1 00:00:00,609 --> 00:00:05,297 (သီချင်းဆို) လကို ငါမြင်တယ်၊ လက ငါ့ကို မြင်တယ်။ 2 00:00:06,296 --> 00:00:11,564 ငါမမြင်တဲ့ လူတစ်ဦးကို လက မြင်တယ်။ 3 00:00:12,708 --> 00:00:18,351 ဘုရားသခင်က လကို ကောင်းချီးပေး၊ ဘုရားသခင်က ငါ့ကို ကောင်းချီးပေးတယ်။ 4 00:00:19,243 --> 00:00:24,655 ငါ မမြင်တဲ့ လူတစ်ဦးကို ဘုရားသခင်က ကောင်းချီးပေးတယ်။ 5 00:00:25,673 --> 00:00:31,331 ကောင်ကင်ဘုံကို မင်းအရင် ငါရောက်ရင် 6 00:00:31,987 --> 00:00:37,770 အပေါက်တစ်ပေါက်ဖောက်ပြီး မင်းကို ဆွဲခေါ်မယ်။ 7 00:00:38,083 --> 00:00:43,552 ကြယ်တွေတိုင်းမှာ မင်းနာမည် ငါရေးမယ်။ 8 00:00:44,062 --> 00:00:46,704 ဒီလိုနဲ့ ကမ္ဘာကြီးက ဝေးလွန်းတယ် 9 00:00:47,356 --> 00:00:50,638 မထင်ရတော့မယ့် ပုံမျိုးပေါ့။ 10 00:00:51,079 --> 00:00:54,770 အာကာသယဉ်မှူး ဒီနေ့တော့ အလုပ်မှာရှိမှာမဟုတ်ဘူး။ 11 00:00:55,111 --> 00:00:56,767 ဖျားနေတယ်လို့ အကြောင်းကြားတယ်။ 12 00:00:56,791 --> 00:01:01,919 သူ့ဆဲလ်ဖုန်း၊ လက်တော့ပ်၊ ပေဂျာ၊ နှိုးစက်ကို ပိတ်ထားတယ်။ 13 00:01:01,943 --> 00:01:05,092 သူ့ခုတင်မှာ ကြောင်ဝါ ဝဝတစ်ကောင် အိပ်မောကျနေတယ်။ 14 00:01:05,116 --> 00:01:06,860 ပြတင်းကိုရိုက်ခတ်တဲ့ မိုးစက်တွေနဲ့ 15 00:01:06,884 --> 00:01:10,599 မီးဖိုချောင် လေထဲမှာ ကော်ဖီ အရိပ်အငွေ့တောင်မသန်း၊ 16 00:01:10,623 --> 00:01:11,872 လူတိုင်းဟာ ဗျာများနေတယ်။ 17 00:01:11,896 --> 00:01:15,842 ၁၅ ထပ်က အင်ဂျင်နီယာတွေ သူတို့ရဲ့ ဒြပ်မှုန် စက်ကို ရပ်လိုက်ပြီ။ 18 00:01:15,866 --> 00:01:17,644 ကမ္ဘာဆွဲအားဆန့်ကျင့်တဲ့ အခန်းက ယိုနေ 19 00:01:17,668 --> 00:01:19,548 မျက်မှန်နဲ့ တင်းတိပ်ထူတဲ့ ကလေးတောင် 20 00:01:19,572 --> 00:01:22,246 စိတ်ရှုပ်နေလေရဲ့၊ သူ့အလုပ်က အမှိုက်ထုတ်ပစ်ဖို့ပဲရှိတာလေ၊ 21 00:01:22,270 --> 00:01:24,979 အိတ်ကို စမ်း၊ ငှက်ပျောခွံနဲ့ စက္ကူညှပ်တစ်ခုကို သွန်ချတယ်။ 22 00:01:25,003 --> 00:01:26,425 ဘယ်သူမှ သတိမထားမိဘူး။ 23 00:01:26,449 --> 00:01:29,874 ဆုံးရှုံးသွားတဲ့အချိန်အတွက် အားလုံးက ဘာလဲဆိုတာကို ပြန်တွက်ကာ ရှုပ်နေတယ်။ 24 00:01:29,898 --> 00:01:31,930 တစ်စက္ကန့် ကြယ်စု ဘယ်နှစ်ခု ဆုံးရှုံးနေလဲ။ 25 00:01:31,954 --> 00:01:34,004 နောက်ဒုံးပျံ မလွှတ်တင်နိုင်ခင် ဘယ်လောက်ကြာလဲ 26 00:01:34,028 --> 00:01:36,899 တစ်နေရာမှာ အီလက်ထရွန်တစ်ခု ၎င်းရဲ့စွမ်းအင်တိမ်ကနေ ကွာကျတယ်။ 27 00:01:36,923 --> 00:01:38,889 တွင်းနက်တစ်ခု ပေါက်ကွဲသွားပြီ။ 28 00:01:38,913 --> 00:01:41,214 အမေတစ်ယောက်ဟာ ညစာအတွက် စားပွဲခင်းပြီးပြီ။ 29 00:01:41,238 --> 00:01:43,299 ငြိမ်ဝပ်ပိပြားရေး မာရသွန် စနေတယ်။ 30 00:01:43,323 --> 00:01:45,544 အာကာသယာဉ်မှုး အိပ်ပျော်နေတယ်။. 