1 00:00:00,360 --> 00:00:02,576 မနက် ၆ နာရီ 2 00:00:02,600 --> 00:00:03,920 အပြင်ဖက်မှာ အမှောင်အတိ 3 00:00:04,640 --> 00:00:07,856 ကျွန်မရဲ့ ၁၄ နှစ်သားလေးကတော့ သူ့အိပ်ရာထဲမှာ အိပ်နေတုံး 4 00:00:07,880 --> 00:00:11,050 ဆယ်ကျော်သက်တို့ရဲ့ ဘာကိုမှ ဂရုမထားတတ်တဲ့ အိပ်မောကျခြင်းမျိုးနဲ့ပေါ့ 5 00:00:12,000 --> 00:00:15,976 ကျွန်မမီးခလုတ်ကိုဖွင့်ပြီးတော့ သနားစရာ သားလေးကိုလှုပ်နှိုးလိုက်တယ် 6 00:00:16,000 --> 00:00:18,616 ဘာဖြစ်လို့လဲဆိုတော့ အနာကပလာစတာကို ခွာသလိုမျိုးပဲ 7 00:00:18,640 --> 00:00:20,576 မြန်မြန်ဆန်ဆန်ပြီးသွားတာက ပိုကောင်းတယ်လေ 8 00:00:20,600 --> 00:00:22,256 (ရယ်မောသံ) 9 00:00:22,280 --> 00:00:25,276 ကျွန်မသူငယ်ချင်းတစ်ယောက်ကတော့ သူ့ရဲ့အိပ်နေတဲ့ကလေးကိုနိုးအောင် 10 00:00:25,276 --> 00:00:27,011 "မီးဗျို့ မီး" လို့အော်တယ်တဲ့ 11 00:00:27,040 --> 00:00:29,016 နောက်တစ်ယောက်ကတော့ ကြံရာမရတော့လို့ 12 00:00:29,040 --> 00:00:31,896 သူ့သားလေးရဲ့ ခေါင်းပေါ်ကို ရေအေးတွေလောင်းချပြီး 13 00:00:31,920 --> 00:00:33,840 အိပ်ရာကထအောင်လုပ်ရသတဲ့ 14 00:00:34,600 --> 00:00:36,336 တော်တော် ရက်စက်တာပဲနော်... 15 00:00:36,360 --> 00:00:38,290 ဒါပေမဲ့ ရင်းနှီးတယ်လို့ မခံစားရဘူးလား။ 16 00:00:39,600 --> 00:00:41,970 မနက်တိုင်းကျွန်မကိုယ်ကျွန်မမေးတယ် 17 00:00:42,480 --> 00:00:44,056 ကျွန်မ 18 00:00:44,080 --> 00:00:45,816 သိထားတဲ့ပညာ 19 00:00:45,840 --> 00:00:48,256 လုပ်နေတဲ့အလုပ် 20 00:00:48,280 --> 00:00:50,630 ဒါတွေနဲ့ ကျွန်မသားကို ဒီလိုဘယ်နဲ့လုပ်နိုင်သလဲ 21 00:00:51,040 --> 00:00:52,336 ဒီမှာ ကျွန်မက 22 00:00:52,360 --> 00:00:54,056 အိပ်စက်ခြင်းဆိုင်ရာသုတေသီ 23 00:00:54,080 --> 00:00:55,840 (ရယ်မောသံ) 24 00:00:55,890 --> 00:00:58,306 ဒီတော့ကျွန်မကအိပ်တာနဲ့ပတ်သက်ပြီး အများကြီးသိထားတယ် 25 00:00:58,306 --> 00:01:00,816 အိပ်ရေးပျက်ခြင်းရဲ့အကျိုးဆက်တွေကိုရောပေါ့ 26 00:01:00,840 --> 00:01:01,959 သားအရမ်းလိုအပ်နေတဲ့ 27 00:01:01,959 --> 00:01:04,959 အိပ်ချိန်တွေကို ကျွန်မလုံလုံလောက်လောက် မပေးနိုင်တာကိုကျွန်မသိတယ် 28 00:01:04,959 --> 00:01:07,210 သူကဖွံ့ထွားနေဆဲ ဆယ်ကျော်သက်လေးလေ 29 00:01:07,360 --> 00:01:09,616 သူ့ကိုနှိုးလိုက်ခြင်းအားဖြင့် 