ကောင်းပြီ၊ ဒီနေ့ပြောချင်တာက ကျွန်မတို့
အချစ်အကြောင်း ပြောကြပုံပါ။
အထူးသဖြင့်တော့
ကျွန်မတို့ အချစ်အကြောင်း ပြောကြပုံက
မှားနေတာကို ပြောချင်တာပါ။
ကျွန်မတို့ အများစုဟာ ဘဝတစ်လျှောက်မှာ
အကြိမ်အနည်းငယ်တော့
ချစ်မိဖူးကြပါလိမ့်မယ်၊
အင်္ဂလိပ်ဘာသာစကားမှာတော့
ဒီတင်စားတဲ့ လဲကျခြင်းက
ဒီအတွေ့အကြုံအကြောင်း ပြောဆိုတဲ့
တကယ့် အဓိက နည်းလမ်းပါ။
ရှင်တို့အကြောင်းမသိပေမဲ့
ဒီတင်စားချက်ကို ရုပ်လုံးဖော်ကြည့်တဲ့အခါ
ကျွန်မ ပုံဖော်လို့ရတာက
တိုက်ရိုက် ကာတွန်းတစ်ခုကနေပါ၊
ဆိုပါစို့ လူတစ်ယောက်ရှိတယ်၊
ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတယ်။
အဖုံးပွင့်နေတဲ့ လူဆင်းပေါက်ကို
သူကျော်လိုက်တာကို မသိပဲနဲ့ပေါ့၊
သူ အောက်က မိလ္လာထဲကို စောက်ထိုးကျသွားတယ်
ကျွန်မ ဒါကို ဒီလို ပုံဖော်တာက
လဲကျမှုဟာ ခုန်တာမဟုတ်လို့ပါ။
လဲကျခြင်းဟာ မတော်တဆပါ၊
ဒါက ထိန်းချုပ်မရနိုင်တာပါ။
ကျွန်မတို့ မလိုချင်ပဲနဲ့
ကျွန်မတို့ဆီ ဖြစ်လာတဲ့ တစ်ခုခုပါ။
ဒါကတော့...
ဒါက သံယောဇဉ်သစ်တစ်ခုကို စတဲ့အကြောင်း
ပြောတဲ့ အဓိကနည်းလမ်းပါ။
ကျွန်မက စာရေးဆရာမ၊ အင်္ဂလိပ်စာ
ဆရာမလည်းဖြစ်ပါတယ်၊
ဆိုလိုတာက အသက်မွေးမှုအတွက်
စကားလုံးတွေကို တွေးတာ၊
သုံးတဲ့ဘာသာစကားက အရေးပါတာလို့ စောဒကတက်ဖို့
ကျွန်မ လစာရတာလို့သင်တို့ပြောနိုင်ကာ
အချစ်အကြာင်း ပြောဖို့ သုံးကြတဲ့ များစွာသော
တင်စားချက်တွေကို
စောဒကတက်ချင်ပါတယ်၊
၎င်းတို့ အများစုဟာ ပြဿနာတစ်ခုတောင်
ဖြစ်ချင်ဖြစ်မှာပါ။
ဒီတော့ အချစ်မှာ ကျွန်မတို့ လဲကျကြတယ်။
ကျွန်မတို့ ချေမွခံရတယ်၊
အရူးအမူးဖြစ်ကြတယ်။
ကျွန်မတို့ မေ့မူးကြတယ်။
ရမက်နဲ့ ကျွမ်းလောင်ကြတယ်။
အချစ်ဟာ ကျွန်မတို့ကို အရူးအမူးဖြစ်စေပြီး
အော့နှလုံးနာစေတယ်။
နှလုံးသားတွေ နာကျင်စေပြီး
နောက်တော့ ကွဲအက်သွားတယ်။
ဒီတော့ ကျွန်မတို့ တင်စားချက်တွေက
တစ်ယောက်ယောက်ကိုချစ်တာကို
လွန်ကဲတဲ့ ကြမ်းတမ်းမှု( သို့)
မမာကျန်းမှုလို့ အတူပြုတယ်
(ရယ်သံများ)
၎င်းတို့ လုပ်ကြတယ်။
၎င်းတို့က ကျွန်မတို့ကို မမြင်နိုင်ပြီး