31 00:01:45,568 --> 00:01:47,471 သူ့နာရီကို ပိတ်ပစ်ဖို့ မေ့သွားပြီ၊ 32 00:01:47,495 --> 00:01:50,246 လက်ကောက်ဝတ်က သတ္တု သွေးခုန်နှုန်း တစ်ခုလို တတစ်တစ်မြည်နေ။ 33 00:01:50,270 --> 00:01:51,845 သူ ဒါကို မကြားဘူး။ 34 00:01:51,869 --> 00:01:54,918 သန္တာကျောက်တန်းနဲ့ မျောလှေးကို သူ အိပ်မက်တယ်။ 35 00:01:54,942 --> 00:01:58,081 သူ့လက်ချောင်းတွေက ခေါင်းအုံးဖုံးရဲ့ ရွက်တိုင်တွေကို ရှာတွေ့တယ်။ 36 00:01:58,105 --> 00:02:01,173 သူ့ဘက်ကို လှည့်လိုက်ပြီး မျက်လုံးတွေကို ချက်ချင်းဖွင့်တယ်။ 37 00:02:01,197 --> 00:02:05,927 ရေငုပ်သမားတွေဟာ ကမ္ဘာ့ အံ့ဖွယ်အဖြစ်ဆုံး ရှိတာဖြစ်ရမယ်လို့ သူထင်မိတယ်။ 38 00:02:05,951 --> 00:02:08,794 လျှောတိုက်သွားဖို့ ဒီလောက်ရေတွေ အမျာကြီးရှိတဲ့ဟာ။ 39 00:02:11,070 --> 00:02:16,298 (လက်ခုပ်သံများ) 40 00:02:16,322 --> 00:02:18,103 ကျေးဇူးတင်ပါတယ်။ 41 00:02:18,127 --> 00:02:22,228 ကျွန်မ ငယ်ငယ်တုန်းက တစ်သက်မှာ တစ်ခါပဲ နေနိုင်တယ်ဆိုတဲ့ အယူအဆကို 42 00:02:22,996 --> 00:02:25,041 နားမလည်နိုင်ခဲ့ဘူး။ 43 00:02:25,560 --> 00:02:27,140 စကားအဖြစ်သာ ဆိုလိုတာမဟုတ်ဘူး။ 44 00:02:27,164 --> 00:02:30,115 ဆိုလိုတာက လုပ်ဖို့လိုတာ မှန်သမျှနဲ့ ဖြစ်ဖို့လိုတာမှန်သမျှ 45 00:02:30,433 --> 00:02:32,479 လုပ်ဖို့ အခွင့်အလမ်းရမယ်လို့ 46 00:02:32,503 --> 00:02:35,099 တကယ့်ကို ထင်ခဲ့တာပါ။ 47 00:02:35,123 --> 00:02:36,527 ဒါက အချိန်ရဲ့ ကိစ္စပါပဲ။ 48 00:02:36,899 --> 00:02:39,923 အသက် (သို့) လိင် (သို့) လူမျိုး (သို့) သင့်တော်တဲ့ 49 00:02:39,947 --> 00:02:43,034 အချိန်အပိုင်းအခြားဆိုတာကိုကောင် အခြေခံတဲ့ ကန့်သတ်ချက်မရှိပါဘူး။ 50 00:02:43,058 --> 00:02:46,509 သေချာခဲ့တာက ပြည်သူ့ အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးလို 51 00:02:46,533 --> 00:02:50,327 ဖြစ်ချင်တာကို တကယ် တွေ့ကြုံရတော့မယ်၊ 52 00:02:50,351 --> 00:02:53,985 (သို့) ကုန်းခေါင်ခေါင်ကာလအတွင်း လယ်ကွက်တစ်ခုမှာ နေထိုင်တဲ့ ၁၀ နှစ်သားလေး 53 00:02:54,009 --> 00:02:57,627 (သို့) တရုတ်ပြည် တန်မင်းဆက်ရဲ့ ဧကရာဇ်တစ်ပါးလိုပေါ့။ 54 00:02:57,651 --> 00:02:59,652 အမေပြောတာက ကြီးလာရင် ဘာဖြစ်ချင်တာလဲလို့ 55 00:02:59,676 --> 00:03:03,255 လူတွေမေးတဲ့အခါ ကျွန်မရဲ့ ဖြေနေကျအဖြေက 56 00:03:03,279 --> 00:03:05,047 မင်းသမီး-ဘဲလေး ကချေသည်-အာကာသယဉ်မှူးပါ 57 00:03:05,458 --> 00:03:08,603 အမေ နားမလည်တာက ကျွန်မဟာ ပေါင်းစပ်ထားတဲ့ ထိပ်တန်းအလုပ်အကိုင်ကို 58 00:03:08,627 --> 00:03:10,610 ဖန်တီးဖို့ ကြိုးစားမနေဘူးပေါ့။ 59 00:03:10,634 --> 00:03:14,011 ကျွန်မ ဖြစ်ခွင့်ရတော့မယ်လို့ ထင်တဲ့အရာတွေကို စာရင်းလုပ်နေခဲ့တယ်၊ 60 00:03:14,035 --> 00:03:17,096 မင်းသမီး၊ ဘဲလေးကချေသည်၊ အာကာသယာဉ်မှူးပါ၊ 61 00:03:17,120 --> 00:03:19,859 စာရင်းက အဲဒီကနေ ဆက်ဖြစ်တာကို ကျွန်မ အတော်လေး သေချာခဲ့တယ်။ 62 00:03:19,883 --> 00:03:21,881 ကျွန်မ အမြဲလိုလို ဖြတ်ပစ်ခဲ့တယ်။ 63 00:03:21,905 --> 00:03:24,771 ကျွန်မဟာ တစ်ခုခု လုပ်ရရင်၊ ဘယ်တော့ဆိုတဲ့ မေးခွန်းက 64 00:03:24,795 --> 00:03:26,855 ဘယ်တော့မှ ပြဿနာတစ်ခုမဟုတ်ဘူး။ 65 00:03:27,278 --> 00:03:29,755 