WEBVTT 00:00:00.360 --> 00:00:02.576 မနက် ၆ နာရီ 00:00:02.600 --> 00:00:03.920 အပြင်ဖက်မှာ အမှောင်အတိ 00:00:04.640 --> 00:00:07.856 ကျွန်မရဲ့ ၁၄ နှစ်သားလေးကတော့ သူ့အိပ်ရာထဲမှာ အိပ်နေတုံး 00:00:07.880 --> 00:00:11.050 ဆယ်ကျော်သက်တို့ရဲ့ ဘာကိုမှ ဂရုမထားတတ်တဲ့ အိပ်မောကျခြင်းမျိုးနဲ့ပေါ့ 00:00:12.000 --> 00:00:15.976 ကျွန်မမီးခလုတ်ကိုဖွင့်ပြီးတော့ သနားစရာ သားလေးကိုလှုပ်နှိုးလိုက်တယ် 00:00:16.000 --> 00:00:18.616 ဘာဖြစ်လို့လဲဆိုတော့ အနာကပလာစတာကို ခွာသလိုမျိုးပဲ 00:00:18.640 --> 00:00:20.576 မြန်မြန်ဆန်ဆန်ပြီးသွားတာက ပိုကောင်းတယ်လေ NOTE Paragraph 00:00:20.600 --> 00:00:22.256 (ရယ်မောသံ) NOTE Paragraph 00:00:22.280 --> 00:00:25.276 ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ သူ့ရဲ့အိပ်နေတဲ့ကလေးကိုနိုးအောင် 00:00:25.276 --> 00:00:27.011 "မီးဗျို့ မီး" လို့အော်တယ်တဲ့ 00:00:27.040 --> 00:00:29.016 နောက်တစ်ယောက်ကတော့ ကြံရာမရတော့လို့ 00:00:29.040 --> 00:00:31.896 သူ့သားလေးရဲ့ ခေါင်းပေါ်ကို ရေအေးတွေလောင်းချပြီး 00:00:31.920 --> 00:00:33.840 အိပ်ရာကထအောင်လုပ်ရသတဲ့ 00:00:34.600 --> 00:00:36.336 တော်တော် ရက်စက်တာပဲနော်... 00:00:36.360 --> 00:00:38.290 ဒါပေမဲ့ ရင်းနှီးတယ်လို့ မခံစားရဘူးလား။ NOTE Paragraph 00:00:39.600 --> 00:00:41.970 မနက်တိုင်းကျွန်မကိုယ်ကျွန်မမေးတယ် 00:00:42.480 --> 00:00:44.056 ကျွန်မ 00:00:44.080 --> 00:00:45.816 သိထားတဲ့ပညာ 00:00:45.840 --> 00:00:48.256 လုပ်နေတဲ့အလုပ် 00:00:48.280 --> 00:00:50.630 ဒါတွေနဲ့ ကျွန်မသားကို ဒီလိုဘယ်နဲ့လုပ်နိုင်သလဲ 00:00:51.040 --> 00:00:52.336 ဒီမှာ ကျွန်မက 00:00:52.360 --> 00:00:54.056 အိပ်စက်ခြင်းဆိုင်ရာသုတေသီ NOTE Paragraph 00:00:54.080 --> 00:00:55.840 (ရယ်မောသံ) NOTE Paragraph 00:00:55.890 --> 00:00:58.306 ဒီတော့ကျွန်မကအိပ်တာနဲ့ပတ်သက်ပြီး အများကြီးသိထားတယ် 00:00:58.306 --> 00:01:00.816 အိပ်ရေးပျက်ခြင်းရဲ့အကျိုးဆက်တွေကိုရောပေါ့ 00:01:00.840 --> 00:01:01.959 သားအရမ်းလိုအပ်နေတဲ့ 00:01:01.959 --> 00:01:04.959 အိပ်ချိန်တွေကို ကျွန်မလုံလုံလောက်လောက် မပေးနိုင်တာကိုကျွန်မသိတယ် 00:01:04.959 --> 00:01:07.210 