0:00:01.032,0:00:02.562 ကိုယ့် ပတ်ဝန်းကျင်ကို ကြည့်ကြပါ။ 0:00:02.586,0:00:08.286 ကိုယ် ရောက်နေတာက မြေအောက်မီးရထား၊ ပန်းခြံ၊[br]လေဆိပ်၊ စားသောက်ဆိုင်များလား၊ 0:00:08.310,0:00:10.029 ဒီကွန်ဖရင့်မှာတောင်၊ 0:00:10.053,0:00:13.441 ခင်ဗျားတို့ အားလုံးဆီမှာ လက်ထဲ ဒါမှမဟုတ်[br]အိတ်ကပ်ထဲ ဖုန်းတလုံး ရှိနေတယ်။ 0:00:13.465,0:00:15.641 ခင်ဗျားတို့ ဘယ်နှစ်ယောက်ဆီမှ[br]စာအုပ် ရှိပါသလဲ? 0:00:15.641,0:00:16.855 အရမ်းကို နည်းတယ် နော်? 0:00:16.859,0:00:19.316 အခု မြင်ရတဲ့ ရှုခင်းက ကျွန်မ ရုံးကနေ[br]ထွက်လာတိုင်းမှာ 0:00:19.316,0:00:21.077 ကျွန်မ်ကို နှုတ်ဆက်ကြတဲ့ သူတွေပါ။ 0:00:21.101,0:00:24.752 ကျွမ်းကျင် ပညာရှင် ၂၀ ခန့်တို့ဟာ ကျွန်မကို[br]ဝန်းရံလျက် ရှိနေကြပြီး 0:00:24.776,0:00:26.603 သူတို့ ဖုန်းတွေကို စိုက်ကြည့်နေကြတယ်။ 0:00:26.603,0:00:29.038 သူတို့ထဲက တစ်ဦးဆီမှာတောင် စာအုပ်ကို[br]ကိုင်မထားခဲ့ပါ။ 0:00:29.600,0:00:32.195 အဲဒီအချက်က ကျွန်မကို သိပ်သိပ်ကို[br]စိတ်ပျက်လာစေခဲ့ပါတယ်။ 0:00:32.335,0:00:34.575 ကျွန်မဟာ တစ်သက်လုံး [br]စာအုပ်ကို ဖတ်လာခဲ့သူပါ။ 0:00:34.575,0:00:37.403 စာအုပ်တွေဟာ ကျွန်မ အသက်ထဲက[br]အထင်ရှားဆုံး မှတ်တိုင်ကြီးတွေပါ။ 0:00:37.427,0:00:40.474 ကျွန်မ အသက်ထဲ ပထမဦးဆုံး ချစ်ကြိုက်မိသူက[br]Mr. Darcy ပါ။ 0:00:40.990,0:00:46.080 ကောလိပ်မှ နွေရာသီနားချိန်မှာ အသက် ၂၁ နှစ်[br]အရွယ်မှာ "ဟယ်ရီပေါ်တာ'ကို စဖတ်ဖြစ်ခဲ့တယ်။ 0:00:46.601,0:00:50.990 နောက် ကျွန်မ မှတ်မိသေးတာက ၂၀ ကျော် [br]အရွယ်မှာ အခန်းငယ်ကို ဝယ်ခဲ့တဲ့ ပထမညမှာကို 0:00:51.014,0:00:52.426 ဂုဏ်ယူစရာ အချက်က 0:00:52.450,0:00:55.039 "တစ်ညလုံး Da Vinci Code [br]စာအုပ်ကို ဖတ်ခဲ့တယ်။ 0:00:55.039,0:00:57.662 အခုတော့ ကျွန်မ ကြောက်မက်ဘွယ်[br]ဝန်ခံမှုကို လုပ်ရပါတော့မယ်- 0:00:57.662,0:01:01.661 ခုထက်ထိကို၊ ကျွန်မ စိတ်ဓာတ်ကနေရင်၊ ကျွန်မက[br]အိပ်ရာထဲ "စစ်နှင့်ငြိမ်းချမ်းရေး။"ဖတ်တယ်။ 0:01:01.661,0:01:02.735 အဲဒါကို မရယ်ကြပါနဲ့။ 0:01:02.735,0:01:04.000 (ရယ်သံများ) 0:01:04.030,0:01:06.925 ဒါပေမဲ့ ကျွန်မဟာလည်း အခု မြင်ရတဲ့ သူတွေနဲ့[br]ဆင်တူခဲ့ပါတယ်- 0:01:06.925,0:01:09.029 ကျွန်မလည်း ကိုယ့်ဖုန်းကို အားကိုးခဲ့တယ်။ 0:01:09.053,0:01:11.637 