0:00:06.792,0:00:11.725 အသက်ရှုတိုင်းကိရိယာဟာ[br]လွန်ခဲ့တဲ့နာရီများစွာက အရက်သောက်ထားသူရဲ့ 0:00:11.725,0:00:16.341 သွေးထဲကအရက်ကို ထွက်သက်ကိုတိုင်းရုံနဲ့[br]ဘယ်လိုအာရုံခံနိုင်တာလဲ? 0:00:16.341,0:00:20.891 ထွက်သက်မှာ အငွေ့ပျံတတ်တဲ့[br]အော်ဂဲနစ်ကွန်ပေါင်း ရာထောင်ချီအောင် 0:00:20.891,0:00:23.351 ပါဝင်ပြီး ဒီကွန်ပေါင်းတွေဟာ 0:00:23.351,0:00:27.835 အငွေ့တွေလို ပေါ့ပါးတဲ့ မော်လီကျူးတွေပါ။ 0:00:27.835,0:00:32.434 အရက်တွေမှာပါတဲ့ အီသနောဟာ[br]ဒီထဲကတစ်ခု ဖြစ်တာမို့ 0:00:32.434,0:00:36.409 သွေးထဲမှာလှည့်လည်နေရင်း[br]အဆုတ်ထဲက လေအိတ်ငယ်လေးတွေဆီရောက်ကာ 0:00:36.409,0:00:41.148 ထွက်သက်တွင်းကို ရောက်ရှိသွားပါတယ်။[br]ဒီပမာဏဟာ သွေးထဲက ပမာဏထက် 0:00:41.148,0:00:43.413 အဆနှစ်ထောင် ပိုလျော့ပါတယ်။ 0:00:43.413,0:00:45.815 လူတစ်ယောက် အသက်ရှူတိုင်းကိရိယာနဲ့[br]အသက်ရှူတဲ့အခါ 0:00:45.815,0:00:49.865 ထွက်သက်မှာပါတဲ့ အီသနောဟာ[br]ဓာတ်ပြုခန်းထဲကို ရောက်သွားပါတယ်။ 0:00:49.865,0:00:53.893 အဲ့သည့်မှာ အီသနောကို Acetic အက်ဆစ်အဖြစ်[br]ပြောင်းလဲလိုက်ပါတယ်။ 0:00:53.893,0:00:58.907 အထူးဓာတ်ပေါင်းဖိုက ဒီဓာတ်ပြုခြင်းကနေ[br]လျှပ်စီးလမ်းကြောင်း ဖြစ်လာစေပါတယ် 0:00:58.907,0:01:02.025 ဒီလျှပ်စီးပမာဏဟာ သွေးကနေတဆင့် 0:01:02.025,0:01:05.754 ထွက်သက်ထဲရောက်လာတဲ့ အီသနောပမာဏကို[br]ညွှန်ပြနေပါတယ်။ 0:01:05.754,0:01:08.934 အီသနောလို အငွေ့ပျံလွယ်တဲ့ ကွန်ပေါင်းတွေဟာ 0:01:08.934,0:01:11.040 ကျွန်တော်တို့ စားသောက်ဖွယ်ရာတွေထဲ ပါသလို 0:01:11.040,0:01:14.884 ကျွန်တော်တို့ဆဲလ်တွေ ဇီဝဓာတုဖြစ်စဥ်တွေကလဲ[br]ထုတ်လွှတ်ပါတယ်။ 0:01:14.884,0:01:18.474 ဒါကြောင့် ရောဂါ ဒါမှမဟုတ်[br]ချို့ယွင်းချက်တစ်ခုခုဖြစ်လာရင် 0:01:18.474,0:01:21.764 ထွက်သက်မှာပါတဲ့[br]အငွေ့ပျံအော်ဂဲနစ်ကွန်ပေါင်းတွေကလည်း 0:01:21.764,0:01:23.624 ပြောင်းလဲပါတယ်။ 0:01:23.624,0:01:27.604 ဆိုတော့ကာ အသက်ရှူတာကို တိုင်းလိုက်တာနဲ့ 0:01:27.604,0:01:30.401 အသားစယူတာ၊ သွေးဖေါက်တာ၊[br]ဓာတ်ရောင်ခြည်သုံးတာတွေမလိုပဲ 0:01:30.401,0:01:34.054 ရောဂါတွေကို ရှာဖွေနိုင်ပါ့မလား? 