ကျွန်မ Nokia ဖုန်းအသစ်ဖြင့်
အထက်တန်းကျောင်းကို ထွက်လာစဉ်
ကျွန်မ အရင်တုန်းက သုံးခဲ့တဲ့ ပန်းနုရောင်
စကားပြောစက်အတွက်
နောက်ဆုံးပေါ် အကောင်းဆုံး အစားထိုးစရာ
ကို ပိုင်ဆိုင်ထားပြီလို့ ထင်မိပါတယ်။
အခုတော့ သူငယ်ချင်းတွေနဲ့ ကျွန်မဟာ
စာတိုတွေကို အပြန်အလှန်ပို့နိုင်ပြီ။
ကျွန်မတို့ ဘယ်မှာပဲ ရှိရှိ
ပြေးလွှားရင်း၊ အိမ်နောက်ဘက်မှာ
ကစားနေစဉ်
အချိန်မရွေး ဆက်သွယ်
စာရေးလို့ ရလာနိုင်ခဲ့ပါပြီ။
ကျွန်မ အကြောင်းတစ်ခုကို
ဝန်ခံပြောချင်တယ်။
အဲဒီတုန်းက ဒီကိရိယာတွေကို ဘယ်လို
ပြုလုပ်ထားမှန်း သိပ်မစဉ်းစားမိခဲ့ပါဘူး။
ခရစ်စမတ် နံနက်ခင်းတွင်
၎င်းတို့ဟာ ပေါ်လာတတ်ခဲ့ပါတယ်။
အဲဒါတွေကို Santa ရဲ့အလုပ်ရုံထဲက elves
တွေ လုပ်ခဲ့ကြတာ ဖြစ်နိုင်တယ်။
မေးခွန်းတစ်ခုမေးပါရစေ
ဒီကိရိယာတွေကို တကယ်ထုတ်လုပ်ပေးကြတဲ့
သူတွေက ဘယ်သူတွေလို့ ထင်ကြပါသလဲ။
ကျွန်မသိတဲ့ လူတော်တော်များများကို
မေးကြည့်ခဲ့တော့
Silicon Valley က ဆော့ဝဲအင်ဂျင်နီယာတွေ
ပါလို့ ဖြေကြားခဲ့ကြပါတယ်။
ကုဒ်တွေ ထည့်သွင်းပေးကြတဲ့ သူတွေလေ။
ဒါပေမဲ့ ဒီကိရိယာတွေ သုံးနိုင်ရန်
အသင့်ဖြစ်လာဖို့အတွက်
ကုဒ်တွေအတွက် အသင့်ဖြစ်လာဖို့
လုပ်ပေးရတာ အများကြီးပါပဲ။
ဒီကိရိယာတွေကို
အက်တမ် အဆင့်မှ စတင်ထုတ်လုပ်ရပါတယ်။
ဒီတော့ တကယ်တမ်း လုပ်ပေးကြသူတွေက
ဓာတုဗေဒပညာရှင်တွေပါလို့
ကျွန်မက ဆိုချင်ပါတယ်။
ဟုတ်ပါတယ်၊ ဓာတုဗေဒပညာရှင်တွေလို့
ကျွန်မပြောချင်တယ်။
ဓာတုဗေဒ ဟာ အီလက်ထရောနစ် ဆက်သွယ်မှုရဲ့
သူရဲကောင်းပါ။
ဒီနေ့ ကျွန်မက ရှင်တို့အားလုံး
အဲဒါကို
သဘောတူလက်ခံလာအောင် နားချမှာပါ။
ကောင်းပြီ၊ ရိုးရိုးလေး စတင်လျက်
ကျွန်မတို့ မသုံးဘဲမနေနိုင်ကြတဲ့ ဒီကိရိယာ
တွေရဲ့ အတွင်းပိုင်းကို ကြည့်ကြရအောင်။
ဓာတုဗေဒကသာ ကူမပေးခဲ့ရင်
ကျွန်မတို့ ကြိုက်ကြတဲ့ အချက်အလက်များရဲ့
ဆူပါလမ်းမကြီးဟာ
အကုန်အကျကြီးမားလှတဲ့
စာရွက်ထုပ်ကြီး ဖြစ်ပါလိမ့်မည်။
ဓာတုဗေဒဟာ ဒီအလွှာတွေအားလုံးကို
အသက်သွင်းပေးပါတယ်။
ပုံတွေပြပေးပုံမှ စတင်ကြပါစို့။
ကျွန်မတို့ စွဲမက်ကြတဲ့ အခုလို
တောက်ပ စိုပြေတဲ့
အရောင်တွေကို ကျွန်မတို့
ဘယ်လိုရတယ် ထင်ပါသလဲ။
ကောင်းပြီ၊ ကျွန်မပြောပြပေးပါမယ်။
အော်ဂဲနစ်ပိုလီမာတွေကို စခရင်ထဲမှာ
ထည့်သွင်းပေးထားတယ်၊
၎င်းတို့ဟာ လျှပ်စစ်ကိုရယူလျက်
အပြာ၊ အနီနဲ့ အစိမ်းရောင်တွေကို
ကျွန်မတို့အတွက် ပြသပေးကြပါတယ်။
ဘက်ထရီဘာက်ကို သွားကြည့်ကြပါစို့။
ဒီမှာတော့ အပြင်းအထန်
လေ့လာကြဖို့ လိုပါမယ်။
