အသက်ရှုတိုင်းကိရိယာဟာ
လွန်ခဲ့တဲ့နာရီများစွာက အရက်သောက်ထားသူရဲ့
သွေးထဲကအရက်ကို ထွက်သက်ကိုတိုင်းရုံနဲ့
ဘယ်လိုအာရုံခံနိုင်တာလဲ?
ထွက်သက်မှာ အငွေ့ပျံတတ်တဲ့
အော်ဂဲနစ်ကွန်ပေါင်း ရာထောင်ချီအောင်
ပါဝင်ပြီး ဒီကွန်ပေါင်းတွေဟာ
အငွေ့တွေလို ပေါ့ပါးတဲ့ မော်လီကျူးတွေပါ။
အရက်တွေမှာပါတဲ့ အီသနောဟာ
ဒီထဲကတစ်ခု ဖြစ်တာမို့
သွေးထဲမှာလှည့်လည်နေရင်း
အဆုတ်ထဲက လေအိတ်ငယ်လေးတွေဆီရောက်ကာ
ထွက်သက်တွင်းကို ရောက်ရှိသွားပါတယ်။
ဒီပမာဏဟာ သွေးထဲက ပမာဏထက်
အဆနှစ်ထောင် ပိုလျော့ပါတယ်။
လူတစ်ယောက် အသက်ရှူတိုင်းကိရိယာနဲ့
အသက်ရှူတဲ့အခါ
ထွက်သက်မှာပါတဲ့ အီသနောဟာ
ဓာတ်ပြုခန်းထဲကို ရောက်သွားပါတယ်။
အဲ့သည့်မှာ အီသနောကို Acetic အက်ဆစ်အဖြစ်
ပြောင်းလဲလိုက်ပါတယ်။
အထူးဓာတ်ပေါင်းဖိုက ဒီဓာတ်ပြုခြင်းကနေ
လျှပ်စီးလမ်းကြောင်း ဖြစ်လာစေပါတယ်
ဒီလျှပ်စီးပမာဏဟာ သွေးကနေတဆင့်
ထွက်သက်ထဲရောက်လာတဲ့ အီသနောပမာဏကို
ညွှန်ပြနေပါတယ်။
အီသနောလို အငွေ့ပျံလွယ်တဲ့ ကွန်ပေါင်းတွေဟာ
ကျွန်တော်တို့ စားသောက်ဖွယ်ရာတွေထဲ ပါသလို
ကျွန်တော်တို့ဆဲလ်တွေ ဇီဝဓာတုဖြစ်စဥ်တွေကလဲ
ထုတ်လွှတ်ပါတယ်။
ဒါကြောင့် ရောဂါ ဒါမှမဟုတ်
ချို့ယွင်းချက်တစ်ခုခုဖြစ်လာရင်
ထွက်သက်မှာပါတဲ့
အငွေ့ပျံအော်ဂဲနစ်ကွန်ပေါင်းတွေကလည်း
ပြောင်းလဲပါတယ်။
ဆိုတော့ကာ အသက်ရှူတာကို တိုင်းလိုက်တာနဲ့
အသားစယူတာ၊ သွေးဖေါက်တာ၊
ဓာတ်ရောင်ခြည်သုံးတာတွေမလိုပဲ
ရောဂါတွေကို ရှာဖွေနိုင်ပါ့မလား?
သီအိုရီအရတော့ ရနိုင်ပါတယ်။
ဒါပေမဲ့ ရောဂါရှာဖွေတာဟာ
အရက်ပမာဏ တိုင်းတာထက် ပိုရှုပ်ထွေးပါတယ်။
ရောဂါတွေကို ရှာဖွေဖို့ဆိုရင်
လေ့လာသူတွေဟာ ထွက်သက်ထဲက
ကွန်ပေါင်းဆယ်ခုလောက်ကို ကြည့်ရမှာပါ။
ရောဂါတစ်ခုဟာ ဒီကွန်ပေါင်းကို
နည်းစေ သို့မဟုတ် များစေချိန်မှာ
တခြားရောဂါတစ်ခုက
ဘာမှ မပြောင်းလဲစေနိုင်ပါဘူး။
ရောဂါတိုင်းမှာ သူ့အတိုင်းအတာနဲ့သူ
ရှိနေမှာဖြစ်သလို
ရောဂါတစ်ခုတည်းမှာလည်း အဆင့်ပေါ်မူတည်ပြီး
ပြောင်းလဲနိုင်ပါတယ်။
ဥပမာ - ထွက်သက်တိုင်းပြီး ရောဂါရှာဖို့
စူးစမ်းလေ့လာနေတဲ့ ရောဂါများထဲမှာ
ကင်ဆာရောဂါများလည်း ပါဝင်ပါတယ်။
ကင်ဆာကျိတ်အများစုရဲ့
ဇီဝဓာတု ပြောင်းလဲမှုကတော့
Glycolysis လို့ ခေါ်တဲ့
