0:00:00.553,0:00:04.853 ကောင်းပြီ၊ ဒီနေ့ပြောချင်တာက ကျွန်မတို့[br]အချစ်အကြောင်း ပြောကြပုံပါ။ 0:00:05.237,0:00:06.387 အထူးသဖြင့်တော့ 0:00:06.411,0:00:09.846 ကျွန်မတို့ အချစ်အကြောင်း ပြောကြပုံက[br]မှားနေတာကို ပြောချင်တာပါ။ 0:00:10.673,0:00:14.080 ကျွန်မတို့ အများစုဟာ ဘဝတစ်လျှောက်မှာ[br]အကြိမ်အနည်းငယ်တော့ 0:00:14.104,0:00:15.569 ချစ်မိဖူးကြပါလိမ့်မယ်၊ 0:00:15.593,0:00:19.803 အင်္ဂလိပ်ဘာသာစကားမှာတော့[br]ဒီတင်စားတဲ့ လဲကျခြင်းက 0:00:19.827,0:00:22.841 ဒီအတွေ့အကြုံအကြောင်း ပြောဆိုတဲ့[br]တကယ့် အဓိက နည်းလမ်းပါ။ 0:00:23.592,0:00:24.743 ရှင်တို့အကြောင်းမသိပေမဲ့ 0:00:24.767,0:00:26.694 ဒီတင်စားချက်ကို ရုပ်လုံးဖော်ကြည့်တဲ့အခါ 0:00:26.718,0:00:29.596 ကျွန်မ ပုံဖော်လို့ရတာက [br]တိုက်ရိုက် ကာတွန်းတစ်ခုကနေပါ၊ 0:00:30.076,0:00:31.372 ဆိုပါစို့ လူတစ်ယောက်ရှိတယ်၊ 0:00:31.396,0:00:33.113 ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတယ်။[br] 0:00:33.137,0:00:36.249 အဖုံးပွင့်နေတဲ့ လူဆင်းပေါက်ကို [br]သူကျော်လိုက်တာကို မသိပဲနဲ့ပေါ့၊ 0:00:36.273,0:00:39.934 သူ အောက်က မိလ္လာထဲကို စောက်ထိုးကျသွားတယ် 0:00:39.958,0:00:44.038 ကျွန်မ ဒါကို ဒီလို ပုံဖော်တာက[br]လဲကျမှုဟာ ခုန်တာမဟုတ်လို့ပါ။ 0:00:44.769,0:00:46.801 လဲကျခြင်းဟာ မတော်တဆပါ၊ 0:00:46.825,0:00:48.727 ဒါက ထိန်းချုပ်မရနိုင်တာပါ။ 0:00:48.751,0:00:52.276 ကျွန်မတို့ မလိုချင်ပဲနဲ့[br]ကျွန်မတို့ဆီ ဖြစ်လာတဲ့ တစ်ခုခုပါ။ 0:00:52.300,0:00:53.493 ဒါကတော့... 0:00:53.517,0:00:57.084 ဒါက သံယောဇဉ်သစ်တစ်ခုကို စတဲ့အကြောင်း[br]ပြောတဲ့ အဓိကနည်းလမ်းပါ။ 0:00:58.336,0:01:02.103 ကျွန်မက စာရေးဆရာမ၊ အင်္ဂလိပ်စာ[br]ဆရာမလည်းဖြစ်ပါတယ်၊ 0:01:02.127,0:01:04.412 ဆိုလိုတာက အသက်မွေးမှုအတွက်[br]စကားလုံးတွေကို တွေးတာ၊ 0:01:04.436,0:01:08.586 သုံးတဲ့ဘာသာစကားက အရေးပါတာလို့ စောဒကတက်ဖို့[br]ကျွန်မ လစာရတာလို့သင်တို့ပြောနိုင်ကာ 0:01:08.610,0:01:12.810 အချစ်အကြာင်း ပြောဖို့ သုံးကြတဲ့ များစွာသော[br]တင်စားချက်တွေကို 0:01:12.834,0:01:14.401 စောဒကတက်ချင်ပါတယ်၊[br] 0:01:14.425,0:01:16.248 ၎င်းတို့ အများစုဟာ ပြဿနာတစ်ခုတောင် 0:01:16.272,0:01:17.673 ဖြစ်ချင်ဖြစ်မှာပါ။ 0:01:18.700,0:01:20.593 ဒီတော့ အချစ်မှာ ကျွန်မတို့ လဲကျကြတယ်။ [br] 0:01:21.766,0:01:23.231 ကျွန်မတို့ ချေမွခံရတယ်၊ 0:01:23.255,0:01:24.651 အရူးအမူးဖြစ်ကြတယ်။ [br] 0:01:25.331,0:01:26.701 ကျွန်မတို့ မေ့မူးကြတယ်။ 0:01:27.186,0:01:28.983 ရမက်နဲ့ ကျွမ်းလောင်ကြတယ်။ 0:01:29.738,0:01:31.715 အချစ်ဟာ ကျွန်မတို့ကို အရူးအမူးဖြစ်စေပြီး 0:01:31.739,0:01:33.303 အော့နှလုံးနာစေတယ်။ 0:01:33.796,0:01:35.156 နှလုံးသားတွေ နာကျင်စေပြီး 0:01:35.180,0:01:37.186 နောက်တော့ ကွဲအက်သွားတယ်။ 0:01:38.226,0:01:41.370 ဒီတော့ ကျွန်မတို့ တင်စားချက်တွေက [br]တစ်ယောက်ယောက်ကိုချစ်တာကို 0:01:41.394,0:01:44.047 လွန်ကဲတဲ့ ကြမ်းတမ်းမှု( သို့)[br]မမာကျန်းမှုလို့ အတူပြုတယ် 0:01:44.071,0:01:46.156 (ရယ်သံများ) 0:01:47.101,0:01:48.252 ၎င်းတို့ လုပ်ကြတယ်။ 0:01:48.276,0:01:50.259 ၎င်းတို့က ကျွန်မတို့ကို မမြင်နိုင်ပြီး 0:01:50.283,0:01:53.642 လုံးဝရှောင်မရတဲ့ အခြေအနေတွေရဲ့[br]သားကောင်အဖြစ် နေရာထားတယ်။ 0:01:54.547,0:01:57.270 ကျွန် အကြိုက်ဆုံးတွေထဲက တစ်ခုက[br]"smitten"ပါ၊ 0:01:57.294,0:02:00.148 ဒါက "smite" ရဲ့ အတိတ်ကာလပြ[br]စကားလုံးပါ။ 0:02:00.172,0:02:03.240 ဒီစကားလုံးကို အဘိဓာန်ထဲမှာ[br]ရှာကြည့်ရင် 0:02:03.264,0:02:04.288 (ရယ်သံများ) 0:02:04.312,0:02:08.830 ဒါကို "ပြင်းထန်တဲ့ ချစ်ခင်မှု" နဲ့[br]"အင်မတန် ချစ်မိတယ်'' 0:02:08.854,0:02:11.705 လို့ နှစ်ခုစလုံး အနက်ဖွင့်တာ တွေ့ရမယ်။ 0:02:13.716,0:02:17.060 ကျွန်မ "smite" ဆိုတဲ့ စကားလုံးကို [br]သမ္မာကျမ်းဟောင်းထဲကထူးခြားတဲ့ 0:02:17.084,0:02:18.648 စကားစပ်အဖြစ် ယှဉ်ကြည့်လိုပါတယ်။[br] 0:02:19.560,0:02:24.308 Exodus ကျမ်း တစ်ခုတည်းမှာတင်[br]smiting ကို ရည်ညွှန်းတာ ၁၆ ခုရှိတယ်။ 0:02:24.332,0:02:28.105 ဒေါသထွက်နေတဲ့ ဘုရားသခင်ရဲ့ လက်တုံ့[br]ပြန်မှုအတွက် သမ္မာကျမ်းစာကသုံးတဲ့ စာလုံးပါ 0:02:28.129,0:02:29.850 (ရယ်သံများ) 0:02:29.874,0:02:32.579 ဒီမှာ ဒီစကားလုံးကိုပဲ ကျိုင်းကောင် [br]ကပ်ဘေးကို ရှင်းပြဖို့ 0:02:32.603,0:02:35.029 သုံးတဲ့ အချစ်အကြောင်းပြောဖို့[br]သုံးနေတာတွေပါ၊ 0:02:35.053,0:02:36.081 (ရယ်သံများ) 0:02:36.105,0:02:37.361 ဟုတ်တယ်နော်။ 0:02:37.385,0:02:39.477 ဒီတော့ ဒါဘယ်လို ဖြစ်ခဲ့တာလဲ။ 0:02:39.501,0:02:43.492 ဘယ်လိုဖြစ်ပြီး အချစ်ကို ကြီးမားတဲ့[br]နာကျင်မှု၊ ဝေဒနာနဲ့ ယှဉ်ဖြစ်တာလဲ။ 0:02:43.516,0:02:47.505 ဘာဖြစ်လို အပြင်ပန်းအားဖြင့် [br]အတွေ့အကြုံကောင်းကို 0:02:47.529,0:02:49.633 သားကောင်တွေလိုမျိုး ပြောကြတာလဲ။ 0:02:50.556,0:02:52.247 ဒါတွေက ခက်ခဲတဲ့ မေးခွန်းတွေဆိုပေမဲ့ 0:02:52.271,0:02:53.917 ကျွန်မမှာ သီအိုရီတွေရှိပါတယ်။ 0:02:53.941,0:02:55.180 ဒါကို ထွင်းဖောက်တွေးဖို့ 0:02:55.204,0:02:57.832 တင်စားမှုတစ်ခုကိုပဲ [br]အထူး အာရုံစိုက်ချင်ပါတယ်။ 0:02:57.856,0:03:00.027 ဒါက ရူးသွပ်မှုလို အချစ်ရဲ့ စိတ်ကူးပါ။ 0:03:01.088,0:03:03.795 စိတ်ကူးယဉ်အချစ်ကို စတင် [br]သုတေသနပြုတော့ 0:03:03.819,0:03:06.580 ဒီရူးသွပ်မှု တင်စားတာတွေကို [br]နေရာတိုင်းမှာ တွေ့ရှိခဲ့တယ်။ 0:03:06.604,0:03:08.707 အနောက်တိုင်း ယဉ်ကျေးမှုသမိုင်းဟာ 0:03:08.731,0:03:12.668 အချစ်ကို စိတ်ပိုင်း မကျန်းမာမှုနဲ့[br]အနှိုင်းပြုတဲ့ ဘာသာစကားနဲ့ ပြည့်နေတယ်။ 0:03:13.440,0:03:15.367 ဒါတွေက နမူနာ အချို့လောက်ပါ။ 0:03:15.391,0:03:16.734 William Shakespeare: 0:03:16.758,0:03:18.191 "အချစ်ဟာ ရူးသွပ်မှု သက်သက်ပဲ" 0:03:18.215,0:03:19.532 "As You Like It" ကပါ။ 0:03:20.092,0:03:21.349 Friedrich Nietzsche: 0:03:21.373,0:03:23.876 "အချစ်မှာ ရူးသွပ်မှုတစ်ခု အမြဲရှိတယ်။" 0:03:24.559,0:03:27.425 "ငါ့ကို အချစ်မှာ အရူးအမူး ပုံပေါက်အောင်[br]လုပ်၊လုပ်နေတယ်။" 0:03:27.449,0:03:29.518 (ရယ်သံများ) 0:03:29.542,0:03:32.140 ကြီးကျယ်လှတဲ့ ဒဿနပညာရှင်[br]Beyoncé Knowles ဆီကပါ။ 0:03:32.164,0:03:33.625 (ရယ်သံများ) 0:03:35.083,0:03:37.917 ကျွန်မ ပထမဆုံး ချစ်မိတာက[br]အသက် ၂၀ မှာဖြစ်ပြီး 0:03:37.941,0:03:41.120 ဒါ စကတည်းက အတော်လေး ရှုပ်ထွေးတဲ့[br]သံယောဇဉ်တစ်ခုပါ။ 0:03:41.459,0:03:44.664 ပထမ တစ်နှစ်၊နှစ်နှစ်မှာတော့[br]ရှည်လျားတဲ့ အကွာအဝေးဖြစ်ခဲ့ပြီး 0:03:44.688,0:03:49.284 ကျွန်မအတွက်တော့ အရမ်း မြင့်မြင့်သွားလိုက်၊[br]အရမ်း နိမ့်နိမ့်သွားလိုက်ပေါ့။ 0:03:49.794,0:03:51.998 ကာလတစ်ခုကို အထူး မှတ်မိနိုင်သေးတယ်။ 0:03:52.580,0:03:55.925 တောင်အမေရိကက တည်းခိုဆောင်တစ်ခုက[br]အိပ်ယာထက်မှာ ထိုင်နေပြီး 0:03:55.949,0:03:59.645 ကျွန်မ ချစ်တဲ့သူ တံခါးက ထွက်သွားတာ[br]စောင့်ကြည့်နေတုန်းပေါ့။ 0:04:00.151,0:04:01.764 ဒါက နောက်ကျနေပြီ၊ 0:04:01.788,0:04:03.048 သန်းခေါင်နီးပါးပါ၊ 0:04:03.072,0:04:05.049 ကျွန်မတို့ ညစာစားရင်း စကားများဖြစ်ခဲ့တယ်၊ 0:04:05.073,0:04:07.022 ကျွန်မတို့ အခန်းကို ပြန်ရောက်တော့ 0:04:07.046,0:04:09.771 အိတ်ထဲကို သူ့ပစ္စည်းတွေ ပစ်ထည့်ပြီး[br]ခြေဆောင့်ထွက်သွားတယ်။ 0:04:11.141,0:04:14.400 စကားများတဲ့ အကြောင်းကို [br]မမှတ်မိနိုင်တော့ပေမဲ့ 0:04:14.424,0:04:18.479 အရမ်း ရှင်းလင်းစွာ မှတ်မိနိုင်တာက သူထွက်[br]သွားတာ စောင့်ကြည့်ရင်းခံစားခဲ့ရတာကိုပါ။ 0:04:19.122,0:04:22.667 ကျွန်မက ၂၂ နှစ်၊ ဖွံ့ဖြိုးနေတဲ့ ကမ္ဘာမှာ[br]ကျွန်မရဲ့ ပထမဆုံးဖြစ်ပြီး 0:04:23.424,0:04:25.679 လုံးဝကို အထီးကျန်ခဲ့တာပါ။ 0:04:26.412,0:04:29.779 လေယာဉ်နဲ့ အိမ်မပြန်ခင်ထိ[br]နောက်တစ်ပတ်ကြာခဲ့တယ်၊ 0:04:29.803,0:04:32.171 ကျွန်မ ရှိခဲ့တဲ့ မြို့အမည်ကို [br]သိခဲ့ပြီး 0:04:32.195,0:04:35.778 ကျွန်မ လေယဉ်စီးထွက်ဖို့ ရောက်ဖို့လိုတဲ့[br]မြို့အမည်ကို သိခဲ့ပေမဲ့ 0:04:35.802,0:04:39.058 ဘယ်လို သွားရမလဲ မသိခဲ့ဘူး။ 0:04:39.842,0:04:43.019 လမ်းညွန်စာအုပ်ကမရှိ၊ [br]ငွေကလည်း မရှိသလောက်၊ 0:04:43.043,0:04:44.813 စပိန်လိုလည်း မပြောတတ်ဘူးလေ။ 0:04:45.547,0:04:47.644 ကျွန်မထက်ပိုပြီး စွန့်စားတ်သူတစ်ဦးဆို 0:04:47.668,0:04:50.098 ဒါကို အခွင့်အလမ်းရဲ့ အခါသမယလို့[br]မြင်ကောင်းမြင်မယ်၊ 0:04:50.122,0:04:51.952 ဒါပေမဲ့ ကျွန်မတော့ ကြက်သေသေပြီး 0:04:52.406,0:04:54.223 အဲဒီမှာ ထိုင်ပဲနေခဲ့တယ်။ 0:04:54.738,0:04:56.781 ဒီနောက် ချုံးပွဲချငိုလိုက်တယ်။ 0:04:57.357,0:04:59.728 ဒါပေမဲ့ တုန်လှုပ်နေပေမဲ့ 0:04:59.752,0:05:02.322 ကျွန်မ ခေါင်းထဲက အသံလေးက တွေးတာက 0:05:02.346,0:05:04.683 "အိုး၊ ဒါဟာ ပြဇာတ်ဆန်လိုက်တာ၊ 0:05:04.707,0:05:07.406 ဒီချစ်စရာလေးကို သင့်တင့်အောင် [br]တစ်ခုခု လုပ်နေရမှာပေါ့လေ။" 0:05:07.430,0:05:09.218 (ရယ်သံများ) 0:05:09.242,0:05:13.762 အကြောင်းက ကျွန်မရဲ့ အချို့အပိုင်းက[br]အချစ်မှာ စိတ်မသက်မသာဖြစ်တာခံစားချင်သေးတယ်။ 0:05:14.226,0:05:17.666 အခုဆိုရင် ကျွန်မအတွက် အတော်[br]ထူးဆန်းတာပေါ့၊ ဒါပေမဲ့ ၂၂ နှစ်မှာ 0:05:17.690,0:05:20.835 ဇာတ်လမ်းဆန်ဆန် [br]အတွေ့အကြုံတွေရှိဖို့ တမ်းတခဲ့ပြီး 0:05:20.859,0:05:26.057 အဲဒီအချိန်က