သေချာခဲ့တာက ကျွန်မဟာ အရာတိုင်းကို လုပ်တော့မယ်ဆိုရင် 66 00:03:29,779 --> 00:03:32,215 အတော်လေ။ သွက်လက်စွာ ရွေ့ရှားဖို့ လိုတယ်ဆိုလိုတာပါ။ 67 00:03:32,239 --> 00:03:34,485 အကြောင်းက ကျွန်မလုပ်ဖို့လိုတာ အများကြီးရှိလိုပါ။ 68 00:03:34,509 --> 00:03:36,779 ဒီတော့ ကျွန်မဘဝဟာ အမြဲတစေ တက်သုတ်ရိုက်နေခဲ့ပြီး 69 00:03:36,803 --> 00:03:38,970 နောက်ကျကျန်နေမှာ အမြဲ ကြောက်နေခဲ့တယ်။ 70 00:03:38,994 --> 00:03:42,374 New York City မှာ ကျွန်မ ကြီးပြင်း လာတာကြောင့် ပြောနိုင်သလောက်ကတော့ 71 00:03:42,398 --> 00:03:44,224 တက်သုတ်ရိုက်တာဟာ အတော် နေသားကျနေတာပါ။ 72 00:03:45,128 --> 00:03:48,763 ဒါပေမဲ့ ကျွန်မ ကြီးပြင်းလာတာနဲ့ ဒီအခြေအနေသိပ်မဟန်တဲ့ သိနားလည်မှုက 73 00:03:49,108 --> 00:03:53,398 ကျွန်မဟာ တစ်ဘဝထက် ပိုမနေရမှာ မဟုတ်ဘူးဆိုတာပါ။ 74 00:03:53,422 --> 00:03:56,428 New York City က ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်လို 75 00:03:56,452 --> 00:03:57,603 စိတ်အထင်ရောက်ဖို့ပဲသိတယ် 76 00:03:57,627 --> 00:03:59,918 New Zealand က ဆယ်ကျော်သက် ကောင်လေး တစ်ယောက်လို၊ 77 00:03:59,942 --> 00:04:03,019 Kansas က ကျောင်းကပွဲ ဘုရင်မလို တော့ မဟုတ်ဘူး။ 78 00:04:03,043 --> 00:04:04,964 ကျွန်မမှန်ဘီးလူးတွေနဲ့ပဲ မြင်ခွင့်ရခဲ့တယ် 79 00:04:04,988 --> 00:04:08,296 ဇာတ်လမ်းတွေကို စွဲလမ်းလာခဲ့တာ အဲဒီအချိန်လောက်မှာပါ၊ 80 00:04:08,320 --> 00:04:11,447 အကြောင်းက ဇာတ်လမ်းတွေကနေ အခြားသူတစ်ဦးရဲ့ မှန်ဘီလူးတွေကို 81 00:04:11,471 --> 00:04:15,193 ဖောက်ပြီး ကျွန်မ မြင်နိုင်ခဲ့လိုပါ၊ တိုတောင်းတာ အပြစ်အနာအဆာရှိတာဆိုပေမယ့်ပေါ့။ 82 00:04:15,589 --> 00:04:18,701 အခြားသူတွေရဲ့ အတွေ့အကြုံတွေကို အငမ်းမရ နားထောင်ချင်လာတယ်၊ 83 00:04:18,725 --> 00:04:22,288 အကြောင်းက ကျွန်မ ဘယ်တော့မှ ရှင်သန်ခွင့် မရတော့မယ့် 84 00:04:22,312 --> 00:04:24,003 ဘဝတွေရှိနေတာကို မနာလိုဖြစ်မိပြီး 85 00:04:24,027 --> 00:04:26,702 ကျွန်မ လွတ်နေတဲ့ အရာမှန်သမျှကို ကြားချင်နေလို့ပါ။ 86 00:04:26,726 --> 00:04:28,020 ဒါနဲ့ ဆက်စပ်မှု ဂုဏ်သတ္တိအရ 87 00:04:28,044 --> 00:04:31,273 တစ်ချို့လူတွေဟာ New York မြို့ကြီးမှာ ဆယ်ကျော်သက် မိန်းကလေးဖြစ်တဲ့ 88 00:04:31,297 --> 00:04:33,981 အတွေအကြုံကို ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့ သဘောပေါက်ခဲ့တယ်။ 89 00:04:34,005 --> 00:04:35,910 ဆိုလိုတာက ပထမဆုံးအနမ်းလို ခံစားရပြီးနောက် 90 00:04:35,934 --> 00:04:39,156 ဘယ်မြေအောက်ရထားကို စီးတာ 91 00:04:39,180 --> 00:04:41,998 (သို့) နှင်းကျတဲ့အခါ ဘယ်လောက် တိတ်ဆိတ်တာ သူတို့သိမှာမဟုတ်ဘူး၊ 92 00:04:42,022 --> 00:04:44,634 သူတို့ကို သိစေချင်တာ သူတို့ကို ပြောပြချင်တာပါ။ 93 00:04:44,658 --> 00:04:47,085 ပြီးတော့ ဒါက ကျွန်မရဲ့ ဥပါဒါန်ရဲ့ ဆုံချက်ဖြစ်လာတယ်။ 94 00:04:47,109 --> 00:04:50,734 ဇာတ်လမ်းတွေ ပြောရင်း၊ ဝေမျှရင်း၊ စုဆောင်းရင်း အလုပ်ရှုပ်နေလိုက်တယ်။ 95 00:04:50,758 --> 00:04:52,742 ကျွန်မဟာ ကဗျာကို အမြဲတမ်း 96 00:04:52,766 --> 00:04:57,075 အလောတကြီးမလုပ်နိုင်တာကို သဘောပေါက်ခဲ့တာက မကြာသေးခင်ကမှပါ။ 97 00:04:57,666 --> 00:05:01,004 ဧပြီလမှာ အမျိုးသား ကဗျာလအတွက် ကဗျာစာပေ အသိုင်းအဝိုင်းက 98 00:05:01,028 --> 00:05:04,146 ကဗျာစာဆို အများအပြား ပါဝင်တဲ့ စိန်ခေါ်မှုရှိတယ်၊ 99 00:05:04,170 --> 00:05:06,234 ၃၀/၃၀ စိန်ခေါ်မှုလို့ခေါ်ပါတယ်။ 100 00:05:06,551 --> 00:05:09,273 စိတ်ကူးက ဧပြီလတစ်လလုံး 101 00:05:09,297 --> 00:05:12,234 နေ့စဉ်နေ့တိုင်း ကဗျာသစ်တစ်ပုဒ်ရေးတာပါ။ 102 00:05:12,916 --> 00:05:14,972 မနှစ်က ပထမဆုံးအကြိမ်အဖြစ် ကျွန်မ စမ်းသပ်တော့ 103 00:05:14,996 --> 00:05:19,146 ကျွန်မ ကဗျာ ထုတ်လုပ်နိုင်တဲ့ ကျွမ်းကျင်မှုကြောင့် ပီတိဖြာခဲ့တယ်။ 104 00:05:19,765 --> 00:05:23,375 ဒါပေမဲ့ လကုန်တဲ့အခါ ရေးထားတဲ့ ကဗျာအပုဒ် ၃၀ ကို ပြန်ကြည့်တော့ 105 00:05:23,399 --> 00:05:27,418 အားလုံးဟာ ဇာတ်လမ်းတစ်ခုတည်းကို ပြောနေတာကို တွေ့ရှိခဲ့တယ်။ 106 00:05:27,442 --> 00:05:32,251 ပြောစေလိုတာကို နည်းလမ်းကြံဆဖို့ ကျွန်မအတွက် အကြိမ် ၃၀ ကြိုးစားဖို့လိုတာပါ။ 107 00:05:32,275 --> 00:05:36,196 အခြားဇာတ်လမ်းတွရဲ့ပိုကျယ်ပြန့်တဲ့ ပမာဏ မှာတောင် မှန်လောက်တာကို သဘောပေါက်ခဲ့တယ်။ 108 00:05:36,220 --> 00:05:38,648 နှစ်တေွချီကာ ပြောဖို့ကြိုးစားတဲ့ ဇာတ်လမ်းတွေရှိတာ။ 109 00:05:38,672 --> 00:05:43,060 ပြန်ရေးရင်း၊ ပြန်ရေးရင်း၊ မှန်ကန်တဲ့ စကားလုံးတွေ အမြဲမပြတ် ရှာဖွေရင်းပါ။ 110 00:05:43,084 --> 00:05:46,369 Paul Valéry လို့ခေါ်တဲ့ ပြင်သစ် ကဗျာဆရာနဲ့ ရသစာတမ်းရေးသူတစ်ဦးရှိတယ်။ 111 00:05:46,393 --> 00:05:49,869 သူပြောခဲ့တာ ကဗျာတစ်ပုဒ်ဟာ ဘယ်တော့မှ မဆုံးဘူး၊ စွန့်ပစ်ခဲ့တာပဲရှိတယ်တဲ့။ 112 00:05:50,178 --> 00:05:51,329 ဒါက ကျွန်မကို လန့်စေတာက 113 00:05:51,353 --> 00:05:54,732 ကျွန်မဟာ အမြဲပြန်တည်းဖြတ်နိုင်၊ ပြန်ရေး နိုင်ကာ ဘယ်အခါ ကဗျာပြီးတယ်၊ 114 00:05:54,756 --> 00:05:58,209 ဘယ်အခါ ခေါင်းရှောင်နိုင်တာကို ဆုံးဖြတ်ဖို့နဲ့ကျွန်မအပေါ် မူတည်တယ်လို့ 115 00:05:58,233 --> 00:06:00,344 သွယ်ဝိုက်ပြောတာကြောင့်ပါ 116 00:06:00,978 --> 00:06:03,685 မှန်တဲ့ အဖြေ၊ အံကိုက်စကားလုံးတွေနဲ့ မှန်တဲ့ပုံစံရှာဖို့ 117 00:06:03,709 --> 00:06:07,328 ကျွန်မရဲ့အင်မတန် အစွဲအလမ်းကြီးတဲ့ သဘာဝနဲ့ တိုက်ရိုက်ဆန့်ကျင်တယ်။ 118 00:06:07,352 --> 00:06:09,433 ကျွန်မရဲ့ဘဝမှာ ကဗျာကို တစ်ချို့အရာတွေကို 119 00:06:09,457 --> 00:06:12,169 ဖြတ်ကျော်၊ ဖြေရှင်းဖို့ ကူညီတဲ့ နည်းတစ်ခုအဖြစ် သုံးတယ်။ 120 00:06:12,193 --> 00:06:15,399 ဒါပေမဲ့ ကဗျာကို အဆုံးသတ်လိုက်တာကြောင့် ကျွန်မတွေးရခက်တဲ့ဟာကို 121 00:06:15,423 --> 00:06:17,407 ဖြေရှင့်းလိုက်ပြီလို့ မဆိုလိုပါဘူး။ 122 00:06:18,001 --> 00:06:19,835 ကဗျာဟောင်းဆီ ပြန်လည်ပတ်ရတာကို ကြိုက်တာက 123 00:06:19,859 --> 00:06:23,674 