30 00:01:09,640 --> 00:01:14,296 သူ့ရဲ့ဇီဝအချိန်ထက်အများကြီးကြိုပြီး သူ့ကိုအဆင်သင့်ဖြစ်အောင်လုပ်ခိုင်းလိုက်ရတယ် 31 00:01:14,320 --> 00:01:16,720 ကျွန်မကသူ့ရဲ့အိပ်မက်တွေကို တကယ်ပဲလုယူလိုက်ရတယ် 32 00:01:17,400 --> 00:01:19,110 အိပ်မက်ဆိုတာ 33 00:01:20,200 --> 00:01:23,200 သင်ယူခြင်း၊ မှတ်ဉာဏ်စုစည်းခြင်းနဲ့ 34 00:01:23,200 --> 00:01:25,760 စိတ်ခံစားမှုတည်ဆောက်ခြင်းတွေအတွက် အရေးကြီးတဲ့အပိုင်းပါ 35 00:01:25,760 --> 00:01:29,010 ဒါပေမဲ့ အိပ်ချိန်မလုံလောက်တာ ကျွန်မကလေးတစ်ယောက်ထဲမဟုတ်ပါဘူး 36 00:01:29,760 --> 00:01:31,360 အိပ်ရေးမဝခြင်းဟာ အမေရိကန်က 37 00:01:31,360 --> 00:01:34,360 ဆယ်ကျော်သက်တွေအကြားမှာ ကပ်ရောဂါတစ်ခုပါပဲ 38 00:01:34,360 --> 00:01:38,640 ၁၀ ယောက်မှာတစ်ယောက်သာ ၈ နာရီမှ ၁၀ နာရီအထိဆိုတဲ့ 39 00:01:38,710 --> 00:01:40,410 အိပ်စက်ခြင်းဆိုင်ရာပညာရှင်များနဲ့ 40 00:01:40,410 --> 00:01:43,280 ကလေးအထူးကုများရဲ့ အကြံပေးချက်ကိုလိုက်နာနိုင်ပါတယ် 41 00:01:43,280 --> 00:01:45,016 အခု ရှင်တို့တွေးနေတာက 42 00:01:45,040 --> 00:01:48,296 "ဟူး တော်ပါသေးတယ် ငါတို့ကလေးက ၈နာရီအိပ်ရတယ်" လို့ဆိုရင် 43 00:01:48,320 --> 00:01:49,536 မှတ်ထားပါ 44 00:01:49,560 --> 00:01:53,056 ၈ နာရီဆိုတာ အကြံပြုချက်ရဲ့အနည်းဆုံးပါ 45 00:01:53,080 --> 00:01:55,136 ရှင်တို့ကအောင်ရုံလေးပါ 46 00:01:55,160 --> 00:01:58,000 ၈ နာရီဆိုတာ အမှတ်စာရင်းမှာ C ပဲရသလိုပေါ့ 47 00:01:58,960 --> 00:02:01,800 ဒီကပ်ရောဂါမှာပါဝင်တဲ့ အကြောင်းအရာတွေကတော့အများကြီးပါ 48 00:02:02,600 --> 00:02:07,136 ဒါပေမဲ့ ကလေးတွေအိပ်ရေးမဝအောင် ဟန့်တားနေတဲ့ အဓိကအချက်ကတော့ 49 00:02:07,160 --> 00:02:09,859 အများပြည်သူဆိုင်ရာမူဝါဒလေးတစ်ခုပါပဲ 50 00:02:10,160 --> 00:02:14,040 ဟော်မုန်းတွေ အပေါင်းအသင်းအပျော်အပါးတွေ snapchat တွေမဟုတ်ပါဘူး 51 00:02:15,520 --> 00:02:16,776 နိုင်ငံတစ်ဝှမ်းမှာ 52 00:02:16,800 --> 00:02:21,656 ကျောင်းအများစုဟာ ၇နာရီခွဲ ဒါမှမဟုတ် ဒီထက်ပိုစောပြီး စကြပါတယ် 53 00:02:21,680 --> 00:02:25,776 အဓိကကျတဲ့ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုတာကတော့ 54 00:02:25,800 --> 00:02:30,240 အလယ်တန်းနဲ့အထက်တန်းကျောင်းတွေဟာ ၈နာရီခွဲထက်ပိုစောပြီး