သူကဖွံ့ထွားနေဆဲ ဆယ်ကျော်သက်လေးလေ 00:01:07.360 --> 00:01:09.616 သူ့ကိုနှိုးလိုက်ခြင်းအားဖြင့် 00:01:09.640 --> 00:01:14.296 သူ့ရဲ့ဇီဝအချိန်ထက်အများကြီးကြိုပြီး သူ့ကိုအဆင်သင့်ဖြစ်အောင်လုပ်ခိုင်းလိုက်ရတယ် 00:01:14.320 --> 00:01:16.720 ကျွန်မကသူ့ရဲ့အိပ်မက်တွေကို တကယ်ပဲလုယူလိုက်ရတယ် 00:01:17.400 --> 00:01:19.110 အိပ်မက်ဆိုတာ 00:01:20.200 --> 00:01:23.200 သင်ယူခြင်း၊ မှတ်ဉာဏ်စုစည်းခြင်းနဲ့ 00:01:23.200 --> 00:01:25.760 စိတ်ခံစားမှုတည်ဆောက်ခြင်းတွေအတွက် အရေးကြီးတဲ့အပိုင်းပါ NOTE Paragraph 00:01:25.760 --> 00:01:29.010 ဒါပေမဲ့ အိပ်ချိန်မလုံလောက်တာ ကျွန်မကလေးတစ်ယောက်ထဲမဟုတ်ပါဘူး 00:01:29.760 --> 00:01:31.360 အိပ်ရေးမဝခြင်းဟာ အမေရိကန်က 00:01:31.360 --> 00:01:34.360 ဆယ်ကျော်သက်တွေအကြားမှာ ကပ်ရောဂါတစ်ခုပါပဲ 00:01:34.360 --> 00:01:38.640 ၁၀ ယောက်မှာတစ်ယောက်သာ ၈ နာရီမှ ၁၀ နာရီအထိဆိုတဲ့ 00:01:38.710 --> 00:01:40.410 အိပ်စက်ခြင်းဆိုင်ရာပညာရှင်များနဲ့ 00:01:40.410 --> 00:01:43.280 ကလေးအထူးကုများရဲ့ အကြံပေးချက်ကိုလိုက်နာနိုင်ပါတယ် 00:01:43.280 --> 00:01:45.016 အခု ရှင်တို့တွေးနေတာက 00:01:45.040 --> 00:01:48.296 "ဟူး တော်ပါသေးတယ် ငါတို့ကလေးက ၈နာရီအိပ်ရတယ်" လို့ဆိုရင် 00:01:48.320 --> 00:01:49.536 မှတ်ထားပါ 00:01:49.560 --> 00:01:53.056 ၈ နာရီဆိုတာ အကြံပြုချက်ရဲ့အနည်းဆုံးပါ 00:01:53.080 --> 00:01:55.136 ရှင်တို့ကအောင်ရုံလေးပါ 00:01:55.160 --> 00:01:58.000 ၈ နာရီဆိုတာ အမှတ်စာရင်းမှာ C ပဲရသလိုပေါ့ NOTE Paragraph 00:01:58.960 --> 00:02:01.800 ဒီကပ်ရောဂါမှာပါဝင်တဲ့ အကြောင်းအရာတွေကတော့အများကြီးပါ 00:02:02.600 --> 00:02:07.136 ဒါပေမဲ့ ကလေးတွေအိပ်ရေးမဝအောင် ဟန့်တားနေတဲ့ အဓိကအချက်ကတော့ 00:02:07.160 --> 00:02:09.859 အများပြည်သူဆိုင်ရာမူဝါဒလေးတစ်ခုပါပဲ 00:02:10.160 --> 00:02:14.040 ဟော်မုန်းတွေ အပေါင်းအသင်းအပျော်အပါးတွေ snapchat တွေမဟုတ်ပါဘူး 00:02:15.520 --> 00:02:16.776 နိုင်ငံတစ်ဝှမ်းမှာ 00:02:16.800 --> 00:02:21.656 ကျောင်းအများစုဟာ ၇နာရီခွဲ ဒါမှမဟုတ် ဒီထက်ပိုစောပြီး စကြပါတယ် 00:02:21.680 --> 00:02:25.776 အဓိကကျတဲ့ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုတာကတော့ 