1 00:00:00,714 --> 00:00:03,532 ကျနော်တို့အားလုံးမေးသင့်တဲ့ မေးခွန်းတစ်ခုက 2 00:00:03,556 --> 00:00:05,325 ဘာတွေမှားသွားခဲ့သလဲ ဆိုတာပါ 3 00:00:05,349 --> 00:00:07,207 လက်ရှိကပ်ရောဂါနဲ့ ပတ်သက်လို့တင်မဟုတ်ပဲ 4 00:00:07,231 --> 00:00:09,451 ကျနော်တို့ရဲ့ နိုင်ငံသားဘဝနဲ့ ပတ်သက်လို့​ေရာပါ 5 00:00:09,544 --> 00:00:14,226 ဒီလို နှစ်ခြမ်းကွဲနေတဲ့ ခါးသီးလှတဲ့ နိုင်ငံရေးအခိုက်အတန့်ဆီ ဘာကခေါ်ဆောင်ခဲ့သလဲ 6 00:00:15,147 --> 00:00:16,601 မကြာသေးမီနှစ်များအတွင်း 7 00:00:16,625 --> 00:00:20,895 နိုင်သူနဲ့ ရှုံးသူများရဲ့ အကွဲအပြဲဟာ ပိုလို့ နက်ရှိုင်းလာခဲ့ပါတယ် 8 00:00:20,919 --> 00:00:22,870 ကျနော်တို့နိုင်ငံ‌ရေးကို အဆိပ်သင့်စေပါတယ် 9 00:00:22,870 --> 00:00:24,380 ကျနော်တို့ကို ဝေးကွာသွားစေပါတယ် 10 00:00:25,157 --> 00:00:29,042 ဒီအကွဲအပြဲဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် မညီမျှမှုနဲ့လည်း ဆိုင်ပါတယ် 11 00:00:29,577 --> 00:00:34,134 ဒါပေမဲ့ ဒါဟာ အနိုင် အရှုံးပေါ်ထားတဲ့ သဘောထားအမြင်တွေနဲ့လည်း ဆိုင်ပါတယ် 12 00:00:34,134 --> 00:00:35,835 မညီမှုမှုနဲ့ အတူပါလာတဲ့အရာဆိုပါတော့ 13 00:00:35,859 --> 00:00:37,510 ထိပ်မှာရောက်နေသူတွေက 14 00:00:37,534 --> 00:00:41,791 သူတို့ကြိုးစားလို့ ‌သူတို့အောင်မြင်တယ်လို့ ထင်မှတ်လာကြတယ် 15 00:00:42,196 --> 00:00:44,196 သူတို့ အရည်အသွေးရဲ့ မှတ်ကျောက်တစ်ခုပေါ့ 16 00:00:44,522 --> 00:00:48,950 ရှုံးသွားတဲ့သူတွေကတော့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်စရာရှိတယ်ပေါ့ 17 00:00:50,177 --> 00:00:52,558 အောင်မြင်မှုအပေါ် ဒီလိုအမြင်မျိုးဟာ 18 00:00:52,582 --> 00:00:56,000 အပေါ်ယံအားဖြင့် ဆွဲဆောင်မှုရှိတဲ့ နိယာမတစ်ခုကနေ ပေါ်ထွက်လာတာပါ 19 00:00:56,422 --> 00:00:59,180 အကယ်၍ လူတိုင်းဟာ တန်းတူအခွင့်အလမ်း ပိုင်ဆိုင်ထားတယ်ဆိုရင် 20 00:00:59,204 --> 00:01:02,180 နိုင်သူဟာ အောင်နိုင်မှုတွေနဲ့ ထိုက်တန်ပါတယ်ပေါ့ 21 00:01:02,927 --> 00:01:06,743 ဒါဟာ အရည်အသွေးအလျောက်မြှောက်စားတဲ့စနစ်ရဲ့ မူလပဓာနစံနှုန်းဖြစ်ပါတယ် 22 00:01:07,849 --> 00:01:11,331 