အစဉ်အလာ ဘက်ထရီတွေရဲ့
အခြေခံမူတွေကိုပဲ ယူပြီး
ဧရိယာကြီးမားတဲ့ လျှပ်ခေါင်းအသစ်တွေကို
တွဲဖက်ပေးခြင်းဖြင့်
နေရာကျဉ်းကျဉ်းလေးတွင်
အားကိုပိုပြီး သွင်းပေးနိုင်လို့
ကျွန်မတို့ ဆယ်လ်ဖီ ရိုက်နေရင်း
တစ်နေ့လုံး သုံးနေစဉ်
ဘက်ထရီတွေကို ပြန်အားသွင်းရန်
ဒါမှမဟုတ် ပလပ်ကို တချိန်လုံး
ထိုးထားရန်
မလိုအပ်ပဲ
သုံးစွဲနိုင်ကြတာပါ။
ပြီးတော့ ကျွန်မတို့ မကြာခဏ ထုတ်သုံးတာကို
ခံနိုင်ရည် ရှိအောင်
ပါဝင်ပစ္စည်းအားလုံးကို ကပ်ပေးတဲ့
ကော်ကလည်း လေ့လာစရာပါ။
ကျွန်မက နှစ်ထောင်ပြည့်နှစ်မှာ
မွေးခဲ့သူဆိုတော့
ကျွန်မဖုန်းကို စစ်ကြည့်ရန် အနည်းဆုံး
အကြိမ် ၂၀၀ ထုတ်ယူခဲ့ပြီး
သုံးကြိမ်လောက် ချပစ်လျက်
စမ်းသပ်ကြည့်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ဒီစက်တွေရဲ့ တကယ့်ဦးနှောက်က
ဘာတွေများလဲ။
ကျွန်မ ဒီလောက်ကြီး သဘောကျအောင်
ဘာတွေက ၎င်းတို့ကို လုပ်ကိုင်စေတာလဲ။
ဆားကစ်ဘုဒ်ထဲမှာ
အားလုံးကို ပုံနှိပ်ပေးထားတဲ့
လျှပ်စစ် အစိတ်အပိုင်းတွေက
အဲဒါကို လုပ်ကိုင်ပေးကြပါတယ်။
ရှင်တို့ ပိုကြိုက်မယ်ဆိုရင် ဇီဝဗေဒ
ဥပမာဖြင့် ပြောပြနိုင်ပါမယ်--
Motherboard ဆိုတာ ကြားဖူးခဲ့ကြမှာပါ။
ပုံနှိပ်ဆားကစ်ဘုဒ်တွေကို အခုနောက်ပိုင်းမှာ
သိပ် မသုံးနှုံးကြတော့ပါဘူး။
အဲဒီလို ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို
ကျွန်မ တကယ့်ကို မသိပါ။
အဲဒါဟာ စွဲဆောင်မှုအနည်းဆုံး
အလွှာဖြစ်လို့များလား၊
များပြားလှတဲ့ အလွှာတွေရဲ့ အောက်ဆုံးမှာ
ပုန်းကွယ်နေလို့လား မပြောတတ်ပါ။
တကယ်တော့ ဒီ Clark Kent အလွှာကို၊
ဆူပါမင်လို ချီးမွမ်းထိုက်တဲ့ အလွှာကို
လေ့လာကြည့်ကြပါစို့။
ကျွန်မက မေးခွန်း တစ်ခုကို မေးမယ်။
ပုံနှိပ်ဆားကစ်ဘုဒ်ကို
ရှင်တို့ ဘယ်လိုများ ထင်ကြလဲ။
ရှင်းပြဖို့အတွက် ဥပမာနဲ့ ပြရပါမယ်။
ရှင်တို့ နေထိုင်ကြတဲ့ မြို့အကြောင်းကို
စဉ်းစားကြည့်ကြပါ။
ရှင်တို့ သွားလာကျ စိတ်ဝင်စားစရာ
နေရာတွေ ရှိကြမှာပါ-
ကိုယ့်နေအိမ်၊ ကိုယ့်အလုပ်၊
စားသောက်ဆိုင်တွေ၊
ဟိုတစ်နေရာ ဒီတစ်နေရာမှာ ရှိကြတဲ့
Starbucks ဆိုင်တွေ။
အဲဒါတွေကို ဆက်သွယ်ဖို့ ကျွန်မတို့ဟာ
လမ်းတွေကို ဆောက်ပေးကြရတယ်။
ပုံနှိပ်ဆားကစ်ဘုဒ်ဆိုတာ အဲဒါမျိုးပါ။
ဒါပေမဲ့ ခုနက စားသောက်ဆိုင်တွေလို
အရာတွေအပြင်
အဲဒီမှာ ချစ်ပ်ထဲတွင် ထရန်စစ္စတာတွေ ရှိမယ်၊
capacitor တွေ၊ resistor တွေ
တစ်ခုနဲ့တစ်ခု ဆက်သွယ်အလုပ်လုပ်ဖို့
လိုအပ်ကြတဲ့
ဒီ့ပြင် လျှပ်စစ်အစိတ်အပိုင်းလေးတွေ
အဲဒီမှာ ရှိကြပါသေးတယ်။.