00:02:25.800 --> 00:02:30.240 အလယ်တန်းနဲ့အထက်တန်းကျောင်းတွေဟာ ၈နာရီခွဲထက်ပိုစောပြီး မစသင့်ပါဘူးတဲ့ 00:02:31.240 --> 00:02:35.376 ဒီကျောင်းစချိန်စောတဲ့မူဝါဒဟာ အမေရိကန်ဆယ်ကျော်သက်တွေ အိပ်ချိန်ကို 00:02:35.400 --> 00:02:37.520 ဘယ်လောက်များများ ဒါမှမဟုတ် ဘယ်လောက်နည်းနည်း 00:02:37.520 --> 00:02:40.520 ရရှိလဲဆိုတာနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ် NOTE Paragraph 00:02:40.520 --> 00:02:44.416 ဒီမူဝါဒကပဲ ဆယ်ကျော်သက်တွေနဲ့ မိဘတွေကို သူတို့ကိုယ်ကို 00:02:44.440 --> 00:02:46.360 အခြေခံသဘောတရားအရ ဘယ်လိုမှမနိုင်နိုင်တဲ့ 00:02:46.360 --> 00:02:49.360 တိုက်ပွဲကိုတိုက်ခိုင်းနေပြန်တယ် 00:02:49.360 --> 00:02:51.176 အပျိုဖော်လူပျိုဖော်ဝင်စ အချိန်မှာ 00:02:51.200 --> 00:02:54.680 ဆယ်ကျော်သက်တွေဟာ ဇီဝအချိန်နှောင့်နှေးမှုနဲ့ကြုံရတတ်ပါတယ် 00:02:54.680 --> 00:02:56.830 ဇီဝအချိန်က လူတွေ ဘယ်အချိန်မှာအနိုးကြားဆုံးနဲ့ 00:02:56.830 --> 00:02:59.520 ဘယ်အချိန်မှာ အအိပ်ချင်ဆုံးဆိုတာကို ဆုံးဖြတ်ပေးတဲ့အရာပါ 00:02:59.520 --> 00:03:03.160 အဲတာက melatonin လို့ခေါ်တဲ့ ဟော်မုန်းအတက်အကျနဲ့ဆိုင်တာပေါ့ 00:03:04.080 --> 00:03:09.616 ဆယ်ကျော်သက်တွေရဲ့ကိုယ်ထဲမှာ melatonin က ည ၁၁ နာရီလောက်မှာထွက်တယ် 00:03:09.640 --> 00:03:14.450 လူကြီးတွေနဲ့ကလေးငယ်တွေထက် ၂ နာရီလောက်နောက်ကျပြီးမှထွက်တာ 00:03:15.840 --> 00:03:21.856 အဲလိုဆိုတော့ ဆယ်ကျော်သက်တစ်ယောက်ကို မနက် ၆ နာရီမှာ နှိုးတာက 00:03:21.880 --> 00:03:25.150 လူကြီးတစ်ယောက်ကို မနက် ၄ နာရီမှာ နှိုးတာနဲ့တူတယ် 00:03:25.760 --> 00:03:29.736 ကံမကောင်းတဲ့နေ့တွေ ကျွန်မ မနက် ၄ နာရီ ထ ရရင် 00:03:29.760 --> 00:03:31.192 ကျွန်မဟာဖုတ်ကောင်တစ်ကောင်ပါပဲ 00:03:31.192 --> 00:03:32.984 ဘာလုပ်ဆောင်ချက်မှမလုပ်နိုင်ပါဘူး 00:03:32.995 --> 00:03:34.496 ကောင်းကောင်းမစဉ်းစားနိုင်ဘူး 00:03:34.520 --> 00:03:36.016 စိတ်လည်းရှုပ်တယ် 00:03:36.040 --> 00:03:38.480 ကားလည်းမမောင်းသင့်ပါဘူး 00:03:39.680 --> 00:03:43.800 ဒါပေမဲ့ အဲတာက အမေရိကန်ဆယ်ကျော်သက်တွ ကျောင်းရှိတဲ့နေ့တိုင်း ခံစားနေရတာဖြစ်နေတယ် 00:03:44.280 --> 00:03:47.296 ဒီမှာ ကျွန်မတို့ပြောကြတဲ့ 00:03:47.320 --> 