မစသင့်ပါဘူးတဲ့ 55 00:02:31,240 --> 00:02:35,376 ဒီကျောင်းစချိန်စောတဲ့မူဝါဒဟာ အမေရိကန်ဆယ်ကျော်သက်တွေ အိပ်ချိန်ကို 56 00:02:35,400 --> 00:02:37,520 ဘယ်လောက်များများ ဒါမှမဟုတ် ဘယ်လောက်နည်းနည်း 57 00:02:37,520 --> 00:02:40,520 ရရှိလဲဆိုတာနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ် 58 00:02:40,520 --> 00:02:44,416 ဒီမူဝါဒကပဲ ဆယ်ကျော်သက်တွေနဲ့ မိဘတွေကို သူတို့ကိုယ်ကို 59 00:02:44,440 --> 00:02:46,360 အခြေခံသဘောတရားအရ ဘယ်လိုမှမနိုင်နိုင်တဲ့ 60 00:02:46,360 --> 00:02:49,360 တိုက်ပွဲကိုတိုက်ခိုင်းနေပြန်တယ် 61 00:02:49,360 --> 00:02:51,176 အပျိုဖော်လူပျိုဖော်ဝင်စ အချိန်မှာ 62 00:02:51,200 --> 00:02:54,680 ဆယ်ကျော်သက်တွေဟာ ဇီဝအချိန်နှောင့်နှေးမှုနဲ့ကြုံရတတ်ပါတယ် 63 00:02:54,680 --> 00:02:56,830 ဇီဝအချိန်က လူတွေ ဘယ်အချိန်မှာအနိုးကြားဆုံးနဲ့ 64 00:02:56,830 --> 00:02:59,520 ဘယ်အချိန်မှာ အအိပ်ချင်ဆုံးဆိုတာကို ဆုံးဖြတ်ပေးတဲ့အရာပါ 65 00:02:59,520 --> 00:03:03,160 အဲတာက melatonin လို့ခေါ်တဲ့ ဟော်မုန်းအတက်အကျနဲ့ဆိုင်တာပေါ့ 66 00:03:04,080 --> 00:03:09,616 ဆယ်ကျော်သက်တွေရဲ့ကိုယ်ထဲမှာ melatonin က ည ၁၁ နာရီလောက်မှာထွက်တယ် 67 00:03:09,640 --> 00:03:14,450 လူကြီးတွေနဲ့ကလေးငယ်တွေထက် ၂ နာရီလောက်နောက်ကျပြီးမှထွက်တာ 68 00:03:15,840 --> 00:03:21,856 အဲလိုဆိုတော့ ဆယ်ကျော်သက်တစ်ယောက်ကို မနက် ၆ နာရီမှာ နှိုးတာက 69 00:03:21,880 --> 00:03:25,150 လူကြီးတစ်ယောက်ကို မနက် ၄ နာရီမှာ နှိုးတာနဲ့တူတယ် 70 00:03:25,760 --> 00:03:29,736 ကံမကောင်းတဲ့နေ့တွေ ကျွန်မ မနက် ၄ နာရီ ထ ရရင် 71 00:03:29,760 --> 00:03:31,192 ကျွန်မဟာဖုတ်ကောင်တစ်ကောင်ပါပဲ 72 00:03:31,192 --> 00:03:32,984 ဘာလုပ်ဆောင်ချက်မှမလုပ်နိုင်ပါဘူး 73 00:03:32,995 --> 00:03:34,496 ကောင်းကောင်းမစဉ်းစားနိုင်ဘူး 74 00:03:34,520 --> 00:03:36,016 စိတ်လည်းရှုပ်တယ် 75 00:03:36,040 --> 00:03:38,480 ကားလည်းမမောင်းသင့်ပါဘူး 76 00:03:39,680 --> 00:03:43,800 ဒါပေမဲ့ အဲတာက အမေရိကန်ဆယ်ကျော်သက်တွ ကျောင်းရှိတဲ့နေ့တိုင်း ခံစားနေရတာဖြစ်နေတယ် 77 00:03:44,280 --> 00:03:47,296 ဒီမှာ ကျွန်မတို့ပြောကြတဲ့ 78 00:03:47,320 --> 00:03:51,620 ဆယ်ကျော်သက်တွေနဲ့ ပတ်သက်တဲ့ မနှစ်မြို့ဖွယ် အပြုအမူတွေဖြစ်တဲ့ 79 