ကျနော်တို့အားလုံးမေးသင့်တဲ့ မေးခွန်းတစ်ခုက
ဘာတွေမှားသွားခဲ့သလဲ ဆိုတာပါ
လက်ရှိကပ်ရောဂါနဲ့ ပတ်သက်လို့တင်မဟုတ်ပဲ
ကျနော်တို့ရဲ့ နိုင်ငံသားဘဝနဲ့
ပတ်သက်လို့ေရာပါ
ဒီလို နှစ်ခြမ်းကွဲနေတဲ့ ခါးသီးလှတဲ့
နိုင်ငံရေးအခိုက်အတန့်ဆီ ဘာကခေါ်ဆောင်ခဲ့သလဲ
မကြာသေးမီနှစ်များအတွင်း
နိုင်သူနဲ့ ရှုံးသူများရဲ့ အကွဲအပြဲဟာ
ပိုလို့ နက်ရှိုင်းလာခဲ့ပါတယ်
ကျနော်တို့နိုင်ငံရေးကို အဆိပ်သင့်စေပါတယ်
ကျနော်တို့ကို ဝေးကွာသွားစေပါတယ်
ဒီအကွဲအပြဲဟာ တစ်စိတ်တစ်ပိုင်းအားဖြင့်
မညီမျှမှုနဲ့လည်း ဆိုင်ပါတယ်
ဒါပေမဲ့ ဒါဟာ အနိုင် အရှုံးပေါ်ထားတဲ့
သဘောထားအမြင်တွေနဲ့လည်း ဆိုင်ပါတယ်
မညီမှုမှုနဲ့ အတူပါလာတဲ့အရာဆိုပါတော့
ထိပ်မှာရောက်နေသူတွေက
သူတို့ကြိုးစားလို့ သူတို့အောင်မြင်တယ်လို့
ထင်မှတ်လာကြတယ်
သူတို့ အရည်အသွေးရဲ့
မှတ်ကျောက်တစ်ခုပေါ့
ရှုံးသွားတဲ့သူတွေကတော့ ကိုယ့်ကိုကိုယ်သာ
အပြစ်တင်စရာရှိတယ်ပေါ့
အောင်မြင်မှုအပေါ် ဒီလိုအမြင်မျိုးဟာ
အပေါ်ယံအားဖြင့် ဆွဲဆောင်မှုရှိတဲ့
နိယာမတစ်ခုကနေ ပေါ်ထွက်လာတာပါ
အကယ်၍ လူတိုင်းဟာ တန်းတူအခွင့်အလမ်း
ပိုင်ဆိုင်ထားတယ်ဆိုရင်
နိုင်သူဟာ အောင်နိုင်မှုတွေနဲ့
ထိုက်တန်ပါတယ်ပေါ့
ဒါဟာ အရည်အသွေးအလျောက်မြှောက်စားတဲ့စနစ်ရဲ့
မူလပဓာနစံနှုန်းဖြစ်ပါတယ်
လက်တွေ့မှာတော့ ကျနော်တို့ အများကြီး
ကွာဟပါတယ်
တိုးတက်ဖို့အခွင့်အရေးဆိုတာ လူတိုင်းမှာ
တန်းတူ ညီမျှ ရှိကြတာ မဟုတ်ပါဘူး
ဆင်းရဲတဲ့မိသားစုတွေမှာ မွေးလာတဲ့ ကလေးတွေဟာ
ကြီးလာရင်လည်း ဆက် ဆင်းရဲသွားလေ့ရှိပါတယ်
ချမ်းသာတဲ့မိဘများက သူတို့ရဲ့ကလေးတွေကို
အားသာချက်တွေကို လက်ဆင့်ကမ်းနိုင်ကြပါတယ်
အစဥ်အလာကြီးမားတဲ့ တက္ကသိုလ်ကြီးတွေမှာဆို
ဥပမာပြောရရင်
ပေါင်းထားတဲ့ တိုင်းပြည် အောက်ခြေ
တစ်ဝက်တစ်ခုလုံးကလာတဲ့ ကျောင်းသားတွေထက်
ထိပ်ဆုံး၁ရာခိုင်နှုန်းကလာတဲ့
ကျောင်းသားတွေ ပိုများပါတယ်
ဒါပေမဲ့ ပြဿနာက ကျနော်တို့တွေ
