0:00:07.117,0:00:10.077 ဒီနေ့မှာတော့ ပလက်စတစ်ဟာ နေရာတိုင်းမှာ[br]ရှိနေပါတယ်။ 0:00:10.077,0:00:14.908 ဒီပလက်စတစ်တွေရဲ့မူလအစကတော့[br]ပလက်စတစ်တောင် မဟုတ်တဲ့ 0:00:14.908,0:00:17.958 ပစ္စည်းအသေးလေးကနေ စတင်ခဲ့ပါတယ်။ 0:00:17.958,0:00:22.335 ရာစုနှစ်များစွာတိုင်အောင် ဘိလိယက်ဘောလုံး[br]တွေကို ဆင်စွယ်တွေကနေ ထုတ်လုပ်ခဲ့ပါတယ်။ 0:00:22.335,0:00:25.785 လိုအပ်တာထက် အမဲလိုက်လာမှုကြောင့်[br]၁၉ရာစုနှစ် ရောက်လာတဲ့အခါမှာ ဆင်ကောင်ရေ 0:00:25.795,0:00:27.165 ကျဆင်းလာတဲ့အခါမှာတော့ 0:00:27.175,0:00:30.134 ဘိလိယက်ဘောပြုလုပ်သူတွေက တခြားကနေ 0:00:30.134,0:00:33.284 ပြောင်းထုတ်ဖို့ ဆုငွေကြေငြာရင်း[br]ရှာဖွေကြပါတယ်။ ဒါကြောင့် ၁၈၆၃ မှာ 0:00:33.284,0:00:39.526 အမေရိကန်လူမျိုး John Wesley Hyatt က[br]အဲဒီစိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ 0:00:39.670,0:00:45.699 နောက် ၅နှစ်အတွင်းမှာတော့ သူက[br]ဆဲလူးလွိုက်လို့ခေါ်တဲ့ ပစ္စည်းအသစ်ကို 0:00:45.699,0:00:50.884 သစ်ပင်နဲ့ ဂုန်လျှော်ကရတဲ့ ဆဲလူးလို့စ်[br]ဒြပ်ပေါင်းကနေ ထုတ်လုပ်ခဲ့ပါတယ်။ 0:00:50.884,0:00:55.092 နောက်ပိုင်းသိလိုက်ရတာက ဆဲလူးလွိုက်က[br]ဘောလုံးပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။ 0:00:55.092,0:00:59.092 အဲဒါက သေချာလေး ပြန်ကန်ထွက်[br]ရလောက်အောင် လေးမနေလို့ပါ။ 0:00:59.092,0:01:01.892 ဒါပေမဲ့ အဲဒါကို အရောင်တွေစပ်ကာ[br]ဒီဇိုင်းဆွဲပြီး 0:01:01.892,0:01:05.372 ဈေးကြီးတဲ့ ပစ္စည်းတွေပုံစံကို[br]ပုံတူလုပ်လို့ရပါတယ်။ 0:01:05.372,0:01:08.892 ဥပမာ သန္တာကျောက်တန်း၊ လိပ်ခွံ[br]ပယင်းကျောက်နဲ့ ကမာ တွေလိုပေါ့။ 0:01:08.892,0:01:13.699 သူက အဲဒီမှာပဲ ပထမဆုံး ပလက်စတစ်[br]ဆိုတာကို စတီထွင်လိုက်ပါတော့တယ်။ 0:01:13.699,0:01:18.079 'ပလက်စတစ်' လို့ သတ်မှတ်ကြတဲ့ အရာ[br]မှန်သမျှကို ယူနစ်အခွဲတိုင်းက ထပ်ခါထပ်ခါ 0:01:18.079,0:01:22.923 တူညီနေတဲ့ မော်လီကျူးကြီးတွေ ဖွဲ့စည်းထားတဲ့[br]ပိုလီမာနဲ့ လုပ်ထားကြတာပါ။ 0:01:22.923,0:01:25.463 အဲဒါကို လူလုပ်ပလက်စတစ်တွေ အကုန်လုံးနဲ့ 0:01:25.463,0:01:28.853 သက်ရှိတွေမှာရှိတဲ့ ပစ္စည်း[br]တော်တော်များများမှာ တွေ့နိုင်ပါတယ်။ 0:01:28.853,0:01:31.993 ယေဘုယျအနေနဲ့ ပလက်စတစ်လို့ ပြောလိုက်ရင် 0:01:31.993,0:01:34.573 သဘာဝမဟုတ်တဲ့ဒြပ်ပစ္စည်းတွေလို့ မြင်ကြတယ်။ 0:01:34.573,0:01:39.063 သူ့ ပေါင်းစည်းတဲ့သဏ္ဍာန်ကတော့[br]စစချင်း ပျော့ပြောင်းပြီး လိုရာပြောင်း 0:01:39.063,0:01:42.223 နိုင်ချိန်မှာ လိုချင်တဲ့[br]ပုံစံကို ပုံလောင်းနိုင်ခြင်းပါပဲ။ 0:01:42.223,0:01:46.330 ပထမဆုံးတရားဝင် ပလက်စတစ်ဆုရသာ ဆိုပေမဲ့[br]ဆဲလူးလွိုက်က အတော်လေး 0:01:46.330,0:01:50.868 မီးလောင်လွယ်ပြီး၊ ထုတ်လုပ်မှုကလည်း[br]အန္တရာယ်များတယ်။ 0:01:50.868,0:01:53.968 ဒါကြောင့် တီထွင်သူတွေက တခြားနည်းလမ်း[br]ထပ်ရှာဖွေခဲ့ကြပြန်တယ်။ 0:01:53.968,0:01:57.418 ၁၉၀၇ ခုနှစ်မှာ ဓာတုဗေဒပညာရှင်တစ်ယောက်က[br]ကတ္တရာရဲ့ဘေးထွက်ပစ္စည်းဖြစ်တဲ့ 0:01:57.418,0:01:59.708 ဖီနောနဲ့ ဖောမလင် ကို ပေါင်းပြီး 0:01:59.708,0:02:04.963 ပိုလီမာအသစ် ဘိတ်ကာလိုက်ကို ဖန်တီးခဲ့ပါတယ်။ 0:02:04.963,0:02:09.192 ဘိတ်ကာလိုက်က ဆဲလူးလွိုက်နဲ့[br]ကုန်ကြမ်းတွေလောက် 0:02:09.192,0:02:12.672 သိပ်မီးလောင်မလွယ်ဘူး။[br]အဆင်သင့်ထုတ်ဖို့လည်း ရနိုင်နေခဲ့တယ်။ 0:02:12.672,0:02:14.892 ဘိတ်ကာလိုက်က ခြေလှမ်းအစပါပဲ။ 0:02:14.892,0:02:19.933 ၁၉၂၀တွေမှာ သုတေသီတွေက ပိုလီစတိုင်ရင်းလို့[br]ခေါ်တဲ့ ဖော့အပူခံပြားတွေကို 0:02:19.933,0:02:23.103 ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်ခဲ့ကြတယ်။ 0:02:23.103,0:02:29.381 နောက်မှာ မာလည်းမာ အကြမ်းလည်းခံတဲ့ ပိုလီ[br]ဗိုင်းနေးကလိုရိုက် (ဗိုင်းနေး) ပေါ်လာတယ်။ 0:02:29.381,0:02:31.491 အခရစ်လစ်နဲ့ မှန်တဲ့ပုံစံတူ အက်ကွဲဒဏ်ခံ 0:02:31.491,0:02:34.731 အကြည်ပြားတွေကို လုပ်နိုင်လာတယ်။ 0:02:34.731,0:02:38.561 ၁၉၃၀ တွေမှာတော့ နိုင်လွန်တွေက[br]အဓိက ကျလာတယ်။ 