00:03:51,620 --> 00:03:55,096 စိတ်အပြောင်းအလဲမြန်တာ စိတ်ရှူပ်လွယ်တာ အပျင်းကြီးတာ စိတ်ဓာတ်ကျတာတွေဟာ 80 00:03:55,120 --> 00:03:58,660 ကာလကြာရှည်စွာအိပ်ရေးမဝခြင်းရဲ့ အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ် 81 00:03:58,660 --> 00:04:01,820 တာရှည်အိပ်ရေးပျက်ခြင်းစစ်ပွဲကို ဆင်နွှဲနေတဲ့ ဆယ်ကျော်သက်အများစုရဲ့ 82 00:04:01,840 --> 00:04:04,360 လျင်မြန်လွယ်ကူတဲ့အစားထိုးခြင်းကတော့ 83 00:04:04,360 --> 00:04:07,360 ကဖိန်းဓာတ်ပမာဏအမြောက်အများ သောက်သုံးခြင်းနည်းလမ်းပါ 84 00:04:07,360 --> 00:04:09,310 ဆိုက်အကြီးဆုံးကော်ဖီခွက်ကနေ 85 00:04:09,560 --> 00:04:11,400 ဒါမှမဟုတ် အားဖြည့်အချိုရည်တွေအနေနဲ့ပါ 86 00:04:12,080 --> 00:04:13,353 အဲဒီတော့ 87 00:04:13,473 --> 00:04:19,296 ကျွန်မတို့ဆီမှာ ပင်ပန်းနေသလောက် စိတ်ကြွနေတဲ့ လူငယ်ထုတစ်ရပ် ရှိတာပေါ့ 88 00:04:21,600 --> 00:04:25,216 အိပ်ချိန်ကိုအကျိုးရှိစေမယ့်ေ ကျောင်းစချိန်ကို ထောက်ခံသူတွေက 89 00:04:25,240 --> 00:04:28,776 ဆယ်ကျော်သက်အရွယ်ဆိုတာ ကြီးမားတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်တဲ့ကာလဆိုတာသိကြတယ် 90 00:04:28,800 --> 00:04:30,856 အထူးသဖြင့် ဦးနှောက်ရဲ့ 91 00:04:30,880 --> 00:04:34,416 အဆင့်မြင့်တဲ့ စဉ်းစားဆုံးဖြတ်နှိုင်မှုစွမ်းရည်တွေဖြစ်တဲ့ 92 00:04:34,440 --> 00:04:38,720 ဆင်ခြင်ခြင်း ပြသနာဖြေရှင်းခြင်း မှန်ကန်စွာဆုံးဖြတ်ခြင်း စတဲ့အပိုင်းတွေပေါ့ 93 00:04:39,320 --> 00:04:42,456 တစ်နည်းအားဖြင့် ဦးနှောက်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ 94 00:04:42,480 --> 00:04:47,056 ရုတ်တရက်တုံ့ပြန်မှုနဲ့ များသောအားဖြင့် အန္တရာယ်ရှိတဲ့လုပ်ရပ်တွေ 95 00:04:47,080 --> 00:04:50,016 ဆယ်ကျော်သက်တွေရဲ့ အမူအကျင့်တွေလို့ပြောနိုင်တဲ့ 96 00:04:50,040 --> 00:04:53,800 မိဘတွေအတွက်ပူပန်ကြောက်လန့်စေတဲ့ အရာတွေပါ 97 00:04:54,600 --> 00:04:56,496 တခြားသူတွေလိုပဲ 98 00:04:56,520 --> 00:04:58,936 ဆယ်ကျော်သက်တွေဟာလည်းအိပ်ရေးမဝတဲ့အခါ 99 00:04:58,960 --> 00:05:02,096 သူတို့ရဲ့ဦးနှောက် ခန္ဓာကိုယ်နဲ့ အပြုအမူတွေကိုအကျိုးသက်ရောက်စေပါတယ် 100 00:05:02,120 --> 00:05:04,760 ရေတိုရော ရည်ရှည်မှာပါ 101 00:05:05,280 --> 00:05:07,096 သူတို့ဟာစိတ်စုစည်းလို့မရဘူး 102 