ကျွန်မဟာ အွန်လိုင်းမှနေပြီး[br]စားကုန်တွေကို မှာယူခဲ့တယ်၊ 0:01:11.637,0:01:15.695 မကြာခင်တွင် ကျွန်မရဲ့ အက်ပ်က[br]လစဉ် အနှီးတွေ လိုအပ်တာကို သိလာတယ်၊ 0:01:16.339,0:01:19.220 ကြည့်ချင်တဲ့ ရုပ်ရှင်ကိုလည်း[br]ဖုန်းနဲ့ မှာခဲ့တယ်။ 0:01:19.244,0:01:21.913 လေယာဉ်နဲ့ ပျံသန်းရေးကိုလည်း[br]ဖုန်းနဲ့ မှာယူတယ်။ 0:01:21.937,0:01:26.326 မြို့ကြီးတွေက အိန္ဒိယလူမျိုး အများလိုပဲ[br]အိမ်အပြန် ယာဉ်စီးပြီး ခရီးရှည် သွားရတော့၊ 0:01:26.350,0:01:28.293 ယာဉ်တွေပေါ်မှာ အချိန်တွေ ဖြုန်းလာရတယ်။ 0:01:28.293,0:01:32.057 WhatsApp သုံးရင်း၊ ကုိယ့်အမွှာနဲ့ ဗီဒီယို[br]ချတ်တွေ လုပ်ရင်း အချိန်ဖြုန်းခဲ့ရတယ်။ 0:01:33.437,0:01:37.803 ကျွန်မဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့[br]ထူးခြားတဲ့ တော်လှန်ရေး တစ်ပိုင်း ဖြစ်တယ်။ 0:01:37.827,0:01:41.957 အိန္ဒိယလူမျိုးတွေဟာ ကမ္ဘာပေါ်မှာ စမတ်ဖုန်း[br]သုံးကြတဲ့ ဒုတိယ အများဆုံး လူမျိုးတွေပါ။ 0:01:42.466,0:01:46.323 အဲဒါနဲ့ ဒေတာနှုန်းတွေဟာ[br]မယုံကြည်နိုင်လောက်အောင် ဈေးကြသွားလို့ 0:01:46.347,0:01:49.289 မြို့ပြနေ အိန္ဒိယပြည်သူ တစ်ဝင်နဲ့[br]ကျေးလက်ဒေသ တချို့တို့တောင် 0:01:49.289,0:01:53.321 အခုဆိုရင် သူတို့လက်ထဲမှာ ဒေသတာ ချိတ်ဆက်မှု[br]ပါတဲ့ စမတ်ဖုန်းတွေကို ကိုင်လာနိုင်ကြပါပြီ။ 0:01:53.321,0:01:55.714 ခင်ဗျားတို့က အိန္ဒိယအကြောင်း[br]နည်းနည်းလေးသိရင်ကိုပဲ 0:01:55.714,0:01:58.554 သူတို့ရဲ့ "တစ်ဝက်"ဆိုတဲ့ဟာက အမေရိက[br]တစ်နိုင်ငံလုံးနဲ့ တူနေတာ။ 0:01:58.578,0:02:00.815 အဲဒီမှာ ကိန်းဂဏန်းတွေဟာ[br]အရမ်းကို ကြီးမားကြပါတယ်။ 0:02:00.815,0:02:01.759 (ရယ်သံများ) 0:02:01.760,0:02:04.412 ပြီးတော့ အဲဒီ ဂဏန်းတွေဟာ ကြီးသထက်[br]ကြီးကြီးလာနေပါတယ်။ 0:02:04.412,0:02:06.204 အဲဒီမှာ လူဦးရေ ပေါက်ကွဲလာနေသလိုပါပဲ။ 0:02:06.228,0:02:08.014 သူတို့ အားလုံးဟာ အိန္ဒိယလူမျိုးတွေကို 0:02:08.014,0:02:11.182 ထူးခြားတဲ့ နည်းလမ်းအမျိုးမျိုးဖြင့်[br]နည်းပညာတွေ တပ်ဆင်ပေးနေကြပါတယ်။ 0:02:11.182,0:02:14.244 ဒါပေမဲ့၊ ကျွန်မ ဝန်းကျင်မှာ မြင်ရတဲ့[br]ဘယ် အပြောင်းအလဲတွေကမှ 0:02:14.268,0:02:17.574 ကျွန်မဘဝထဲမှာ ကျွန်မရဲ့ စာအုပ်[br]လောကထဲမှာ ရောင်ပြန်ဟပ်မှု မရှိပါဘူး။ 0:02:18.006,0:02:21.101 ကျွန်မဟာ ဥရောပ အရွယ်အစားမျိုး[br]နိုင်ငံမှာ နေထိုင်နေသူပါ၊ 0:02:21.125,0:02:24.234 ဒါပေမဲ့ အဲဒီမှာ ကြည့်ပျော်ရှုပျော် [br]စာအုပ်ဆိုင် ၅၀ ခန်သာ ရှိပါတယ်။ 0:02:24.234,0:02:27.290 ကြည့်ရတာ အိန္ဒိယ လူမျိုးတွေဟာ[br]အပျော်အတွက် စာဖတ်လေ့ မရှိကြပါဘူး။ 0:02:27.314,0:02:30.475 တကယ်လို့ ခင်ဗျားတို့က အိန္ဒိယမှာ[br]အကောင်းဆုံး ရောင်းရတာကို ရှာရင်၊ 0:02:30.475,0:02:31.884 အများဆုံး ရောင်းရတာ တွေ့ရမှာက 0:02:31.884,0:02:34.899 စာမေးပွဲ မေးခွန်းများနဲ့ [br]ပရော်ဖက်ရှင်နယ် လမ်းညွှန်ချက်တွေပါပဲ။ 0:02:34.899,0:02:38.498 ခင်ဗျားတို့ဟာ SAT လမ်းညွှန်ချက်များကို[br]"New York Times"လို့ နံပါတ်တစ် အဖြစ် 0:02:38.498,0:02:41.137 လစဉ် ရောင်းရတာကို စိတ်ကူးကြည့်ပါ။ 0:02:41.659,0:02:46.459 ဒါတောင် စမတ်ဖုတ်း တော်လှန်ရေးဟာ[br]ပုံစံတစ်မျိုး ဖြစ်ကြတဲ့ စာဖတ်သူနဲ့ 0:02:46.484,0:02:48.229 စာရေးသူတို့ကို ဖန်တီးနေခဲ့ပါတယ်။ 0:02:48.254,0:02:51.095 အဲဒါဟာ Facebook မှာလား၊ WhatsApp မှာလား၊ 0:02:51.119,0:02:55.960 အန္ဒိယ လူမျိုးတွေဟာ အရာမျိုးစုံကို ရေးသား[br]မျှဝေလျက် ဖတ်ရှုနေကြပါပြီ- 0:02:55.984,0:02:59.698 ကြောက်မက်ဘွယ် ပြက်လုံးတွေ၊ [br]လံကြုပ် ဇာတ်လမ်းတွေပါ။ 0:02:59.722,0:03:02.398 ရှည်လျားပြီ စိတ်လှုပ်ရှားဖွယ်[br]ဝန်ခံမှုတွေနဲ့ပေါ့လေ။ 0:03:02.422,0:03:04.593 အစိုးရ ဆန့်ကျင်ရေး အရေးအသားတွေလဲ ပါတယ်။ 0:03:04.617,0:03:07.903 အဲဒီလို အရာတွေကို ကျွန်မက ဖတ်ရှုရင်း [br]မျှဝေရင်းနဲ့ စဉ်းစားမိတာက၊ 0:03:07.927,0:03:12.189 "အဲဒီ စာရေးသူတွေ၊ စာဖတ်သူတွေကို[br]ကျွန်မဟာ 0:03:12.213,0:03:14.642 ကျွန်မရဲ့ စာဖတ်သူတွေ အဖြစ်များ [br]ပြောင်းလဲနိုင်မလား?" 0:03:14.642,0:03:17.895 အဲဒါနဲ့ ကျွန်မဟာ အိန္ဒိယနိုင်ငံထဲက ထိပ်သိး[br]စာအုပ်ထုတ်ဝေရေး ကုမ္ပဏီထဲက 0:03:17.919,0:03:21.385 အဆင်ပြေ ဇိမ်ခံနိုင်ခဲ့တဲ့ [br]ရာထူးကို စွန့်ပြီး 0:03:21.385,0:03:24.133 ကိုယ်ပိုင် လုပ်ငန်းကို ထူထောင်လိုက်တယ်။ 0:03:24.133,0:03:30.720 ကျွန်မဟာ ဒေလီမြို့ထဲက ယဉ်ကျေးမှုဒေသမှာ[br]အခန်းကြး တစ်ခုကို ငှားလျက် ရွေ့လိုက်ပါတယ်။ 0:03:30.744,0:03:32.058 ကျွန်မ အဖွဲ့က သေးသေးလေးပါ။ 0:03:32.402,0:03:35.376 အဲဒီမှာ ကျွန်မဟာ ပုံစံသစ် [br]ထုတ်ဝေရေးတိုက်ကို ထူတောင်ခဲ့တယ်။ 0:03:36.355,0:03:39.765 