ကိုယ့် ပတ်ဝန်းကျင်ကို ကြည့်ကြပါ။
ကိုယ် ရောက်နေတာက မြေအောက်မီးရထား၊ ပန်းခြံ၊
လေဆိပ်၊ စားသောက်ဆိုင်များလား၊
ဒီကွန်ဖရင့်မှာတောင်၊
ခင်ဗျားတို့ အားလုံးဆီမှာ လက်ထဲ ဒါမှမဟုတ်
အိတ်ကပ်ထဲ ဖုန်းတလုံး ရှိနေတယ်။
ခင်ဗျားတို့ ဘယ်နှစ်ယောက်ဆီမှ
စာအုပ် ရှိပါသလဲ?
အရမ်းကို နည်းတယ် နော်?
အခု မြင်ရတဲ့ ရှုခင်းက ကျွန်မ ရုံးကနေ
ထွက်လာတိုင်းမှာ
ကျွန်မ်ကို နှုတ်ဆက်ကြတဲ့ သူတွေပါ။
ကျွမ်းကျင် ပညာရှင် ၂၀ ခန့်တို့ဟာ ကျွန်မကို
ဝန်းရံလျက် ရှိနေကြပြီး
သူတို့ ဖုန်းတွေကို စိုက်ကြည့်နေကြတယ်။
သူတို့ထဲက တစ်ဦးဆီမှာတောင် စာအုပ်ကို
ကိုင်မထားခဲ့ပါ။
အဲဒီအချက်က ကျွန်မကို သိပ်သိပ်ကို
စိတ်ပျက်လာစေခဲ့ပါတယ်။
ကျွန်မဟာ တစ်သက်လုံး
စာအုပ်ကို ဖတ်လာခဲ့သူပါ။
စာအုပ်တွေဟာ ကျွန်မ အသက်ထဲက
အထင်ရှားဆုံး မှတ်တိုင်ကြီးတွေပါ။
ကျွန်မ အသက်ထဲ ပထမဦးဆုံး ချစ်ကြိုက်မိသူက
Mr. Darcy ပါ။
ကောလိပ်မှ နွေရာသီနားချိန်မှာ အသက် ၂၁ နှစ်
အရွယ်မှာ "ဟယ်ရီပေါ်တာ'ကို စဖတ်ဖြစ်ခဲ့တယ်။
နောက် ကျွန်မ မှတ်မိသေးတာက ၂၀ ကျော်
အရွယ်မှာ အခန်းငယ်ကို ဝယ်ခဲ့တဲ့ ပထမညမှာကို
ဂုဏ်ယူစရာ အချက်က
"တစ်ညလုံး Da Vinci Code
စာအုပ်ကို ဖတ်ခဲ့တယ်။
အခုတော့ ကျွန်မ ကြောက်မက်ဘွယ်
ဝန်ခံမှုကို လုပ်ရပါတော့မယ်-
ခုထက်ထိကို၊ ကျွန်မ စိတ်ဓာတ်ကနေရင်၊ ကျွန်မက
အိပ်ရာထဲ "စစ်နှင့်ငြိမ်းချမ်းရေး။"ဖတ်တယ်။
အဲဒါကို မရယ်ကြပါနဲ့။
(ရယ်သံများ)
ဒါပေမဲ့ ကျွန်မဟာလည်း အခု မြင်ရတဲ့ သူတွေနဲ့
ဆင်တူခဲ့ပါတယ်-
ကျွန်မလည်း ကိုယ့်ဖုန်းကို အားကိုးခဲ့တယ်။
ကျွန်မဟာ အွန်လိုင်းမှနေပြီး
စားကုန်တွေကို မှာယူခဲ့တယ်၊
မကြာခင်တွင် ကျွန်မရဲ့ အက်ပ်က
လစဉ် အနှီးတွေ လိုအပ်တာကို သိလာတယ်၊
ကြည့်ချင်တဲ့ ရုပ်ရှင်ကိုလည်း
ဖုန်းနဲ့ မှာခဲ့တယ်။
လေယာဉ်နဲ့ ပျံသန်းရေးကိုလည်း
ဖုန်းနဲ့ မှာယူတယ်။
မြို့ကြီးတွေက အိန္ဒိယလူမျိုး အများလိုပဲ