00:05:07,120 --> 00:05:09,016 အာရုံတွေလွင့်တယ် 103 00:05:09,040 --> 00:05:12,800 အများစုက အာရုံစူးစိုက်မှုအားနည်းပြီး စိတ်ကြွတဲ့ရောဂါလက္ခဏာတွေ ပြလာကြတယ် 104 00:05:14,320 --> 00:05:15,760 တစ်ခုက လူငယ်တွေ 105 00:05:15,760 --> 00:05:18,760 အိပ်ရေးမဝခြင်းရဲ့အကျိုးဆက်တွေက စာသင်ခန်းရဲ့ပြင်ပအထိပါသက်ရောက်တယ် 106 00:05:18,760 --> 00:05:22,376 စိတ်မကောင်းစရာပါ စိတ်ကျန်းမာရေးချို့တဲ့မှုတွေဟာ 107 00:05:22,400 --> 00:05:25,096 လူငယ်တွေမှာ အမြောက်အများဖြစ်နေပြီး 108 00:05:25,120 --> 00:05:26,936 ဆေးသုံးစွဲမှုတွေ 109 00:05:26,960 --> 00:05:27,960 စိတ်ကျရောဂါနဲ့ 110 00:05:27,960 --> 00:05:30,400 ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုတွေလည်း အပါအဝင်ပေါ့ 111 00:05:30,400 --> 00:05:33,576 ကျွန်မတို့ရဲ့LAဒေသတွင်းကျောင်းများမှ ဆယ်ကျော်သက်များကိုလေ့လာချက်အရ 112 00:05:33,600 --> 00:05:35,816 ကောင်းကောင်းမအိပ်ရတဲ့ကလေးတွေဟာ 113 00:05:35,840 --> 00:05:40,040 လွန်ခဲ့တဲ့လက အရက်သေစာသောက်စားမှု ၅၅% ပိုများပါတယ် 114 00:05:41,080 --> 00:05:44,976 အထက်တန်းကျောင်းသား သုံးသောင်းကျော် ပါဝင်ခဲ့တဲ့ အခြားလေ့လာမှုတစ်ခုမှာတော့ 115 00:05:45,000 --> 00:05:48,576 မအိပ်လိုက်ရတဲ့နာရီတိုင်းဟာ 116 00:05:48,600 --> 00:05:52,320 ဝမ်းနည်းခြင်း မျော်လင့်ချက်မဲ့ခြင်းကို ၃၈% ပိုခံစားစေပြီး 117 00:05:53,400 --> 00:05:57,280 ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရန်ကြိုးစားမှုကို ၅၈% ပိုများစေပါတယ် 118 00:05:58,600 --> 00:06:00,856 ဒါတွေက မလုံလောက်သေးဘူးဆိုရင် 119 00:06:00,880 --> 00:06:03,416 အိပ်ခွင့်မရတဲ့ကလေးတွေဟာ 120 00:06:03,440 --> 00:06:07,496 သူများတွေထက်ပိုပြီး ကျွန်မတို့နိုင်ငံရဲ့ ကပ်ရောဂါတွေကို ခိုလှုံခွင့်ပေးပါတယ် 121 00:06:07,520 --> 00:06:11,600 အဲဒါတွေကတော့ အဝလွန်ခြင်း နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေပါ 122 00:06:12,760 --> 00:06:15,656 နောက်အန္တရာယ်တစ်ခုက အိပ်ရေးမဝတဲ့ကလေးတွေကို 123 00:06:15,680 --> 00:06:18,216 သူတို့ရဲ့အသစ်စက်စက် ယာဉ်မောင်းလိုင်စင်တွေနဲ့ 124 00:06:18,240 --> 00:06:19,670 လမ်းပေါ်ပေးတက်ခြင်းပါ 125 00:06:20,160 --> 00:06:24,656 လေ့လာမှုများအရ တစ်ညမှာ ၅ နာရီထက်လျော့အိပ်ခြင်းဟာ 