ဒီလိုဆို ကျွန်မတို့ရဲ့ လမ်းတွေက
ဘာတွေများလဲ။
ကောင်းပြီ၊ ကြေးနီဝါယာကြိုး သေးသေးလေးတွေပါ။
အဲဒီနောက်မှာ ကျွန်မတို့က
ကြေးနီကြိုးသေးသေးလေးတွေကို ဘယ်လိုများ
လုပ်ပေးကြလဲ မေးစရာပါ။
၎င်းတို့ဟာ သိပ်ကို သေးလှပါတယ်။
ကျွန်မတို့က ဟာ့ဒ်ဝဲစတိုးဆိုင်ကို သွားပြီး
ကြေးနီဝါယာခွေကို ဝယ်ယူပြီး၊
ဝါယာကြိုးညှပ်စက်ကလေးနဲ့
လိုအပ်သလို ဖြတ်ညှပ်ယူပြီး
ဆားကက်ဘုဒ် လုပ်နိုင်မလား။
ဘယ်လိုမှ မဖြစ်နိုင်ပါ။
အဲဒီဝါယာကြိုးတွေက သိပ်ကိုသေးလွန်းလှတယ်။
ဒီနေရာမှာလည်း ကျွန်မတို့ဟာ
ဓာတုဗေဒ မိတ်ဆွေကြီးကိုပဲ အားကိုးရပါမယ်။
အဲဒီလို ဝါယာကြိုးသေးသေးလေးတွေကို
ပြုလုပ်ပေးတဲ့ ဓာတုဗေဒနည်းဟာ
သိပ်ကို ရိုးရှင်းပါတယ်။
ကျွန်မတို့ စတင်မယ့်နည်းက
အဖိုဓာတ်သွင်းထားတဲ့ ကြေးနီအလုံးတွေပါ။
ကျွန်မတို့က အဲဒီထဲကို အကာပါတဲ့
ဆားကစ်ဘုဒ်ကို ထည့်ပေးကြမယ်။
ပြီးရင် အဖိုဓာတ် အားသွင်းထားတဲ့
စက်လုံးတွေကို
အမဓာတ် သွင်းပေးထားတဲ့
အီလက်ထရွန်များကို ထည့်ပေးရင်း
နှစ်ခုရောထားတဲ့ အထဲကို
formaldehyde ကိုထည့်သွင်းပေးကြမယ်။
formaldehyde ကို
ရှင်တို့ မှတ်မိကြမယ် ထင်တယ်။
ဇီဝဗေဒ သင်တန်းတွေမှာ ဖားတွေကို
ထိန်းသိမ်းထားရန် သုံးတဲ့ အနံ့ဆိုးတဲ့ဆေးပါ။
အဲဒါဟာ ဒီပြင်နေရာတွေမှာပါ
အသုံးဝင်ပါသေးတယ်။
ကျွန်မတို့ လိုအပ်တဲ့
ကြေးနီကြိုး သေးသေးလေးကို
ပြုလုပ်ရာတွင်
၎င်းဟာ သော့ချက် ပစ္စည်းတစ်ခုပါ။
formaldehyde ပေါ်မှာ ရှိနေကြတဲ့
အီလက်ထရွန်တွေဆီမှာ တွန်းအားရှိလို့ပါ။
အဖိုဓာတ် သွင်းထားတဲ့ ကြေးနီစက်လုံးများ
ဆီကို ၎င်းတို့က ခုန်ကူးချင်ကြလို့ပါ။
အဲဒီလို ဖြစ်ရတာက Redox ဓာတုဗေဒလို့
ခေါ်တဲ့လုပ်ငန်းစဉ်ကြောင့်ပါ။
အဲဒီလို ဖြစ်လာတဲ့အခါမှာ၊
အဲဒီ အဖိုဓာတ်အားရှိ
ကြေးနီစက်လုံးတွေကို ယူပြီး
တောက်ပ၊ ဝင်းလက်နေကြတဲ့ ဓာတ်ကူး ကြေးနီ
အဖြစ် လိုအပ်သလို
ပြောင်းလဲ လုပ်ယူနိုင်ပါတယ်။
ဓာတ်ကူးကြေးနီ ရှိလာတာနဲ့
ကျွန်မတို့ လိုတာအားလုံး
ဓာတ်ငွေ့နဲ့ချက်ပြုတ်နိုင်ပါပြီ။
အထက်မှာ ပြောပြခဲ့တဲ့ အပြန်အလှန်