စွမ်းအင်အများအပြား ထုတ်လွှတ်တဲ့ ဖြစ်စဥ်
ဖြစ်ပွားခြင်းပါ။
Warburg အကျိုးဆက်လို့ အသိများပါတယ်။
ဒီဖြစ်ရပ်ကြောင့် Lactate လို့ခေါ်တဲ့
ဓာတ်ကျွင်းတွေ မြင့်တက်လာပြီး
ဇီဝဓာတုပြောင်းလဲမှုတွေ အမြန်ဖြစ်ပျက်လာကာ
Dimethyl sulfide လို
အငွေ့ပျံလွယ်တဲ့ ကွန်ပေါင်းတွေဟာ
ထွက်သက်အတွင်း အများအပြားပါဝင်လာပြီး
အချိုးအစားတွေ ပြောင်းလဲကုန်ပါတယ်။
ဒီ Warburg အကျိုးဆက်ဟာ ကင်ဆာဖြစ်နိုင်တဲ့
အခြေအနေကို ပြတဲ့ ညွှန်းကိန်းသာဖြစ်ပြီး
ကင်ဆာရဲ့ အခြေအနေအတိအကျကို
မဖေါ်ထုတ်နိုင်ပါဘူး။
ရောဂါရှာဖွေဖို့အထိကတော့ တခြားအချက်တွေ
အများကြီးလိုပါသေးတယ်။
ဒီလိုခြားနားချက်တွေကို သိဖို့
လေ့လာသူတွေဟာ ကျန်းမာတဲ့လူရဲ့ ထွက်သက်နဲ့
ရောဂါခံစားနေသူရဲ့ ထွက်သက်တွေကို
နမူနာ ရာနဲ့ချီပြီးယူကာ
နှိုင်းယှဥ်လေ့လာခဲ့ကြပါတယ်။
ဒီစူးစမ်းမှုတွေအတွက် အရက်တိုင်းတဲ့စက်ထက်
အာရုံပိုခံနိုင်တဲ့
အခြေခံတည်ဆောက်ပုံကွဲပြားတဲ့
Sensor တွေ လိုအပ်ပါတယ်။
တချို့တွေက စမ်းသပ်နေဆဲကာလမှာပါ။
တချို့စက်တွေက ကွန်ပေါင်းတစ်ခုတည်းကိုပဲ
လျှပ်စစ်စက်ကွင်းထဲမှာ
ဘယ်လိုလှုပ်ရှားနေတယ် ဆိုတာကို
ကြည့်ပြီး ခွဲခြားပါတယ်။
တချို့ကတော့ မတူတဲ့ပစ္စည်းတွေနဲ့လုပ်ထားတဲ့
လျှပ်ခံတွေကို စီထားပြီး
အဲ့သည့်လျှပ်ခံတွေက သက်ဆိုင်ရာ
အငွေ့ပျံကွန်ပေါင်းတွေကို ထိတွေ့တဲ့အခါ
သူတို့ရဲ့ လျှပ်ခံနိုင်စွမ်း ပြောင်းလဲပါတယ်
အခြား အခက်အခဲတွေလည်း ရှိပါသေးတယ်။
ဒီကွန်ပေါင်းလေးတွေဟာ ထွက်သက်ရဲ့
တစ်ဘီလီယံပုံ တစ်ပုံလောက်အထိသာ
နည်းပါးစွာ ပါဝင်ပါတယ်။
အီသနောပါဝင်တာထက် အများကြီးနည်းပါတယ်။
ကွန်ပေါင်းတွေရဲ့ ပမာဏကို
ရောဂါအခြေအနေထက်
အသက်၊ ကျား/မ၊ အစားအသောက်နဲ့
နေ့စဥ်ဘဝနေထိုင်ပုံတွေကလည်း လွှမ်းမိုးပါတယ်
နောက်ထပ်ပြဿနာတစ်ခုကတော့
လူနာခန္ဓာကိုယ်တွင်းက ထုတ်တဲ့ ကွန်ပေါင်းနဲ့
လတ်တလော အပြင်က ရှူသွင်းမိလိုက်တဲ့
ကွန်ပေါင်းကို ဘယ်လိုခွဲခြားကြမလဲ ဆိုတာပဲ
ဖြစ်ပါတယ်။
ဒီလို အခက်အခဲတွေကြောင့် ဒီနည်းနဲ့
ရောဂါရှာဖွေခြင်းဟာ အဆင်သင့်မဖြစ်သေးပါဘူး။
သို့သော် အဆုတ် အူမကြီးနဲ့ အခြားကင်ဆာတွေရဲ့
ဆေးသုတေသနတွေမှာ
ရလဒ်ကောင်းတွေ ရရှိနေပါတယ်။
တစ်နေ့တွင် အသက်ကိုရှူပြီး ပြန်ထုတ်ရုံနဲ့
ကင်ဆာကို စောစောစီးစီး ထောက်လှမ်းမိမှာပါ။