ကိုက်ညီအောင်မနေနိုင်လို့တင် မဟုတ်ပါဘူး
အရည်အချင်းအလျောက် မြှောက်စားတဲ့စနစ်ရဲ့
အခြေခံသဘောတရားတွေနဲ့အညီပေါ့
စံနှုန်းကိုယ်တိုင်က ချို့ယွင်းချက်တွေ
ရှိနေပါတယ်
သူ့မှာ အဆိုးဘက်ခြမ်း ရှိနေပါတယ်
အရည်အချင်းအလျောက်မြှောက်စားတဲ့စနစ်ဟာ
ဘုံအကျိုးစီးပွားကို ပျက်စီးယိုယွင်းစေပါတယ်
၄င်းဟာ အောင်နိုင်သူတွေကို မာန်တက်စေပြီး
ရှုံးနိမ့်သူတွေကို အရှက်တကွဲဖြစ်စေပါတယ်
၄င်းဟာ အောင်မြင်သူတွေကို သူတို့ရဲ့
အောင်မြင်မှုအပေါ် အလွန် မာန်တက်သွားစေပါတယ်
သူတို့ကို ထောက်ကူခဲ့တဲ့ ကံကောင်းခြင်းနဲ့
ကံကြမ္မာကောင်းကို မေ့သွားလောက်အောင်ပေါ့
ပြီးတော့ ၄င်းဟာ ထိုသူတွေကို အခြားသော
ကံအခွင့်မသာသူတွေအပေါ် အထင်အမြင်သေးစေပါတယ်
သူတို့လောက် သင့်တော်တဲ့အရည်အချင်း
မရှိဘူးလို့ မြင်လာစေပါတယ်
ဒါဟာ နိုင်ငံရေးအတွက် အရေးကြီးပါတယ်
ထင်ရှားတဲ့လူထု တုံ့ပြန်လှုပ်ရှားမှုရဲ့
အပြင်းထန်ဆုံး အကြောင်းအရင်းတခုက
လုပ်ခလခစားတွေကြားမှာ လူ့မလိုင်တွေက
သူတို့အပေါ် အထင်သေးကြတယ်လို့နားလည်နေမှုပါ
ဒါဟာ မှန်ကန်ဆီလျော်တဲ့ အကြောင်းတစ်ရပ်
ပါ။
ဂလိုဘယ်လိုက်ဇေးရှင်းတောင်
ပိုနက်ရှိုင်းလာတဲ့ မညီမျှမှုတွေနဲ့
လုပ်ခလစာ တိုးတက်မှုမရှိတာတွေကို
ဖြစ်စေသော်ငြားလည်း
ဒါကိုထောက်ခံအားပေးသူတွေက အကြံပေးစကားတွေ
အလုပ်သမားများကို ပြောပါတယ်
"ဒီလို ကမ္ဘာ့စီးပွားရေးခေတ်မှာ ယှဥ်ပြိုင်
အနိုင်ယူချင်တယ်ဆိုရင်
မင်း ကောလိပ်တက်ပါ"
"မင်းဝင်ငွေဟာ မင်း ဘာကိုသင်ယူသလဲ ဆိုတဲ့
အပေါ် မူတည်တယ်"
"မင်း ကြိုးစားရင် အောင်မြင်ပါတယ်"
ဒီလူ့မလိုင်တွေဟာ သူတို့ရဲ့ အကြံပေးစကားထဲ
မြုပ်နေတဲ့ စော်ကားမှုကို မမြင်ကြပါဘူး
အကယ်၍ မင်းဟာ ကောလိပ်မတက်ရင်
စီးပွားရေးအသစ်မှာ မင်း တိုးတက်ကြီးပွားမှု
မရှိဘူးဆိုရင်
မင်းရဲ့ ကျရှုံးမှုဟာ မင်းရဲ့အမှားသာဖြစ်တယ်
ဒီလို သွယ်ဝိုက်ညွှန်းဆိုနေပါတယ်
လုပ်ခလစားအများအပြားက လူ့မလိုင်တွေကို
ဆန့်ကျင်တာ အံ့သြဖွယ်တော့ မရှိပါဘူး
ဒါဆို ကျနော်တို့ ဘာလုပ်သင့်သလဲ
ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံသားဘဝရဲ့
ကဏ္ဍသုံးရပ်ကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်
တက္ကသိုလ်ကောလိပ်ရဲ့ အခန်းကဏ္ဍ
အလုပ်ရဲ့ ဂုဏ်သိက္ခာ
ပြီးတော့ အောင်မြင်မှုရဲ့ အဓိပ္ပါယ် တွေပါ
ကျနော်တို့ စပြီး ပြန်သုံးသပ်သင့်တာက
တက္ကသိုလ်တွေရဲ့ အခန်းကဏ္ဍပါ
အခွင့်အလမ်းတွေကို အဆုံးအဖြတ်ပေးသူတွေ
ဖြစ်နေတာကိုပါ
အရည်အချင်းရှိသူတွေနဲ့ အချိန်ကုန်လေ့ရှိတဲ့
သူတွေဟာ
အရမ်းရိုးရှင်းတဲ့အချက်တခုကို
မေ့နေလေ့ရှိပါတယ်
လူအများစုမှာ လေးနှစ်တက်ပြီး ရလာတဲ့ ကောလိပ်
ဘွဲ့ဒီဂရီ မရှိကြဘူး ဆိုတဲ့ အချက်ပါ
တကယ့်တကယ်က အမေရိကန်တွေရဲ့
သုံးပုံပုံ နှစ်ပုံနီးပါးဟာ ဘွဲ့မရကြပါဘူး
ဒါကြောင့် စီးပွားရေးတရပ်ကို
ဖန်တီးမယ်ဆိုတာဟာ မိုက်မဲရာကြပါတယ်
တက္ကသိုလ်ဒီပလိုမာကို လိုအပ်ချက်တရပ်အဖြစ်
သတ်မှတ်တဲ့ စီးပွားရေးမျိုးပေါ့
ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင်နဲ့
ကောင်းမွန်တဲ့ဘဝတစ်ခုအတွက်ပေါ့
လူတွေကို တက္ကသိုလ်တက်ကြဖို့ တိုက်တွန်းတာဟာ
ကောင်းတဲ့အရာဖြစ်ပါတယ်
မတက်နိုင်တဲ့သူတွေ တက်နိုင်အောင်လုပ်ပေးတာ
ပိုလို့တောင် ကောင်းပါသေးတယ်
သို့သော် ဒါဟာ မညီမျှမှုကို
တိုက်ဖျက်ဖို့အတွက် အဖြေမဟုတ်ပါဘူး
အရည်အသွေးအလျှောက် မြှောက်စားတဲ့စနစ်မှာ
ယှဥ်နိုင်ဖို့ လူတွေကို ပြင်ဆင်ပေးတာ
လျှော့ပြီး ဘဝတွေ ပိုကောင်းလာအောင်
လုပ်တဲ့နေရာမှာ ပို အာရုံစိုက်သင့်ပါတယ်
ဒီပလိုမာ မရှိတဲ့သူတွေ အတွက်ပေါ့
သို့သော် ကျနော်တို့ လူ့အဖွဲ့အစည်းအတွက်
အရေးပါတဲ့ပံ့ပိုးမှုတွေ ပေးနိုင်တဲ့သူတွေပါ
အလုပ်ရဲ့ ဂုဏ်သိက္ခာကိုလည်း ကျနော်တို့
ပြန်လည် ဆန်းသစ်သင့်ပါတယ်
ပြီးတော့ ကျနော်တို့ နိုင်ငံရေးရဲ့
ဗဟိုချက်နေရာမှာ ထားသင့်ပါတယ်
ကျနော်တို့ သိထားရမှာက အလုပ်ဆိုတာ
ပိုက်ဆံရှာရုံ သက်သက်မဟုတ်ပါဘူး
အများကောင်းကျိုးအတွက် ကူညီပံ့ပိုးတာလည်း
ဖြစ်ပါတယ်
ပြီးတော့ အဲ့သလိုလုပ်တဲ့ အတွက်