လုံးဝရှောင်မရတဲ့ အခြေအနေတွေရဲ့
သားကောင်အဖြစ် နေရာထားတယ်။
ကျွန် အကြိုက်ဆုံးတွေထဲက တစ်ခုက
"smitten"ပါ၊
ဒါက "smite" ရဲ့ အတိတ်ကာလပြ
စကားလုံးပါ။
ဒီစကားလုံးကို အဘိဓာန်ထဲမှာ
ရှာကြည့်ရင်
(ရယ်သံများ)
ဒါကို "ပြင်းထန်တဲ့ ချစ်ခင်မှု" နဲ့
"အင်မတန် ချစ်မိတယ်''
လို့ နှစ်ခုစလုံး အနက်ဖွင့်တာ တွေ့ရမယ်။
ကျွန်မ "smite" ဆိုတဲ့ စကားလုံးကို
သမ္မာကျမ်းဟောင်းထဲကထူးခြားတဲ့
စကားစပ်အဖြစ် ယှဉ်ကြည့်လိုပါတယ်။
Exodus ကျမ်း တစ်ခုတည်းမှာတင်
smiting ကို ရည်ညွှန်းတာ ၁၆ ခုရှိတယ်။
ဒေါသထွက်နေတဲ့ ဘုရားသခင်ရဲ့ လက်တုံ့
ပြန်မှုအတွက် သမ္မာကျမ်းစာကသုံးတဲ့ စာလုံးပါ
(ရယ်သံများ)
ဒီမှာ ဒီစကားလုံးကိုပဲ ကျိုင်းကောင်
ကပ်ဘေးကို ရှင်းပြဖို့
သုံးတဲ့ အချစ်အကြောင်းပြောဖို့
သုံးနေတာတွေပါ၊
(ရယ်သံများ)
ဟုတ်တယ်နော်။
ဒီတော့ ဒါဘယ်လို ဖြစ်ခဲ့တာလဲ။
ဘယ်လိုဖြစ်ပြီး အချစ်ကို ကြီးမားတဲ့
နာကျင်မှု၊ ဝေဒနာနဲ့ ယှဉ်ဖြစ်တာလဲ။
ဘာဖြစ်လို အပြင်ပန်းအားဖြင့်
အတွေ့အကြုံကောင်းကို
သားကောင်တွေလိုမျိုး ပြောကြတာလဲ။
ဒါတွေက ခက်ခဲတဲ့ မေးခွန်းတွေဆိုပေမဲ့
ကျွန်မမှာ သီအိုရီတွေရှိပါတယ်။
ဒါကို ထွင်းဖောက်တွေးဖို့
တင်စားမှုတစ်ခုကိုပဲ
အထူး အာရုံစိုက်ချင်ပါတယ်။
ဒါက ရူးသွပ်မှုလို အချစ်ရဲ့ စိတ်ကူးပါ။
စိတ်ကူးယဉ်အချစ်ကို စတင်
သုတေသနပြုတော့
ဒီရူးသွပ်မှု တင်စားတာတွေကို
နေရာတိုင်းမှာ တွေ့ရှိခဲ့တယ်။
အနောက်တိုင်း ယဉ်ကျေးမှုသမိုင်းဟာ
အချစ်ကို စိတ်ပိုင်း မကျန်းမာမှုနဲ့
အနှိုင်းပြုတဲ့ ဘာသာစကားနဲ့ ပြည့်နေတယ်။
ဒါတွေက နမူနာ အချို့လောက်ပါ။
William Shakespeare:
"အချစ်ဟာ ရူးသွပ်မှု သက်သက်ပဲ"
"As You Like It" ကပါ။
Friedrich Nietzsche:
"အချစ်မှာ ရူးသွပ်မှုတစ်ခု အမြဲရှိတယ်။"
"ငါ့ကို အချစ်မှာ အရူးအမူး ပုံပေါက်အောင်
လုပ်၊လုပ်နေတယ်။"
(ရယ်သံများ)
ကြီးကျယ်လှတဲ့ ဒဿနပညာရှင်
Beyoncé Knowles ဆီကပါ။
(ရယ်သံများ)
ကျွန်မ ပထမဆုံး ချစ်မိတာက
အသက် ၂၀ မှာဖြစ်ပြီး
ဒါ စကတည်းက အတော်လေး ရှုပ်ထွေးတဲ့
သံယောဇဉ်တစ်ခုပါ။
