WEBVTT 00:00:06.792 --> 00:00:11.725 အသက်ရှုတိုင်းကိရိယာဟာ လွန်ခဲ့တဲ့နာရီများစွာက အရက်သောက်ထားသူရဲ့ 00:00:11.725 --> 00:00:16.341 သွေးထဲကအရက်ကို ထွက်သက်ကိုတိုင်းရုံနဲ့ ဘယ်လိုအာရုံခံနိုင်တာလဲ? NOTE Paragraph 00:00:16.341 --> 00:00:20.891 ထွက်သက်မှာ အငွေ့ပျံတတ်တဲ့ အော်ဂဲနစ်ကွန်ပေါင်း ရာထောင်ချီအောင် 00:00:20.891 --> 00:00:23.351 ပါဝင်ပြီး ဒီကွန်ပေါင်းတွေဟာ 00:00:23.351 --> 00:00:27.835 အငွေ့တွေလို ပေါ့ပါးတဲ့ မော်လီကျူးတွေပါ။ 00:00:27.835 --> 00:00:32.434 အရက်တွေမှာပါတဲ့ အီသနောဟာ ဒီထဲကတစ်ခု ဖြစ်တာမို့ 00:00:32.434 --> 00:00:36.409 သွေးထဲမှာလှည့်လည်နေရင်း အဆုတ်ထဲက လေအိတ်ငယ်လေးတွေဆီရောက်ကာ 00:00:36.409 --> 00:00:41.148 ထွက်သက်တွင်းကို ရောက်ရှိသွားပါတယ်။ ဒီပမာဏဟာ သွေးထဲက ပမာဏထက် 00:00:41.148 --> 00:00:43.413 အဆနှစ်ထောင် ပိုလျော့ပါတယ်။ NOTE Paragraph 00:00:43.413 --> 00:00:45.815 လူတစ်ယောက် အသက်ရှူတိုင်းကိရိယာနဲ့ အသက်ရှူတဲ့အခါ 00:00:45.815 --> 00:00:49.865 ထွက်သက်မှာပါတဲ့ အီသနောဟာ ဓာတ်ပြုခန်းထဲကို ရောက်သွားပါတယ်။ 00:00:49.865 --> 00:00:53.893 အဲ့သည့်မှာ အီသနောကို Acetic အက်ဆစ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ 00:00:53.893 --> 00:00:58.907 အထူးဓာတ်ပေါင်းဖိုက ဒီဓာတ်ပြုခြင်းကနေ လျှပ်စီးလမ်းကြောင်း ဖြစ်လာစေပါတယ် 00:00:58.907 --> 00:01:02.025 ဒီလျှပ်စီးပမာဏဟာ သွေးကနေတဆင့် 00:01:02.025 --> 00:01:05.754 ထွက်သက်ထဲရောက်လာတဲ့ အီသနောပမာဏကို ညွှန်ပြနေပါတယ်။ NOTE Paragraph 00:01:05.754 --> 00:01:08.934 အီသနောလို အငွေ့ပျံလွယ်တဲ့ ကွန်ပေါင်းတွေဟာ 00:01:08.934 --> 00:01:11.040 ကျွန်တော်တို့ စားသောက်ဖွယ်ရာတွေထဲ ပါသလို 00:01:11.040 --> 00:01:14.884 ကျွန်တော်တို့ဆဲလ်တွေ ဇီဝဓာတုဖြစ်စဥ်တွေကလဲ ထုတ်လွှတ်ပါတယ်။ 00:01:14.884 --> 00:01:18.474 ဒါကြောင့် ရောဂါ ဒါမှမဟုတ် ချို့ယွင်းချက်တစ်ခုခုဖြစ်လာရင် 00:01:18.474 --> 00:01:21.764 ထွက်သက်မှာပါတဲ့ အငွေ့ပျံအော်ဂဲနစ်ကွန်ပေါင်းတွေကလည်း 00:01:21.764 --> 00:01:23.624 ပြောင်းလဲပါတယ်။ 00:01:23.624 --> 00:01:27.604 ဆိုတော့ကာ အသက်ရှူတာကို တိုင်းလိုက်တာနဲ့ 00:01:27.604 --> 00:01:30.401 အသားစယူတာ၊ သွေးဖေါက်တာ၊ ဓာတ်ရောင်ခြည်သုံးတာတွေမလိုပဲ 00:01:30.401 --> 00:01:34.054 ရောဂါတွေကို ရှာဖွေနိုင်ပါ့မလား? NOTE