00:03:51.620 ဆယ်ကျော်သက်တွေနဲ့ ပတ်သက်တဲ့ မနှစ်မြို့ဖွယ် အပြုအမူတွေဖြစ်တဲ့ 00:03:51.620 --> 00:03:55.096 စိတ်အပြောင်းအလဲမြန်တာ စိတ်ရှူပ်လွယ်တာ အပျင်းကြီးတာ စိတ်ဓာတ်ကျတာတွေဟာ 00:03:55.120 --> 00:03:58.660 ကာလကြာရှည်စွာအိပ်ရေးမဝခြင်းရဲ့ အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ် 00:03:58.660 --> 00:04:01.820 တာရှည်အိပ်ရေးပျက်ခြင်းစစ်ပွဲကို ဆင်နွှဲနေတဲ့ ဆယ်ကျော်သက်အများစုရဲ့ 00:04:01.840 --> 00:04:04.360 လျင်မြန်လွယ်ကူတဲ့အစားထိုးခြင်းကတော့ 00:04:04.360 --> 00:04:07.360 ကဖိန်းဓာတ်ပမာဏအမြောက်အများ သောက်သုံးခြင်းနည်းလမ်းပါ 00:04:07.360 --> 00:04:09.310 ဆိုက်အကြီးဆုံးကော်ဖီခွက်ကနေ 00:04:09.560 --> 00:04:11.400 ဒါမှမဟုတ် အားဖြည့်အချိုရည်တွေအနေနဲ့ပါ 00:04:12.080 --> 00:04:13.353 အဲဒီတော့ 00:04:13.473 --> 00:04:19.296 ကျွန်မတို့ဆီမှာ ပင်ပန်းနေသလောက် စိတ်ကြွနေတဲ့ လူငယ်ထုတစ်ရပ် ရှိတာပေါ့ NOTE Paragraph 00:04:21.600 --> 00:04:25.216 အိပ်ချိန်ကိုအကျိုးရှိစေမယ့်ေ ကျောင်းစချိန်ကို ထောက်ခံသူတွေက 00:04:25.240 --> 00:04:28.776 ဆယ်ကျော်သက်အရွယ်ဆိုတာ ကြီးမားတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်တဲ့ကာလဆိုတာသိကြတယ် 00:04:28.800 --> 00:04:30.856 အထူးသဖြင့် ဦးနှောက်ရဲ့ 00:04:30.880 --> 00:04:34.416 အဆင့်မြင့်တဲ့ စဉ်းစားဆုံးဖြတ်နှိုင်မှုစွမ်းရည်တွေဖြစ်တဲ့ 00:04:34.440 --> 00:04:38.720 ဆင်ခြင်ခြင်း ပြသနာဖြေရှင်းခြင်း မှန်ကန်စွာဆုံးဖြတ်ခြင်း စတဲ့အပိုင်းတွေပေါ့ 00:04:39.320 --> 00:04:42.456 တစ်နည်းအားဖြင့် ဦးနှောက်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ 00:04:42.480 --> 00:04:47.056 ရုတ်တရက်တုံ့ပြန်မှုနဲ့ များသောအားဖြင့် အန္တရာယ်ရှိတဲ့လုပ်ရပ်တွေ 00:04:47.080 --> 00:04:50.016 ဆယ်ကျော်သက်တွေရဲ့ အမူအကျင့်တွေလို့ပြောနိုင်တဲ့ 00:04:50.040 --> 00:04:53.800 မိဘတွေအတွက်ပူပန်ကြောက်လန့်စေတဲ့ အရာတွေပါ 00:04:54.600 --> 00:04:56.496 တခြားသူတွေလိုပဲ 00:04:56.520 --> 00:04:58.936 ဆယ်ကျော်သက်တွေဟာလည်းအိပ်ရေးမဝတဲ့အခါ 00:04:58.960 --> 00:05:02.096 သူတို့ရဲ့ဦးနှောက် ခန္ဓာကိုယ်နဲ့ အပြုအမူတွေကိုအကျိုးသက်ရောက်စေပါတယ် 00:05:02.120 --> 00:05:04.760 ရေတိုရော