0:01:34.054,0:01:35.827 သီအိုရီအရတော့ ရနိုင်ပါတယ်။ 0:01:35.827,0:01:40.717 ဒါပေမဲ့ ရောဂါရှာဖွေတာဟာ[br]အရက်ပမာဏ တိုင်းတာထက် ပိုရှုပ်ထွေးပါတယ်။ 0:01:40.717,0:01:42.337 ရောဂါတွေကို ရှာဖွေဖို့ဆိုရင် 0:01:42.337,0:01:46.803 လေ့လာသူတွေဟာ ထွက်သက်ထဲက[br]ကွန်ပေါင်းဆယ်ခုလောက်ကို ကြည့်ရမှာပါ။ 0:01:46.803,0:01:49.633 ရောဂါတစ်ခုဟာ ဒီကွန်ပေါင်းကို[br]နည်းစေ သို့မဟုတ် များစေချိန်မှာ 0:01:49.633,0:01:54.333 တခြားရောဂါတစ်ခုက[br]ဘာမှ မပြောင်းလဲစေနိုင်ပါဘူး။ 0:01:54.333,0:01:57.616 ရောဂါတိုင်းမှာ သူ့အတိုင်းအတာနဲ့သူ[br]ရှိနေမှာဖြစ်သလို 0:01:57.616,0:02:01.493 ရောဂါတစ်ခုတည်းမှာလည်း အဆင့်ပေါ်မူတည်ပြီး[br]ပြောင်းလဲနိုင်ပါတယ်။ 0:02:01.493,0:02:05.283 ဥပမာ - ထွက်သက်တိုင်းပြီး ရောဂါရှာဖို့[br]စူးစမ်းလေ့လာနေတဲ့ ရောဂါများထဲမှာ 0:02:05.283,0:02:07.933 ကင်ဆာရောဂါများလည်း ပါဝင်ပါတယ်။ 0:02:07.933,0:02:10.933 ကင်ဆာကျိတ်အများစုရဲ့[br]ဇီဝဓာတု ပြောင်းလဲမှုကတော့ 0:02:10.933,0:02:14.405 Glycolysis လို့ ခေါ်တဲ့[br]စွမ်းအင်အများအပြား ထုတ်လွှတ်တဲ့ ဖြစ်စဥ် 0:02:14.405,0:02:16.505 ဖြစ်ပွားခြင်းပါ။ 0:02:16.505,0:02:18.415 Warburg အကျိုးဆက်လို့ အသိများပါတယ်။ 0:02:18.415,0:02:24.169 ဒီဖြစ်ရပ်ကြောင့် Lactate လို့ခေါ်တဲ့[br]ဓာတ်ကျွင်းတွေ မြင့်တက်လာပြီး 0:02:24.169,0:02:28.339 ဇီဝဓာတုပြောင်းလဲမှုတွေ အမြန်ဖြစ်ပျက်လာကာ 0:02:28.339,0:02:31.790 Dimethyl sulfide လို[br]အငွေ့ပျံလွယ်တဲ့ ကွန်ပေါင်းတွေဟာ 0:02:31.790,0:02:36.325 ထွက်သက်အတွင်း အများအပြားပါဝင်လာပြီး 0:02:36.325,0:02:38.748 အချိုးအစားတွေ ပြောင်းလဲကုန်ပါတယ်။ 0:02:38.748,0:02:43.285 ဒီ Warburg အကျိုးဆက်ဟာ ကင်ဆာဖြစ်နိုင်တဲ့[br]အခြေအနေကို ပြတဲ့ ညွှန်းကိန်းသာဖြစ်ပြီး 0:02:43.285,0:02:47.303 ကင်ဆာရဲ့ အခြေအနေအတိအကျကို[br]မဖေါ်ထုတ်နိုင်ပါဘူး။ 0:02:47.303,0:02:51.165 ရောဂါရှာဖွေဖို့အထိကတော့ တခြားအချက်တွေ[br]အများကြီးလိုပါသေးတယ်။ 0:02:51.165,0:02:52.971 ဒီလိုခြားနားချက်တွေကို သိဖို့ 0:02:52.971,0:02:55.841 လေ့လာသူတွေဟာ ကျန်းမာတဲ့လူရဲ့ ထွက်သက်နဲ့ 0:02:55.841,0:02:59.011 