1 00:00:07,117 --> 00:00:10,077 ဒီနေ့မှာတော့ ပလက်စတစ်ဟာ နေရာတိုင်းမှာ ရှိနေပါတယ်။ 2 00:00:10,077 --> 00:00:14,908 ဒီပလက်စတစ်တွေရဲ့မူလအစကတော့ ပလက်စတစ်တောင် မဟုတ်တဲ့ 3 00:00:14,908 --> 00:00:17,958 ပစ္စည်းအသေးလေးကနေ စတင်ခဲ့ပါတယ်။ 4 00:00:17,958 --> 00:00:22,335 ရာစုနှစ်များစွာတိုင်အောင် ဘိလိယက်ဘောလုံး တွေကို ဆင်စွယ်တွေကနေ ထုတ်လုပ်ခဲ့ပါတယ်။ 5 00:00:22,335 --> 00:00:25,785 လိုအပ်တာထက် အမဲလိုက်လာမှုကြောင့် ၁၉ရာစုနှစ် ရောက်လာတဲ့အခါမှာ ဆင်ကောင်ရေ 6 00:00:25,795 --> 00:00:27,165 ကျဆင်းလာတဲ့အခါမှာတော့ 7 00:00:27,175 --> 00:00:30,134 ဘိလိယက်ဘောပြုလုပ်သူတွေက တခြားကနေ 8 00:00:30,134 --> 00:00:33,284 ပြောင်းထုတ်ဖို့ ဆုငွေကြေငြာရင်း ရှာဖွေကြပါတယ်။ ဒါကြောင့် ၁၈၆၃ မှာ 9 00:00:33,284 --> 00:00:39,526 အမေရိကန်လူမျိုး John Wesley Hyatt က အဲဒီစိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ 10 00:00:39,670 --> 00:00:45,699 နောက် ၅နှစ်အတွင်းမှာတော့ သူက ဆဲလူးလွိုက်လို့ခေါ်တဲ့ ပစ္စည်းအသစ်ကို 11 00:00:45,699 --> 00:00:50,884 သစ်ပင်နဲ့ ဂုန်လျှော်ကရတဲ့ ဆဲလူးလို့စ် ဒြပ်ပေါင်းကနေ ထုတ်လုပ်ခဲ့ပါတယ်။ 12 00:00:50,884 --> 00:00:55,092 နောက်ပိုင်းသိလိုက်ရတာက ဆဲလူးလွိုက်က ဘောလုံးပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။ 13 00:00:55,092 --> 00:00:59,092 အဲဒါက သေချာလေး ပြန်ကန်ထွက် ရလောက်အောင် လေးမနေလို့ပါ။ 14 00:00:59,092 --> 00:01:01,892 ဒါပေမဲ့ အဲဒါကို အရောင်တွေစပ်ကာ ဒီဇိုင်းဆွဲပြီး 15 00:01:01,892 --> 00:01:05,372 ဈေးကြီးတဲ့ ပစ္စည်းတွေပုံစံကို ပုံတူလုပ်လို့ရပါတယ်။ 16 00:01:05,372 --> 00:01:08,892 ဥပမာ သန္တာကျောက်တန်း၊ လိပ်ခွံ ပယင်းကျောက်နဲ့ ကမာ တွေလိုပေါ့။ 17 00:01:08,892 --> 00:01:13,699 သူက အဲဒီမှာပဲ ပထမဆုံး ပလက်စတစ် ဆိုတာကို စတီထွင်လိုက်ပါတော့တယ်။ 18 00:01:13,699 --> 00:01:18,079 'ပလက်စတစ်' လို့ သတ်မှတ်ကြတဲ့ အရာ မှန်သမျှကို ယူနစ်အခွဲတိုင်းက ထပ်ခါထပ်ခါ 19 00:01:18,079 --> 00:01:22,923 တူညီနေတဲ့ မော်လီကျူးကြီးတွေ ဖွဲ့စည်းထားတဲ့ ပိုလီမာနဲ့ လုပ်ထားကြတာပါ။ 20 00:01:22,923 --> 00:01:25,463 အဲဒါကို လူလုပ်ပလက်စတစ်တွေ အကုန်လုံးနဲ့ 21 00:01:25,463 --> 00:01:28,853 သက်ရှိတွေမှာရှိတဲ့ ပစ္စည်း တော်တော်များများမှာ တွေ့နိုင်ပါတယ်။ 22 00:01:28,853 --> 00:01:31,993 ယေဘုယျအနေနဲ့ ပလက်စတစ်လို့ ပြောလိုက်ရင် 23 00:01:31,993 --> 00:01:34,573 သဘာဝမဟုတ်တဲ့ဒြပ်ပစ္စည်းတွေလို့ မြင်ကြတယ်။ 24 00:01:34,573 --> 00:01:39,063 သူ့ ပေါင်းစည်းတဲ့သဏ္ဍာန်ကတော့ စစချင်း ပျော့ပြောင်းပြီး လိုရာပြောင်း 25 00:01:39,063 --> 00:01:42,223 နိုင်ချိန်မှာ လိုချင်တဲ့ ပုံစံကို ပုံလောင်းနိုင်ခြင်းပါပဲ။ 26 00:01:42,223 --> 00:01:46,330 ပထမဆုံးတရားဝင် ပလက်စတစ်ဆုရသာ ဆိုပေမဲ့ ဆဲလူးလွိုက်က အတော်လေး 27 00:01:46,330 --> 00:01:50,868 မီးလောင်လွယ်ပြီး၊ ထုတ်လုပ်မှုကလည်း အန္တရာယ်များတယ်။ 28 00:01:50,868 --> 00:01:53,968 ဒါကြောင့် တီထွင်သူတွေက တခြားနည်းလမ်း ထပ်ရှာဖွေခဲ့ကြပြန်တယ်။ 29 00:01:53,968 --> 00:01:57,418 ၁၉၀၇ ခုနှစ်မှာ ဓာတုဗေဒပညာရှင်တစ်ယောက်က ကတ္တရာရဲ့ဘေးထွက်ပစ္စည်းဖြစ်တဲ့ 30 00:01:57,418 --> 00:01:59,708 ဖီနောနဲ့ ဖောမလင် ကို ပေါင်းပြီး 31 00:01:59,708 --> 00:02:04,963 ပိုလီမာအသစ် ဘိတ်ကာလိုက်ကို ဖန်တီးခဲ့ပါတယ်။ 32 00:02:04,963 --> 00:02:09,192 ဘိတ်ကာလိုက်က ဆဲလူးလွိုက်နဲ့ ကုန်ကြမ်းတွေလောက် 33 00:02:09,192 --> 00:02:12,672 သိပ်မီးလောင်မလွယ်ဘူး။ အဆင်သင့်ထုတ်ဖို့လည်း ရနိုင်နေခဲ့တယ်။ 34 00:02:12,672 --> 00:02:14,892 ဘိတ်ကာလိုက်က ခြေလှမ်းအစပါပဲ။ 35 00:02:14,892 --> 00:02:19,933 ၁၉၂၀တွေမှာ သုတေသီတွေက ပိုလီစတိုင်ရင်းလို့ ခေါ်တဲ့ ဖော့အပူခံပြားတွေကို 36 00:02:19,933 --> 00:02:23,103 ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်ခဲ့ကြတယ်။ 37 00:02:23,103 --> 00:02:29,381 နောက်မှာ မာလည်းမာ အကြမ်းလည်းခံတဲ့ ပိုလီ ဗိုင်းနေးကလိုရိုက် (ဗိုင်းနေး) ပေါ်လာတယ်။ 38 00:02:29,381 --> 00:02:31,491 အခရစ်လစ်နဲ့ မှန်တဲ့ပုံစံတူ အက်ကွဲဒဏ်ခံ 39 00:02:31,491 --> 00:02:34,731 အကြည်ပြားတွေကို လုပ်နိုင်လာတယ်။ 40 00:02:34,731 --> 00:02:38,561 ၁၉၃၀ တွေမှာတော့ နိုင်လွန်တွေက