ထုတ်ဝေရေး တိုက်အသစ် ဆိုတော့[br]ဖတ်သူ အသစ်လည်း လိုအပ်ပါမယ်။ 0:03:39.789,0:03:41.718 ပြီးတော့ စာအုပ်ကလည်း တမျိုး ဖြစ်ရပါမယ်။ 0:03:41.718,0:03:45.568 ဒါနဲ့ ကျွန်မက ‘‘စာဖတ်သူ အသစ်တွေ ဘာကိုများ[br]ဖတ်ချင်ကြမလဲ"ကိုယ့်ကိုကိုယ်မေးကြည့်တယ်။ 0:03:45.568,0:03:48.956 သူတို့စာ အရေးကြီးမှု၊ ဆက်စပ်မှု၊ 0:03:48.980,0:03:51.268 အချိန်မီမှု၊ ဒဲ့ဒိုးဖြစ်မှုကို [br]တန်ဖိုးထားကြမလား။ 0:03:51.282,0:03:54.958 သူတို့က အွန်လိုင်းဝန်ဆောင်မှုများမှ[br]လိုချင်တဲ့ကြတာ အဲဒီလို ဝန်ဆောင်မှုတွေပါ။ 0:03:54.982,0:03:58.120 တကယ်တော့၊ သူတို့ဟာ ဒီနေ့ ဘဝထံမှ[br]လိုချင်ခဲ့ကြတဲ့ အရည်အသွေးတွေပါ။ 0:03:58.339,0:04:01.437 ကျွန်မရဲ့ ပရိသတ်ဟာ တချိန်လုံး[br]ရွေ့လျားသွားလာနေသူတွေ ဖြစ်ခဲ့ကြတယ်။ 0:04:01.437,0:04:04.728 ကျွန်မဟာ သူတို့ရဲ့ ဘဝပုံစံ အချိန်ဇယားထဲ[br]ဝင်နိုင်ရန် လိုအပ်ခဲ့တယ်။ 0:04:04.752,0:04:07.810 သူတို့ဟာ ရွက်ရေ ၂၀၀ စာအုပ်ကို [br]တကယ် ဖတ်ချင်ကြမှာလား။ 0:04:07.834,0:04:10.947 ဒါမှမဟုတ် သူတို့ဟာ ပိုကြေချက်လွယ်တဲ့[br]ဟာမျိုးကို ဖတ်ချင်ကြမလား။ 0:04:11.226,0:04:14.406 အိန္ဒိယ လူမျိုးတွေဟာ သူမတူ [br]တန်ဖိုးကို သိပ်ကို ဂရိုစိုက်ကြသူတွေပါ။ 0:04:14.406,0:04:17.570 အထူသဖြင့် သူတို့ကိုယ်တိုင် ဖတ်ချင်တဲ့[br]စာအုပ်ဆို ပိုအရေးကြီးပါတယ်။ 0:04:17.570,0:04:21.126 ကျွန်မဟာ သူတို့အတွက် စာအုပ်ကို[br]တစ်ဒေါ်လာ အောက်မှာ ရောင်းရမှာ နားလည်မိတယ်။ 0:04:21.415,0:04:25.167 ဒီလိုနည်းဖြင့် ကျွန်မရဲ့ ကုမ္ပဏီ ဖွဲ့စည်း[br]ပေါက်ဖွားပေးလိုက်ပါပြီ။ 0:04:25.191,0:04:31.426 ကျုပ်တို့ တီထွင်လိုက်တဲ့ ပလက်ဖောင်းမှာ [br]စမတ်ဖုန်း အတွက် ပုံပြင်တွေ ဖန်တီးပေးလျက် 0:04:31.450,0:04:35.489 အပျော်တမ်း စာရေးလိုသူတို့အတွက်ပါ သူတို့ရဲ့[br]ပုံပြင်များကို အပ်လုဒ် လုပ်ခွင့်ပြုခဲ့တယ်၊ 0:04:35.489,0:04:39.140 ဒီလိုနည်းဖြင့် သူတို့ ကိုယ်တိုင် ဖတ်ကြပြီး[br]ချီးကျူးခဲ့ကြတဲ့ စာရေးသူတို့နဲ့အတူ 0:04:39.140,0:04:40.714 သူတို့ရေးတာကိုလည်း ပြပေးခဲ့တယ်၊။ 0:04:40.714,0:04:44.696 တချိန်တည်းမှာ ကျွန်မတို့ဟာ အခြားသူတွေရဲ့[br]ဒီဂျီတယ် ပလက်ဖောင်းထဲကို ဝင်နိုင်ခဲ့ကြတယ်။ 0:04:44.709,0:04:46.339 ဒီတော့ ဒါကို စိတ်ကူးကြည့်ပါ- 0:04:46.339,0:04:50.117 ခင်ဗျားဟာ ဧည့်သည်တွေကို