမဲ့၊ Alzheimer ရောဂါရှိသူတွေကျတော့၊ 214 00:08:48,572 --> 00:08:50,531 amyloid-beta ကို ထုတ်လုပ်ရင်း ဦးနှောက်ရဲ့ 215 00:08:50,531 --> 00:08:52,544 ဆဲလ်တွေအကြားရှိ နေရာတွေမှာ စုပုံလာပါတယ်၊ 216 00:08:52,544 --> 00:08:55,970 ဖြစ်သင့်သလို အဲဒါတွေကို ရှင်းလင်း မပစ်ပါဘူး၊ 217 00:08:55,970 --> 00:08:57,980 အဲဒီလို စုပုံလာတဲ့ amyloid-beta ကမှ 218 00:08:57,980 --> 00:09:00,193 ကြောက်မက်ဖွယ် အဲဒီရောဂါ စတင်ဖြစ်လာရခြင်းရဲ့ 219 00:09:00,193 --> 00:09:02,584 သော့ချက် အဆင့်တစ်ဆင့် ဖြစ်တယ်လို့ ယူဆရပါတယ်။ 220 00:09:02,584 --> 00:09:04,738 အဲဒါကြောင့်မို့လို့ ဦးနှောက် နိုးနေချိန်နဲ့ 221 00:09:04,738 --> 00:09:07,640 အိပ်နေချိန်မှာ amyloid-beta ကို ရှင်းလင်ပေးနိုင်တဲ့ နှန်းကို 222 00:09:07,640 --> 00:09:09,778 ကျွန်တော်တို့ တိုင်းလျက်နှိုင်းယှဉ်ကြည့်ခဲ့ရာ 223 00:09:09,778 --> 00:09:11,296 တကယ်တမ်းမှာ တွေ့လိုက်တာက 224 00:09:11,296 --> 00:09:13,186 amyloid-beta ကို ရှင်းလင်းပစ်မှုဟာ 225 00:09:13,186 --> 00:09:17,705 အိပ်နေတဲ့ ဦးနှောက်ထဲမှါာ ပိုပြီးမြန်ဆန်နေပါတယ်။ 226 00:09:17,705 --> 00:09:19,384 ဒီတော့ အိပ်ခြင်းက 227 00:09:19,384 --> 00:09:21,342 အညစ်အကြေးများ ရှင်းလင်းပစ်ရေး ပြဿနာအတွက် 228 00:09:21,342 --> 00:09:23,162 အဖြေဖြစ်တယ်လို့ သိလိုက်ရတဲ့ နောက်မှာ၊ 229 00:09:23,162 --> 00:09:25,538 အိပ်ခြင်း၊ amyloid-beta နဲ့ Alzheimer ရောဂါ အကြားက 230 00:09:25,538 --> 00:09:28,243 ဆက်စပ်ဆင်နွှယ်မှုကို ကျွန်တော်တို့ သုံးသပ်ပုံကိုလည်း 231 00:09:28,243 --> 00:09:31,319 သိသိသာသာ ပြောင်းလဲသွားစေပါမယ်။ 232 00:09:31,319 --> 00:09:33,277 မကြာခင်တုန်းက ကျန်းမာရေး သုတေသန တသီကြီး 233 00:09:33,277 --> 00:09:35,110 ထောက်ပြနေကြတဲ့ အတိုင်းဆိုရင်လောလောဆယ်မှာ 234 00:09:35,110 --> 00:09:38,204 Alzheimer ရောဂါ မရှိသေးတဲ့ လူနာတွေအကြားမှာ၊ 235 00:09:38,204 --> 00:09:41,120 အိပ်စက်မှု အရည်အသွေး ကျဆင်းလာခြင်း နဲ့ အိပ်ချိန် နည်းလာခြင်းဟာ 236 00:09:41,120 --> 00:09:43,508 သူတို့ဦးနှောက်ထဲမှာ amyloid-beta တိုးစုလာခြင်းနဲ့ 237 00:09:43,508 --> 00:09:46,100 ဆက်စပ်နေပါတယ်၊ ဒါပေမဲ့ အဲဒီတချိန်တည်းမှာ၊ 238 00:09:46,100 --> 00:09:47,307 ထောက်ပြပေးရန် အရေးကြီးတာက 239 00:09:47,307 --> 00:09:49,927 အိပ်တာနည်းခြင်း သို့မဟုတ် ကောင်းကောင်း မအိပ်နိုင်ခြင်းက 240 00:09:49,927 --> 00:09:51,956 Alzheimer ရောဂါရဲ့ အကြောင်းရင်းဖြစ်တယ်လို့ 241 00:09:51,956 --> 00:09:54,273 သက်သေထူပြခြင်း မရှိကြပါဘူး၊ 242 00:09:54,273 --> 00:09:56,883 ဒါပေမဲ့ ပြောလို့ ရနိုင်တာက တစ်ခုက 243 00:09:56,883 --> 00:09:58,795 ဦးနှောက်အနေနဲ့ amyloid-beta လို 244 00:09:58,795 --> 00:10:01,291 အညစ်အကြေးကို သန့်ရှင်းပစ်နိုင်စွမ်း မရှိခြင်းဟာဖြင့် 245 00:10:01,291 --> 00:10:03,453 Alzheimer ရောဂါ ဖြစ်ပွားရေးကို ထောက်ကူပေးတဲ့ 246 00:10:03,453 --> 00:10:06,200 အခြေအနေမျိုးကို ဖန်တီးပေးနိုင်ပါတယ်။ 247 00:10:06,200 --> 00:10:08,975 ဒီတော့ ဒီသုတေသနအသစ်က ကျွန်တော်တို့ ဘာကို