ပထမ တစ်နှစ်၊နှစ်နှစ်မှာတော့
ရှည်လျားတဲ့ အကွာအဝေးဖြစ်ခဲ့ပြီး
ကျွန်မအတွက်တော့ အရမ်း မြင့်မြင့်သွားလိုက်၊
အရမ်း နိမ့်နိမ့်သွားလိုက်ပေါ့။
ကာလတစ်ခုကို အထူး မှတ်မိနိုင်သေးတယ်။
တောင်အမေရိကက တည်းခိုဆောင်တစ်ခုက
အိပ်ယာထက်မှာ ထိုင်နေပြီး
ကျွန်မ ချစ်တဲ့သူ တံခါးက ထွက်သွားတာ
စောင့်ကြည့်နေတုန်းပေါ့။
ဒါက နောက်ကျနေပြီ၊
သန်းခေါင်နီးပါးပါ၊
ကျွန်မတို့ ညစာစားရင်း စကားများဖြစ်ခဲ့တယ်၊
ကျွန်မတို့ အခန်းကို ပြန်ရောက်တော့
အိတ်ထဲကို သူ့ပစ္စည်းတွေ ပစ်ထည့်ပြီး
ခြေဆောင့်ထွက်သွားတယ်။
စကားများတဲ့ အကြောင်းကို
မမှတ်မိနိုင်တော့ပေမဲ့
အရမ်း ရှင်းလင်းစွာ မှတ်မိနိုင်တာက သူထွက်
သွားတာ စောင့်ကြည့်ရင်းခံစားခဲ့ရတာကိုပါ။
ကျွန်မက ၂၂ နှစ်၊ ဖွံ့ဖြိုးနေတဲ့ ကမ္ဘာမှာ
ကျွန်မရဲ့ ပထမဆုံးဖြစ်ပြီး
လုံးဝကို အထီးကျန်ခဲ့တာပါ။
လေယာဉ်နဲ့ အိမ်မပြန်ခင်ထိ
နောက်တစ်ပတ်ကြာခဲ့တယ်၊
ကျွန်မ ရှိခဲ့တဲ့ မြို့အမည်ကို
သိခဲ့ပြီး
ကျွန်မ လေယဉ်စီးထွက်ဖို့ ရောက်ဖို့လိုတဲ့
မြို့အမည်ကို သိခဲ့ပေမဲ့
ဘယ်လို သွားရမလဲ မသိခဲ့ဘူး။
လမ်းညွန်စာအုပ်ကမရှိ၊
ငွေကလည်း မရှိသလောက်၊
စပိန်လိုလည်း မပြောတတ်ဘူးလေ။
ကျွန်မထက်ပိုပြီး စွန့်စားတ်သူတစ်ဦးဆို
ဒါကို အခွင့်အလမ်းရဲ့ အခါသမယလို့
မြင်ကောင်းမြင်မယ်၊
ဒါပေမဲ့ ကျွန်မတော့ ကြက်သေသေပြီး
အဲဒီမှာ ထိုင်ပဲနေခဲ့တယ်။
ဒီနောက် ချုံးပွဲချငိုလိုက်တယ်။
ဒါပေမဲ့ တုန်လှုပ်နေပေမဲ့
ကျွန်မ ခေါင်းထဲက အသံလေးက တွေးတာက
"အိုး၊ ဒါဟာ ပြဇာတ်ဆန်လိုက်တာ၊
ဒီချစ်စရာလေးကို သင့်တင့်အောင်
တစ်ခုခု လုပ်နေရမှာပေါ့လေ။"
(ရယ်သံများ)
အကြောင်းက ကျွန်မရဲ့ အချို့အပိုင်းက
အချစ်မှာ စိတ်မသက်မသာဖြစ်တာခံစားချင်သေးတယ်။
အခုဆိုရင် ကျွန်မအတွက် အတော်
ထူးဆန်းတာပေါ့၊ ဒါပေမဲ့ ၂၂ နှစ်မှာ
ဇာတ်လမ်းဆန်ဆန်
အတွေ့အကြုံတွေရှိဖို့ တမ်းတခဲ့ပြီး
အဲဒီအချိန်က ကျွန်မဟာ မဆင်မခြင်၊
ဒေါသဖြစ်ကာ ယူကျုံးမရဖြစ်ခဲ့ကာ
ဘယ်လိုမှန်း မသိခဲ့အောင်ပဲ
ကိုယ့်ကို ပစ်ထားခဲ့တဲ့ ကောင်အတွက်
ခံစားချက်တွေကို တစ်နည်းနည်းနဲ့
