1 00:00:01,125 --> 00:00:04,928 ကျွန်မ Nokia ဖုန်းအသစ်ဖြင့် အထက်တန်းကျောင်းကို ထွက်လာစဉ် 2 00:00:04,928 --> 00:00:07,624 ကျွန်မ အရင်တုန်းက သုံးခဲ့တဲ့ ပန်းနုရောင် စကားပြောစက်အတွက် 3 00:00:07,624 --> 00:00:11,188 နောက်ဆုံးပေါ် အကောင်းဆုံး အစားထိုးစရာ ကို ပိုင်ဆိုင်ထားပြီလို့ ထင်မိပါတယ်။ 4 00:00:11,188 --> 00:00:14,559 အခုတော့ သူငယ်ချင်းတွေနဲ့ ကျွန်မဟာ စာတိုတွေကို အပြန်အလှန်ပို့နိုင်ပြီ။ 5 00:00:14,583 --> 00:00:15,851 ကျွန်မတို့ ဘယ်မှာပဲ ရှိရှိ 6 00:00:15,875 --> 00:00:17,797 ပြေးလွှားရင်း၊ အိမ်နောက်ဘက်မှာ ကစားနေစဉ် 7 00:00:17,797 --> 00:00:20,393 အချိန်မရွေး ဆက်သွယ် စာရေးလို့ ရလာနိုင်ခဲ့ပါပြီ။ 8 00:00:20,417 --> 00:00:22,467 ကျွန်မ အကြောင်းတစ်ခုကို ဝန်ခံပြောချင်တယ်။ 9 00:00:22,467 --> 00:00:26,304 အဲဒီတုန်းက ဒီကိရိယာတွေကို ဘယ်လို ပြုလုပ်ထားမှန်း သိပ်မစဉ်းစားမိခဲ့ပါဘူး။ 10 00:00:26,304 --> 00:00:28,809 ခရစ်စမတ် နံနက်ခင်းတွင် ၎င်းတို့ဟာ ပေါ်လာတတ်ခဲ့ပါတယ်။ 11 00:00:28,833 --> 00:00:32,207 အဲဒါတွေကို Santa ရဲ့အလုပ်ရုံထဲက elves တွေ လုပ်ခဲ့ကြတာ ဖြစ်နိုင်တယ်။ 12 00:00:32,875 --> 00:00:35,018 မေးခွန်းတစ်ခုမေးပါရစေ 13 00:00:35,042 --> 00:00:38,208 ဒီကိရိယာတွေကို တကယ်ထုတ်လုပ်ပေးကြတဲ့ သူတွေက ဘယ်သူတွေလို့ ထင်ကြပါသလဲ။ 14 00:00:38,683 --> 00:00:41,476 ကျွန်မသိတဲ့ လူတော်တော်များများကို မေးကြည့်ခဲ့တော့ 15 00:00:41,500 --> 00:00:45,143 Silicon Valley က ဆော့ဝဲအင်ဂျင်နီယာတွေ ပါလို့ ဖြေကြားခဲ့ကြပါတယ်။ 16 00:00:45,167 --> 00:00:46,973 ကုဒ်တွေ ထည့်သွင်းပေးကြတဲ့ သူတွေလေ။ 17 00:00:47,003 --> 00:00:49,768 ဒါပေမဲ့ ဒီကိရိယာတွေ သုံးနိုင်ရန် အသင့်ဖြစ်လာဖို့အတွက် 18 00:00:49,792 --> 00:00:52,365 ကုဒ်တွေအတွက် အသင့်ဖြစ်လာဖို့ လုပ်ပေးရတာ အများကြီးပါပဲ။ 19 00:00:52,365 --> 00:00:55,643 ဒီကိရိယာတွေကို အက်တမ် အဆင့်မှ စတင်ထုတ်လုပ်ရပါတယ်။ 20 00:00:55,667 --> 00:00:57,351 ဒီတော့ တကယ်တမ်း လုပ်ပေးကြသူတွေက 21 00:00:57,375 --> 00:00:59,958 ဓာတုဗေဒပညာရှင်တွေပါလို့ ကျွန်မက ဆိုချင်ပါတယ်။ 22 00:01:00,555 --> 00:01:03,125 ဟုတ်ပါတယ်၊ ဓာတုဗေဒပညာရှင်တွေလို့ ကျွန်မပြောချင်တယ်။ 23 00:01:04,000 --> 00:01:08,184 ဓာတုဗေဒ ဟာ အီလက်ထရောနစ် ဆက်သွယ်မှုရဲ့ သူရဲကောင်းပါ။ 24 00:01:08,208 --> 00:01:10,976 ဒီနေ့ ကျွန်မက ရှင်တို့အားလုံး အဲဒါကို 25 00:01:11,000 --> 00:01:12,810 သဘောတူလက်ခံလာအောင် နားချမှာပါ။ 26 00:01:13,667 --> 00:01:15,559 ကောင်းပြီ၊ ရိုးရိုးလေး စတင်လျက် 27 00:01:15,583 --> 00:01:20,018 ကျွန်မတို့ မသုံးဘဲမနေနိုင်ကြတဲ့ ဒီကိရိယာ တွေရဲ့ အတွင်းပိုင်းကို ကြည့်ကြရအောင်။ 28 00:01:20,042 --> 00:01:22,059 ဓာတုဗေဒကသာ ကူမပေးခဲ့ရင် 29 00:01:22,083 --> 00:01:25,976 ကျွန်မတို့ ကြိုက်ကြတဲ့ အချက်အလက်များရဲ့ ဆူပါလမ်းမကြီးဟာ 30 00:01:26,000 --> 00:01:29,292 အကုန်အကျကြီးမားလှတဲ့ စာရွက်ထုပ်ကြီး ဖြစ်ပါလိမ့်မည်။ 31 00:01:30,708 --> 00:01:33,250 ဓာတုဗေဒဟာ ဒီအလွှာတွေအားလုံးကို အသက်သွင်းပေးပါတယ်။ 32 00:01:34,167 --> 00:01:36,351 ပုံတွေပြပေးပုံမှ စတင်ကြပါစို့။ 33 00:01:36,375 --> 00:01:38,934 ကျွန်မတို့ စွဲမက်ကြတဲ့ အခုလို တောက်ပ စိုပြေတဲ့ 34 00:01:38,958 --> 00:01:41,143 အရောင်တွေကို ကျွန်မတို့ ဘယ်လိုရတယ် ထင်ပါသလဲ။ 35 00:01:41,167 --> 00:01:42,788 ကောင်းပြီ၊ ကျွန်မပြောပြပေးပါမယ်။ 36 00:01:42,788 --> 00:01:45,268 အော်ဂဲနစ်ပိုလီမာတွေကို စခရင်ထဲမှာ ထည့်သွင်းပေးထားတယ်၊ 37 00:01:45,292 --> 00:01:49,476 ၎င်းတို့ဟာ လျှပ်စစ်ကိုရယူလျက် အပြာ၊ အနီနဲ့ အစိမ်းရောင်တွေကို 38 00:01:49,500 --> 00:01:51,500 ကျွန်မတို့အတွက် ပြသပေးကြပါတယ်။ 39 00:01:52,750 --> 00:01:54,976 ဘက်ထရီဘာက်ကို သွားကြည့်ကြပါစို့။ 40 00:01:55,000 --> 00:01:57,309 ဒီမှာတော့ အပြင်းအထန် လေ့လာကြဖို့ လိုပါမယ်။ 41 00:01:57,333 --> 00:02:01,184 အစဉ်အလာ ဘက်ထရီတွေရဲ့ အခြေခံမူတွေကိုပဲ ယူပြီး 42 00:02:01,208 --> 00:02:04,601 ဧရိယာကြီးမားတဲ့ လျှပ်ခေါင်းအသစ်တွေကို တွဲဖက်ပေးခြင်းဖြင့် 43 00:02:04,625 --> 00:02:08,098 နေရာကျဉ်းကျဉ်းလေးတွင် အားကိုပိုပြီး သွင်းပေးနိုင်လို့ 44 00:02:08,098 --> 00:02:10,643 ကျွန်မတို့ ဆယ်လ်ဖီ ရိုက်နေရင်း တစ်နေ့လုံး သုံးနေစဉ် 45 00:02:10,667 --> 00:02:12,351 ဘက်ထရီတွေကို ပြန်အားသွင်းရန် 46 00:02:12,375 --> 00:02:14,309 ဒါမှမဟုတ် ပလပ်ကို တချိန်လုံး ထိုးထားရန် 47 00:02:14,333 --> 00:02:16,583 မလိုအပ်ပဲ သုံးစွဲနိုင်ကြတာပါ။ 48 00:02:18,125 --> 00:02:21,643 ပြီးတော့ ကျွန်မတို့ မကြာခဏ ထုတ်သုံးတာကို ခံနိုင်ရည် ရှိအောင် 49 00:02:21,667 --> 00:02:24,518 ပါဝင်ပစ္စည်းအားလုံးကို ကပ်ပေးတဲ့ ကော်ကလည်း လေ့လာစရာပါ။ 50 00:02:24,542 --> 00:02:26,742 ကျွန်မက နှစ်ထောင်ပြည့်နှစ်မှာ မွေးခဲ့သူဆိုတော့ 51 00:02:26,742 --> 00:02:30,476 ကျွန်မဖုန်းကို စစ်ကြည့်ရန် အနည်းဆုံး အကြိမ် ၂၀၀ ထုတ်ယူခဲ့ပြီး 52 00:02:30,500 --> 00:02:33,333 သုံးကြိမ်လောက် ချပစ်လျက် စမ်းသပ်ကြည့်ခဲ့ပါသေးတယ်။ 53 00:02:35,822 --> 00:02:38,226 ဒါပေမဲ့ ဒီစက်တွေရဲ့ တကယ့်ဦးနှောက်က ဘာတွေများလဲ။ 54 00:02:38,250 --> 00:02:42,059 ကျွန်မ ဒီလောက်ကြီး သဘောကျအောင် ဘာတွေက ၎င်းတို့ကို လုပ်ကိုင်စေတာလဲ။ 55 00:02:42,083 --> 00:02:45,184 ဆားကစ်ဘုဒ်ထဲမှာ အားလုံးကို ပုံနှိပ်ပေးထားတဲ့ 56 00:02:45,208 --> 00:02:48,469 လျှပ်စစ် အစိတ်အပိုင်းတွေက အဲဒါကို လုပ်ကိုင်ပေးကြပါတယ်။ 57 00:02:48,469 --> 00:02:51,498 ရှင်တို့ ပိုကြိုက်မယ်ဆိုရင် ဇီဝဗေဒ ဥပမာဖြင့် ပြောပြနိုင်ပါမယ်-- 58 00:02:51,498 --> 00:02:53,417 Motherboard ဆိုတာ ကြားဖူးခဲ့ကြမှာပါ။ 59 00:02:54,220 --> 00:02:57,639 ပုံနှိပ်ဆားကစ်ဘုဒ်တွေကို အခုနောက်ပိုင်းမှာ သိပ် မသုံးနှုံးကြတော့ပါဘူး။ 60 00:02:57,639 --> 00:03:00,559 အဲဒီလို ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ကျွန်မ တကယ့်ကို မသိပါ။ 61 00:03:00,583 --> 00:03:02,913 အဲဒါဟာ စွဲဆောင်မှုအနည်းဆုံး အလွှာဖြစ်လို့များလား၊ 62 00:03:02,913 --> 00:03:06,518 များပြားလှတဲ့ အလွှာတွေရဲ့ အောက်ဆုံးမှာ ပုန်းကွယ်နေလို့လား မပြောတတ်ပါ။ 63 00:03:06,542 --> 00:03:09,851 တကယ်တော့ ဒီ Clark Kent အလွှာကို၊ 64 00:03:09,875 --> 00:03:13,643 ဆူပါမင်လို ချီးမွမ်းထိုက်တဲ့ အလွှာကို လေ့လာကြည့်ကြပါစို့။ 65 00:03:13,667 --> 00:03:16,184 ကျွန်မက မေးခွန်း တစ်ခုကို မေးမယ်။ 66 00:03:16,208 --> 00:03:18,673 ပုံနှိပ်ဆားကစ်ဘုဒ်ကို ရှင်တို့ ဘယ်လိုများ ထင်ကြလဲ။ 67 00:03:18,970 --> 00:03:21,171 ရှင်းပြဖို့အတွက် ဥပမာနဲ့ ပြရပါမယ်။ 68 00:03:21,171 --> 00:03:23,851 ရှင်တို့ နေထိုင်ကြတဲ့ မြို့အကြောင်းကို စဉ်းစားကြည့်ကြပါ။ 69 00:03:23,875 --> 00:03:27,184 ရှင်တို့ သွားလာကျ စိတ်ဝင်စားစရာ နေရာတွေ ရှိကြမှာပါ- 70 00:03:27,208 --> 00:03:30,101 ကိုယ့်နေအိမ်၊ ကိုယ့်အလုပ်၊ စားသောက်ဆိုင်တွေ၊ 71 00:03:30,125 --> 00:03:32,745 ဟိုတစ်နေရာ ဒီတစ်နေရာမှာ ရှိကြတဲ့ Starbucks ဆိုင်တွေ။ 72 00:03:33,208 --> 00:03:36,458 အဲဒါတွေကို ဆက်သွယ်ဖို့ ကျွန်မတို့ဟာ လမ်းတွေကို ဆောက်ပေးကြရတယ်။ 73 00:03:37,833 --> 00:03:40,351 ပုံနှိပ်ဆားကစ်ဘုဒ်ဆိုတာ အဲဒါမျိုးပါ။ 74 00:03:40,375 --> 00:03:43,143 ဒါပေမဲ့ ခုနက စားသောက်ဆိုင်တွေလို အရာတွေအပြင် 75 00:03:43,167 --> 00:03:46,804 အဲဒီမှာ ချစ်ပ်ထဲတွင် ထရန်စစ္စတာတွေ ရှိမယ်၊ 76 00:03:46,804 --> 00:03:48,268 capacitor ​တွေ၊ resistor တွေ 77 00:03:48,292 --> 00:03:50,768 တစ်ခုနဲ့တစ်ခု ဆက်သွယ်အလုပ်လုပ်ဖို့ လိုအပ်ကြတဲ့ 78 00:03:50,792 --> 00:03:53,976 ဒီ့ပြင် လျှပ်စစ်အစိတ်အပိုင်းလေးတွေ အဲဒီမှာ ရှိကြပါသေးတယ်။. 79 00:03:54,000 --> 00:03:56,270 ဒီလိုဆို ကျွန်မတို့ရဲ့ လမ်းတွေက ဘာတွေများလဲ။ 80 00:03:56,667 --> 00:03:59,417 ကောင်းပြီ၊ ကြေးနီဝါယာကြိုး သေးသေးလေးတွေပါ။ 81 00:03:59,647 --> 00:04:01,294 အဲဒီနောက်မှာ ကျွန်မတို့က 82 00:04:01,294 --> 00:04:04,226 ကြေးနီကြိုးသေးသေးလေးတွေကို ဘယ်လိုများ လုပ်ပေးကြလဲ မေးစရာပါ။ 83 00:04:04,250 --> 00:04:05,893 ၎င်းတို့ဟာ သိပ်ကို သေးလှပါတယ်။ 84 00:04:05,917 --> 00:04:08,393 ကျွန်မတို့က ဟာ့ဒ်ဝဲစတိုးဆိုင်ကို သွားပြီး 85 00:04:08,417 --> 00:04:10,393 ကြေးနီဝါယာခွေကို ဝယ်ယူပြီး၊ 86 00:04:10,417 --> 00:04:13,393 ဝါယာကြိုးညှပ်စက်ကလေးနဲ့ 87 00:04:13,417 --> 00:04:16,792 လိုအပ်သလို ဖြတ်ညှပ်ယူပြီး ဆားကက်ဘုဒ် လုပ်နိုင်မလား။ 88 00:04:18,000 --> 00:04:19,268 ဘယ်လိုမှ မဖြစ်နိုင်ပါ။ 89 00:04:19,292 --> 00:04:21,726 အဲဒီဝါယာကြိုးတွေက သိပ်ကိုသေးလွန်းလှတယ်။ 90 00:04:21,750 --> 00:04:25,375 ဒီနေရာမှာလည်း ကျွန်မတို့ဟာ ဓာတုဗေဒ မိတ်ဆွေကြီးကိုပဲ အားကိုးရပါမယ်။ 91 00:04:26,708 --> 00:04:29,809 အဲဒီလို ဝါယာကြိုးသေးသေးလေးတွေကို ပြုလုပ်ပေးတဲ့ ဓာတုဗေဒနည်းဟာ 92 00:04:29,833 --> 00:04:31,851 သိပ်ကို ရိုးရှင်းပါတယ်။ 93 00:04:31,875 --> 00:04:33,643 ကျွန်မတို့ စတင်မယ့်နည်းက 94 00:04:33,667 --> 00:04:37,059 အဖိုဓာတ်သွင်းထားတဲ့ ကြေးနီအလုံးတွေပါ။ 95 00:04:37,083 --> 00:04:41,518 ကျွန်မတို့က အဲဒီထဲကို အကာပါတဲ့ ဆားကစ်ဘုဒ်ကို ထည့်ပေးကြမယ်။ 96 00:04:41,542 --> 00:04:44,054 ပြီးရင် အဖိုဓာတ် အားသွင်းထားတဲ့ စက်လုံးတွေကို 97 00:04:44,054 --> 00:04:46,446 အမဓာတ် သွင်းပေးထားတဲ့ အီလက်ထရွန်များကို ထည့်ပေးရင်း 98 00:04:46,446 --> 00:04:49,143 နှစ်ခုရောထားတဲ့ အထဲကို formaldehyde ကိုထည့်သွင်းပေးကြမယ်။ 99 00:04:49,167 --> 00:04:51,338 formaldehyde ကို ရှင်တို့ မှတ်မိကြမယ် ထင်တယ်။ 100 00:04:51,338 --> 00:04:52,930 ဇီဝဗေဒ သင်တန်းတွေမှာ ဖားတွေကို 101 00:04:52,930 --> 00:04:56,059 ထိန်းသိမ်းထားရန် သုံးတဲ့ အနံ့ဆိုးတဲ့ဆေးပါ။ 102 00:04:56,083 --> 00:04:58,751 အဲဒါဟာ ဒီပြင်နေရာတွေမှာပါ အသုံးဝင်ပါသေးတယ်။ 103 00:04:58,751 --> 00:05:00,934 ကျွန်မတို့ လိုအပ်တဲ့ ကြေးနီကြိုး သေးသေးလေးကို 104 00:05:00,958 --> 00:05:03,208 ပြုလုပ်ရာတွင် ၎င်းဟာ သော့ချက် ပစ္စည်းတစ်ခုပါ။ 105 00:05:04,208 --> 00:05:07,559 formaldehyde ပေါ်မှာ ရှိနေကြတဲ့ အီလက်ထရွန်တွေဆီမှာ တွန်းအားရှိလို့ပါ။ 106 00:05:07,583 --> 00:05:11,375 အဖိုဓာတ် သွင်းထားတဲ့ ကြေးနီစက်လုံးများ ဆီကို ၎င်းတို့က ခုန်ကူးချင်ကြလို့ပါ။ 107 00:05:12,500 --> 00:05:16,768 အဲဒီလို ဖြစ်ရတာက Redox ဓာတုဗေဒလို့ ခေါ်တဲ့လုပ်ငန်းစဉ်ကြောင့်ပါ။ 108 00:05:16,792 --> 00:05:18,059 အဲဒီလို ဖြစ်လာတဲ့အခါမှာ၊ 109 00:05:18,083 --> 00:05:21,768 အဲဒီ အဖိုဓာတ်အားရှိ ကြေးနီစက်လုံးတွေကို ယူပြီး 110 00:05:21,792 --> 00:05:24,226 တောက်ပ၊ ဝင်းလက်နေကြတဲ့ ဓာတ်ကူး ကြေးနီ 111 00:05:24,250 --> 00:05:27,224 အဖြစ် လိုအပ်သလို ပြောင်းလဲ လုပ်ယူနိုင်ပါတယ်။ 112 00:05:27,224 --> 00:05:29,484 ဓာတ်ကူးကြေးနီ ရှိလာတာနဲ့ 113 00:05:29,484 --> 00:05:32,244 ကျွန်မတို့ လိုတာအားလုံး ဓာတ်ငွေ့နဲ့ချက်ပြုတ်နိုင်ပါပြီ။ 114 00:05:32,244 --> 00:05:34,768 အထက်မှာ ပြောပြခဲ့တဲ့ အပြန်အလှန် ဆက်သွယ် ပြောဆိုကြမယ့် 115 00:05:34,792 --> 00:05:37,103 လျှပ်စစ် အစိတ်အပိုင်းလေးတွေကို ရယူနိုင်ကြပါပြီ။ 116 00:05:37,103 --> 00:05:39,380 ဒီတော့ နောက်တစ်ခါ ဓာတုဗေဒကို ကျေးဇူးတင်ရပါမယ်။ 117 00:05:39,625 --> 00:05:41,226 ဆက်ပြီးတော့ ဓာတုဗေဒနဲ့အတူ 118 00:05:41,250 --> 00:05:44,458 ဘယ်လောက် ဝေးတဲ့နေရာအထိ ရောက်နေကြတာကို စဉ်းစားကြည့်ကြပါစို့။ 119 00:05:45,583 --> 00:05:48,268 အီလက်ထရောနစ် ဆက်သွယ်ရေးထဲတွင် 120 00:05:48,292 --> 00:05:49,976 အရွယ်အစားဟာ အရေးကြီးပါတယ်။ 121 00:05:50,000 --> 00:05:53,434 ဒီတော့ ၁၉၉၀ နှစ်များတုန်းက Zack Morris ဆဲလ်ဖုန်းမှနေပြီး 122 00:05:53,458 --> 00:05:57,018 ကျွန်မတို့ အိတ်ကပ်ထဲကို ထည့်လို့ရနိုင်မယ့် 123 00:05:57,042 --> 00:05:58,893 ပိုပြီးချောမွေ့ သေးငယ်တဲ့အရာတစ်ခုခုအထိ 124 00:05:58,917 --> 00:06:01,934 ချုံ့သေးပစ်အောင် ဘယ်လို လုပ်နိုင်မလဲကို စဉ်းစားကြည့်ကြပါစို့။ 125 00:06:01,958 --> 00:06:03,476 ဒီနေ့ရဲ့ လက်တွေ့အခြေအနေက 126 00:06:03,500 --> 00:06:07,351 အမျိုးသမီးတွေရဲ့ ဘောင်းဘီအိတ်ထဲ ထည့်ရနိုင်တာမျိုး မရှိပါဘူး၊ 127 00:06:07,375 --> 00:06:10,351 အိတ်ကပ်တွေပါတဲ့ အမျိုးသမီး ဘောင်းဘီကို ရှာတွေ့ခဲ့ရင်တောင်ပါ။ 128 00:06:10,375 --> 00:06:11,393 (ရယ်သံများ) 129 00:06:11,417 --> 00:06:14,542 အဲဒီ ပြဿနာထဲမှာ ဓာတုဗေဒက ကူပေးနိုင်မယ် မထင်ပါဘူး။ 130 00:06:16,833 --> 00:06:20,059 ကိရိယာရဲ့ တကယ့်အရွယ်အစားကို ချုံ့ပစ်မယ့်အစား ပိုအရေးကြီးတာက 131 00:06:20,083 --> 00:06:22,476 ၎င်းထဲက ဆားကစ်ဘုဒ် ဘယ်လို ချုံ့ပစ်မလဲ၊ 132 00:06:22,500 --> 00:06:24,434 အဲဒါကို အဆ ၁၀၀ ထိ ချုံ့နိုင်ခြင်းဖြင့် 133 00:06:24,458 --> 00:06:27,851 ဆားကစ်ကို မိုက်ခရွန် စကေးမှ 134 00:06:27,875 --> 00:06:29,833 နာနိုမီတာ စကေးအထိ သေးလာစေနိုင်ကြမလား။ 135 00:06:30,193 --> 00:06:32,101 အမှန်တရားက ဘယ်လိုရှိနေလဲ ဆိုတော့ 136 00:06:32,125 --> 00:06:35,726 ကျွန်မတို့အားလုံး ပိုအားကောင်းပြီး ပိုမြန်ဆန်တဲ့ ဖုန်းတွေကို သုံးချင်ကြတယ်။ 137 00:06:35,750 --> 00:06:39,917 ပိုအားကောင်း ပိုမြန်မှုက ဆားကစ်တွေကို ပိုပြီး တောင်းဆိုပါမယ်။ 138 00:06:40,623 --> 00:06:43,018 ဒီတော့ ကျွန်မတို့ ဒါကို ဘယ်လို လုပ်ကြမလဲ။ 139 00:06:43,042 --> 00:06:46,668 "Honey, I Shrunk the Kids" ရုပ်ရှင်ထဲတွင် 140 00:06:46,668 --> 00:06:49,731 ပါမောက္ခ Wayne Szalinski က သူ့ကလေးတွေ သေးငယ်အောင် အသုံးပြုခဲ့တဲ့ 141 00:06:49,731 --> 00:06:51,226 အထူး ရောင်တန်းများ မရှိပါဘူး။ 142 00:06:51,250 --> 00:06:53,102 