အိမ်အပြန် ယာဉ်စီးပြီး ခရီးရှည် သွားရတော့၊
ယာဉ်တွေပေါ်မှာ အချိန်တွေ ဖြုန်းလာရတယ်။
WhatsApp သုံးရင်း၊ ကုိယ့်အမွှာနဲ့ ဗီဒီယို
ချတ်တွေ လုပ်ရင်း အချိန်ဖြုန်းခဲ့ရတယ်။
ကျွန်မဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့
ထူးခြားတဲ့ တော်လှန်ရေး တစ်ပိုင်း ဖြစ်တယ်။
အိန္ဒိယလူမျိုးတွေဟာ ကမ္ဘာပေါ်မှာ စမတ်ဖုန်း
သုံးကြတဲ့ ဒုတိယ အများဆုံး လူမျိုးတွေပါ။
အဲဒါနဲ့ ဒေတာနှုန်းတွေဟာ
မယုံကြည်နိုင်လောက်အောင် ဈေးကြသွားလို့
မြို့ပြနေ အိန္ဒိယပြည်သူ တစ်ဝင်နဲ့
ကျေးလက်ဒေသ တချို့တို့တောင်
အခုဆိုရင် သူတို့လက်ထဲမှာ ဒေသတာ ချိတ်ဆက်မှု
ပါတဲ့ စမတ်ဖုန်းတွေကို ကိုင်လာနိုင်ကြပါပြီ။
ခင်ဗျားတို့က အိန္ဒိယအကြောင်း
နည်းနည်းလေးသိရင်ကိုပဲ
သူတို့ရဲ့ "တစ်ဝက်"ဆိုတဲ့ဟာက အမေရိက
တစ်နိုင်ငံလုံးနဲ့ တူနေတာ။
အဲဒီမှာ ကိန်းဂဏန်းတွေဟာ
အရမ်းကို ကြီးမားကြပါတယ်။
(ရယ်သံများ)
ပြီးတော့ အဲဒီ ဂဏန်းတွေဟာ ကြီးသထက်
ကြီးကြီးလာနေပါတယ်။
အဲဒီမှာ လူဦးရေ ပေါက်ကွဲလာနေသလိုပါပဲ။
သူတို့ အားလုံးဟာ အိန္ဒိယလူမျိုးတွေကို
ထူးခြားတဲ့ နည်းလမ်းအမျိုးမျိုးဖြင့်
နည်းပညာတွေ တပ်ဆင်ပေးနေကြပါတယ်။
ဒါပေမဲ့၊ ကျွန်မ ဝန်းကျင်မှာ မြင်ရတဲ့
ဘယ် အပြောင်းအလဲတွေကမှ
ကျွန်မဘဝထဲမှာ ကျွန်မရဲ့ စာအုပ်
လောကထဲမှာ ရောင်ပြန်ဟပ်မှု မရှိပါဘူး။
ကျွန်မဟာ ဥရောပ အရွယ်အစားမျိုး
နိုင်ငံမှာ နေထိုင်နေသူပါ၊
ဒါပေမဲ့ အဲဒီမှာ ကြည့်ပျော်ရှုပျော်
စာအုပ်ဆိုင် ၅၀ ခန်သာ ရှိပါတယ်။
ကြည့်ရတာ အိန္ဒိယ လူမျိုးတွေဟာ
အပျော်အတွက် စာဖတ်လေ့ မရှိကြပါဘူး။
တကယ်လို့ ခင်ဗျားတို့က အိန္ဒိယမှာ
အကောင်းဆုံး ရောင်းရတာကို ရှာရင်၊
အများဆုံး ရောင်းရတာ တွေ့ရမှာက
စာမေးပွဲ မေးခွန်းများနဲ့
ပရော်ဖက်ရှင်နယ် လမ်းညွှန်ချက်တွေပါပဲ။
ခင်ဗျားတို့ဟာ SAT လမ်းညွှန်ချက်များကို
"New York Times"လို့ နံပါတ်တစ် အဖြစ်
