WEBVTT 00:00:01.120 --> 00:00:04.160 ခင်ဗျားတို့အနေနဲ့ ကမ္ဘာကြီးကို ပုံစံသစ်ဖြင့် မြင်တွေ့စေချင်တယ်။ 00:00:05.840 --> 00:00:08.016 Ben Hennig ဆိုသူကနေပြီး ကျွန်တော်တို့ အားလုံး 00:00:08.039 --> 00:00:10.776 အရင်တုန်းက ကျွန်ုပ်တို့ရဲ့ ဂြိုဟ်ကို ဘယ်တုန်းကမှ 00:00:10.800 --> 00:00:12.496 မမြင်ခဲ့ဘူးကြတဲ့ ပုံစံမျိုးဖြင့် 00:00:12.520 --> 00:00:17.600 ဆွဲထားတဲ့ မြေပုံ တချို့ကို ခင်ဗျားတို့ကို ဒီနေ့ ပြချင်တယ်။ NOTE Paragraph 00:00:18.480 --> 00:00:21.560 ဒီမှာ ပြထားတဲ့ မြေပုံကို ခင်ဗျားတို့ အားလုံး သိကြမှာပါ။ 00:00:22.480 --> 00:00:26.536 ကျွန်တော်ဟာ အသက် အတော်ကလေး ကြီးလို့ ဒီပုံ ပေါ်မလာခင် မွေးခဲ့တာပါ။ 00:00:26.560 --> 00:00:29.136 ကျွန်တော် ပထမဦးဆုံး ပြောလာတဲ့ စကားလုံးတွေက 00:00:29.160 --> 00:00:32.256 "moona, moona" ဖြစ်ခဲ့တာ၊ ကျွန်တော့မိခင်က တီဗီ မျက်နှာပြင်မှာ 00:00:32.280 --> 00:00:34.536 ကလေး တစ်ယောက် မြင်သင့်တဲ့ ရုပ်ပုံက အဲဒီလို 00:00:34.560 --> 00:00:37.840 ဖြစ်သင့်တယ်လို့ စိတ်ကူးခဲ့ပုံရလို့ ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ 00:00:39.680 --> 00:00:41.296 တကယ်တော့၊ ကျွန်ုပ်တို့ အားလုံးက 00:00:41.320 --> 00:00:45.080 ကျွန်ုပ်တို့ ဂြိုဟ်ကြီး လုံးဝိုင်းနေတာကို သိလာတာ ရာစုနှစ် အနည်းငယ်ဘဲ ရှိခဲ့တယ်။ 00:00:46.160 --> 00:00:49.216 ဒီလို ပုံတွေကို ကျွန်ုပ်တို့ ၁၉၆၀ ပြည့်နှစ်များမှာ စမြင်ရတော့၊ 00:00:49.240 --> 00:00:52.520 ကမ္ဘာကြီးဟာ မယုံကြည်နိုင်ဖွယ် နှုန်းဖြင့် ပြောင်းလဲလာနေခဲ့တယ်။ 00:00:54.320 --> 00:00:57.640 ကျွန်တော် ကိုယ်တိုင် လေ့လာတဲ့ လူသားဆိုင်ရာ ပထဝီ ဘာသာထဲတွင် 00:00:58.600 --> 00:01:01.336 Waldo Tobler ဆိုသူ မြေပုံရေးဆွဲသူက 00:01:01.360 --> 00:01:03.896 ဂြိုဟ်ကြီးရဲ့ မြေပုံ အသစ်များကို ရေးဆွဲလာခဲ့ရာ 00:01:03.920 --> 00:01:05.416 အခုတော့ အတော်ကလေး ပျံ့နှံ့လာရာ 00:01:05.440 --> 00:01:07.447 တစ်ခုကို ခင်ဗျားတို့ကို ပြပေးပါ့မယ်။ 00:01:08.200 --> 00:01:10.680 အဲဒါဟာ ကျွန်ုပ်တို့ ကမ္ဘာကြီးရဲ့ မြေပုံပါပဲ၊ 00:01:11.720 --> 00:01:14.136 ဒါပေမဲ့ အဲဒါဟာ ခင်ဗျားတို့အတွက် နည်းနည်းလေး 00:01:14.160 --> 00:01:15.600 ထူးဆန်းသလို ရှိပါမယ်။ 00:01:16.200 --> 00:01:20.016 မြေပုံကို ဆွဲထားပုံက လူဦးရေ ပိုများတဲ့ 00:01:20.040 --> 00:01:24.736 နေရာတွေကို ဆွဲဆန့်ချဲ့ထွင်ပေးလျက်၊ ဆာဟာရ နဲ့ ဟိမဝန္တာလို 00:01:24.760 --> 00:01:27.696 လူဦးရေ နည်းတဲ့ ဒေသတွေကို ချုံ့ပစ် သေးသွားစေအောင် 00:01:27.720 --> 00:01:30.200 ပြုပြင် ရေးဆွဲပေးထားလို့ ဒီလိုပုံကို မြင်နေရတာပါ။ 00:01:30.760 --> 00:01:34.400 ဂြိုဟ်ကြီးပေါ် နေထိုင်နေတဲ့ လူတိုင်းကို တူညီတဲ့ နေရာကို ပေးပြီး ဆွဲထားတယ်။ 00:01:35.120 --> 00:01:37.960 မြို့ကြီးတွေကို ကျတော့ တောက်ပ နေအောင် ဖေါ်ပြပေထားတယ်။ 00:01:38.680 --> 00:01:42.256 ဒီလိုင်းတွေက ရေအောက်ရှိ ဝိုင်ယာကြိုးများ နဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေပါ။ 00:01:42.280 --> 00:01:45.936 ပြီးတော့ အဲဒီမှာ တရုတ်နိုင်ငံထဲက ဆိပ်ကိမ်း Dalian မှနေပြီး 00:01:45.960 --> 00:01:47.656 စင်ကာပူမှ တစ်ဆင့်၊ ဆူးအက် တူးမြောင်း 00:01:47.680 --> 00:01:49.416 မှတစ်ဆင့် မြေထဲပင်လယ် ဒေသမှတစ်ဆင့် 00:01:49.440 --> 00:01:51.776 Rotterdam မြို့ အရောက် ဆွဲထားတဲ့ လိုင်းရှိပါတယ်။ 00:01:51.800 --> 00:01:53.296 လွန်ခဲ့တဲ့ တစ်နှစ်မျှသာ ရှိတဲ့ 00:01:53.320 --> 00:01:57.256 ကာလတုန်းက ကမ္ဘာ့အကြီးဆုံး သင်္ဘောရဲ့ လမ်းကြောင်းကို ပြနေတာပါ။ 00:01:57.280 --> 00:02:03.296 အဲဒီ သင်္ဘောမှာ ပို့ဆောင်ပေးခဲ့တဲ့ ကုန်စည်တွေပါခဲ့တဲ့ ကွန်တင်နားတွေ 00:02:03.320 --> 00:02:05.176 ပြန်ချပေးလိုက်တာကို ကုန်တင်ကားများဖြင့် 00:02:05.200 --> 00:02:09.440 ပို့ဆောင်ပေးခဲ့မယ်ဆိုရင်၊ အဲဒီကားတန်းဟာ ကီလိုမီတာ ၁၀၀ ရှည်လျားခဲ့မှာပါ။ 00:02:10.680 --> 00:02:13.416 ကျွန်ုပ်တို့ ကမ္ဘာကြီး ဒီနေ့တွင် ချိတ်ဆက်နေပုံက အဲဒီလိုပါ။ 00:02:13.440 --> 00:02:19.416 သင်္ဘော တစ်စီးတည်းဖြင့်၊ ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုတည်းဖြင့် 00:02:19.440 --> 00:02:22.176 ငါးပတ်ကာလအတွင်းမှာ ကျွန်တော်တို့ ပို့ပေးနိုင်ခဲ့တဲ့ 00:02:22.200 --> 00:02:23.400 ပမာဏ ဖြစ်ပါတယ်။ NOTE Paragraph 00:02:26.320 --> 00:02:28.840 ကျွန်ုပ်တို့ အားလုံး မြို့ကြီးတွေမှာ နေထိုင်လာခဲ့ကြတာ 00:02:29.390 --> 00:02:31.856 ကြာပြီဖြစ်ပေမဲ့၊ အားလုံး မြို့တွေမှာ မနေထိုင်ကြပါ။ 00:02:31.880 --> 00:02:35.016 ဒါက ကမ္ဘာ့ ပထမဦးဆုံး မြို့တစ်မြို့ဖြစ်တဲ့ Çatalhöyük ပါ။ 00:02:35.040 --> 00:02:38.280 လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ တုန်းက၊ 00:02:39.160 --> 00:02:45.360 လူတွေဟာ သူတို့အိမ်ကို ရောက်ဖို့ တခြား အိမ်တွေရဲ့ အမိုးပေါ်မှ လျှောက်ခဲ့ရတယ်။ 00:02:46.080 --> 00:02:49.376 အဲဒီမြို့ရဲ့ မြေပုံကို ခင်ဗျားတို့ ဂရုတစိုက် လေ့လာကြည့်မယ်ဆိုရင်၊ 00:02:49.400 --> 00:02:51.320 လမ်းရယ်လို့ တွေ့ရမှာ မဟုတ်ပါဘူး။ 00:02:52.280 --> 00:02:54.960 ကျွန်တော်တို့ နောက်ပိုင်းကျမှ လမ်းတွေ တီထွင်ခဲ့ကြလို့ပါ။ 00:02:55.760 --> 00:02:57.976 ကမ္ဘာကြီးဟာ ပြောင်းလဲလာနေတယ်။ 00:02:58.000 --> 00:03:00.320 စမ်းသပ်မှုများ နဲ့ အမှားများကို ဖြတ်ကျော်ခဲ့ရတယ်။ 00:03:01.400 --> 00:03:04.296 ပိုကောင်းမွန်စွာ နေထိုင်ရေး နည်းလမ်းတွေကို ကျွန်တော်တို့ဟာ 00:03:04.320 --> 00:03:06.120 တဖြည်းဖြည်းချင်း ရှာကြံခဲ့ရတယ်။ 00:03:07.480 --> 00:03:12.480 မကြာမီနှစ်များထဲမှာ ကမ္ဘာကြီးဟာ မယုံနိုင်ဖွယ် ပြောင်းလာခဲ့တယ်။ 00:03:13.600 --> 00:03:17.536 လူသားမျိုးဆက်ရဲ့ နောက်ဆုံး ခြောက်၊ ခုနစ် ဒါမှမဟုတ် အဌမမြောက် လက်ထဲမှာမှ 00:03:17.560 --> 00:03:20.640 ကျွန်တော်တို့ဟာ မျိုးစိတ် တစ်ခု ဖြစ်တာ နားလည် သိရှိလာခဲ့ကြတာပါ။ 00:03:21.840 --> 00:03:24.400 ဒီလို မြေပုံမျိုးကို ရေးဆွဲလာနိုင်တာဟာ 00:03:25.240 --> 