တရားဝင်ဖြစ်အောင်လုပ်ခဲ့
တာလို့ ထင်တယ်
အဆင့်တစ်ခုမှာ နည်းနည်းလေး
ရူးသွပ်တာခံစားချင်ခဲ့တာက
ဒါက အချစ်လုပ်ဆောင်ပုံလို့
ထင်ခဲ့လို့ပါ။
ဒါက တကယ့်ကို အံဩစရာ မဖြစ်သင့်ဘူး၊
Wikipedia အရ ထောက်ဆမယ်ဆိုရင်
ရုပ်ရှင် ရှစ်ကား၊
သီချင်း ၁၄ ပုဒ်၊
အယ်ဘမ် နှစ်ခု၊ ဝတ္ထုတစ်ပုဒ်ဟာ
"ရူးသွပ်တဲ့ အချစ်" ခေါင်းစဉ်နဲ့ပါ။
နောက် နာရီဝက်ကြာတော့
သူ ကျွန်မတို့အခန်းကို ပြန်လာတယ်။
ပြန်ပေါင်းထုပ်ကြတယ်။
နောက် အများစု ပျော်ရွှင်တဲ့ တစ်ပတ်
ခရီး အတူထွက် ကုန်ဆုံးတယ်
ဒီနောက် အိမ်ပြန်ရောက်တော့
တွေးမိတာက "အတော်ကို ဆိုးဝါးခဲ့ပြီး
အတော်ကောင်းခဲ့တာပဲ၊
ဒါ တကယ့် ချစ်ဇာတ်လမ်း ဖြစ်ရမယ်"ပေါ့။
ကျွန်မ အချစ်ဦး
ရူးသွပ်မှုလို ခံစားဖို့ မျှော်လင့်ခဲ့တယ်
တကယ်တော့ ဒီမျှော်လင့်ချက်ကို
ကောင်းကောင်းကြီး ဆုံခဲ့တယ်။
ဒါပေမဲ့ လူတစ်ဦးကို ဒီလိုချစ်တာ
ကျွန်မ ကျန်းမာသုခ အလုံးစုံဟာ သူကျွန်မကို
ပြန်ချစ်တာအပေါ်မူတည်နေတာမျိုးဟာ
ကျွန်မအတွက် (သို့) သူ့အတွက်
သိပ်မကောင်းလှပါဘူး။
ဒါပေမဲ့ အချစ်အတွေ့အကြုံက ဒီလောက်
တစ်မူထူးခြားမနေဘူးလို့ သံသယရှိတယ်။
ကျွန်မတို့အများစုဟာ စိတ်ကူးယဉ်အချစ်ရဲ့
အစောပိုင်းအဆင့်တွေမှာ အနည်းငယ် ရူးကြပါတယ်၊
အမှန်က ဒါဟာ အတော်လေး ပုံမှန်ဆိုတာ
အတည်ပြုဖို့ သုတေသနရှိပါတယ်၊
အကြောင်းက အာရုံကြောဓာတုပိုင်းဆိုရင်
စိတ်ကူးယဉ်အချစ်နဲ့ စိတ်မကျန်းမာမှုဟာ
အဲဒီလောက် လွယ်လွယ် မကွဲပြားဘူး။
ဒါက အမှန်ပါ၊
၁၉၉၉ က ဒီလေ့လာမှုဟာ
ချစ်စဦးတွေရဲ့ ဆီရိုတိုနင် အဆင့်တွေဟာ
အလွန်အကျွံ စွဲလမ်းတဲ့ရောဂါ
တွေ့ရှိထားသူတွေရဲ့
ဆီရိုတိုနင်အဆင့်တွေနဲ့
အလွန် နီးစပ်စွာ ဆင်တူတာကို
အတည်ပြုဖို့ သွေးစစ်ချက်တွေကို သုံးခဲ့တယ်။
(ရယ်သံများ)
ဟုတ်ပါတယ်၊ ဆီရိုတိုနင် အဆင့်တွေနိမ့််တာဟာ
ရာသီအလိုက် ထိခိုက်တဲ့
ရောဂါနဲ့ စိတ်ကျမှုနဲ့လည်း
ဆက်စပ်နေပါတယ်။
ဒီတော့ အချစ်ဟာ ကျွန်မတို့ စိတ်နေစိတ်ထားနဲ့
အပြုအမူတွေကို ပြောင်းလဲမှုတွေနဲ့ ဆက်စပ်
ပေးတယ်ဆိုတဲ့ အထောက်အထားရှိပါတယ်။
ဆက်ဆံရေးအများစုဟာ ဒီနည်းနဲ့ စတင်တာလို့