ဆက်သွယ် ပြောဆိုကြမယ့်
လျှပ်စစ် အစိတ်အပိုင်းလေးတွေကို
ရယူနိုင်ကြပါပြီ။
ဒီတော့ နောက်တစ်ခါ ဓာတုဗေဒကို
ကျေးဇူးတင်ရပါမယ်။
ဆက်ပြီးတော့ ဓာတုဗေဒနဲ့အတူ
ဘယ်လောက် ဝေးတဲ့နေရာအထိ
ရောက်နေကြတာကို စဉ်းစားကြည့်ကြပါစို့။
အီလက်ထရောနစ် ဆက်သွယ်ရေးထဲတွင်
အရွယ်အစားဟာ အရေးကြီးပါတယ်။
ဒီတော့ ၁၉၉၀ နှစ်များတုန်းက
Zack Morris ဆဲလ်ဖုန်းမှနေပြီး
ကျွန်မတို့ အိတ်ကပ်ထဲကို ထည့်လို့ရနိုင်မယ့်
ပိုပြီးချောမွေ့ သေးငယ်တဲ့အရာတစ်ခုခုအထိ
ချုံ့သေးပစ်အောင် ဘယ်လို လုပ်နိုင်မလဲကို
စဉ်းစားကြည့်ကြပါစို့။
ဒီနေ့ရဲ့ လက်တွေ့အခြေအနေက
အမျိုးသမီးတွေရဲ့ ဘောင်းဘီအိတ်ထဲ
ထည့်ရနိုင်တာမျိုး မရှိပါဘူး၊
အိတ်ကပ်တွေပါတဲ့ အမျိုးသမီး
ဘောင်းဘီကို ရှာတွေ့ခဲ့ရင်တောင်ပါ။
(ရယ်သံများ)
အဲဒီ ပြဿနာထဲမှာ ဓာတုဗေဒက
ကူပေးနိုင်မယ် မထင်ပါဘူး။
ကိရိယာရဲ့ တကယ့်အရွယ်အစားကို
ချုံ့ပစ်မယ့်အစား ပိုအရေးကြီးတာက
၎င်းထဲက ဆားကစ်ဘုဒ် ဘယ်လို
ချုံ့ပစ်မလဲ၊
အဲဒါကို အဆ ၁၀၀ ထိ ချုံ့နိုင်ခြင်းဖြင့်
ဆားကစ်ကို မိုက်ခရွန် စကေးမှ
နာနိုမီတာ စကေးအထိ သေးလာစေနိုင်ကြမလား။
အမှန်တရားက ဘယ်လိုရှိနေလဲ ဆိုတော့
ကျွန်မတို့အားလုံး ပိုအားကောင်းပြီး
ပိုမြန်ဆန်တဲ့ ဖုန်းတွေကို သုံးချင်ကြတယ်။
ပိုအားကောင်း ပိုမြန်မှုက
ဆားကစ်တွေကို ပိုပြီး တောင်းဆိုပါမယ်။
ဒီတော့ ကျွန်မတို့ ဒါကို ဘယ်လို လုပ်ကြမလဲ။
"Honey, I Shrunk the Kids" ရုပ်ရှင်ထဲတွင်
ပါမောက္ခ Wayne Szalinski က သူ့ကလေးတွေ
သေးငယ်အောင် အသုံးပြုခဲ့တဲ့
အထူး ရောင်တန်းများ မရှိပါဘူး။
သူကတော့ မတော်တဆ လုပ်မိခဲ့တာပါ။
ကျွန်မတို့ ကျတော့ကော။
ကောင်းပြီ၊ လက်ကွင်းထဲမှာ၊
အဲဒါနဲ့ အတော့်ကို
ဆင်တူတဲ့ လုပ်ငန်းစဉ်ရှိတယ်။
ပြီးတော့ ၎င်းကို photolithography
လို့ ခေါ်ပါတယ်။
photolithography ထဲတွင်
ကျုပ်တို့ဟာ လျှပ်စစ်သံလိုက် ရောင်ခြည်ကို၊
တနည်း၊ အလင်းရောင်လို့ ခေါ်တာကို ယူပြီး
ဆားကစ်ကို ပိုသေးတဲ့ နေရာမှာ
နေရာယူလာစေရန် ချုံ့ပစ်ကြပါတယ်။