126 00:06:24,680 --> 00:06:30,360 သတ်မှတ်ထားတဲ့ပမာဏထက်ပိုတဲ့ အရက်တွေသွေးထဲမှာရှိနေတာနဲ့တူပါတယ် 127 00:06:36,200 --> 00:06:38,710 အိပ်ချိန်ပိုရစေမယ့် ကျောင်းစချိန်ကိုထောက်ခံသူတွေနဲ့ 128 00:06:38,720 --> 00:06:40,776 ဒီပညာရပ်ဆိုင်ရာသုတေသီတွေက 129 00:06:40,800 --> 00:06:42,976 သိပ္ပံနည်းကျပညာရပ်များစွာနဲ့ 130 00:06:43,000 --> 00:06:46,896 ကျောင်းစချိန်နောက်ဆုတ်ခြင်းရဲ့ ကောင်းကျိုးများစွာကိုပြသထားပြီးကြပါပြီ 131 00:06:46,920 --> 00:06:49,050 တွေ့ရှိချက်တွေကမငြင်းနိုင်စရာပါ 132 00:06:49,050 --> 00:06:50,976 အိပ်စက်ခြင်းဆိုင်ရာပညာရှင်တစ်ယောက်အနေနဲ့ 133 00:06:50,976 --> 00:06:53,680 ကျွန်မဒီလိုအသေအချာပြောလို့ရတဲ့အချိန် ရှားပါတယ် 134 00:06:55,160 --> 00:06:58,976 ကျောင်းစချိန်နောက်ကျတဲ့ဒေသက ကလေးတွေက အိပ်ချိန်ပိုရကြပါတယ် 135 00:06:59,000 --> 00:07:02,496 အတိုက်အခံတွေအနေနဲ့ေ ကျောင်းစချိန်နောက်ကျရင် 136 00:07:02,520 --> 00:07:04,910 ကလေးတွေက ပိုနောက်ကျမှ အိပ်ကြမယ်လို့တွေးမယ်ဆိုရင် 137 00:07:04,920 --> 00:07:05,992 အမှန်က 138 00:07:05,992 --> 00:07:08,112 သူတို့ရဲ့အိပ်ချိန်ကအတူတူပါပဲ 139 00:07:08,160 --> 00:07:10,416 အိပ်ရာထတဲ့အချိန်ကနောက်ဆုတ်သွားတာပါ 140 00:07:10,440 --> 00:07:12,600 ဒီတော့ပိုအိပ်ရတာပေါ့ 141 00:07:13,360 --> 00:07:15,736 ဒီကလေးတွေက ကျောင်းတက်ချင်စိတ်ပိုရှိကြတယ် 142 00:07:15,760 --> 00:07:19,656 ဒေသတစ်ခုမှာ ကျောင်းပျက်နှုန်း ၂၅% အထိလျော့ကျသွားတယ် 143 00:07:19,680 --> 00:07:22,256 ကျောင်းထွက်နှုန်းလည်း နည်းသွားတယ် 144 00:07:22,280 --> 00:07:25,776 အံ့သြစရာမဟုတ်ပေမဲ့ ပညာရေးမှာလည်းတိုးတက်လာပါတယ် 145 00:07:25,800 --> 00:07:30,536 အဲဒီတော့ ဒီအချက်ဟာ အောင်မြင်မှုကွာဟချက်ကို လျော့ချဖို့ရည်ညွှန်းချက်တစ်ခုပါပဲ 146 00:07:30,560 --> 00:07:33,256 သချာင်္နဲ့ စာဖတ်စွမ်းရည်ဘာသာရပ် စာမေးပွဲအမှတ်တွေ 147 00:07:33,280 --> 00:07:35,720 ၂% ကနေ ၃% အထိတက်လာတယ် 148 00:07:36,320 --> 00:07:41,896 ဒီဟာက အတန်းရဲ့ ကျောင်းသားအရေအတွက် သုံးပုံတစ်ပုံလျော့ချလိုက်တာလောက်စွမ်းပါတယ် 149 00:07:41,920 --> 00:07:45,096 ဒါမှမဟုတ် စာသင်ခန်းထဲကသာမာန်ဆရာတစ်ယောက်ကို 150 00:07:45,120 --> 00:07:47,630 အရမ်းထူးချွန်တဲ့ဆရာတစ်ယောက်နဲ့ လဲလိုက်တာနဲ့တူပါတယ် 