လစဉ် ရောင်းရတာကို စိတ်ကူးကြည့်ပါ။
ဒါတောင် စမတ်ဖုတ်း တော်လှန်ရေးဟာ
ပုံစံတစ်မျိုး ဖြစ်ကြတဲ့ စာဖတ်သူနဲ့
စာရေးသူတို့ကို ဖန်တီးနေခဲ့ပါတယ်။
အဲဒါဟာ Facebook မှာလား၊ WhatsApp မှာလား၊
အန္ဒိယ လူမျိုးတွေဟာ အရာမျိုးစုံကို ရေးသား
မျှဝေလျက် ဖတ်ရှုနေကြပါပြီ-
ကြောက်မက်ဘွယ် ပြက်လုံးတွေ၊
လံကြုပ် ဇာတ်လမ်းတွေပါ။
ရှည်လျားပြီ စိတ်လှုပ်ရှားဖွယ်
ဝန်ခံမှုတွေနဲ့ပေါ့လေ။
အစိုးရ ဆန့်ကျင်ရေး အရေးအသားတွေလဲ ပါတယ်။
အဲဒီလို အရာတွေကို ကျွန်မက ဖတ်ရှုရင်း
မျှဝေရင်းနဲ့ စဉ်းစားမိတာက၊
"အဲဒီ စာရေးသူတွေ၊ စာဖတ်သူတွေကို
ကျွန်မဟာ
ကျွန်မရဲ့ စာဖတ်သူတွေ အဖြစ်များ
ပြောင်းလဲနိုင်မလား?"
အဲဒါနဲ့ ကျွန်မဟာ အိန္ဒိယနိုင်ငံထဲက ထိပ်သိး
စာအုပ်ထုတ်ဝေရေး ကုမ္ပဏီထဲက
အဆင်ပြေ ဇိမ်ခံနိုင်ခဲ့တဲ့
ရာထူးကို စွန့်ပြီး
ကိုယ်ပိုင် လုပ်ငန်းကို ထူထောင်လိုက်တယ်။
ကျွန်မဟာ ဒေလီမြို့ထဲက ယဉ်ကျေးမှုဒေသမှာ
အခန်းကြး တစ်ခုကို ငှားလျက် ရွေ့လိုက်ပါတယ်။
ကျွန်မ အဖွဲ့က သေးသေးလေးပါ။
အဲဒီမှာ ကျွန်မဟာ ပုံစံသစ်
ထုတ်ဝေရေးတိုက်ကို ထူတောင်ခဲ့တယ်။
ထုတ်ဝေရေး တိုက်အသစ် ဆိုတော့
ဖတ်သူ အသစ်လည်း လိုအပ်ပါမယ်။
ပြီးတော့ စာအုပ်ကလည်း တမျိုး ဖြစ်ရပါမယ်။
ဒါနဲ့ ကျွန်မက ‘‘စာဖတ်သူ အသစ်တွေ ဘာကိုများ
ဖတ်ချင်ကြမလဲ"ကိုယ့်ကိုကိုယ်မေးကြည့်တယ်။
သူတို့စာ အရေးကြီးမှု၊ ဆက်စပ်မှု၊
အချိန်မီမှု၊ ဒဲ့ဒိုးဖြစ်မှုကို
တန်ဖိုးထားကြမလား။
သူတို့က အွန်လိုင်းဝန်ဆောင်မှုများမှ
လိုချင်တဲ့ကြတာ အဲဒီလို ဝန်ဆောင်မှုတွေပါ။
တကယ်တော့၊ သူတို့ဟာ ဒီနေ့ ဘဝထံမှ
လိုချင်ခဲ့ကြတဲ့ အရည်အသွေးတွေပါ။
ကျွန်မရဲ့ ပရိသတ်ဟာ တချိန်လုံး
ရွေ့လျားသွားလာနေသူတွေ ဖြစ်ခဲ့ကြတယ်။
ကျွန်မဟာ သူတို့ရဲ့ ဘဝပုံစံ အချိန်ဇယားထဲ
ဝင်နိုင်ရန် လိုအပ်ခဲ့တယ်။
သူတို့ဟာ ရွက်ရေ ၂၀၀ စာအုပ်ကို
တကယ် ဖတ်ချင်ကြမှာလား။
ဒါမှမဟုတ် သူတို့ဟာ ပိုကြေချက်လွယ်တဲ့
ဟာမျိုးကို ဖတ်ချင်ကြမလား။
အိန္ဒိယ လူမျိုးတွေဟာ သူမတူ
တန်ဖိုးကို သိပ်ကို ဂရိုစိုက်ကြသူတွေပါ။
အထူသဖြင့် သူတို့ကိုယ်တိုင် ဖတ်ချင်တဲ့
စာအုပ်ဆို ပိုအရေးကြီးပါတယ်။
ကျွန်မဟာ သူတို့အတွက် စာအုပ်ကို
တစ်ဒေါ်လာ အောက်မှာ ရောင်းရမှာ နားလည်မိတယ်။
ဒီလိုနည်းဖြင့် ကျွန်မရဲ့ ကုမ္ပဏီ ဖွဲ့စည်း
ပေါက်ဖွားပေးလိုက်ပါပြီ။
ကျုပ်တို့ တီထွင်လိုက်တဲ့ ပလက်ဖောင်းမှာ
စမတ်ဖုန်း အတွက် ပုံပြင်တွေ ဖန်တီးပေးလျက်
အပျော်တမ်း စာရေးလိုသူတို့အတွက်ပါ သူတို့ရဲ့
ပုံပြင်များကို အပ်လုဒ် လုပ်ခွင့်ပြုခဲ့တယ်၊
ဒီလိုနည်းဖြင့် သူတို့ ကိုယ်တိုင် ဖတ်ကြပြီး
ချီးကျူးခဲ့ကြတဲ့ စာရေးသူတို့နဲ့အတူ
သူတို့ရေးတာကိုလည်း ပြပေးခဲ့တယ်၊။
တချိန်တည်းမှာ ကျွန်မတို့ဟာ အခြားသူတွေရဲ့
ဒီဂျီတယ် ပလက်ဖောင်းထဲကို ဝင်နိုင်ခဲ့ကြတယ်။
ဒီတော့ ဒါကို စိတ်ကူးကြည့်ပါ-
ခင်ဗျားဟာ ဧည့်သည်တွေကို လက်ခံသူ ဆိုပါစို့၊
တစ်နေ့လုံး အကြာကြီး အလုပ်လုပ်ပြီးပြီ၊
ခင်ဗျားဟာ ကိုယ့်အတွက် ကားကို ကားစီးအက်ပ်
တစ်ခုမှ မှာယူလိုက်တယ်၊
ကားပေါ်လာပြီ၊
ဒါနဲ့ ခင်ဗျား ကားပေါ်ကို တက်လိုက်တယ်၊
ထိုင်ခုံပေါ်မှာ ကျောကိုချလိုက်တယ်၊
ပြီးတော့ ကိုယ့်အက်ပ်ကို ဖွင့်လိုက်တယ်။
အဲဒီမှာ ခင်ဗျားရဲ့ ခရီးနဲ့ အံဝင်ဂွင်ကျ
၀တ္ထုတွေ တစ်ပုံကြီးကို တွေ့ရတယ်။
ကိုယ်က လိင်တူချစ်တဲ့ မိန်းကလေး ဆိုပါစို့၊
Lucknow လို ဒေလီမြို့နားက အတော်လေ
ရှေးရိုးဆန်တဲ့ မြို့မှာဆိုပါစို့။
ခင်ဗျားမိဘတွေ ခင်ဗျားရဲ့ လိင်စွဲလန်းမှုကို
သိစရာ အကြောင်း မရှိပါ။
သူတို့ဟာ လုံးဝကို ယုံနိုင်ကြမှာ မဟုတ်ပါ။
ဟင်ဒီလို ရေးထားတဲ့ လိင်တူချစ်သူချစ်သူများ
အတွက် တစ်ဒေါ်လာ မတန်တဲ့ ၀တ္ထူဖတ်ချင်မလား၊
ကိုယ့်ဖုန်းထဲမှာ လုံခြုံစွာ ဖတ်ချင်မလား။
ပြီးတော့ ကျွန်မဟာ အဲဒီအချိန်မှာကို
စာဖတ်သူတွေရဲ့ ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့