လက်ခံသူ ဆိုပါစို့၊[br]တစ်နေ့လုံး အကြာကြီး အလုပ်လုပ်ပြီးပြီ၊ 0:04:50.117,0:04:53.144 ခင်ဗျားဟာ ကိုယ့်အတွက် ကားကို ကားစီးအက်ပ်[br]တစ်ခုမှ မှာယူလိုက်တယ်၊ 0:04:53.144,0:04:54.007 ကားပေါ်လာပြီ၊ 0:04:54.031,0:04:57.431 ဒါနဲ့ ခင်ဗျား ကားပေါ်ကို တက်လိုက်တယ်၊[br]ထိုင်ခုံပေါ်မှာ ကျောကိုချလိုက်တယ်၊ 0:04:57.431,0:04:59.301 ပြီးတော့ ကိုယ့်အက်ပ်ကို ဖွင့်လိုက်တယ်။ 0:04:59.301,0:05:03.187 အဲဒီမှာ ခင်ဗျားရဲ့ ခရီးနဲ့ အံဝင်ဂွင်ကျ[br]၀တ္ထုတွေ တစ်ပုံကြီးကို တွေ့ရတယ်။ 0:05:04.347,0:05:06.514 ကိုယ်က လိင်တူချစ်တဲ့ မိန်းကလေး ဆိုပါစို့၊ 0:05:06.538,0:05:10.842 Lucknow လို ဒေလီမြို့နားက အတော်လေ[br]ရှေးရိုးဆန်တဲ့ မြို့မှာဆိုပါစို့။ 0:05:10.900,0:05:14.022 ခင်ဗျားမိဘတွေ ခင်ဗျားရဲ့ လိင်စွဲလန်းမှုကို[br]သိစရာ အကြောင်း မရှိပါ။ 0:05:14.046,0:05:16.022 သူတို့ဟာ လုံးဝကို ယုံနိုင်ကြမှာ မဟုတ်ပါ။ 0:05:16.403,0:05:22.315 ဟင်ဒီလို ရေးထားတဲ့ လိင်တူချစ်သူချစ်သူများ[br]အတွက် တစ်ဒေါ်လာ မတန်တဲ့ ၀တ္ထူဖတ်ချင်မလား၊ 0:05:22.339,0:05:24.728 ကိုယ့်ဖုန်းထဲမှာ လုံခြုံစွာ ဖတ်ချင်မလား။ 0:05:25.244,0:05:27.855 ပြီးတော့ ကျွန်မဟာ အဲဒီအချိန်မှာကို 0:05:27.879,0:05:32.189 စာဖတ်သူတွေရဲ့ ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့[br]အဖြစ်မှန်တွေနဲ့ တိုက်ဆိုင်ပေးနိုင်ပါတယ်။ 0:05:32.982,0:05:37.156 အဲဒါကြောင့်မို့လို့ ကျွန်တို့ဟာ[br]ရွေးကောက်ပွဲတွေမှာ အနိုင်ရယူနိုင်ခဲ့ကြတဲ့ 0:05:37.180,0:05:39.941 နာမည်ကြီး နိုင်ငံရေးသမားတွေရဲ့[br]အထ္ထုပတ္တိကို ထည့်ရေးကြတယ်။ 0:05:40.383,0:05:44.188 တရားရုံးချုပ်ကနေပြီး လိင်တူဆက်ဆံခြင်း[br]ရာဇဝတ်မှုမဟုတ်ကြောင်း ကြေညာလိုက်တာနဲ့၊ 0:05:44.212,0:05:47.959 LGBTQ ၀တ္ထုစုံဟာ ကျွန်မတို့ရဲ့[br]ပင်မ စာမျက်နှာမှာ စောင့်နေခဲ့တယ်။ 0:05:48.482,0:05:53.591 အိန္ဒိယနိုင်ငံရဲ့ Toni Morrison၊ Mahasweta[br]Deviလို နာမည်ကြီး စာရေးသူတွေ ဆုံးသွားတော့၊ 0:05:53.615,0:05:57.460 ကျုပ်တို့ရဲ့ စာဖတ်သူတွေက သတင်းသိသိချင်း[br]သူမရေးခဲ့တဲ့ ၀တ္ထုကို ရှာတွေ့ခဲ့ကြတယ်။ 0:05:58.046,0:06:02.807 စိတ်ကူးက စာဖတ်သူရဲ့ဘဝတဒင်္ဂတိုင်းနဲ့[br]ဆက်စပ်တာကို ဖေါ်ပြပေးရန်ပါ။ 0:06:03.263,0:06:05.157 ကျုပ်တို့ရဲ့ စာဖတ်သူတွေက ဘယ်သူတွေလဲ။ 