အတည်ပြုဖို့ အခြားလေ့လာမှုတွေ ရှိပါတယ်။
ဆီရိုတိုနင် အဆင့်နိမ့်တာဟာ
အချစ်ရဲ့ ရည်မှန်းရာအကြောင်း
လွန်ကဲတဲ့ တွေးခြင်းနဲ့ ဆက်နွယ်နေတယ်လို့
သုတေသီတွေ ယုံကြည်ပါတယ်။
ဒါက တစ်ဦးဦးဟာ သင့်ဦးနှောက်ထဲမှာ
စခန်းချနေတယ်လို့ ခံစားတာမျိုးပါ။
ကျွန်မတို့ အများစုဟာ ပထမဆုံး ချစ်တဲ့အခါ
ဒီနည်း ခံစားကြပါတယ်။
ဒါပေမဲ့ သတင်းကောင်းက
ဒါက အမြဲ အရှည်မတည်တံ့ပါဘူး
များသောအားဖြင့် လအနည်းငယ်ကနေ
တစ်နှစ်၊နှစ်နှစ်ပါ။
တောင် အမေရိက ခရီးကပြန်လာတော့
အချိန်အတော်များများကို အခန်းထဲမှာ
တစ်ယောက်တည်း
ကျွန်မချစ်တဲ့ ငနဲဆီက
သေမလောက် ကြားရဖို့
အီးမေး စစ်ရင်း ကုန်ဆုံးခဲ့တယ်၊
သူငယ်ချင်းတွေက ကျွန်မရဲ့အင်မတန် ဆိုးတဲ့
ဝေဒနာကို နားမလည်နိုင်ရင် သူတို့ ဆက်ဆံရေး
မလို့အပ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ သူတို့အများစုနဲ့ တွဲသွားတာ
ရပ်လိုက်တယ်
ဒါဟာ ကျွန်မဘဝရဲ့ မပျော်ရွှင်ဆုံး
နှစ်ဖြစ်လောက်ပါတယ်။
ဒါပေမဲ့ စိတ်မချမ်းမသာဖြစ်ဖို့က
ကျွန်မရဲ့ အလုပ်လိုမျိုးဖြစ်မိတယ်ထင်တယ်။
အကြောင်းက စိတ်မချမ်းမြေ့ဖြစ်နိုင်ရင်
ကျွန်မ သူ့ကို ဘယ်လောက်ချစ်ခဲ့တာ
သက်သေပြလိမ့်မယ်။
ဒါကို ကျွန်မ သက်သေပြနိုင်ရင်
ကျွန်မတို့ နောက်ဆုံး အတူတူ
အဆုံးသတ်ဖို့လိုတယ်။
ဒါက တကယ့် ရူးသွပ်မှုပါ၊
အကြောင်းက ကြီးမားတဲ့ ဝေဒနာခံစားခြင်းဟာ
ကြီးမားတဲ့ ဆုလာဘ်နဲ့ ညီမျှတယ်လို့
စကြာဝဠာဆိုင်ရာ စည်းမျဉ်းမရှိဘူလေ။
ဒါပေမဲ့ ဒါက အမှန်လိုမျိုး အချစ်အကြောင်း
ကျွန်မတို့ ပြောကြတယ်။
ကျွန်မတို့ အချစ် အတွေ့အကြုံတွေဟာ
ဇီဝပိုင်း၊ ယဉ်ကျေးမှုပိုင်း နှစ်ခုစလုံးပါ။
ကျွ့န်မတို့ ဇီဝဗေဒက အချစ်ဟာ ကောင်းတယ်လို့
ဦးနှောက်အတွင်းက ဆုလာဘ် ပတ်လမ်းတွေကို
အသက်သွင်းကာ ပြောပြပြီး
အာရုံကြောဓာတုဗေဒဆိုင်ရာ ဆုလာဘ် ဆုတ်ခွာတဲ့
ရန်ဖြစ်တာ(သို့) လမ်းခွဲတဲ့အခါ
အချစ်ဆိုတာ နာကျင်တယ်လို့ ပြောပြတယ်။
တကယ်က ဖြစ်လောက်တာက
ဒါကို သင်တို့ ကြားပြီးသားပါ
အာရုံကြောဓာတုပိုင်းအရဆိုရင်
လမ်းပခွဲတာကို ဖြတ်ကျော်တာဟာ
ကိုကိန်း ဖြတ်တာလိုမျိုးပါ၊
စိတ်အေးစရာလို့ ထင်ပါတယ်။