ရည်ရှည်မှာပါ 00:05:05.280 --> 00:05:07.096 သူတို့ဟာစိတ်စုစည်းလို့မရဘူး 00:05:07.120 --> 00:05:09.016 အာရုံတွေလွင့်တယ် 00:05:09.040 --> 00:05:12.800 အများစုက အာရုံစူးစိုက်မှုအားနည်းပြီး စိတ်ကြွတဲ့ရောဂါလက္ခဏာတွေ ပြလာကြတယ် NOTE Paragraph 00:05:14.320 --> 00:05:15.760 တစ်ခုက လူငယ်တွေ 00:05:15.760 --> 00:05:18.760 အိပ်ရေးမဝခြင်းရဲ့အကျိုးဆက်တွေက စာသင်ခန်းရဲ့ပြင်ပအထိပါသက်ရောက်တယ် 00:05:18.760 --> 00:05:22.376 စိတ်မကောင်းစရာပါ စိတ်ကျန်းမာရေးချို့တဲ့မှုတွေဟာ 00:05:22.400 --> 00:05:25.096 လူငယ်တွေမှာ အမြောက်အများဖြစ်နေပြီး 00:05:25.120 --> 00:05:26.936 ဆေးသုံးစွဲမှုတွေ 00:05:26.960 --> 00:05:27.960 စိတ်ကျရောဂါနဲ့ 00:05:27.960 --> 00:05:30.400 ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေလည်း အပါအဝင်ပေါ့ 00:05:30.400 --> 00:05:33.576 ကျွန်မတို့ရဲ့LAဒေသတွင်းကျောင်းများမှ ဆယ်ကျော်သက်များကိုလေ့လာချက်အရ 00:05:33.600 --> 00:05:35.816 ကောင်းကောင်းမအိပ်ရတဲ့ကလေးတွေဟာ 00:05:35.840 --> 00:05:40.040 လွန်ခဲ့တဲ့လက အရက်သေစာသောက်စားမှု ၅၅% ပိုများပါတယ် 00:05:41.080 --> 00:05:44.976 အထက်တန်းကျောင်းသား သုံးသောင်းကျော် ပါဝင်ခဲ့တဲ့ အခြားလေ့လာမှုတစ်ခုမှာတော့ 00:05:45.000 --> 00:05:48.576 မအိပ်လိုက်ရတဲ့နာရီတိုင်းဟာ 00:05:48.600 --> 00:05:52.320 ဝမ်းနည်းခြင်း မျော်လင့်ချက်မဲ့ခြင်းကို ၃၈% ပိုခံစားစေပြီး 00:05:53.400 --> 00:05:57.280 ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရန်ကြိုးစားမှုကို ၅၈% ပိုများစေပါတယ် 00:05:58.600 --> 00:06:00.856 ဒါတွေက မလုံလောက်သေးဘူးဆိုရင် 00:06:00.880 --> 00:06:03.416 အိပ်ခွင့်မရတဲ့ကလေးတွေဟာ 00:06:03.440 --> 00:06:07.496 သူများတွေထက်ပိုပြီး ကျွန်မတို့နိုင်ငံရဲ့ ကပ်ရောဂါတွေကို ခိုလှုံခွင့်ပေးပါတယ် 00:06:07.520 --> 00:06:11.600 အဲဒါတွေကတော့ အဝလွန်ခြင်း နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေပါ 00:06:12.760 --> 00:06:15.656 နောက်အန္တရာယ်တစ်ခုက အိပ်ရေးမဝတဲ့ကလေးတွေကို 00:06:15.680 --> 00:06:18.216 သူတို့ရဲ့အသစ်စက်စက် ယာဉ်မောင်းလိုင်စင်တွေနဲ့ 00:06:18.240 --> 00:06:19.670 လမ်းပေါ်ပေးတက်ခြင်းပါ 00:06:20.160 --> 00:06:24.656 