151 00:07:48,440 --> 00:07:50,976 ကလေးတွေက ကိုယ်ရောစိတ်ပါ ပိုကျန်းမာလာတယ် 152 00:07:51,000 --> 00:07:53,336 သူတို့ရဲ့မိသားစုတွေလည်း ပိုပျော်ရွှင်လာပါတယ် 153 00:07:53,360 --> 00:07:58,176 ဆယ်ကျော်သက်လေးတွေရဲ့ သာယာချမ်းမြေ့မှုကိုဘယ်သူကမကြိုက်ပဲနေမှာလဲ 154 00:07:58,200 --> 00:08:00,160 စိတ်အလိုမကျတာဖြစ်တာတွေနည်းလေလေပေါ့ 155 00:08:00,760 --> 00:08:02,916 သူတို့ရဲ့ ပတ်ဝန်းကျင်လည်း အန္တရာယ်ပိုကင်းလာတယ် 156 00:08:02,920 --> 00:08:05,456 ယာဉ်တိုက်မှုလျော့ပါးသွားလို့ပါ 157 00:08:05,480 --> 00:08:08,320 ရပ်ကွက်တစ်ခုမှာ ၇၀% အထိလျော့သွားပါတယ်တဲ့ 158 00:08:09,400 --> 00:08:11,816 ဒီလိုကြီးမားလှတဲ့ ကောင်းကျိုးတွေကိုကြည့်ပြီး 159 00:08:11,840 --> 00:08:13,176 သင်က 160 00:08:13,200 --> 00:08:15,896 ဘာစဉ်းစားစရာလိုလဲလို့တွေးနေမယ်ဆိုရင် 161 00:08:15,920 --> 00:08:20,200 ကျွန်မတို့လူ့အဖွဲ့အစည်းအနေနဲ့ ဒီအချက်ကို ဘာကြောင့်မေ့ထားတာလဲ 162 00:08:21,680 --> 00:08:25,240 များသောအားဖြင့် ကျောင်းစချိန်ကို နောက်ဆုတ်ဖို့ ဆွေးနွေးကြတဲ့အခါ ပြောကြတာက 163 00:08:26,000 --> 00:08:28,296 “ဆယ်ကျော်သက်တွေအတွက် ဘာကြောင့်နောက်ဆုတ်ပေးရမှာလဲ 164 00:08:28,320 --> 00:08:31,560 တကယ့်ဘဝအတွက်အဆင်သင့်ဖြစ်အောင် သူတို့ကိုပိုပြီးတင်းကြပ်ရမှာမဟုတ်လား” 165 00:08:32,200 --> 00:08:35,096 အဲလိုပြောတာက ၂နှစ်အရွယ်ကလေးမိဘကို ဒီလိုပြောတာနဲ့တူတယ် 166 00:08:35,120 --> 00:08:36,616 “ဂျော်နီ့ကိုပေးမအိပ်နဲ့ 167 00:08:36,640 --> 00:08:39,056 သူ သူငယ်တန်းတက်ဖို့ အဆင်သင့်ဖြစ်မှာမဟုတ်ဘူး” 168 00:08:39,080 --> 00:08:40,280 (ရယ်မောသံ) 169 00:08:41,880 --> 00:08:45,776 ကျောင်းစချိန်ကိုနောက်ဆုတ်တာက သွားလာပို့ဆောင်ရေးအတွက်စိန်ခေါ်မှုကြီးပါ 170 00:08:45,800 --> 00:08:48,176 ကျောင်းသားတွေနဲ့သူတို့မိသားစုတွေအတွက်သာမက 171 00:08:48,200 --> 00:08:50,576 လူနေမှုပတ်ဝန်းကျင်တစ်ခုလုံးအတွက်ပါ 172 00:08:50,600 --> 00:08:52,176 ဘက်စကားလိုင်းတွေကိုပြင်ရမယ် 173 00:08:52,200 --> 00:08:54,256 ပို့ဆောင်ရေးနှုန်းထားတွေမြင့်လာမယ် 174 00:08:54,280 --> 00:08:55,816 အားကစားသင်တန်းတွေ 175 00:08:55,840 --> 00:08:58,256 ကျောင်းမစခင်နဲ့ပြီးတဲ့အချိန် စောင့်ရှောက်မှုတွေပါ 176 00:08:58,280 --> 