0:02:38.561,0:02:42.966 ပိုလီမာနဲ့ ပိုးကိုပုံစံတုထားပြီး[br]ပိုမာကျောတဲ့ နိုင်လွန်မျိုး။ 0:02:42.966,0:02:48.920 ၁၉၃၃ ကစလို့ ပိုလီအီသလင်းက ဘက်စုံအသုံး[br]အဝင်ဆုံး ပလက်စတစ်တွေထဲက တစ်ခုဖြစ်လာခဲ့တယ်။ 0:02:48.920,0:02:53.814 အခုထိ သုံးနေသမျှ ကြွတ်ကြွတ်အိတ်တွေ[br]ခေါင်းလျှော်ရည်ဗူးတွေကနေ 0:02:53.814,0:02:56.064 ကျည်ကာအင်္ကျီ အထိပါပဲ။ 0:02:56.064,0:03:00.341 ထုတ်လုပ်ရေးနည်းပညာအသစ်တွေက[br]ဒီပစ္စည်းတွေနဲ့အတူ ထွန်းကားလာခဲ့တယ်။ 0:03:00.341,0:03:04.171 ထည့်သွင်းပုံလောင်းခြင်း နည်းစနစ်က[br]ပျော်နေတဲ့ ပလက်စတစ်ကို လိုချင်တဲ့ 0:03:04.171,0:03:08.819 ပုံစံအတွက် အခြောက်မြန်တဲ့[br]ပုံစံခွက်ထဲကိုလောင်းပြီး 0:03:08.819,0:03:10.939 တီထွင်မှုက တကယ်အလုပ်ဖြစ်ခဲ့တယ်။ 0:03:10.939,0:03:15.135 ဒါဟာ ပုံစံအသစ်နဲ့ မျိုးစုံသောထုတ်ကုန်[br]တွေကို တက်နိုင်သမျှဖန်တီးဖို့နဲ့ ပလက်စတစ် 0:03:15.135,0:03:20.690 ပမာဏများများကို သက်သက်သာသာနဲ့[br]မြန်မြန်ထုတ်ဖို့ ဖြစ်လာခဲ့တယ်။ 0:03:20.690,0:03:23.850 သိပ္ပံပညာရှင်တွေက ဒီစီးပွားဖြစ်ပစ္စည်းက[br]အရင်က မတက်နိုင်ခဲ့တဲ့ 0:03:23.850,0:03:28.889 ပစ္စည်းတွေကို လူများများက[br]အသုံးပြုနိုင်ဖို့လို့ မျှော်လင့်ခဲ့တယ်။ 0:03:28.889,0:03:33.193 ဆိုပေမဲ့ ဒုတိယကမ္ဘာစစ်မှာ ပလက်စတစ်ကို[br]စသုံးဖို့ ဖြစ်လာတယ်။ 0:03:33.193,0:03:38.019 စစ်အတွင်းမှာ ပလက်စတစ်ထုတ်လုပ်မှုက[br]အမေရိကန်ပြည်ထောင်စုမှာ လေးဆတက်လာတယ်။ 0:03:38.019,0:03:43.506 စစ်သားတွေက ပလက်စတစ်အနားလိုင်းနဲ့ ခမောက်တွေ[br]ရေစိုခံဗိုင်းနေးမိုးကာတွေ ဝတ်ဆင်ကြတယ်။ 0:03:43.506,0:03:48.250 လေယာဉ်မှူးတွေက ပလက်စီမှန်တွေ၊ အက်ကွဲဒဏ်ခံ[br]ပလက်စတစ်နဲ့ လုပ်ထားတဲ့ စက်ခန်းမှာထိုင်ပြီး 0:03:48.250,0:03:52.720 တောင့်တင်းတဲ့ နိုင်လွန် လေထီးတွေကို[br]အသုံးပြုလာကြတယ်။ 0:03:52.720,0:03:55.070 နောက်ပိုင်းကြတော့ စစ်အတွင်းက[br]အားကောင်းလာခဲ့တဲ့ 0:03:55.070,0:03:59.753 ပလက်စတစ်လုပ်ငန်းတွေက