ကျွန်မဟာ မဆင်မခြင်၊[br]ဒေါသဖြစ်ကာ ယူကျုံးမရဖြစ်ခဲ့ကာ 0:05:26.081,0:05:27.305 ဘယ်လိုမှန်း မသိခဲ့အောင်ပဲ 0:05:27.329,0:05:30.705 ကိုယ့်ကို ပစ်ထားခဲ့တဲ့ ကောင်အတွက်[br]ခံစားချက်တွေကို တစ်နည်းနည်းနဲ့ 0:05:30.729,0:05:32.568 တရားဝင်ဖြစ်အောင်လုပ်ခဲ့[br]တာလို့ ထင်တယ် 0:05:34.163,0:05:38.526 အဆင့်တစ်ခုမှာ နည်းနည်းလေး [br]ရူးသွပ်တာခံစားချင်ခဲ့တာက 0:05:38.550,0:05:42.082 ဒါက အချစ်လုပ်ဆောင်ပုံလို့[br]ထင်ခဲ့လို့ပါ။ 0:05:43.141,0:05:44.948 ဒါက တကယ့်ကို အံဩစရာ မဖြစ်သင့်ဘူး၊ 0:05:44.972,0:05:47.426 Wikipedia အရ ထောက်ဆမယ်ဆိုရင်[br] 0:05:47.450,0:05:49.723 ရုပ်ရှင် ရှစ်ကား၊ 0:05:49.747,0:05:51.744 သီချင်း ၁၄ ပုဒ်၊ 0:05:51.768,0:05:54.965 အယ်ဘမ် နှစ်ခု၊ ဝတ္ထုတစ်ပုဒ်ဟာ [br]"ရူးသွပ်တဲ့ အချစ်" ခေါင်းစဉ်နဲ့ပါ။ 0:05:55.837,0:05:58.963 နောက် နာရီဝက်ကြာတော့[br]သူ ကျွန်မတို့အခန်းကို ပြန်လာတယ်။ 0:05:58.987,0:06:00.138 ပြန်ပေါင်းထုပ်ကြတယ်။ 0:06:00.162,0:06:02.979 နောက် အများစု ပျော်ရွှင်တဲ့ တစ်ပတ်[br]ခရီး အတူထွက် ကုန်ဆုံးတယ် 0:06:03.003,0:06:04.435 ဒီနောက် အိမ်ပြန်ရောက်တော့ 0:06:04.459,0:06:09.443 တွေးမိတာက "အတော်ကို ဆိုးဝါးခဲ့ပြီး[br]အတော်ကောင်းခဲ့တာပဲ၊ 0:06:09.989,0:06:11.704 ဒါ တကယ့် ချစ်ဇာတ်လမ်း ဖြစ်ရမယ်"ပေါ့။ 0:06:13.006,0:06:15.706 ကျွန်မ အချစ်ဦး[br]ရူးသွပ်မှုလို ခံစားဖို့ မျှော်လင့်ခဲ့တယ်[br] 0:06:15.730,0:06:19.510 တကယ်တော့ ဒီမျှော်လင့်ချက်ကို [br]ကောင်းကောင်းကြီး ဆုံခဲ့တယ်။ 0:06:19.941,0:06:21.632 ဒါပေမဲ့ လူတစ်ဦးကို ဒီလိုချစ်တာ 0:06:21.656,0:06:25.751 ကျွန်မ ကျန်းမာသုခ အလုံးစုံဟာ သူကျွန်မကို [br]ပြန်ချစ်တာအပေါ်မူတည်နေတာမျိုးဟာ 0:06:25.775,0:06:27.868 ကျွန်မအတွက် (သို့) သူ့အတွက် 0:06:27.892,0:06:29.042 သိပ်မကောင်းလှပါဘူး။ 0:06:29.850,0:06:33.551 ဒါပေမဲ့ အချစ်အတွေ့အကြုံက ဒီလောက် [br]တစ်မူထူးခြားမနေဘူးလို့ သံသယရှိတယ်။ 0:06:34.026,0:06:38.237 ကျွန်မတို့အများစုဟာ စိတ်ကူးယဉ်အချစ်ရဲ့ [br]အစောပိုင်းအဆင့်တွေမှာ အနည်းငယ် ရူးကြပါတယ်၊ 0:06:38.815,0:06:42.631 အမှန်က ဒါဟာ အတော်လေး ပုံမှန်ဆိုတာ[br]အတည်ပြုဖို့ သုတေသနရှိပါတယ်၊ 0:06:43.280,0:06:45.166 အကြောင်းက အာရုံကြောဓာတုပိုင်းဆိုရင် 0:06:45.190,0:06:49.752 စိတ်ကူးယဉ်အချစ်နဲ့ စိတ်မကျန်းမာမှုဟာ[br]အဲဒီလောက် လွယ်လွယ် မကွဲပြားဘူး။ 0:06:51.046,0:06:52.197 ဒါက အမှန်ပါ၊ 0:06:52.221,0:06:56.780 ၁၉၉၉ က ဒီလေ့လာမှုဟာ [br]ချစ်စဦးတွေရဲ့ ဆီရိုတိုနင် အဆင့်တွေဟာ 0:06:56.804,0:06:59.898 အလွန်အကျွံ စွဲလမ်းတဲ့ရောဂါ[br]တွေ့ရှိထားသူတွေရဲ့ 0:06:59.922,0:07:02.719 ဆီရိုတိုနင်အဆင့်တွေနဲ့[br]အလွန် နီးစပ်စွာ ဆင်တူတာကို 0:07:02.743,0:07:06.048 အတည်ပြုဖို့ သွေးစစ်ချက်တွေကို သုံးခဲ့တယ်။ 0:07:06.072,0:07:07.080 (ရယ်သံများ) 0:07:07.104,0:07:09.801 ဟုတ်ပါတယ်၊ ဆီရိုတိုနင် အဆင့်တွေနိမ့််တာဟာ 0:07:09.825,0:07:13.427 ရာသီအလိုက် ထိခိုက်တဲ့ [br]ရောဂါနဲ့ စိတ်ကျမှုနဲ့လည်း 0:07:13.451,0:07:14.731 ဆက်စပ်နေပါတယ်။ 0:07:15.687,0:07:17.947 