အသိအမှတ်ပြုခံရတာ ဒါလည်းပါပါတယ်
Robert F. Kennedy က လွန်ခဲ့တဲ့
အနှစ်ငါးဆယ်လောက်က ပြောခဲ့ဖူးတယ်
ရဲဘော်ရဲဘက်၊ အသိုင်းအသိုင်း၊
မျှဝေထားတဲ့ မျိုးချစ်စိတ်
ဒီလိုအရေးပါတဲ့တန်ဖိုးတွေဟာ အလိုလို
ရောက်မလာပါဘူး
ကုန်ပစ္စည်းတွေကို အတူတကွ
ဝယ်ကြစားကြရုံနဲ့ပေါ့
ဒီလိုတန်ဖိုးတွေဟာ ဂုဏ်သိက္ခာရှိတဲ့
အလုပ်အကိုင်ကနေ လာပါတယ်
ကောင်းမွန်တဲ့ လစာနဲ့ပေါ့
ဘယ်လိုအလုပ်မျိုးလဲဆိုတော့ ကျနော်တို့ကို
ပြောစေနိုင်တဲ့
"ငါကတော့ ဒီတိုင်းပြည် တည်ဆောက်ရေးမှာ
ကူညီခဲ့တယ်
ငါဟာ နိုင်ငံရဲ့ ကြီးကျယ်တဲ့
လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်တယ်"
ဒီလို နိုင်ငံသားစိတ်ဓာတ်ဟာ
ကျနော်တို့ရဲ့ ကနေ့ခေတ် ပြည်သူလူထုဘဝမှာ
များစွာ ပျောက်ကွယ်နေပါတယ်
ကျနော်တို့ မှတ်ယူလေ့ရှိတာက လူတွေ ရှာကြတဲ့
ငွေဟာ
ဘုံအကျိုးစီးပွားအတွက် လုပ်ဆောင်မှုရဲ့
အတိုင်းအတာ တရပ်ဖြစ်တယ်ပေါ့
သို့သော် ဒါက မှားနေပါတယ်
Martin Luther King Jr. က
ဘာ့ကြောင့်လဲ ဆိုတာ ရှင်းပြခဲ့ပါတယ်
မိလ္လာလုပ်သားတွေရဲ့ သပိတ်မှောက်ပွဲတခုကို
ပြန်ဆင်ခြင်းသုံးသပ်ရင်း
တန်နက်စီပြည်နယ်၊ မမ်းဖစ်မြို့က
သပိတ်ပါ
သူ လုပ်ကြံခံရမီ အချိန်လေးမှာပေါ့
King က ပြောခဲ့တယ်
"ကျနော်တို့အမှိုက်တွေကို သိမ်းပေးသူဆိုတာ
သေချာဆန်းစစ်ကြည့်ရင်
သမားတော်တယောက်လောက် အရေးပါပါတယ်
သူက သူ့အလုပ်ကို မလုပ်တော့ဘူးဆိုရင်
ရောဂါတွေ ပွားများလာမယ်
အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ"
ကနေ့ခေတ် ကပ်ရောဂါက ဒါကို
ပီပြင်ထင်ရှားစေပါတယ်
ဘာကိုပြနေသလဲဆိုတော့ ဘယ်လောက်ထိ
နက်ရှိုင်းစွာ ကျနော်တို့တွေ မှီခိုနေကြတယ်
ကျနော်တို့ သိပ်ဂရုပြုလေ့မရှိတဲ့
အလုပ်သမားတွေ အပေါ်မှာပေါ့
အစားအသောက်ကုန်စည် ပိုတဲ့လုပ်သားတွေ
သန့်ရှင်းပြုပြင်ရေးအလုပ်သမားတွေ
စတိုးဆိုင်စာရေးတွေ
သိုလှောင်ရုံ အလုပ်သမားတွေ
ကုန်ကားမောင်းသူတွေ
သူနာပြုအကူတွေ
ကလေးထိန်း ဝန်ထမ်းတွေ