ပြောနေသလဲဆိုတော့ 248 00:10:08,975 --> 00:10:10,712 တစ်ခုက အိပ်စက်ခြင်းအကြောင်းကို 249 00:10:10,712 --> 00:10:12,710 ကျွန်တော်တို့ သိနှင့်ခဲ့ကြတဲ့ အချက်ပါပဲ၊ 250 00:10:12,710 --> 00:10:15,363 အိပ်စက်တာနဲ့ပတ်သက်ပြီး Galen ကတောင် နားလည်ခဲ့တဲ့ 251 00:10:15,363 --> 00:10:18,434 ၎င်းဟာ ဦးနှောက်ကို လန်းဆန်းလာစေကာ ကြည်လင်လာစေခြင်းဟာ 252 00:10:18,434 --> 00:10:19,975 တကယ်ကျတော့ အိပ်ခြင်းရဲ့ 253 00:10:19,975 --> 00:10:22,192 အရေးကြီးဆုံး ကဏ္ဍကြီး တစ်ခုပါပဲ။ 254 00:10:22,192 --> 00:10:23,810 ကျွန်တော်တို့ အားလုံး ညစဉ်ညတိုင်း 255 00:10:23,810 --> 00:10:25,223 အိပ်ဖို့ သွားကြပေမဲ့၊ 256 00:10:25,223 --> 00:10:28,216 ကျွန်တော်တို့ရဲ့ ဦးနှောက်ကတော့ အနားယူတာရယ်လို့ ဘယ်တော့မှ မရှိပါ။ 257 00:10:28,216 --> 00:10:30,330 ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ငြိမ်သက်နေလို့ 258 00:10:30,330 --> 00:10:33,201 ကျွန်တော်တို့ရဲ့ အသိစိတ်က အိပ်မက်ထဲမှာ လျှောက်သွားနေချိန်မှာ၊ 259 00:10:33,201 --> 00:10:35,447 ဦးနှောက်ရဲ့ ကြော့ရှင်းလှတဲ့ စက်ယန္တရားကြီးကတော့ 260 00:10:35,447 --> 00:10:37,377 တိတ်ဆိတ်စွာ အပြင်းအထန် အလုပ်လုပ်နေပါတယ် 261 00:10:37,377 --> 00:10:39,300 စိတ်ကူးကြည့် မရအောင်ကို ရှုပ်ထွေးလှတဲ့ 262 00:10:39,300 --> 00:10:41,875 ယန္တရားကြီးကို သန့်ရှင်းပေးလျက် ထိန်းသိမ်းထားပေးပါတယ်။ 263 00:10:41,875 --> 00:10:44,066 ကျွန်တော်တို့ရဲ့ အိမ်မှုရေးရာ အလုပ်တွေလိုပါပဲ၊ 264 00:10:44,066 --> 00:10:46,555 ၎င်းတို့ဟာ ညစ်ထေးလှကာ ကောင်းတာရယ်လို့ ဘာမှမရှိပါဘူး၊ 265 00:10:46,555 --> 00:10:48,180 ဒါပေမဲ့ အဲဒါဟာလည်း အရေးကြီးတာပါပဲ။ 266 00:10:48,180 --> 00:10:50,583 ခင်ဗျားတို့အိမ်မှာ မီးဖိုခန်းကို မသန့်ရှင်းဘဲ 267 00:10:50,583 --> 00:10:52,491 တစ်လ နေကြည့်မယ်ဆိုရင်၊ 268 00:10:52,491 --> 00:10:54,710 ခင်ဗျားရဲ့ အိမ်မှာ လျင်မြန်စွာပဲ 269 00:10:54,710 --> 00:10:56,537 လုံးဝကို နေမရ ဖြစ်လာမှာ သေချာပါတယ်။ 270 00:10:56,537 --> 00:10:58,625 ဒါပေမဲ့ ဦးနှောက်ထဲမှာကျတော့၊ 271 00:10:58,625 --> 00:11:01,286 ပေါ်ပေါက်လာကြမယ့် ပြဿနာတွေဟာ 272 00:11:01,286 --> 00:11:03,774 မီးဖိုထဲ ညစ်ပတ်မှုနဲ့စာရင် များစွာမှနက်ရှိုင်းမှာပါ၊ 273 00:11:03,774 --> 00:11:06,848 ဘာဖြစ်လို့လဲဆိုတော့၊ ဦးနှောက် သန့်ရှင်းလျက် ရှိနေရေးကိစ္စဟာဖြင့် 274 00:11:06,848 --> 00:11:09,934 ဦးနှောက်ကိုယ်နှိုက်ရဲ့ ကျန်းမာရေး နှင့် လုပ်ကိုင်နိုင်စွမ်းအတွက် 275 00:11:09,934 --> 00:11:12,169 ၎င်းနဲ့ ဆက်စပ်နေတဲ့ ခန္ဓာကိုယ် တစ်ခုလုံးအတွက် 276 00:11:12,169 --> 00:11:14,410 သိပ်ကို အရေးကြီးတာမို့လို့၊ ဒီနေ့တွင် 277 00:11:14,410 --> 00:11:18,682 ဦးနှောက်ရဲ့ သန့်ရှင်းအောင် ထိန်းသိမ်းမှုကိစ္စကို နားလည်လာမှုဟာ 278 00:11:18,682 --> 00:11:21,675 ဦးနှောက်အသိစိတ်ရဲ့ အနာဂတ် ရောဂါများကို 279 00:11:21,675 --> 00:11:24,703 ဟန့်တားရေ နဲ့ ကုသဖို့အတွက် သိပ်ကို အရေးကြီးနိုင်ပါတယ်။ 280 00:11:24,703 --> 00:11:26,751 ကျေးဇူတင်ပါတယ်။ 281 00:11:26,751 --> 00:11:28,518 (လက်ခုပ်တီးသံများ)