00:03:28.000 ဆယ်စုနှစ် အနည်းငယ်မျှသာ ရှိပါသေးတယ်။ 00:03:30.240 --> 00:03:34.440 ဒီမြေပုံထဲမှာ အခြေခံအချက်က ကမ္ဘာ့လူဦးရေဘဲ ဖြစ်တာမှန်ပေမဲ့၊ 00:03:35.560 --> 00:03:41.216 အဲဒီမှာ ကျွန်ုပ်တို့ အာဖရိက တိုက်မှနေပြီး ပျံ့နှံ့ရွေ့ရှားခဲ့ကြပုံကို ပြနေတဲ့ 00:03:41.240 --> 00:03:45.016 မြားတွေ ရှိနေကာ ကျွန်ုပ်တို့ ဘယ်ဒေသကို ဘယ် အချိန်ကာလမှာ ရောက်ရှိခဲ့ကြောင်းကို 00:03:45.040 --> 00:03:46.800 ပြသပေးထားပါတယ်။ 00:03:47.680 --> 00:03:51.536 မကြာခဏဆိုသလို တချို့သောသူတို့က ရက်စွဲ တစ်ခုခု မှားနေကြောင်း 00:03:51.560 --> 00:03:56.536 ရှာတွေ့လာလို့ ကျွန်တော်ဟာ ဒီမြေပုံကို ပြန်ပြန်ပြီး ရေးဆွဲပေးနေရပါတယ်။ 00:03:56.560 --> 00:04:01.080 ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကိုယ်တိုင် အကြောင်းကို သိလာရတာ မြန်လွန်းလှပါတယ်။ 00:04:03.250 --> 00:04:04.800 ကျွန်တော်တို့ ပြောင်းလဲနေတယ်။ 00:04:06.640 --> 00:04:08.896 အပြောင်းအလဲ တော်တော်များက တဖြည်းဖြည်းချင်းပါ။ 00:04:08.920 --> 00:04:10.416 တစ်စစဖြင့် ဖြစ်ပွားနေတာပါ။ 00:04:10.440 --> 00:04:13.296 ကျွန်တော်တို့ရဲ့ အသက်တွေ တိုတောင်းကျတော့ 00:04:13.320 --> 00:04:15.136 အဲဒီလို ပြောင်းလဲတာကို သတိမမူမိကြပါ။ 00:04:15.160 --> 00:04:17.760 အများစုက ၇၀၊ ၈၀ နေကြကာ ၉၀ ကျော်ရင် ကံကောင်းလှပြီ။ 00:04:18.560 --> 00:04:20.576 ဒီဂရပ်ပုံက ခင်ဗျားတို့ကို 00:04:20.600 --> 00:04:23.320 ကမ္ဘာကြီးရဲ့ လူဦးရေ နှစ်စဉ် ပြောင်းလဲမှုနှုန်းကို ပြနေတယ်။ 00:04:24.120 --> 00:04:28.056 အဲဒီနှုန်းဟာ ၁၈၅၀ တဝိုက်တွင် သိပ်ကို နှေးနေခဲ့တယ်၊ 00:04:28.080 --> 00:04:30.696 အဲဒီနောက်မှာ လူဦးရေ တိုးတက်မှုနှုန်းဟာ 00:04:30.720 --> 00:04:31.960 စကြီးထွားလာခဲ့ရာ 00:04:32.840 --> 00:04:34.856 ကျွန်တော် မွေးခဲ့တဲ့ ကာလ ဝန်းကျင်မှာဆိုရင် 00:04:34.880 --> 00:04:39.600 ကျွန်တော်တို့ လပေါ်မှနေပြီး ကမ္ဘာကြီးကို မြင်ရတဲ့ ဒီလို ပုံတွေကို စမြင်ခဲ့ရစဉ်၊ 00:04:40.640 --> 00:04:44.000 ကမ္ဘာ့လူဦးရေဟာ တစ်နှစ်ကို နှစ်ရာခိုင်နှုန်းဖြင့် ကြီးထွားလာနေခဲ့တယ်။ 00:04:45.440 --> 00:04:49.400 တကယ်လို့များ အဲဒီ တစ်နှစ်ကို နှစ်ရာခိုင်နှုန်းဖြင့် ရာစုနှင့် 00:04:50.600 --> 00:04:53.440 အနည်းငယ် ကြာအောင် ဆက်ကြီးထွားလာခဲ့မယ်ဆိုရင်၊ 00:04:54.560 --> 00:04:56.816 ဂြိုဟ်ကြီး တစ်ခုလုံးမှာ လူတွေနဲ့ ဘယ်လောက်အထိကို 00:04:56.840 --> 00:04:59.896 ပြည့်ကျပ်လာမလဲ ဆိုတော့ လူတွေရဲ့ ခန္ဓာကိုယ်တွေဟာ တစ်ဦးနဲ့တစ်ဦး 00:04:59.920 --> 00:05:01.960 ထိစပ်လျက် ရှိနေကြမှာပါ။ 00:05:03.000 --> 00:05:04.816 လူတွေဟာ ကြောက်လန့်လာကြရတယ်။ 00:05:04.840 --> 00:05:06.656 လူဦးရေ ကြီးထွားလာနေပုံကို၊ ပြီးတော့ 00:05:06.680 --> 00:05:10.016 ၁၉၆၈ ခုနှစ်တုန်းက "လူဦးရေဗုံးကြီး"လို့ ခေါ်ခဲ့တာကို ကြောက်လန့်လာရတယ်။ 00:05:10.040 --> 00:05:12.240 ဒါပေမဲ့၊ နောက်ပိုင်းတွင်၊ ဂရပ်ပုံရဲ့ 00:05:13.240 --> 00:05:15.840 အဆုံးပိုင်းတွင် မြင်ရသလို