အဓိက ကျလာတယ်။ 41 00:02:38,561 --> 00:02:42,966 ပိုလီမာနဲ့ ပိုးကိုပုံစံတုထားပြီး ပိုမာကျောတဲ့ နိုင်လွန်မျိုး။ 42 00:02:42,966 --> 00:02:48,920 ၁၉၃၃ ကစလို့ ပိုလီအီသလင်းက ဘက်စုံအသုံး အဝင်ဆုံး ပလက်စတစ်တွေထဲက တစ်ခုဖြစ်လာခဲ့တယ်။ 43 00:02:48,920 --> 00:02:53,814 အခုထိ သုံးနေသမျှ ကြွတ်ကြွတ်အိတ်တွေ ခေါင်းလျှော်ရည်ဗူးတွေကနေ 44 00:02:53,814 --> 00:02:56,064 ကျည်ကာအင်္ကျီ အထိပါပဲ။ 45 00:02:56,064 --> 00:03:00,341 ထုတ်လုပ်ရေးနည်းပညာအသစ်တွေက ဒီပစ္စည်းတွေနဲ့အတူ ထွန်းကားလာခဲ့တယ်။ 46 00:03:00,341 --> 00:03:04,171 ထည့်သွင်းပုံလောင်းခြင်း နည်းစနစ်က ပျော်နေတဲ့ ပလက်စတစ်ကို လိုချင်တဲ့ 47 00:03:04,171 --> 00:03:08,819 ပုံစံအတွက် အခြောက်မြန်တဲ့ ပုံစံခွက်ထဲကိုလောင်းပြီး 48 00:03:08,819 --> 00:03:10,939 တီထွင်မှုက တကယ်အလုပ်ဖြစ်ခဲ့တယ်။ 49 00:03:10,939 --> 00:03:15,135 ဒါဟာ ပုံစံအသစ်နဲ့ မျိုးစုံသောထုတ်ကုန် တွေကို တက်နိုင်သမျှဖန်တီးဖို့နဲ့ ပလက်စတစ် 50 00:03:15,135 --> 00:03:20,690 ပမာဏများများကို သက်သက်သာသာနဲ့ မြန်မြန်ထုတ်ဖို့ ဖြစ်လာခဲ့တယ်။ 51 00:03:20,690 --> 00:03:23,850 သိပ္ပံပညာရှင်တွေက ဒီစီးပွားဖြစ်ပစ္စည်းက အရင်က မတက်နိုင်ခဲ့တဲ့ 52 00:03:23,850 --> 00:03:28,889 ပစ္စည်းတွေကို လူများများက အသုံးပြုနိုင်ဖို့လို့ မျှော်လင့်ခဲ့တယ်။ 53 00:03:28,889 --> 00:03:33,193 ဆိုပေမဲ့ ဒုတိယကမ္ဘာစစ်မှာ ပလက်စတစ်ကို စသုံးဖို့ ဖြစ်လာတယ်။ 54 00:03:33,193 --> 00:03:38,019 စစ်အတွင်းမှာ ပလက်စတစ်ထုတ်လုပ်မှုက အမေရိကန်ပြည်ထောင်စုမှာ လေးဆတက်လာတယ်။ 55 00:03:38,019 --> 00:03:43,506 စစ်သားတွေက ပလက်စတစ်အနားလိုင်းနဲ့ ခမောက်တွေ ရေစိုခံဗိုင်းနေးမိုးကာတွေ ဝတ်ဆင်ကြတယ်။ 56 00:03:43,506 --> 00:03:48,250 လေယာဉ်မှူးတွေက ပလက်စီမှန်တွေ၊ အက်ကွဲဒဏ်ခံ ပလက်စတစ်နဲ့ လုပ်ထားတဲ့ စက်ခန်းမှာထိုင်ပြီး 57 00:03:48,250 --> 00:03:52,720 တောင့်တင်းတဲ့ နိုင်လွန် လေထီးတွေကို အသုံးပြုလာကြတယ်။ 58 00:03:52,720 --> 00:03:55,070 နောက်ပိုင်းကြတော့ စစ်အတွင်းက အားကောင်းလာခဲ့တဲ့ 59 00:03:55,070 --> 00:03:59,753 ပလက်စတစ်လုပ်ငန်းတွေက