ရောဂါခံစားနေသူရဲ့ ထွက်သက်တွေကို[br]နမူနာ ရာနဲ့ချီပြီးယူကာ 0:02:59.011,0:03:02.361 နှိုင်းယှဥ်လေ့လာခဲ့ကြပါတယ်။ 0:03:02.361,0:03:06.091 ဒီစူးစမ်းမှုတွေအတွက် အရက်တိုင်းတဲ့စက်ထက်[br]အာရုံပိုခံနိုင်တဲ့ 0:03:06.091,0:03:10.151 အခြေခံတည်ဆောက်ပုံကွဲပြားတဲ့[br]Sensor တွေ လိုအပ်ပါတယ်။ 0:03:10.151,0:03:12.204 တချို့တွေက စမ်းသပ်နေဆဲကာလမှာပါ။ 0:03:12.204,0:03:15.071 တချို့စက်တွေက ကွန်ပေါင်းတစ်ခုတည်းကိုပဲ[br]လျှပ်စစ်စက်ကွင်းထဲမှာ 0:03:15.071,0:03:19.301 ဘယ်လိုလှုပ်ရှားနေတယ် ဆိုတာကို[br]ကြည့်ပြီး ခွဲခြားပါတယ်။ 0:03:19.301,0:03:22.661 တချို့ကတော့ မတူတဲ့ပစ္စည်းတွေနဲ့လုပ်ထားတဲ့[br]လျှပ်ခံတွေကို စီထားပြီး 0:03:22.661,0:03:26.621 အဲ့သည့်လျှပ်ခံတွေက သက်ဆိုင်ရာ[br]အငွေ့ပျံကွန်ပေါင်းတွေကို ထိတွေ့တဲ့အခါ 0:03:26.621,0:03:29.161 သူတို့ရဲ့ လျှပ်ခံနိုင်စွမ်း ပြောင်းလဲပါတယ် 0:03:29.161,0:03:30.937 အခြား အခက်အခဲတွေလည်း ရှိပါသေးတယ်။ 0:03:30.937,0:03:34.867 ဒီကွန်ပေါင်းလေးတွေဟာ ထွက်သက်ရဲ့[br]တစ်ဘီလီယံပုံ တစ်ပုံလောက်အထိသာ 0:03:34.867,0:03:37.207 နည်းပါးစွာ ပါဝင်ပါတယ်။ 0:03:37.207,0:03:40.397 အီသနောပါဝင်တာထက် အများကြီးနည်းပါတယ်။ 0:03:40.397,0:03:44.287 ကွန်ပေါင်းတွေရဲ့ ပမာဏကို[br]ရောဂါအခြေအနေထက် 0:03:44.287,0:03:48.737 အသက်၊ ကျား/မ၊ အစားအသောက်နဲ့[br]နေ့စဥ်ဘဝနေထိုင်ပုံတွေကလည်း လွှမ်းမိုးပါတယ် 0:03:48.737,0:03:50.056 နောက်ထပ်ပြဿနာတစ်ခုကတော့ 0:03:50.056,0:03:52.667 လူနာခန္ဓာကိုယ်တွင်းက ထုတ်တဲ့ ကွန်ပေါင်းနဲ့ 0:03:52.667,0:03:54.657 လတ်တလော အပြင်က ရှူသွင်းမိလိုက်တဲ့ 0:03:54.657,0:03:57.047 ကွန်ပေါင်းကို ဘယ်လိုခွဲခြားကြမလဲ ဆိုတာပဲ 0:03:57.047,0:03:59.287 ဖြစ်ပါတယ်။ 0:03:59.287,0:04:03.657 ဒီလို အခက်အခဲတွေကြောင့် ဒီနည်းနဲ့[br]ရောဂါရှာဖွေခြင်းဟာ အဆင်သင့်မဖြစ်သေးပါဘူး။ 0:04:03.657,0:04:06.758 သို့သော် အဆုတ် အူမကြီးနဲ့ အခြားကင်ဆာတွေရဲ့[br]ဆေးသုတေသနတွေမှာ 0:04:06.758,0:04:10.589 ရလဒ်ကောင်းတွေ ရရှိနေပါတယ်။ 0:04:10.589,0:04:16.629 တစ်နေ့တွင် အသက်ကိုရှူပြီး ပြန်ထုတ်ရုံနဲ့[br]ကင်ဆာကို စောစောစီးစီး ထောက်လှမ်းမိမှာပါ။