အဲဒါ အလုပ်လုပ်ပုံကို ဒီလိုပါ။
ကျုပ်တို့ဟာ အချပ်လွှာ တစ်ခုနဲ့
စတင်ကြတယ်၊
၎င်းရဲ့ အပေါ်မှာ အလင်းကို အာရုံခံနိုင်တဲ့
ဖလင်ပါး ရှိပါတယ်။
နောက်မှာ ကျုပ်တို့က အဲဒါကို ဆွဲထားတဲ့ပုံစံ
ပါတဲ့ အဖုံးဖြင့် အုပ်ပေးကြတယ်၊
ဖုန်းကို ကျုပ်တို့ လိုချင်သလို
လုပ်ကိုင်လာစေမယ့်
လိုင်းများနဲ့ အရာများ အဲဒီမှာပါရှိပါတယ်။
ကျုပ်တို့ဟာ တောကပ်တဲ့ အဂင်းရောင်ဖြင့်
မျက်နှာဖုံးကို ဖောက်ပြီး လင်းစေပါတယ်။
မျက်နှာပြင်ပေါ်က ပုံစံရဲ့ အရိပ်ကို
ဖန်တီးပေးဖို့ အတွက်ပါ။
မျက်နှာဖုံးကို ဖြတ်ပြီး အလင်းနဲ့ ထိမိတဲ့
နေရာတိုင်းမှာ
ဓာတုဗေဒ ဓာတ်ပြုမှုဖြစ်စေမယ်။
အဲဒီလိုနည်းဖြင့် အထက်ကအလွှာထဲက ပုံစံ
ပေါ်လာအောင် လောင်ကျွမ်းသွားပါမယ်။
ဒီတော့ အခု ရှင်တို့ မေးချင်မယ့် မေးခွန်းက
လောင်ကျွမ်းထားတဲ့ ပုံဆီကနေပြီး
ကျုပ်တို့ဟာ ကြည်လင်တဲ့ လိုင်းများနဲ့
ပုံစံများကို ရရှိကြမှာလဲ။
အဲဒါ့အတွက် ကျုပ်တို့ဟာ ဓာတုဗေဒ
နည်း
developer ဆိုတာကို သုံးကြပါတယ်။
အဲဒီ developer အထူးပါ။
၎င်းဟာ အလင်းနဲ့ မထိခဲ့တဲ့
နေရာတွေကို ယူပြီး
တမင်ကို ရွေးပြီး ဖယ်ရှားပေးပါတယ်။
နောက်မှာ ကြည့်လင် ပြတ်သားတဲ့
လိုင်းတွေသာ ကျန်ရစ်ခဲ့မှာပါ။
အဲဒီလိုနည်းဖြင့် ကျုပ်တို့ရဲ့ သေးနုပ်တဲ့
ကိရိယာဟာ လုပ်ကိုင်လာနိုင်ပါတယ်။
အခုထိ ရှင်းပြခဲ့သလို ကျုပ်တို့ရဲ့ကိရိယာတွေ
တည်ဆောက်ရန် ဓာတုဗေဒကိုသုံးခဲ့သလို၊
ကိရိယာများကို ချုံ့ပစ်ရန်
အတွက်လည်း သုံးခဲ့ကြတယ်။
ဒီတော့ ဓာတုဗေဒဟာ ကျုပ်တို့ရဲ့ တကယ့်
သူရဲကောင်းဖြစ်မှန်းကို ရှင်းပြခဲ့လိုက်လို့
ကျုပ်တို့ ဒီနေရာမှာ
အဆုံးသတ်လို့ ရကောင်းပါရဲ့။
(လက်ခုပ်သံများ)
ခဏစောင့်ကြပါဦး၊ မပြီးသေးဆုံးသေးပါဘူး။
ဒီလိုကြီး မြန်ဖို့ မလိုပါဘူး။
ကျုပ်တို့အားလုံးက လူသားတွေပဲ မဟုတ်လား။
လူသားဆိုတာ အစဉ်ပဲ ပိုပြီးလိုချင်တတ်ပါတယ်။
အခုကျတော့ ဓာတုဗေဒကို သုံးစွဲပြီး
ကိရိယာများထဲမှနေပြီး ပိုပြီး ဘယ်လို ရယူ
နိုင်ကြမလဲကို စဉ်းစားကြပါစို့။
အခုတလော ကျုပ်တို့အားလုံးဟာ