သုံးစွဲသူတွေအကြိုက် ထုတ်ကုန်တွေအပေါ် အာရုံစိုက်လာကြတယ်။ 60 00:03:59,753 --> 00:04:04,853 ပလက်စတစ်တွေက သစ်၊ ဖန်၊ ပိတ်စ၊ ပရိဘောဂ၊ အဝတ်အထည်၊ 61 00:04:04,853 --> 00:04:09,761 ဖိနပ်၊ တီဗွီ၊ ရေဒီယို စတာတွေကို အစားထိုးဖို့ ဖြစ်လာတယ်။ 62 00:04:09,761 --> 00:04:13,761 ဘက်စုံသုံး ပလက်စတစ်တွေက ထုပ်ပိုးမှုအတွက် ဖြစ်လာကာ အစားအစာနဲ့ တခြားထုတ်ကုန်တွေကို 63 00:04:13,761 --> 00:04:18,143 ကြာကြာနဲ့ လတ်လတ်ဆတ်ဆတ် ထုပ်ပိုးဖို့ ပုံဖော်ခဲ့ကြတယ်။ 64 00:04:18,143 --> 00:04:22,533 ရုတ်တရက် ပလက်စတစ် အမှိုက်အိတ်တွေ၊ အပါးအုပ်စတွေ၊ 65 00:04:22,533 --> 00:04:25,763 ညှစ်လို့ရတဲ့ ပလက်စတစ်ဗူးတွေ၊ ပါဆယ်ထုပ်တဲ့ ဖော့ဘူးတွေ၊ 66 00:04:25,763 --> 00:04:30,420 အသီး၊အရွက်နဲ့ အသားထည့်တဲ့ ပလက်စတစ်ခွက်တွေ ပေါ်လာပါတော့တယ်။ 67 00:04:30,420 --> 00:04:34,420 ဆယ်စုနှစ် အနည်းငယ် အတွင်းမှာတင်ပဲ ဒီလိုရာသုံး ပစ္စည်းတွေက 68 00:04:34,420 --> 00:04:38,420 "ပလက်စတစ်ရာစုနှစ်" ဆိုတာကြီး ဖြစ်လာစေပါတော့တယ်။ 69 00:04:38,420 --> 00:04:42,080 ပလက်စတစ်ရာစုနှစ်က သက်တောင့်သက်သာနဲ့ ဈေးတန်မှုကို ပေးသလို 70 00:04:42,080 --> 00:04:45,670 ထိတ်လန့်ဖွယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေလည်း ပေးပါတယ်။ 71 00:04:45,670 --> 00:04:48,910 ပလက်စတစ်များစွာက ပြန်လည်ပြည့်ဖြိုးမြဲ မဟုတ်တဲ့အရင်းမြစ်က ထုတ်ထားတာပါ။ 72 00:04:48,910 --> 00:04:52,760 ပြီးတော့ ပလက်စတစ်ထုပ်ပိုးမှုက တခါသုံးအတွက်ပဲ လုပ်ထားတာဖြစ်ပြီး 73 00:04:52,760 --> 00:04:56,150 တချို့ပလက်စတစ်တွေက ဆွေးဖို့ကို ရာစုနှစ်တွေထိကြာတာမို့လို့ 74 00:04:56,150 --> 00:04:59,640 စွန့်ပစ်ပစ္စည်းတွေ စုပုံလာစေပါတော့တယ်။ 75 00:04:59,640 --> 00:05:04,541 ဒီရာစုနှစ်မှာတော့ ဒီပြဿနာတွေကို ကိုင်တွယ် ဖို့ ဖန်တီးကြံဆမှုတွေကို အာရုံစိုက်ပြီး 76 00:05:04,541 --> 00:05:08,718 ပလက်စတစ်လျှော့သုံးခြင်း၊ ဇီဝနည်းကျဖြိုခွဲ နိုင်မယ့် ပလက်စတစ်တွေ ထုတ်လုပ်ခြင်းနှင့် 77 00:05:08,718 --> 00:05:13,368 ရှိနေတဲ့ ပလက်စတစ်တွေကို ပြန်လည်သုံးစွဲ လို့ရမယ့် နည်းလမ်းအသစ်တွေကို ကြံဆကြရမှာပါ။