ဒီတော့ အချစ်ဟာ ကျွန်မတို့ စိတ်နေစိတ်ထားနဲ့ 0:07:17.971,0:07:22.319 အပြုအမူတွေကို ပြောင်းလဲမှုတွေနဲ့ ဆက်စပ်[br]ပေးတယ်ဆိုတဲ့ အထောက်အထားရှိပါတယ်။ 0:07:22.343,0:07:26.350 ဆက်ဆံရေးအများစုဟာ ဒီနည်းနဲ့ စတင်တာလို့ 0:07:26.374,0:07:30.064 အတည်ပြုဖို့ အခြားလေ့လာမှုတွေ ရှိပါတယ်။ 0:07:30.660,0:07:34.823 ဆီရိုတိုနင် အဆင့်နိမ့်တာဟာ[br]အချစ်ရဲ့ ရည်မှန်းရာအကြောင်း 0:07:34.847,0:07:38.882 လွန်ကဲတဲ့ တွေးခြင်းနဲ့ ဆက်နွယ်နေတယ်လို့[br]သုတေသီတွေ ယုံကြည်ပါတယ်။ 0:07:38.906,0:07:42.964 ဒါက တစ်ဦးဦးဟာ သင့်ဦးနှောက်ထဲမှာ[br]စခန်းချနေတယ်လို့ ခံစားတာမျိုးပါ။ 0:07:42.988,0:07:45.919 ကျွန်မတို့ အများစုဟာ ပထမဆုံး ချစ်တဲ့အခါ[br]ဒီနည်း ခံစားကြပါတယ်။ 0:07:45.943,0:07:49.069 ဒါပေမဲ့ သတင်းကောင်းက[br]ဒါက အမြဲ အရှည်မတည်တံ့ပါဘူး 0:07:49.093,0:07:52.266 များသောအားဖြင့် လအနည်းငယ်ကနေ[br]တစ်နှစ်၊နှစ်နှစ်ပါ။ 0:07:53.352,0:07:56.160 တောင် အမေရိက ခရီးကပြန်လာတော့ 0:07:56.184,0:07:59.761 အချိန်အတော်များများကို အခန်းထဲမှာ [br]တစ်ယောက်တည်း 0:07:59.785,0:08:01.125 ကျွန်မချစ်တဲ့ ငနဲဆီက 0:08:01.149,0:08:03.512 သေမလောက် ကြားရဖို့[br]အီးမေး စစ်ရင်း ကုန်ဆုံးခဲ့တယ်၊ 0:08:04.545,0:08:09.893 သူငယ်ချင်းတွေက ကျွန်မရဲ့အင်မတန် ဆိုးတဲ့[br]ဝေဒနာကို နားမလည်နိုင်ရင် သူတို့ ဆက်ဆံရေး 0:08:09.917,0:08:11.866 မလို့အပ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။[br] 0:08:11.890,0:08:13.973 ဒါနဲ့ သူတို့အများစုနဲ့ တွဲသွားတာ[br]ရပ်လိုက်တယ် 0:08:14.387,0:08:18.581 ဒါဟာ ကျွန်မဘဝရဲ့ မပျော်ရွှင်ဆုံး[br]နှစ်ဖြစ်လောက်ပါတယ်။ 0:08:19.086,0:08:23.200 ဒါပေမဲ့ စိတ်မချမ်းမသာဖြစ်ဖို့က[br]ကျွန်မရဲ့ အလုပ်လိုမျိုးဖြစ်မိတယ်ထင်တယ်။ 0:08:23.849,0:08:25.641 အကြောင်းက စိတ်မချမ်းမြေ့ဖြစ်နိုင်ရင် 0:08:25.665,0:08:28.332 ကျွန်မ သူ့ကို ဘယ်လောက်ချစ်ခဲ့တာ[br]သက်သေပြလိမ့်မယ်။ 0:08:28.356,0:08:30.241 ဒါကို ကျွန်မ သက်သေပြနိုင်ရင် 0:08:30.265,0:08:33.219 ကျွန်မတို့ နောက်ဆုံး အတူတူ [br]အဆုံးသတ်ဖို့လိုတယ်။ 0:08:34.050,0:08:36.138 ဒါက တကယ့် ရူးသွပ်မှုပါ၊ 0:08:36.162,0:08:38.557 အကြောင်းက ကြီးမားတဲ့ ဝေဒနာခံစားခြင်းဟာ 0:08:38.581,0:08:41.943 ကြီးမားတဲ့ ဆုလာဘ်နဲ့ ညီမျှတယ်လို့[br]စကြာဝဠာဆိုင်ရာ စည်းမျဉ်းမရှိဘူလေ။ 0:08:42.478,0:08:46.382 ဒါပေမဲ့ ဒါက အမှန်လိုမျိုး အချစ်အကြောင်း [br]ကျွန်မတို့ ပြောကြတယ်။ 0:08:47.463,0:08:51.139 ကျွန်မတို့ အချစ် အတွေ့အကြုံတွေဟာ[br]ဇီဝပိုင်း၊ ယဉ်ကျေးမှုပိုင်း နှစ်ခုစလုံးပါ။ 0:08:51.774,0:08:54.233 ကျွ့န်မတို့ ဇီဝဗေဒက အချစ်ဟာ ကောင်းတယ်လို့ 0:08:54.257,0:08:57.411 ဦးနှောက်အတွင်းက ဆုလာဘ် ပတ်လမ်းတွေကို[br]အသက်သွင်းကာ ပြောပြပြီး 0:08:57.435,0:09:02.055 အာရုံကြောဓာတုဗေဒဆိုင်ရာ ဆုလာဘ် ဆုတ်ခွာတဲ့[br]ရန်ဖြစ်တာ(သို့) လမ်းခွဲတဲ့အခါ 0:09:02.079,0:09:04.689 အချစ်ဆိုတာ နာကျင်တယ်လို့ ပြောပြတယ်။ 0:09:05.155,0:09:07.597 တကယ်က ဖြစ်လောက်တာက[br]ဒါကို သင်တို့ ကြားပြီးသားပါ 0:09:07.621,0:09:09.465 