0:06:05.562,0:06:08.657 အများစုဟာ အသက် ၃၀ အောက် လူငယ်တွေပါ။ 0:06:08.681,0:06:10.665 သူတို့ အကြားမှာ Salil လို လူမျိုး၊ 0:06:10.689,0:06:13.768 ခေတ်မီတဲ့ စာအုပ်ဆိုင် [br]မရှိတဲ့ မြို့မှာ နေထိုင်နေရသူပါ။ 0:06:13.792,0:06:16.525 သူဟာ ကျုပ်တို့ အက်ပ်ကို [br]နေ့စဉ်လိုလို ဝင်လေ့ရှိပါတယ်။ 0:06:16.592,0:06:18.678 ပြီးတော့ အိမ်အပြန် ယာဉ်တွေကို စီးရချိန်မှာ 0:06:18.702,0:06:21.894 အများဆုံး ဖတ်တတ်တဲ့ [br]Manoj ဆိုသူလည်း ရှိပါတယ်။ 0:06:22.266,0:06:25.861 အဲဒါ့အပြင် Ahmed လိုလူကျတော့ ၀တ္ထုမဟုတ်တဲ့[br]အပိုင်းကို ကြိုက်ပြီး 0:06:25.885,0:06:29.847 တထိုင်တည်းနဲ့ ဖတ်နိုင်တဲ့ ဈေးနည်းတဲ့[br]အရာတွေကို ကြိုက်ပါတယ်။ 0:06:30.831,0:06:33.832 ကိုယ့်ကိုယ်ကို စက်ပစ္စည်းတွေ[br]ကြိုက်တဲ့ လူငယ်တစ်ဦ၊ 0:06:33.856,0:06:38.187 အိန္ဒိယရဲ့ Silicon Valley[br]ဘန်ဂလိုမှာ နေထိုင်သူလို့ စိတ်ကူးကြည့်ပါ။ 0:06:39.031,0:06:41.578 တစ်နေ့တွင် သင်ထံကို[br]အက်ပ်တွင်း အကြောင်းကြားစာရလာတယ်၊ 0:06:41.602,0:06:44.977 ခင်ဗျား အကြိုက်ဆုံး မင်းသမီးက[br]ကာမရသ ၀တ္ထုတိုကို ရေးခဲ့ရာ 0:06:44.977,0:06:46.356 ခင်ဗျားအတွက် စောင့်နေတယ်တဲ့။ 0:06:46.356,0:06:49.138 Juggernaut ဆိုတာကို ကျုပ်တို့ ထုတ်ဝေခဲ့တာ[br]အဲဒီလိုနည်းနဲ့ပါ။ 0:06:49.138,0:06:53.188 Sunny Leone ဆိုသူဟာ ကျုပ်တို့ရဲ့[br]သက်ကြီး ကြယ်ပွင့်ထဲမှာ နာမည်ကြီးသူပါ။ 0:06:53.212,0:06:56.347 သူမဟာ Google ထဲရှာကြည့်ရင်[br]အိန္ဒိယနိုင်ငံမှာ အကျော်ကြားဆုံးသူပါ။ 0:06:56.371,0:07:00.395 အဲဒါနဲ့ ကာမရသ ၀တ္ထုတိုတွေကို[br]ဆက်တိုက် ရေးပေးရန် သူမနဲ့ သဘောတူခဲ့ကြရာ 0:07:00.419,0:07:02.442 တပတ်အတွင်း ညတိုင်း ကျုပ်တို့ ထုတ်ဝေပေးတယ်။ 0:07:02.442,0:07:04.410 အဲဒါဟာ မယုံနိုင်ဖွယ် သတင်း ဖြစ်လာခဲ့တယ်။ 0:07:04.434,0:07:08.034 ကျွန်မတို့က Sunny Leone ကို ရေးပေးရန်[br]တောင်းဆိုခဲ့တာ ဘယ်သူမှ မယုံကြဘူး။ 0:07:08.296,0:07:09.626 ဒါပေမဲ့ သူမ ရေးပေးခဲ့တယ်။ 0:07:09.650,0:07:12.212 လူတိုင် မှားကြတာကို [br]သူမ သက်သေထူပြနိုင်ခဲ့တယ်။ 0:07:12.236,0:07:14.577 သူမကို အားပေး ဖတ်ရှုသူတွေ အရမ်းများတယ်။ 0:07:15.084,0:07:19.948 ကျုပ်တို့က စာအုပ်နဲ့ စာဖတ်သူရဲ့ အနက်[br]အဓိပ္ပါယ်ကို ပြန်ဖေါ်ထုတ်ခဲ့ကြသလိုပဲ 0:07:19.948,0:07:22.658 