အိမ်အရောက် ကျန်းမာရေးစောင့်ရှောက်မှု
ပေးသူတွေ
သူတို့တွေဟာ လုပ်ခလစားအများဆုံးရတဲ့သူတွေ
အများဆုံးလေးစားခံရတဲ့သူတွေ မဟုတ်ပါဘူး
သို့သော် အခုတော့ ကျနော်တို့ဟာ သူတို့ကို
မရှိမဖြစ်လုပ်သားတွေအဖြစ် မြင်လာကြပါပြီ
ဒီအချိန်ဟာ လူထုထိပ်တိုက်ဆွေးနွေးမှု
လုပ်သင့်တဲ့ အချိန်ပါ
သူတို့တွေရဲ့ လုပ်ခလစာနဲ့ အသိအမှတ်ပြုမှုကို
ဘယ်လိုဆောင်ကြည်းမလဲ ဆိုတာနဲ့ ပတ်သက်လို့ပါ
သူတို့တွေရဲ့ အလုပ်ရဲ့ အရေးပါမှုနဲ့ ပိုမို
ကိုက်ညီနိုင်မယ့် ဟာမျိုးပေါ့
ကိုယ်ကျင့်တရား ဒါ့အပြင် ဘာသာရေးဆိုင်ရာ
အလှည့်အပြောင်း ဖြစ်ချိန်တန်ပြီ ဖြစ်ပါတယ်
အရည်အသွေးအလျောက်မြှောက်စားတဲ့စနစ်ရဲ့
မောက်မာမှုကို ပြန်လည်ဆန်းစစ်ပြီး ပေါ့
လူ့ကျင့်ဝတ်အရ ငါ့ကို တိုးတက်အောင်မြင်စေတဲ့
ပင်ကိုယ်စွမ်းရည်တွေနဲ့ ငါဟာထိုက်တန်ရဲ့လား
ဒါဟာ ငါ့လုပ်ရပ်လား
ငါ့ပင်ကိုယ်အစွမ်းအစကို ချီးမြှောက်တဲ့
လူ့အဖွဲ့အစည်းတခုမှာ ငါနေနေတယ်ဆိုတာဟာပေါ့
ငါ့မှာ ရှိလာတဲ့ အစွမ်းအစတွေလေ
ဒါမဟုတ် ဒါဟာ ငါ ကံကောင်းလို့ ဖြစ်လာတာလား
ငါ့အောင်မြင်မှုဟာ ငါနဲ့ထိုက်တန်တယ်လို့
ရတယ်လို့ ဆိုနေခြင်းဟာ
အခြားသူတွေရဲ့ နေရာကနေ ဝင်နေကြည့်ဖို့
ခက်ခဲသွားစေပါတယ်
ဘဝမှာ ကံကောင်းမှုရဲ့ အခန်းကဏ္ဍကို
ကျေးဇူးတင်ချီးမွမ်းခြင်းဟာ
အတိုင်းအတာတခုအထိ နှိမ့်ချမှုကို
ဖြစ်ပေါ်စေနိုင်ပါတယ်
မွေးဖွားဖြစ်တည်လာမှု၊ ဒါမှမဟုတ်
ဘုရားသခင်ရဲ့ ကျေးဇူးတော်
ဒါမှမဟုတ် ကံကြမ္မာရဲ့ ဆန်းကြယ်မှုကြောင့်
ကျနော်ကတော့ ကံကောင်းနေပါတယ်
ဒီလို နှိမ့်ချတဲ့စိတ်ထားဟာ
ကျနော်တို့ လက်ရှိမှာ လိုအပ်နေတဲ့
နိုင်ငံသားဆိုင်ရာအလေ့အထကောင်းတခု ဖြစ်ပါတယ်
ဒါဟာ နည်းလမ်းတခုရဲ့
အစကနဦးဖြစ်ပါတယ်
ကျနော်တို့ကို သွေးကွဲသွားစေတဲ့ ညှာတာမှုမဲ့
အောင်မြင်ရေးကျင့်ဝတ်ကနေ ဖယ်ခွာလို့ပေါ့
ဒါဟာ အရည်အသွေးရဲ့ နိုင်လိုမင်းထက်ပြုမှုကို
ကျော်လွန်လို့ ကျနော်တို့ကို ညွှန်ပြနေပါတယ်
ပိုပြီး ခါးသီးမှုနည်းတဲ့
ပိုပြီး ရက်ရောတဲ့ ပြည်သူ့ဘဝကိုပေါ့