5G အကြောင်းကို တချိန်လုံး ကြားနေကြရတယ်၊
ကတိပေးထားတဲ့ ပဉ္စမြောက်
ကြိုးမဲ့ ဆက်သွယ်မှုကို ပြောနေတာပါ။
အခုစတင် ပေါ်လာနေကြပြီဖြစ်တဲ့
ကြော်ငြာတွေထဲမှာ 5G အကြောင်းကို
ကြားခဲ့ဘူးကြမှာပါ။
ရှင်တို့ထဲက တချို့များဆိုရင် အဲဒါကို
၂၀၁၈ ဆောင်းရာသီအိုလံပစ်တုန်းက
လက်တွေ့ စမ်းသပ်နိုင်ခဲ့ကြပါတယ်။
5G နဲ့ ပတ်သက်ပြီး ကျွန်မ
စိတ်လှုပ်ရှားမိတာက
ကိုယ်က လေယာဉ်နဲ့ သွားဖို့ရှိနေချိန်မှာ
နောက်ကျနေရင်
မိနစ် ၄၀ အချိန်ယူပြီး ဒေါင်းလုဒ်
လုပ်ခဲ့နိုင်တဲ့ ရုပ်ရှင်တွေကို
စက္ကန့် ၄၀ တည်းနဲ့ ရယူနိုင်ခြင်းပါ။
5G အပြည့်အဝသာ ဒီမှာ ရှိလာခဲ့ရင်၊
ရုပ်ရှင်နှစ်ခုကို ကိုယ့်ကိရိယာထဲမှာ
သိမ်းနိုင်တာထက်
အရာတော်တော်များများကို ရရှိကြဦးမှာပါ။
ဒီတော့ အစစ်အမှန် 5G ဟာ
ဒီမှာ မရှိနေခြင်းက မေးစရာပါ။
ကျွန်မဟာ လျှို့ဝှက်ချက်ကလေး
တစ်ခုကို ပြောပြပါမယ်။
အဲဒါကို ဖြေဖို့ လွယ်လွယ်လေးပါ။
ဒါပေမဲ့ လက်တွေ့ လုပ်ပေးဖို့ကျတော့
သိပ်ကို ခဲယဉ်းပါတယ်။
ခုနက ပြောပြခဲ့တဲ့ အစဉ်အလာ ပစ္စည်းတွေနဲ့
ကြေးနီကို သုံးပြီး
5G ကိရိယာတွေကို
တည်ဆောက်မယ် ဆိုရင်၊
ပို့လိုက်တဲ့ အချက်ပြမှုဟာ
နောက်ဆုံး နေရာကို မရောက်နိုင်ပါ။
အစဉ်အလာအားဖြင့် ကျုပ်တို့ဟာ အလွှာများကို
ကာပေးရန် ကြမ်းတမ်းတဲ့ အလွှာတွေကို သုံးလျက်
ကြေးနီဝါယာကြိုးတွေကို ပံ့ပိုးကြပါတယ်။
Velcro ချိတ်တွေ အကြောင်း စဉ်းစားကြည့်ကြပါ။
ပစ္စည်းနှစ်ခုရဲ့ ကြမ်းတမ်းမှုကမှ
၎င်းတို့ကို အတူတူချိတ်ကပ်စေတာပါ။
အဲဒီအချက်ဟာဖြင့် ကိုယ်သုံးချင်တဲ့
ကိရိယာက
ဘူးထဲကနေ ထုတ်ယူလိုက်တဲ့ နောက်မှာ
လိုအပ်တာတွေ အရာအားလုံးကို
တပ်ဆင်ပြီးတဲ့ နောက်မှာ
ရေရှည် သုံးနိုင်ဖို့လည်း လိုအပ်သေးတယ်။
ဒါပေမဲ့ အဲဒီကြမ်းတမ်းမှုက ပြဿနာ ဖြစ်လာတယ်။
5G ရဲ့ အမြန်နှုန်း အချက်ပြမှုဟာ
ကြမ်းတမ်းမှုရဲ့ ဘေးမှကပ်ပြီး
ဖြတ်သွားရန် လိုအပ်မယ်။
အဲဒါကြောင့် အဆုံးနေရာကို မရောက်မီမှာ
ပျောက်သွားတတ်ပါတယ်။
တောင်တန်းစဉ် တစ်ခုကို စဉ်းစားကြည့်ပါ။
ကျုပ်တို့ဆီမှာ အပေါ်အောက် သွားလာရန်