ကြီးထွားမှုဟာ ကျဆင်းလာခဲ့တယ်။ 00:05:16.720 --> 00:05:18.096 လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ၊ 00:05:18.120 --> 00:05:21.576 ၇၀ ပြည့်လွန်၊ ၈၀ ပြည့်လွန်၊ ၉၀ ပြည့်လွန် နှင့် သုညလွန် နှစ်များ၊ 00:05:21.600 --> 00:05:23.840 ပြီးတော့ လက်ရှိ ဆယ်စုနှစ်ဆိုရင် လူဦးရေ 00:05:24.430 --> 00:05:26.080 ကြီးထွားမှုနှုန်း နှေးလာတယ်။ 00:05:26.080 --> 00:05:27.496 ဂြိုဟ်ကြီး တည်ငြိမ်လာနေပါပြီ။ 00:05:27.520 --> 00:05:30.536 ကျွန်တော်တို့ဟာ ဒီရာစု အကုန်ပိုင်းမှာ ဘီလီယံ ၁၀ ဒါမှမဟုတ် ၁၁ 00:05:30.560 --> 00:05:31.800 ရှိမယ်လို့ ခန့်မှန်းရတယ်။ 00:05:32.400 --> 00:05:35.736 အဲဒီလို ပြောင်းလဲနေချိန်မှာ ဗလောင်ဆူမှုလည်း ရှိတတ်တယ်။ 00:05:35.760 --> 00:05:37.576 ဒုတိယကမ္ဘာစစ်ကြီးကို အားလုံး သိကြတယ်။ 00:05:37.600 --> 00:05:41.776 ၁၉၁၈ ခုနှစ်မှာ တုပ်ကွေး မဟာကပ်ဘေးကြီး ကျခဲ့တာကို ကျွန်တော် မြင်ခဲ့ကြရတယ်။ 00:05:41.800 --> 00:05:43.680 တရုတ်နိုင်ငံ ငတ်မွတ်ခြင်းဘေးကြုံခဲ့တယ်။ 00:05:44.400 --> 00:05:46.696 အဲဒါတွေကို ကျွန်တော်တို့ဟာ အာရုံစိုက်ကြတယ်။ 00:05:46.720 --> 00:05:50.656 သတင်းတွေထဲက ကြောက်စရာ ဖြစ်ရပ်တွေကို ကျွန်တော်တို့ အာရုံစိုက်ကြတယ်။ 00:05:50.680 --> 00:05:54.336 ကျွန်တော်တို့ဟာ တဖြည်းဖြည်းချင်း ပြောင်းလဲတာကို ကောင်းတဲ့ ပုံပြင်တွေကို 00:05:54.360 --> 00:05:56.000 အာရုံ မစိုက်လိုကြပါ။ NOTE Paragraph 00:05:57.160 --> 00:05:59.176 ကျွန်တော်တို့ လူတွေအတွက် စိုးရိမ်တယ်။ 00:05:59.200 --> 00:06:01.456 အားလုံး လူတွေ ဘယ်လောက် ရှိလဲ ဆိုတာ စိုးရိမ်တယ်။ 00:06:01.480 --> 00:06:04.640 လူတွေဆီက အဝေးကို ထွက်ပြေးရေးကို ကျွန်တော်တို့ စိုးရိမ်တယ်။ 00:06:05.200 --> 00:06:08.600 ဒီမြေပုံထဲကျတော့ လူတွေ တစ်ဦးနဲ့တစ်ဦး ဘယ်လောက် ဝေးတဲ့ 00:06:09.760 --> 00:06:14.136 နေရာမှာ ရှိနေကြပုံကို ပုံကြီးချဲ့ ပြထားတဲ့ မြေပုံပါ။ 00:06:14.160 --> 00:06:18.096 ဒီတော့ ခင်ဗျားတို့အနေနဲ့ လူတိုင်းနဲ့ ဝေးတဲ့ နေရာကို သွားနေချင်ရင် 00:06:18.120 --> 00:06:20.696 အကောင်းဆုံး နေရာတွေက ဒါတွေပါ။ 00:06:20.720 --> 00:06:23.536 နှစ်စဉ်နှစ်တိုင်း၊ အဲဒီလို နေရာတွေဟာ ပိုပိုကြီးလာနေကြတယ်၊ 00:06:23.560 --> 00:06:26.630 နှစ်စဉ်လိုလို ကျွန်တော်တို့ဟာ လယ်မြေတွေကို စွန့်ထွက်လာနေကြလို့ပါ။ 00:06:26.630 --> 00:06:28.526 မြို့ကြီးတွေဆီ ရွှေ့ပြောင်းနေကြလို့ပါ။ 00:06:28.526 --> 00:06:30.496 ကျွန်တော်တို့ဟာ နေထိုင်မှု သိပ်သည်းလာတယ်။ 00:06:30.520 --> 00:06:32.136 ဥရောပတိုက်ထဲမှာဆိုရင် ဝံပုလွေတွေ 00:06:32.160 --> 00:06:36.080 ပြန်ရှိလာလျက် သူတို့ဟာ တိုက်ကြီးရဲ့ အနောက်ဖက်ကို ရွှေ့ပြောင်းနေကြတယ်။ 00:06:37.200 --> 00:06:38.600 ကမ္ဘာကြီး ပြောင်းလာနေတယ်။ NOTE Paragraph 00:06:40.920 --> 00:06:42.240 စိုးရိမ်စရာတွေ ရှိပါတယ်။ 00:06:43.680 --> 00:06:48.576 ဒီမြေပုံက ဂြိုဟ်ပေါ်က မိုးရေ အများဆုံး နေရာတွေကို ပြထားတယ်။ 00:06:48.600 --> 00:06:50.296 အဲဒါကို ကျွန်တော်တို့ သိကြပါတယ်။ 00:06:50.320 --> 00:06:54.096 ကျွန်တော် ပြောခဲ့တဲ့ Çatalhöyük တည်ရှိခဲ့တဲ့ နေရာက 00:06:54.120 --> 00:06:56.696 အာဖရိက၊ အာရှ နဲ့ ဥရောပ တိုက်ကြီး သုံးခု ဆုံတဲ့ နေရာပါ။ 00:06:56.720 --> 00:06:59.696 အဲဒီ တဝိုက်မှာ နေထိုင်ကြတဲ့ လူဦးရေဟာ အတော့်ကို ကြီးမားပေမဲ့ 00:06:59.720 --> 00:07:01.296 ရေကျတော့ နည်းနည်းလေးပဲ ရှိတယ်။ 00:07:01.320 --> 00:07:05.016 ပြီးတော့ မိုးအကြီးအကျယ် ရွာတဲ့ နေရာတွေကိုလည်း ကျွန်တော်တို့ မြင်နိုင်တယ်။ 00:07:05.040 --> 00:07:07.200 ဒါကို ပိုဆန်းပြားအောင် လုပ်ပေးနိုင်တယ်။ 00:07:08.440 --> 00:07:11.816 မြေပုံကို လူတွေဖြင့် ပုံဖေါ်ပေးမယ့်အစား၊ 00:07:11.840 --> 00:07:14.056 ရေတွေဖြင့် ပုံဖေါ်ပေးနိုင်ပါတယ်။ 00:07:14.080 --> 00:07:15.936 အဲဒီနောက်မှာ မြေပုံကို လစဉ် 00:07:15.960 --> 00:07:17.616 ကမ္ဘာကြီးရဲ့ နေရာသေးသေးလေးတွေမှာ 00:07:17.640 --> 00:07:20.840 ကျလာတဲ့ မိုးရေကို ပြပေးဖို့ ပြောင်းလဲ ဖေါ်ပြပေးနိုင်ပါတယ်။ 00:07:21.920 --> 00:07:25.216 ကမ္ဘာဂြိုဟ်ကြီးကို ဖြတ်စီးနေကြတဲ့ မုတ်သုန်လေတွေကို မြင်ကြရမယ်၊ 00:07:25.240 --> 00:07:28.840 ဒါကို ကြည့်လိုက်တော့ ဂြိုဟ်ကြီးဆီမှာ နှလုံးခုန်သံတောင် ရှိသလို ခံစားရမယ်။ 00:07:29.720 --> 00:07:34.240 ကျွန်တော်တို့ နေထိုင်ကြတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး 00:07:34.920 --> 00:07:36.696 အခုလို မြင်တွေ့မြင်လို့ ရလာနိုင်တာက 00:07:36.720 --> 00:07:39.880 ကျွန်တော် သက်တမ်း ကာလ တစ်ခု အတွင်းမှာကို ဖြစ်ပါတယ်။ 00:07:40.410 --> 00:07:42.220 ကျွန်တော်တို့ဆီမှာ ရေလုံလောက်တယ်။ NOTE Paragraph 00:07:43.760 --> 00:07:48.120 ဒီမြေပုံက ကျွန်တော်တို့ရဲ့ အစားအစာတွေကို စိုက်ပျိုးတဲ့ နေရာတွေပါ။ 00:07:49.280 --> 00:07:53.720 ဒီဒေသတွေက ဆန်၊ ဖူးစားပြောင်း နဲ့ ဂျုံအတွက် မှီခိုရတဲ့ ဒေသတွေပါ။ 00:07:55.760 --> 00:07:58.616 အစားအစာတွေ လုံလောက်ပါ့မလား ဆိုပြီး လူတွေ စိုးရိမ်ကြပေမဲ့၊ 00:07:58.640 --> 00:08:03.416 ကျွန်တော်တို့ အသားကို လျှော့စားလျက် ကောက်စပါးတွေကို တိရိစ္ဆာန်တို့အား 00:08:03.440 --> 00:08:05.856 လျှော့ကျွေးကာ လူတွေက စုစည်းနေကြမယ် ဆိုပါက၊ 00:08:05.880 --> 00:08:10.200 လူတိုင်းအတွက် အစားရေစာ လုံလောက်မှာ ကျွန်တော်တို့ သိကြပါတယ်။ NOTE Paragraph 00:08:12.120 --> 00:08:13.400 ကျွန်တော် သိထားသေးတာက 00:08:15.280 --> 00:08:17.336 ဒီနေ့တွင် ဆိုးဆိုးဝါးဝါး လုပ်ကိုင်နေကြတဲ့ 00:08:17.360 --> 00:08:19.920 အရာတွေကိုပါ။ 00:08:21.480 --> 00:08:26.320 ခင်ဗျားတို့ဟာ ကမ္ဘာကြီးရဲ့ ဒီလို မြေပုံကို အရင်တုန်းက မြင်ခဲ့ဘူးကြမှာပါ။ 00:08:27.480 --> 00:08:29.416 ဒီမြေပုံကို ဂြိုဟ်တူမှနေပြီး 00:08:29.440 --> 00:08:32.816 ရိုက်ပေးခဲ့တဲ့ ပုံတွေဖြင့် ရေးဆွဲ ထုတ်လုပ်ပေးတာ ဖြစ်ပြီး၊ 00:08:32.840 --> 00:08:35.616 ကျွန်တော် ပြခဲ့တဲ့ ပထမဦးဆုံး ဆလိုက်ကို