ဒါက အဲဒီကာလတုန်းက ကိုယ်ရှိခဲ့တဲ့ နေရာ၊ ကိုယ် လမ်းကြောင်းရှာဖို့ 124 00:06:23,698 --> 00:06:25,611 ကြိုးစားနေတာနဲ့ကိုယ့်ကို ကူညီဖို့ 125 00:06:25,635 --> 00:06:27,769 ရွေးခဲ့တဲ့ စကားလုံးတွေကို အတိအကျ ပြသလို့ပါ။ 126 00:06:28,468 --> 00:06:29,821 ကျွန်မမှာ ဇာတ်လမ်းရှိတယ်၊ 127 00:06:29,845 --> 00:06:32,694 နှစ်များစွာ ကျွန်မ ခလုတ်တိုက်မိနေပြီး 128 00:06:32,718 --> 00:06:35,368 အံကိုက် ပုံစံတစ်ခု တွေ့ပြီလား (သို့) ကြိုးပမ်းမှုတစ်ခု 129 00:06:35,392 --> 00:06:37,384 သက်သက်လားဆိုတာ မသေချာခဲ့ဘူး။ 130 00:06:37,408 --> 00:06:41,153 ဒါကို ပြောပြဖို့ ပိုကောင်းတဲ့နည်းရှာကာ နောက်မှ ပြန်ရေးဖို့ ကြိုးစားမယ်။ 131 00:06:41,177 --> 00:06:44,177 ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မ သိတာက ပြန်ကြည့်လိုက်တဲ့အခါ 132 00:06:44,201 --> 00:06:48,200 ဒါက ဒီအခိုက်မှာ ကျွန်မဘယ်မှာရှိခဲ့တာနဲ့ ဒါက ကျွန်မ လမ်းကြောင်းရှာဖို့ 133 00:06:48,224 --> 00:06:50,423 ကြိုးစားနေတာကို ကျွန်မ သိနိုင်လိမ့်မယ်၊ 134 00:06:50,447 --> 00:06:53,274 ဒီမှာ ဒီစကားလုံးတွေနဲ့၊ ဒီအခန်းထဲမှာ သင်တို့နဲ့ပေါ့။ 135 00:06:56,105 --> 00:06:57,255 ဒီတော့........ 136 00:06:58,652 --> 00:07:00,152 ပြုံးလိုက်ကြပါဦး။ 137 00:07:05,310 --> 00:07:06,794 အမြဲတော့ ဒီလို အလုပ်မဖြစ်ဘူး။ 138 00:07:07,874 --> 00:07:10,281 သင့်လက်တွေကို ညစ်ပေစေဖို့ လိုတဲ့တစ်ချိန်တော့ရှိတယ်။ 139 00:07:10,305 --> 00:07:14,090 အမှောင်မှာ သင်ရှိတဲ့အခါ၊ ဒါအများစုအတွက် စမ်းတဝါးဝါးလုပ်တာက အလေ့တစ်ခုပါ။ 140 00:07:14,416 --> 00:07:17,812 ပိုကွဲပြားမှု၊ ပိုပြည့်ဝမှု၊ ပိုမှောင်တဲ့ အမှောင်တွေ၊ 141 00:07:17,836 --> 00:07:19,939 ပိုလင်းတဲ့ အလင်းတွေလိုအပ်ရင် 142 00:07:19,963 --> 00:07:22,660 ရှည်ကြာတဲ့ တိုးတက်မှုလို့ ခေါ်ကြတယ်။ 143 00:07:22,684 --> 00:07:25,986 လက်ကောက်ဝတ်ထိ နစ်နေတဲ့ဓာတုပစ္စည်းတွေကို ပိုကြာကြာရှူတာလို့ဆိုလိုတာပါ။ 144 00:07:26,010 --> 00:07:27,302 အမြဲတော့ မလွယ်ဘူးလေ။ 145 00:07:27,937 --> 00:07:30,707 အဖိုး Stewart က ရေတပ် ဓာတ်ပုံဆရာ ဖြစ်ခဲ့တယ်။ 146 00:07:30,731 --> 00:07:33,675 အင်္ကျီလက်ခေါက်တင်ထားတဲ့ ငယ်ရွယ်တဲ့ နီစပ်စပ်မျက်နှာ 147 00:07:33,699 --> 00:07:36,327 ဒင်္ဂါးလိပ်ဝဝတွေလို ၊ လက်ချောင်းတွေရဲ့လက်သီးဆုပ် 148 00:07:36,351 --> 00:07:39,171 သူဟာ သင်္ဘောသား အသက်ဝင်လာတဲ့ Popeye နဲ့ဆင်တယ်။ 149 00:07:39,195 --> 00:07:41,612 မဲ့ရွဲ့နေတဲ့ အပြုံး၊ ရင်ဘတ် မွေးဖုတ်သိုက်၊ 150 00:07:41,636 --> 00:07:45,017 လှောင်ပြုံးတစ်ခု၊ ဝါသနာတစ်ခုနဲ့ သူဟာ ဒုတိယ် ကမ္ဘာစစ်မှာ ပါလာတယ်။ 151 00:07:45,041 --> 00:07:47,707 ဓာတ်ပုံပညာအကြောင်းသိလားလို့ သူကိုမေးတဲ့အခါ 152 00:07:47,731 --> 00:07:51,019 သူ ညာခဲ့တယ်၊ ဥရောပကို မြေပုံတစ်ခုလိုဖတ်ဖို့ သင်ယူခဲ့တယ်။ 153 00:07:51,043 --> 00:07:54,233 ဇောက်ထိုးကြီး၊ တိုက်လေယာဉ် အမြင်ကနေ၊ 154 