အာရုံကြောဓာတုပိုင်းအရဆိုရင် 0:09:09.489,0:09:12.923 လမ်းပခွဲတာကို ဖြတ်ကျော်တာဟာ [br]ကိုကိန်း ဖြတ်တာလိုမျိုးပါ၊ 0:09:13.675,0:09:15.311 စိတ်အေးစရာလို့ ထင်ပါတယ်။ 0:09:15.335,0:09:16.485 (ရယ်သံများ) 0:09:17.066,0:09:19.898 ဒီနောက် ကျွန်မတို့ ယဉ်ကျေးမှုက [br]အချစ်အကြောင်း စိတ်ကူးတွေကို 0:09:19.922,0:09:22.703 ပုံသွင်းဖို့နဲ့ အားကောင်းစေဖို့[br]ဘာသာစကားတွေ အသုံးပြုတယ်။ 0:09:22.727,0:09:25.351 ဒီကိစ္စမှာ နာကျင်မှု၊ [br]စွဲလမ်းမှုနဲ့ ရူးသွပ်မှုတွေရဲ့ 0:09:25.375,0:09:26.890 တင်စားချက်တွေအကြောင်း ပြောကြတယ် 0:09:27.826,0:09:30.270 ဒါက စိတ်ဝင်စားစရာ တုံ့ပြန်[br]ကွင်းဆက် တစ်ခုလိုပါ။ 0:09:30.294,0:09:33.811 အချစ်ဟာ စွမ်းအားရှိပြီး တစ်ခါတစ်ခါကျတော့[br]နာကျင်ရကာ 0:09:33.835,0:09:36.600 ဒါကို ကိုယ့် စကာလုံးတွေ၊ [br]ဇာတ်လမ်းတွေထဲမှာ ဖော်ပြကြပေမဲ့ 0:09:37.182,0:09:39.680 နောက်တော့ ကျွန်မတို့ စကားလုံးတွေနဲ့ [br]ဇာတ်လမ်းတွေဟာ 0:09:39.704,0:09:43.166 အချစ်ကို စွမ်းအားရှိကာ နာကျင်ရန် [br]မျှော်လင့်ဖို့ ကျွန်မတို့ကို သင်ပေးတယ် 0:09:43.955,0:09:47.128 ကျွန်မကို စိတ်ဝင်စားစေတာက[br]ဒါအားလုံး ဖြစ်ပျက်တာက တစ်သက်တာ 0:09:47.152,0:09:49.875 တစ်လင်တစ်မယားစနစ်ကို[br]တန်ဖိုးထားတဲ့ ယဉ်ကျေးမှုတစ်ခုမှာပါ။ 0:09:50.658,0:09:52.719 ကျွန်မတို့က နည်းနှစ်ခုလုံး လိုချင်ပုံရတယ်။ 0:09:52.743,0:09:55.094 အချစ်ကို ရူးသွပ်မှုလိုမျိုး လိုချင်တယ်၊ 0:09:55.718,0:09:58.864 ဒါကို တစ်သက်တာလုံး တည်တံ့ချင်ကြတယ်။ 0:09:59.561,0:10:01.124 အတော်လေး ဆိုးပုံရတယ်နော်။ 0:10:01.148,0:10:02.677 (ရယ်သံများ) 0:10:03.853,0:10:05.449 ဒါကို ပြေလည်ဖို့ 0:10:05.473,0:10:10.498 ကျွန်မတို့ရဲ့ ယဉ်ကျေးမှုကို (သို့) [br]မျှော်လင့်ချက်တွေ ပြောင်းတာ လုပ်ဖို့လိုတယ် 0:10:11.408,0:10:15.001 ကျွန်မတို့အားလုံး အချစ်မှာ တုံဏှိဘာဝေ[br]ဖြစ်တာ နည်းတယ်လို့ စိတ်ကူးကြည့်ပါ 0:10:15.642,0:10:19.788 ကျွန်မတို့ ပိုပြီး ရဲတင်းရင်[br]ပိုပွင့်လင်းပြီး ပိုရက်ရောရင် 0:10:19.812,0:10:23.113 အချစ်မှာ လဲကျတယ်ဆိုတာထက် 0:10:23.137,0:10:25.362 အချစ်ထဲကို လှမ်းဝင်လိုက်တာပါ။ 0:10:26.223,0:10:28.152 ဒါက အများကြီး တောင်းခံတာကို သိပေမဲ့ 0:10:28.176,0:10:31.650 ဒါကို အကြံပေးတာ ကျွန်မက ပထမဆုံး[br]ပုဂ္ဂိုလ် မဟုတ်ပါဘူး။ 0:10:33.012,0:10:35.521 သူတို့စာအုပ်ဖြစ်တဲ့ "Metaphors We Live By"[br]မှာ 0:10:35.545,0:10:40.659 ဘာသာဗေဒပညာရှင် Johnson နဲ့ Lakoff တို့ဟာ[br]အကျပ်ရိုက်တာအတွက် စိတ်ဝင်စားစရာ 0:10:40.683,0:10:41.901 အဖြေကို အကြံပြုထားတယ်၊[br] 0:10:42.491,0:10:44.907 ဒါကတော့ ကျွန်မတို့ရဲ့ တင်စားမှုတွေကို[br]ပြောင်းဖို့ပါ 0:10:45.795,0:10:50.212 တင်စားမှုတွေက ကျွန်မတို့ လောကကို [br]တေွ့ကြုံခံစားပုံကို ပုံသွင်းပေးတယ်၊ အနာဂတ် 0:10:51.071,0:10:54.569 လုပ်ဆောင်မှုတွေအတွက် မလွဲနိင်တဲ့[br]ဟောကိန်းတွေလို လမ်းညွှန်အဖြစ်တောင် 0:10:54.593,0:10:56.481 လုပ်ဆောင်တယ်လို့ ငြင်းခုံထားပါတယ်။ 0:10:57.489,0:11:01.045 Johnson နဲ့ Lakoff တို့က