လေ့လာမှုများအရ တစ်ညမှာ ၅ နာရီထက်လျော့အိပ်ခြင်းဟာ 00:06:24.680 --> 00:06:30.360 သတ်မှတ်ထားတဲ့ပမာဏထက်ပိုတဲ့ အရက်တွေသွေးထဲမှာရှိနေတာနဲ့တူပါတယ် NOTE Paragraph 00:06:36.200 --> 00:06:38.710 အိပ်ချိန်ပိုရစေမယ့် ကျောင်းစချိန်ကိုထောက်ခံသူတွေနဲ့ 00:06:38.720 --> 00:06:40.776 ဒီပညာရပ်ဆိုင်ရာသုတေသီတွေက 00:06:40.800 --> 00:06:42.976 သိပ္ပံနည်းကျပညာရပ်များစွာနဲ့ 00:06:43.000 --> 00:06:46.896 ကျောင်းစချိန်နောက်ဆုတ်ခြင်းရဲ့ ကောင်းကျိုးများစွာကိုပြသထားပြီးကြပါပြီ 00:06:46.920 --> 00:06:49.050 တွေ့ရှိချက်တွေကမငြင်းနိုင်စရာပါ 00:06:49.050 --> 00:06:50.976 အိပ်စက်ခြင်းဆိုင်ရာပညာရှင်တစ်ယောက်အနေနဲ့ 00:06:50.976 --> 00:06:53.680 ကျွန်မဒီလိုအသေအချာပြောလို့ရတဲ့အချိန် ရှားပါတယ် 00:06:55.160 --> 00:06:58.976 ကျောင်းစချိန်နောက်ကျတဲ့ဒေသက ကလေးတွေက အိပ်ချိန်ပိုရကြပါတယ် 00:06:59.000 --> 00:07:02.496 အတိုက်အခံတွေအနေနဲ့ေ ကျောင်းစချိန်နောက်ကျရင် 00:07:02.520 --> 00:07:04.910 ကလေးတွေက ပိုနောက်ကျမှ အိပ်ကြမယ်လို့တွေးမယ်ဆိုရင် 00:07:04.920 --> 00:07:05.992 အမှန်က 00:07:05.992 --> 00:07:08.112 သူတို့ရဲ့အိပ်ချိန်ကအတူတူပါပဲ 00:07:08.160 --> 00:07:10.416 အိပ်ရာထတဲ့အချိန်ကနောက်ဆုတ်သွားတာပါ 00:07:10.440 --> 00:07:12.600 ဒီတော့ပိုအိပ်ရတာပေါ့ 00:07:13.360 --> 00:07:15.736 ဒီကလေးတွေက ကျောင်းတက်ချင်စိတ်ပိုရှိကြတယ် 00:07:15.760 --> 00:07:19.656 ဒေသတစ်ခုမှာ ကျောင်းပျက်နှုန်း ၂၅% အထိလျော့ကျသွားတယ် 00:07:19.680 --> 00:07:22.256 ကျောင်းထွက်နှုန်းလည်း နည်းသွားတယ် 00:07:22.280 --> 00:07:25.776 အံ့သြစရာမဟုတ်ပေမဲ့ ပညာရေးမှာလည်းတိုးတက်လာပါတယ် NOTE Paragraph 00:07:25.800 --> 00:07:30.536 အဲဒီတော့ ဒီအချက်ဟာ အောင်မြင်မှုကွာဟချက်ကို လျော့ချဖို့ရည်ညွှန်းချက်တစ်ခုပါပဲ 00:07:30.560 --> 00:07:33.256 သချာင်္နဲ့ စာဖတ်စွမ်းရည်ဘာသာရပ် စာမေးပွဲအမှတ်တွေ 00:07:33.280 --> 00:07:35.720 ၂% ကနေ ၃% အထိတက်လာတယ် 00:07:36.320 --> 00:07:41.896 ဒီဟာက အတန်းရဲ့ ကျောင်းသားအရေအတွက် သုံးပုံတစ်ပုံလျော့ချလိုက်တာလောက်စွမ်းပါတယ် 00:07:41.920 --> 00:07:45.096 ဒါမှမဟုတ် စာသင်ခန်းထဲကသာမာန်ဆရာတစ်ယောက်ကို 00:07:45.120 --> 00:07:47.630 အရမ်းထူးချွန်တဲ့ဆရာတစ်ယောက်နဲ့ လဲလိုက်တာနဲ့တူပါတယ် 00:07:48.440 --> 00:07:50.976 ကလေးတွေက ကိုယ်ရောစိတ်ပါ ပိုကျန်းမာလာတယ် 00:07:51.000 --> 00:07:53.336 သူတို့ရဲ့မိသားစုတွေလည်း ပိုပျော်ရွှင်လာပါတယ် 00:07:53.360 --> 00:07:58.176 ဆယ်ကျော်သက်လေးတွေရဲ့ သာယာချမ်းမြေ့မှုကိုဘယ်သူကမကြိုက်ပဲနေမှာလဲ 00:07:58.200 --> 00:08:00.160 စိတ်အလိုမကျတာဖြစ်တာတွေနည်းလေလေပေါ့ 00:08:00.760 --> 00:08:02.916 သူတို့ရဲ့ ပတ်ဝန်းကျင်လည်း အန္တရာယ်ပိုကင်းလာတယ် 00:08:02.920 --> 00:08:05.456 ယာဉ်တိုက်မှုလျော့ပါးသွားလို့ပါ 00:08:05.480 --> 00:08:08.320 ရပ်ကွက်တစ်ခုမှာ ၇၀% အထိလျော့သွားပါတယ်တဲ့ NOTE Paragraph 00:08:09.400 --> 00:08:11.816 ဒီလိုကြီးမားလှတဲ့ ကောင်းကျိုးတွေကိုကြည့်ပြီး 00:08:11.840 --> 00:08:13.176 သင်က 00:08:13.200 --> 00:08:15.896 ဘာစဉ်းစားစရာလိုလဲလို့တွေးနေမယ်ဆိုရင် 00:08:15.920 --> 00:08:20.200 ကျွန်မတို့လူ့အဖွဲ့အစည်းအနေနဲ့ ဒီအချက်ကို ဘာကြောင့်မေ့ထားတာလဲ 00:08:21.680 --> 00:08:25.240 များသောအားဖြင့် ကျောင်းစချိန်ကို နောက်ဆုတ်ဖို့ ဆွေးနွေးကြတဲ့အခါ ပြောကြတာက 00:08:26.000 --> 00:08:28.296 “ဆယ်ကျော်သက်တွေအတွက် ဘာကြောင့်နောက်ဆုတ်ပေးရမှာလဲ 00:08:28.320 --> 00:08:31.560 တကယ့်ဘဝအတွက်အဆင်သင့်ဖြစ်အောင် သူတို့ကိုပိုပြီးတင်းကြပ်ရမှာမဟုတ်လား” 00:08:32.200 --> 00:08:35.096 အဲလိုပြောတာက ၂နှစ်အရွယ်ကလေးမိဘကို ဒီလိုပြောတာနဲ့တူတယ် 00:08:35.120 --> 00:08:36.616 “ဂျော်နီ့ကိုပေးမအိပ်နဲ့ 00:08:36.640 --> 00:08:39.056 သူ သူငယ်တန်းတက်ဖို့ အဆင်သင့်ဖြစ်မှာမဟုတ်ဘူး” NOTE Paragraph 00:08:39.080 --> 00:08:40.280 (ရယ်မောသံ) NOTE Paragraph 00:08:41.880 --> 00:08:45.776 ကျောင်းစချိန်ကိုနောက်ဆုတ်တာက သွားလာပို့ဆောင်ရေးအတွက်စိန်ခေါ်မှုကြီးပါ 00:08:45.800 --> 00:08:48.176 ကျောင်းသားတွေနဲ့သူတို့မိသားစုတွေအတွက်သာမက 00:08:48.200 --> 00:08:50.576 လူနေမှုပတ်ဝန်းကျင်တစ်ခုလုံးအတွက်ပါ 00:08:50.600 --> 00:08:52.176 ဘက်စကားလိုင်းတွေကိုပြင်ရမယ် 00:08:52.200 --> 00:08:54.256 ပို့ဆောင်ရေးနှုန်းထားတွေမြင့်လာမယ် 00:08:54.280 --> 00:08:55.816 အားကစားသင်တန်းတွေ 00:08:55.840 --> 00:08:58.256 ကျောင်းမစခင်နဲ့ပြီးတဲ့အချိန် စောင့်ရှောက်မှုတွေပါ 