စာရေးဆရာ ဆိုတာ ဘယ်သူပါလိမ့်ကိုပါ[br]ပြန်ပြီး စဉ်းစားနေရတယ်။ 0:07:22.658,0:07:24.881 ကျုပ်တို့ရဲ့ အပျော်တမ်း [br]စာရေးရန် ပလက်ဖောင်တွင် 0:07:24.905,0:07:27.915 ဆယ်ကျော်သက်မှ အိမ်ရှင်မတွေအထိ[br]ရေးသူတွေ ရှိကြတယ်။ 0:07:28.315,0:07:30.397 သူတို့ ရေးကြတာကလည်း အရာမျိုးစုံပါပဲ။ 0:07:30.421,0:07:35.863 ကဗျာတစ်ပုဒ်၊ စာစီစာကုံး တစ်ပုဒ်၊[br]၀တ္ထုတို တစ်ပုဒ်နဲ့ စနိုင်ပါတယ် ... 0:07:36.292,0:07:39.739 သူတို့ထဲက ငါးဆယ်ရာခိုင်နှုန်းတို့ဟာ[br]ပြန်ရေးဖို့ အက်ပ်ဆီ ပြန်လာကြတယ်။ 0:07:40.144,0:07:41.999 Neeraj လို လူကို ယူကြည့်ကြပါစို့။ 0:07:42.024,0:07:47.028 သူဟာ လူလတ်ပိုင်း အလုပ်အမှုဆောင် တစ်ဦး၊[br]ဇနီးနဲ့ ကလေးနှစ်ဦး၊ အလုပ်ကေင်း ရှိသူပါ။ 0:07:47.053,0:07:48.815 Neeraj ဟာ ဖတ်ရတာကို ကြိုက်တယ်။ 0:07:48.839,0:07:51.673 Neeraj က သူကြိုက်တဲ့ စာအုပ်ကို[br]ဖတ်ရတိုင်းမှာ 0:07:51.697,0:07:53.871 သူဟာ ဝမ်းနည်းမှုကို ခံစားရတယ်။ 0:07:53.895,0:07:56.505 သူရောပါ စာရေးနိုင်ခဲ့မယ် ဆိုရင်ကော[br]သူဟာ တွေးမိပါတယ်။ 0:07:56.529,0:07:58.974 သူ့စိတ်ထဲမှာ ရေးစရာဝတ္ထုတွေ[br]ရှိကြတာ သူ ယုံကြည်တယ်။ 0:07:59.450,0:08:03.964 ဒါပေမဲ့ ဘဝအရှိတရားနဲ့ ဖြစ်ပျက်နေတဲ့[br]အရာတွေကြောင့် သူဟာ လက်တွေ့ မရေးဖြစ်ခဲ့ပါ။ 0:08:03.964,0:08:07.648 အဲဒါနဲ့ သူဟာ Juggernaut စာရေးသူတို့အတွက်[br]ပလက်ဖောင်း အကြောင်းကို ကြားမိတယ်။ 0:08:07.672,0:08:11.522 အဲဒီမှာ သူအချစ်သက်ဆုံးက အဲဒီနေရာဟာဖြင့်[br]သူအများဆုံး ချီးမွမ်းခဲ့တဲ့ စာရေးဆရာတွေနဲ့ 0:08:11.546,0:08:14.612 တန်းတူရည်တူ ဘေးချင်းယှဉ်ပြီး[br]ရပ်လျက် ရေးနိုင်မယ့် 0:08:14.637,0:08:17.141 နေရာ ဖြစ်တယ်လို့ သူက ခံစားမိခြင်းပါပဲ။ 0:08:17.165,0:08:19.071 အဲဒီလိုနည်းဖြင့် သူဟာ စရေးဖြစ်ခဲ့တယ်။ 0:08:19.252,0:08:23.014 သူဟာ ဒီမှာ တစ်မိနစ်ရှာယူလိုက်၊[br]ဟိုမှာ တစ်နာရီ ရယူလိုက်နဲ့၊ 0:08:23.038,0:08:25.252 လေယာဉ်နဲ့ ပျံသန်မှုအကြား[br]လေဆိပ်များမှာ၊ 0:08:25.276,0:08:28.147 ညဉ့်နက်ချိန်မှာ၊ အချိန်ရရင် ရသလို[br]ရေးလာခဲ့တယ်။ 0:08:28.147,0:08:31.184 သူဟာ တကယ့်ကို ထူးခြားတဲ့ ၀တ္ထုကို[br]ကျွန်မတို့ အတွက် ရေးပေးခဲ့တယ်။ 0:08:31.208,0:08:33.937 သူသတ်မှု ကျူးလွန်ခဲ့တဲ့ မိသားစုအကြောင်း[br]၀တ္ထု ဖြစ်ခဲ့တယ်။ 0:08:33.937,0:08:37.517 မိသားစုဟာ ဒေလီမြို့ဟောင်းထဲက ကွေ့ကောက်တဲ့[br]လမ်းသွယ်တွေထဲမှာ နေထိုင်ခဲ့ကြတယ်။ 0:08:37.517,0:08:40.501 အဲဒီ၀တ္ထုကို ကျွန်မတို့ ကြိုက်ကြတယ်၊[br]လတ်ဆတ်ပြီး ဆန်းသစ်ခဲ့တယ်။ 0:08:40.501,0:08:44.712 Neeraj ဟာ ရုပ်ရှင်ရိုက်ဖို့ [br]စာချုပ် ချုပ်ဆိုခဲ့ရတဲ့အပြင် 0:08:44.736,0:08:48.011 နောက် ၀တ္ထုရေးပေးရန် ကန်ထရိုက်ကိုပါ[br]ရလိုက်သေးတယ်။ 0:08:48.323,0:08:52.190 Neeraj ရဲ့ဇာတ်လမ်းဟာ ကျုပ်တို့ app မှာ[br]အဖတ်အများဆုံး တစ်ခုပါ။ 0:08:53.259,0:08:56.019 ကျွန်မ စတင်လိုက်တဲ့ ခရီးဟာ[br]သိပ်ကို တိုလှပါတယ်။ 0:08:56.019,0:08:59.911 ကျုပ်တို့ဟာ နှစ်နှစ်သာရှိသေးတဲ့ ကုမ္ပဏီပါ၊[br]ရှေ့ဆက် သွားရမယ့် ခရီးဟာ ရှည်လျားပါတယ်။ 0:09:00.254,0:09:04.004 ဒါပေမဲ့ ကျုပ်တို့ ရပ်တည်နေပါပြီ၊ ဒီနှစ်[br]ကုန်ပိုင်းမှာလည်း ဆက်ရပ်တည်နေကြမှာပါ။ 0:09:04.029,0:09:07.984 ၀တ္ထုတွေ သန်းဝက်ခန် ရှိနေပြီး[br]အများစုဟာ ဈေးတစ်ဒေါ်လာ အောက်မှာပါ။ 0:09:08.849,0:09:11.935 ကျုပ်တို့ရဲ့ စာဖတ်သူ အများစုတို့ဟာ[br]ဖတ်ရတာကို နှစ်ခြိုက်ကြပြီး 0:09:11.959,0:09:15.093 သူတို့ လုံးဝမကြားခဲ့ဘူးကြတဲ့[br]စာရေးဆရာတွေကို ရှာဖတ်တတ်ကြပါတယ်။ 0:09:15.117,0:09:17.577 ကျုပ်တို့ ပင်မ စာမျက်နှာထဲက[br]ဖတ်စရာတွေဟာ 0:09:17.601,0:09:21.010 ကျုပ်တို့ရဲ့ စာရေးဆရာရဲ့ ပလက်ဖောင်းမှ[br]လာကြတဲ့ ဟာတွေပါ။ 0:09:22.210,0:09:24.321 နေရာတိုင်းမှာ ရှိနေခြင်း၊ 0:09:24.345,0:09:26.925 အလွယ်တကူ ရယူနိုင်ခြင်းနဲ့ [br]ဆက်စပ်မှုရှိခြင်းဖြင့် 0:09:27.164,0:09:30.048 စာဖတ်မှုကို ကျွန်မဟာ နေ့စဉ် အကျင့်တစ်ခု၊ 0:09:30.048,0:09:34.101 ခင်ဗျားတို့ရဲ့ အီးမေးလ်ကို စစ်ကြည့်သလိုပဲ[br]လွယ်ကူ အဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။ 0:09:34.800,0:09:36.490 စာအုပ်ကို အွန်လိုင်း မှာယူရတာဟာ 0:09:36.514,0:09:38.871 အိမ်သုံး ကုန်စုံကို မှာရသလိုပဲ[br]လွယ်ကူစေလိုပါတယ်။ 0:09:38.871,0:09:40.395 ကျွန်မ အနေနဲ့ ပြောရရင်၊ 0:09:40.419,0:09:44.516 ကျွန်မဟာ စမတ်ဖုန်းရဲ့ ခြောက်လက်မ [br]ကမ္ဘာကြီးထဲကို ဝင်လိုက်တာနဲ့ 0:09:44.540,0:09:47.136 ကျွန်မ ကိုယ်တိုင်ရဲ့ ကမ္ဘဟာ[br]သိပ်ကို ကြီးမားလာခဲ့ပါပြီ။ 0:09:48.484,0:09:49.682 ကျေးဇူးတင်ပါတယ်။ 0:09:49.706,0:09:53.586 (လက်ခုပ်သံများ)