00:09:02,856 ဒီဟာတွေကဒေသတစ်ခုပြီးတစ်ခု 177 00:09:02,880 --> 00:09:04,856 ခဏခဏနိုင်ငံတစ်ဝှမ်းမှာ 178 00:09:04,880 --> 00:09:07,450 ကျောင်းစချိန်နဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်းပြောကြတာတွေပါ 179 00:09:07,960 --> 00:09:09,640 ဒီအရာတွေဟာအမှန်တကယ်ပြဿနာတွေပါ 180 00:09:10,640 --> 00:09:13,520 ဒါပေမဲ့ကျွန်မတို့ဖြေရှင်းရမယ့်ပြဿနာတွေပါ 181 00:09:14,120 --> 00:09:16,376 ဆင်ခြေပေးနေလို့မရပါဘူး 182 00:09:16,400 --> 00:09:19,160 ကျွန်မတို့ကလေးတွေအတွက် မှန်ကန်တဲ့အရာကိုမလုပ်ပေးခြင်းအတွက် 183 00:09:19,920 --> 00:09:24,800 အလယ်တန်းနဲ့အထက်တန်းကျောင်းတွေ ၈ နာရီခွဲထက်ပိုစောပြီး မစဖို့ 184 00:09:25,760 --> 00:09:27,656 နိုင်ငံတစ်ဝှမ်းကဒေသတွေမှာ 185 00:09:27,680 --> 00:09:30,296 ကြီးကြီးသေးသေး ဒီအပြောင်းအလဲကိုလုပ်ပြီးတဲ့အခါ 186 00:09:30,320 --> 00:09:34,096 ဒီစိုးရိမ်မှုတွေဟာအခြေအမြစ်မရှိကြောင်း 187 00:09:34,120 --> 00:09:38,536 အကျိုးအမြတ်တွေကသာလွန်ကြောင်းတွေ့ရပါတယ် ကျောင်းသားတွေရဲ့ကျန်းမာရေးနဲ့ 188 00:09:38,560 --> 00:09:40,216 လုပ်ဆောင်ချက်တွေပေါ်မှာပေါ့ 189 00:09:40,240 --> 00:09:42,820 ပြီးတော့လူထုတစ်ရပ်လုံးရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုရောပါ 190 00:09:44,160 --> 00:09:45,936 ဒီတော့ကာ မနက်ဖြန်မနက် 191 00:09:45,960 --> 00:09:51,230 တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့ရဲ့ နာရီတွေကို ၁ နာရီ နောက်ဆုတ်နိုင်မယ်ဆိုရင် 192 00:09:51,760 --> 00:09:56,080 အပို ၁နာရီကို မြိန်မြိန်ယှက်ယှက် အိပ်လိုက်ရတဲ့အခါ 193 00:09:57,280 --> 00:09:59,240 နေ့တာဟာနည်းနည်းပိုရှည်လာတယ် 194 00:10:00,080 --> 00:10:02,000 မျော်လင့်ချက်တွေနည်းနည်းပိုများလာတယ် 195 00:10:02,760 --> 00:10:06,680 အိပ်စက်ခြင်းရဲ့ကြီးမားလှတဲ့စွမ်းရည်ကို တွေးကြည့်လိုက်ပါ 196 00:10:07,520 --> 00:10:10,096 ပြီးတော့ ဘယ်လာက်ကောင်းတဲ့ လက်ဆောင်ဖြစ်မလဲဆိုတာ 197 00:10:10,120 --> 00:10:14,136 ကျွန်မတို့ကလေးတွေ သဘာဝအတိုင်းအိပ်ရာထနိုင်ပြီး 198 00:10:14,160 --> 00:10:16,850 သူတို့ရဲ့ဇီဝတရားတွေနဲ့ လိုက်လျောညီထွေနေနိုင်ရင် 199 00:10:17,400 --> 00:10:18,656 ကျေးဇူးတင်ပါတယ် 200 00:10:18,680 --> 00:10:19,880 အိပ်မက်လှလှမက်ကြပါစေ