သူကတော့ မတော်တဆ လုပ်မိခဲ့တာပါ။ 143 00:06:53,792 --> 00:06:55,042 ကျွန်မတို့ ကျတော့ကော။ 144 00:06:55,958 --> 00:06:57,726 ကောင်းပြီ၊ လက်ကွင်းထဲမှာ၊ 145 00:06:57,750 --> 00:07:00,476 အဲဒါနဲ့ အတော့်ကို ဆင်တူတဲ့ လုပ်ငန်းစဉ်ရှိတယ်။ 146 00:07:00,500 --> 00:07:03,393 ပြီးတော့ ၎င်းကို photolithography လို့ ခေါ်ပါတယ်။ 147 00:07:03,417 --> 00:07:06,768 photolithography ထဲတွင် ကျုပ်တို့ဟာ လျှပ်စစ်သံလိုက် ရောင်ခြည်ကို၊ 148 00:07:06,792 --> 00:07:08,768 တနည်း၊ အလင်းရောင်လို့ ခေါ်တာကို ယူပြီး 149 00:07:08,792 --> 00:07:11,434 ဆားကစ်ကို ပိုသေးတဲ့ နေရာမှာ 150 00:07:11,458 --> 00:07:15,125 နေရာယူလာစေရန် ချုံ့ပစ်ကြပါတယ်။ 151 00:07:17,583 --> 00:07:19,167 အဲဒါ အလုပ်လုပ်ပုံကို ဒီလိုပါ။ 152 00:07:20,000 --> 00:07:21,934 ကျုပ်တို့ဟာ အချပ်လွှာ တစ်ခုနဲ့ စတင်ကြတယ်၊ 153 00:07:21,958 --> 00:07:24,893 ၎င်းရဲ့ အပေါ်မှာ အလင်းကို အာရုံခံနိုင်တဲ့ ဖလင်ပါး ရှိပါတယ်။ 154 00:07:24,917 --> 00:07:28,476 နောက်မှာ ကျုပ်တို့က အဲဒါကို ဆွဲထားတဲ့ပုံစံ ပါတဲ့ အဖုံးဖြင့် အုပ်ပေးကြတယ်၊ 155 00:07:28,500 --> 00:07:30,903 ဖုန်းကို ကျုပ်တို့ လိုချင်သလို လုပ်ကိုင်လာစေမယ့် 156 00:07:30,903 --> 00:07:33,893 လိုင်းများနဲ့ အရာများ အဲဒီမှာပါရှိပါတယ်။ 157 00:07:33,917 --> 00:07:37,643 ကျုပ်တို့ဟာ တောကပ်တဲ့ အဂင်းရောင်ဖြင့် မျက်နှာဖုံးကို ဖောက်ပြီး လင်းစေပါတယ်။ 158 00:07:37,667 --> 00:07:40,958 မျက်နှာပြင်ပေါ်က ပုံစံရဲ့ အရိပ်ကို ဖန်တီးပေးဖို့ အတွက်ပါ။ 159 00:07:41,875 --> 00:07:44,809 မျက်နှာဖုံးကို ဖြတ်ပြီး အလင်းနဲ့ ထိမိတဲ့ နေရာတိုင်းမှာ 160 00:07:44,833 --> 00:07:48,101 ဓာတုဗေဒ ဓာတ်ပြုမှုဖြစ်စေမယ်။ 161 00:07:48,125 --> 00:07:52,684 အဲဒီလိုနည်းဖြင့် အထက်ကအလွှာထဲက ပုံစံ ပေါ်လာအောင် လောင်ကျွမ်းသွားပါမယ်။ 162 00:07:52,708 --> 00:07:54,809 ဒီတော့ အခု ရှင်တို့ မေးချင်မယ့် မေးခွန်းက 163 00:07:54,833 --> 00:07:56,768 လောင်ကျွမ်းထားတဲ့ ပုံဆီကနေပြီး 164 00:07:56,792 --> 00:07:59,851 ကျုပ်တို့ဟာ ကြည်လင်တဲ့ လိုင်းများနဲ့ ပုံစံများကို ရရှိကြမှာလဲ။ 165 00:07:59,875 --> 00:08:02,476 အဲဒါ့အတွက် ကျုပ်တို့ဟာ ဓာတုဗေဒ နည်း 166 00:08:02,500 --> 00:08:04,101 developer ဆိုတာကို သုံးကြပါတယ်။ 167 00:08:04,125 --> 00:08:06,143 အဲဒီ developer အထူးပါ။ 168 00:08:06,167 --> 00:08:09,726 ၎င်းဟာ အလင်းနဲ့ မထိခဲ့တဲ့ နေရာတွေကို ယူပြီး 169 00:08:09,750 --> 00:08:11,684 တမင်ကို ရွေးပြီး ဖယ်ရှားပေးပါတယ်။ 170 00:08:11,708 --> 00:08:14,643 နောက်မှာ ကြည့်လင် ပြတ်သားတဲ့ လိုင်းတွေသာ ကျန်ရစ်ခဲ့မှာပါ။ 171 00:08:14,667 --> 00:08:18,040 အဲဒီလိုနည်းဖြင့် ကျုပ်တို့ရဲ့ သေးနုပ်တဲ့ ကိရိယာဟာ လုပ်ကိုင်လာနိုင်ပါတယ်။ 172 00:08:18,417 --> 00:08:22,101 အခုထိ ရှင်းပြခဲ့သလို ကျုပ်တို့ရဲ့ကိရိယာတွေ တည်ဆောက်ရန် ဓာတုဗေဒကိုသုံးခဲ့သလို၊ 173 00:08:22,125 --> 00:08:24,686 ကိရိယာများကို ချုံ့ပစ်ရန် အတွက်လည်း သုံးခဲ့ကြတယ်။ 174 00:08:24,686 --> 00:08:28,384 ဒီတော့ ဓာတုဗေဒဟာ ကျုပ်တို့ရဲ့ တကယ့် သူရဲကောင်းဖြစ်မှန်းကို ရှင်းပြခဲ့လိုက်လို့ 175 00:08:28,384 --> 00:08:30,687 ကျုပ်တို့ ဒီနေရာမှာ အဆုံးသတ်လို့ ရကောင်းပါရဲ့။ 176 00:08:30,701 --> 00:08:31,751 (လက်ခုပ်သံများ) 177 00:08:31,751 --> 00:08:33,557 ခဏစောင့်ကြပါဦး၊ မပြီးသေးဆုံးသေးပါဘူး။ 178 00:08:33,557 --> 00:08:35,018 ဒီလိုကြီး မြန်ဖို့ မလိုပါဘူး။ 179 00:08:35,042 --> 00:08:36,893 ကျုပ်တို့အားလုံးက လူသားတွေပဲ မဟုတ်လား။ 180 00:08:36,917 --> 00:08:39,518 လူသားဆိုတာ အစဉ်ပဲ ပိုပြီးလိုချင်တတ်ပါတယ်။ 181 00:08:39,542 --> 00:08:42,226 အခုကျတော့ ဓာတုဗေဒကို သုံးစွဲပြီး 182 00:08:42,250 --> 00:08:45,620 ကိရိယာများထဲမှနေပြီး ပိုပြီး ဘယ်လို ရယူ နိုင်ကြမလဲကို စဉ်းစားကြပါစို့။ 183 00:08:45,833 --> 00:08:49,809 အခုတလော ကျုပ်တို့အားလုံးဟာ 5G အကြောင်းကို တချိန်လုံး ကြားနေကြရတယ်၊ 184 00:08:49,833 --> 00:08:52,625 ကတိပေးထားတဲ့ ပဉ္စမ​ြောက် ကြိုးမဲ့ ဆက်သွယ်မှုကို ပြောနေတာပါ။ 185 00:08:53,458 --> 00:08:55,559 အခုစတင် ပေါ်လာနေကြပြီဖြစ်တဲ့ 186 00:08:55,583 --> 00:08:58,125 ကြော်ငြာတွေထဲမှာ 5G အကြောင်းကို ကြားခဲ့ဘူးကြမှာပါ။ 187 00:08:58,708 --> 00:09:00,684 ရှင်တို့ထဲက တချို့များဆိုရင် အဲဒါကို 188 00:09:00,708 --> 00:09:03,595 ၂၀၁၈ ဆောင်းရာသီအိုလံပစ်တုန်းက လက်တွေ့ စမ်းသပ်နိုင်ခဲ့ကြပါတယ်။ 189 00:09:03,875 --> 00:09:06,226 5G နဲ့ ပတ်သက်ပြီး ကျွန်မ စိတ်လှုပ်ရှားမိတာက 190 00:09:06,250 --> 00:09:09,934 ကိုယ်က လေယာဉ်နဲ့ သွားဖို့ရှိနေချိန်မှာ နောက်ကျနေရင် 191 00:09:09,958 --> 00:09:13,101 မိနစ် ၄၀ အချိန်ယူပြီး ဒေါင်းလုဒ် လုပ်ခဲ့နိုင်တဲ့ ရုပ်ရှင်တွေကို 192 00:09:13,125 --> 00:09:14,792 စက္ကန့် ၄၀ တည်းနဲ့ ရယူနိုင်ခြင်းပါ။ 193 00:09:14,910 --> 00:09:17,299 5G အပြည့်အဝသာ ဒီမှာ ရှိလာခဲ့ရင်၊ 194 00:09:17,299 --> 00:09:20,101 ရုပ်ရှင်နှစ်ခုကို ကိုယ့်ကိရိယာထဲမှာ သိမ်းနိုင်တာထက် 195 00:09:20,125 --> 00:09:22,078 အရာတော်တော်များများကို ရရှိကြဦးမှာပါ။ 196 00:09:22,458 --> 00:09:25,458 ဒီတော့ အစစ်အမှန် 5G ဟာ ဒီမှာ မရှိနေခြင်းက မေးစရာပါ။ 197 00:09:25,805 --> 00:09:28,351 ကျွန်မဟာ လျှို့ဝှက်ချက်ကလေး တစ်ခုကို ပြောပြပါမယ်။ 198 00:09:28,375 --> 00:09:30,851 အဲဒါကို ဖြေဖို့ လွယ်လွယ်လေးပါ။ 199 00:09:30,875 --> 00:09:33,468 ဒါပေမဲ့ လက်တွေ့ လုပ်ပေးဖို့ကျတော့ သိပ်ကို ခဲယဉ်းပါတယ်။ 200 00:09:33,833 --> 00:09:36,684 ခုနက ပြောပြခဲ့တဲ့ အစဉ်အလာ ပစ္စည်းတွေနဲ့ ကြေးနီကို သုံးပြီး 201 00:09:36,708 --> 00:09:38,601 5G ကိရိယာတွေကို တည်ဆောက်မယ် ဆိုရင်၊ 202 00:09:38,625 --> 00:09:41,625 ပို့လိုက်တဲ့ အချက်ပြမှုဟာ နောက်ဆုံး နေရာကို မရောက်နိုင်ပါ။ 203 00:09:43,833 --> 00:09:48,351 အစဉ်အလာအားဖြင့် ကျုပ်တို့ဟာ အလွှာများကို ကာပေးရန် ကြမ်းတမ်းတဲ့ အလွှာတွေကို သုံးလျက် 204 00:09:48,375 --> 00:09:50,893 ကြေးနီဝါယာကြိုးတွေကို ပံ့ပိုးကြပါတယ်။ 205 00:09:50,917 --> 00:09:52,976 Velcro ချိတ်တွေ အကြောင်း စဉ်းစားကြည့်ကြပါ။ 206 00:09:53,000 --> 00:09:57,000 ပစ္စည်းနှစ်ခုရဲ့ ကြမ်းတမ်းမှုကမှ ၎င်းတို့ကို အတူတူချိတ်ကပ်စေတာပါ။ 207 00:09:57,428 --> 00:09:59,803 အဲဒီအချက်ဟာဖြင့် ကိုယ်သုံးချင်တဲ့ ကိရိယာက 208 00:09:59,803 --> 00:10:01,746 ဘူးထဲကနေ ထုတ်ယူလိုက်တဲ့ နောက်မှာ 209 00:10:01,746 --> 00:10:04,018 လိုအပ်တာတွေ အရာအားလုံးကို တပ်ဆင်ပြီးတဲ့ နောက်မှာ 210 00:10:04,042 --> 00:10:06,090 ရေရှည် သုံးနိုင်ဖို့လည်း လိုအပ်သေးတယ်။ 211 00:10:06,720 --> 00:10:09,167 ဒါပေမဲ့ အဲဒီကြမ်းတမ်းမှုက ပြဿနာ ဖြစ်လာတယ်။ 212 00:10:09,958 --> 00:10:13,393 5G ရဲ့ အမြန်နှုန်း