(ရယ်သံများ)
ဒီနောက် ကျွန်မတို့ ယဉ်ကျေးမှုက
အချစ်အကြောင်း စိတ်ကူးတွေကို
ပုံသွင်းဖို့နဲ့ အားကောင်းစေဖို့
ဘာသာစကားတွေ အသုံးပြုတယ်။
ဒီကိစ္စမှာ နာကျင်မှု၊
စွဲလမ်းမှုနဲ့ ရူးသွပ်မှုတွေရဲ့
တင်စားချက်တွေအကြောင်း ပြောကြတယ်
ဒါက စိတ်ဝင်စားစရာ တုံ့ပြန်
ကွင်းဆက် တစ်ခုလိုပါ။
အချစ်ဟာ စွမ်းအားရှိပြီး တစ်ခါတစ်ခါကျတော့
နာကျင်ရကာ
ဒါကို ကိုယ့် စကာလုံးတွေ၊
ဇာတ်လမ်းတွေထဲမှာ ဖော်ပြကြပေမဲ့
နောက်တော့ ကျွန်မတို့ စကားလုံးတွေနဲ့
ဇာတ်လမ်းတွေဟာ
အချစ်ကို စွမ်းအားရှိကာ နာကျင်ရန်
မျှော်လင့်ဖို့ ကျွန်မတို့ကို သင်ပေးတယ်
ကျွန်မကို စိတ်ဝင်စားစေတာက
ဒါအားလုံး ဖြစ်ပျက်တာက တစ်သက်တာ
တစ်လင်တစ်မယားစနစ်ကို
တန်ဖိုးထားတဲ့ ယဉ်ကျေးမှုတစ်ခုမှာပါ။
ကျွန်မတို့က နည်းနှစ်ခုလုံး လိုချင်ပုံရတယ်။
အချစ်ကို ရူးသွပ်မှုလိုမျိုး လိုချင်တယ်၊
ဒါကို တစ်သက်တာလုံး တည်တံ့ချင်ကြတယ်။
အတော်လေး ဆိုးပုံရတယ်နော်။
(ရယ်သံများ)
ဒါကို ပြေလည်ဖို့
ကျွန်မတို့ရဲ့ ယဉ်ကျေးမှုကို (သို့)
မျှော်လင့်ချက်တွေ ပြောင်းတာ လုပ်ဖို့လိုတယ်
ကျွန်မတို့အားလုံး အချစ်မှာ တုံဏှိဘာဝေ
ဖြစ်တာ နည်းတယ်လို့ စိတ်ကူးကြည့်ပါ
ကျွန်မတို့ ပိုပြီး ရဲတင်းရင်
ပိုပွင့်လင်းပြီး ပိုရက်ရောရင်
အချစ်မှာ လဲကျတယ်ဆိုတာထက်
အချစ်ထဲကို လှမ်းဝင်လိုက်တာပါ။
ဒါက အများကြီး တောင်းခံတာကို သိပေမဲ့
ဒါကို အကြံပေးတာ ကျွန်မက ပထမဆုံး
ပုဂ္ဂိုလ် မဟုတ်ပါဘူး။
သူတို့စာအုပ်ဖြစ်တဲ့ "Metaphors We Live By"
မှာ
ဘာသာဗေဒပညာရှင် Johnson နဲ့ Lakoff တို့ဟာ
အကျပ်ရိုက်တာအတွက် စိတ်ဝင်စားစရာ
အဖြေကို အကြံပြုထားတယ်၊
ဒါကတော့ ကျွန်မတို့ရဲ့ တင်စားမှုတွေကို
ပြောင်းဖို့ပါ
တင်စားမှုတွေက ကျွန်မတို့ လောကကို
တေွ့ကြုံခံစားပုံကို ပုံသွင်းပေးတယ်၊ အနာဂတ်
လုပ်ဆောင်မှုတွေအတွက် မလွဲနိင်တဲ့
ဟောကိန်းတွေလို လမ်းညွှန်အဖြစ်တောင်
လုပ်ဆောင်တယ်လို့ ငြင်းခုံထားပါတယ်။
Johnson နဲ့ Lakoff တို့က အချစ်အတွက်
တင်စားမှုအသစ်ကို ညွှန်ပြတာက
အချစ်က အနုပညာရဲ့ ပူးပေါင်းဆောင်ရွက်တဲ့