လက်တွေ့မှာတော့ ကျနော်တို့ အများကြီး ကွာဟပါတယ် 23 00:01:12,581 --> 00:01:15,986 တိုးတက်ဖို့အခွင့်အရေးဆိုတာ လူတိုင်းမှာ တန်းတူ ညီမျှ ရှိကြတာ မဟုတ်ပါဘူး 24 00:01:17,006 --> 00:01:21,918 ဆင်းရဲတဲ့မိသားစုတွေမှာ မွေးလာတဲ့ ကလေးတွေဟာ ကြီးလာရင်လည်း ဆက် ဆင်းရဲသွားလေ့ရှိပါတယ် 25 00:01:22,648 --> 00:01:27,535 ချမ်းသာတဲ့မိဘများက သူတို့ရဲ့ကလေးတွေကို အားသာချက်တွေကို လက်ဆင့်ကမ်းနိုင်ကြပါတယ် 26 00:01:28,083 --> 00:01:31,607 အစဥ်အလာကြီးမားတဲ့ တက္ကသိုလ်ကြီးတွေမှာဆို ဥပမာပြောရရင် 27 00:01:31,631 --> 00:01:35,031 ပေါင်းထားတဲ့ တိုင်းပြည် အောက်ခြေ တစ်ဝက်တစ်ခုလုံးကလာတဲ့ ကျောင်းသားတွေထက် 28 00:01:35,055 --> 00:01:39,936 ထိပ်ဆုံး၁ရာခိုင်နှုန်းကလာတဲ့ ကျောင်းသားတွေ ပိုများပါတယ် 29 00:01:41,627 --> 00:01:45,647 ဒါပေမဲ့ ပြဿနာက ကျနော်တို့တွေ ကိုက်ညီအောင်မနေနိုင်လို့တင် မဟုတ်ပါဘူး 30 00:01:45,647 --> 00:01:49,583 အရည်အချင်းအလျောက် မြှောက်စားတဲ့စနစ်ရဲ့ အခြေခံသဘောတရားတွေနဲ့အညီပေါ့ 31 00:01:49,583 --> 00:01:52,458 စံနှုန်းကိုယ်တိုင်က ချို့ယွင်းချက်တွေ ရှိနေပါတယ် 32 00:01:52,698 --> 00:01:54,426 သူ့မှာ အဆိုးဘက်ခြမ်း ရှိနေပါတယ် 33 00:01:54,887 --> 00:01:58,958 အရည်အချင်းအလျောက်မြှောက်စားတဲ့စနစ်ဟာ ဘုံအကျိုးစီးပွားကို ပျက်စီးယိုယွင်းစေပါတယ် 34 00:01:59,839 --> 00:02:02,344 ၄င်းဟာ အောင်နိုင်သူတွေကို မာန်တက်စေပြီး 35 00:02:03,538 --> 00:02:07,208 ရှုံးနိမ့်သူတွေကို အရှက်တကွဲဖြစ်စေပါတယ် 36 00:02:08,050 --> 00:02:13,643 ၄င်းဟာ အောင်မြင်သူတွေကို သူတို့ရဲ့ အောင်မြင်မှုအပေါ် အလွန် မာန်တက်သွားစေပါတယ် 37 00:02:13,667 --> 00:02:18,542 သူတို့ကို ထောက်ကူခဲ့တဲ့ ကံကောင်းခြင်းနဲ့ ကံကြမ္မာကောင်းကို မေ့သွား‌လောက်အောင်ပေါ့ 38 00:02:19,002 --> 00:02:23,383 ပြီးတော့ ၄င်းဟာ ထိုသူတွေကို အခြားသော ကံအခွင့်မသာသူတွေအပေါ် အထင်အမြင်သေးစေပါတယ် 39 00:02:23,407 --> 00:02:26,216 သူတို့လောက် သင့်တော်တဲ့အရည်အချင်း မရှိဘူးလို့ မြင်လာစေပါတယ် 40 00:02:27,085 --> 00:02:29,569 ဒါဟာ နိုင်ငံရေးအတွက် အရေးကြီးပါတယ် 41 00:02:30,490 --> 00:02:35,450 