ရှုပ်ထွေးတဲ့ လမ်းစနစ်တွေ ရှိပါတယ်။
ကိုယ်က အခြားတစ်ဖက်ကို ရောင်ချင်နေတယ်။
ဒီလို အခြေအနေမျိုးမှာ
ကိုယ်ဟာ တောင်တန်းတွေကို တက်လိုက်
ဆင်းလိုက်ဖြင့် သွားနေရရင်
သိပ်ကို ကြာနိုင်ရုံသာမက
လမ်းကိုတောင် ပျောက်သွား
နိုင်တာကို သိထားလို့
တောင်တွေကို တိုက်ရိုက် တူးဖောက်ပြီး
ညီညာနေတဲ့ လှိုဏ်ဂူကို ဖောက်မှုက
ပိုအဆင်ပြေမယ် မဟုတ်ပါလား။
ကောင်းပြီ၊ ကျုပ်တို့ရဲ့
5G ထုတ်ကုန်မှာအတူတူပဲ။
ခုနက ကြမ်းတမ်းမှုကို
ကျုပ်တို့ ဖယ်ရှားပစ်နိုင်ရင်၊
ကျုပ်တို့ဟာ 5G အချက်ပြမှုကို
နှောင့်ယှက်မခံရဘဲ ပို့နိုင်လာကြမှာပါ။
အပြောမှာတော့ အတော်ကလေး ဟုတ်သလိုပါပဲ။
ဒါပေမဲ့ စဉ်းစားစရာက၊
ကိရိယာကို အတူတကွ ထိန်းချုပ်ထားရန်
အဲဒီကြမ်းတမ်းမှုဟာ လိုအပ်တဲ့ အရာပါ။
အဲဒါကို ကျုပ်တို့ ဖယ်ရှားပစ်လိုက်ရင်
ကြေးနီဟာ
အောက်မှာ ရှိနေတဲ့ အလွှာနဲ့
ချိတ်ကပ်စရာ အကြောင်း မရှိတော့ပါ။
Lego ဘလော့တွေနဲ့ အိမ်ဆောက်လုပ်ပုံကို
စဉ်းစားကြည့်ပါ၊
တစ်ခုနဲ့တစ်ခု ချိတ်တွဲလို့ ရနိုင်တဲ့
အရာများ ပါတတ်ပေမဲ့
လုံးဝချောမွတ်နေတဲ့ ဘလော့တွေ
သာ ရှိနေမယ် ဆိုရင်ကော။
နှစ်နှစ်အရွယ် ကလေးက
အခန်းထဲကို ဝင်လာပြီး
အဲဒီ အဆောက်အဦနှစ်ခုကို
ဂေါ်ဂျီလာလို ဖျက်ဆီးပစ်လိုရင်၊
အဲဒီ နှစ်ခုထဲက ဘယ်ဟာက
ပိုပြီး ခံနိုင်ရည် ရှိမလဲ။
အဲဒီလို မဟုတ်ဘဲ ချောမွေ့နေ့တဲ့
ဘလော့တွေကို ကော်နဲ့ ကပ်ပေးမယ်ဆိုရင်ကော။
စက်မှုလုပ်ငန်းက အဲဒီလို နည်းကို
စောင့်စားနေပါတယ်။
ဓာတုဗေဒပညာရှင်တွေက
ခုနက ကြေးနီဝိုင်ယာများ လွယ်ကူစွာ
စေးကပ်နိုင်မယ့် မျက်နှာပြင်များကို
တီထွင်ပေးမှာကို စောင့်နေကြရတယ်။
ကျုပ်တို့က ဒီပြဿနာကို ဖြေရှင်းနိုင်ရင်၊
အထက်ပါ ပြဿနာကို
ဖြေရှင်းနိုင်ကြလို့
ရူပဗေဒပညာရှင်များနဲ့ အင်ဂျင်နီယာများနဲ့
ရှေ့ဆက် လုပ်ကိုင်ကြရင်း
5G ရဲ့ စိန်ခေါ်မှုတွေ
အားလုံးကို ဖြေရှင်းကြမယ်။
အဲဒီလိုသာဆိုရင် ကိရိယာတွေရဲ့
အရေအတွက်ဟာ တမဟုတ်ချင်း ထိုးတက်သွားပါမယ်။
ဟုတ်ပါတယ်၊ ကိုယ့်ဘာသာကိုယ်
မောင်းနှင်ကြမယ့် ကားတွေ ရှိလာကြပါမယ်၊