00:08:58.280 --> 00:09:02.856 ဒီဟာတွေကဒေသတစ်ခုပြီးတစ်ခု 00:09:02.880 --> 00:09:04.856 ခဏခဏနိုင်ငံတစ်ဝှမ်းမှာ 00:09:04.880 --> 00:09:07.450 ကျောင်းစချိန်နဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်းပြောကြတာတွေပါ 00:09:07.960 --> 00:09:09.640 ဒီအရာတွေဟာအမှန်တကယ်ပြဿနာတွေပါ 00:09:10.640 --> 00:09:13.520 ဒါပေမဲ့ကျွန်မတို့ဖြေရှင်းရမယ့်ပြဿနာတွေပါ 00:09:14.120 --> 00:09:16.376 ဆင်ခြေပေးနေလို့မရပါဘူး 00:09:16.400 --> 00:09:19.160 ကျွန်မတို့ကလေးတွေအတွက် မှန်ကန်တဲ့အရာကိုမလုပ်ပေးခြင်းအတွက် 00:09:19.920 --> 00:09:24.800 အလယ်တန်းနဲ့အထက်တန်းကျောင်းတွေ ၈ နာရီခွဲထက်ပိုစောပြီး မစဖို့ 00:09:25.760 --> 00:09:27.656 နိုင်ငံတစ်ဝှမ်းကဒေသတွေမှာ 00:09:27.680 --> 00:09:30.296 ကြီးကြီးသေးသေး ဒီအပြောင်းအလဲကိုလုပ်ပြီးတဲ့အခါ 00:09:30.320 --> 00:09:34.096 ဒီစိုးရိမ်မှုတွေဟာအခြေအမြစ်မရှိကြောင်း 00:09:34.120 --> 00:09:38.536 အကျိုးအမြတ်တွေကသာလွန်ကြောင်းတွေ့ရပါတယ် ကျောင်းသားတွေရဲ့ကျန်းမာရေးနဲ့ 00:09:38.560 --> 00:09:40.216 လုပ်ဆောင်ချက်တွေပေါ်မှာပေါ့ 00:09:40.240 --> 00:09:42.820 ပြီးတော့လူထုတစ်ရပ်လုံးရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုရောပါ NOTE Paragraph 00:09:44.160 --> 00:09:45.936 ဒီတော့ကာ မနက်ဖြန်မနက် 00:09:45.960 --> 00:09:51.230 တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့ရဲ့ နာရီတွေကို ၁ နာရီ နောက်ဆုတ်နိုင်မယ်ဆိုရင် 00:09:51.760 --> 00:09:56.080 အပို ၁နာရီကို မြိန်မြိန်ယှက်ယှက် အိပ်လိုက်ရတဲ့အခါ 00:09:57.280 --> 00:09:59.240 နေ့တာဟာနည်းနည်းပိုရှည်လာတယ် 00:10:00.080 --> 00:10:02.000 မျော်လင့်ချက်တွေနည်းနည်းပိုများလာတယ် 00:10:02.760 --> 00:10:06.680 အိပ်စက်ခြင်းရဲ့ကြီးမားလှတဲ့စွမ်းရည်ကို တွေးကြည့်လိုက်ပါ 00:10:07.520 --> 00:10:10.096 ပြီးတော့ ဘယ်လာက်ကောင်းတဲ့ လက်ဆောင်ဖြစ်မလဲဆိုတာ 00:10:10.120 --> 00:10:14.136 ကျွန်မတို့ကလေးတွေ သဘာဝအတိုင်းအိပ်ရာထနိုင်ပြီး 00:10:14.160 --> 00:10:16.850 သူတို့ရဲ့ဇီဝတရားတွေနဲ့ လိုက်လျောညီထွေနေနိုင်ရင် NOTE Paragraph 00:10:17.400 --> 00:10:18.656 ကျေးဇူးတင်ပါတယ် 00:10:18.680 --> 00:10:19.880 အိပ်မက်လှလှမက်ကြပါစေ