ထင်ရှားတဲ့လူထု တုံ့ပြန်လှုပ်ရှားမှုရဲ့ အပြင်းထန်ဆုံး အကြောင်းအရင်းတခုက 42 00:02:35,474 --> 00:02:40,807 လုပ်ခလခစားတွေကြားမှာ လူ့မလိုင်တွေက သူတို့အပေါ် အထင်သေးကြတယ်လို့နားလည်နေမှုပါ 43 00:02:41,638 --> 00:02:43,748 ဒါဟာ မှန်ကန်ဆီလျော်တဲ့ အကြောင်းတစ်ရပ် ပါ။ 44 00:02:44,589 --> 00:02:49,875 ဂလိုဘယ်လိုက်ဇေးရှင်းတောင် ပိုနက်ရှိုင်းလာတဲ့ မညီမျှမှုတွေနဲ့ 45 00:02:49,875 --> 00:02:52,294 လုပ်ခလစာ တိုးတက်မှုမရှိတာတွေကို ဖြစ်စေသော်ငြားလည်း 46 00:02:52,506 --> 00:02:57,279 ဒါကိုထောက်ခံအားပေးသူတွေက အကြံပေးစကားတွေ အလုပ်သမားများကို ပြောပါတယ် 47 00:02:58,359 --> 00:03:01,819 "ဒီလို ကမ္ဘာ့စီးပွားရေးခေတ်မှာ ယှဥ်ပြိုင် အနိုင်ယူချင်တယ်ဆိုရင် 48 00:03:01,843 --> 00:03:03,311 မင်း ကောလိပ်တက်ပါ" 49 00:03:03,776 --> 00:03:06,750 "မင်းဝင်ငွေဟာ မင်း ဘာကိုသင်ယူသလဲ ဆိုတဲ့ အပေါ် မူတည်တယ်" 50 00:03:07,125 --> 00:03:09,125 "မင်း ကြိုးစားရင် အောင်မြင်ပါတယ်" 51 00:03:10,327 --> 00:03:16,216 ဒီလူ့မလိုင်တွေဟာ သူတို့ရဲ့ အကြံပေးစကားထဲ မြုပ်နေတဲ့ စော်ကားမှုကို မမြင်ကြပါဘူး 52 00:03:17,260 --> 00:03:19,125 အကယ်၍ မင်းဟာ ကောလိပ်မတက်ရင် 53 00:03:19,149 --> 00:03:22,645 စီးပွားရေးအသစ်မှာ မင်း တိုးတက်ကြီးပွားမှု မရှိဘူးဆိုရင် 54 00:03:22,669 --> 00:03:25,292 မင်းရဲ့ ကျရှုံးမှုဟာ မင်းရဲ့အမှားသာဖြစ်တယ် 55 00:03:25,819 --> 00:03:27,493 ဒီလို သွယ်ဝိုက်ညွှန်းဆိုနေပါတယ် 56 00:03:27,851 --> 00:03:33,500 လုပ်ခလစားအများအပြားက လူ့မလိုင်တွေကို ဆန့်ကျင်တာ အံ့သြဖွယ်တော့ မရှိပါဘူး 57 00:03:34,506 --> 00:03:36,220 ဒါဆို ကျနော်တို့ ဘာလုပ်သင့်သလဲ 58 00:03:36,609 --> 00:03:40,664 ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံသားဘဝရဲ့ ကဏ္ဍသုံးရပ်ကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ် 59 00:03:41,241 --> 00:03:42,641 တက္ကသိုလ်ကောလိပ်ရဲ့ အခန်းကဏ္ဍ 60 00:03:42,665 --> 00:03:44,244 အလုပ်ရဲ့ ဂုဏ်သိက္ခာ 61 00:03:44,268 --> 00:03:46,202 ပြီးတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ် တွေပါ 62 00:03:47,149 --> 00:03:51,297 ကျနော်တို့ စပြီး ပြန်သုံးသပ်သင့်တာက တက္ကသိုလ်တွေရဲ့ အခန်းကဏ္ဍပါ 63 00:03:51,321 --> 00:03:54,000 အခွင့်အလမ်းတွေကို အဆုံးအဖြတ်ပေးသူတွေ ဖြစ်နေတာကိုပါ 64 00:03:55,583 --> 00:04:00,460 အရည်အချင်းရှိသူတွေနဲ့ အချိန်ကုန်လေ့ရှိတဲ့ သူတွေဟာ 65 00:04:00,484 --> 00:04:03,753 အရမ်းရိုးရှင်းတဲ့အချက်တခုကို မေ့နေလေ့ရှိပါတယ် 66 00:04:04,530 --> 00:04:08,525 လူအများစုမှာ လေးနှစ်တက်ပြီး ရလာတဲ့ ကောလိပ် ဘွဲ့ဒီဂရီ မရှိကြဘူး ဆိုတဲ့ အချက်ပါ 67 00:04:09,077 --> 00:04:13,208 တကယ့်တကယ်က အမေရိကန်တွေရဲ့ သုံးပုံပုံ နှစ်ပုံနီးပါးဟာ ဘွဲ့မရကြပါဘူး 68 00:04:13,978 --> 00:04:18,042 ဒါကြောင့် စီးပွားရေးတရပ်ကို ဖန်တီးမယ်ဆိုတာဟာ မိုက်မဲရာကြပါတယ် 69 00:04:18,066 --> 00:04:23,243 တက္ကသိုလ်ဒီပလိုမာကို လိုအပ်ချက်တရပ်အဖြစ် သတ်မှတ်တဲ့ စီးပွားရေးမျိုးပေါ့ 70 00:04:23,267 --> 00:04:26,542 ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင်နဲ့ ကောင်းမွန်တဲ့ဘဝတစ်ခုအတွက်ပေါ့ 71 00:04:27,307 --> 00:04:30,958 လူတွေကို တက္ကသိုလ်တက်ကြဖို့ တိုက်တွန်းတာဟာ ကောင်းတဲ့အရာဖြစ်ပါတယ် 72 00:04:30,982 --> 00:04:33,760 မတက်နိုင်တဲ့သူတွေ တက်နိုင်အောင်လုပ်ပေးတာ 73 00:04:33,784 --> 00:04:35,148 ပိုလို့တောင်‌ ကောင်းပါသေးတယ် 74 00:04:35,553 --> 00:04:38,435 သို့သော် ဒါဟာ မညီမျှမှုကို တိုက်ဖျက်ဖို့အတွက် အဖြေမဟုတ်ပါဘူး 75 00:04:38,948 --> 00:04:44,424 အရည်အသွေးအလျှောက် မြှောက်စားတဲ့စနစ်မှာ ယှဥ်နိုင်ဖို့ လူတွေကို ပြင်ဆင်ပေးတာ 76 00:04:44,448 --> 00:04:48,182 လျှော့ပြီး ဘဝတွေ ပိုကောင်းလာအောင် လုပ်တဲ့နေရာမှာ ပို အာရုံစိုက်သင့်ပါတယ် 77 00:04:48,206 --> 00:04:50,619 ဒီပလိုမာ မရှိတဲ့သူတွေ အတွက်ပေါ့ 78 00:04:50,643 --> 00:04:54,777 သို့သော် ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ပံ့ပိုးမှုတွေ ပေးနိုင်တဲ့သူတွေပါ 79 00:04:55,258 --> 00:04:58,172 အလုပ်ရဲ့ ဂုဏ်သိက္ခာကိုလည်း ကျနော်တို့ ပြန်လည် ဆန်းသစ်သင့်ပါတယ် 80 00:04:58,196 --> 00:05:01,151 ပြီးတော့ ကျနော်တို့ နိုင်ငံရေးရဲ့ ဗဟိုချက်နေရာမှာ ထားသင့်ပါတယ် 81 