အဖြစ်မှန်တွေနဲ့ တိုက်ဆိုင်ပေးနိုင်ပါတယ်။
အဲဒါကြောင့်မို့လို့ ကျွန်တို့ဟာ
ရွေးကောက်ပွဲတွေမှာ အနိုင်ရယူနိုင်ခဲ့ကြတဲ့
နာမည်ကြီး နိုင်ငံရေးသမားတွေရဲ့
အထ္ထုပတ္တိကို ထည့်ရေးကြတယ်။
တရားရုံးချုပ်ကနေပြီး လိင်တူဆက်ဆံခြင်း
ရာဇဝတ်မှုမဟုတ်ကြောင်း ကြေညာလိုက်တာနဲ့၊
LGBTQ ၀တ္ထုစုံဟာ ကျွန်မတို့ရဲ့
ပင်မ စာမျက်နှာမှာ စောင့်နေခဲ့တယ်။
အိန္ဒိယနိုင်ငံရဲ့ Toni Morrison၊ Mahasweta
Deviလို နာမည်ကြီး စာရေးသူတွေ ဆုံးသွားတော့၊
ကျုပ်တို့ရဲ့ စာဖတ်သူတွေက သတင်းသိသိချင်း
သူမရေးခဲ့တဲ့ ၀တ္ထုကို ရှာတွေ့ခဲ့ကြတယ်။
စိတ်ကူးက စာဖတ်သူရဲ့ဘဝတဒင်္ဂတိုင်းနဲ့
ဆက်စပ်တာကို ဖေါ်ပြပေးရန်ပါ။
ကျုပ်တို့ရဲ့ စာဖတ်သူတွေက ဘယ်သူတွေလဲ။
အများစုဟာ အသက် ၃၀ အောက် လူငယ်တွေပါ။
သူတို့ အကြားမှာ Salil လို လူမျိုး၊
ခေတ်မီတဲ့ စာအုပ်ဆိုင်
မရှိတဲ့ မြို့မှာ နေထိုင်နေရသူပါ။
သူဟာ ကျုပ်တို့ အက်ပ်ကို
နေ့စဉ်လိုလို ဝင်လေ့ရှိပါတယ်။
ပြီးတော့ အိမ်အပြန် ယာဉ်တွေကို စီးရချိန်မှာ
အများဆုံး ဖတ်တတ်တဲ့
Manoj ဆိုသူလည်း ရှိပါတယ်။
အဲဒါ့အပြင် Ahmed လိုလူကျတော့ ၀တ္ထုမဟုတ်တဲ့
အပိုင်းကို ကြိုက်ပြီး
တထိုင်တည်းနဲ့ ဖတ်နိုင်တဲ့ ဈေးနည်းတဲ့
အရာတွေကို ကြိုက်ပါတယ်။
ကိုယ့်ကိုယ်ကို စက်ပစ္စည်းတွေ
ကြိုက်တဲ့ လူငယ်တစ်ဦ၊
အိန္ဒိယရဲ့ Silicon Valley
ဘန်ဂလိုမှာ နေထိုင်သူလို့ စိတ်ကူးကြည့်ပါ။
တစ်နေ့တွင် သင်ထံကို
အက်ပ်တွင်း အကြောင်းကြားစာရလာတယ်၊
ခင်ဗျား အကြိုက်ဆုံး မင်းသမီးက
ကာမရသ ၀တ္ထုတိုကို ရေးခဲ့ရာ
ခင်ဗျားအတွက် စောင့်နေတယ်တဲ့။
Juggernaut ဆိုတာကို ကျုပ်တို့ ထုတ်ဝေခဲ့တာ
အဲဒီလိုနည်းနဲ့ပါ။
Sunny Leone ဆိုသူဟာ ကျုပ်တို့ရဲ့
သက်ကြီး ကြယ်ပွင့်ထဲမှာ နာမည်ကြီးသူပါ။
သူမဟာ Google ထဲရှာကြည့်ရင်
အိန္ဒိယနိုင်ငံမှာ အကျော်ကြားဆုံးသူပါ။
အဲဒါနဲ့ ကာမရသ ၀တ္ထုတိုတွေကို