Paragraph 00:01:34.054 --> 00:01:35.827 သီအိုရီအရတော့ ရနိုင်ပါတယ်။ 00:01:35.827 --> 00:01:40.717 ဒါပေမဲ့ ရောဂါရှာဖွေတာဟာ အရက်ပမာဏ တိုင်းတာထက် ပိုရှုပ်ထွေးပါတယ်။ 00:01:40.717 --> 00:01:42.337 ရောဂါတွေကို ရှာဖွေဖို့ဆိုရင် 00:01:42.337 --> 00:01:46.803 လေ့လာသူတွေဟာ ထွက်သက်ထဲက ကွန်ပေါင်းဆယ်ခုလောက်ကို ကြည့်ရမှာပါ။ 00:01:46.803 --> 00:01:49.633 ရောဂါတစ်ခုဟာ ဒီကွန်ပေါင်းကို နည်းစေ သို့မဟုတ် များစေချိန်မှာ 00:01:49.633 --> 00:01:54.333 တခြားရောဂါတစ်ခုက ဘာမှ မပြောင်းလဲစေနိုင်ပါဘူး။ 00:01:54.333 --> 00:01:57.616 ရောဂါတိုင်းမှာ သူ့အတိုင်းအတာနဲ့သူ ရှိနေမှာဖြစ်သလို 00:01:57.616 --> 00:02:01.493 ရောဂါတစ်ခုတည်းမှာလည်း အဆင့်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ NOTE Paragraph 00:02:01.493 --> 00:02:05.283 ဥပမာ - ထွက်သက်တိုင်းပြီး ရောဂါရှာဖို့ စူးစမ်းလေ့လာနေတဲ့ ရောဂါများထဲမှာ 00:02:05.283 --> 00:02:07.933 ကင်ဆာရောဂါများလည်း ပါဝင်ပါတယ်။ 00:02:07.933 --> 00:02:10.933 ကင်ဆာကျိတ်အများစုရဲ့ ဇီဝဓာတု ပြောင်းလဲမှုကတော့ 00:02:10.933 --> 00:02:14.405 Glycolysis လို့ ခေါ်တဲ့ စွမ်းအင်အများအပြား ထုတ်လွှတ်တဲ့ ဖြစ်စဥ် 00:02:14.405 --> 00:02:16.505 ဖြစ်ပွားခြင်းပါ။ 00:02:16.505 --> 00:02:18.415 Warburg အကျိုးဆက်လို့ အသိများပါတယ်။ 00:02:18.415 --> 00:02:24.169 ဒီဖြစ်ရပ်ကြောင့် Lactate လို့ခေါ်တဲ့ ဓာတ်ကျွင်းတွေ မြင့်တက်လာပြီး 00:02:24.169 --> 00:02:28.339 ဇီဝဓာတုပြောင်းလဲမှုတွေ အမြန်ဖြစ်ပျက်လာကာ 00:02:28.339 --> 00:02:31.790 Dimethyl sulfide လို အငွေ့ပျံလွယ်တဲ့ ကွန်ပေါင်းတွေဟာ 00:02:31.790 --> 00:02:36.325 ထွက်သက်အတွင်း အများအပြားပါဝင်လာပြီး 00:02:36.325 --> 00:02:38.748 အချိုးအစားတွေ ပြောင်းလဲကုန်ပါတယ်။ 00:02:38.748 --> 00:02:43.285 ဒီ Warburg အကျိုးဆက်ဟာ ကင်ဆာဖြစ်နိုင်တဲ့ အခြေအနေကို ပြတဲ့ ညွှန်းကိန်းသာဖြစ်ပြီး 00:02:43.285 --> 00:02:47.303 ကင်ဆာရဲ့ အခြေအနေအတိအကျကို မဖေါ်ထုတ်နိုင်ပါဘူး။ 00:02:47.303 --> 00:02:51.165 ရောဂါရှာဖွေဖို့အထိကတော့ တခြားအချက်တွေ အများကြီးလိုပါသေးတယ်။ NOTE Paragraph 00:02:51.165 --> 00:02:52.971 ဒီလိုခြားနားချက်တွေကို သိဖို့ 00:02:52.971 --> 00:02:55.841 လေ့လာသူတွေဟာ ကျန်းမာတဲ့လူရဲ့ ထွက်သက်နဲ့ 00:02:55.841 --> 00:02:59.011 ရောဂါခံစားနေသူရဲ့ ထွက်သက်တွေကို နမူနာ ရာနဲ့ချီပြီးယူကာ 00:02:59.011 --> 00:03:02.361 နှိုင်းယှဥ်လေ့လာခဲ့ကြပါတယ်။ 00:03:02.361 --> 00:03:06.091 ဒီစူးစမ်းမှုတွေအတွက် အရက်တိုင်းတဲ့စက်ထက် အာရုံပိုခံနိုင်တဲ့ 00:03:06.091 --> 00:03:10.151 အခြေခံတည်ဆောက်ပုံကွဲပြားတဲ့ Sensor တွေ လိုအပ်ပါတယ်။ 00:03:10.151 --> 00:03:12.204 တချို့တွေက စမ်းသပ်နေဆဲကာလမှာပါ။ 00:03:12.204 --> 00:03:15.071 တချို့စက်တွေက ကွန်ပေါင်းတစ်ခုတည်းကိုပဲ လျှပ်စစ်စက်ကွင်းထဲမှာ 00:03:15.071 --> 00:03:19.301 ဘယ်လိုလှုပ်ရှားနေတယ် ဆိုတာကို ကြည့်ပြီး ခွဲခြားပါတယ်။ 00:03:19.301 --> 00:03:22.661 တချို့ကတော့ မတူတဲ့ပစ္စည်းတွေနဲ့လုပ်ထားတဲ့ လျှပ်ခံတွေကို စီထားပြီး 00:03:22.661 --> 00:03:26.621 အဲ့သည့်လျှပ်ခံတွေက သက်ဆိုင်ရာ အငွေ့ပျံကွန်ပေါင်းတွေကို ထိတွေ့တဲ့အခါ 00:03:26.621 --> 00:03:29.161 သူတို့ရဲ့ လျှပ်ခံနိုင်စွမ်း ပြောင်းလဲပါတယ် NOTE Paragraph 00:03:29.161 --> 00:03:30.937 အခြား အခက်အခဲတွေလည်း ရှိပါသေးတယ်။ 00:03:30.937 --> 00:03:34.867 ဒီကွန်ပေါင်းလေးတွေဟာ ထွက်သက်ရဲ့ တစ်ဘီလီယံပုံ တစ်ပုံလောက်အထိသာ 00:03:34.867 --> 00:03:37.207 နည်းပါးစွာ ပါဝင်ပါတယ်။ 00:03:37.207 --> 00:03:40.397 အီသနောပါဝင်တာထက် အများကြီးနည်းပါတယ်။ 00:03:40.397 --> 00:03:44.287 ကွန်ပေါင်းတွေရဲ့ ပမာဏကို ရောဂါအခြေအနေထက် 00:03:44.287 --> 00:03:48.737 အသက်၊ ကျား/မ၊ အစားအသောက်နဲ့ နေ့စဥ်ဘဝနေထိုင်ပုံတွေကလည်း လွှမ်းမိုးပါတယ် 00:03:48.737 --> 00:03:50.056 နောက်ထပ်ပြဿနာတစ်ခုကတော့ 00:03:50.056 --> 00:03:52.667 လူနာခန္ဓာကိုယ်တွင်းက ထုတ်တဲ့ ကွန်ပေါင်းနဲ့ 00:03:52.667 --> 00:03:54.657 လတ်တလော အပြင်က ရှူသွင်းမိလိုက်တဲ့ 00:03:54.657 --> 00:03:57.047 ကွန်ပေါင်းကို ဘယ်လိုခွဲခြားကြမလဲ ဆိုတာပဲ 00:03:57.047 --> 00:03:59.287 ဖြစ်ပါတယ်။ NOTE Paragraph 00:03:59.287 --> 00:04:03.657 ဒီလို အခက်အခဲတွေကြောင့် ဒီနည်းနဲ့ ရောဂါရှာဖွေခြင်းဟာ အဆင်သင့်မဖြစ်သေးပါဘူး။ 00:04:03.657 --> 00:04:06.758 သို့သော် အဆုတ် အူမကြီးနဲ့ အခြားကင်ဆာတွေရဲ့ ဆေးသုတေသနတွေမှာ 00:04:06.758 --> 00:04:10.589 ရလဒ်ကောင်းတွေ ရရှိနေပါတယ်။ 00:04:10.589 --> 00:04:16.629 တစ်နေ့တွင် အသက်ကိုရှူပြီး ပြန်ထုတ်ရုံနဲ့ ကင်ဆာကို စောစောစီးစီး ထောက်လှမ်းမိမှာပါ။