00:05:01,272 --> 00:05:06,295 ကျနော်တို့ သိထားရမှာက အလုပ်ဆိုတာ ပိုက်ဆံရှာရုံ သက်သက်မဟုတ်ပါဘူး 82 00:05:06,319 --> 00:05:09,744 အများကောင်းကျိုးအတွက် ကူညီပံ့ပိုးတာလည်း ဖြစ်ပါတယ် 83 00:05:09,768 --> 00:05:12,602 ပြီးတော့ အဲ့သလိုလုပ်တဲ့ အတွက် အသိအမှတ်ပြုခံရတာ ဒါလည်းပါပါတယ် 84 00:05:13,030 --> 00:05:16,672 Robert F. Kennedy က လွန်ခဲ့တဲ့ အနှစ်ငါးဆယ်လောက်က ပြောခဲ့ဖူးတယ် 85 00:05:17,117 --> 00:05:20,800 ရဲဘော်ရဲဘက်၊ အသိုင်းအသိုင်း၊ မျှဝေထားတဲ့ မျိုးချစ်စိတ် 86 00:05:21,438 --> 00:05:24,772 ဒီလိုအရေးပါတဲ့တန်ဖိုးတွေဟာ အလိုလို ရောက်မလာပါဘူး 87 00:05:24,796 --> 00:05:27,667 ကုန်ပစ္စည်းတွေကို အတူတကွ ဝယ်ကြစားကြရုံနဲ့ပေါ့ 88 00:05:28,673 --> 00:05:31,347 ဒီလိုတန်ဖိုးတွေဟာ ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင်ကနေ လာပါတယ် 89 00:05:31,371 --> 00:05:33,156 ကောင်းမွန်တဲ့ လစာနဲ့ပေါ့ 90 00:05:33,180 --> 00:05:36,938 ဘယ်လိုအလုပ်မျိုးလဲဆိုတော့ ကျနော်တို့ကို ပြောစေနိုင်တဲ့ 91 00:05:36,962 --> 00:05:39,522 "ငါကတော့ ဒီတိုင်းပြည် တည်ဆောက်ရေးမှာ ကူညီခဲ့တယ် 92 00:05:39,522 --> 00:05:43,500 ငါဟာ နိုင်ငံရဲ့ ကြီးကျယ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်တယ်" 93 00:05:44,800 --> 00:05:47,522 ဒီလို နိုင်ငံသားစိတ်ဓာတ်ဟာ 94 00:05:47,546 --> 00:05:51,625 ကျနော်တို့ရဲ့ ကနေ့ခေတ် ပြည်သူလူထုဘဝမှာ များစွာ ပျောက်ကွယ်နေပါတယ် 95 00:05:52,788 --> 00:05:56,565 ကျနော်တို့ မှတ်ယူလေ့ရှိတာက လူတွေ ရှာကြတဲ့ ငွေဟာ 96 00:05:56,589 --> 00:05:59,878 ဘုံအကျိုးစီးပွားအတွက် လုပ်ဆောင်မှုရဲ့ အတိုင်းအတာ တရပ်ဖြစ်တယ်ပေါ့ 97 00:06:00,807 --> 00:06:02,624 သို့သော် ဒါက မှားနေပါတယ် 98 00:06:03,450 --> 00:06:06,287 Martin Luther King Jr. က ဘာ့ကြောင့်လဲ ဆိုတာ ရှင်းပြခဲ့ပါတယ် 99 00:06:07,355 --> 00:06:11,117 မိလ္လာလုပ်သားတွေရဲ့ သပိတ်မှောက်ပွဲတခုကို ပြန်ဆင်ခြင်းသုံးသပ်ရင်း 100 00:06:11,141 --> 00:06:13,142 တန်နက်စီပြည်နယ်၊ မမ်းဖစ်မြို့က သပိတ်ပါ 101 00:06:13,166 --> 00:06:15,166 သူ လုပ်ကြံခံရမီ အချိန်လေးမှာပေါ့ 102 