အနုပညာ
အချစ်အကြောင်း ဒီလိုတွေးတာကို
ကျွန်မ တကယ် သဘောကျတယ်။
ဘာသာဗေဒပညာရှင်တွေက တင်စားမှုတွေအကြောင်း
ပတ်သက်မှုတွေရှိတာအဖြစ်ဆွေးနွေးတယ်
ဒါက အခြေခံအားဖြင့် ပတ်သက်မှုအားလုံးကို
ထည့်တွက်တဲ့ နည်းတစ်ခု၊
(သို့) ပေးထားတဲ့ တင်စားမှုအတွင်းက
ပါဝင်နေတဲ့ စိတ်ကူးတွေပါ။
Johnson နဲ့ Lakoff တို့ဟာ
ပတ်သက်တဲ့ အနုအပညာ လက်ရာတစ်ခုမှာ
ပူးပေါင်းလုပ်ဆောင်တာ အားလုံးကို
ဆွေးနွေးတယ်၊
အားထုတ်မှု၊ ညှိနှိုင်းမှု၊ သည်းခံမှု၊
တူညီတဲ့ ရည်မှန်းချက်တွေပါ။
ဒီစိတ်ကူးတွေက ရေရှည် ချစ်ရေး နှစ်မြှုပ်မှု
ထဲကို ယဉ်ကျေးမှုပိုင်း မြှုပ်နှံမှုနဲ့
ကောင်းမွန်စွာ ပူးပေါင်းတာမက
အခြား သံယောဇဉ်အမျိုးအစားတွေအတွက်လည်း
ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်၊
ရေတို၊ အပျော်း၊ မျက်နှာများမှု၊
တစ်လင်တစ်မယားမဟုတ်သူ၊ လိင်မှုကင်းမှုတို့ပါ
အကြောင်းက ဒီတင်စားမှုက တစ်ဦးဦးကို
ချစ်ခြင်းဆီ အများကြီး ပိုရှုပ်ထွေးတဲ့
စိတ်ကူးတွေယူလာလို့ပါ။
ဒီတော့ အချစ်ဆိုတာ အနုပညာရဲ့ ပူးပေါင်း
ဆောင်ရွက်တဲ့ လက်ရာဆိုရင်
အချစ်ဟာ သုခုမဟန် အတွေ့အကြုံတစ်ခုပါ။
အချစ်ဟာ မခန့်မှန်းနိုင်ပါဘူး၊
အချစ်ဟာ ဖန်တီးတတ်တယ်၊
အချစ်ဟာ ဆက်သွယ်မှုနဲ့
စည်းကမ်းလိုအပ်တယ်၊
စိတ်ပျက်စရာနဲ့ စိတ်ပိုင်းအရ
အားထုတ်မှု လိုအပ်တာပါ။
အချစ်ဟာ ပျော်ရွှင်မှုနဲ့ နာကျင်မှုပါဝင်တယ်
နောက်ဆုံး အချစ်ရဲ့ တွေ့ကြုံမှုတစ်ခုစီဟာ
ကွဲပြားပါတယ်။
ကျွန်မ ငယ်စဉ်က
အချစ်ဆီက ပိုတောင်းဆိုဖို့ ခွင့်ပြုခံရတာ
တစ်ခါမှ ကျွန်မမှာ မဖြစ်ခဲ့ပါဘူး၊
အချစ်က ပေးကမ်းသမျှကို
လက်ခံစရာကို မလိုခဲ့တာပါ။
အသက် ၁၄ နှစ်မှာ ဂျူးလိယက် ပထမဆုံး
တွေ့တော့
(သို့) အသက် ၁၄ နှစ်မှာ ဂျူးလိယက်
ပြီးခဲ့တဲ့ လေးရက်က တွေ့ခဲ့တဲ့
ရိုမီယိုနဲ့ အတူရှိမနေနိုင်တဲ့အခါ
ဂျူးလိယက် စိတ်ပျက်တာ၊ စိတ်ကုန်တာ
မခံစားခဲ့ရပါဘူး။
သူမက ဘယ်မှာလဲ။
သူမ သေချင်တယ်။
ဟုတ်လား၊
သစ်လွင်သူ တစ်ယောက်လိုပဲ
ပြဇာတ်ထဲက ဒီနေရာ
ငါးခန်းထဲက အခန်းသုံးမှာ
ရိုမီယို မသေပါဘူး၊
သူ ရှင်နေတုန်းပါ၊
သူက ကျန်းမာတယ်၊
မြို့ကနေ နှင်ထုတ်ခံလိုက်ရတာပါ။
၁၆ ရာစု Verona ဟာ ယနေ့ခေတ်
North America လို မဟုတ်တာ ကျွန်မ နားလည်တယ်
ဒါပေမဲ့ ဒီပြဇာတ်ကို ပထမ ဖတ်တုန်းက
အသက်ကလည်း ၁၄ နှစ်ဆိုတော့
ဂျူးလိယက်ရဲ့ ဝေဒနာက ကျွန်မအတွက်
အဓိပ္ပာယ်ရှိပါတယ်။
ကျွန်မ ထိန်းချုပ်မှု(သို့) သဘောတူမှုမပါပဲ
ကျွန်မကို ဖြစ်စေတဲ့ တစ်ခုခုဆိုတာထက်
ကိုယ်ချစ်ခင်တဲ့သူတစ်ယောက်နဲ့
ဖန်တီးဖို့ အရာအဖြစ်
အချစ်ကို ပြန်လည်ဘောင်ခတ်ခြင်းဟာ
လုပ်ပိုင်ခွင့်ပေးခြင်းပါ။
ဒါက ခက်ပါသေးတယ်။
အချစ်ဟာ လုံးဝကို ရူးသွပ်ပြီး
နေ့တစ်ချို့ကို နင်းခြေတာခံစားရဆဲဖြစ်ကာ
ကျွန်မ တကယ်ကို စိတ်ပျက်တဲ့အခါ
ကိုယ့်ကိုယ်ကို သတိပေးရတာက
ဒီသံယောဇဉ်မှာ ကိုယ့်အလုပ်က
ကိုယ့်အဖော်ကို ကိုယ်က ဘာကို
အတူ ဖန်တီးချင်တာအကြာင်း
ပြောပြဖို့ပါ။
ဒါလည်း မလွယ်ဘူးလေ။
ဒါပေမဲ့ အခြားနည်းလမ်း၊
ရူးသွပ်တာမျိုး ခံစားရတယ်ဆိုတာထက်တော့
အများကြီး ပိုကောင်းပါတယ်။
ဒီအချစ်ရဲ့အဆိုက တစ်ဦးဦးရဲ့ ချစ်ခင်ခြင်းကို
ရတာ (သို့) ဆုံးရှုံးတာနဲ့ မဆိုင်ပါဘူး။
ဒီအစား သင်က သင့်အဖော်ကို ယုံကြည်ဖို့နဲ့
ယုံကြည်ဖို့ ခက်တယ်လို့
ခံစားရတဲ့အခါ ဒီအကြောင်းတွေကို
ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ဒါက အရမ်း ရိုးစင်းပုံရေပေမဲ့
တကယ့်ကို လုံးလုံးလျားလျား
အခြေခံကျတဲ့ လုပ်ဆောင်မှုမျိုးပါ။
အကြောင်းကတော့ ကိုယ်အကြောင်းတွေးတာ၊
ရနေတာ၊ ဆုံးရှုံးနေတာကို ရပ်ပစ်စေပြီး
သင်က ဘာပေးဖို့လိုတာကို
စတွေးမိစေလို့ပါ။
ဒီအချစ်ရဲ့ အဆိုက ဒီလိုမျိုးတွေ
ပြောဖြစ်စေပါတယ်။
"ဟေး၊ တိုတွေဟာ သိပ်တော်တဲ့ ပူပေါင်းသူတွေ
မဟုတ်ဘူး၊ဒါက တို့အတွက် မဖြစ်လောက်ဘူးး"
(သို့) ဒီသံယောဇဉ်က စီစဉ်ထားခဲ့တာထက်
ပိုတိုတောင်းပေမဲ့
လှတော့ လှနေသေးတာမျိုးပဲ"
အနုအညာရဲ့ စုပေါင်း လက်ရာအကြောင်း
ကောင်းကွက်က
၎င်းကိုယ်၌ကို ဆေးခြယ်၊
ပုံဆွဲ၊ ထုဆစ်မှာ မဟုတ်တာပါ။
ဒီအချစ်ရဲ့ အဆိုက အချစ်က ဘယ်ပုံဆိုတာ
ဆုံးဖြတ်ဖို့ ကျွန်မတို့ကို ခွင့်ပြုပေးတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)