WEBVTT 00:00:01.125 --> 00:00:04.928 ကျွန်မ Nokia ဖုန်းအသစ်ဖြင့် အထက်တန်းကျောင်းကို ထွက်လာစဉ် 00:00:04.928 --> 00:00:07.624 ကျွန်မ အရင်တုန်းက သုံးခဲ့တဲ့ ပန်းနုရောင် စကားပြောစက်အတွက် 00:00:07.624 --> 00:00:11.188 နောက်ဆုံးပေါ် အကောင်းဆုံး အစားထိုးစရာ ကို ပိုင်ဆိုင်ထားပြီလို့ ထင်မိပါတယ်။ 00:00:11.188 --> 00:00:14.559 အခုတော့ သူငယ်ချင်းတွေနဲ့ ကျွန်မဟာ စာတိုတွေကို အပြန်အလှန်ပို့နိုင်ပြီ။ 00:00:14.583 --> 00:00:15.851 ကျွန်မတို့ ဘယ်မှာပဲ ရှိရှိ 00:00:15.875 --> 00:00:17.797 ပြေးလွှားရင်း၊ အိမ်နောက်ဘက်မှာ ကစားနေစဉ် 00:00:17.797 --> 00:00:20.393 အချိန်မရွေး ဆက်သွယ် စာရေးလို့ ရလာနိုင်ခဲ့ပါပြီ။ 00:00:20.417 --> 00:00:22.467 ကျွန်မ အကြောင်းတစ်ခုကို ဝန်ခံပြောချင်တယ်။ 00:00:22.467 --> 00:00:26.304 အဲဒီတုန်းက ဒီကိရိယာတွေကို ဘယ်လို ပြုလုပ်ထားမှန်း သိပ်မစဉ်းစားမိခဲ့ပါဘူး။ 00:00:26.304 --> 00:00:28.809 ခရစ်စမတ် နံနက်ခင်းတွင် ၎င်းတို့ဟာ ပေါ်လာတတ်ခဲ့ပါတယ်။ 00:00:28.833 --> 00:00:32.207 အဲဒါတွေကို Santa ရဲ့အလုပ်ရုံထဲက elves တွေ လုပ်ခဲ့ကြတာ ဖြစ်နိုင်တယ်။ 00:00:32.875 --> 00:00:35.018 မေးခွန်းတစ်ခုမေးပါရစေ 00:00:35.042 --> 00:00:38.208 ဒီကိရိယာတွေကို တကယ်ထုတ်လုပ်ပေးကြတဲ့ သူတွေက ဘယ်သူတွေလို့ ထင်ကြပါသလဲ။ 00:00:38.683 --> 00:00:41.476 ကျွန်မသိတဲ့ လူတော်တော်များများကို မေးကြည့်ခဲ့တော့ 00:00:41.500 --> 00:00:45.143 Silicon Valley က ဆော့ဝဲအင်ဂျင်နီယာတွေ ပါလို့ ဖြေကြားခဲ့ကြပါတယ်။ 00:00:45.167 --> 00:00:46.973 ကုဒ်တွေ ထည့်သွင်းပေးကြတဲ့ သူတွေလေ။ 00:00:47.003 --> 00:00:49.768 ဒါပေမဲ့ ဒီကိရိယာတွေ သုံးနိုင်ရန် အသင့်ဖြစ်လာဖို့အတွက် 00:00:49.792 --> 00:00:52.365 ကုဒ်တွေအတွက် အသင့်ဖြစ်လာဖို့ လုပ်ပေးရတာ အများကြီးပါပဲ။ 00:00:52.365 --> 00:00:55.643 ဒီကိရိယာတွေကို အက်တမ် အဆင့်မှ စတင်ထုတ်လုပ်ရပါတယ်။ 00:00:55.667 --> 00:00:57.351 ဒီတော့ တကယ်တမ်း လုပ်ပေးကြသူတွေက 00:00:57.375 --> 00:00:59.958 ဓာတုဗေဒပညာရှင်တွေပါလို့ ကျွန်မက ဆိုချင်ပါတယ်။ 00:01:00.555 --> 00:01:03.125 ဟုတ်ပါတယ်၊ ဓာတုဗေဒပညာရှင်တွေလို့ ကျွန်မပြောချင်တယ်။ 00:01:04.000 --> 00:01:08.184 ဓာတုဗေဒ ဟာ အီလက်ထရောနစ် ဆက်သွယ်မှုရဲ့ သူရဲကောင်းပါ။ 00:01:08.208 --> 00:01:10.976 ဒီနေ့ ကျွန်မက ရှင်တို့အားလုံး အဲဒါကို 00:01:11.000 --> 00:01:12.810 သဘောတူလက်ခံလာအောင် နားချမှာပါ။ 00:01:13.667 --> 00:01:15.559 ကောင်းပြီ၊ ရိုးရိုးလေး စတင်လျက် 00:01:15.583 --> 00:01:20.018 ကျွန်မတို့ မသုံးဘဲမနေနိုင်ကြတဲ့ ဒီကိရိယာ တွေရဲ့ အတွင်းပိုင်းကို ကြည့်ကြရအောင်။ 00:01:20.042 --> 00:01:22.059 ဓာတုဗေဒကသာ ကူမပေးခဲ့ရင် 00:01:22.083 --> 00:01:25.976 ကျွန်မတို့ ကြိုက်ကြတဲ့ အချက်အလက်များရဲ့ ဆူပါလမ်းမကြီးဟာ 00:01:26.000 --> 00:01:29.292 အကုန်အကျကြီးမားလှတဲ့ စာရွက်ထုပ်ကြီး ဖြစ်ပါလိမ့်မည်။ 00:01:30.708 --> 00:01:33.250 ဓာတုဗေဒဟာ ဒီအလွှာတွေအားလုံးကို အသက်သွင်းပေးပါတယ်။ 00:01:34.167 --> 00:01:36.351 ပုံတွေပြပေးပုံမှ စတင်ကြပါစို့။ 00:01:36.375 --> 00:01:38.934 ကျွန်မတို့ စွဲမက်ကြတဲ့ အခုလို တောက်ပ စိုပြေတဲ့ 00:01:38.958 --> 00:01:41.143 အရောင်တွေကို ကျွန်မတို့ ဘယ်လိုရတယ် ထင်ပါသလဲ။ 00:01:41.167 --> 00:01:42.788 ကောင်းပြီ၊ ကျွန်မပြောပြပေးပါမယ်။ 00:01:42.788 --> 00:01:45.268 အော်ဂဲနစ်ပိုလီမာတွေကို စခရင်ထဲမှာ ထည့်သွင်းပေးထားတယ်၊ 00:01:45.292 --> 00:01:49.476 ၎င်းတို့ဟာ လျှပ်စစ်ကိုရယူလျက် အပြာ၊ အနီနဲ့ အစိမ်းရောင်တွေကို 00:01:49.500 --> 00:01:51.500 ကျွန်မတို့အတွက် ပြသပေးကြပါတယ်။ 00:01:52.750 --> 00:01:54.976 ဘက်ထရီဘာက်ကို သွားကြည့်ကြပါစို့။ 00:01:55.000 --> 00:01:57.309 ဒီမှာတော့ အပြင်းအထန် လေ့လာကြဖို့ လိုပါမယ်။ 00:01:57.333 --> 00:02:01.184 အစဉ်အလာ ဘက်ထရီတွေရဲ့ အခြေခံမူတွေကိုပဲ ယူပြီး 00:02:01.208 --> 00:02:04.601 ဧရိယာကြီးမားတဲ့ လျှပ်ခေါင်းအသစ်တွေကို တွဲဖက်ပေးခြင်းဖြင့် 00:02:04.625 --> 00:02:08.098 နေရာကျဉ်းကျဉ်းလေးတွင် အားကိုပိုပြီး သွင်းပေးနိုင်လို့ 00:02:08.098 --> 00:02:10.643 ကျွန်မတို့ ဆယ်လ်ဖီ ရိုက်နေရင်း တစ်နေ့လုံး သုံးနေစဉ် 00:02:10.667 --> 00:02:12.351 ဘက်ထရီတွေကို ပြန်အားသွင်းရန် 00:02:12.375 --> 00:02:14.309 ဒါမှမဟုတ် ပလပ်ကို တချိန်လုံး ထိုးထားရန် 00:02:14.333 --> 00:02:16.583 မလိုအပ်ပဲ သုံးစွဲနိုင်ကြတာပါ။ 00:02:18.125 --> 00:02:21.643 ပြီးတော့ ကျွန်မတို့ မကြာခဏ ထုတ်သုံးတာကို ခံနိုင်ရည် ရှိအောင် 00:02:21.667 --> 00:02:24.518 ပါဝင်ပစ္စည်းအားလုံးကို ကပ်ပေးတဲ့ ကော်ကလည်း လေ့လာစရာပါ။ 00:02:24.542 --> 00:02:26.742 ကျွန်မက နှစ်ထောင်ပြည့်နှစ်မှာ မွေးခဲ့သူဆိုတော့ 00:02:26.742 --> 00:02:30.476 ကျွန်မဖုန်းကို စစ်ကြည့်ရန် အနည်းဆုံး အကြိမ် ၂၀၀ ထုတ်ယူခဲ့ပြီး 00:02:30.500 --> 00:02:33.333 သုံးကြိမ်လောက် ချပစ်လျက် စမ်းသပ်ကြည့်ခဲ့ပါသေးတယ်။ 00:02:35.822 --> 00:02:38.226 ဒါပေမဲ့ ဒီစက်တွေရဲ့ တကယ့်ဦးနှောက်က ဘာတွေများလဲ။ 00:02:38.250 --> 00:02:42.059 ကျွန်မ ဒီလောက်ကြီး သဘောကျအောင် ဘာတွေက ၎င်းတို့ကို လုပ်ကိုင်စေတာလဲ။ 00:02:42.083 --> 00:02:45.184 ဆားကစ်ဘုဒ်ထဲမှာ အားလုံးကို ပုံနှိပ်ပေးထားတဲ့ 00:02:45.208 --> 00:02:48.469 လျှပ်စစ် အစိတ်အပိုင်းတွေက အဲဒါကို လုပ်ကိုင်ပေးကြပါတယ်။ 00:02:48.469 --> 00:02:51.498 ရှင်တို့ ပိုကြိုက်မယ်ဆိုရင် ဇီဝဗေဒ ဥပမာဖြင့် ပြောပြနိုင်ပါမယ်-- 00:02:51.498 --> 00:02:53.417 Motherboard ဆိုတာ ကြားဖူးခဲ့ကြမှာပါ။ 00:02:54.220 --> 00:02:57.639 ပုံနှိပ်ဆားကစ်ဘုဒ်တွေကို အခုနောက်ပိုင်းမှာ သိပ် မသုံးနှုံးကြတော့ပါဘူး။ 00:02:57.639 --> 00:03:00.559 အဲဒီလို ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ကျွန်မ တကယ့်ကို မသိပါ။ 00:03:00.583 --> 00:03:02.913 အဲဒါဟာ စွဲဆောင်မှုအနည်းဆုံး အလွှာဖြစ်လို့များလား၊ 00:03:02.913 --> 00:03:06.518 များပြားလှတဲ့ အလွှာတွေရဲ့ အောက်ဆုံးမှာ ပုန်းကွယ်နေလို့လား မပြောတတ်ပါ။ 00:03:06.542 --> 00:03:09.851 တကယ်တော့ ဒီ Clark Kent အလွှာကို၊ 00:03:09.875 --> 00:03:13.643 ဆူပါမင်လို ချီးမွမ်းထိုက်တဲ့ အလွှာကို လေ့လာကြည့်ကြပါစို့။ 00:03:13.667 --> 00:03:16.184 ကျွန်မက မေးခွန်း တစ်ခုကို မေးမယ်။ 00:03:16.208 --> 00:03:18.673 ပုံနှိပ်ဆားကစ်ဘုဒ်ကို ရှင်တို့ ဘယ်လိုများ ထင်ကြလဲ။ 00:03:18.970 --> 00:03:21.171 ရှင်းပြဖို့အတွက် ဥပမာနဲ့ ပြရပါမယ်။ 00:03:21.171 --> 00:03:23.851 ရှင်တို့ နေထိုင်ကြတဲ့ မြို့အကြောင်းကို စဉ်းစားကြည့်ကြပါ။ 00:03:23.875 --> 00:03:27.184 ရှင်တို့ သွားလာကျ စိတ်ဝင်စားစရာ နေရာတွေ ရှိကြမှာပါ- 00:03:27.208 --> 00:03:30.101 ကိုယ့်နေအိမ်၊ ကိုယ့်အလုပ်၊ စားသောက်ဆိုင်တွေ၊ 00:03:30.125 --> 00:03:32.745 ဟိုတစ်နေရာ ဒီတစ်နေရာမှာ ရှိကြတဲ့ Starbucks ဆိုင်တွေ။ 00:03:33.208 --> 00:03:36.458 အဲဒါတွေကို ဆက်သွယ်ဖို့ ကျွန်မတို့ဟာ လမ်းတွေကို ဆောက်ပေးကြရတယ်။ 00:03:37.833 --> 00:03:40.351 ပုံနှိပ်ဆားကစ်ဘုဒ်ဆိုတာ အဲဒါမျိုးပါ။ 00:03:40.375 --> 00:03:43.143 ဒါပေမဲ့ ခုနက စားသောက်ဆိုင်တွေလို အရာတွေအပြင် 00:03:43.167 --> 00:03:46.804 အဲဒီမှာ ချစ်ပ်ထဲတွင် ထရန်စစ္စတာတွေ ရှိမယ်၊ 00:03:46.804 --> 00:03:48.268 capacitor ​တွေ၊ resistor တွေ 00:03:48.292 --> 00:03:50.768 တစ်ခုနဲ့တစ်ခု ဆက်သွယ်အလုပ်လုပ်ဖို့ လိုအပ်ကြတဲ့ 00:03:50.792 --> 00:03:53.976 ဒီ့ပြင် လျှပ်စစ်အစိတ်အပိုင်းလေးတွေ အဲဒီမှာ ရှိကြပါသေးတယ်။. 00:03:54.000 --> 00:03:56.270 ဒီလိုဆို ကျွန်မတို့ရဲ့ လမ်းတွေက ဘာတွေများလဲ။ 00:03:56.667 --> 00:03:59.417 ကောင်းပြီ၊ ကြေးနီဝါယာကြိုး သေးသေးလေးတွေပါ။ 00:03:59.647 --> 00:04:01.294 အဲဒီနောက်မှာ ကျွန်မတို့က 00:04:01.294 --> 00:04:04.226 ကြေးနီကြိုးသေးသေးလေးတွေကို ဘယ်လိုများ လုပ်ပေးကြလဲ မေးစရာပါ။ 00:04:04.250 --> 00:04:05.893 ၎င်းတို့ဟာ သိပ်ကို သေးလှပါတယ်။ 00:04:05.917 --> 00:04:08.393 ကျွန်မတို့က ဟာ့ဒ်ဝဲစတိုးဆိုင်ကို သွားပြီး 00:04:08.417 --> 00:04:10.393 ကြေးနီဝါယာခွေကို ဝယ်ယူပြီး၊ 00:04:10.417 --> 00:04:13.393 ဝါယာကြိုးညှပ်စက်ကလေးနဲ့ 00:04:13.417 --> 00:04:16.792 လိုအပ်သလို ဖြတ်ညှပ်ယူပြီး ဆားကက်ဘုဒ် လုပ်နိုင်မလား။ 00:04:18.000 --> 00:04:19.268 ဘယ်လိုမှ မဖြစ်နိုင်ပါ။ 00:04:19.292 --> 00:04:21.726 အဲဒီဝါယာကြိုးတွေက သိပ်ကိုသေးလွန်းလှတယ်။ 00:04:21.750 --> 00:04:25.375 ဒီနေရာမှာလည်း ကျွန်မတို့ဟာ ဓာတုဗေဒ မိတ်ဆွေကြီးကိုပဲ အားကိုးရပါမယ်။ 00:04:26.708 --> 00:04:29.809 အဲဒီလို ဝါယာကြိုးသေးသေးလေးတွေကို ပြုလုပ်ပေးတဲ့ ဓာတုဗေဒနည်းဟာ 00:04:29.833 --> 00:04:31.851 သိပ်ကို ရိုးရှင်းပါတယ်။ 00:04:31.875 --> 00:04:33.643 ကျွန်မတို့ စတင်မယ့်နည်းက 00:04:33.667 --> 00:04:37.059 အဖိုဓာတ်သွင်းထားတဲ့ ကြေးနီအလုံးတွေပါ။ 00:04:37.083 --> 00:04:41.518 ကျွန်မတို့က အဲဒီထဲကို အကာပါတဲ့ ဆားကစ်ဘုဒ်ကို ထည့်ပေးကြမယ်။ 00:04:41.542 --> 00:04:44.054 ပြီးရင် အဖိုဓာတ် အားသွင်းထားတဲ့ စက်လုံးတွေကို 00:04:44.054 --> 00:04:46.446 အမဓာတ် သွင်းပေးထားတဲ့ အီလက်ထရွန်များကို ထည့်ပေးရင်း 00:04:46.446 --> 00:04:49.143 နှစ်ခုရောထားတဲ့ အထဲကို formaldehyde ကိုထည့်သွင်းပေးကြမယ်။ 00:04:49.167 --> 00:04:51.338 formaldehyde ကို ရှင်တို့ မှတ်မိကြမယ် ထင်တယ်။ 00:04:51.338 --> 00:04:52.930 ဇီဝဗေဒ သင်တန်းတွေမှာ ဖားတွေကို 00:04:52.930 --> 00:04:56.059 ထိန်းသိမ်းထားရန် သုံးတဲ့ အနံ့ဆိုးတဲ့ဆေးပါ။ 00:04:56.083 --> 00:04:58.751 အဲဒါဟာ ဒီပြင်နေရာတွေမှာပါ အသုံးဝင်ပါသေးတယ်။ 00:04:58.751 --> 00:05:00.934 ကျွန်မတို့ လိုအပ်တဲ့ ကြေးနီကြိုး သေးသေးလေးကို 00:05:00.958 --> 00:05:03.208 ပြုလုပ်ရာတွင် ၎င်းဟာ သော့ချက် ပစ္စည်းတစ်ခုပါ။ 00:05:04.208 --> 00:05:07.559 formaldehyde ပေါ်မှာ ရှိနေကြတဲ့ အီလက်ထရွန်တွေဆီမှာ တွန်းအားရှိလို့ပါ။ 00:05:07.583 --> 00:05:11.375 အဖိုဓာတ် သွင်းထားတဲ့ ကြေးနီစက်လုံးများ ဆီကို ၎င်းတို့က ခုန်ကူးချင်ကြလို့ပါ။ 00:05:12.500 --> 00:05:16.768 အဲဒီလို ဖြစ်ရတာက Redox ဓာတုဗေဒလို့ ခေါ်တဲ့လုပ်ငန်းစဉ်ကြောင့်ပါ။ 00:05:16.792 --> 00:05:18.059 အဲဒီလို ဖြစ်လာတဲ့အခါမှာ၊ 00:05:18.083 --> 00:05:21.768 အဲဒီ အဖိုဓာတ်အားရှိ ကြေးနီစက်လုံးတွေကို ယူပြီး 00:05:21.792 --> 00:05:24.226 တောက်ပ၊ ဝင်းလက်နေကြတဲ့ ဓာတ်ကူး ကြေးနီ 00:05:24.250 --> 00:05:27.224 အဖြစ် လိုအပ်သလို ပြောင်းလဲ လုပ်ယူနိုင်ပါတယ်။ 00:05:27.224 --> 00:05:29.484 ဓာတ်ကူးကြေးနီ ရှိလာတာနဲ့ 00:05:29.484 --> 00:05:32.244 ကျွန်မတို့ လိုတာအားလုံး ဓာတ်ငွေ့နဲ့ချက်ပြုတ်နိုင်ပါပြီ။ 00:05:32.244 --> 00:05:34.768 အထက်မှာ ပြောပြခဲ့တဲ့ အပြန်အလှန် ဆက်သွယ် ပြောဆိုကြမယ့် 00:05:34.792 --> 00:05:37.103 လျှပ်စစ် အစိတ်အပိုင်းလေးတွေကို ရယူနိုင်ကြပါပြီ။ 00:05:37.103 --> 00:05:39.380 ဒီတော့ နောက်တစ်ခါ ဓာတုဗေဒကို ကျေးဇူးတင်ရပါမယ်။ 00:05:39.625 --> 00:05:41.226 ဆက်ပြီးတော့ ဓာတုဗေဒနဲ့အတူ 00:05:41.250 --> 00:05:44.458 ဘယ်လောက် ဝေးတဲ့နေရာအထိ ရောက်နေကြတာကို စဉ်းစားကြည့်ကြပါစို့။ 00:05:45.583 --> 00:05:48.268 အီလက်ထရောနစ် ဆက်သွယ်ရေးထဲတွင် 00:05:48.292 --> 00:05:49.976 အရွယ်အစားဟာ အရေးကြီးပါတယ်။ 00:05:50.000 --> 00:05:53.434 ဒီတော့ ၁၉၉၀ နှစ်များတုန်းက Zack Morris ဆဲလ်ဖုန်းမှနေပြီး 00:05:53.458 --> 00:05:57.018 ကျွန်မတို့ အိတ်ကပ်ထဲကို ထည့်လို့ရနိုင်မယ့် 00:05:57.042 --> 00:05:58.893 ပိုပြီးချောမွေ့ သေးငယ်တဲ့အရာတစ်ခုခုအထိ 00:05:58.917 --> 00:06:01.934 ချုံ့သေးပစ်အောင် ဘယ်လို လုပ်နိုင်မလဲကို စဉ်းစားကြည့်ကြပါစို့။ 00:06:01.958 --> 00:06:03.476 ဒီနေ့ရဲ့ လက်တွေ့အခြေအနေက 00:06:03.500 --> 00:06:07.351 အမျိုးသမီးတွေရဲ့ ဘောင်းဘီအိတ်ထဲ ထည့်ရနိုင်တာမျိုး မရှိပါဘူး၊ 00:06:07.375 --> 00:06:10.351 အိတ်ကပ်တွေပါတဲ့ အမျိုးသမီး ဘောင်းဘီကို ရှာတွေ့ခဲ့ရင်တောင်ပါ။ 00:06:10.375 --> 00:06:11.393 (ရယ်သံများ) 00:06:11.417 --> 00:06:14.542 အဲဒီ ပြဿနာထဲမှာ ဓာတုဗေဒက ကူပေးနိုင်မယ် မထင်ပါဘူး။ 00:06:16.833 --> 00:06:20.059 ကိရိယာရဲ့ တကယ့်အရွယ်အစားကို ချုံ့ပစ်မယ့်အစား ပိုအရေးကြီးတာက 00:06:20.083 --> 00:06:22.476 ၎င်းထဲက ဆားကစ်ဘုဒ် ဘယ်လို ချုံ့ပစ်မလဲ၊ 00:06:22.500 --> 00:06:24.434 အဲဒါကို အဆ ၁၀၀ ထိ ချုံ့နိုင်ခြင်းဖြင့် 00:06:24.458 --> 00:06:27.851 ဆားကစ်ကို မိုက်ခရွန် စကေးမှ 00:06:27.875 --> 00:06:29.833 နာနိုမီတာ စကေးအထိ သေးလာစေနိုင်ကြမလား။ 00:06:30.193 --> 00:06:32.101 အမှန်တရားက ဘယ်လိုရှိနေလဲ ဆိုတော့ 00:06:32.125 --> 00:06:35.726 ကျွန်မတို့အားလုံး ပိုအားကောင်းပြီး ပိုမြန်ဆန်တဲ့ ဖုန်းတွေကို သုံးချင်ကြတယ်။ 00:06:35.750 --> 00:06:39.917 ပိုအားကောင်း ပိုမြန်မှုက ဆားကစ်တွေကို ပိုပြီး တောင်းဆိုပါမယ်။ 00:06:40.623 --> 00:06:43.018 ဒီတော့ ကျွန်မတို့ ဒါကို ဘယ်လို လုပ်ကြမလဲ။ 00:06:43.042 --> 00:06:46.668 "Honey, I Shrunk the Kids" ရုပ်ရှင်ထဲတွင် 00:06:46.668 --> 00:06:49.731 ပါမောက္ခ Wayne Szalinski က သူ့ကလေးတွေ သေးငယ်အောင် အသုံးပြုခဲ့တဲ့ 00:06:49.731 --> 00:06:51.226 အထူး ရောင်တန်းများ မရှိပါဘူး။ 00:06:51.250 --> 00:06:53.102 သူကတော့ မတော်တဆ လုပ်မိခဲ့တာပါ။ 00:06:53.792 --> 00:06:55.042 ကျွန်မတို့ ကျတော့ကော။ 00:06:55.958 --> 00:06:57.726 ကောင်းပြီ၊ လက်ကွင်းထဲမှာ၊ 00:06:57.750 --> 00:07:00.476 အဲဒါနဲ့ အတော့်ကို ဆင်တူတဲ့ လုပ်ငန်းစဉ်ရှိတယ်။ 00:07:00.500 --> 00:07:03.393 ပြီးတော့ ၎င်းကို photolithography လို့ ခေါ်ပါတယ်။ 00:07:03.417 --> 00:07:06.768 photolithography ထဲတွင် ကျုပ်တို့ဟာ လျှပ်စစ်သံလိုက် ရောင်ခြည်ကို၊ 00:07:06.792 --> 00:07:08.768 တနည်း၊ အလင်းရောင်လို့ ခေါ်တာကို ယူပြီး 00:07:08.792 --> 00:07:11.434 ဆားကစ်ကို ပိုသေးတဲ့ နေရာမှာ 00:07:11.458 --> 00:07:15.125 နေရာယူလာစေရန် ချုံ့ပစ်ကြပါတယ်။ 00:07:17.583 --> 00:07:19.167 အဲဒါ အလုပ်လုပ်ပုံကို ဒီလိုပါ။ 00:07:20.000 --> 00:07:21.934 ကျုပ်တို့ဟာ အချပ်လွှာ တစ်ခုနဲ့ စတင်ကြတယ်၊ 00:07:21.958 --> 00:07:24.893 ၎င်းရဲ့ အပေါ်မှာ အလင်းကို အာရုံခံနိုင်တဲ့ ဖလင်ပါး ရှိပါတယ်။ 00:07:24.917 --> 00:07:28.476 နောက်မှာ ကျုပ်တို့က အဲဒါကို ဆွဲထားတဲ့ပုံစံ ပါတဲ့ အဖုံးဖြင့် အုပ်ပေးကြတယ်၊ 00:07:28.500 --> 00:07:30.903 ဖုန်းကို ကျုပ်တို့ လိုချင်သလို လုပ်ကိုင်လာစေမယ့် 00:07:30.903 --> 00:07:33.893 လိုင်းများနဲ့ အရာများ အဲဒီမှာပါရှိပါတယ်။ 00:07:33.917 --> 00:07:37.643 ကျုပ်တို့ဟာ တောကပ်တဲ့ အဂင်းရောင်ဖြင့် မျက်နှာဖုံးကို ဖောက်ပြီး လင်းစေပါတယ်။ 00:07:37.667 --> 00:07:40.958 မျက်နှာပြင်ပေါ်က ပုံစံရဲ့ အရိပ်ကို ဖန်တီးပေးဖို့ အတွက်ပါ။ 00:07:41.875 --> 00:07:44.809 မျက်နှာဖုံးကို ဖြတ်ပြီး အလင်းနဲ့ ထိမိတဲ့ နေရာတိုင်းမှာ 00:07:44.833 --> 00:07:48.101 ဓာတုဗေဒ ဓာတ်ပြုမှုဖြစ်စေမယ်။ 00:07:48.125 --> 00:07:52.684 အဲဒီလိုနည်းဖြင့် အထက်ကအလွှာထဲက ပုံစံ ပေါ်လာအောင် လောင်ကျွမ်းသွားပါမယ်။ 00:07:52.708 --> 00:07:54.809 ဒီတော့ အခု ရှင်တို့ မေးချင်မယ့် မေးခွန်းက 00:07:54.833 --> 00:07:56.768 လောင်ကျွမ်းထားတဲ့ ပုံဆီကနေပြီး 00:07:56.792 --> 00:07:59.851 ကျုပ်တို့ဟာ ကြည်လင်တဲ့ လိုင်းများနဲ့ ပုံစံများကို ရရှိကြမှာလဲ။ 00:07:59.875 --> 00:08:02.476 အဲဒါ့အတွက် ကျုပ်တို့ဟာ ဓာတုဗေဒ နည်း 00:08:02.500 --> 00:08:04.101 developer ဆိုတာကို သုံးကြပါတယ်။ 00:08:04.125 --> 00:08:06.143 အဲဒီ developer အထူးပါ။ 00:08:06.167 --> 00:08:09.726 ၎င်းဟာ အလင်းနဲ့ မထိခဲ့တဲ့ နေရာတွေကို ယူပြီး 00:08:09.750 --> 00:08:11.684 တမင်ကို ရွေးပြီး ဖယ်ရှားပေးပါတယ်။ 00:08:11.708 --> 00:08:14.643 နောက်မှာ ကြည့်လင် ပြတ်သားတဲ့ လိုင်းတွေသာ ကျန်ရစ်ခဲ့မှာပါ။ 00:08:14.667 --> 00:08:18.040 အဲဒီလိုနည်းဖြင့် ကျုပ်တို့ရဲ့ သေးနုပ်တဲ့ ကိရိယာဟာ လုပ်ကိုင်လာနိုင်ပါတယ်။ 00:08:18.417 --> 00:08:22.101 အခုထိ ရှင်းပြခဲ့သလို ကျုပ်တို့ရဲ့ကိရိယာတွေ တည်ဆောက်ရန် ဓာတုဗေဒကိုသုံးခဲ့သလို၊ 00:08:22.125 --> 00:08:24.686 ကိရိယာများကို ချုံ့ပစ်ရန် အတွက်လည်း သုံးခဲ့ကြတယ်။ 00:08:24.686 --> 00:08:28.384 ဒီတော့ ဓာတုဗေဒဟာ ကျုပ်တို့ရဲ့ တကယ့် သူရဲကောင်းဖြစ်မှန်းကို ရှင်းပြခဲ့လိုက်လို့ 00:08:28.384 --> 00:08:30.687 ကျုပ်တို့ ဒီနေရာမှာ အဆုံးသတ်လို့ ရကောင်းပါရဲ့။ 00:08:30.701 --> 00:08:31.751 (လက်ခုပ်သံများ) 00:08:31.751 --> 