အမြန်နှုန်းနဲ့ အခြား အချက်အလက်များကို
ကိုင်တွယ်ရန် လိုအပ်တဲ့
ဒေတာ ကွန်ရက်တွေလည်း ပေါ်လာကြမှာမို့လို့ပါ။
ဒါပေမဲ့ အရာတချို့ကို စိတ်ကူးကြည့်ကြပါစို့။
မြေပဲနဲ့ ဓာတ်မတည့်တဲ့ သူငယ်ချင်းနဲ့
စားသောက်ဆိုင် သွားမယ်ဆိုပါစို့၊
ကျွန်မဖုန်းကို ထုတ်လိုက်ပြီး
အစားအစာရဲ့ အပေါ်မှ လှုပ်ရမ်းလိုက်ရုံနဲ့
အစားအစာ ကိုယ်၌ကိုက
ကျုပ်တို့ သိလိုတဲ့ အရေးကြီးတဲ့
မေးခွန်းကို ဖြေလာစေပါလိမ့်မယ်-
စားသုံးရန် ဘေးကင်းမကင်းကို သိလာရမယ်။
နောက်ဖြစ်နိုင်သေးတာက ကျုပ်တို့ရဲ့
ကိရိယာများဟာ
ကျုပ်တို့အကြောင်း အချက်အလက်တွေကို
စီမံဆောင်ရွက်ရာမှာ တော်လွန်လာကြပြီး
ကျုပ်တို့ရဲ့ ကိုယ်ရေး သင်တန်းဆရာမျိုးလို
ဖြစ်လာနိုင်ကြပါတယ်။
ကျုပ်တို့ ကယ်လိုရီတွေ လျှော့ချချင်ရင်
အကောင်းဆုံးနည်းကို ထောက်ပြနိုင်ပါမယ်။
ကျွန်မတို့ အခု နိုဝင်ဘာလနော်၊
ကျွန်မ ကိုယ်ဝန်ဆောင်စဉ်တုန်းက တိုးလာခဲ့တဲ့
ပေါင်ချိန် အချို့လျှော့ချင်တော့
အဲဒါကို ဘယ်လို ပြုလုပ်သင့်ကြောင်း
ကိရိယာရှိရင် သိပ်ကောင်းမှာပေါ့။
ဓာတုဗေဒဟာ အရမ်းကို
အရေးပါကြောင်းကို
နောက်ထပ် ဘယ်လိုပြောရမှန်း
ကျွန်မ မသိပါ။
ဓာတုဗေဒဟာ ဒီအီလက်ထရောနစ်
ကိရိယာတွေ အားလုံးကို လုပ်ကိုင်လာစေတာပါ။
ဒီတော့ နောက်တစ်ကြိမ်တွင် ရှင်တို့က
စာတိုပို့စဉ် ဒါမှမဟုတ် ဆဲလ်ဖီ ရိုက်စဉ်၊
ပင်ပမ်းစွာ အလုပ်လုပ်နေကြတဲ့
အက်တမ်တွေ အကြောင်းကို စဉ်းစားကြပါ။
၎င်းတို့ရဲ့ ကျေးဇူးကြောင့် ကျုပ်တို့
သုံးနိုင်တဲ့ အသစ်အဆန်းတွေ စဉ်းစားကြပါ။
အခုကျွန်မရဲ့ ဟောပြောချက်ကို
မိုဘိုင်း ကိရိယာပေါ်မှာပဲဖြစ်ဖြစ်
နားထောင်လိုက်ရလို့
ရှင်တို့ထဲက တချို့သောသူတို့ကပါ
အားလုံးကို ဦးဆောင်လုပ်ပေးခဲ့တဲ့
အီလက်ထရောနစ် ကိရိယာများရဲ့
တကယ့် သူရဲကောင်း ဓာတုဗေဒထဲ
ကိုယ့်နည်းကိုယ်ဟန်နဲ့ ပါဝင်ဖို့
ဆုံးဖြတ်နိုင်ကြပါတယ်။
ဂရုစိုက် နားထောင်ခဲ့ကြတဲ့
အတွက်ကျေးဇူးတင်ပါတယ်။
ပြီးတော့ ဓာတုဗေဒကိုပါ ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)