အချစ်အတွက်[br]တင်စားမှုအသစ်ကို ညွှန်ပြတာက 0:11:01.977,0:11:04.091 အချစ်က အနုပညာရဲ့ ပူးပေါင်းဆောင်ရွက်တဲ့[br]အနုပညာ 0:11:04.872,0:11:07.922 အချစ်အကြောင်း ဒီလိုတွေးတာကို [br]ကျွန်မ တကယ် သဘောကျတယ်။ 0:11:09.028,0:11:12.550 ဘာသာဗေဒပညာရှင်တွေက တင်စားမှုတွေအကြောင်း[br]ပတ်သက်မှုတွေရှိတာအဖြစ်ဆွေးနွေးတယ် 0:11:12.574,0:11:16.370 ဒါက အခြေခံအားဖြင့် ပတ်သက်မှုအားလုံးကို[br]ထည့်တွက်တဲ့ နည်းတစ်ခု၊ 0:11:16.394,0:11:19.326 (သို့) ပေးထားတဲ့ တင်စားမှုအတွင်းက[br]ပါဝင်နေတဲ့ စိတ်ကူးတွေပါ။ 0:11:19.350,0:11:22.259 Johnson နဲ့ Lakoff တို့ဟာ [br]ပတ်သက်တဲ့ အနုအပညာ လက်ရာတစ်ခုမှာ 0:11:22.283,0:11:24.435 ပူးပေါင်းလုပ်ဆောင်တာ အားလုံးကို[br]ဆွေးနွေးတယ်၊ 0:11:24.976,0:11:29.131 အားထုတ်မှု၊ ညှိနှိုင်းမှု၊ သည်းခံမှု၊[br]တူညီတဲ့ ရည်မှန်းချက်တွေပါ။ 0:11:29.655,0:11:33.485 ဒီစိတ်ကူးတွေက ရေရှည် ချစ်ရေး နှစ်မြှုပ်မှု[br]ထဲကို ယဉ်ကျေးမှုပိုင်း မြှုပ်နှံမှုနဲ့ 0:11:33.509,0:11:35.582 ကောင်းမွန်စွာ ပူးပေါင်းတာမက 0:11:35.606,0:11:39.217 အခြား သံယောဇဉ်အမျိုးအစားတွေအတွက်လည်း[br]ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်၊ 0:11:40.020,0:11:45.676 ရေတို၊ အပျော်း၊ မျက်နှာများမှု၊[br]တစ်လင်တစ်မယားမဟုတ်သူ၊ လိင်မှုကင်းမှုတို့ပါ 0:11:45.700,0:11:49.585 အကြောင်းက ဒီတင်စားမှုက တစ်ဦးဦးကို [br]ချစ်ခြင်းဆီ အများကြီး ပိုရှုပ်ထွေးတဲ့ 0:11:49.609,0:11:51.649 စိတ်ကူးတွေယူလာလို့ပါ။ 0:11:52.670,0:11:57.064 ဒီတော့ အချစ်ဆိုတာ အနုပညာရဲ့ ပူးပေါင်း[br]ဆောင်ရွက်တဲ့ လက်ရာဆိုရင် 0:11:57.088,0:12:00.500 အချစ်ဟာ သုခုမဟန် အတွေ့အကြုံတစ်ခုပါ။ 0:12:01.524,0:12:03.419 အချစ်ဟာ မခန့်မှန်းနိုင်ပါဘူး၊ 0:12:04.153,0:12:06.177 အချစ်ဟာ ဖန်တီးတတ်တယ်၊ 0:12:06.898,0:12:11.031 အချစ်ဟာ ဆက်သွယ်မှုနဲ့[br]စည်းကမ်းလိုအပ်တယ်၊ 0:12:11.055,0:12:14.244 စိတ်ပျက်စရာနဲ့ စိတ်ပိုင်းအရ[br]အားထုတ်မှု လိုအပ်တာပါ။ 0:12:14.677,0:12:18.027 အချစ်ဟာ ပျော်ရွှင်မှုနဲ့ နာကျင်မှုပါဝင်တယ် 0:12:18.742,0:12:22.361 နောက်ဆုံး အချစ်ရဲ့ တွေ့ကြုံမှုတစ်ခုစီဟာ[br]ကွဲပြားပါတယ်။ 0:12:23.759,0:12:25.386 ကျွန်မ ငယ်စဉ်က 0:12:25.410,0:12:30.078 အချစ်ဆီက ပိုတောင်းဆိုဖို့ ခွင့်ပြုခံရတာ[br]တစ်ခါမှ ကျွန်မမှာ မဖြစ်ခဲ့ပါဘူး၊ 0:12:30.102,0:12:33.795 အချစ်က ပေးကမ်းသမျှကို[br]လက်ခံစရာကို မလိုခဲ့တာပါ။ 0:12:34.775,0:12:38.104 အသက် ၁၄ နှစ်မှာ ဂျူးလိယက် ပထမဆုံး[br]တွေ့တော့ 0:12:38.128,0:12:42.053 (သို့) အသက် ၁၄ နှစ်မှာ ဂျူးလိယက် [br]ပြီးခဲ့တဲ့ လေးရက်က တွေ့ခဲ့တဲ့ 0:12:42.077,0:12:44.714 ရိုမီယိုနဲ့ အတူရှိမနေနိုင်တဲ့အခါ 0:12:44.738,0:12:48.548 ဂျူးလိယက် စိတ်ပျက်တာ၊ စိတ်ကုန်တာ[br]မခံစားခဲ့ရပါဘူး။ 0:12:49.022,0:12:50.379 သူမက ဘယ်မှာလဲ။ 0:12:50.403,0:12:51.697 သူမ သေချင်တယ်။ 0:12:52.236,0:12:53.387 ဟုတ်လား၊ 0:12:53.411,0:12:55.880 သစ်လွင်သူ တစ်ယောက်လိုပဲ[br]ပြဇာတ်ထဲက ဒီနေရာ 0:12:55.904,0:12:57.212 ငါးခန်းထဲက အခန်းသုံးမှာ 0:12:57.236,0:12:59.057 