00:08:33.557 ခဏစောင့်ကြပါဦး၊ မပြီးသေးဆုံးသေးပါဘူး။ 00:08:33.557 --> 00:08:35.018 ဒီလိုကြီး မြန်ဖို့ မလိုပါဘူး။ 00:08:35.042 --> 00:08:36.893 ကျုပ်တို့အားလုံးက လူသားတွေပဲ မဟုတ်လား။ 00:08:36.917 --> 00:08:39.518 လူသားဆိုတာ အစဉ်ပဲ ပိုပြီးလိုချင်တတ်ပါတယ်။ 00:08:39.542 --> 00:08:42.226 အခုကျတော့ ဓာတုဗေဒကို သုံးစွဲပြီး 00:08:42.250 --> 00:08:45.620 ကိရိယာများထဲမှနေပြီး ပိုပြီး ဘယ်လို ရယူ နိုင်ကြမလဲကို စဉ်းစားကြပါစို့။ 00:08:45.833 --> 00:08:49.809 အခုတလော ကျုပ်တို့အားလုံးဟာ 5G အကြောင်းကို တချိန်လုံး ကြားနေကြရတယ်၊ 00:08:49.833 --> 00:08:52.625 ကတိပေးထားတဲ့ ပဉ္စမ​ြောက် ကြိုးမဲ့ ဆက်သွယ်မှုကို ပြောနေတာပါ။ 00:08:53.458 --> 00:08:55.559 အခုစတင် ပေါ်လာနေကြပြီဖြစ်တဲ့ 00:08:55.583 --> 00:08:58.125 ကြော်ငြာတွေထဲမှာ 5G အကြောင်းကို ကြားခဲ့ဘူးကြမှာပါ။ 00:08:58.708 --> 00:09:00.684 ရှင်တို့ထဲက တချို့များဆိုရင် အဲဒါကို 00:09:00.708 --> 00:09:03.595 ၂၀၁၈ ဆောင်းရာသီအိုလံပစ်တုန်းက လက်တွေ့ စမ်းသပ်နိုင်ခဲ့ကြပါတယ်။ 00:09:03.875 --> 00:09:06.226 5G နဲ့ ပတ်သက်ပြီး ကျွန်မ စိတ်လှုပ်ရှားမိတာက 00:09:06.250 --> 00:09:09.934 ကိုယ်က လေယာဉ်နဲ့ သွားဖို့ရှိနေချိန်မှာ နောက်ကျနေရင် 00:09:09.958 --> 00:09:13.101 မိနစ် ၄၀ အချိန်ယူပြီး ဒေါင်းလုဒ် လုပ်ခဲ့နိုင်တဲ့ ရုပ်ရှင်တွေကို 00:09:13.125 --> 00:09:14.792 စက္ကန့် ၄၀ တည်းနဲ့ ရယူနိုင်ခြင်းပါ။ 00:09:14.910 --> 00:09:17.299 5G အပြည့်အဝသာ ဒီမှာ ရှိလာခဲ့ရင်၊ 00:09:17.299 --> 00:09:20.101 ရုပ်ရှင်နှစ်ခုကို ကိုယ့်ကိရိယာထဲမှာ သိမ်းနိုင်တာထက် 00:09:20.125 --> 00:09:22.078 အရာတော်တော်များများကို ရရှိကြဦးမှာပါ။ 00:09:22.458 --> 00:09:25.458 ဒီတော့ အစစ်အမှန် 5G ဟာ ဒီမှာ မရှိနေခြင်းက မေးစရာပါ။ 00:09:25.805 --> 00:09:28.351 ကျွန်မဟာ လျှို့ဝှက်ချက်ကလေး တစ်ခုကို ပြောပြပါမယ်။ 00:09:28.375 --> 00:09:30.851 အဲဒါကို ဖြေဖို့ လွယ်လွယ်လေးပါ။ 00:09:30.875 --> 00:09:33.468 ဒါပေမဲ့ လက်တွေ့ လုပ်ပေးဖို့ကျတော့ သိပ်ကို ခဲယဉ်းပါတယ်။ 00:09:33.833 --> 00:09:36.684 ခုနက ပြောပြခဲ့တဲ့ အစဉ်အလာ ပစ္စည်းတွေနဲ့ ကြေးနီကို သုံးပြီး 00:09:36.708 --> 00:09:38.601 5G ကိရိယာတွေကို တည်ဆောက်မယ် ဆိုရင်၊ 00:09:38.625 --> 00:09:41.625 ပို့လိုက်တဲ့ အချက်ပြမှုဟာ နောက်ဆုံး နေရာကို မရောက်နိုင်ပါ။ 00:09:43.833 --> 00:09:48.351 အစဉ်အလာအားဖြင့် ကျုပ်တို့ဟာ အလွှာများကို ကာပေးရန် ကြမ်းတမ်းတဲ့ အလွှာတွေကို သုံးလျက် 00:09:48.375 --> 00:09:50.893 ကြေးနီဝါယာကြိုးတွေကို ပံ့ပိုးကြပါတယ်။ 00:09:50.917 --> 00:09:52.976 Velcro ချိတ်တွေ အကြောင်း စဉ်းစားကြည့်ကြပါ။ 00:09:53.000 --> 00:09:57.000 ပစ္စည်းနှစ်ခုရဲ့ ကြမ်းတမ်းမှုကမှ ၎င်းတို့ကို အတူတူချိတ်ကပ်စေတာပါ။ 00:09:57.428 --> 00:09:59.803 အဲဒီအချက်ဟာဖြင့် ကိုယ်သုံးချင်တဲ့ ကိရိယာက 00:09:59.803 --> 00:10:01.746 ဘူးထဲကနေ ထုတ်ယူလိုက်တဲ့ နောက်မှာ 00:10:01.746 --> 00:10:04.018 လိုအပ်တာတွေ အရာအားလုံးကို တပ်ဆင်ပြီးတဲ့ နောက်မှာ 00:10:04.042 --> 00:10:06.090 ရေရှည် သုံးနိုင်ဖို့လည်း လိုအပ်သေးတယ်။ 00:10:06.720 --> 00:10:09.167 ဒါပေမဲ့ အဲဒီကြမ်းတမ်းမှုက ပြဿနာ ဖြစ်လာတယ်။ 00:10:09.958 --> 00:10:13.393 