ဆက်တိုက် ရေးပေးရန် သူမနဲ့ သဘောတူခဲ့ကြရာ
တပတ်အတွင်း ညတိုင်း ကျုပ်တို့ ထုတ်ဝေပေးတယ်။
အဲဒါဟာ မယုံနိုင်ဖွယ် သတင်း ဖြစ်လာခဲ့တယ်။
ကျွန်မတို့က Sunny Leone ကို ရေးပေးရန်
တောင်းဆိုခဲ့တာ ဘယ်သူမှ မယုံကြဘူး။
ဒါပေမဲ့ သူမ ရေးပေးခဲ့တယ်။
လူတိုင် မှားကြတာကို
သူမ သက်သေထူပြနိုင်ခဲ့တယ်။
သူမကို အားပေး ဖတ်ရှုသူတွေ အရမ်းများတယ်။
ကျုပ်တို့က စာအုပ်နဲ့ စာဖတ်သူရဲ့ အနက်
အဓိပ္ပါယ်ကို ပြန်ဖေါ်ထုတ်ခဲ့ကြသလိုပဲ
စာရေးဆရာ ဆိုတာ ဘယ်သူပါလိမ့်ကိုပါ
ပြန်ပြီး စဉ်းစားနေရတယ်။
ကျုပ်တို့ရဲ့ အပျော်တမ်း
စာရေးရန် ပလက်ဖောင်တွင်
ဆယ်ကျော်သက်မှ အိမ်ရှင်မတွေအထိ
ရေးသူတွေ ရှိကြတယ်။
သူတို့ ရေးကြတာကလည်း အရာမျိုးစုံပါပဲ။
ကဗျာတစ်ပုဒ်၊ စာစီစာကုံး တစ်ပုဒ်၊
၀တ္ထုတို တစ်ပုဒ်နဲ့ စနိုင်ပါတယ် ...
သူတို့ထဲက ငါးဆယ်ရာခိုင်နှုန်းတို့ဟာ
ပြန်ရေးဖို့ အက်ပ်ဆီ ပြန်လာကြတယ်။
Neeraj လို လူကို ယူကြည့်ကြပါစို့။
သူဟာ လူလတ်ပိုင်း အလုပ်အမှုဆောင် တစ်ဦး၊
ဇနီးနဲ့ ကလေးနှစ်ဦး၊ အလုပ်ကေင်း ရှိသူပါ။
Neeraj ဟာ ဖတ်ရတာကို ကြိုက်တယ်။
Neeraj က သူကြိုက်တဲ့ စာအုပ်ကို
ဖတ်ရတိုင်းမှာ
သူဟာ ဝမ်းနည်းမှုကို ခံစားရတယ်။
သူရောပါ စာရေးနိုင်ခဲ့မယ် ဆိုရင်ကော
သူဟာ တွေးမိပါတယ်။
သူ့စိတ်ထဲမှာ ရေးစရာဝတ္ထုတွေ
ရှိကြတာ သူ ယုံကြည်တယ်။
ဒါပေမဲ့ ဘဝအရှိတရားနဲ့ ဖြစ်ပျက်နေတဲ့
အရာတွေကြောင့် သူဟာ လက်တွေ့ မရေးဖြစ်ခဲ့ပါ။
အဲဒါနဲ့ သူဟာ Juggernaut စာရေးသူတို့အတွက်
ပလက်ဖောင်း အကြောင်းကို ကြားမိတယ်။
အဲဒီမှာ သူအချစ်သက်ဆုံးက အဲဒီနေရာဟာဖြင့်
သူအများဆုံး ချီးမွမ်းခဲ့တဲ့ စာရေးဆရာတွေနဲ့
တန်းတူရည်တူ ဘေးချင်းယှဉ်ပြီး
ရပ်လျက် ရေးနိုင်မယ့်
နေရာ ဖြစ်တယ်လို့ သူက ခံစားမိခြင်းပါပဲ။
အဲဒီလိုနည်းဖြင့် သူဟာ စရေးဖြစ်ခဲ့တယ်။
သူဟာ ဒီမှာ တစ်မိနစ်ရှာယူလိုက်၊
ဟိုမှာ တစ်နာရီ ရယူလိုက်နဲ့၊
လေယာဉ်နဲ့ ပျံသန်မှုအကြား