မှတ်မိကြမယ်ဆိုရင်၊ 00:08:35.640 --> 00:08:37.790 ဂြိုဟ်တုတွေဟာ ကမ္ဘာကြီးကို ဝန်းရံထားကြတယ်၊ 00:08:39.240 --> 00:08:42.240 ကမ္ဘာဂြိုဟ်ကို ညဘက်မှာ မြင်တွေ့ရတဲ့ ပုံကို ဖေါ်ပြပေးထားပါတယ်။ 00:08:43.340 --> 00:08:45.616 ခင်ဗျားတို့က ဒီမြေပုံကို ပုံမှန် ကြည့်မယ်ဆိုရင် 00:08:45.640 --> 00:08:49.160 ကျွန်တော်တို့ တွေ့မြင်နေကြ မြေပုံ တစ်ခုလို ကြည့်ပါက၊ 00:08:50.160 --> 00:08:53.440 ဒါဟာ လူတွေ နေထိုင်မှုကို ပြတဲ့ မြေပုံလို့ ထင်စရာ ရှိပါတယ်။ 00:08:54.120 --> 00:08:56.600 မီးတွေ တောက်ပနေတဲ့ နေရာတွေဟာ လူတွေ နေတဲ့ နေရာတွေပေါ့။ 00:08:57.320 --> 00:09:01.696 ဒါပေမဲ့ ကမ္ဘာကြီးရဲ့ ဒီမြေပုံကိုလည်း ကျွန်တော်တို့ဟာ 00:09:01.720 --> 00:09:03.600 ဆွဲဆန့်ထားတာကို သတိရဖို့ မမေ့ကြပါနဲ့။ 00:09:05.320 --> 00:09:09.680 ဒီမြေပုံထဲတွင် နေရာတိုင်းမှာ လူဦးရေ ထူထပ်မှုဟာ တူညီပါတယ်။ 00:09:10.480 --> 00:09:12.656 နေရာ တစ်ခုခုမှာ လူတွေ မနေဘူးဆိုရင်၊ 00:09:12.680 --> 00:09:14.576 အဲဒါကို ကျွန်ုပ်တို့ ချုံ့ထုတ်လိုက်လို့ 00:09:14.600 --> 00:09:16.136 ၎င်းဟာ ပျောက်ကွယ်သွားတယ်။ 00:09:16.160 --> 00:09:18.296 ဒီလိုနည်းဖြင့် ကျွန်ုပ်တို့ဟာ လူတိုင်းကို 00:09:18.320 --> 00:09:19.760 တည်းတူရည်တူ အရေးပေးထားတယ်။ 00:09:21.320 --> 00:09:24.616 အခုတော့ အလင်းရောင်ဟာ လူတွေ ရှိတဲ့ နေရာကို ပြသတာ မဟုတ်ပါ၊ 00:09:24.640 --> 00:09:26.080 လူတွေက နေရာတိုင်းမှာ ရှိတယ်။ 00:09:27.120 --> 00:09:29.056 အခုတော့ မြေပုံထဲက မီးတွေက 00:09:29.080 --> 00:09:32.056 လန်ဒန်က မီးတွေ၊ ကိုင်ရိုမြို့က မီးတွေ၊ တိုကျို့မြို့က မီးတွေ၊ 00:09:32.080 --> 00:09:35.016 အမေရိကန် ပြည်ထောင်စုထဲ အနောက်ဖက်ခြင်း ကမ်းခြေဒေသ မီးတွေ၊ 00:09:35.040 --> 00:09:37.976 လူတွေက စွမ်းအင်ကို အကြီးအကျယ် သုံးဖြုန်းနိုင်ကြတဲ့ လူတွေရဲ့ 00:09:38.000 --> 00:09:40.200 ရပ်ကွက်တွေက မီးတွေ ဖြစ်ကြတယ်၊ 00:09:41.160 --> 00:09:42.680 သူတို့ဟာ ငွေကြေးတတ်နိုင်ကြလို့ 00:09:43.680 --> 00:09:45.216 မီးတွေကို ထွန်းလင်းလိုက်တာ 00:09:45.240 --> 00:09:48.696 ဘယ်လောက်တောင် တောက်ပသလဲဆိုတော့ 00:09:48.720 --> 00:09:51.800 ဂြိုဟ်တုတွေကတောင် ရိုက်ယူလို့ ရနိုင်လောက်ပါတယ်။ 00:09:52.840 --> 00:09:54.960 မြေပုံပေါ်က မှောင်မည်းနေကြတဲ့ နေရာတွေ ကျတော့၊ 00:09:55.720 --> 00:09:59.440 စွမ်းအင်ကို လူတွေ အဲဒီလို ဖြုန်းနိုင်စွမ်း မရှိကြတဲ့ နေရာတွေ၊ 00:10:00.400 --> 00:10:02.496 ဒါမှမဟုတ် ဖြုန်းနိုင်စွမ်း ရှိကြပေမဲ့၊ 00:10:02.520 --> 00:10:07.360 မီးတွေဖြင့် ကောင်းကင်ကို လင်းလာစေတဲ့ လုပ်ရပ်မျိုးရပ်စဲသင့်တာ သိကြတဲ့ နေရာတွေပါ။ 00:10:07.960 --> 00:10:11.496 တကယ်လိုများ ဒီမြေပုံကို အချိန်ကာလ အလျောက် ပြောင်းလဲပုံကို 00:10:11.520 --> 00:10:15.096 လှုပ်ရှားပုံအဖြစ် ကျွန်တော် ဖေါ်ပြပြနိုင်ခဲ့မယ်ဆိုရင်၊ တိုကျိုဟာ 00:10:15.120 --> 00:10:17.920 လက်တွေ့တွင် မှောင်လာတာကို မြင်ရပါမယ်၊ ဆူနာမီရဲ့ နောက်မှာ 00:10:18.880 --> 00:10:21.296 ဂျပန်ဟာ ထိခိုက်သွားတဲ့ နျူကလီယား စွမ်းအင်ဌာနကို 00:10:21.320 --> 00:10:24.510 ပိတ်လိုက်လို့ သုံးနိုင်တဲ့ စွမ်းအင် လေးပုံတစ်ပုံ လျော့သွားခဲ့တယ်။ 00:10:24.970 --> 00:10:26.640 ကမ္ဘာကြီး ချုပ်ငြိမ်း မသွားခဲ့ပါ။ 00:10:27.400 --> 00:10:29.576 ကောင်းကင်ဖက် ထိုးပေးတဲ့ 00:10:29.600 --> 00:10:31.520 မီးရောင် လျော့သွားရုံပါပဲ။ NOTE Paragraph 00:10:33.320 --> 00:10:36.296 ကမ္ဘာကြီးမှာ ကောင်းတဲ့ သတင်းတွေ 00:10:36.320 --> 00:10:38.760 တကယ့်ကို အများကြီး ရှိကြပါတယ်။ 00:10:39.880 --> 00:10:43.296 မွေးခါစ ကလေးတွေရဲ့ သေဆုံးမှုနှုန်း ကျဆင်းလာနေတယ်၊ 00:10:43.320 --> 00:10:47.200 ပြီးတော့ မယုံနိုင်ဖွယ်နှုန်းနဲ့ကို ကျဆင်းလာနေတာ။ 00:10:47.680 --> 00:10:49.360 လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်းက၊ 00:10:50.240 --> 00:10:54.176 ကမ္ဘာကြီးတွင် မွေးပြီးတစ်နှစ်အတွင်းမှာ သေကြတဲ့ ကလေးတွေရဲ့ ဦးရေဟာ 00:10:54.200 --> 00:10:57.280 တစ်နှစ်အတွင်း ငါးရာခိုင်နှုန်း ရှိခဲ့တယ်။ 00:10:59.600 --> 00:11:02.096 ကျောင်းကို သွားကြတဲ့ ကလေးတွေ ပိုများလာပါတယ်၊ 00:11:02.120 --> 00:11:04.736 စာရေး၊ စာဖတ်နိုင်အောင် သင်ယူနေကြကာ 00:11:04.760 --> 00:11:07.576 အင်တာနက်ကို ဆက်သွယ် သုံးလာကြပြီး 00:11:07.600 --> 00:11:10.616 တက္ကသိုလ်ကို တက်လာကြတဲ့ ကလေးတွေဟာ 00:11:10.640 --> 00:11:14.536 မကြုံစဖူး မြင့်မားတဲ့ နှုန်းဖြင့် တိုးလာကာ 00:11:14.560 --> 00:11:20.016 ကမ္ဘာကြီးမှာ တက္ကသိုလ်ကို တက်နေကြတဲ့ လူငယ် အများစုက 00:11:20.040 --> 00:11:21.920 အမျိုးသားတွေ မဟုတ်ဘဲ အမျိုးသမီးတွေပါ။ 00:11:23.160 --> 00:11:27.056 ကျွန်တော်ဟာ အဲဒီလို ကောင်းမွန်တဲ့ သတင်းတွေကို တစ်ခုပြီးတစ်ခု 00:11:27.080 --> 00:11:29.696 ဆက်ဖေါ်ပြစရာ ရှိနေပေမဲ့၊ 00:11:29.720 --> 00:11:32.280 ကျွန်တော်တို့ဟာ အရေးပေါ် ဖြစ်တဲ့ 00:11:33.880 --> 00:11:36.616 ဆိုးတဲ့ သတင်းတွေကို ပိုပြီး အာရုံပြုလိုကြပါတယ်။ 00:11:36.640 --> 00:11:39.840 အဲဒါကို Rebecca Solnit ထောက်ပြခဲ့တာ 00:11:41.160 --> 00:11:45.600 သိပ်ကို ကောင်းပါတယ်၊ “တိုးတက်မှုကို စွမ်းဆောင်ပေးနိုင်ကြကာ 00:11:45.850 --> 00:11:48.670 ကျွန်ုပ်တို့ ခေတ်ထဲမှာ ဖြစ်ပွားနေကြတဲ့ မြင်မရနိုင်တဲ့ 00:11:48.670 --> 00:11:52.436 တိုးတိုးဖြစ်ပျက်လာနေကြတဲ့ အပြောင်းအလဲတွေဟာ အရင်နှင့်မတူ သိပ်ကို ခြားနားကြပါတယ်။” 00:11:52.436 --> 00:11:54.890 အတိတ် ကာလတွေဟာ များစွာမှ တည်ငြိမ်ခဲ့ကြပါတယ်။ 00:11:55.640 --> 00:12:00.616 “မသိသာတဲ့ ပြောင်းလဲမှုတွေရဲ့ အံ့ဖွယ် မဟုတ်တဲ့ သဘာဝကို ရံဖန်ရံခါ ဖြစ်တတ်တဲ့ 00:12:00.640 --> 00:12:03.600 ဗလောင်ဆူမှုတွေက ပိုလို့ကို ပြတ်သားအောင် ထောက်ပြနေကြတာပါ။” 00:12:04.320 --> 00:12:06.670 မကြာခဏဆိုသလို ကြောက်စရာ အရာတွေ ဖြစ်ပျက်ကြပါတယ်။ 00:12:06.670 --> 00:12:10.426 အဲဒီလို ကြောက်မက်စရာတွေကို အပတ်စဉ်တိုင်းမှာ၊ 00:12:10.426 --> 00:12:13.856 