00:07:54,257 --> 00:07:56,758 ကင်မရာ တစ်ချပ်ချပ်၊ မျက်ခွံတွေက တဖျပ်ဖျပ်၊ 155 00:07:56,782 --> 00:07:58,997 အမှောင်ဆုံး အမှောင်တွေ၊ အလင်းဆုံးအလင်းတွေ၊ 156 00:07:59,021 --> 00:08:02,007 စစ်ပွဲကို သူ့အိမ်လမ်းကို ဖတ်နိုင်သလိုမျိုး သင်ယူခဲ့တယ်။ 157 00:08:02,520 --> 00:08:05,624 အခြားလူတွေ ပြန်လာတဲ့အခါ သူတို့ လက်နက်တွေကို အနားပေးဖို့ ချထားပေမဲ့ 158 00:08:05,648 --> 00:08:08,275 သူကတော့ မှန်ဘီလူးတွေနဲ့ ကင်မရာတွေကို အိမ်ကိုယူလာခဲ့တယ်။ 159 00:08:08,299 --> 00:08:11,362 ဆိုင်တစ်ဆိုင်ဖွင့်တယ်၊ ဒါကို မိသားစုအရေးအဖြစ် ပြောင်းလိုက်တယ်။ 160 00:08:11,386 --> 00:08:14,806 ကျွန်မရဲ့အဖေဟာ ဒီအဖြူနဲ့ အမည်း လောကထဲမှာ မွေးဖွားခဲ့တယ်။ 161 00:08:14,830 --> 00:08:18,000 သူ့ရဲ့ ဘေ့စ်ဘော လက်တွေက မှန်းဘီလူးတွေရဲ့ခလုတ်လေးတွေ၊ ဆလိုက်တွေ 162 00:08:18,024 --> 00:08:20,595 ဘောင်တွေ၊ ကင်မရာထဲက ဖလင်၊ ပလပ်စတစ်အမှိုက်ပုံးထဲက 163 00:08:20,619 --> 00:08:22,096 ဓာတုဆေးတွေကို ကို သင်ယူတယ်။ 164 00:08:22,120 --> 00:08:24,944 သူ့အဖေက ကိရိယာကို သိပေမဲ့ အနုပညာတော့မဟုတ်။ 165 00:08:25,308 --> 00:08:27,151 သူသိတာက အမှောင်တွေပါ၊ အလင်းတွေတော့မဟုတ်။ 166 00:08:27,175 --> 00:08:30,850 အလင်းနောက်လိုက်ကာ အချိန်ကုန်ဆုံးရင်း ကျွန်မအဖေ မှော်ပညာ သင်ယူခဲ့တယ်၊ 167 00:08:30,874 --> 00:08:34,508 တစ်ခါက တောမီးနောက်လိုက်ဖို့ တောလမ်းမှာ ခရီးထွက်ခဲ့တယ်၊ 168 00:08:34,532 --> 00:08:37,087 တစ်ပတ်တာ သူ့ကင်မရာနဲ့ ဒါကို လိုက်ဖမ်းခဲ့တယ်။ 169 00:08:37,929 --> 00:08:39,381 "အလင်းနောက်ကို လိုက်"တဲ့။ 170 00:08:39,698 --> 00:08:40,874 "အလင်းနောက်ကို လိုက်။" 171 00:08:40,898 --> 00:08:44,071 ကျွန်မရဲ့အပိုင်းတွေက ဓာတ်ပုံတွေကနေပဲ မှတ်မိခဲ့တာပါ။ 172 00:08:44,095 --> 00:08:46,801 Wooster လမ်းပေါ်က ထပ်ခိုး တကျွိကျွိ စင်္ကြံတွေနဲ့၊ 173 00:08:46,825 --> 00:08:49,525 ဆယ့်နှစ်ပေ မျက်နှာကြက်တွေ နံရံဖြူတွေ၊ အေးစက်တဲ့ကြမ်းပြင်တွေ 174 00:08:49,549 --> 00:08:52,348 ဒါက ကျွန်မရဲ့ အမေ့အိမ်၊ သူ မိခင်မဖြစ်ခင်ကပေါ့။ 175 00:08:52,372 --> 00:08:55,229 ဇနီးမဖြစ်ခင်ကတော့ သူဟာ အနုပညာရှင်ပါ။ 176 00:08:55,253 --> 00:08:56,992 အိမ်ထဲမှာ အခန်း နှစ်ခန်းပဲ 177 00:08:57,016 --> 00:08:59,547 မျက်နှာကြက်ထိရောက်တဲ့ နံရံတွေနဲ့၊ 178 00:08:59,571 --> 00:09:01,158 ဖွင့်လိုက်၊ ပိတ်လိုက် တံခါးတွေ၊ 179 00:09:01,182 --> 00:09:03,443 ရေချိုးခန်းနဲ့ ဓာတ်ပုံခန်းတွေပေါ့။ 180 00:09:03,814 --> 00:09:05,893 ဓာတ်ပုံခန်းက သူကိုယ်တိုင်ဆောက်ခဲ့တာ၊ 181 00:09:05,917 --> 00:09:10,512 စိတ်ကြိုက်လုပ်ထားတဲ့ သံမဏိ လက်ဆေးကန်တွေနဲ့၊ လက်လှည့် ကောက်တံကြီးနဲ့ 182 00:09:10,536 --> 00:09:12,948 ထက်၊အောက်ရွေ့တဲ့ ၈x၁၀ ပုံကြီးချဲ့ကရိယာတစ်ခု၊ 183 00:09:12,972 --> 00:09:14,655 အရောင်ထိန်း အလင်း အစဉ်အတန်းတစ်ခု၊ 184 00:09:14,679 --> 00:09:16,644 ဓာတ်ပုံတွေ ကြည့်ဖို့ ဖန်သားနံရံဖြူတစ်ချပ် 185 