လေဆိပ်များမှာ၊
ညဉ့်နက်ချိန်မှာ၊ အချိန်ရရင် ရသလို
ရေးလာခဲ့တယ်။
သူဟာ တကယ့်ကို ထူးခြားတဲ့ ၀တ္ထုကို
ကျွန်မတို့ အတွက် ရေးပေးခဲ့တယ်။
သူသတ်မှု ကျူးလွန်ခဲ့တဲ့ မိသားစုအကြောင်း
၀တ္ထု ဖြစ်ခဲ့တယ်။
မိသားစုဟာ ဒေလီမြို့ဟောင်းထဲက ကွေ့ကောက်တဲ့
လမ်းသွယ်တွေထဲမှာ နေထိုင်ခဲ့ကြတယ်။
အဲဒီ၀တ္ထုကို ကျွန်မတို့ ကြိုက်ကြတယ်၊
လတ်ဆတ်ပြီး ဆန်းသစ်ခဲ့တယ်။
Neeraj ဟာ ရုပ်ရှင်ရိုက်ဖို့
စာချုပ် ချုပ်ဆိုခဲ့ရတဲ့အပြင်
နောက် ၀တ္ထုရေးပေးရန် ကန်ထရိုက်ကိုပါ
ရလိုက်သေးတယ်။
Neeraj ရဲ့ဇာတ်လမ်းဟာ ကျုပ်တို့ app မှာ
အဖတ်အများဆုံး တစ်ခုပါ။
ကျွန်မ စတင်လိုက်တဲ့ ခရီးဟာ
သိပ်ကို တိုလှပါတယ်။
ကျုပ်တို့ဟာ နှစ်နှစ်သာရှိသေးတဲ့ ကုမ္ပဏီပါ၊
ရှေ့ဆက် သွားရမယ့် ခရီးဟာ ရှည်လျားပါတယ်။
ဒါပေမဲ့ ကျုပ်တို့ ရပ်တည်နေပါပြီ၊ ဒီနှစ်
ကုန်ပိုင်းမှာလည်း ဆက်ရပ်တည်နေကြမှာပါ။
၀တ္ထုတွေ သန်းဝက်ခန် ရှိနေပြီး
အများစုဟာ ဈေးတစ်ဒေါ်လာ အောက်မှာပါ။
ကျုပ်တို့ရဲ့ စာဖတ်သူ အများစုတို့ဟာ
ဖတ်ရတာကို နှစ်ခြိုက်ကြပြီး
သူတို့ လုံးဝမကြားခဲ့ဘူးကြတဲ့
စာရေးဆရာတွေကို ရှာဖတ်တတ်ကြပါတယ်။
ကျုပ်တို့ ပင်မ စာမျက်နှာထဲက
ဖတ်စရာတွေဟာ
ကျုပ်တို့ရဲ့ စာရေးဆရာရဲ့ ပလက်ဖောင်းမှ
လာကြတဲ့ ဟာတွေပါ။
နေရာတိုင်းမှာ ရှိနေခြင်း၊
အလွယ်တကူ ရယူနိုင်ခြင်းနဲ့
ဆက်စပ်မှုရှိခြင်းဖြင့်
စာဖတ်မှုကို ကျွန်မဟာ နေ့စဉ် အကျင့်တစ်ခု၊
ခင်ဗျားတို့ရဲ့ အီးမေးလ်ကို စစ်ကြည့်သလိုပဲ
လွယ်ကူ အဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။
စာအုပ်ကို အွန်လိုင်း မှာယူရတာဟာ
အိမ်သုံး ကုန်စုံကို မှာရသလိုပဲ
လွယ်ကူစေလိုပါတယ်။
ကျွန်မ အနေနဲ့ ပြောရရင်၊
ကျွန်မဟာ စမတ်ဖုန်းရဲ့ ခြောက်လက်မ
ကမ္ဘာကြီးထဲကို ဝင်လိုက်တာနဲ့
ကျွန်မ ကိုယ်တိုင်ရဲ့ ကမ္ဘဟာ
သိပ်ကို ကြီးမားလာခဲ့ပါပြီ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)