နေ့စဉ်လိုလို သတင်းတွေထဲမှာ ပြသနေကြပါတယ်။ 00:12:13.880 --> 00:12:17.856 ကမ္ဘာ့လူဦးရေ ကျဆင်းလာနေတဲ့ အကြောင်းတွေကို သူတို့ မပြောကြပါဘူး။ 00:12:17.880 --> 00:12:20.896 ကမ္ဘာကြီးဟာ မကြုံစဖူး ချိတ်ဆက် ဆက်သွယ်လာနေခြင်းကို ပြောမပြကြဘူး။ 00:12:20.920 --> 00:12:24.576 လူတွေရဲ့ သိရှိနားလည်မှုတွေဟာ အံ့ဖွယ် တိုးတက်လာနေတာကို ပြောမပြကြပါဘူး။ 00:12:24.600 --> 00:12:27.736 ကျွန်ုပ်ုတို့ဟာ အမှိုက်တွေကို လျှော့ပစ်ရန် စားသုံးမှုကို လျှော့ရန် 00:12:27.760 --> 00:12:30.216 အားထုတ်လာနေကြတာကို ပြောမပြကြပါဘူး။ NOTE Paragraph 00:12:30.240 --> 00:12:31.440 ဒါက နောက်ဆုံး မြေပုံပါ။ 00:12:32.360 --> 00:12:34.736 ဒီမြေပုံထဲကနေပြီး ကျွန်တော်တို့ဟာ သမုဒ္ဒရာတွေ နဲ့ 00:12:34.760 --> 00:12:36.560 ပင်လယ်တွေကို ထုတ်ပစ်လိုက်တယ်။ 00:12:37.480 --> 00:12:39.496 ဒါကြောင့်မို့လို့ အခု မြင်နေကြရတာက 00:12:39.520 --> 00:12:43.376 ၇.၄ ဘီလီယံ ရှိကြတဲ့ လူဦးရေပါ၊ 00:12:43.400 --> 00:12:46.320 လူဦးရေ အချိုးအစားကို အခြေခံပြီး မြေပုံကို ရေးဆွဲထားတာပါ။ 00:12:47.240 --> 00:12:49.296 တရုတ်နိုင်ငံထဲတွင် တစ်ဘီလီယံ ကျော်ကျော်၊ 00:12:49.320 --> 00:12:52.136 ကမ္ဘာ့အကြီးဆုံး မြို့ကြီးကို တရုတ်နိုင်ငံမှာ မြင်နိုင်ပေမဲ့ 00:12:52.160 --> 00:12:53.640 ၎င်းရဲ့ အမည်ကိုတော့ မသိကြပါ။ 00:12:55.080 --> 00:12:56.936 အိန္ဒိယကို ကမ္ဘာကြီးရဲ့ 00:12:56.960 --> 00:12:59.040 အလယ်ဗဟိုမှာ ကျွန်ုပ်တို့ မြင်နိုင်ပါတယ်။ 00:12:59.640 --> 00:13:02.936 ဥရောပဟာ အစွန်းတစ်နေရာမှာ ရှိနေတာကို ခင်ဗျားတို့ မြင်နိုင်တယ်။ 00:13:02.960 --> 00:13:06.016 ကျွန်ုပ်တို့ အားလုံး ဒီနေ့ ရှိနေကြတာက 00:13:06.040 --> 00:13:08.976 ဂြိုဟ်ကြီးရဲ့ အဖျား တစ်နေရာက Exeter ဒေသပါ။ 00:13:09.000 --> 00:13:11.976 ကျွန်ုပ်တို့ဟာ ဥရောပရဲ့ အဝေး တစ်နေရာ 00:13:12.000 --> 00:13:13.696 ကျောက်တုန်း အသေးလေးပါ 00:13:13.720 --> 00:13:16.336 အဲဒီထဲမှာ ကမ္ဘာသက်ကြီးတွေရဲ့ တစ်ရာခိုင်နှုန်းလျော့လျော့ 00:13:16.360 --> 00:13:18.376 ကမ္ဘာရှိကြတဲ့ ကလေးတွေရဲ့ 00:13:18.400 --> 00:13:20.936 ရာခိုင်နှုန်းဝက်လောက်သာ 00:13:20.960 --> 00:13:22.800 နေထိုင်နေကြတာပါ။ 00:13:23.640 --> 00:13:28.256 ကျွန်ုပ်တို့ဟာ တည်ငြိမ်လာနေကာ မြို့ပြနဲ့ တူလာနေတဲ့ 00:13:28.280 --> 00:13:30.256 အိုမင်းလာနေတဲ့ ကမ္ဘာကြီးပါ၊ 00:13:30.280 --> 00:13:32.416 ချိတ်ဆက်မိလာနေတဲ့ ကမ္ဘာကြီးပါ။ 00:13:32.440 --> 00:13:35.880 စိုးရိမ်ကြောက်လန့်စရာ အကြောင်းတွေ အများကြီး ရှိကြတာ မှန်ပါတယ်၊ 00:13:36.720 --> 00:13:41.936 ဒါပေမဲ့ ကျွန်ုပ်တို့ဟာ တစ်ဦးကိုတစ်ဦး အရင်တုန်းကလို ကြောက်ရန် မလိုပါ၊ 00:13:41.960 --> 00:13:46.200 ကျွန်တော်တို့ဟာ ကမ္ဘာကြီး အသစ်ထဲမှာ နေထိုင်နေကြတာ ကျွန်ုပ်တို့ မြင်ရန်လိုတယ်။ NOTE Paragraph 00:13:46.960 --> 00:13:48.176 အထူး ကျေးဇူးတင်ပါတယ်။ NOTE Paragraph 00:13:48.200 --> 00:13:50.840 (လက်ခုပ်သံများ)