00:09:16,668 --> 00:09:19,010 နံရံကနေ ဝင်လိုက်၊ထွက်လိုက်နဲ့ အခြောက်ခံစင်တစ်ခု 186 00:09:19,034 --> 00:09:21,120 အမေကိုယ်တိုင် ဓာတ်ပုံခန်းတစ်ခန်း ဆောက်တယ် 187 00:09:21,144 --> 00:09:22,407 သူ့အိမ်အဖြစ် ဖန်တီးတယ်။ 188 00:09:22,431 --> 00:09:25,091 ဘက်စကက်ဘော လက်တွေနဲ့ အလင်းကို သူကြည့်ခဲ့တဲ့ပုံနဲ့ 189 00:09:25,115 --> 00:09:26,995 လူတစ်ယောက်ကို ချစ်မိခဲ့။ 190 00:09:27,375 --> 00:09:29,458 သူတို့ လက်ထပ်ခဲ့တယ်၊ ကလေးတစ်ယောက်ရခဲ့တယ်။ 191 00:09:29,482 --> 00:09:31,672 ပန်းခြံတစ်ခုနားက အိမ်ကိုပြောင်းခဲ့တယ်။ 192 00:09:31,696 --> 00:09:33,609 ဒါပေမဲ့ Wooster လမ်းက ထပ်ခိုးတော့ထားတယ် 193 00:09:33,633 --> 00:09:36,182 မွေးနေ့ပွဲတွေနဲ့ ပစ္စည်းဝှက်တမ်း ကစားဖို့ပါ။ 194 00:09:36,206 --> 00:09:38,610 ကလေးက မီးခိုးရောင်စဉ် နိမိတ်ပေးတယ်၊ 195 00:09:38,634 --> 00:09:42,269 မိဘတွေရဲ့ ဓာတ်ပုံအယ်လ်ဘန်တွေကို အနီရောင်ပူဖောင်းတွေ၊ သကာရည်နဲ့ဖြည့်တယ်။ 196 00:09:42,293 --> 00:09:45,062 ကလေးက ကောင်မလေးအဖြစ် ကြီးပြင်းခဲ့တယ်၊ တင်းတိပ်တွေမပါတဲ့၊ 197 00:09:45,086 --> 00:09:46,578 မဲ့ရွဲ့နေတဲ့ အပြုံးမပါတဲ့၊ 198 00:09:46,602 --> 00:09:51,062 သူ့သူငယ်ချင်းတွေရဲ့အိမ်တွေမှာ ဘာလို့ ဓာတ်ပုံခန်းမရှိတာလဲဆိုတာ၊နားမလည်ခဲ့သူ၊ 199 00:09:51,086 --> 00:09:52,998 သူ့မိဘတွေ နမ်းတာ တစ်ခါမှမမြင်ဖူးသူ၊ 200 00:09:53,022 --> 00:09:54,554 လက်ကိုင်တာ တစ်ခါမှမမြင်ဖူးသူ 201 00:09:55,006 --> 00:09:56,744 တစ်နေ့မှာ နောက်ထပ်ကလေး ရောက်လာတယ်။ 202 00:09:56,768 --> 00:09:59,951 ဆံပင်တွေက ဖြောင်စင်းပြီး ပါးဖောင်းဖောင်းတွေရှိသူပေါ့။ 203 00:09:59,975 --> 00:10:01,601 သူ့ကို ကန်းစွန်းဥလို့ အမည်ပေးတယ်။ 204 00:10:01,625 --> 00:10:03,557 သူရယ်တဲ့အခါ အကျယ်ကြီးရယ်တော့ 205 00:10:03,581 --> 00:10:05,739 မီး အရေးပေါ်လှေခါးက ခိုတွေကို လန့်စေတယ်။ 206 00:10:05,763 --> 00:10:08,739 သူတို့လေးယောက်ဟာ ပန်းခြံအနီးက အဲဒီအိမ်ထဲမှာ နေထိုင်ခဲ့တယ်။ 207 00:10:08,763 --> 00:10:11,318 တင်းတိပ်မရှိတဲ့ ကောင်မလေး ကန်စွန်းဥ ကောင်လေး၊ 208 00:10:11,342 --> 00:10:13,468 ဘက်စက်ဘော အဖေနဲ့ ဓာတ်ပုံခန်း အမေတို့ဟာ 209 00:10:13,492 --> 00:10:16,120 ဖယောင်တိုင်တွေထွန်းပြီး ဘုရာရှိခိုးကြတယ်၊ 210 00:10:16,144 --> 00:10:18,198 ထောင့်တွေမှာ ဓာတ်ပုံတွေက တွန့်လိပ်နေတယ်။ 211 00:10:18,959 --> 00:10:21,467 တစ်နေ့တော့ မျှော်စင်တွေ ပြိုကျခဲ့တယ်။ 212 00:10:21,491 --> 00:10:25,220 ပန်းခြံအနီးက အိမ်ဟာ ပြာအောက်က အိမ်တစ်လုံးဖြစ်လာခဲ့တော့ 213 00:10:25,244 --> 00:10:28,507 ကျောပိုးအိတ်တွေနဲ့ ဓာတ်ပုံခန်းဆီကို စက်ဘီးစီးပြီး ရှောင်တိမ်းကြတယ်၊ 214 00:10:28,531 --> 00:10:31,360 ဒါပေမဲ့ Wooster လမ်းရဲ့ ထပ်ခိုးက အနုပညာရှင်အတွက် ဆောက်ခဲ့တာ၊ 215 00:10:31,384 --> 00:10:34,138 ခိုမိသားစုတစ်ခု မဟုတ်ဘူး၊ 216 00:10:34,162 --> 00:10:37,534 မျက်နှာကျက်အထိ မရောက်တဲ့ နံရံတွေက အော်ဟစ်သံထဲမှာ တောင့်မခံဘူး၊ 217 00:10:37,558 --> 00:10:41,800 ဘက်စကက်ဘေးလက်တွေနဲ့ လူဟာ သူ့လက်နက်တွေကို အနားပေး ထားတယ်။ 218 00:10:41,824 --> 00:10:45,063 ဒီစစ်ပွဲကို သူ မတိုက်နိုင်ခဲ့ဘူး။ အိမ်ကို ညွှန်ပြတဲ့မြေပုံတွေမရှိဘူး။ 219 00:10:45,442 --> 00:10:47,641 သူ့လက်တွေဟာ ကင်မရာနဲ့ အံမကိုက်တော့ဘူး၊ 220 00:10:47,665 --> 00:10:49,252 သူ့ဇနီးနဲ့ အံမကိုက်တော့ဘူး။ 221 00:10:49,276 --> 00:10:50,712 သူ့ကိုယ်နဲ့ အံမကိုက်တော့ဘူး။ 222 00:10:51,299 --> 00:10:53,983 ကန်စွန်းဥ ကောင်လေးက လက်သီးတွေကို ဘာမှထပ်ပြောစရာမရှိတဲ့အထိ 223 00:10:54,007 --> 00:10:55,580 သူ့ပါးစပ်ထဲမှာ ကြိတ်နယ်တယ်။ 224 00:10:55,604 --> 00:10:58,902 ဒီတော့ တင်းတိပ်မရှိတဲ့ ကောင်မလေးက သူ့ဘာသာ ပစ္စည်းဝှက်တမ်း ကစားတယ်။ 225 00:10:59,497 --> 00:11:02,908 Wooster လမ်းပေါ်က တကျွိကျွိ စင်္ကြံတွေနဲ့ အဆောက်အအုံထဲမှာနဲ့ 226 00:11:02,932 --> 00:11:04,760 ဆယ်နှစ်ပေ မျက်နှာကြက်တွေနဲ့ ထပ်ခိုး၊ 227 00:11:04,784 --> 00:11:06,752 အရောင်ထိန်းပေးတဲ့ အလင်းတွေရဲ့ အောက်က 228 00:11:06,776 --> 00:11:09,298 များလွန်းလှတဲ့ လက်ဆေးကန်တွေနဲ့ ဓာတ်ပုံခန်း 229 00:11:09,322 --> 00:11:13,575 မျှော်စင်တွေမတိုင်ခင် အချိန်တစ်ခုက၊ ကလေးတွေမရှိခင် အချိန်က ကြွင်းကျန်ခဲ့တဲ့ 230 00:11:13,933 --> 00:11:16,564 သံမှိုတစ်ခုနဲ့ တွဲထားတဲ့ စာတိုတစ်စောင် သူတွေ့တယ်၊ 231 00:11:16,588 --> 00:11:21,520 ရေးထားတာက "ဓာတ်ပုံခန်းထဲမှာအလုပ်လုပ်တဲ့ ကောင်မလေးကို လူတစ်ယောက်က တကယ်ချစ်တယ်။" 232 00:11:22,758 --> 00:11:25,710 ဒါက ကျွန်မအဖေ ကင်မဦတစ်လုံးကို ပြန်မကိုင်ခင် တစ်နှစ်ကပါ။ 233 00:11:26,238 --> 00:11:28,776 သူ့ပထမဆုံး အထွက်မှာ ခရစ်စမတ် မီးတွေနောက် သူလိုက်တယ် 234 00:11:28,800 --> 00:11:31,283 New York City ရဲ့ သစ်ပင်တွေကနေ လမ်းကို အစက်ချမှတ်ရင်း 235 00:11:31,307 --> 00:11:36,006 အလင်းစက်လေးတွေက အမှောင်ဆုံးအမှောင်တွေ ကနေ သူကို မှိတ်တုပ်၊ မှိတ်တုပ်လုပ်ပြနေတယ်။ 236 00:11:36,030 --> 00:11:39,928 တောမီးတစ်ခု နောက်လိုက်ဖို့ တိုင်းပြည်ကိုဖြတ်ပြီး တစ်နှစ်အကြာမှာ 237 00:11:39,952 --> 00:11:42,464 သူ့ကင်မရာနဲ့ ဒါကို လိုက်ဖမ်းရင်း တစ်ပတ်တာ တည်းခဲ့တယ်။ 238 00:11:42,488 --> 00:11:44,340 ဒါက West Coast ကို ဖျက်ဆီးရင်း၊ 239 00:11:44,364 --> 00:11:46,594 ခြေလှမ်းကျဲထဲက ၁၈ ဘီး ကုန်တင်ကားကို စားရင်းပါ။ 240 00:11:46,618 --> 00:11:48,197 တိုင်းပြည်ရဲ့ အခြားဘက်မှာ 241 00:11:48,221 --> 00:11:51,579 ကျွန်မဟာ အတန်းတက်ပြီး မှတ်စုစာအုပ် ဘေးမျဉ်းမှာ ကဗျာတစ်ပုဒ်ရေးခဲ့တယ်။ 242 00:11:51,603 --> 00:11:53,563 ဖမ်းစားမှု အတတ်ပညာနှစ်ခုစလုံး သင်ယူခဲ့တယ်။ 243 00:11:54,059 --> 00:11:56,912 ကျွန်မတို့ လက်ခံယုံကြည်မှု အတတ်ပညာကို သင်ယူနေတာဖြစ်နိုင်တယ်။ 244 00:11:56,936 --> 00:12:00,039 ကျွန်မတို့ စွန့်လွှတ်ခြင်းအနုပညာကို သင်ယူနေတာဖြစ်နိုင်တယ်။ 245 00:12:01,357 --> 00:12:06,023 (လက်ခုပ်သံများ)