5G ရဲ့ အမြန်နှုန်း အချက်ပြမှုဟာ 00:10:13.417 --> 00:10:17.184 ကြမ်းတမ်းမှုရဲ့ ဘေးမှကပ်ပြီး ဖြတ်သွားရန် လိုအပ်မယ်။ 00:10:17.208 --> 00:10:21.000 အဲဒါကြောင့် အဆုံးနေရာကို မရောက်မီမှာ ပျောက်သွားတတ်ပါတယ်။ 00:10:21.752 --> 00:10:24.018 တောင်တန်းစဉ် တစ်ခုကို စဉ်းစားကြည့်ပါ။ 00:10:24.042 --> 00:10:27.518 ကျုပ်တို့ဆီမှာ အပေါ်အောက် သွားလာရန် ရှုပ်ထွေးတဲ့ လမ်းစနစ်တွေ ရှိပါတယ်။ 00:10:27.542 --> 00:10:30.268 ကိုယ်က အခြားတစ်ဖက်ကို ရောင်ချင်နေတယ်။ 00:10:30.292 --> 00:10:31.559 ဒီလို အခြေအနေမျိုးမှာ 00:10:31.583 --> 00:10:34.976 ကိုယ်ဟာ တောင်တန်းတွေကို တက်လိုက် ဆင်းလိုက်ဖြင့် သွားနေရရင် 00:10:35.000 --> 00:10:37.059 သိပ်ကို ကြာနိုင်ရုံသာမက 00:10:37.083 --> 00:10:39.726 လမ်းကိုတောင် ပျောက်သွား နိုင်တာကို သိထားလို့ 00:10:39.750 --> 00:10:41.763 တောင်တွေကို တိုက်ရိုက် တူးဖောက်ပြီး 00:10:41.763 --> 00:10:44.601 ညီညာနေတဲ့ လှိုဏ်ဂူကို ဖောက်မှုက ပိုအဆင်ပြေမယ် မဟုတ်ပါလား။ 00:10:44.625 --> 00:10:47.309 ကောင်းပြီ၊ ကျုပ်တို့ရဲ့ 5G ထုတ်ကုန်မှာအတူတူပဲ။ 00:10:47.333 --> 00:10:49.684 ခုနက ကြမ်းတမ်းမှုကို ကျုပ်တို့ ဖယ်ရှားပစ်နိုင်ရင်၊ 00:10:49.708 --> 00:10:51.559 ကျုပ်တို့ဟာ 5G အချက်ပြမှုကို 00:10:51.583 --> 00:10:53.601 နှောင့်ယှက်မခံရဘဲ ပို့နိုင်လာကြမှာပါ။ 00:10:53.625 --> 00:10:55.615 အပြောမှာတော့ အတော်ကလေး ဟုတ်သလိုပါပဲ။ 00:10:55.792 --> 00:10:57.059 ဒါပေမဲ့ စဉ်းစားစရာက၊ 00:10:57.083 --> 00:10:59.559 ကိရိယာကို အတူတကွ ထိန်းချုပ်ထားရန် 00:10:59.583 --> 00:11:01.600 အဲဒီကြမ်းတမ်းမှုဟာ လိုအပ်တဲ့ အရာပါ။ 00:11:01.600 --> 00:11:03.976 အဲဒါကို ကျုပ်တို့ ဖယ်ရှားပစ်လိုက်ရင် ကြေးနီဟာ 00:11:04.000 --> 00:11:07.054 အောက်မှာ ရှိနေတဲ့ အလွှာနဲ့ ချိတ်ကပ်စရာ အကြောင်း မရှိတော့ပါ။ 00:11:07.583 --> 00:11:10.434 Lego ဘလော့တွေနဲ့ အိမ်ဆောက်လုပ်ပုံကို စဉ်းစားကြည့်ပါ၊ 00:11:10.458 --> 00:11:14.684 တစ်ခုနဲ့တစ်ခု ချိတ်တွဲလို့ ရနိုင်တဲ့ အရာများ ပါတတ်ပေမဲ့ 00:11:14.708 --> 00:11:17.351 လုံးဝချောမွတ်နေတဲ့ ဘလော့တွေ သာ ရှိနေမယ် ဆိုရင်ကော။ 00:11:17.375 --> 00:11:20.684 နှစ်နှစ်အရွယ် ကလေးက အခန်းထဲကို ဝင်လာပြီး 00:11:20.708 --> 00:11:23.559 အဲဒီ အဆောက်အဦနှစ်ခုကို ဂေါ်ဂျီလာလို ဖျက်ဆီးပစ်လိုရင်၊ 00:11:23.583 --> 00:11:25.917 အဲဒီ နှစ်ခုထဲက ဘယ်ဟာက ပိုပြီး ခံနိုင်ရည် ရှိမလဲ။ 00:11:26.945 --> 00:11:30.523 အဲဒီလို မဟုတ်ဘဲ ချောမွေ့နေ့တဲ့ ဘလော့တွေကို ကော်နဲ့ ကပ်ပေးမယ်ဆိုရင်ကော။ 00:11:31.125 --> 00:11:33.851 စက်မှုလုပ်ငန်းက အဲဒီလို နည်းကို စောင့်စားနေပါတယ်။ 00:11:33.875 --> 00:11:36.976 ဓာတုဗေဒပညာရှင်တွေက ခုနက ကြေးနီဝိုင်ယာများ လွယ်ကူစွာ 00:11:37.000 --> 00:11:39.518 စေးကပ်နိုင်မယ့် မျက်နှာပြင်များကို 00:11:39.542 --> 00:11:41.583 တီထွင်ပေးမှာကို စောင့်နေကြရတယ်။ 00:11:41.583 --> 00:11:43.474 ကျုပ်တို့က ဒီပြဿနာကို ဖြေရှင်းနိုင်ရင်၊ 00:11:43.474 --> 00:11:45.123 အထက်ပါ ပြဿနာကို ဖြေရှင်းနိုင်ကြလို့ 00:11:45.123 --> 00:11:48.137 ရူပဗေဒပညာရှင်များနဲ့ အင်ဂျင်နီယာများနဲ့ ရှေ့ဆက် လုပ်ကိုင်ကြရင်း 00:11:48.137 --> 00:11:51.025 5G ရဲ့ စိန်ခေါ်မှုတွေ အားလုံးကို ဖြေရှင်းကြမယ်။ 00:11:51.025 --> 00:11:54.281 အဲဒီလိုသာဆိုရင် ကိရိယာတွေရဲ့ အရေအတွက်ဟာ တမဟုတ်ချင်း ထိုးတက်သွားပါမယ်။ 00:11:54.281 --> 00:11:57.518 ဟုတ်ပါတယ်၊ ကိုယ့်ဘာသာကိုယ် မောင်းနှင်ကြမယ့် ကားတွေ ရှိလာကြပါမယ်၊ 00:11:57.542 --> 00:12:01.184 အမြန်နှုန်းနဲ့ အခြား အချက်အလက်များကို ကိုင်တွယ်ရန် လိုအပ်တဲ့ 00:12:01.208 --> 00:12:04.643 ဒေတာ ကွန်ရက်တွေလည်း ပေါ်လာကြမှာမို့လို့ပါ။ 00:12:04.667 --> 00:12:07.518 ဒါပေမဲ့ အရာတချို့ကို စိတ်ကူးကြည့်ကြပါစို့။ 00:12:07.542 --> 00:12:11.684 မြေပဲနဲ့ ဓာတ်မတည့်တဲ့ သူငယ်ချင်းနဲ့ စားသောက်ဆိုင် သွားမယ်ဆိုပါစို့၊ 00:12:11.708 --> 00:12:13.476 ကျွန်မဖုန်းကို ထုတ်လိုက်ပြီး 00:12:13.500 --> 00:12:15.485 အစားအစာရဲ့ အပေါ်မှ လှုပ်ရမ်းလိုက်ရုံနဲ့ 00:12:15.485 --> 00:12:17.059 အစားအစာ ကိုယ်၌ကိုက 00:12:17.083 --> 00:12:20.309 ကျုပ်တို့ သိလိုတဲ့ အရေးကြီးတဲ့ မေးခွန်းကို ဖြေလာစေပါလိမ့်မယ်- 00:12:20.333 --> 00:12:23.042 စားသုံးရန် ဘေးကင်းမကင်းကို သိလာရမယ်။ 00:12:23.455 --> 00:12:26.601 နောက်ဖြစ်နိုင်သေးတာက ကျုပ်တို့ရဲ့ ကိရိယာများဟာ 00:12:26.601 --> 00:12:29.953 ကျုပ်တို့အကြောင်း အချက်အလက်တွေကို စီမံဆောင်ရွက်ရာမှာ တော်လွန်လာကြပြီး 00:12:29.953 --> 00:12:32.803 ကျုပ်တို့ရဲ့ ကိုယ်ရေး သင်တန်းဆရာမျိုးလို ဖြစ်လာနိုင်ကြပါတယ်။ 00:12:32.803 --> 00:12:36.338 ကျုပ်တို့ ကယ်လိုရီတွေ လျှော့ချချင်ရင် အကောင်းဆုံးနည်းကို ထောက်ပြနိုင်ပါမယ်။ 00:12:36.338 --> 00:12:37.742 ကျွန်မတို့ အခု နိုဝင်ဘာလနော်၊ 00:12:37.742 --> 00:12:41.293 ကျွန်မ ကိုယ်ဝန်ဆောင်စဉ်တုန်းက တိုးလာခဲ့တဲ့ ပေါင်ချိန် အချို့လျှော့ချင်တော့ 00:12:41.293 --> 00:12:44.408 အဲဒါကို ဘယ်လို ပြုလုပ်သင့်ကြောင်း ကိရိယာရှိရင် သိပ်ကောင်းမှာပေါ့။ 00:12:44.542 --> 00:12:46.976 ဓာတုဗေဒဟာ အရမ်းကို အရေးပါကြောင်းကို 00:12:47.000 --> 00:12:49.143 နောက်ထပ် ဘယ်လိုပြောရမှန်း ကျွန်မ မသိပါ။ 00:12:49.167 --> 00:12:53.018 ဓာတုဗေဒဟာ ဒီအီလက်ထရောနစ် ကိရိယာတွေ အားလုံးကို လုပ်ကိုင်လာစေတာပါ။ 00:12:53.042 --> 00:12:56.528 ဒီတော့ နောက်တစ်ကြိမ်တွင် ရှင်တို့က စာတိုပို့စဉ် ဒါမှမဟုတ် ဆဲလ်ဖီ ရိုက်စဉ်၊ 00:12:56.528 --> 00:12:59.479 ပင်ပမ်းစွာ အလုပ်လုပ်နေကြတဲ့ အက်တမ်တွေ အကြောင်းကို စဉ်းစားကြပါ။ 00:12:59.479 --> 00:13:03.000 ၎င်းတို့ရဲ့ ကျေးဇူးကြောင့် ကျုပ်တို့ သုံးနိုင်တဲ့ အသစ်အဆန်းတွေ စဉ်းစားကြပါ။ 00:13:03.000 --> 00:13:04.292 အခုကျွန်မရဲ့ ဟောပြောချက်ကို 00:13:04.292 --> 00:13:06.775 မိုဘိုင်း ကိရိယာပေါ်မှာပဲဖြစ်ဖြစ် နားထောင်လိုက်ရလို့ 00:13:06.775 --> 00:13:08.684 ရှင်တို့ထဲက တချို့သောသူတို့ကပါ 00:13:08.708 --> 00:13:11.437 အားလုံးကို ဦးဆောင်လုပ်ပေးခဲ့တဲ့ အီလက်ထရောနစ် ကိရိယာများရဲ့ 00:13:11.437 --> 00:13:12.710 တကယ့် သူရဲကောင်း ဓာတုဗေဒထဲ 00:13:12.710 --> 00:13:15.629 ကိုယ့်နည်းကိုယ်ဟန်နဲ့ ပါဝင်ဖို့ ဆုံးဖြတ်နိုင်ကြပါတယ်။ 00:13:15.629 --> 00:13:17.934 ဂရုစိုက် နားထောင်ခဲ့ကြတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ 00:13:17.958 --> 00:13:19.883 ပြီးတော့ ဓာတုဗေဒကိုပါ ကျေးဇူးတင်ပါတယ်။ 00:13:19.883 --> 00:13:22.833 (လက်ခုပ်သံများ)