00:06:16,097 --> 00:06:17,684 King က ပြောခဲ့တယ် 103 00:06:17,708 --> 00:06:22,732 "ကျနော်တို့အမှိုက်တွေကို သိမ်းပေးသူဆိုတာ သေချာဆန်းစစ်ကြည့်ရင် 104 00:06:22,756 --> 00:06:25,438 သမားတော်တယောက်လောက် အရေးပါပါတယ် 105 00:06:26,855 --> 00:06:29,085 သူက သူ့အလုပ်ကို မလုပ်‌တော့ဘူးဆိုရင် 106 00:06:29,109 --> 00:06:31,109 ရောဂါတွေ ပွားများလာမယ် 107 00:06:32,014 --> 00:06:34,792 အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ" 108 00:06:35,637 --> 00:06:38,065 ကနေ့ခေတ် ကပ်ရောဂါက ဒါကို ပီပြင်ထင်ရှားစေပါတယ် 109 00:06:38,259 --> 00:06:41,633 ဘာကိုပြနေသလဲဆိုတော့ ဘယ်လောက်ထိ နက်ရှိုင်းစွာ ကျနော်တို့တွေ မှီခိုနေကြတယ် 110 00:06:41,657 --> 00:06:44,664 ကျနော်တို့ သိပ်ဂရုပြုလေ့မရှိတဲ့ အလုပ်သမားတွေ အပေါ်မှာပေါ့ 111 00:06:45,567 --> 00:06:47,188 အစားအသောက်ကုန်စည် ပိုတဲ့လုပ်သားတွေ 112 00:06:47,212 --> 00:06:49,093 သန့်ရှင်းပြုပြင်ရေးအလုပ်သမားတွေ 113 00:06:49,117 --> 00:06:51,014 စတိုးဆိုင်စာရေးတွေ 114 00:06:51,038 --> 00:06:52,709 သိုလှောင်ရုံ အလုပ်သမားတွေ 115 00:06:52,733 --> 00:06:54,093 ကုန်ကားမောင်းသူတွေ 116 00:06:54,117 --> 00:06:55,744 သူနာပြုအကူတွေ 117 00:06:55,768 --> 00:06:57,410 ကလေးထိန်း ဝန်ထမ်းတွေ 118 00:06:57,434 --> 00:06:59,744 အိမ်အရောက် ကျန်းမာရေးစောင့်‌ရှောက်မှု ပေးသူတွေ 119 00:06:59,776 --> 00:07:04,207 သူတို့တွေဟာ လုပ်ခလစားအများဆုံးရတဲ့သူတွေ အများဆုံးလေးစားခံရတဲ့သူတွေ မဟုတ်ပါဘူး 120 00:07:05,234 --> 00:07:09,170 သို့သော် အခုတော့ ကျနော်တို့ဟာ သူတို့ကို မရှိမဖြစ်လုပ်သားတွေအဖြစ် မြင်လာကြပါပြီ 121 00:07:10,337 --> 00:07:13,902 ဒီအချိန်ဟာ လူထုထိပ်တိုက်ဆွေးနွေးမှု လုပ်သင့်တဲ့ အချိန်ပါ 122 00:07:13,902 --> 00:07:17,865 သူတို့တွေရဲ့ လုပ်ခလစာနဲ့ အသိအမှတ်ပြုမှုကို ဘယ်လိုဆောင်ကြည်းမလဲ ဆိုတာနဲ့ ပတ်သက်လို့ပါ 123 00:07:17,865 --> 00:07:21,926 သူတို့တွေရဲ့ အလုပ်ရဲ့ အရေးပါမှုနဲ့ ပိုမို ကိုက်ညီနိုင်မယ့် ဟာမျိုးပေါ့ 124 00:07:22,450 --> 00:07:28,649 ကိုယ်ကျင့်တရား ဒါ့အပြင် ဘာသာရေးဆိုင်ရာ အလှည့်အပြောင်း ဖြစ်ချိန်တန်ပြီ ဖြစ်ပါတယ် 125 00:07:28,673 --> 00:07:32,374 အရည်အသွေးအလျောက်မြှောက်စားတဲ့စနစ်ရဲ့ မောက်မာမှုကို ပြန်လည်ဆန်းစစ်ပြီး ပေါ့ 126 00:07:33,645 --> 00:07:37,898 လူ့ကျင့်ဝတ်အရ ငါ့ကို တိုးတက်အောင်မြင်စေတဲ့ ပင်ကိုယ်စွမ်းရည်တွေနဲ့ ငါဟာထိုက်တန်ရဲ့လား 127 00:07:38,533 --> 00:07:40,397 ဒါဟာ ငါ့လုပ်ရပ်လား 128 00:07:40,397 --> 00:07:44,133 ငါ့ပင်ကိုယ်အစွမ်းအစကို ချီးမြှောက်တဲ့ လူ့အဖွဲ့အစည်းတခုမှာ ငါနေနေတယ်ဆိုတာဟာပေါ့ 129 00:07:44,157 --> 00:07:45,875 ငါ့မှာ ရှိလာတဲ့ အစွမ်းအစတွေလေ 130 00:07:46,315 --> 00:07:48,315 ဒါမဟုတ် ဒါဟာ ငါ ကံကောင်းလို့ ဖြစ်လာတာလား 131 00:07:49,042 --> 00:07:52,883 ငါ့အောင်မြင်မှုဟာ ငါနဲ့ထိုက်တန်တယ်လို့ ရတယ်လို့ ဆိုနေခြင်းဟာ 132 00:07:52,907 --> 00:07:57,255 အခြားသူတွေရဲ့ နေရာကနေ ဝင်နေကြည့်ဖို့ ခက်ခဲသွားစေပါတယ် 133 00:07:58,188 --> 00:08:01,029 ဘဝမှာ ကံကောင်းမှုရဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ချီးမွမ်းခြင်းဟာ 134 00:08:01,053 --> 00:08:03,483 အတိုင်းအတာတခုအထိ နှိမ့်ချမှုကို ဖြစ်ပေါ်စေနိုင်ပါတယ် 135 00:08:03,879 --> 00:08:08,106 မွေးဖွားဖြစ်တည်လာမှု၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ ကျေးဇူးတော် 136 00:08:08,106 --> 00:08:10,094 ဒါမှမဟုတ် ကံကြမ္မာရဲ့ ဆန်းကြယ်မှုကြောင့် 137 00:08:10,118 --> 00:08:11,725 ကျနော်ကတော့ ကံကောင်းနေပါတယ် 138 00:08:12,379 --> 00:08:14,566 ဒီလို နှိမ့်ချတဲ့စိတ်ထားဟာ 139 00:08:14,566 --> 00:08:18,101 ကျနော်တို့ လက်ရှိမှာ လိုအပ်နေတဲ့ နိုင်ငံသားဆိုင်ရာအလေ့အထကောင်းတခု ဖြစ်ပါတယ် 140 00:08:18,101 --> 00:08:20,522 ဒါဟာ နည်းလမ်းတခုရဲ့ အစကနဦးဖြစ်ပါတယ် 141 00:08:20,546 --> 00:08:24,792 ကျနော်တို့ကို သွေးကွဲသွားစေတဲ့ ညှာတာမှုမဲ့ အောင်မြင်ရေးကျင့်ဝတ်ကနေ ဖယ်ခွာလို့ပေါ့ 142 00:08:25,466 --> 00:08:29,572 ဒါဟာ အရည်အသွေးရဲ့ နိုင်လိုမင်းထက်ပြုမှုကို ကျော်လွန်လို့ ကျနော်တို့ကို ညွှန်ပြနေပါတယ် 143 00:08:29,596 --> 00:08:33,714 ပိုပြီး ခါးသီးမှုနည်းတဲ့ ပိုပြီး ရက်ရောတဲ့ ပြည်သူ့ဘဝကိုပေါ့