ရိုမီယို မသေပါဘူး၊ 0:12:59.641,0:13:00.981 သူ ရှင်နေတုန်းပါ၊ 0:13:01.005,0:13:02.393 သူက ကျန်းမာတယ်၊ 0:13:02.417,0:13:04.611 မြို့ကနေ နှင်ထုတ်ခံလိုက်ရတာပါ။ 0:13:05.853,0:13:11.854 ၁၆ ရာစု Verona ဟာ ယနေ့ခေတ် [br]North America လို မဟုတ်တာ ကျွန်မ နားလည်တယ် 0:13:11.878,0:13:14.856 ဒါပေမဲ့ ဒီပြဇာတ်ကို ပထမ ဖတ်တုန်းက 0:13:14.880,0:13:17.273 အသက်ကလည်း ၁၄ နှစ်ဆိုတော့ 0:13:17.297,0:13:19.980 ဂျူးလိယက်ရဲ့ ဝေဒနာက ကျွန်မအတွက်[br]အဓိပ္ပာယ်ရှိပါတယ်။ 0:13:21.295,0:13:26.652 ကျွန်မ ထိန်းချုပ်မှု(သို့) သဘောတူမှုမပါပဲ[br]ကျွန်မကို ဖြစ်စေတဲ့ တစ်ခုခုဆိုတာထက် 0:13:26.676,0:13:29.120 ကိုယ်ချစ်ခင်တဲ့သူတစ်ယောက်နဲ့[br]ဖန်တီးဖို့ အရာအဖြစ် 0:13:29.144,0:13:31.666 အချစ်ကို ပြန်လည်ဘောင်ခတ်ခြင်းဟာ 0:13:31.690,0:13:33.295 လုပ်ပိုင်ခွင့်ပေးခြင်းပါ။ 0:13:33.779,0:13:35.397 ဒါက ခက်ပါသေးတယ်။ 0:13:35.421,0:13:40.953 အချစ်ဟာ လုံးဝကို ရူးသွပ်ပြီး[br]နေ့တစ်ချို့ကို နင်းခြေတာခံစားရဆဲဖြစ်ကာ 0:13:40.977,0:13:43.092 ကျွန်မ တကယ်ကို စိတ်ပျက်တဲ့အခါ 0:13:43.116,0:13:44.446 ကိုယ့်ကိုယ်ကို သတိပေးရတာက 0:13:44.995,0:13:48.339 ဒီသံယောဇဉ်မှာ ကိုယ့်အလုပ်က[br]ကိုယ့်အဖော်ကို ကိုယ်က ဘာကို 0:13:48.363,0:13:50.414 အတူ ဖန်တီးချင်တာအကြာင်း [br]ပြောပြဖို့ပါ။ 0:13:51.923,0:13:54.257 ဒါလည်း မလွယ်ဘူးလေ။ 0:13:54.756,0:13:58.203 ဒါပေမဲ့ အခြားနည်းလမ်း၊[br]ရူးသွပ်တာမျိုး ခံစားရတယ်ဆိုတာထက်တော့ 0:13:58.672,0:14:01.449 အများကြီး ပိုကောင်းပါတယ်။ 0:14:02.839,0:14:08.196 ဒီအချစ်ရဲ့အဆိုက တစ်ဦးဦးရဲ့ ချစ်ခင်ခြင်းကို[br]ရတာ (သို့) ဆုံးရှုံးတာနဲ့ မဆိုင်ပါဘူး။ 0:14:08.761,0:14:12.359 ဒီအစား သင်က သင့်အဖော်ကို ယုံကြည်ဖို့နဲ့[br]ယုံကြည်ဖို့ ခက်တယ်လို့ 0:14:12.383,0:14:15.457 ခံစားရတဲ့အခါ ဒီအကြောင်းတွေကို[br]ဆွေးနွေးဖို့ လိုအပ်ပါတယ်။ 0:14:15.481,0:14:17.927 ဒါက အရမ်း ရိုးစင်းပုံရေပေမဲ့ 0:14:17.951,0:14:22.447 တကယ့်ကို လုံးလုံးလျားလျား[br]အခြေခံကျတဲ့ လုပ်ဆောင်မှုမျိုးပါ။ 0:14:23.062,0:14:26.326 အကြောင်းကတော့ ကိုယ်အကြောင်းတွေးတာ၊ 0:14:27.230,0:14:30.371 ရနေတာ၊ ဆုံးရှုံးနေတာကို ရပ်ပစ်စေပြီး 0:14:30.395,0:14:33.792 သင်က ဘာပေးဖို့လိုတာကို [br]စတွေးမိစေလို့ပါ။ 0:14:34.811,0:14:38.216 ဒီအချစ်ရဲ့ အဆိုက ဒီလိုမျိုးတွေ[br]ပြောဖြစ်စေပါတယ်။ 0:14:38.240,0:14:43.070 "ဟေး၊ တိုတွေဟာ သိပ်တော်တဲ့ ပူပေါင်းသူတွေ[br]မဟုတ်ဘူး၊ဒါက တို့အတွက် မဖြစ်လောက်ဘူးး" 0:14:43.733,0:14:47.594 (သို့) ဒီသံယောဇဉ်က စီစဉ်ထားခဲ့တာထက်[br]ပိုတိုတောင်းပေမဲ့ 0:14:47.618,0:14:49.790 လှတော့ လှနေသေးတာမျိုးပဲ" 0:14:50.836,0:14:53.626 အနုအညာရဲ့ စုပေါင်း လက်ရာအကြောင်း[br]ကောင်းကွက်က 0:14:53.650,0:14:56.541 ၎င်းကိုယ်၌ကို ဆေးခြယ်၊ [br]ပုံဆွဲ၊ ထုဆစ်မှာ မဟုတ်တာပါ။ 0:14:57.098,0:15:01.009 ဒီအချစ်ရဲ့ အဆိုက အချစ်က ဘယ်ပုံဆိုတာ [br]ဆုံးဖြတ်ဖို့ ကျွန်မတို့ကို ခွင့်ပြုပေးတယ်။ 0:15:01.033,0:15:02.184 ကျေးဇူးတင်ပါတယ်။ 0:15:02.208,0:15:04.231 (လက်ခုပ်သံများ)