အချက်ပြမှုဟာ 213 00:10:13,417 --> 00:10:17,184 ကြမ်းတမ်းမှုရဲ့ ဘေးမှကပ်ပြီး ဖြတ်သွားရန် လိုအပ်မယ်။ 214 00:10:17,208 --> 00:10:21,000 အဲဒါကြောင့် အဆုံးနေရာကို မရောက်မီမှာ ပျောက်သွားတတ်ပါတယ်။ 215 00:10:21,752 --> 00:10:24,018 တောင်တန်းစဉ် တစ်ခုကို စဉ်းစားကြည့်ပါ။ 216 00:10:24,042 --> 00:10:27,518 ကျုပ်တို့ဆီမှာ အပေါ်အောက် သွားလာရန် ရှုပ်ထွေးတဲ့ လမ်းစနစ်တွေ ရှိပါတယ်။ 217 00:10:27,542 --> 00:10:30,268 ကိုယ်က အခြားတစ်ဖက်ကို ရောင်ချင်နေတယ်။ 218 00:10:30,292 --> 00:10:31,559 ဒီလို အခြေအနေမျိုးမှာ 219 00:10:31,583 --> 00:10:34,976 ကိုယ်ဟာ တောင်တန်းတွေကို တက်လိုက် ဆင်းလိုက်ဖြင့် သွားနေရရင် 220 00:10:35,000 --> 00:10:37,059 သိပ်ကို ကြာနိုင်ရုံသာမက 221 00:10:37,083 --> 00:10:39,726 လမ်းကိုတောင် ပျောက်သွား နိုင်တာကို သိထားလို့ 222 00:10:39,750 --> 00:10:41,763 တောင်တွေကို တိုက်ရိုက် တူးဖောက်ပြီး 223 00:10:41,763 --> 00:10:44,601 ညီညာနေတဲ့ လှိုဏ်ဂူကို ဖောက်မှုက ပိုအဆင်ပြေမယ် မဟုတ်ပါလား။ 224 00:10:44,625 --> 00:10:47,309 ကောင်းပြီ၊ ကျုပ်တို့ရဲ့ 5G ထုတ်ကုန်မှာအတူတူပဲ။ 225 00:10:47,333 --> 00:10:49,684 ခုနက ကြမ်းတမ်းမှုကို ကျုပ်တို့ ဖယ်ရှားပစ်နိုင်ရင်၊ 226 00:10:49,708 --> 00:10:51,559 ကျုပ်တို့ဟာ 5G အချက်ပြမှုကို 227 00:10:51,583 --> 00:10:53,601 နှောင့်ယှက်မခံရဘဲ ပို့နိုင်လာကြမှာပါ။ 228 00:10:53,625 --> 00:10:55,615 အပြောမှာတော့ အတော်ကလေး ဟုတ်သလိုပါပဲ။ 229 00:10:55,792 --> 00:10:57,059 ဒါပေမဲ့ စဉ်းစားစရာက၊ 230 00:10:57,083 --> 00:10:59,559 ကိရိယာကို အတူတကွ ထိန်းချုပ်ထားရန် 231 00:10:59,583 --> 00:11:01,600 အဲဒီကြမ်းတမ်းမှုဟာ လိုအပ်တဲ့ အရာပါ။ 232 00:11:01,600 --> 00:11:03,976 အဲဒါကို ကျုပ်တို့ ဖယ်ရှားပစ်လိုက်ရင် ကြေးနီဟာ 233 00:11:04,000 --> 00:11:07,054 အောက်မှာ ရှိနေတဲ့ အလွှာနဲ့ ချိတ်ကပ်စရာ အကြောင်း မရှိတော့ပါ။ 234 00:11:07,583 --> 00:11:10,434 Lego ဘလော့တွေနဲ့ အိမ်ဆောက်လုပ်ပုံကို စဉ်းစားကြည့်ပါ၊ 235 00:11:10,458 --> 00:11:14,684 တစ်ခုနဲ့တစ်ခု ချိတ်တွဲလို့ ရနိုင်တဲ့ အရာများ ပါတတ်ပေမဲ့ 236 00:11:14,708 --> 00:11:17,351 လုံးဝချောမွတ်နေတဲ့ ဘလော့တွေ သာ ရှိနေမယ် ဆိုရင်ကော။ 237 00:11:17,375 --> 00:11:20,684 နှစ်နှစ်အရွယ် ကလေးက အခန်းထဲကို ဝင်လာပြီး 238 00:11:20,708 --> 00:11:23,559 အဲဒီ အဆောက်အဦနှစ်ခုကို ဂေါ်ဂျီလာလို ဖျက်ဆီးပစ်လိုရင်၊ 239 00:11:23,583 --> 00:11:25,917 အဲဒီ နှစ်ခုထဲက ဘယ်ဟာက ပိုပြီး ခံနိုင်ရည် ရှိမလဲ။ 240 00:11:26,945 --> 00:11:30,523 အဲဒီလို မဟုတ်ဘဲ ချောမွေ့နေ့တဲ့ ဘလော့တွေကို ကော်နဲ့ ကပ်ပေးမယ်ဆိုရင်ကော။ 241 00:11:31,125 --> 00:11:33,851 စက်မှုလုပ်ငန်းက အဲဒီလို နည်းကို စောင့်စားနေပါတယ်။ 242 00:11:33,875 --> 00:11:36,976 ဓာတုဗေဒပညာရှင်တွေက ခုနက ကြေးနီဝိုင်ယာများ လွယ်ကူစွာ 243 00:11:37,000 --> 00:11:39,518 စေးကပ်နိုင်မယ့် မျက်နှာပြင်များကို 244 00:11:39,542 --> 00:11:41,583 တီထွင်ပေးမှာကို စောင့်နေကြရတယ်။ 245 00:11:41,583 --> 00:11:43,474 ကျုပ်တို့က ဒီပြဿနာကို ဖြေရှင်းနိုင်ရင်၊ 246 00:11:43,474 --> 00:11:45,123 အထက်ပါ ပြဿနာကို ဖြေရှင်းနိုင်ကြလို့ 247 00:11:45,123 --> 00:11:48,137 ရူပဗေဒပညာရှင်များနဲ့ အင်ဂျင်နီယာများနဲ့ ရှေ့ဆက် လုပ်ကိုင်ကြရင်း 248 00:11:48,137 --> 00:11:51,025 5G ရဲ့ စိန်ခေါ်မှုတွေ အားလုံးကို ဖြေရှင်းကြမယ်။ 249 00:11:51,025 --> 00:11:54,281 အဲဒီလိုသာဆိုရင် ကိရိယာတွေရဲ့ အရေအတွက်ဟာ တမဟုတ်ချင်း ထိုးတက်သွားပါမယ်။ 250 00:11:54,281 --> 00:11:57,518 ဟုတ်ပါတယ်၊ ကိုယ့်ဘာသာကိုယ် မောင်းနှင်ကြမယ့် ကားတွေ ရှိလာကြပါမယ်၊ 251 00:11:57,542 --> 00:12:01,184 အမြန်နှုန်းနဲ့ အခြား အချက်အလက်များကို ကိုင်တွယ်ရန် လိုအပ်တဲ့ 252 00:12:01,208 --> 00:12:04,643 ဒေတာ ကွန်ရက်တွေလည်း ပေါ်လာကြမှာမို့လို့ပါ။ 253 00:12:04,667 --> 00:12:07,518 ဒါပေမဲ့ အရာတချို့ကို စိတ်ကူးကြည့်ကြပါစို့။ 254 00:12:07,542 --> 00:12:11,684 မြေပဲနဲ့ ဓာတ်မတည့်တဲ့ သူငယ်ချင်းနဲ့ စားသောက်ဆိုင် သွားမယ်ဆိုပါစို့၊ 255 00:12:11,708 --> 00:12:13,476 ကျွန်မဖုန်းကို ထုတ်လိုက်ပြီး 256 00:12:13,500 --> 00:12:15,485 အစားအစာရဲ့ အပေါ်မှ လှုပ်ရမ်းလိုက်ရုံနဲ့ 257 00:12:15,485 --> 00:12:17,059 အစားအစာ ကိုယ်၌ကိုက 258 00:12:17,083 --> 00:12:20,309 ကျုပ်တို့ သိလိုတဲ့ အရေးကြီးတဲ့ မေးခွန်းကို ဖြေလာစေပါလိမ့်မယ်- 259 00:12:20,333 --> 00:12:23,042 စားသုံးရန် ဘေးကင်းမကင်းကို သိလာရမယ်။ 260 00:12:23,455 --> 00:12:26,601 နောက်ဖြစ်နိုင်သေးတာက ကျုပ်တို့ရဲ့ ကိရိယာများဟာ 261 00:12:26,601 --> 00:12:29,953 ကျုပ်တို့အကြောင်း အချက်အလက်တွေကို စီမံဆောင်ရွက်ရာမှာ တော်လွန်လာကြပြီး 262 00:12:29,953 --> 00:12:32,803 ကျုပ်တို့ရဲ့ ကိုယ်ရေး သင်တန်းဆရာမျိုးလို ဖြစ်လာနိုင်ကြပါတယ်။ 263 00:12:32,803 --> 00:12:36,338 ကျုပ်တို့ ကယ်လိုရီတွေ လျှော့ချချင်ရင် အကောင်းဆုံးနည်းကို ထောက်ပြနိုင်ပါမယ်။ 264 00:12:36,338 --> 00:12:37,742 ကျွန်မတို့ အခု နိုဝင်ဘာလနော်၊ 265 00:12:37,742 --> 00:12:41,293 ကျွန်မ ကိုယ်ဝန်ဆောင်စဉ်တုန်းက တိုးလာခဲ့တဲ့ ပေါင်ချိန် အချို့လျှော့ချင်တော့ 266 00:12:41,293 --> 00:12:44,408 အဲဒါကို ဘယ်လို ပြုလုပ်သင့်ကြောင်း ကိရိယာရှိရင် သိပ်ကောင်းမှာပေါ့။ 267 00:12:44,542 --> 00:12:46,976 ဓာတုဗေဒဟာ အရမ်းကို အရေးပါကြောင်းကို 268 00:12:47,000 --> 00:12:49,143 နောက်ထပ် ဘယ်လိုပြောရမှန်း ကျွန်မ မသိပါ။ 269 00:12:49,167 --> 00:12:53,018 ဓာတုဗေဒဟာ ဒီအီလက်ထရောနစ် ကိရိယာတွေ အားလုံးကို လုပ်ကိုင်လာစေတာပါ။ 270 00:12:53,042 --> 00:12:56,528 ဒီတော့ နောက်တစ်ကြိမ်တွင် ရှင်တို့က စာတိုပို့စဉ် ဒါမှမဟုတ် ဆဲလ်ဖီ ရိုက်စဉ်၊ 271 00:12:56,528 --> 00:12:59,479 ပင်ပမ်းစွာ အလုပ်လုပ်နေကြတဲ့ အက်တမ်တွေ အကြောင်းကို စဉ်းစားကြပါ။ 272 00:12:59,479 --> 00:13:03,000 ၎င်းတို့ရဲ့ ကျေးဇူးကြောင့် ကျုပ်တို့ သုံးနိုင်တဲ့ အသစ်အဆန်းတွေ စဉ်းစားကြပါ။ 273 00:13:03,000 --> 00:13:04,292 အခုကျွန်မရဲ့ ဟောပြောချက်ကို 274 00:13:04,292 --> 00:13:06,775 မိုဘိုင်း ကိရိယာပေါ်မှာပဲဖြစ်ဖြစ် နားထောင်လိုက်ရလို့ 275 00:13:06,775 --> 00:13:08,684 ရှင်တို့ထဲက တချို့သောသူတို့ကပါ 276 00:13:08,708 --> 00:13:11,437 အားလုံးကို ဦးဆောင်လုပ်ပေးခဲ့တဲ့ အီလက်ထရောနစ် ကိရိယာများရဲ့ 277 00:13:11,437 --> 00:13:12,710 တကယ့် သူရဲကောင်း ဓာတုဗေဒထဲ 278 00:13:12,710 --> 00:13:15,629 ကိုယ့်နည်းကိုယ်ဟန်နဲ့ ပါဝင်ဖို့ ဆုံးဖြတ်နိုင်ကြပါတယ်။ 279 00:13:15,629 --> 00:13:17,934 ဂရုစိုက် နားထောင်ခဲ့ကြတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ 280 00:13:17,958 --> 00:13:19,883 ပြီးတော့ ဓာတုဗေဒကိုပါ ကျေးဇူးတင်ပါတယ်။ 281 00:13:19,883 --> 00:13:22,833 (လက်ခုပ်သံများ)