သုံးစွဲသူတွေအကြိုက်[br]ထုတ်ကုန်တွေအပေါ် အာရုံစိုက်လာကြတယ်။ 0:03:59.753,0:04:04.853 ပလက်စတစ်တွေက သစ်၊ ဖန်၊ ပိတ်စ၊[br]ပရိဘောဂ၊ အဝတ်အထည်၊ 0:04:04.853,0:04:09.761 ဖိနပ်၊ တီဗွီ၊ ရေဒီယို စတာတွေကို[br]အစားထိုးဖို့ ဖြစ်လာတယ်။ 0:04:09.761,0:04:13.761 ဘက်စုံသုံး ပလက်စတစ်တွေက ထုပ်ပိုးမှုအတွက်[br]ဖြစ်လာကာ အစားအစာနဲ့ တခြားထုတ်ကုန်တွေကို 0:04:13.761,0:04:18.143 ကြာကြာနဲ့ လတ်လတ်ဆတ်ဆတ်[br]ထုပ်ပိုးဖို့ ပုံဖော်ခဲ့ကြတယ်။ 0:04:18.143,0:04:22.533 ရုတ်တရက် ပလက်စတစ်[br]အမှိုက်အိတ်တွေ၊ အပါးအုပ်စတွေ၊ 0:04:22.533,0:04:25.763 ညှစ်လို့ရတဲ့ ပလက်စတစ်ဗူးတွေ၊[br]ပါဆယ်ထုပ်တဲ့ ဖော့ဘူးတွေ၊ 0:04:25.763,0:04:30.420 အသီး၊အရွက်နဲ့ အသားထည့်တဲ့[br]ပလက်စတစ်ခွက်တွေ ပေါ်လာပါတော့တယ်။ 0:04:30.420,0:04:34.420 ဆယ်စုနှစ် အနည်းငယ် အတွင်းမှာတင်ပဲ[br]ဒီလိုရာသုံး ပစ္စည်းတွေက 0:04:34.420,0:04:38.420 "ပလက်စတစ်ရာစုနှစ်" ဆိုတာကြီး[br]ဖြစ်လာစေပါတော့တယ်။ 0:04:38.420,0:04:42.080 ပလက်စတစ်ရာစုနှစ်က သက်တောင့်သက်သာနဲ့[br]ဈေးတန်မှုကို ပေးသလို 0:04:42.080,0:04:45.670 ထိတ်လန့်ဖွယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ[br]ပြဿနာတွေလည်း ပေးပါတယ်။ 0:04:45.670,0:04:48.910 ပလက်စတစ်များစွာက ပြန်လည်ပြည့်ဖြိုးမြဲ[br]မဟုတ်တဲ့အရင်းမြစ်က ထုတ်ထားတာပါ။ 0:04:48.910,0:04:52.760 ပြီးတော့ ပလက်စတစ်ထုပ်ပိုးမှုက[br]တခါသုံးအတွက်ပဲ လုပ်ထားတာဖြစ်ပြီး 0:04:52.760,0:04:56.150 တချို့ပလက်စတစ်တွေက ဆွေးဖို့ကို[br]ရာစုနှစ်တွေထိကြာတာမို့လို့ 0:04:56.150,0:04:59.640 စွန့်ပစ်ပစ္စည်းတွေ စုပုံလာစေပါတော့တယ်။ 0:04:59.640,0:05:04.541 ဒီရာစုနှစ်မှာတော့ ဒီပြဿနာတွေကို ကိုင်တွယ်[br]ဖို့ ဖန်တီးကြံဆမှုတွေကို အာရုံစိုက်ပြီး 0:05:04.541,0:05:08.718 ပလက်စတစ်လျှော့သုံးခြင်း၊ ဇီဝနည်းကျဖြိုခွဲ[br]နိုင်မယ့် ပလက်စတစ်တွေ ထုတ်လုပ်ခြင်းနှင့် 0:05:08.718,0:05:13.368 ရှိနေတဲ့ ပလက်စတစ်တွေကို ပြန်လည်သုံးစွဲ[br]လို့ရမယ့် နည်းလမ်းအသစ်တွေကို ကြံဆကြရမှာပါ။